Maw Kun Ni

  • Uploaded by: ThanHtut
  • 0
  • 0
  • October 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Maw Kun Ni as PDF for free.

More details

  • Words: 960
  • Pages: 9
မော်ကွန်းနီ

အဖိနှိပ်ခံတို့အတွက် ၂၇.၈.၂၀၀၈ မှ စတင်သည်





(၁) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ဆီးချေမှုန်းရေး အတွက် အုံကြွတိုက်ပွဲဆင်ကြရပါမယ်။ (၂) ၉၀ ခုနှစ်ရလဒ် အခြေခံပေါ်မှာ ဒီမိုကရေစီအစိုးရသစ် တရပ် ပေါ်ထွန်းရေး အားထုတ်ရပါမယ်။ (၃) ဒီအတွက် အဆုံးအဖြတ်တွန်းအားပေးမည့် တိုက်ပွဲကတော့ လူထုအခြေခံတဲ့ နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုများ အဓိကသဏ္ဍာန် အဖြစ်ထား လှုပ်ရှားပြီး၊ ပြည်တွင်းပြည်ပ အင်အားစုများကအခြား သောအခွင့်အလမ်းသင့်တဲ့နည်းသဏ္ဍာန်များနှင့်ပေါင်းစပ်လှုပ်ရှား ကြရပါမယ်။ (၄) စစ်အုပ်စုဘက်မှ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို လက်ခံမည်ဆိုပါက ဆွေးနွေးရန်ပြင်ဆင်ထားကြရပါမယ်။ (၅) အထက်ပါလုပ်ငန်းများကို ဦးဆောင်သွားနိုင်မည့် မရှိမဖြစ် ဖေါ်ထုတ်ရမည့်အချက်မှာ တစ်စုတစ်စည်းတည်းသော နိုင်ငံရေး ခေါင်းဆောင် အဖွဲ့အစည်းတရပ် ဖော်ထုတ်ရေးဘဲဖြစ်တယ်။ မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပရဲ့အင်အားစုများအားလုံး လူထု လူတန်းစားများ၊ လူမျိုးစုများအားလုံး ဒီဦးဆောင်မှုအောက်မှာ ညီညွတ်စုဝေးနေရန် လိုအပ်ပါမယ်။ ။ ခမ်းဝင်း

(၁၂) မုန်တိုင်းကြားကမော်ကွန်းနီ မော်ကွန်းနီကား ဖွားသစ်လေပြီ။ မိုးသက်မုန်တိုင်းကြားမှ မွေးဖွားလိုက်ခြင်းဖြစ်သည်။ ကာလအပိုင်းအခြားအရ ဆိုရပါမူ နှစ်ဆယ့်တစ်ရာစု၏ ဆယ်စုနှစ်နှောင်းပိုင်း၌ဖြစ်သည်။ သမိုင်းဖြစ်ပေါ်မှု အကန့်အရ ဆိုပါလျှင် နည်းပညာတော်လှန်ပေါက်ကွဲမှုကြောင့် ကမ္ဘာ့ရွာဟု တင်စားခေါ်ဝေါ်ရလောက်အောင် ကမ္ဘာမြေမျက်နှာပြင်နှင့်အာ ကာသ အ၀န်း ကျဉ်းကျုံ့သွားရသော ကာလလည်းဖြစ်၏။ ဘောဂဗေဒပညာရှင်များက အရင်းနှင့် နည်းပညာကမ္ဘာအနှံ့

ပျံ့နှံ့ပြီး ဈေးကွက်စီးပွားရေးခေတ်ကြီး ကမ္ဘာလွှမ်းပြီဆိုကြသကဲ့ သို့ အချို့သော နိုင်ငံရေးသုခမိန်များက လစ်ဘရယ်ဒီမိုကရေစီ ခေတ်ကြီးထွန်းကားလာပြီဟု ဆိုကြသည်။ အချို့သော သုခမိန် များကတော့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကာလကြီးအားဖြတ်သန်း နေကြရပြီဟု ရင့်ကျုးကြ၏။ Ð မည်သို့ဆိုစေ မျက်မှောက်ကမ္ဘာလူထုကြီး၏ ဘ၀ကား အသို့နည်း Ð Ù ဆင်းရဲချမ်းသာကွာဟချက်ကား တိုးပွားနေစဲ Ù ကူးစက်ရောဂါကပ်ဆိုးကြီးကား ကမ္ဘာနွမ်းပါးသူ ပြည်သူအများစု ကြေကွဲဖွယ်ရာ ခံစားနေရစဲ Ù လူမှောင်ခိုကူးရောင်ဝယ်ရေး၏ သားကောင်များဖြစ်သောအမျိုး သမီးငယ်များနှင့်ကလေးသူငယ်များ၏ဘ၀လုံခြုံမှုကားအလျဉ်း ကင်းမဲ့စဲ Ù စီးပွားပျက်ကပ်ဖိနှိပ်ချုပ်ချုယ်မှုနှင့် စစ်ဘေးစစ်ဒဏ်ကြောင့် နိုင်ငံ စွန့်ခွာ ဒုက္ခသည်များကား တိုးပွားအားကောင်းစဲ Ù လူထုအရေးတော်ပုံများနှင့် တော်လှန်စစ်ပွဲပျိုးခင်းများ ပျံ့နှံ့စဲ Ù ပါလက်စတိုင်း၊ အီရတ်၊ အာဖဂန်နစ္စတန် နှင့် အာဖရိကဒေသများ (၁) ၌ သွေးချောင်းစီးစစ်ပွဲများ မရပ်စဲနိုင်သေး Ù အင်အားလွန် နိုင်ငံကြီးများ၏ တွေ့ဆုံဆွေးနွေး ညိ‡နှိုင်းစည်းဝေးပွဲ ကန့်လန့်ကာနောက်ကွယ်မှ ဗိုလ်ကျလွှမ်းမိုးရေး အားပြိုင်ပွဲကား ကြည့်ချင်ပွဲတရပ် မဟုတ်ပဲ ကမ္ဘာပြည်သူများ ကြည့်နေရစဲ Ù ကမ္ဘာကုလသမဂ္ဂ၏ အခြေအနေကား သားဆိုးသမီးဆိုးများအပေါ် ချော့တစ်ခါချောက်တစ်လှည့်ဖြင့် အုပ်ချုပ်နေရသော မုဆိုးမအိုကြီး ကဲ့သို့ဖြစ်နေ၍ ကမ္ဘာ့ပြည်သူများက အားမကိုးလောက် ဤသို့သော ဂလိုဘယ်လိုက်ဇေးရှင်း အခါသမယ၌ ကျွန်ုပ်တို့၏ မော်ကွန်းနီသည် မီးရှူးသန့်စင်ဖွားမြင်လာခြင်းဖြစ်ပေသည်။ ကမ္ဘာအခြေအနေ ဤသို့ဖြစ်တည်နေချိန်၌ မြန်မာ့အရေးကားမည် သို့နည်း Ù ပြည်သူလူထုတရပ်လုံး၏ စီးပွားရေးဘ၀ကားခေတ်နောက်ကျခြင်း နှင့် ဆင်းရဲမွဲတေခြင်း နွံဗွက်အိုင်မှ ရုန်းမထွက်နိုင်သေး Ù စစ်အုပ်စုနှင့်မိုက်ဖော်ဆိုးဖက် တသိုက်ကားကျိကျိတက်ချမ်းသာစဲ Ù လူ့အခွင့်အရေးနှင့် အခြေခံဒီမိုကရေစီအခွင့်အရေးများမှာ လူထု အဖို့ မူး၍ပင် ရှုစရာမရှိ Ù အခြေခံအားဖြင့် ပြည်တွင်းစစ်မီးက မပြယ်သေး၊ ထိုးစစ်တိုက်စစ် များ၊ အိုးပျက်၊အိမ်ပျက်၊ရွာပျက်၊ဥစ္စာပျက် လူသတ်မုဒိန်းကျင့် အဖြစ် ဆိုးများ ကြုံနေရစဲ Ù ရှစ်လေးလုံးအရေးတော်ပုံ မီးတောက်မီးလျှံကား ကမ္ဘာပတ် လောင်ကျွမ်းစဲမို့ ဆရာတော် သံဃာတော်များပင် ဒကာ့အရေး ဆရာ မအေးနိုင်ဘဲ ပါဝင်ပက်သက်နေရပေပြီ Ù စစ်အုပ်စုနိုင်ငံရေးသည် ကမ္ဘာနိုင်ငံရေးစစ်မျက်နှာ၌ ပြေးပေါက်မရှိ ၀ိုင်းပတ်ပိတ်ဆို့ခံနေရသော အခြေအနေ Ù အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒီမိုကရေစီအင်အား

(၂) ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ န.အ.ဖ စစ် အစိုးရက စစ်အာဏာရှင်စနစ် ကမ္ဘာတည်သရွေ့ ဗမာပြည်မှာ အာဏာတည်နေအောင် ရည်ရွယ်ကြိုးပမ်းချက်တစ်ရပ်ဖြစ်တယ်။ ဒီဖွဲ့စည်းပုံဥပဒေသာ သက်ဆိုးရှည်နေမယ်ဆိုရင် ဗမာပြည်သူတွေ စစ်ကျွန်ဘ၀က ရုန်းထနိုင်စရာ လမ်းမမြင်ပါ။ (ဒီရွေးကောက်ပွဲရဲ့အဓိပ္ပါယ်ကဘာလဲ) ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ် တနည်းပြောရင် လူမျိုးစုံပြည်သူ များရဲ့ အသည်းကြားက မဲပြားများရလဒ်ကို စစ်ဖိနှပ်လှံစွတ်များနှင့် နင်းခြေမွှေနှောက်ပစ်လိုက်တာဖြစ်တယ်။ အတုအယောင် အမျိုးသားညီလာခံက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ ဥပဒေကို မဲလိမ်၊ မဲခိုး၊ ခြိမ်းချောက်မြူဆွယ် နည်းမျိုးစုံသုံးပြီး အဓမ္မ ဆန္ဒခံယူပွဲနဲ့ ထပ်မံအတည်ပြုလိုက်တာဘဲဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း မဲလိမ်၊ မဲခိုး ခြိမ်းချောက်မြူ ဆွယ်နည်းစုံသုံးပြီး ရာနှုန်းပြည့်မဲရတယ်လို့ ကြေငြာအုံးမှာဖြစ်တယ်။ ၂၀၁၀ လွှတ်တော်ကိုယ်စားလှယ်နေရာ ငါးပုံလေးပုံက စစ်သား နဲ့ ဘောင်းတော်ငြိမ့်ပါတီကိုယ်စားလှယ်များက နေရာယူမှာဖြစ်တယ်၊ ငါးပုံတစ်ပုံလောက်သာ သူတို့နှင့်ကင်းလွတ်တဲ့ပါတီအချို့ဖြစ်နိုင်မယ် ဒါတွေကို ခြုံငုံသုံးသပ်ကြည့်ရင် ၂၀၁၀ ရွေးကောက်ပွဲဟာ စစ် အာဏာရှင်စနစ်ကို မပီမပြင် ရုပ်ဖျက်ထားတဲ့ ဒီမိုကရေစီအတု အရပ်သားအစိုးရ တရပ်ပေါ်ထွန်းစေမှာဖြစ်တယ်။ လူမျိုးစုံ ပြည်သူလူထုတရပ်လုံးကတော့ စစ်ဖိနှပ်အောက်က မျောက်လောင်းဘ၀မှ ပြောင်းလဲလာစရာမရှိပါ။ ဒီအလားအလာ အခြေအနေတွေကို မှောက်လှန်ပြောင်းလဲပစ် ဖို့အတွက် လူမျိုးစုံပြည်သူများအနေနှင့် (၁၁) ၄င်းတို့ရဲ့ ဘောင်းတော်ငြိမ့် စိတ်တော်သိ ညီလာခံ ကိုယ်စားလှယ် ဆိုသူများနှင့်သာ အချိန်ဆွဲကျင်းပခဲ့တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို အကြိမ်ကြိမ်ပယ်ချခဲ့တယ်၊ အတုအယောင် အမျိုးသားညီလာခံမှာ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို ၁၅ နှစ်ကြာမှ ရေးဆွဲပြီးစီးစေခဲ့တယ်။ ဒီအခြေခံဥပဒေဟာ အတုအယောင် အမျိုးသားညီလာခံရဲ့ ရလဒ်ဖြစ်တယ်၊ ဒီဥပဒေကို ၂၀၀၈ ခုနှစ်မှာ စစ်ဖိနှပ်အောက်မှာပဲ ဆန္ဒခံယူပွဲဆိုတာနဲ့ အတည်ပြုခဲ့ပြီး တရားဝင်ပြဌာန်းလိုက်တယ်၊ ဒီဆန္ဒခံယူပွဲဆိုတာလည်း မဲလိမ်၊မဲခိုး၊ ခြိမ်းချောက်၊ မြူဆွယ်မဲ မျိုးစုံနဲ့ အဓမ္မထောက်ခံမဲ ၉၂ ရာခိုင်နှုန်း ဖြစ်စေခဲ့တာဖြစ်တယ်။ ဒီအခြေခံဥပဒေမှာ စစ်တပ်ကိုယ်စားလှယ် လေးပုံတစ်ပုံက အရွေးချယ်ခံစရာမလိုပဲ မိုးကျရွှေကိုယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမယ်၊ ပြည်နယ်၊ တိုင်း၊ ဒေသကြီးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသလွှတ်တော်တွေမှာလည်း မိုးကျရွှေကိုယ် လွှတ်တော်

ကိုယ်စားလှယ် လေးပုံတစ်ပုံက အလိုအလျှောက်ပါဝင်ရမှာဖြစ်တယ် နိုင်ငံတော်ကာကွယ်ရေးကောင်စီဆိုတာကတိုင်းပြည်ရေးရာအားလုံးကို ကိုင်တွယ်ထားမှာဖြစ်တယ်၊ လွှတ်တော်တို့၊ အာဏာသုံးရပ်တို့ ဆိုတာတွေက အဲ့ဒီကောင်စီရဲ့ ချုပ်ကိုင်မှုအောက်မှာရှိမယ်၊ အဲ့ဒီကောင်စီမှာ စစ်တပ်က အများစု နေရာယူထားမယ် အရေးကြီးတဲ့ ၀န်ကြီးဌာနအားလုံးကို စစ်တပ်က နေရာယူထားမယ် တိုင်းပြည်ရေးရာအတွက် အဓိကအရေးကြီးတဲ့ အဆုံးအဖြတ်အားလုံးကို သမ္မတနဲ့ စစ်ဦးစီးချုပ်တို့က အဆုံးဖြတ် ပေးသွားမှာဖြစ်တယ်၊ အကြောင်းအချက် အမျိုးမျိုးပြပြီး စစ်ဦးစီးချုပ် ဆိုသူက အချိန်မရွေး အာဏာသိမ်းခြင်းကို တရားဝင်ခွင့်ပြုထားတယ်။ (၁၀) စုများဘက်မှ တွေ့ဆုံဆွေးနွေးဖြေရှင်းရေး တောင်းဆိုချက်ကို ခေါင်း မာစွာ ငြင်းဆန်ပယ်ချရင်း နိုင်ငံရေးချောင်ပိတ်မိနေသော စစ်အုပ်စု သည် စစ်အာဏာ၇ှင်စနစ် ဆင်သေကို (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၁၀) ခုနှစ် ပါတီစုံရွေးကောက်ပွဲ ဆိတ်သားရေဖြင့် ဖုံးအုပ် ရန် ကောက်ကျစ်စဉ်းလဲစွာ ကြံစည်နေသောကာလ ဤသို့သော ကမ္ဘာအခြေအနေ မြန်မာ့အခြေအနေကြားမှာ မော်ကွန်းနီသည် မွေးဖွားလာခြင်းဖြစ်သည်။ မော်ကွန်းနီသည် ပြည်သူများနှင့်အတူ မီးပင်လယ်ကို ဖြတ်သန်းရဦးမည်ကိုသိ၇ှိ ထားပါ၏။ သို့သော် မော်ကွန်းနီသည် လူမျိုးစုံ ပြည်သူများနှင့်အတူ အမျိုးသားရေး ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး လူထုဘ၀သာယာဖြောင့်ဖြူးရေး တို့အတွက်ရပ်တည်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်သို့ အစီရင်ခံအပ်ပါသည်

လမ်းနှစ်သွယ်၇ှိသည် တစ်လမ်းမှ သဘာဝအတွင်းကလမ်း ဖြစ်သည်၊ လမ်းတစ်လမ်းမှာ သဘာဝအပြင်ဘက်က လမ်းဖြစ်သည်။ လမ်းတစ်လမ်းမှာ ကျွန်ုပ်တို့နေထိုင်လျှက်၇ှိသော ကမ္ဘာ လောကအတွက် အသက်ရှင်ရန်ဖြစ်သည်။ အခြားလမ်းတစ်လမ်းမှာ ကျွန်ုပ်တို့မျှော်မှန်းတောင့်တလျှက်ရှိသော ကျွန်ုပ်တို့မည်သို့မျှမသိရ သော ကမ္ဘာလောကအတွက် အသက်ရှင်ရန်ဖြစ်သည်…. လမ်းတစ် လမ်းမှာ ဆင်ခြင်စဉ်းစားရန်ဖြစ်သည၊် စူးစမ်းရှာဖွေရန်ဖြစ်သည်၊ (၃) မျက်စိဖွင့်ကြည့်ရန်ဖြစ်သည် အခြားလမ်းတစ်လမ်းမှာမူ ယုံကြည်ရန် ဖြစ်သည်၊ နာယူရန်ဖြစ်သည်၊ နောက်လိုက်ရန်ဖြစ်သည်။ လမ်းတစ်လမ်းမှာ စဉ်းစားတွေးခေါ်ခြင်းကို ရာဇပလ္လင်ပေါ် တင်ရန်ဖြစ်သည်၊ တကယ်ဖြစ်ပျက်သော အဖြစ်အပျက်များကိုသာ ယုံကြည်ရန်ဖြစ်သည်၊ အခြားလမ်းတစ်လမ်းမှာမူ မျက်ကန်းယုံကြည် မှု၏ ဦးခေါင်းပေါ် သရဖူဆောင်းပေးရန်ဖြစ်သည်။ ယုံကြည်ခြင်းဖြင့်

အဦးအချုပ် အဖြစ်

အသက်ရှင်နေရန်ဖြစ်သည်။ ကျွန်ုပ်သည် ငြိမ်းချမ်းသော ကမ္ဘာလောကတစ်ခုကို မြင်သည် ထိုကမ္ဘာလောက၌ လုပ်အားအတွက် ဆုလာဘ် သို့မဟုတ် လုပ်ခ အပြည့်အ၀ ရရှိသည်၊ ထိုကမ္ဘာလောက၌ အကျဉ်းထောင်မရှိပေ။ ထိုကမ္ဘာလောက၌ ဆင်းရဲသားကျောမွဲများအား အလုပ်ခိုင်းသည့် အိမ်မရှိပေ၊ ထိုကမ္ဘာလောက၌ အရူးထောင်မရှိပေ၊ ထိုကမ္ဘာလောက ၌ ကြိုးစင်တင် မသတ်ပေ၊ ထိုကမ္ဘာလောက၌ ရိုးသားသော မိန်းမပျို သူဆင်းရဲသည် မကောင်းမှုနှင့်သေခြင်းနှစ်မျိုးအနက်မည့်သည့်အရာ ကိုမျှ မရွေးရပေ …. ကျွန်ုပ်သည် ကမ္ဘာလောက တစ်ခုကိုမြင်သည် ထိုကမ္ဘာလောက၌ ဖုန်းတောင်းယာစကာများ လက်ဖြန့်မတောင်း ခံပေ၊ ထိုကမ္ဘာလောက၌ ကပ်စေးနှဲသူများသည် အကြင်နာမဲ့သော မျက်လုံများဖြင့် မျက်စောင်းခဲမကြည့်ပေ၊ ထိုကမ္ဘာလောက၌ ချိုတဲ့ ခြင်း၏ ကြင်နာဖွယ် ညည်းညူသံမကြားရပေ၊ ထိုကမ္ဘာလောက၌ တရားခံ၏ ည‡ိုးခြောက်နေသော မျက်နှာကိုမတွေ့ရပေ၊ ထိုကမ္ဘာ လောက၌ မုသားပြောသော နှုတ်ခမ်းမရှိပေ၊ ထိုကမ္ဘာလောက၌ အကြင်နာမဲ့သော မျက်လုံးမရှိပေ။ ။ အမေရိကန်လူမျိုးအတွေးအခေါ်ပညာရှင် ရောဘတ်ဂရင်းအင်းဂါဆောလ် ( ၁၈၃၃ - ၁၈၉၉) (၄) ကြွယ်ဝနေတဲ့ လူမျိုးစုံပြည်သူလူထုက ဒီမိုကရေစီနဲ့ စစ်အာဏာရှင် ဘယ်ဒင်းရွေးမလဲဆိုတာ ပြတ်ပြတ်ထင်ထင်သိမြင်ခဲ့တယ်။ ဒါ့ကြောင့်လဲ ပါတီတွေ ဘယ်လောက်များအောင် စစ်အစိုးရက ဖန်တီးခဲ့ပေမယ့် ဒီပွဲဟာစစ်တပ်အလိုကျ တ.စ.ည ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စီးချင်းထိုးတိုက်ပွဲပဲဆိုတာကို သဘောပေါက်တာနဲ့ အညီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပုံအောပေးလိုက်ကျပါ တယ်။ လူမျိုးစု ဒေသအသီးသီးမှာလည်း စစ်တပ်အလိုကျ တ.စ.ည ပါတီကို ပယ်ချပြီး လူမျိုးစု ဒီမိုကရေစီအင်အားစုများကို ထောက် ခံမဲပေးခဲ့ကြပါတယ်။ န.၀.တ စစ်အစိုးရနှင့် ဦးနေ၀င်းတို့ဟာ မိမိတို့မျှော်မှန်းထားသ လို မဲကွဲပြီး ညွှန့်ပေါင်းအစိုးရမျိုးသာသာ အင်အားမတောင့်တင်းတဲ့ အစိုးရသာ ဖွဲ့စည်းလာနိုင်မဲ့ အခြေအနေ မတွေ့ရတဲ့အခါမှာ ဒီမိုကရေစီအင်အားစုများကို လွှတ်တော်ခေါ်အာဏာလွှဲအပ်ရမှာ တွန့်ဆုတ်ခဲ့တယ်၊ ဒီမှာတင် ဥာဏ်နီဥာဏ်နက်ပေါင်းစုံသုံးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူမျိုးစု ဒီမိုကရေစီအင်အားစုများ သို့ အာဏာလွှဲပြောင်းပေးရေးကို ရိုက်ချိုးဖျက်ဆီးခဲ့တယ်။ ဒီိအခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ကြည့်ရင် စစ်တပ် ဟာ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးတာ တကယ်တော့ (၈၈၈၈) လူထုအုံကြွမှုကြီးကို မလွန်ဆန်နိုင်လို့ လမ်းလွှဲဖို့အတွက် ခြေတလှမ်း ဆုတ်းပေးလိုက်တာလည်းဖြစ်တယ်၊ ရွေးကောက်ပွဲမှာ



သူတို့မျှော်လင့်သလို ဖြစ်မလာတော့ ၉၀ ခုနှစ်ရလဒ်ကို ဖျက်ဆီးပစ် ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိဖို့လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတုအယောင် အမျိုးသားညီလာခံဆိုတာကို အဓိကအားဖြင့် (၉) မြန်မာ့အရေးတော်ပုံ၏ အဆုံးအဖြတ်သည် ပြည်တွင်း၌သာ ရှိသည်။ လူမျိုးစုံ၊ လူတန်းစားစုံ၊ပါတီစုံအင်အားစုများ သွေးစည်း ညီညွတ်သော နိုင်ငံရေး ဦးဆောင်မှုအောက်၌ မှန်ကန်သော လမ်းစဉ်၊ လုပ်ငန်းစဉ် ချမှတ်ဆောင်ရွက်နိုင်ခြင်းသည် ပြည်တွင်း အားဖြစ်သည်။ ဤပြည်တွင်းအားကို အခြေခံ၍ နိုင်ငံတကာ အားပေးမှုနှင့် လူတစ်ဦးတည်းကဲ့သို့ ပေါင်းစပ်တိုက် ပွဲဆင်နိုင် သောနေ့သည် စစ်အာဏာရှင်စနစ် ဗမာပြည်၌ ဖုတ်သွင်းမီး သင်္ဂြိုလ်ခဲ့ရသောနေ့ဖြစ်ပေမည်။ ။ ညိုချစ် စစ်ဖိနှပ်အောက်က ၂၀၁၀ ရွေးကောက်ပွဲ ၂၀၁၀ခုနှစ်မှာ န.အ.ဖ စစ်အစိုးရက ၄င်းစိတ်ကြိုက်ရေးဆွဲ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဆိုတာကို ကျင်းပတော့မှာဖြစ်တယ်။ ဒါဟာ ၁၉၉၀ ပြည့်နှစ် န.၀.တ စစ်အစိုးရက ကျင်းပပေးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ကို နင်းချေပစ် လိုက်တာဖြစ်တယ်၊ တနည်းပြောရင် ထိုစဉ်က (၈၈၈၈) အရေးတော် ပုံကို ဦးနေ၀င်း မ.ဆ.လ စစ်အစိုးရက သွေးချောင်းစီး သတ်ဖြတ် ချေမှုန်း ဒီမိုကရေစီအင်အားစုများကို ဖမ်းဆီးထောင်ချ ရွေးကောက်ပွဲ ၀င် အင်အားစုများအပေါ် အမျိုးမျိုးဖိနှိပ်ချုပ်ချယ် ရွေးကောက်ပွဲမှာ မဲတွေပြန့်ကျဲသွားအောင် ပါတီအမြောက်အမြားဝင့်ခွင့်ပေး စစ်တပ် အလိုကျ မ.ဆ.လ. တဖြစ်လဲ တ.စ.ည အဖွဲ့ကို ငွေကြေးပုံအော သုံးစေပြီး မဲနိုင်အောင်ကြိုးပမ်း စသည့်လုပ်ရပ်မျိုးစုံ လုပ်စေခဲ့တယ်။ သို့သော်လည်း နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်ဆန့်ကျင် ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတိုက်ပွဲ အတွေ့အကြုံများနှင့် (၈) အဓိကပစ်မှတ်သာ စူးစိုက်ပစ်ခတ်ကြစို့ ယနေ့ မြန်မာ့အရေးသည် နှစ်ပေါင်းလေးဆယ်ကျော် ဗိုလ်ကျ ကြီးစိုးနေသော စစ်အစိုးရအား ဖယ်ရှားပြီး အရပ်ဘက် ဒီမိုကရေစီ အစိုးရတရပ်ပေါ်ထွန်းရေး၊ပြည်သူလူထုအနေဖြင့် အခြေခံဒီမိုကရေစီ အခွင့်အရေးများ အပြည့်အ၀ ခံစားရရှိရေး၊ ပြည်သူများဆင်းရဲမွဲတေ နေသော ဘ၀မှ ရုန်းထရေး ၊ ခေတ်မှီဖွံ့ဖြိုးသော ၊ ငြိမ်းချမ်းသော ၊ မြန်မာနိုင်ငံသစ် တည်ဆောက်ရေးတို့ဖြစ်ပေသည်။ ယင်းသို့ မြန်မာနိုင်ငံသစ် ထူထောင်နိုင်ရန် အဓိကတိုက်ပွဲဝင် အင်အားစုမှာ မြန်မာနိုင်ငံရှိ လူမျိုးစုံပြည်သူလူထုများဖြစ်သည့် အလုပ်သမား၊ လယ်သမား၊ ပြည်ချစ် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစား ဈေးသည်များ၊ လူငယ်ကျောင်းသားများ၊ ပညာတတ် များ၊ ခေါင်းရွက်ဗျတ်ထိုးဈေးသည်များ၊ လက်မှုပညာသည်များ၊

ယဉ်ကျေးမှုအနုပညာသည်များ၊ မျိုးချစ်စစ်သည်များနှင့် လက်နက် ကိုင်တပ်ဖွဲ့ဝင်များတို့ ဖြစ်သည်။ ဤအင်အားစုများသည်သာ စစ်အာဏာရှင်စနစ်အား အဆုံး အဖြတ်ပေး တိုက်ပွဲဆင်၍ စက်ယန္တရားအား မှောက်လှန်ဖျက်ဆီး ချေမှုန်းပစ်နိုင်မည့် အင်အားစုဖြစ်သည်။ နိုင်ငံတကာ လှုပ်၇ှားမှုအား ပုံဖေါ်နေသော အဖွဲ့အစည်းများ ဖြစ်သည့် ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းများ ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းများ အစိုးရများသည် မြန်မာ့အရေးတော်ပုံ အဆုံးအဖြတ် တိုက်ပွဲအဆင့်သို့ ရောက်ရှိစေရန် တွန်းအားပေးနေသောအရံ အင်အားစုများဖြစ်သည်။ ယနေ့ကာလ၌ ဤအရံအင်အားစုကြီးသည် ပြည်တွင်းမှ အဓိကအင်အားစုကြီး ဖွံ့ထွားအားကောင်း၍ အဆုံးအဖြတ်တိုက်ပွဲ လျှင်မြန်စွာ တိုက်ခိုက်နိုင်ရေးအတွက် နိုင်ငံတကာစင်မြင့်အသီးသီး (၅) မှ အစွမ်းကုန် လှုပ်၇ှားဆောင်ရွက်နေကြပေသည်။ အရှိန်အဟုန် လည်းတစတစ တိုးပွားမြင့်မားလာနေပေသည်။ ထို့သို့ဖြစ်ပေါ်ရေး အတွက် နေ့မအားညဉ့်မအား စွမ်းအားဖြည့် ဆောင်ရွက်နေသော ပြည်ပရောက် ဒီမိုကရေစီရေးတိုက်ပွဲဝင်ရဲဘော်များ အင်အားစုများ အား တိုက်ပွဲသမိုင်း ကျေးဇူးကြီးမားလှကြောင်း ဤနေရာ၌ ဖော်ပြ အပ်ပေသည်။ ယခုအထိဖော်ပြခဲ့သည်မှာ ဗမာပြည် စစ်အာဏာရှင်စနစ် ပစ်မှတ်အား ဦးတည်တိုက်ခိုက်နေသည့် အင်အားစုများ၏ အခင်း အကျင်းကို အကြမ်းဖျင်း လေ့လာဖော်ပြလိုက်ခြင်းသာ ဖြစ်ပေ၏။ မျက်မှောက်မြန်မာ့အရေးတော်နှင့်စပ်လျဉ်း၍ နိုင်ငံတကာမှ ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများအား လေ့လာကြည့်လျှင် ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းများ၊ အမေရိကန်ပြည်ထောင်စု အစိုးရ၊ ဥရောပ ဘုံအဖွဲ့၊ ဂျပန်၊ အာဆီယံတို့နှင့် တရုတ်၊ အိန္ဒိယ အခြားသောနိုင်ငံများ ဖြစ်ကြပေသည်။ အဆိုပါနိုင်ငံများသည် မိမိတို့၏ နိုင်ငံခြားရေးမူဝါဒ ရပ်တည် ချက်အပေါ်နှင့် နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားများအပေါ်တို့မှ ရှုမြင်၍ မြန်မာ့အရေးအား စဉ်းစားဆုံးဖြတ်ပါဝင်နေသည်ကိုတွေ့၇ှိ နိုင်ပေသည်။၎င်းတို့၏ရည်တည်ချက်များသည် သဘာဝကျစွာပင် ထပ်တူထပ်မျှမဖြစ်နိုင်ကြပေ။ သို့ဖြစ်၍ မြန်မာ့အရေးအပေါ် ကိုင်တွယ်ပုံ ကိုင်တွယ်နည်း အလေးအပေါ့သည် သဘာဝကျစွာပင် မတူနိုင်ကြပေ။ ထို့ကြောင့်လည်းပြည်တွင်းပြည်ပ၇ှိ မြန်မာ့အရေးကို အားကြိုး မာန်တက် ဆောင်ရွက်နေကြသောဒီမိုကရေစီအင် အားစုများ အနေဖြင့် စိတ်တိုင်ကျ မဖြစ်လာသည့်အတွက် အားမလိုအားမရဖြစ်ကြရခြင်းဖြစ်ပေသည်။ (၆) ၄င်းတို့၏ဆောင်ရွက်နိုင်စွမ်းသည် ၄င်းနိုင်ငံများ၏အဖွဲ့အစည်း များ၏ ကန့်သတ်ထားသော မူဝါဒဘောင်အတွင်းမှ လှုပ်၇ှားကြရခြင်း

ဖြစ်သည်ကို သတိပြုကြရပေမည်။ ကန့်သတ်မှုဘောင်နည်းပါးသော နိုင်ငံနှင့် အဖွဲ့အစည်းများက မိမိတို့ဆန္ဒရှိသရွေ့ မြန်မာ့အရေးအား ထဲထဲဝင်ငင်ထောက်ခံလုံးပမ်းနိုင်မည်ဖြစ်သော်လည်း အကန့်အသတ် များသော အဖွဲ့အစည်းများမှာမူ လှုပ်ရှားနိုင်မှုကျဉ်းမြောင်း မည်သာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယနေ့မြန်မာ့အရေး၌ ပါဝင်ပတ်သက်နေကြ သော ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းများ၊ အမေရိကန်၊ ဥရောပ၊ဂျပန် အာဆီယံ၊တရုတ်နှင့် အိန္ဒိယတို့သည် အမြင်တူညီချက်ရှိပေသည်။ ယင်းမှာ စစ်အစိုးနှင့် မြန်မာ့အတိုက်အခံ နိုင်ငံရေးအင်အားစုများ အားလုံး ငြိမ်းချမ်းစွာ တွေ့ဆုံညိ‡နှိုင်း အဖြေရှာရေးနှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန်၌ တူညီကြပေသည်။ ဤအချက်များသည် မြန်မာ့အရေးတော်ပုံကို ကြီးစွာ အထောက်အကူဖြစ်စေသည်။ စစ်အာဏာရှင်စနစ် ထာဝရ တည်တံ့ရေးကို ဆန့်ကျင်ခြင်းဖြစ်သည်။ ဒီမိုကရေစီ အရေးတော်ပုံ ကို အားဖြစ်စေပေသည်။ စစ်အစိုးကို နိုင်ငံရေးအရ ချောင်ပိတ်မိစေ ခြင်းလည်းဖြစ်သည်။ ထိုကြောင် ဤနိုင်ငံတကာ၏ မြန်မာ့အရေးအပေါ် အားဖြစ် စေသော သဘောထားကို ဒီမိုကရေစီအင်အားစုများသည် မိမိရရ ဆုပ်ကိုင်ကာ နိုင်ငံတကာနှင့် ညီညွတ်အားဖြစ်မှုကို ကြီးထွားစေရ မည်ဖြစ်သည်။ တဆက်တည်း၌ ၄င်းတို့နှင့်မတူညီိသော သဘော ထားများအား ဆန့်ကျင်လှုပ်ရှားမှုများ သတိထားရှောင်ကျဉ်ရန် လိုအပ်ပေမည်။ (၇)

Related Documents

Maw Kun Ni
October 2019 23
Kun
November 2019 23
Maw Lid
August 2019 15
Maw Lid
May 2020 7
Kun-libri
June 2020 2
Kun Anta.pptx
November 2019 18

More Documents from ""

Mtk Vol3 No7
December 2019 26
Mtk Vol4 No1
December 2019 28
Mtk Vol2 No8
December 2019 29
Mtk Vol3 No11
December 2019 30
Mtk Vol2 No5
December 2019 25