ရေမီးအပြည့်အစုံ နဲ့ မြေအောက် လိုဏ်ခေါင်းတွေ BBC ဇွန် မြန်မာ စစ်အစိုးရ က နေပြည်တော် နဲ့ တောင်ကြီးမြို့ တွေမှာ ကြီးမားတဲ့ မြေအောက် ဥမင်လိုဏ်ခေါင်းတွေ တည်ဆောက် နေတာကို ဓာတ်ပုံတွေနဲ့ တကွ Yale Global Online မဂ္ဂဇင်း မှာ ဆောင်းပါးရှင် ဘားတီးလ် လစ်တနာ (Bertil Lintner) က ရေးသား ဖော်ပြထားပါတယ်။
ဓာတ်ပုံတွေမှာ တွေ့ရတဲ့ ဥမင် လိုဏ်ခေါင်းတွေဟာ တောင်အောက်တွေမှာ ဖောက်ထွင်း တည်ဆောက်ထားပြီး ဥမင်ကြီးတွေက ၁ ၀ဘီး ကုန်ကားကြီးတွေ ကောင်းကောင်း သွားလာနိုင်အောင် ကြီးမားသလို နံရံတွေ ၊ အမိုးတွေ ကလည်း တစ်ပေ မက ထူတဲ့ ကွန်ကရစ် တွေနဲ့တည်ဆောက် ထားတာ ဖြစ်ပါတယ်။ တခါ ဒီဥမင်တွေ တည်ဆောက် ရာမှာလည်း မြောက်ကိုရီးယား ပညာရှင်တွေ အကူအညီ နဲ့ လုပ်တာ ဖြစ်ကြောင်း ဓာတ်ပုံတွေကိုလည်း အဲဒီ မဂ္ဂဇင်းမှာ ဖော်ပြထား ပါတယ်။ ဒါကြောင့် ဒီဥမင်တွေ အကြောင်းကို လေ့လာ ရေးသား ထားတဲ့ ဆောင်းပါးရှင် ဘားတီးလ် လစ်တနာ Bertil Lintner ကို ဘီဘီစီက ဆက်သွယ် မေးမြန်း ထားပါတယ်။ BBC: ဒီလိုဏ်ခေါင်း တွေက ဘယ်လို လိုဏ်ခေါင်း အမျိုးအစား ဖြစ်ပါသလဲ။
Bertil Lintner: လိုဏ်ခေါင်းကြီး တွေဟာ အတော့်ကို ထူးခြားပါတယ်။ မြန်မာ စစ်ခေါင်း ဆောင်တွေ နေပြည်တော်ကို မြို့တော်အဖြစ် ပြောင်းပြီး သိပ်မကြာခင် အချိန် အတွင်း မှာ ပဲ ဒီလိုဏ်ခေါင်းတွေ တည်ဆောက်တဲ့ အကြောင်း သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဓာတ်ပုံတွေ နဲ့ တကွ ပထမဆုံး အတိအကျ သတင်း ထွက်လာတာပါ။ လိုဏ်ခေါင်းတွေ အတွင်းမှာ အစည်းအဝေး ခန်းမ လို အခန်းတွေလည်း တည်ဆောက်ထားပါတယ်။ အဲဒီအခန်းတွေ တည်ဆောက်ပုံက အပြင်က တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်အောင် တည်ဆောက် ထားတာ ဖြစ်ပါတယ်။ BBC: ဘယ်လို ရည်ရွယ်ချက်တွေ နဲ့ အခု လိုဏ်ခေါင်းတွေ ကို တည်ဆောက်တယ်လို့ ထင်ပါသလဲ။ Bertil Lintner: မြန်မာ စစ်အစိုးရ အနေနဲ့ အမေရိကန်က လေကြောင်း ကနေ တိုက်ခိုက် လာမှာကို စိုးရိမ်တာတော့ ထင်ရှားပါတယ်။ အမေရိကန် က အဲဒီလို လေကြောင်းက တိုက်ခိုက်မှုမျိုး မလုပ်ဘူးလို့ အများက တွက်ဆ ကြပေမယ့်လည်း စစ် အစိုးရရဲ့ စိုးရိမ်ချက်က ပျောက်ပျက် မသွားပါဘူး ။ အခု လိုဏ်ခေါင်း တွေက လေကြောင်း တိုက်ခိုက်မှုကို ကာကွယ် နိုင်အောင် တည်ဆောက် ထားတာ ဖြစ်ပါတယ်။ တခါ ပြည်တွင်းမှာ လူထု လှုပ်ရှားမှုကြီး ထပ်ဖြစ် လာရင် ပုန်းခိုစရာ အတွက် စီမံထားတယ် လို့ မြင်ရပါတယ်။ မြေပေါ်မှာ ဆိုရင် သူတို့ရဲ့ လှုပ်ရှားမှုကို ဂြိုလ်တုတွေက တဆင့် မြင်ရ နိုင်တယ်လေ။ BBC: ဒီလိုဏ်ခေါင်းတွေ တည်ဆောက်ရာမှာ မြောက်ကိုရီး ယား ပညာရှင်တွေ အကူအညီနဲ့ တည်ဆောက် တယ်လို့ ဆောင်းပါးထဲမှာ ရေးထားပါတယ် ။ ဘာကြောင့် ဒီလိုပြောနိုင်တာပါလဲ။ Bertil Lintner: မြောက်ကိုရီးယား လိုဏ်ခေါင်း တည်ဆောက်မှု ကျွမ်းကျင်သူတွေ ၂၀၀၆ ခုနှစ် ဇွန်လပိုင်းက နေပြည်တော်ကို ရောက်သွားတဲ့ သတင်း တွေ ကြားရပါတယ်။
အခု ဓာတ်ပုံတွေ ထွက်လာတဲ့ အခါ ဒီဓာတ်ပုံ တွေဟာ ၂၀၀၆ ခုနှစ်က ရိုက်ခဲ့တဲ့ ပုံတွေဖြစ်ပြီး အဲဒီ ပုံတွေထဲမှာ မြောက်ကိုရီးယား နိုင်ငံသား တွေကို တွေ့ရတဲ့အတွက် ကျွန်တော်က အတည်ပြု နိုင်တာ ဖြစ်ပါတယ်။ နောက် မြောက်ကိုရီးယား တွေဟာ လိုဏ်ခေါင်း တူးရာမှာ ကျွမ်းကျင်သူတွေ ဖြစ်ပြီး သူတို့ နိုင်ငံ မှာလည်း မြေအောက်မှာ လိုဏ်ခေါင်းတွေ တည်ဆောက်ထားတဲ့ အထောက်အထား တွေရှိ နေပါတယ်။ မြောက်ကိုရီးယား နိုင်ငံက အင်တာနက် စာမျက်နှာတွေမှာ မြန်မာဘက်က ကိုယ်စားလှယ်တွေ သူတို့ နိုင်ငံကို လာကြောင်း ရေးထား တာတွေလည်း တွေ့ရပါတယ် ။ ဒီအချက်တွေ ကနေ လိုဏ်ခေါင်းတွေ ဖောက်လုပ်ရာမှာ မြောက်ကိုရီးယားတွေ ပါoင် ပတ်သက် နေတယ်လို့ ပြောနိုင်တာ ဖြစ်ပါတယ်။
BBC: ဒီ လိုဏ်ခေါင်း တည်ဆောက်ရာမှာ ဘာကြောင့် မြန်မာနဲ့ မြောက်ကိုရီးယား ပူးပေါင်း ဆောင်ရွက်တယ်လို့ ထင်ပါသလဲ။ Bertil Lintner: မြောက်ကိုရီးယား တွေဟာ လိုဏ်ခေါင်းဖောက်လုပ်ရာမှာ အင်မတန် ကျွမ်းကျင် သူတွေ ဖြစ်ပါတယ် ။ ကိုရီးယား စစ်ပွဲတွေ အတွင်း မှာလည်း သူတို့ လိုဏ်ခေါင်း တွေ တူးပြီး တိုက်တာတို့၊ ခုခံ ကာကွယ် တာတို့ လုပ်ခဲ့ပါတယ် ။ ကမ္ဘာမှာ လိုဏ်ခေါင်း ဖောက်လုပ်မှု ကျွမ်းကျင် သူတွေ ထဲမှာ မြောက် ကိုရီးယား ပညာရှင် တွေက ထိပ်တန်းက ပါoင်နေပါတယ် ။ မြောက်ကိုရီးယား ဘက်ကလဲ မြန်မာဆီ ကနေ သူတို့ လိုအပ်တဲ့ ဆန်တို့ ရာဘာ တို့ ရနိုင်ပါတယ်။ BBC: မြန်မာဘက်က မြောက်ကိုရီးယား ကို ဒီလိုဏ်ခေါင်းတွေ ဆောက်ပေးဖို့ ဘယ်လောက် ပေးခဲ့ ရတယ်လို့ သိရပါသလဲ ။ Bertil Lintner: ဒီကိစ္စကို ရှင်းရှင်း လင်းလင်းတော့ မသိရ သေးပါဘူး ။ တိုက်ရိုက် ကုန်ပစ္စည်း လဲလှယ်တဲ့ ဘာတာစနစ် နဲ့ ပေးချေတာလဲ ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယား တွေအဖို့ ငွေကလည်း အများကြီး လိုအပ်နေတဲ့ အနေအထားပါ။ ဒီတော့ တဖက်နဲ့ တဖက် အပြန်အလှန် ဆက်နွယ်မှုတွေ ရှိနေပါတယ်။ ----------------------------------------------------------------------------------------------------
ပြည်နယ်နှင့်တိုင်း စီးတီး FM လိုင်းသစ် လုပ်ပိုင်ခွင့်များ စစ်အစိုးရနှင့် နီးစပ်သူများသာ ရရှိ ၀ီရ / ၁၂ ဇွန် ၂၀၀၉ ပြည်နယ်နှင့်တိုင်းအလိုက် မြို့ကြီးများတွင် ထုတ်လွှင့်ရန် နောက်ထပ် စီစဉ်နေသည့် စီးတီး FM ရေဒီယို လုပ်ပိုင်ခွင့်များအား စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးသမားများကိုသာ ရွေးချယ်ပေးအပ်ခ့ေဲ ကြာင်း စုံစမ်းသိရှိရသည်။ FM ရေဒီယို လိုင်းသစ် လုပ်ပိုင်ခွင့်များအား စစ်အစိုးရနှင့်နီးစပ်သူများ ဖြစ်သည့် ဇေကမ္ဘာ၊ ရွှေတောင်၊ ရွှေသံလွင်နှင့် Forever ကုမ္ပဏီတို့ ရရှိခြဲ့ ကသောကြောင့် မီဒီယာလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသော အခြားကုမ္ပဏီတို့က မကျေမနပ် ဖြစ်နေ ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင်ထုတ်လုပ်ရေးနယ်ပယ်မှ အထင်ကရ မန်နေဂျာတဦးက “အခု FM လုပ်ခွင့်ရသွားတဲ့ကုမ္ပဏီတွေက နအဖ ထိပ်ပိုင်းအရာရှိတွေနဲ့ နီးစပ်သူတွေ၊ ဆွေမျိုးတွေချည်းပဲ။ တချို့ကုမ္ပဏီတွေက နအဖနဲ့ အကျိုးတူပူးပေါင်း လုပ်နေကြလို့ သူတို့ကို ပေးတာတဲ့။ ပြီးတော့ တချို့ကုမ္ပဏီတွေဆို မီဒီယာလုပ်ငန်းနဲ့ အကျွမ်းတဝင် ရှိတာလည်း မဟုတ်ဘူး ။ အခြား ကုမ္ပဏီတွေက ဒါကို မကျေမချမ်း ဖြစ်နေကြတယ်။ ဒါပေမယ့် နအဖက သူတို့လူတွေကိုပဲ ဒီလိုပေးထားရင် သူတို့ သုံးချင်သလို၊ ပုံစံသွင်းချင်သလို သွင်းလို့ရလို့ ရွေးပေးတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။ ယခု FM လုပ်ပိုင်ခွင့် ရရှိကြသည့်ကုမ္ပဏီများသည် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်း အပါအဝင် နအဖစစ်အစိုးရနှင့် အကျိုးတူပူးပေါင်းသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည့် ကုမ္ပဏီများဖြစ်ကြောင်း အဆိုပါ မန်နေဂျာက ရှင်းပြသည်။ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၏ သမီးဖြစ်သူ ဇေဇင်လတ်သည် နအဖ ထိပ်ပိုင်းအရာရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ချွေးမ တော်စပ်သူ ဖြစ်ပြီး ရွှေတောင်ကုမ္ပဏီသည် ငွေမည်းခဝါချမှုဖြင့် ၂၀၀၃ ခုနှစ်က အပိတ်ခံလိုက်ရသည့် အာရှ ဓန ဘဏ် ပိုင်ရှင် ဦးအိုက်ထွန်း၏ ကုမ္ပဏီ ဖြစ်သည်။ မြန်မာစစ်အစိုးရအပေါ် အနောက်နိုင်ငံတို့က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားသည့်စာရင်းတွင် ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေ၊ ရွှေသံလွင် ကုမ္ပဏီ ပိုင်ရှင် ဦးကျော်ဝင်းတို့လည်း ပါဝင်ပြီး မြန်မာစစ်အစိုးရနှင့် ပတ်သက်နေသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် နအဖအရာရှိများ၏ ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနေသူများအဖြစ် သတ်မှတ်ခံရသူများ ဖြစ်သည်။ FM လိုင်းသစ်များကို ၂၀၀၉ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် အားလုံး စတင်အသံလွှင့်နိုင်ရန် စီစဉ်နေပြီး ပြည်နယ်နှင့် တိုင်း အလိုက် မြို့ကြီး (၂၀) ကျော်ကို (၄) ပိုင်းခွဲ၍ ထိုကုမ္ပဏီ (၄) ခုအား လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရုပ်ရှင် ထုတ်လုပ်ရေး မန်နေဂျာက ပြောသည်။
ပါဝင်သည့်မြို့များမှာ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ လွိုင်ကော်၊ စစ်ကိုင်း၊ မုံရွာ၊ မကွေး၊ မြစ်ကြီးနား၊ ဟားခါး၊ ပဲခူး၊ ပြည်၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ မြိတ်၊ ပုသိမ်၊ ကျောင်းကုန်း၊ စစ်တွေ၊ သံတွဲ၊ အမ်းမြို့တို့ဖြစ်သည်။ တိုင်းရင်းသားတို့နေထိုင်ရာ မြို့ရွာများတွင် ယခုက့သဲို့ စီးတီး FM အသံလွှင့်သည့်အစီအစဉ်သည် နအဖ စစ်အစိုးရတို့ ကြီးမှူး ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အသုံးပြုဖွယ် ရှိသည်ဟု ပြည်တွင်း ပြည်ပမှ နိုင်ငံရေး လေ့လာအကဲခတ်သူများက ပြောသည်။ ရခိုင်ပြည်နယ်တွင် စတင်အသံလွှင့်နေပြီး ဖြစ်သည့် ပဉ္စဝတီ စီးတီး FM တွင် စစ်အစိုးရပိုင် သတင်းစာ အာဘော်များနှင့် ဆောင်းပါးများကို အလေးပေး ထုတ်လွှင့်နေပြီး တိုင်းရင်းသားသီချင်းအချို့ကိုလည်း ထုတ်လွှင့်ပေးနေသည်။ မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှစ၍ ရန်ကုန် FM ကို စတင်ထုတ်လွှင့်ခြဲ့ ပီး ၂၀၀၈ ခုနှစ်တငွ် စတင်ခ့သဲ ည့် မန္တလေး FM ကို ရန်ကုန်-မန္တလေး ကားလမ်းတလျှောက်တွင် နားဆင်နိုင်ပြီ ဖြစ်သည်။ ထိုစီးတီး FM နှစ်ခုကို မြို့တော်စည်ပင်သာယာရေး ကော်မတီက ပိုင်ဆိုင်သည်။ ------------------------------------------------------------------ဝန်ချီစက်လှေကား ပြုတ်ကျ၍ ဒဏ်ရာရသည့် သံဃာနှစ်ပါး သက်သာ အေးနိုင် ၁၁ ဇွန် ဝ၉ – DVB ဒီလ လေးရက်နေ့က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူ ရုပ်ပွားတော်ကြီးက အဆင်းမှာ ဝန်ချီစက်လှေကားကနေ ပြုတ်ကျလို့ ရဆကသအးမ္မကထိက သံဃာနှစ်ပါး ဒဏ်ရာရခဲ့ပြီး တပတ်အကြာမှာ သက်သာလာပြီလို့ ဆရာတော်တွေကို အမြဲမပြတ် သွားရောက်ကြည့်ရှု့နေတဲ့ ဒါယကာတဦးက ပြောပါတယ်။ “ဒါယကာ၊ ဒါယိကာမတွေ အားလုံးဆွမ်းကပ်ပြီးတော့ ဆရာတော်တွေ ဆွမ်းဘုန်းပေးတာ ပြုံးပြုံးရွှင်ရွှင်ပါပဲ။ ဆရာတော် ရဝေနွယ်လည်း ကျန်းမာရေး အကုန် ကောင်းသွားပါပြီ။ ဒကာတွေလည်း သက်သာပါတယ်။” ဒီကိုယ်တော်နှစပ်ါးဟာ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကို ဖူးမြော်ဖို့ သွားတဲ့လမ်းခရီးမှာ ကြုံကြိုက်ရင်း ရပ်တော်မူ ရုပ်ပွားတော်ကြီးကို ဒီလ လေးရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်ဖူးမျှော်ရင်း ဝန်ချီစက်လှေကား ပြုတ်ကျကာ ဒဏ်ရာ ရကြတာ ဖြစ်ပါတယ်။ ရုပ်ပွားတော်ဟာ အထပ် ၂၆ ထပ်အထိ တဆင့်၊ ၂၆ ထပ်ကနေ ၃၂ ထပ်ထိ တဆင့်၊ ၃၂ ထပ်ကနေ ၃၃ ထပ်ထိ တဆင့် ရှိပါတယ်။ အခု ပြုတ်ကျတာက ၃၂ ထပ်ကနေ ၂၆ ထပ်ထိ ပြုတ်ကျတာလို့ ဆိုပါတယ်။ အရှင် ရဝေနွယ် (အင်းမ) က ညာဘက် ခြေသလုံး ကျိုးသွားသလို ကျန်သူအားလုံးလိုလို ခြေထောက်ပိုင်း အနည်းနဲ‹အများ ထိခိုက် ဒဏ်ရာရခဲ့ကြပြီး မန္တလေး ဆေးရုံကြီးမှာ ခွဲစိတ်ကုသခဲ့ကြတာပါ။ “သူတို့ အခြေအနေပိုပြီးကောင်းတဲ့အထိ ဆရာဝန်ကြီးတွေက အနီးကပ် ကုသပြီး သေချာ ကောင်းမွန်သွားမှ ဆင်းပေးမယ့် သဘောရှိပါတယ်” လို့ အဲဒီ ဒါယကာက ပြောပါတယ်။ -------------------------------------------------------------------
သံဃာတော်များအား ပြည်ပထွက်ခွင့်ပိတ် မင်းနိုင်သူ / ၁၂ ဇွန် ၂၀၀၉ ပြည်ပထွက်ခွာမည့် သံဃာတော်များအား သာသနာရေးဝန်ကြီးဌာနက ထောက်ခံချက်ထုတ်မပေး၍ သံဃာတော် များအနေဖြင့် ပြည်ပခရီးစဉ်များ ဖျက်သိမ်းနေကြရကြောင်း ရန်ကုန်သံဃာတော်တပါးက ခေတ်ပြိုင်သို့ မိန့်သည်။ “ဘယ်နေ့ကစပြီးတော့ ထောက်ခံချက် မပေးတာလဲဆိုတာ မပြောဘူး။ ဘာကြောင့်လလဲို့မေးတော့ အထက်အမိန့် အရပါလို့ပဲ ပြည်ပသာသနာရေး ဒု-ညွှန်မှူး ဦးအောင်သိန်းညွန့်က ပြောတယ်” ဟု သံဃာတော်က မိန့်ဆိုသည်။ သံဃာတော်များအနေဖြင့် နအဖစစ်အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ပသို့ စာသင်ထွက်ခွာသည်ဖြစ်စေ၊ သာသနာပြုခရီး ကြွရောက်သည်ဖြစ်စေ၊ ဆေးကုသခံယူရန် ကြွရောက်သည်ဖြစ်စေ ပြည်ပသာသနာရေးဦးစီးဌာန၏ ထောက်ခံချက် ရယူရသည်။ သွားရောက်မည့်နိုင်ငံ၏ သံရုံးများက ယင်းထောက်ခံချက်ပါမှသာ သံဃာတော်များအား ဗီဇာထုတ်ပေးလေ့ရှိရာ ယခုရက်ပိုင်းအတွင်း ထောက်ခံချက် ထုတ်မပေးတော့သဖြင့် သံဃာတော်များ သံရုံးတွင် ဗီဇာရယူနိုင်ခြင်း မရှိကြောင်း သိရသည်။ ထိုက့သဲို့ ထောက်ခံချက် ထုတ်မပေးရသည့်အကြောင်းကို ကမ္ဘာအေးရှိ ပြည်ပသာသနာရေးဌာနသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ “ဆရာဦးအောင်သိန်းညွန့် မရှိပါဘူး။ ထောက်ခံချက်ထုတ်မပေးတာ ဟုတ်ပါတယ်။ ဘယ်နေ့ အထိ ဆိုင်းငံ့ထားမယ်ဆိုတာ မသိပါဘူး။ ဘာ့ကြောင့်ဆိုတာလည်း မသိပါဘူး။ အထက်က ညွှန်ကြားချက်အရပါ” ဟု ၀န်ထမ်းတဦးက ဖြေသည်။ ပြည်ပသာသနာရေးဦးစီးဌာနမှ ထောက်ခံချက်ရရန် သံဃာတော်များအနေဖြင့် ကျပ်ငွေ (၅,၀၀၀) နှင့် ကျပ် (၁၀,၀၀၀) အထိ ပေးကမ်းနေကြရသည်ဟုလည်း အထက်ပါသံဃာတော်က မိန့ဆိုသည်။ ယခင်ရက်ပိုင်းများက ထောက်ခံချက်ရရှိထားကာ သံရုံးများမှ ဗီဇာကျထားပြီး ပြည်ပထွက်ခွာမည့် သံဃာတော် အချို့ ကိုလည်း ရန်ကုန်လေဆိပ်ရှိ သတင်းတပ်ဖွ့၊ဲ လ၀က၊ စရဖ စသည့် ပူးပေါင်းအဖွ့မျဲားက ထွက်ခွာခြင်းမပြုရန် တားမြစ် ခဲ့သဖြင့် ယမန်နေ့က သံဃာတော်အချို့ လေယာဉ်လက်မှတ်အဆုံးခံ၍ ပြန်ခ့ရဲ ကြောင်း စုံစမ်းသိရှိရသည်။ ------------------------------------------------------------------အင်းစိန်အထူးတရားရုံး တရားခွင် ရုံးချိန်းထပ်ပြောင်း မင်းနိုင်သူ / ၁၂ ဇွန် ၂၀၀၉ ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်တရားခွင်ကို ဇွန် (၂၆) ရက်သို့ ပြောင်းရွှေ့ချိန်းဆို လိုက်သည်။ “ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်ပါတယ်။ ရုံးထုတ်ပေမယ့် စစ်မေးမှုတွေမလုပ်ဘဲ ဇွန် (၂၆) ရက်နေ့ကိုပဲ ပြောင်းရွှေ့ချိန်းဆိုလိုက်ပါတယ်” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။ ယနေ့တရားခွင်တွင် ရုံးထုတ်ခ့သဲ ည့် မစ္စတာယက်တောကိုလည်း ဇွန် (၂၆) ရက်သို့ ပြောင်းရွှေ့ ရုံးချိန်း လိုက်သည်။ မစ္စတာယက်တောကို ဒေါ်အောင်ဆန်းစုကြည်တို့၏ ရုံးချိန်းများအတိုင်းသာ ဆင့်ခေါ်နေဦးမည်ဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
အင်းစိန် အထူးတရားရုံး တရားခွင်ရုံးချိန်းပြောင်းရွှေ့သွားသကဲ့သို့ ဗဟိုတရားရုံးချုပ်သို့ တင်ပြထားသည့် သက်သေ ခေါ်ဆိုခွင့် ပြင်ဆင်မှုရုံးချိန်းကိုလည်း ရက်အကန့်အသတ်မရှိ ပြောင်းရွှေ့ထားကြောင်း သိရသည်။ ဗဟိုတရားရုံးသို့ တင်ပြထားသော သက်သေခေါ်ဆိုခွင့်နှင့် ပတ်သက်၍ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “ကျနော်တို့ ရန်ကုန်တိုင်း တရားရုံးရဲ့ သက်သေပြင်ဆင်ခွင့် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိတ့အဲ တွက် မနေ့က ဗဟိုတရားရုံးချုပ်ကို ထပ် တင်ပါတယ်။ အဲဒီမှာ လျှောက်လဲချက်ပေးဖို့ ဇွန် (၁၇) ရက်ကို ရက်ချိန်းပေးပါတယ်။ ဒါပေမယ့် ညနေပိုင်း (၅) နာရီလောက်မှာ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ထပ်အကြောင်းကြားသွားပါတယ်” ဟု ပြောသည်။ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်အတွင်း ၀င်ရောက်ခ့မှဲုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုခ့သဲ ည်။ အစိုးရဘက်မှ တရားလိုပြသက်သေ (၁၄) ဦးထွက်ဆိုစေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့ရာ အင်းစိန်အထူးတရားရုံးက တဦးတည်းသောသက်သေ ရှေ့နေဦးကြည်ဝင်း (လပွတ္တာမြို့နယ်) ကိုသာ ထွက်ဆိုခွင့်ပြုခဲ့သည်။ ယင်းကဲ့သို့ သက်သေ (၁) ဦးသာ ထွက်ဆိုခွင့်ရခြင်းမှာ တရားမျှတမှုမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ က ရန်ကုန်တိုင်းတရားရုံးသို့ ထပ်မံတင်ပြရာ နောက်သက်သေအဖြစ် ရှေ့နေဒေါ်ခင်မိုးမိုးကို ရန်ကုန်တိုင်း တရားရုံးက ခွင့်ပြုပေးခဲ့ပြီး ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထပ်မံပယ်ချထားသည့်အတွက် ဗဟိုတရားရုံးသို့ အယူခံထားခြင်း ဖြစ်သည်။ အင်းစိန်ထောင်သို့ ပြောင်းရွှေ့တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်အား အာဏာပိုင်များက မေ (၂၆) ရက်၌ နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အင်းလျားလမ်းနေအိမ်ကို အာဏာပိုင်များက ထိန်းသိမ်းထားဆဲဖြစ်ရာ ယင်းကိစ္စအတွက် လိုအပ်သလိုဆောင်ရက်ွရန် ဒေါ်အောင်ဆန်းစုကြည့်က ရှေ့နေများကို ညွှန်ကြားထားသဖြင့် ထိုကိစ္စကိုလည်း ဖြေရှင်းရဦးမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ ------------------------------------------------------------------A(H1N1) တုပ်ကွေး ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာ NEJ / ၁၂ ဇွန် ၂၀၀၉ A( H1N1) တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုကေ် ကြာင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ခ်ျအို) က ကြေညာလိုက်သည်။ A(H1N1) တုပ်ကွေးဖြစ်ပွားမှု အခြေအနေကို ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ရောဂါ အဆင့်အမြင့်ဆုံးဖြစ်သည့် အဆင့် (၆) သို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယင်းသို့သတ်မှတ်ရခြင်းမှာ A(H1N1) ဗိုင်းရပ်သည် မြောက်အမေရိကတိုက်အတွင်း လူလူချင်းကူးစက်သည့်အဆင့် ဖြစ်ပွားခဲ့ရာမှ ယခုအခါ အခြားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့လာသောကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွ့ကဲ ထုတ်ပြန်သည်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာတွင် ကျင်းပသည့် အရေးပေါ်ကော်မတီအစည်းဝေးအပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ မာဂရက်ချမ်းက A(H1N1) တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဆင့်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။ ၎င်းက “၂၀၀၉ ခုနှစ် ကမ္ဘာ့ကပ်ရောဂါတုပ်ကွေး စတင်နေပါပြီ” ဟု ဂျနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး ယခုအချိန်သည် ကပ်ရောဂါဖြစ်ပွားမှု အစောပိုင်းအချိန်ဖြစ်ပြီး ယင်းရောဂါပိုးပျံ့နှံ့မှုကို တားဆီးမရသေးကြောင်း ပြောကြားခဲ့သည်။ လက်ရှိဖြစ်ပွားမှုများအရ ရောဂါကူးစက်ခံရသူအများစုသည် ပြင်းပြင်းထန်ထန် ခံစားရခြင်း မရှိသေးကြောင်း၊ ရောဂါအသည်းအသန်ဖြစ်ပွားသူ အရေအတွက် ရုတ်တရက်မြင့်တက်မှု မရှိနိုင်သေးကြောင်း ဒေါက်တာချမ်းက ပြောသည်။ A(H1N1) တုပ်ကွေးကို အသက် (၂၅) နှစ်အောက် လူငယ်များတွင် အဖြစ်များသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းသို့ A(H1N1) တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်သည့်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ကြိုတင်ပြင်ဆင်မှုများလုပထ်ားရန် ယမန်နေ့ နယူးယောက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတိပေးပြောကြားလိုက်သည်။ ယခုအခါ တုပ်ကွေးဗိုင်းရပ်ပိုးသစ်ပျံ့နှံ့မှုသည် အသေအပျောက်နှုန်းနည်းပြီး ဆိုးဝါးသည့်အခြေအနေသို့ မရောက်သေး သော်လည်း ရှေ့လာမည့်လများအတွင်း မည်သို့ဖြစ်လာမည်ကို မသိရှိသဖြင့် အလေးထား စောင့်ကြည့်ရန် လိုအပ်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောသည်။ ဖွံ့ဖြိုးသည့်နိုင်ငံများတွင်သာ ယခုတုပ်ကွေးရောဂါလက္ခဏာများ အဖြစ်များခဲ့သော်လည်း မကြာမီအတွင်း ပြောင်းလဲမှု ဖြစ်နိုင်ပြီး သက်ရောက်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဆင်းရဲသည့်နိုင်ငံများသည် ကျန်းမာရေးစနစ် ညံ့ဖျင်းသဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားကြရန်လိုအပ်ကြောင်း ၎င်းက သတိပေးပြောကြားသည်။ ယခုအခါ ကမ္ဘာတ၀န်း နိုင်ငံပေါင်း (၇၄) နိုင်ငံတွင် A(H1N1) တုပ်ကွေး ဖြစ်ပွားသူ (၃) သောင်းနီးပါးရှိနေပြီး သေဆုံးသူ (၁၄၄) ဦး ရှိသွားပြီဖြစ်ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။
-------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပန်းမှုတွင် ပြင်သစ်နှင့် ဂျာမဏီနိုင်ငံတို့ ပါဝင်လာ မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဇွန်လ 12 ချင်းမိုင်။
။ ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းနှင့် စပ်လျဉ်း၍ မြန်မာ စစ်အာဏာပိုင်များကို နောက်ထပ်
ဖိအားပေး နိုင်ရေး အတွက် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အကူအညီများကို ရယူသွားမည်ဟု ကြာသပတေးနေ့က ပဲရစ်မြို့တွင် ပူးတွဲ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဂျာမဏီနှင့် ပြင်သစ်နိုင်ငံ အကြီးအကဲများ ဖြစ်ကြသော အင်ဂျလာမာကဲလ် (Angela Merkel) နှင့် နစ်ကိုလတ်စ် ဆာကိုဇီ (Nicholas Sarkozy) တို့က ပြောကြားသွားပါသည်။ သူမ၏ နေအိမ်အကျယ်ချုပ် စည်းကမ်းများကို ဖောက်ဖျက်သည်ဟု ဆိုကာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ဖွယ်သည့် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော ဆင်းရဲဒုက္ခများအတွက် သူနှင့် ဂျာမဏီနိုင်ငံ အဓိပတိ မာကဲလ် တို့သည် ´အလွန်အမင်း စိုးရိမ် ပူပန်ကြကြောင်း´ ပြင်သစ် သမတကြီး ဆာကိုဇီ က ကြေငြာခဲ့ပါသည်။ ဒီမိုကရေစီ ခေါင်းဆောင်ကို ဖုံးဆက်ရန် သူကြိုးစားခဲ့သေးကြောင်း ဆာကိုဇီက ထုတ်ဖော် ပြောကြားခဲ့သည်၊ သို့သော်ဲ ည်ဟု ပြောပြီး မြန်မာစစ်အစိုးရ၏ သဘောထားမှာ ´အလွန်ထူးခြား´ သူ၏ မေတ္တာရပ်ခံချက်ကို စစ်အစိုးရက ငြင်းပယ်ခ့သ သည် ဟုလည်း သူက ပြောသည်။ ´ကျနော်တို့ရဲ့ အိန္ဒိယနဲ့ တရုတ် မိတ်ဆွေတွေဆီကလဲ အကူအညီ တောင်းသွားမှာပါ။ စိတ်မကောင်းစရာ ရှောင်လွှဲလို့ မရနိုင်တော့တဲ့ အပြစ်ပေးမှုများ မတိုင်မီ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်အတွက် ကျနော်တု့ရိ့ဲ စိုးရိမ် ပူပန်မှုတွေကို ထည့်သွင်း စဉ်းစားပေးဘို့ ခုလို အကူအညီ တောင်းသွားမှာ ဖြစ်ပါတယ်´ ဟု သမတကြီး ဆာကိုဇီက ပြောကြားသွားသည်။ လူ့အခွင့်အရေး ကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ဆံပုံ တိုးတက် ကောင်းမွန်လာရေး အတွက် ´ဒေသတွင်း မိမိတို့ လက်တွဲဖက်များ´၊ အထူးသဖြင့် တရုတ်နှင့် အိနိယ္ဒ တို့၏ အကူအညီ ရရှိရေး အတွက် ဖိတ်ခေါ် ကမ်းလှမ်းသွားမည်ဟု မာကဲလ်ကလည်း ပြောသည်။ လွန်ခ့ေဲ သာ ရက်သတ္တပတ်က ကျင်းပခဲ့သော ဥရောပ ရွေးကောက်ပွဲများအပြီး မတည်ငြိမ်ဆဲ ဥရောပနိုင်ငံခြားရေး ပေါ်လစီ အုတ်မြစ်ကို ခိုင်မာ တောင့်တင်းစေရန် ကြိုးပန်းသည့် အနေနှင့်၎င်း၊ ဤပြဿနာအပေါ် မိမိတို့၏ ညီညွတ်မှုကို အတည်ပြု၍ တသံတည်း ထွက်စေရန်အတွက်၎င်း၊ ပဲရစ်-ဘာလင် ဝင်ရိုးတန်း နှစ်နိုင်ငံ ခေါင်းဆောင်များက ဤသို့ ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။ သူမ၏ နေအိမ်ခြံဝင်းထဲသို့ လွန်ခ့ေဲ သာလက နိုင်ငံခြားသားတဦး ဝင်ရောက်လာသည်ကို လက်ခံခ့၍ဲ ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး တရားစွဲဆိုထားကတဲက ယခုအကြိမ်သည်ပ ထမဆုံးအကြိမ် ပြင်သစ် သမတကြီးက တရားဝင် သူမနှင့် စပ်လျဉ်း၍ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ရှိ အင်းစိန် အကျဉ်းထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီးနောက် ပြင်သစ်နိုင်ငံသည် ပြင်သစ် သမတကတော် ကာလာဘရူနီဆာကိုဇီ Carla Bruni Sarkozy မှတဆင့် သူမကို လွှတ်ပေးရေးအတွက် လူသိရှင်ကြား တောင်းဆိုခ့သဲ ည်။ အတိုက်အခံ ခေါင်းဆောင်၏ စိတ်မချရသော ကျန်းမာရေးကို ရည်ညွှန်းကာ သူမကို ထောင်ဒဏ် အပြစ်ပေးလျှင် ´အသက်အန္တရာယ် ခြိမ်းခြောက်ရာ ရောက်မည်´ ဟု သတိပေး ပြောကြားခဲ့သည်။ ------------------------------------------------------------------ရန်ကုန်တမြို့လုံး လျှပ်စစ်မီးလင်းရန် အလှမ်းဝေးဆဲ မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဇွန်လ 12 မြို့တော်ဟောင်း ရန်ကုန်တွင် လျှပ်စစ်မီး အချိန်ပြည့် ရရှိရမည့် ကာလသို့ ရောက်ရှိနေသော်လည်း နောက်လအထိ ရရှိဖွယ် မရှိသေးကြောင်း နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အရာထမ်းတဦး အပြောအရ သိရသည်။ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီး မောင်မောင်လတ်က ယခင်နှစ်များကကဲ့သို့ ရန်ကုန်တွင် ဇူလိုင်လအတွင်း ၂၄ နာရီပတ်လုံး လျှပ်စစ်မီး ပြန်ရမည်ဟု မကြာသေးခင်က သတင်းဂျာနယ်များကို ခေါ်ယူ ပြောဆို ခဲ့သော်လည်း အဆိုပါ ဝန်ကြီးဌာန အရာထမ်းက မဖြစ်နိုင်သေးကြောင်း ပြောဆိုခြင်း ဖြစ်သည်။ ပုံမှန် မိုးရွာသွန်းသော်လည်း ယခုနှစ်တွင် အပူချိန် လွန်စွာမြင့်မားခဲ့သဖြင့် ရေခမ်းခြောက်မှု များပြားသောကြောင့် ရေအား လျှပ်စစ် ထုတ်လုပ်သည့် နေရာများတွင် သတ်မှတ်ထားသည့် ရေပမာဏ ပြည့်မီရန် အချိန်ယူရဦးမည်ဟု သူက ဆိုသည်။ ရန်ကုန်တွင် နှစ်စဉ် ဇူလိုင်မှ နိုဝင်ဘာအထိ လျှပ်စစ်မီး ပုံမှန်ရလေ့ရှိပြီး နိုဝင်ဘာနောက်ပိုင်းမှ မတ်လအထိ ပွင့်လင်း ရာသီ၌ ရေအားလျှပ်စစ်ဌာနများသို့ ရေဝင်ရောက်မှု နည်းသွားခြင်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လွှတ်မှု ဖိအားများ ကျသွားခြင်း ကြောင့် ဓာတ်အားထုတ်လုပ်မှုပမာဏ လျော့သွားသဖြင့် မြို့နယ်အလိုက် အလှည့်ကျ ဖြန့်ဖြူးပေးနိုင်သည်။ သို့သော် ယခုအခါ မိုးရွာသွန်းမှု ရှိသော်လည်း အလှည့်ကျ ဖြန့်ဖြူးမပေးနိုင်သည့်အပြင် ယခင်ကထက်ပင် လျှပ်စစ်မီး ပြတ်တောက်မှု စံချိန်တင်ခ့သဲ ည်ဟု ဒေသခံများက ပြောသည်။ လတ်တလော လျှပ်စစ်မီးရရှိမှု အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက “ဒီနှစ် မီးပြတ်တာက တော်တော်ကို အခြေ အနေ ဆိုးပါတယ်။ မတ်၊ ဧပြီ လောက်ကဆိုရင် တရက်ကို တနာရီ၊ နှစ်နာရီလောက်ပဲ ရတယ်။ အခုလည်း အလှည့်ကျ ပေးတာတောင် အချိန်မှန်မှန် မရဘူး။ နေ့ဘက်လာရမယ့် အလှည့်ဆိုရင်တော့ မှန်တတ်တယ်။ ညဘက် လာရမယ့် အလှည့်ဆိုရင် ပြတ်တာများတယ်“ ဟု မဇ္ဈိမကို ပြောသည်။ ရန်ကုန် အပါအဝင် နိုင်ငံတဝှမ်းတွင် လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် သုံးစွဲသော်လည်း စစ်အစိုးရ အခြေစိုက်ရာ ကြပ်ပြေး အရပ်တွင်မူ တနှစ်ပတ်လုံး အချိန်ပြည့် ရရှိလေ့ရှိသည်။ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ တနိုင်ငံလုံး သုံးစွဲမှု ပမာဏ၏ ၆ဝ ရာခိုင်နှုန်းကျော် ရှိသည်။
Funny Virus အဖျက်စွမ်းအား အလွန်ကြီးမား အေးချမ်းမြေ့- ဧရာဝတီ လတ်တလော မြန်မာပြည်တွင် ပေါ်ပေါက်နေသည့် Funny Virus သည် ဝင်းဒိုး အစိတ်အပိုင်းများကို ဖျက်ဆီးနိုင်သည် အထိ အဖျက်စွမ်းအား အလွန်ကောင်းကြောင်း ကွန်ပျူတာ ပညာရှင်များက ပြောသည်။ ၎င်း Virus မှာ မေ လလယ်ခန့်က စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဇွန်လဆန်းတွင် မြန်မာပြည်တွင်း၌ အလွန် ခေတ်စားနေပြီဖြစ်ကြောင်း ကြားသိရသည်။ Funny Virus ဝင်ထားသည့် ကွန်ပျူတာကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ၎င်းကွန်ပျူတာ၏ ဝင်းဒိုး အစိတ်အပိုင်း များ ပျက်စီးသွားမည်ဖြစ်ကြောင်း ရန်ကုန် ICT Park တွင်အလုပ်လုပ်သည့် ကွန်ပျူတာ ပညာရှင်တဦးက ဆိုသည်။ ၎င်း Virus သည် အီးမေးလ်မှ တဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီး အီးမေးလ်ဖွင့်သည့်အချိန်တွင် ထိုစက်၏ hard drive အတွင်း၌ ရှိနေမည်ဖြစ်သည်။ ကွန်ပျူတာကို ဖွင့်လိုက်လျှင် ဖိုင်တခုပေါ်လာမည်ဖြစ်ပြီး ၎င်းဖိုင်ကိုဖွင့်လိုက်ပါက ဖန်သားပြင်ပေါ်၌ သနပ်ခါး လိမ်းထားသည့် “ဥမ္မာစိုး” အမည်ရှိ မြန်မာဆန်ဆန် မိန်းကလေး တယောက်ပုံ ပေါ်လာ၍ သူ့အသက်ကို မေးထားကြောင်း၊ ဖြေလိုက်သည် နှင့် တပြိုင်နက် စက်ပိတ်သွားကြောင်း ၎င်းက ရှင်းပြသည်။ “Win32.Autorun.fzk ဆိုပြီးနာမည်ပေးထားတယ်။ မဖြေလည်းမရဘူး ဖွင့်မိတာနဲ့သွားပြီ။ အများဆုံးထိတာ အင်တာနက် ကဖေးတွေပ”ဲ ဟု ၎င်းက ဆက်ပြောသည်။ ဆက်လက်၍ သူက မြန်မာပညာရှင်များနှင့် ရုရှားပညာရှင်များ ပူးပေါင်း ဖန်တီးသည့် Virus ဖြစ်နိုင်သည်ဟု ဆိုသည်။ “kaspersky လို့ခေါ်တဲ့ Virus သတ်တ့ေဲ ဆာ့ဖ်ဝဲ တခုတည်းနဲ့ သတ်လို့ရတယ်။ အဲဒီဆော့ဖ်ဝဲက ရုရှားက ထုတ်တာ၊ လိုင်စင်နဲ့ အမှန်အကန် ဝယ်ပြီးသတ်ရတာ။ ကြည့်ရတာ သူတို့ဘာသာသူတို့ ဖန်တီးတဲ့ Virus မို့လို့ သူတို့ ထုတ်ထားတဲ့ ဆော့ဖ်ဝဲနဲ့ ပြန်သတ်နိုင်တာ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင်က ပြောသည်။ အင်တာနက်ဆိုင်များတွင် လာရောက်သုံးစွဲသူများသည် ကိုယ်ပိုင်ခရီးဆောင်ကွန်ပျူတာများကို ယူဆောင်လာ ကာ အသုံး ပြုတတ်သောကြောင့် ၎င်း ပြင်ပ ကွန်ပျူတာများမှတဆင့် ဆိုငမ်ျားသို့ Funny Virus ဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ကဖေးဆိုင် တဆိုင်မှသိရသည်။ ထို့ပြင် KMD ကွန်ပျူတာ စင်တာမှ IT ပညာရှင်တဦးကလည်း “Funny Virus ကို သတ်လို့ရပေမယ့် သူက စက်ထဲမှာ ကျန်နေတုန်းပဲ။ အဲဒီ Virus ကိုသတ်ပြီးရင် ဝင်းဒိုးကို ပြန်တင်ရတယ်” ဟုပြောသည်။
ဖေဖော်ဝါရီလ အတွင်းကလည်း မြန်မာနိုင်ငံရှိ ကွန်ပျူတာအသုံးပြုသူများကြားတွင် Happy Birthday ဆိုသည့် Virus တမျိုး ပေါ်ပေါက်ခ့ဖဲူးသည်။ ၎င်း Virus ကြောင့် အင်တာနက် ကဖေးများစွာနှင့် အစိုးရရုံးများရှိ ကွန်ပျူတာ များ ပြဿနာတက်ခ့ရဲ သည်။ ------------------------------------------------------------------“တရားဥပဒေ စိုးမိုးရေးရှိရဲ့လား”ဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ် Friday, 12 June 2009 14:41 ကိုစိုး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု ရှိ မရှိ ဆိုသည်ကို မေးခွန်းထုတ်လိုက်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။ ဇွန်လ ၉ ရက်နေ့က ၎င်း၏ အမှုလိုက်ရှေ့နေ ဦးလှမျိုးမြင့် ၏ ဇနီးကို သက်ဆိုင်ရာ အာဏာပိုင်များက အကြောင်း ပြချက်မရှိဘဲ အလုပ်မှထုတ်ပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဤကဲ့သို့ မေးခွန်း ထုတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ “ဦးလှမျိုးမြင့်ပဲဖြစ်ဖြစ် လူပုဂ္ဂိုလ် က အရေးမကြီးဘူး၊ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ရှိရဲ့လား ဆိုတာ ဒီပြဿနာက မီးမောင်းထိုးပြနေတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း ဦးဉာဏ်ဝင်း က ပြောသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စစ်အစိုးရစွဲဆိုထားသည့် အမှုနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ရန် အင်းစိန်အကျဉ်း ထောင် အတွင်းရှိ ဧည့်ဂေဟာတခု၌ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည် ဟုလည်း ၎င်း က ဆိုသည်။ “ဦးလှမျိုးမြင့်ရဲ့ ဇနီး ဒေါ်ခင်ခင်အေးကို အလုပ်ကအထုတ်ခလိုံက်ရပါတယ်၊ သူက ဗဟို သမဝါယမ အသင်း ၊ အစိုးရဌာန မဟုတ်ဘူး၊ အစိုးရ လက်အောက်ခံ အဖွဲ့အစည်း၊ အဲဒီမှာ အကြီးတန်း မန်နေဂျာ၊ အဲဒီမှာ သူ့ကို ဦးလှမျိုးမြင့်က ဒေါ်အောင်ဆန်း စုကြည်အမှုလိုက်တာနဲ့ ပတ်သက်ပြီးတော့ ဟို လွန်ခ့တဲ့ဲ အပတ်တွေက မေးမြန်း ခံရတယ်၊ နောက် ဇွန်လ ၉ ရက်နေ့ ညနေကျတော့ အကြောင်းပြချက်မပေးဘူး၊ သူလဲ ဘာအပြစ်မှ မကျူးလွန် ဘဲနဲ့ အလုပ်ထုတ်ခံရတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက် ရှေ့နေတဦးလည်းဖြစ်သည့် ဦးဉာဏ်ဝင်း က ပြောပြသည်။ ဒေါ်ခင်ခင်အေးသည် ယခင်က သမဝါယမဌာန ၏ ဝန်ထမ်း တဦးဖြစ်ပြီး ထိုဌာနမှ အငြိမ်းစားယူပြီးနောက် ဗဟို သမဝါယမဲို့ အကြောင်းမဲ့ အလုပ်မှ ထုတ်ပယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ အသင်းတွင် ဆက်လက်၍ လုပ်ကိုင်နေစဉ် ယခုက့သ ဦးဉာဏ်ဝင်းက ဆက်လက်ပြီး“တနည်းအားဖြင့် ဒီလိုဆောင်ရွက်တာဟာ ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်နေတဲ့ လူတွေကို ဖိအားပေးတဲ့ သဘောဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။
လွန်ခ့ေဲ သာ မေလ ၁၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏အမှုလိုက် ရှေ့နေတဦး ဖြစ်သူ ဦးအောင်သိန်း ကို အာဏာပိုင်များက ရှေ့နေ လိုက်ခွင့် လိုင်စင်ရုပ်သိမ်းခဲ့သည်။ ထို့နောက် စစ်အစိုးရက တရားစွဲဆိုသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ချေပရန် ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း ၊ ဦးလှမျိုးမြင့် နှင့် ဒေါ်ခင်ဌေးကြွယ်တို့က ဆက်လက်၍ လိုက်ပါ ဆောင်ရွက်ခြဲ့ ကခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခ့ေဲ သာ ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ် ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။ အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခြဲ့ ပီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုက့သဲို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။ ------------------------------------------------------------------သီရိလင်္ကာနိုင်ငံကို စစ်အစိုးရက ဒေါ်လာ ၅၀၀၀၀ လှူ Friday, 12 June 2009 18:35 ကိုထွေး လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင် ကြသူများအတွက် မြန်မာအစိုးရက သီရိလင်္ကာနိုင်ငံကို ဒေါ်လာ ၅၀၀၀၀ ပေးအပ် လှူဒါန်းခဲ့ကြောင်း အစိုးရပိုင် သတင်းစာ များတွင် ယနေ့ရေးသားထားသည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ်ယင်းအလှူငွေကို ပေးအပ်ခ့ေဲ ကြာင်း သတင်းစာတွင် ဖော်ပြ ပါရှိသည်။ျ မြန်မာနိုင်ငံတွင်လည်း သီရိလင်္ကာကဲ့သို့ပင် လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးနေရသူများ ရှိရာ စစ်အစိုး ရက သီရိလင်္ကာသို့ ထောက်ပံ့ လှူဒါန်းခြင်းသည် နိုင်ငံတကာအား လှည့်စားမှု တခုသာ ဖြစ်သည်ဟု စာနယ်ဇင်း သမားတဦးက သုံးသပ်လိုက်သည်။
“ကိုယ့်ဆီမှာလည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးရ တိမ်းရှောင်နေရတဲ့သူတွေ သိန်းနဲ့ချီရှိတယ် ဒီလူတွေကို တော့ စစ်အစိုးရက လျစ်လျူရှု ထားတယ်၊ နေရပ်ရင်း ပြန်ဖို့အတွက်လည်း တာဝန်မယူဘူး” ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် KIC သတင်းဌာန၏ အယ်ဒီတာ နန်းဖောဂေက ထောက်ပြသည်။ စစ်အစိုးရ၏ ဖိနှိပ်မမျှုားကြောင့် မြန်မာနိုင်ငံအတွင်းမှ သိန်းချီသော ဒုက္ခသည်များသည် ထိုင်း မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရပြီး လွှဲမှားသောစီမံခန့်ခွဲမှုနှင့် စီးပွားရေးချွတ်ခြုံကျမှုကြောင့် သန်းနှင့်ချီသော မြန်မာလူမျိုျးများသည် ပြည်ပနိုင်ငံများသို့် သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာရင်းတွင် ပါဝင်သည့် နိုင်ငံတနိုင်ငံဖြစ်သည်။ သီရိလင်္ကာအစိုးရသည် နိုင်ငံမြောက်ပိုင်းနှင့်အရှေ့ပိုင်းရှိ တမီးလ်ကျား ခွဲထွက်ရေး သူပုန်များနှင့် ၁၉၈၃မှစတင် ကာ ပြည်တွင်း စစ်ဆင်နွှဲနေသည်မှာ ၂၆နှစ်ကြာခဲ့ပြီ ဖြစ်ပြီး ယခင်လက ပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်ပြီ ဖြစ် ကြောင်း သမ္မတက ကြေညာနိုင်ခ့သဲ ည်။ သိရိလင်္ကာအစိုးရနှင့် ယင်းခွဲထွက်ရေးသူပုန်များကို လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြောင်း စွပ်စွဲ ပြောဆိုမှုများ ရှိသည်။ ယင်းစစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်အရေအတွက်မှာ ၂၂၀ ၀၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ လူသားခြင်း စာနာမှုရေးရာ ညှိနှိုင်းမှုရုံးနှင့် ချိတ်ဆက်လုပ်ကိုင်နေသော (Integrated Regional Information Network-IRIN)၏ ထုတ်ပြန်ချက် အရသိရသည်။ သီရိလင်္ကာသမ္မတက မကြာမီအချိန်တွင် မြန်မာပြည်သို့ သွားရောက်မည်ဖြစ်ကြောင်း The Hindu သတင်း ဌာနက ယမန်နေ့တွင် ဖော်ပြထားသည်။ ၁၉၈၈ ခုနှစ်က သီရိလင်္ကာသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁သန်း ရင်းနှီးမြှပ်နှံခ့သဲ ည်။ ၂၀၀၆ နိုဝင်ဘာက သီရိလင်္ကာက လေကြောင်း၊ ရေကြောင်း တိုက်ရိုက် ဆက်သွယ်၍ နှစ်နုငိငံ ကုန်သွယ်ရေးကို ပိုမို တိုးမြှင့်ရန် ကမ်းလှမ်းချက်ကို မြန်မာဘက်က သဘောတူညီခ့သဲ ည်။ ၂၀၀၉ခုနှစ် ဇွန် ၇ ရက်နေ့သည် မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက်ပြီ ဖြစ်သည်။ မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် Bay of Bengal Initiative for Multi-Sector Technical and Cooperation (BIMSTEC) အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။
BIMSTEC အဖွဲ့ကို ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့က ၁၉၉၇ခုနှစ်၌် စတင်ထူထောင်ခြဲ့ ပီး သြဂုတ်လတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်တနိုင်ငံဖြစ်လာသည်။ ------------------------------------------------------------------ကရင်ဒေသ ထိုးစစ် ရပ်ရန် ဥရောပ သမဂ္ဂ တောင်းဆို Friday, 12 June 2009 17:42 ဇာနည်ဝင်း ကရင် တိုင်းရင်းသား အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရ သဖြင့် ကရင်ပြည်နယ် အတွင်းရှိ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် ဥရောပ သမဂ္ဂ ဥက္ကဋ္ဌက ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။ အရပ်သားများကို နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေ၊ လူ့အခွင့်အရေး ဥပဒေ တို့နှင့် အညီ အကာအကွယ် ပေးရန်လည်း တိုက်တွန်းထားသည်။ ယခု လဆန်းပိုင်းမှ စတင်ပြီး မြန်မာ့ တပ်မတော်က ကရင် အမျိုးသား အစည်း အရုံး (KNU) ၏ တပ်စခန်းများကို အကြီးအကျယ် ထိုးစစ် ဆင်နေခြင်းကြောင့် ထောင်ပေါင်း များစွာသော ဒေသခံများ အိုးအိမ်စွန့် ထွက်ပြေးနေရသည်။ “ယေဘုယျအားဖြင့် အာဏာပိုင်တို့သည် တိုင်းရင်းသား လူနည်းစုများ အရေးကို စစ်ရေးအရ ဖြေရှင်းမှု မပြုသင့်ပါ၊ ထိုသို့ ဖြေရှင်းပါက မတည်ငြိမ်မှုများ ပေါ်ပေါက်ပြီး၊ ရေရှည်တွင် သွေးကွဲမှု၊ မုန်းတီးမှုများသာ ဖြစ်ပေါ်စေနိုင်သည်” ဟု ချက်သမ္မတနိုင်ငံ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။ ချက်သမ္မတနိုင်ငံသည် ဥရောပ သမဂ္ဂ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူထားသည့် နိုင်ငံ ဖြစ်သည်။ ကရင်ပြည်နယ် ထိုးစစ်များ ရပ်စဲရန် တောင်းဆိုသည့် ကြေညာချက်ကို အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပ သမဂ္ဂ ကိုယ်စား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ယခုလအတွင်း ပြုလုပ်သော ထိုးစစ်များကြောင့် ထွက်ပြေးရသူ အရပ်သားများအတွက် လွန်စွာ စိုးရိမ်မိကြောင်း၊ ထိုင်းနိုင်ငံတွင် ဒုက္ခသည် အများအပြား ရှိနေပြီး ဖြစ်ကြောင်း၊ ထပ်မံ ရောက်ရှိလာသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံက လက်ခံပြီး အကာအကွယ် ပေးထားခြင်းကိုလည်း အသိအမှတ် ပြုပါကြောင်း ကြေညာချက်က ဆိုသည်။ ထို့အပြင် စစ်ပြေး ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာ နေရပ်သို့ ပြန်နိုင်ရေး၊ သက်ဆိုင်သူများ အားလုံး ပါဝင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို စတင်နိုင်ရေးတို့ကို ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။ ဥရောပ သမဂ္ဂ၏ ကြေညာချက်ကို KNU က ကြိုဆိုလိုက်သည်။
“ကျနော်တို့က အပြည့်အဝ ထောက်ခံပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အဲဒီလို စစ်အစိုးရကို ပြတ်ပြတ် သားသား ရှုတ်ချတာ မရှိဘူး” ဟု KNU ဒုတိယ ဥက္ကဌ ဒေးဗစ် သာကပေါက ပြောသည်။ ဥရောပ သမဂ္ဂက ထိုသို့ တိုက်တွန်းသော်လည်း ထိုးစစ်ဆင်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း ဒေးဗစ် သာကပေါက ပြောသည်။ ထိုးစစ် ရပ်ရေးကို မြန်မာ အာဏာပိုင်တို့က သဘောတူမည် မဟုတ်ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် KIC သတင်းဌာန၏ အယ်ဒီတာ နန်းဖောဂေက သုံးသပ်လိုက်သည်။ “အပြောင်းအလဲ ရှိလာမယ် ဆိုရင်တော့ ကောင်းတာပေါ့။ တိုက်ပွဲတွေကြောင့် အဓိကအားဖြင့် ဒုက္ခ ရောက်နေရတာက ဒေသခံ ပြည်သူတွေပဲလေ။ တိုက်ပွဲတွေ ရပ်သွားရင်တော့ ဒေသခံတွေ နေရပ်ရင်း ပြန်ဖို့ အခြေအနေ တစုံတရာ လမ်းပွင့်သွားတာပေါ့” ဟု နန်းဖောဂေက ပြောသည်။ ------------------------------------------------------------------နိုင်ငံရေးသမား ၅ ဦး စစ်ခွေးတိုက် အပို့ခံရ Friday, 12 June 2009 19:12 ဧရာဝတီ အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၅ ဦးသည် “စစ်ခွေးတိုက်” ဟု ခေါ်သည့် အလုံပိတ် တိုက်ခန်းများ အတွင်းတွင် တလကြာ ပိတ်လှောင် ခံထားရပြီး မိသားစုနှင့်လည်း အဆက် အသွယ် မရရှိကြကြောင်း အကျဉ်းသားများအရေး ဆောင်ရွက်နေသည့် အဖွဲ့တခုက ယနေ့ ပြောကြားလိုက်သည်။ “အာဏာပိုင်တို့က မည်သည့် အတွက်ကြောင့် ထိုသို့ တိုက်ပိတ် အပြစ်ပေးခြင်း ဖြစ်ကြောင်းကို မသိရှိရပါ” ဟု ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)၏ ယနေ့ ထုတ်ပြန်လိုက်သည့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပိတ်ခံရသူများမှာ သံဃာတပါးဖြစ်သည့် ဦးစန္တိမာ၊ အမျိုးသား ဒီမိုကရေစီ အဖဲ့ချွုပ်မှ ဦးစောနိုင်းနိုင်း၊ ဦးစိုးဟန်၊ ဦးအောင်နိုင်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ လွင်ကိုလတ် တို့ ဖြစ်သည်ဟု ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ် ဦးစောနိုင်းနိုင်း သည် သွေးတိုးရောဂါ၊ ရှေ့နေ ဦးစိုးဟန်သည် မျက်စိဝေဒနာ ခံစား နေကြရသဖြင့် ဆေးဝါး ကုသမှု လိုအပ်နေသည်ဟု AAPP၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့ နှစ်ဦးသည် ၂၀၀၀ ပြည့်နှစ်က ဒေါ်အောင်ဆန်းစုကြည် နှင့် ခေါင်းဆောင်များ လွတ်မြောက်ရေးအတွက် ကြေညာချက် တစောင် ရေးသား ထုတ်ဝေမှုဖြင့် ထောင်ဒဏ် ၂၁ နှစ်စီ ကျခံနေရသူများ ဖြစ်သည်။ မိသားစုများက ၎င်းတို့ထံသို့ လိုအပ်သည့် ဆေးဝါးများ ဆက်သွယ်ပေးပို့ခွင့် ပိတ်ပင်ခံထားရသဖြင့် ၎င်းတို့၏ ကျန်းမာရေး အတွက် အလွန် စိုးရိမ်ရသည်ဟု AAPP၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပြစ်ဒဏ် ကျနေတယ် ဆိုတဲ့အတွက် ဆေးဝါးကုသမှု ရမှာမဟုတ်ဘူး၊ မိသားစုနဲ့ တွေ့ခွင့် ရမှာ မဟုတ်ဘူး၊ ပြစ်ဒဏ်က တလ ကျော်သွားပြီ၊ ဆေးဝါး ပေးခွင့် မရတဲ့အတွက် မိသားစုကလည်း စိုးရိမ်နေတယ်” ဟု AAPP အသင်း၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးကို သွားရောက် စစ်ဆေးလေ့ ရှိသည့် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီကိုလည်း အာဏာပိုင်တို့က ၂၀၀၅ ခုနှစ်မှ စတင်ပြီး အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပိတ်ထားခဲ့သည်။ ------------------------------------------------------------------ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအတွက် မဲဆွယ်ခွင့်ပေးသင့်သည်ဟု ဂိုဂျုတ်တောင်ပြော Friday, 12 June 2009 13:27 အေးချမ်းမြေ့ မြန်မာစစ်အစိုးရ အနေနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် ခွင့်ပြုသင့်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုဂျုတ်တောင်က ယမန်နေ့က ပြောကြားလိုက်သည်။ “သူ (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်က မဲဆွယ်စည်းရုံးလို့မရဘူးဆိုရင် တခြား ဘယ်ပါတီပဲ နိုင်သွားနိုင်သွား အဓိက အတိုက်အခံပါတီက မဲမဆွယ်ခ့ရဲ လို့ ဒီရွေးကောက်ပွဲ တရားမဝင်ဘူး ဆိုတာမျိုး အငြင်းပွား စရာ ဖြစ်လာနိုင်တယ်” ဟု မစ္စတာ ဂိုဂျုတ်တောင်က Channel News Asia အင်တာနက် စာမျက်နှာတွင် ပြောကြားသွားသည်။ ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုရှိရန်လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီကိုလည်း ပါဝင်ခွင့် ပြုသင့်သည်ဟု မစ္စတာဂိုဂျုတ်တောင်က ဇွန်လ ၉ ရက်နေ့တွင် နေပြည်တော်၌ ပြောကြားခဲ့ ပြီးသည့်နောက် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ကရင်ချောင်းဆေးရုံဖွင့်ပွဲသို့ အသွား ယခုက့သဲို့ ထပ်ပြော လိုက်ခြင်းဖြစ်သည်။ NLD ပြန်ကြားရေးဌာနမှ ဦးဟံသာမြင့်ကမူ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုဂျုတ်တောင်အနေနှင့် မြန်မာနိုင်ငံ အရေး အတွက် ဝင်ရောက်ပြောဆိုခြင်းကို ကြိုဆိုသော်လည်း ၂၁၁၀ ရွေးကောက်ပွဲအပေါ် NLD ၏ သဘောထားမှာမူ ယခင်က ကြေညာချက် ထုတ်ပြန်ထားသည့်အတိုင်း ပြောင်းလဲရန် မရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။ “စင်ကာပူ ဝန်ကြီးချုပ် ပြောကြားချက်တွေက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အထောက်အကူ အများကြီးပြုနိုင်ပါတယ်။ သူ့ကို လေးလည်း လေးစားပါတယ်။ ဒါပေမယ့် ကျနော်တို့ NLD အနေနဲ့ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကို ပြောင်းဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု သူက ဆိုသည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ပေးရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့် ခွင့်ပြုရန် စသည့်အချက်များကို စစ်အစိုးရက လိုက်လျော မှသာ NLD အနေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရန် စဉ်းစားမည်ဟူ၍ ဧပြီလ ကတည်းက ကြေညာချက် ထုတ်ပြန် ခဲ့သည်။
“ကျနော်တို့ တောင်းဆိုထားတာတွေ လိုက်လျောမှ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားပါမယ်” ဟု ဦးဟံသာမြင့်က ပြောကြားသည်။ မစ္စတာ ဂိုဂျုတ်တောင်သည် ယမန်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးမြို့မှ ပြန်ရောက်လာခဲ့ပြီး ရွှေတိဂုံ စေတီတော်ကို သွားရောက် ဖူးမြော်ခ့ကဲာ တွံတေးမြို့နယ် ကရင်ချောင်းတိုက်နယ်ဆေးရုံဖွင့်ပွဲသို့ တက်ရောက်ခ့ေဲ ကြာင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ စင်ကာပူဝန်ကြီးချုပ်ဟောင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အမှုဆင်တရားစွဲဆိုထားသည့် ကာလအတွင်း မြန်မာနိုင်ငံသို့ ၄ ရက် ခရီးစဉ် သွားရောက်ခ့ရဲာ ယမန်နေ့က ခရီးစဉ်ပြီးဆုံး၍ စင်ကာပူသို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။ ၎င်းက ဒေါ်အောင်ဆန်းစုကြည်၏ အမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သော်လည်း နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို လျစ်လျူမရှုသင့်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်ခေါင်းဆောင်များကို ဇွန်လ ၉ ရက်နေ့က နေပြည်တော်၌ ပြောကြားခဲ့သည်။ ------------------------------------------------------------------အိမ်ကိုဆူးစို့ … ခလေးကို လက်တို့ … ခွေးကို အို့ လာခဲ့ကြပါဗျို့ ဆောင်းပါး နှင်းပန်းအိမ်
သောကြာနေ့၊ ဇွန်လ 12
ကျမတို့ မြန်မာနိုင်ငံက ရသစုံတယ်။ အလင်္ကာစုံတယ်။ ဒါ့အပြင် နွေ၊ မိုး၊ ဆောင်း စုံပြီး လွမ်းစရာပေါတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကျမတို့ မြန်မာပြည်တွင်းမှာ ဆယ့်နှစ်လရာသီပျော် ပွဲတော်တွေအပြင် ရှင်ပြုအလှူကလည်း ဗုဒ္ဓဘာသာဝင်တွေ အတွက် အထင်ကရ ရှိလှတဲ့ ယဉ်ကျေးမှုတခုပါ။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ထုံးစံနဲ့ နီးနီးကပ်ကပ် ကြီးပြင်းနေထိုင်ကြရတဲ့အခါမှာ သိပ်ပြီး မလေးနက်ကြပေမယ့် သူများ တိုင်းပြည်ရောက်သွားရင် သိပ်ကို တန်ဖိုးထားတတ်သွားပါတယ်။ ကိုယ်ချစ်တဲ့ အမိနိုင်ငံ၊ ကိုယ့်ဇာတိမြေရဲ့ မြေကြီးကို နင်းရတာက ပိုပြီး ခိုင်မာမြဲမြံသလို ကိုယ့်ဇာတိမြေရဲ့ လေကပဲ ပိုပြီး သန့်ရှင်းသလို ထင်တတ်ကြတာ မဆန်းပါဘူး။ ကျမ ဘဝမှာ ငြိမ်သက်ခြင်း မရှိ။ အသစ်သစ်တွေ ပြောင်းလဲရင်ဆိုင်လို့ မပြီးနိုင်။ အသစ်သစ်သော ဝန်းကျင်ထဲက သိစရာ အသိတွေ၊ တက်စရာ အသိတွေရဖို့ စိတ်အားထက်သန်ရတာကိုလည်း ကျမ မငြင်းနိုင်ပါဘူး။ ကျမတို့နေတဲ့ ဒုက္ခသည် စခန်းလေးက တောင်တွေဝိုင်းရံပြီး သစ်ပင်တောတောင်တွေနဲ့ စိမ်းမြသန့်ရှင်းပြီး အေးချမ်းတဲ့ နေရာလေးပါ။ အေးချမ်းတဲ့ တောရိပ်တောင်ရိပ်မှာနေပြီး ရှေ့ခရီးအနာဂတ်အတွက် တွေးတောပူလောင်နေရတဲ့
ဒုက္ခသည်တွေပါ။ လူမျိုးပေါင်းစုံ ကိုးကွယ်မှုအစုံရှိတဲ့ စခန်းလေးထဲမှာ ကိုယ့်ဘာသာအလိုက် ကိုးကွယ်မှုတွေ ရှိကြပါတယ်။ အဲဒီဘာသာတရားတွေက ဒုက္ခသည် ကျမတို့အတွက် ခွန်အားဖြစ်ရပါတယ်။ ဒုက္ခသည်တွေထဲမှာ အရင်ရောက်နှင့်သူတွေ တတိယနိုင်ငံထွက်ခါနီးဆို နှုတ်ဆက်ပွဲလုပ်၊ ကိုယ် နှစ်ချီနေခဲ့တဲ့ တောတောင်တွေကို နောက်ခံထား ဓာတ်ပုံရိုက်၊ သွားမယ့်နေ့ မနက်ဆို စခန်းထဲ ကျန်ခ့ရဲ မယ့် သူတွေက ခင်ရာမင်ရာ “ဘယ်သူရေ ဘယ်ဝါရေ” နဲ့ လူစုံအောင် လိုက်ပို့ကြပါတယ်။ ကားပြာကြီးပေါ် မတက်မချင်း ဓာတ်ပုံ ရိုက်လို့မဆုံး၊ အလွမ်းသယ်လို့ မဆုံးပါဘူး။ ကရင့်လူမျိုး အဖိုးအဖွား အရွယ်တွေက သံယောဇဉ်ကြီးတဲ့အရွယ်မို့ သူ့လူမျိုး၊ သူ့ ဆွေမျိုးများနဲ့ နောင်ပြန်ဆုံဖို့ မလွယ်ဘူးဆိုတဲ့ စိတ်နဲ့ မျက်ရည်မဆယ်နိုင်အောင် ဖြစ်ကြပါတယ်။ သူတို့ကို မြင်ရင် ကျမတို့ပါ မျက်ရည်စို့ရပါတယ်။ တတိယနိုင်ငံသွားမယ့် ဒုက္ခသည်တင်ဆောင်ရာ ကားပြာကြီးက မဲဆောက်အထိ မောင်းပို့ပေးရပါတယ်။ ဒီကားပြာကြီးက ကွင်းထဲကနေ မောင်းထွက်သွားရင် တောင်ပေါ်လမ်းကို ပတ်ပြီး တက်ရတာမို့ လိုက်ပို့တ့သဲူရော၊ ကားပေါ်ပါသွားသူပါ မြင်ကွင်းထဲက ပျောက်တ့အဲ ထိ လက်ပြနှုတ်ဆက်ကြပါတယ်။ တယောက် တနေရာနဲ့ နောင် လူချင်းဆုံကြဖို့ ဘယ်လွယ်တော့မလဲ။ ဒုက္ခဆင်းရဲကို အတူခံစားရသူများမို့ သွေးသားအရင်းအချာလို ချစ်ခင်ကြရ သူများပါ။ တတိယနိုင်ငံကို ထွက်ခွာဖို့ ရက်ပိုင်းသာ လိုတော့တဲ့ မိသားစုနဲ့ တတိယနိုင်ငံထွက်ဖို့ စောင့်နေရတဲ့ မိသားစု နှစ်ဦးရဲ့ ရှင်ပြု အလှူပွဲကို ကျမ မြင်ရတော့ ရှင်ပြုပွဲကို ဒုကသ္ခ ည်အဖြစ် ဘယ်လိုများ နွှဲမလဲလို့ စောင့်ကြည့်ရပါတယ်။ ဒုက္ခသည်စခန်းလေးထဲမှာ လုပ်တဲ့ ရှင်ပြုအလှူဆိုပေမယ့် သိုက်သိုက်ဝန်းဝန်းနဲ့ ကိုယ့်ရိုးရာဓလေ့အတိုင်း ကျင်းပ နိုင်ခ့ပဲါတယ်။ ရှင်လောင်းမှာ လှည့်မယ်ဆိုတော့ ကျမမှာ အံ့သြဝမ်းသာသွားရတယ်။ ဒုက္ခသည် စခန်းထဲက အပျို အအိုတွေကို ဘယ်သူ အလှဆုံးလဲဆိုတာ ရွေးမရနိုင်တော့ပါဘူး။ ကန်တော့ပွဲရွက်၊ ပရိတ်အိုးရွက်၊ ခေါင်းအုံးပိုက်၊ သင်ဖြူးရွက်၊ သင်္ကန်းမောင်းထောင်ချိုင့်ပိုက်၊ ပရိက္ခရာ လွယ်၊ ရွှေကလပ်ကိုင်၊ ငွေကလပ်ကိုင်ပြီး စခန်းတခုလုံး ရှင်လောင်းလှည့်ကြတယ်။ မောင်ရင်လောင်း၊ ပဉ္ဖင်းလောင်းတွေက မြင်း မရှိတော့ ဒီအတိုင်း ခြေကျင်လျှောက်ရပါတယ်။ သူတို့ကို ထီးမိုးပေးတဲ့သူတွေက စီးကရက် တဖွာဖွာသောက်၊ မိုးအုံ့ မျက်မှန် တပ်ပြီး ရှိုးလုပ်ကြတာပေါ့။ နို့ဖိုး ဖိုးချစ်လို့ ကျမတို့ ခေါ်တဲ့ တပ်ကြပ်ကြီး ကိုချစ်ဖေက ဒိုးပတ်ဝိုင်းနဲ့အပြိုင် ကနိုင်တဲ့ သူပါ။ အသံအောင်လှတဲ့ နို့ဖိုးကိုသိန်းဇော်က “မေမေ သင်္ကန်းပိုက်လို့ ရယ်၊ ဖေဖေ သပိတ်လွယ်” ဆိုတဲ့ သီချင်းကိုလည်း လည်ပင်းကြောကြီးတွေ ထောင်ထပြီး စခန်းတခုလုံး ကြားအောင် ဆိုပါတော့တယ်။ အိုးစည် ဒိုးပတ်ဝိုင်းကလည်း မကြားရတာ ကြာလို့လားမသိဘူး၊ နားထောင်လို့ သိပ်ကောင်းတာပဲ။ မြူးကြွတဲ့ ဒိုးပတ် သီချင်းသံကို အဝေးကကြားရင်ပဲ ခလေးတွေ အော်ဟစ်လူစုပြီး တကောက်ကောက်လိုက်တော့တာ။ မောင်ရင်လောင်းတွေကို ညနေပိုင်း ဆံချတဲ့အချိန်မှာ မိခင်ဖခင် အဖိုးအဖွားတွေ အပြုံးကိုယ်စီနဲ့ ကြည်နူးနေကြပါတယ်။ ဆံချ သိမ်ဆင်း တရားနာပြီး ပြန်လာတဲ့အခါ နို့ဖိုး ဖိုးချစ် သူ့မျက်နှာပေါ်က မိတ်ကပ်ဖျက် မင်းသား အဝတ်အစားချွတ်ပြီး လူဝတ်နဲ့ ဗျို့ဟစ်ပါတော့တယ်။
“နက်ဖြန် မနက် မနွယ် မမြင့်မြင့်အေးတို့ အလှူကို အိမ်ကို ဆူးစို့ ခလေးကို လက်တို့ ခွေးကိုအို့ လာခဲ့ကြပါဗျို့” ။ တကယ်လည်း စခန်းထဲက အိမ်တွေမှာ အဖြစ်လောက် ဝါးတံခါးလေးသာ ရှိကြတာပါ။ ဒုက္ခသည်စခန်းထဲမှာ ရိက္ခာငါးပိ၊ ဆန်ကိုသာ အားပြုစားသောက်နေရတဲ့ သူတွေမို့ အလှူဟင်းကို ကြိုတင်မှန်းဆပြီး သွားရည်ယိုနေကြပါတယ်။ နောက်နေ့ အလှူမှာ အလှူ့အမတွေက ရိုးရိုးရှင်းရှင်းနဲ့ သိပ်ကို လှနေကြတယ်။ အလှူလာတဲ့ သူတွေကလည်း ကျမတို့ မြင်နေကြ ဝတ်ကောင်းစားလှ ပိုး ဖဲ ကတ္တီပါ စိန်ရွှေ လက်ဝတ်ရတနာ ဝတ်မထားနိုင်ကြပါဘူး။ ဒုက္ခသည်ကိုး..။ ဘုန်းကြီးကျောင်းဆို ဘုံတွေ၊ ပြဿဒ်တွေနဲ့ တဆောင်တယောင် မရှိရှာပါဘူး။ ဝါးကိုကြီးပဲ အားပြုဆောက်ထားရတဲ့ ဝါးကျောင်းကြီးပါ။ အလှူလာ ဧည့်ပရိသတ်ကို ဝါးကြမ်းခင်းမှာ မျက်နှာချင်းဆိုင် ထိုင်ခိုင်းပြီး ပန်းကန်တွေ ရှေ့ချပေးပါတယ်။ လက်ရေတပြင်တည်းဆိုတာ ဒါမျိုးကိုပြောတာ ဖြစ်ရမယ်။ ထမင်းနဲ့ ဟင်းကတော့ ကျောက်ဖရုံသီးနဲ့ ကြက်သားပြွန်းဟင်း၊ ဝက်သား၊ သရက်သီးသုပ်၊ တုန့်ရမ်းဟင်းချို၊ ဘာပြောကောင်းမလဲ စားလိုက်ကြတာ ဟင်းဆိုတာ ထည့်မလောက်။ အားပါးတရ စားနေတဲ့ အလှူလာ ဧည့်ပရိသတ်ကို အလှူ့ အမတွေကလည်း တယောက်တနေရာဆီ ရောက်ရင် ဒီလူန့ဒဲီလူ ပြန်မတွေ့တော့ဘူးဆိုတဲ့ သံယောဇဉ်စိတ်၊ ချစ်ခင်စိတ်တွေနဲ့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာဝမ်းနည်း ဧည့်ခံကြတယ်။ တတိယနိုင်ငံမှာ ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက် တိုးတက်တိုးတက် ကျမတို့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို လွယ်လင့်တကူ သွားနိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ ဟိုကျရင် ရုန်းကန်ကြရတော့မယ်။ ဘာသာစကား အခက်အခဲ၊ ယဉ်ကျေးမှု အခက်အခဲ၊ ဓလေ့ထုံးစံ အခက်အခဲတွေကို ရင်ဆိုင်ကြရဦးမယ်။ ဒီမှာတော့ ကိုယ်န့အဲ တူ ဝိုင်းဝန်း တရားနာမယ့်၊ သာဓုခေါ်နိုင်မယ့် မိတ်ဆွေတွေ အများကြီးမို့လား။ ကိုယ်က ဘယ်လောက် ကျွေးမွေးနိုင်ဦးတော့ အခုလို အားပါးတရ စားနိုင်မယ့် စားချင်တဲ့ ဧည့်ပရိသတ် ရှိမယ်မထင်ပါဘူး။ ကျမတို့မှာလည်း သူတို့ကိုယ်စား “ပတ္တနုမောဒနာ” သူများကုသိုလ်ကို သာဓုခေါ်ရခြင်းဆိုတဲ့ အကျိုးကိုလည်း ခံစားရပါတယ်။ ကျမတို့ မြန်မာလူမျိုးများက သားယောင်္ကျားလေးကို ရှင်ပြု ရဟန်းခံပေးပြီးမှ အပါယ်တံခါး ပိတ်တယ်၊ နိဗ္ဗာန်တံခါးဖွင့်တယ်ဆိုတာကို သက်ဝင်ယုံကြည်ကြတာမို့လား။ ကလေးမြို့ဆရာတော်ကြီး ဟောခဲ့တဲ့ “အကုသိုလ် လုပ်တာလည်း ဒီလက်၊ ကုသိုလ်လုပ်တာလည်း ဒီလက်ပ”ဲ ဆိုတဲ့ တရား ကျမရင်ထဲ စွဲနေရပါတယ်။ ဒါ့အပြင် ကလေးမြို့ရဲ့ ရှင်ပြုအလှူကိုပဲ သတိရမိတယ်။
ရပ်ဓလေ့၊ ရွာဓလေ့တွေ ထုံမွှန်းတဲ့ ကလေးမြို့လေးက ကျမရဲ့ ဘဝအချိုးအကွေ့တခုမှာ ကျမရဲ့ ဒုတိယဘဝကို မွေးဖွားပေးတဲ့ မြို့လေးမို့ ကျမရင်ထဲ မှတ်မှတ်ထင်ထင် ပြောနေရတာ ဒီနေ့အထိပါ။ ကလေးမြို့က ဆန်၊ စပါး၊ မြေပဲ၊ မတ်ပဲ သိပ်ကို ဖြစ်ထွန်းပါတယ်။ တောင်သူနဲ့ အသက်မွေးသူ များပါတယ်။ တောင်သူတွေ ငွေစ ရွှင်တ့အဲ ချိန်ဆို ရှင်ပြုရဟန်းခံအတွက် မိဘဆွေမျိုးတွေ တိုင်ပင်ကြ၊ အလှူဖိတ်စာ ရိုက်ကြ၊ အလှူအတွက် ပစ္စည်းဝယ်ကြ၊ ဆိုင်းနဲ့ လှူမလား၊ အငြိမ့်ခံမလားလို့ ငွေကြေးတတ်နိုင်ရင် တတ်နိုင်သလောက် ဖြည့်စွက်ကြသေးတယ်။ ဘယ်လောက်ကုန် လှူမလဲ၊ ဘာကျွေးမလဲ၊ ဘယ်သူက ချက်မလဲ၊ ဘယ်သူက ဧည့်ခံမယ်ဆိုပြီး အလှူအကြောင်းနဲ့ နေထွက်၊ အလှူအကြောင်းနဲ့ နေဝင်ကြရတာပါပဲ။ ရှင် ၁ဝ၈ ပါး ရှင်ပြုအလှူကို ကလေးအကျဉ်းထောင်နားက စခန်းကြီးကျေးရွာမှာ ကျင်းပခဲ့တုန်းက ကျမ ထောင်ဝင်စာ တွေ့ပြီးအပြန် ရောက်ခ့ရဲ ပါတယ်။ အလှူက ထမင်းချက်ရုံ ၃ ရုံ ထားရတဲ့အထိပါ။ ဟင်းက ဝက်သားကောက်စင် ကျွေးပါတယ်။ ကောက်စင်ကျွေးတယ်ဆိုတာ အသားကြီးသက်သက် ကျွေးတာပါ။ ဒီလိုကျွေးနိုင်ဖို့ စားပွဲခုံ၊ ထမင်း ပန်းကန်၊ ဟင်းပန်းကန်ကို ထမင်းတဝိုင်းစာကို အပျိုလူပျိုတွေက ကိုယ့် အိမ်ကနေ သယ်လာကြတယ်။ အလှူနေ့မတိုင်ခင် ရေခပ်တ့အဲ ပျိုက ရေခပ်၊ ထင်းခွဲတဲ့ လူပျိုက ထင်းခွဲရပါတယ်။ ရေခပ်တ့သဲူက နေရဉ္စရာမြစ်ထကဲ ရေကို ရေအိုးနဲ့ ရွက်ပြီး ခပ်ရတာပါ။ အဲဒီ ရေခပ်တ့အဲ ချိန်မှာ အပျိုတွေက တော်ရိရော်ရိ ဝတ်ထားတာ မဟုတ်ပါဘူး။ အလှဆုံးဝတ်ပြီး ရေခပ်ကြတာပါ။ ရှင်လောင်းလှည့်တော့လည်း ကွမ်းတောင်၊ ပန်းတောင်ကိုင်ဖို့ တနှစ်လုံး ကြိုပြီး စုထားတဲ့ငွေနဲ့ အကောင်းဆုံး အလှဆုံးဖြစ်အောင် ဝတ်ကြတယ်။ ငွေကုန်ရင် ကုန်ပစေ၊ နှမျောတွန့်တို မရှိကြတော့ဘူး။ ဒီထမှဲာ ထူးခြားတာက လင်စုံမယားဖက် ငယ်လင်ငယ်မယား ဇနီးမောင်နှံတွေလည်း သူ့အတွဲန့သဲူ ရှင်လောင်းလှည့်တ့ေဲ နာက် လိုက်ရပါတယ်။ မိန်းမ၊ ဇနီးမယားက မိတ်ကပ်ဆံထုံးနဲ့ ဖွေးဖွေးလက်လက် လှနေပေမယ့် ခင်ပွန်းသည်ကတော့ ညိုညိုမောင်းမောင်းနဲ့ ပတ်ဝန်းကျင်ကို ရှက်ပြီး မိုးအုံ့မျက်မှန်တပ် အယောင်ယောင်အမှားမှား လမ်းလျှောက်တတ်ပါတယ်။ သူတို့ကို ကြည့်ပြီး စကြ နောက်ကြ ပြောင်ကြ လှောင်ကြပေါ့။ ရှင်လောင်းလှည့်ပြီး ဘုန်းကြီးကျောင်း ဝင်ခါနီးအချိန် မောင်ရင်လောင်းတွေကို ကာလသားတွေ ဖွက်ကြပြီ။ ဆံချဖို့ အချိန်မီအောင် အလှူ့ဒကာ ဒါယိကာမတွေက ကာလသားတွေ ကျေနပ်အောင် ငွေပေးရပါတယ်။ ထမင်းဟင်းချက်တဲ့ သူတွေကလည်း ထမင်းမွှေတဲ့ ယောက်မတွေနဲ့ ဝင်ပေါက်ကို တားပြီး ငွေတောင်းကြတယ်။ သပိတ်လွယ်ကန်တော့ပွဲ ရွက်ထားတဲ့ အလှူ့ဒကာ ဒါယိကာမတွေက အဆင်သင့် ဆောင်ထားတဲ့ငွေ ပေးလိုက်ရင် ပျော်လို့ ကကြခုန်ကြနဲ့ ကြည့်လာတဲ့လကိုပါ အပျော်ကူးလာတယ်။ မနက်အလှူလာ ပရိသတ်ကို ဧည့်ခံဖို့ ကာလသား ကာလသမီးကို အဖွဲ့ခေါင်းဆောင်က သွက်လက်ချက်ချာတဲ့ အပျို လူပျိုကို ဧည့်ခံခိုင်းပါတယ်။ ဧည့်ခံတ့လဲူက အလှူလာဧည့်သည်ကို ထမင်း ဟင်း မလစ်လပ်အောင်
ကျွေးမွေးဧည့်ခံရပါတယ်။ ထမင်းဟင်း လိုက်သူကို အချိန်မီရအောင် လှမ်းခေါ်ဖို့လည်း တာဝန်ယူထားရပါတယ်။ ဒီလို ဧည့်ခံသူက လေးလေးစားစား မလုပ်ဘူးထင်ရင် ကာလသားခေါင်းဆောင်က ပန်းကန်ဆေးတဲ့ နေရာကို ပို့လိုက်ပါတယ်။ အလှူရေစက်ချ၊ ဗျောခေါက်ရင်တော့ အလှူ့ ဒကာ ဒါယိကာမတင် မဟုတ်ဘူး၊ အလှူလာသူအားလုံး ပီတိ မျက်ရည် ကျရပါတော့တယ်။ သေသွားတဲ့ အဖိုးအဖွား မိဘဆွေမျိုးလွမ်းလို့ တပြီး ငိုသူက ငို၊ အမျှဝေသူက ဝေ၊ မျက်ရည်သုတ်သူက သုတ်နဲ့ အလှူပြီးလို့ စားပွဲခုံ၊ ထမင်းပန်းကန်၊ ဟင်းပန်းကန်၊ ဇွန်း ကိုယ့်ဝိုင်း ကိုယ်သိမ်းပြီး ပြန်ကြတဲ့ အပျိုလူပျိုကို ကာလသားခေါင်း ကာလသမီးခေါင်းက ပိုတဲ့ ဟင်းကျွေးဟင်းရံများကို ဝေပုံချပေးလိုက်ပါတယ်။ နောက်အလှူတွေအတွက် မျှော်ကြ၊ တိုင်ပင်ကြပေါ့။ ကိုရင် ပဉ္ဇင်းဖြစ်သွားတဲ့သားက မိဘကို ၇ ရက် ဆွမ်းခံကျွေးရပါတယ်။ မိဘကို သားက ကျေးဇူးဆပ်တယ်လို့ အဆိုရှိပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ ဓလေ့ထုံးစံတွေနဲ့ ရှင်ပြုအလှူက သီချင်းသံကို ကျမနားထဲ အခုချိန်ထိ ကြားယောင်နေမိပါတယ်။ “လှိုင်းကိုက်ပြန် တိမ်လိမ်နှင့်၊ ဘွခ့ျဲိတ်ကယ် မဝတ်မဆင် ရပ်ကြီးသူ ဖြူဖြူလက်ကယ်၊ ကုံးစပ်န့ယှဲဉ်၊ ကုံးစပ်လို့ ယှဉ်သလား နဂိုယဉ်မို့ ယဉ်သလား၊ ရွှေခါးတော်ညိုဆိုင်နှင့် ငွေခါးတော်ညိုဆိုင်နှင့် မတူနိုင် အနေခြားတယ်ကွယ်၊ မိုးကျနတ်သား … အား…ဟား… မလာတည လာတညနှင့် စကားနှစ်ခွပုံ၊ မသေးပျိုတို့မောင် အလေလိုက်တယ်၊ ဖဲရိုက်လို့နေ၊ ရှိပါစေ သူ့လှေနှင့သ်ူထား၊ အချိန်ကုန် ငွေပါခမ်းရင် လှမ်းခဲ့လိမ့်လား …” ရှင်ပြုအလှူကို သူ့ဓလေ့န့သဲူ ရှင်ပြုကြပါတယ်။ ကျမတို့နေထိုင်ရာ စခန်းထဲမှာ နို့ဖိုးရွာက ကရင့်အမျိုးသားဒုက္ခသည်တွေ နေထိုင်ရာပါ။ အဲဒီရွာလေးထဲက ဗုဒ္ဓဘာသာ ရှင်ပြုအလှူကတော့ သိပ်ကို ရိုးရှင်းလှပါတယ်။ အဲဒီနေ့က တောင်ပေါ်ကို အကြာကြီး လမ်းလျှောက်ပြီး ကမ္ဘာတဖက်ကို ဆက်သွယ်နိုင်ဖို့ internet ဆိုင်ကို ကျမ သွားခဲ့တာပါ။ တောင်ကုန်းပေါ်ကနေ နောက်ကြောင်းကိုလှည့်ကြည့်တော့ နို့ဖိုးတောင်ကြီးပေါ် တိမ်တွေ အလုအယက် တက်နေကြတယ်။ နှိမ့်တ့ေဲ တာင်တွေမှာတော့ တိမ်ခိုးတွေက ပင်လယ်ဖြစ်နေပါတယ်။ တောင်တွေအထက် တိမ်တွေက လွမ်းစရာကောင်းတဲ့ တိမ်၊ စိတ်ကြည်နူးစရာကောင်းတဲ့ တိမ်၊ ချစ်စရာကောင်းတဲ့ တိမ်တွေကို ကြည့်ပြီး ကျမမှာ အမောပြေသွားရပါတယ်။ သဘာဝတရားရဲ့ အလှတရားတွေကို ရင်သပ်ရှုမော ကြည့်လို့ မဝနိုင်ခ့ပဲါဘူး။ မျက်နှာမူ လမ်းလျှောက်ရာ ကားလမ်းရဲ့ ဘယ်ဘက်မှာ internet ဆိုင်၊ ညာဘက်မှာတော့ တဲအိမ်ကလေးတလုံး၊ ခါတိုင်း တိတ်ဆိတ်နေတဲ့ တဲအိမ်လေးရှေ့မှာ မနက်စောစော ဗုံသံ၊ လကွင်းသံနဲ့ ယောင်္ကျား မိန်းမတွေ ကခုန်နေကြပါရောလား။ ကျမ ဘယ်တနုးကမှ မမြင်ဖူးတဲ့ မြင်ကွင်းပါ။
ကခုန်နေတဲ့ ယောင်္ကျားကြီး ပခုံးပေါ်မှာ ဇာတ်မင်းသားလို တောင်ရှည်နဲ့ ကတောင်ဝတ် မင်းသားဆောင်း ထားတဲ့ ခေါင်းပေါင်း အပြည့်အစုံနဲ့ ခလေးငယ်၊ လူငယ်က လက်တဖက်က ယပ်တောင်ကိုင်လို့၊ လက်တဖက်က ပုသိမ်ထီးလိုမျိုး ထီးလေးကို ဆောင်းထားတယ်။ ဆိုင်းသံ ဗုံသံန့အဲ ညီ ပျော်ပျော်ပါးပါး ကခုန်နေကြတာများ ကြည့်နေတဲ့သူတွေပါ သူတို့နအ့ဲ တူ ပျော်လာပါတော့တယ်။ ဆိုင်းသံ ဗုံသံနဲ့ ကခုန်နေတဲ့ မောင်ရင်လောင်း ထမ်းထားတဲ့သူ ခြေလှုပ် လက်လှုပ်အတိုင်း ပခုံးပေါ်က မောင်ရင်လောင်းကလည်း အလိုက်သင့် နေရပါတယ်။ သူ့အလိုက်သင့်က စည်းချက်နဲ့ ကနေသလိုပါပဲ။ ပခုံးပေါ်က မောင်ရင်လောင်း ပြုတ်မကျအောင် မောင်ရင်လောင်းရဲ့ ခြေထောက်ကို ပုဆိုးနဲ့လိမ်ပြီး သိုင်းထားပါတယ်။ အသက် အတော်ကြီးတဲ့ မောင်ရင်လောင်းရဲ့ မျက်နှာမှာ ရှက်သွေးဖြာနေတယ်။ သားမောင်ရင်းလောင်းကိုမြင်ပြီး ဝမ်းသာနေတဲ့ မိခင် အလှူ့အမကလည်း ဘာမှ တောက်တောက်ပပ ဝတ်စားမထားပေမယ့် ပီတိစိတ်နဲ့ မျက်လုံးတွေ တလက်လက် တောက်နေတယ်။ သူကိုယ်တိုင်ပါ ဝင်ကပါတယ်။ သီချင်းမဆိုဘဲ အတီးသက်သက်န့ပဲ ကနေကြတာပါ။ ကျမတို့နေတဲ့ နေရာလေးက ဘဝမျိုးစုံ၊ ရပ်တည်ချက်မျိုးစုံ၊ ဓလေ့ထုံးစံမျိုးစုံ၊ သူတို့ရဲ့ ကိုယ်ပိုင် အမူအကျင့်တွေကို တနေရာထဲမှာ စုံစုံလင်လင် တွေ့မြင်ရတော့ အနုပညာသမားဆိုတာ ဘဝတွေကို မြင်တတ်ဖို့ လိုတယ်ဆိုတ့စဲ ကား ကျမ သတိရမိတယ်။ ဒါ့ကြောင့် ကရင့်အမျိုးသား တော်လှန်ရေးခေါင်းဆောင် “တီးမန်းကြာမောင်” ကို ကျမ မေးခွန်းတွေ အများကြီး မေးရတော့တာပေါ့။ “တီးမန်းကြာမောင်” က ရှင်ပြုအကြောင်းအပြင် တခြားအကြောင်းတွေကိုပါ ကရင်သံဝဲဝဲနဲ့ ပြောပြခဲ့တာ သိပ်ကို နားထောင်လို့ ကောင်းပါတယ်။ သူတို့ရဲ့ ကရင့်လူမျိုး ရှင်ပြုအလှူအကြောင်းလေးကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ “ရှင်လောင်းလှည့်မယ်ဆို သူ့အုပ်စုန့သဲူ၊ ကိုယ့်အဖွဲ့နဲ့ကိုယ် ထမ်းရတာ၊ ပခုံးနဲ့ ထမ်းတယ်ဆိုတာ မြင်းမရှိလို့ ထမ်းရတာ၊ ဒို့ဆီမှာ တနေကုန် ရှင်လောင်းလှည့်ကြတယ်၊ ရှင်လောင်းလှည့်တ့အဲ ချိန် နေအရမ်းပူတော့ မောင်ရင်လောင်းက သူ့ဘာသာသူ ထီးစောင်းပြီး ယပ်ခပ်နေရတယ်။ တရွာနဲ့တရွာ ရှင်လောင်းလှည့်မယ်ဆို ငါတို့ ကြိုတင် သတင်းပို့ထားရတယ်။ နင်တို့ရွာကို ငါတို့ ဘယ်နေ့ ရှင်လောင်း လာလှည့်မယ်ဟေ့လို့ ပြောထားရင် ရွာက ရှင်လောင်းအဖွ့အဲားလုံးကို စတုဒိသာကျွေးဖို့ ပြင်ဆင်ထားကြတယ်။ ဘုရားခန်းအောက်မှာ နားနားနေနေ နေခိုင်းပြီး အကျွေးအမွေးနဲ့ ဧည့်ခံတာပါ့။ ရှင်လောင်းကလည်း ဝမ်းဟာရင် စားပေါ့။ လှည့်တဲ့ ရွာတိုင်းက ကျွေးတယ်။ ကျန်တဲ့ ရှင်ဖြစ်အောင် ဆံချ သင်္ကန်းဝတ်ကတော့ ဗုဒ္ဓဘာသာ အတူတူပါပဲ။ ကရင်လူမျိုးတွေ ဗုဒ္ဓဘာသာအဖြစ် ရှင်ဖြစ်ခွင့် မရဘူးလို့ အရပ်စကား ရှိခ့ဖဲူးတယ်။ ဗုဒ္ဓဘာသာအစ ဦးနန္ဒမာလလို့ ဒို့ ကရင်လူမျိုး ဗုဒ္ဓဘာသာတွေက အဆိုရှိတယ်။ ဦးနန္ဒမာလ မရောက်ခင် ကရင်တွေ နတ်စားတယ်။ ဦးနန္ဒမာလ ရောက်လာမှ ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းလာခဲ့ကြတာ” အမိအဖ ထမ်းပိုးထားတဲ့ မောင်ရင်လောင်း ဓာတ်ပုံတွေက ကရင့်အမျိုးသား ဗုဒ္ဓဘာသာတွေရဲ့ အိမ်ဧည့်ခံမှာ တန်ဖိုးထား ချိတ်ဆွဲကြပါတယ်။ ကျမမြင်ဖူးတဲ့ ရှင်ပြုအလှူဓာတ်ပုံနဲ့ လုံးဝမတူပါဘူး။ အလှူ့အမရယ်လို့ အလှူ့ဒကာရယ်လို့
ထူးထူးခြားခြား တောက်တောက်ပပ ဝတ်စားထားတာ မရှိဘဲ အများနဲ့ ရောနှောနေပါတယ်။ ရိုးစင်းတဲ့ သူတို့မျက်နှာတွေကပဲ ဝံ့ဝံ့ကြွားကြွား၊ ပေါ်ပေါ်လွင်လွင် ဖြစ်နေတာလို့ ကျမ ခံစားမိပါတယ်။ ကျမတို့ ဒုက္ခသည်မှာ ပြဿနာကိုယ်စီ၊ ခံစားချက်ကိုယ်စီ၊ နာကျင်မှုကိုယ်စီ ရှိကြပေမယ့် အကျည်းတန်တဲ့ ကျမတို့ ဘဝတွေကို အလှအပတွေဖြစ်အောင် ဖန်တီးနေနေကြရတာပါ။ ------------------------------------------------------------------ကျွဲပါးစောင်းတီးလို့ မရတော့ပါ ၁၂ ဇွန် ၂၀၀၉ မောင်သြ။ ခေတ်ပြိုင်ဂျာနယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလား၊ မလွှတ်ဘူးလား…? ဤမေးခွန်းကို နအဖစစ်အစိုးရဟာ ယနေ့အချိန်တွင် အကြီးအကျယ် စဉ်းစားရတော့မယ်။ ဖြေဆိုရတော့မယ်။ အဖြေကောင်းရင် အောင်မှတ်ရမယ်။ အဖြေမကောင်းရင် အရှက်တကွဲ အကျိုးနည်းနဲ့ ရင်ဆိုင်ရမယ်။ ဒီမေးခွန်းအတွက် နအဖစစ်အစိုးရ ငယ်ထိပ်မြွေပေါက် ခေါင်းမီးတောက်.. ဖင်ကြားခဲညှပ်နေပြီ။ မကောင်းကြံ ယုတ်မာပက်စက်တဲ့ အကုသိုလ် ဒေါသမီးဟာ ကိုယ်ရင်ထဲ ပြန်လောင်နေပြီ။ မရဲဘဲ ကျွဲပြဲစီးမိနေပြီ။ တရွာနဲ့ တယောက်၊ တကမ္ဘာလုံးနဲ့ တနိုင်ငံ အထီးကျန် ငပွကြီး ဖြစ်နေပြီ။ ဟီရိသြတ္တပ္ပ အရှက်အကြောက်တရား ရှိတတ်ရင် ကိုယ့်လည်ပင်းကြိုးကွင်းစွပ် မြစ်ထဲခုန်ဆင်း သတ်သေသင့်ပြီ။ ဗုဒ္ဓဘာသာ အရေခြုံပြီး မြန်မာပြည်တနံတလျား ဘုရားတည်၊ ကျောင်းဆောက် ထီးတော်တင်လုပ်ခြဲ့ ကတာ သူတို့ပဲ။ ဘုန်းကြီးကျောင်း၊ သီလရှင်တိုက်တွေကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပစ္စည်းငါးပါး ဒါယကာ လုပ်တာလည်း သူတို့ပဲ။ သံဃာတော် ဆရာတော်ကြီးတွေကို ဘွ့တဲံဆိပ်တော်တွေ လှူဒါန်းဆက်ကပ်တာလည်း သူတို့ပဲ။ မြန်မာပြည်သူလူထုကို ဘာသာရေး မှိုင်းတိုက်ပြီး၊ သူတို့ကိုယ် သူတို့ ဗုဒ္ဓဘာသာဝင် စစ်စစ်ကြီးတွေအဖြစ်၊ သူတို့ရဲ့ သတင်းစာတွေထဲမှာ ဓာတ်ပုံကြီးတွေနဲ့ ဟန်ဆောင်သရုပ်ပြ ပြုလုပ်ကြတာလည်း သူတို့ပါပဲ။ နောက်ဆုံးတော့ ဒီဟန်ပြသရုပ်ဆောင်မှုတွေဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ဘွင်းဘွင်းကြီး ဗူးပေါ်သလို.. မှောက်ထားသော ခွက်ကို လှန်တိုက်သကဲ့သို့ ထင်ထင်ရှားရှား ပေါ်ခဲ့တာပဲ မဟုတ်လား။
အေးချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်ကြတဲ့ သံဃာတော်များနဲ့ ကျောင်းသားပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်၊ ရိုက်နှက်၊ သတ်ဖြတ်၊ ဖမ်းဆီး ထောင်ချ၊ သွေးမြေကျခဲ့ကြရတာဟာ ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်ကြရဲ့လား။ တနိုင်ငံလုံး တကမ္ဘာလုံးက ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ရွှေဝါရောင်တော်လှန်ရေး ဇာတ်လမ်းကြီးကို ဒီဗီဘွီကရော၊ ဗီဒယီို မှတ်တမ်းခွေတွေကပါ ကြည့်ခ့ရဲ လို့၊ နအဖစစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကို သိနေကြပြီ။ ဒါတွေက ဘယ်တော့မှ မပျောက်။ နအဖရဲ့ အမဲစက်သမိုင်းမှတ်တမ်းအဖြစ် တင်ကျန်နေဦးမှာ။ ယခုလည်း နအဖစစ်အစိုးရရဲ့ အချိန်ပြည့် အမှားထွင်… ကလိမ်စေ့ ငြမ်းဆင်နေတာကြီးက ကိုယ့်အသည်းကို ငရဲမီး ပက်ခံရသလို ပူလောင်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်… -မြန်မာပြည်ရဲ့ တဦးတည်းသော ဒီမိုကရေစီ လူထုခေါင်းဆောင်။ -လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ပညာတတ် ထက်မြက်သူ။ -မြန်မာပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တိုက်ပွဲဝင် သူရဲကောင်း။ -နိုင်ငံတကာမှ လေးစားချစ်ခင်ရသော ငြိမ်း ချမ်းရေး နိုဘယ်လ်ဆုရှင်။ -မြန်မာပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းစွမ်းဆောင်နိုင်သူ။ ဒီလို ပုဂ္ဂိုလ်ထူးကိုမှ မကောင်းမြင်၊ အာဃာတ၊ အငြိုးထား အမုန်းတရားတွေနဲ့ ပြစ်ဒဏ်ချချင်လိုကြတဲ့ နအဖစစ်အစိုးရ အခုတော့ ကိုယ်မွှေးတဲ့ မီးနဲ့ ကိုယ်ပြန်လောင်နေရပြီ။ * ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပြန်ခ့တဲ့ဲ ကြေညာချက်တွေ… * အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး ILO မှ ထုတ်ပြန်တဲ့ တိုက်တွန်းတောင်းဆိုမှု ကြေညာချက်တွေ.. * လူ့အခွင့်အရေး အဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွ့မျဲားမှ ကြေညာချက်တွေ… * အာဆီယံ အီးယူက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်တွေ… * အာဆီယံ ဥက္ကဋ္ဌ ထိုင်းဝန်ကြီးချုပ်မှ ထုတ်ပြန်တဲ့ ကြေညာချက်တွေ… ၎င်းပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် လက်ထောက် မစ္စတာ ဂန်ဘာရီ၊ အမေရိကန် ပြည်ထောင်စုမှ သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်၊ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်၊
ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ တောင်အာဖရိက စသည့်တို့မှ နိုင်ငံခေါင်းဆောင်တွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေက နအဖရဲ့ အူထဲအသည်းထဲမှာ ၀င်ရောက်ခြောက်လှန့် မွှေနှောက်နေပြီ။ စစ်ခေါင်းဆောင်ကြီးတွေ ခေါင်းခဲပြီး စားမ၀င် အိပ်မပျော်၊ နှလုံးခုန် သွေးတိုးနေလောက်ပြီ။ သတင်းစာထဲက ဟန်ပြ အပြုံးရိပ်တွေ မချိပြုံးတွေ တွေ့နေရပြီ။ ကဲ.. ဒီတော့ နအဖစစ်အစိုးရ ဘာလုပ်မလဲ.. ဘယ်လဲ။ ဘယ်လမ်းရွေးမလဲ။ လတ်တလော ပူပူနွေးနွေး ဇွန်လ (၃) ရက်မှ (၅) ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံ ဒုတိယ နိုငင်ံခြားရေးဝန်ကြီး (အထူးသံကိုယ်စားလှယ်) နဲ့ တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်း ပြောကြားချက်တွေ နှင့် ဇွန်လ (၉) ရက်နေ့က ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ စင်ကာပူ သမ္မတနိုင်ငံ ၀ါရင့်ဝန်ကြီးချုပ် ဂိုချောက်တောင် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့် သီးခြားတဦးစီ တွေ့ဆုံပြီး မြန်မာနိုင်ငံအရေးနှင့် အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဆွေးနွေးအကြံပြု ပြောဆိုချက်တွေကို နအဖစစ်အစိုးရ အလေးထား ဂရုစိုက်ရတော့မည်။ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲကလို “ဟိုလူလာ မျက်နှာချိုသွေးရ၊ ဒီလူလာ မျက်နှာချိုသွေးရနဲ့ ကြာရင် …(..) နိုင်ငံကြီး ဖြစ်သွားမယ်” ဆိုတဲ့ ကိန်းဆိုက်နေပြီ။ ခွေးတကောင်ကို ချောင်ပိတ်ရိုက်တဲ့ အဖြစ်မျိုးလည်း မဖြစ်ချင်ပါ။ ထွက်ပေါက်ပေးချင်ပါတယ်။ ဒီထွက်ပေါက်က ဘာလဲ။ - လက်ရှိ နအဖရဲ့ ကလိန်စေ့ငြမ်းဆင် လုပ်ကွက်ဇာတ်ရုပ်ကြီးကို ရုပ်သိမ်းပါ။ - ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပါ။ - အန်အယ်လ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ (ရွေးကောက်ပွဲမှ အနိုင်ရ တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င်) နှင့် နအဖ တပ်မတော်ခေါင်းဆောင်များ သုံးပွင့်ဆိုင်၍ အမျိုးသားရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေး အမြန်ဆုံးဆွေးနွေးရန်။ - ဒီမိုကရေစီ မကျတဲ့ အခြေခံဥပဒေပါ အချက်များ ပြန်လည်သုံးသပ်ပြင်ဆင်ရန်နှင့် - နောက် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ လေ့လာကြီးကြပ်ကွပ်ကဲမှုများ ခွင့်ပြုပေးရန်တို့ ဖြစ်ပေသည်။ နအဖ စစ်အစိုးရအနေနှင့် ယနေ့အချိန်တွင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများနှင့်ပါ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားရန် လမ်းတလမ်းသာ ရှိပါတော့သည်။ ကျွဲပါးစောင်းတီး ဖြစ်နေရမည့် အချိန်မဟုတ်တော့ပါ။