May 28 News On Burma From Burmese Media

  • Uploaded by: Moe Ma Ka
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View May 28 News On Burma From Burmese Media as PDF for free.

More details

  • Words: 4,680
  • Pages: 25
ဘောလုံးပွဲတွင် သတင်းထောက်တဦး ဖမ်းဆီးစစ်ဆေးခံရ DVB အံ့ဘုန်းမြတ် ၂၇ မေ ၂ဝဝ၉ မနေ့က အောင်ဆန်းကွင်းမှာ ပြုလုပ်ခ့တဲ့ဲ မြန်မာပရိုလိဂ်ကပ် ဘောလုံးပြိုင်ပွဲက ကမ္ဘာဇအသင်းနဲ့ ဆောက်သမ်းမြန်မာအသင်းတို့ရဲ့ ပြိင်ပွဲမှာ သတင်းထောက်တဦး အာဏာပိုင်တွေရဲ့ ဖမ်းဆီး စစ်ဆေးမှုခံခ့ရဲ တယ်လို့ သိရှိရပါတယ်။ ဖမ်းဆီးစစ်ဆေးခံရတဲ့ သတင်းထောက်ဟာ ပလေးမိတ်ကာ အားကစား ဂျာနယ်က ဖြစ်ပြီး လုံòခံရေးတွေနဲ့ ဘောလုံးပွဲလာကြည့်တဲ့ အာဏာပိုင် အသိုင်းအဝိုင်း မိသားစုဝင်တွေကို ဓာတ်ပုံရိုက်ခ့တဲာကြောင့် ဖမ်းဆီးစစ်ဆေးခံရတာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြည်တွင်းသတင်းထောက်တဦးက ပြောပါတယ်။ “သူရိုက်လိုက်တ့ပဲုံတွေက လုံခြုံရေး ကွင်းတာဝန်ခံက ပရိတ်သတ်တွေ ဖိနပ်ပစ်ခ့တဲာကို ပရိသတ်ဘက် ပြန်ပေးတဲ့တာ နှစ်ပွင့်နဲ့ ရဲအရာရှိက ဆဲတာပေါ့။ ဆဲနေတာကို ဓာတ်ပုံရိုက်လိုက်တာ။ တက်လာတဲ့ ရဲအရာရှိတို့၊ ဗိုလ်မှူးတို့ လာတဲ့ ပုံတွေကို အကုန်လုံး ရိုက်ကြတာပဲ။ သူ့ကျမှ ဘယ်လို ဖြစ်သွားတယ်မသိဘူး။ အစပိုင်းမှာတော့ အဲဒီ ဖိနပ်ပစ်တ့ေဲ ကာင်လေးကိုပဲ ခေါ်သွားတယ် ထင်နေတာ။ နောက်မှ မီဒီယာထဲက ဖြစ်နေတယ်။” ဖမ်းဆီး စစ်ဆေးခံခ့ရဲ တဲ့ သတင်းထောက်ကို သူ့ဂျာနယ်တိုက် တာဝန်ရှိသူတွေက မင်္ဂလာတောင်ညွန့် ရဲစခန်းမှာ အာမခံနဲ့ ပြန်ထုတ်ခ့ရဲ တယ်လို့ အဲ့ဒီ ဂျာနယ်အယ်ဒီတာက ပြောပါတယ်။ ဒီလို ဖမ်းဆီး စစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး အဲ့ဒီနေ့ညနေပိုင်းကပဲ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး နောင်အခါမှာ သတင်းထောက်တွေအနေနဲ့ ဘောလုံးပွဲ ဓာတ်ပုံတွေကလွဲရင် အခြား ဓာတ်ပုံတွေ ရိုက်ကူးခွင့် မရှိဘူးလို့ မြန်မာ ပရိုလိပ်ကပ်ပြိုင်ပွဲရဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ခံတွေကပြောပါတယ်။ အခုလို သတင်းထောက်ကို ဖမ်းဆီးစစ်ဆေးတာ၊ သတင်းဓာတ်ပုံရိုက်ကူးခွင့်တွေကို ကန့်သတ် ပိတ်ပင် တာတွေကြောင့် ပရိုလိဂ်ပွဲတွေရဲ့ သတင်းတွေကို ရေသားချင်စိတ် မရှိတော့ဘူးလို့ အားကစား သတင်းထောက် အချို့က ဆိုပါတယ်။ ပြိငပ်ွဲကျင်းပရေး ကော်မတီဝင်တွေက ကန့်သက်လိုက်တ့အဲ ပေါ် ပြန်ကြားရေး အဖွဲ့ တာဝန်ခံတွေကို ဆက်သွယ်မေးမြန်းရာမှာ သတင်းထောက်တဦး ဖမ်းဆီးစစ်ဆေးခံရတာ မှန်ကန် ကြောင်း အတည်ပြုပြောကြားခဲ့ပေမယ့် အသစ်ထုတ်လိုက်တဲ့ ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။ -----------------------------------------------------------------------ယက်တောနှင့် ကိုဘိုကြည် ဘာတွေ ဆွေးနွေးခဲ့လဲ

-

အင်တာဗျူး ကိုဝိုင်း - မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ မေလ 28 2009 15:23 - ချင်းမိုင် (မဇ္ဈိမ)။

။ နေအိမ်အကျယ်ချုပ်ကျခံရသည့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ အင်းလျားကန်ကို

ရေကူးဖြတ်ကျော်၍ ဝင်ရောက်သွားခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောသည် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရုံးမှ ကိုဘိုကြည်နှင့် တွေ့ဆုံခ့ဖဲူးသည်ဟု ယမန်နေ့က အင်းစိန်ထောင်တွင်း ပြုလုပ်သော အထူးတရားရုံး၌ ကြားနာမှုတွင် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

မစ္စတာ ယက်တော အနေဖြင့် ကိုဘိုကြည်နှင့် မည်သည့် အကြောင်းရာများ ဆွေးနွေးခဲ့သည်ကို သိနိုင်ရန် မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ဆက်သွယ် မေးမြန်းထားသည်။ ယက်တော ထိုင်း-မြန်မာ နယ်စပ် ကို လာသွားတုန်းက ကိုဘိုကြည်နဲ့ တွေ့ခ့တဲ ယ်လို့ သိရတယ်။ အဲဒါ ဟုတ်ပါသလား။ ကျနော်နဲ့ တွေ့တာတော့ သေချာပါတယ်။ သူ အေအေပီပီ လာလည်သွားတယ်လို့ ပြောလို့ရတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ ဆွေးနွေးတယ်။ ကျနော်တို့ဆီက ပြခန်းတွေ ဘာတွေ ကြည့်သွားတယ်။ ဘယ်နှစ်ခုနှစ်က တွေ့ခ့တဲာလည်းဗျ။ ပြီးခဲ့တဲ့ နှစ်ထဲမှာ ဖြစ်လိမ့်မယ်။ အောက်တိုဘာ၊ နိုဝင်ဘာတွေမှာပဲ ဖြစ်လိမ့်မယ်။ အဲဒီတုန်းက ယက်တောနာမည်နဲ့ မိတ်ဆက်တာလား။ သူတော့ မိတ်ဆက်တယ်ဗျ။ သိတ့အဲ တိုင်းပဲ နိုင်ငံခြားသား နာမည်တွေက ကျနော်တို့က တော်ရုံ နားထဲစွဲတာ မဟုတ်ဘူး။ အခု သူ့ ဓာတ်ပုံတွေ တွေ့ရတဲ့အခါကျတော့ရော မှတ်မိလား။ စတွေ့တ့အဲ ခါကျတော့ ကျနော် မှတ်မိသလိုလို ဖြစ်တယ်။ သူပြောတဲ့ အကြောင်းအရာတွေ ဥပမာ စာအုပ်ရေးမယ်ဆိုတဲ့ ကိစ္စတွေ ဘာတွေ ပြောတော့။ အိုကေ အဲဒါဆို ကျနော့်ကို လာတွေ့သွားတာ သူပဲဆိုတာ ပြန်မှတ်မိတယ်။ အဲဒီတုန်းက ဘာတွေ ဆွေးနွေးခဲ့လည်းဗျာ။ အဓိကကတော့ နိုင်ငံရေး အကျဉ်းသား အကြောင်းတွေပဲ ဆွေးနွေးတာပါပဲ။ လက်ရှိဖြစ်နေတာတွေ၊ ကျနော့်ရဲ့ အကြောင်းတွေ။ တခြားသူတွေရဲ့ အတွေ့အကြုံတွေ။ သူလည်း စာအုပ်ရေးမယ်လို့ပြောတယ်။ အဓိကကတော့ အနှိပ်စက်ခံရသူတွေအကြောင်းနဲ့ ကျနော်တို့က ကိုယ့်ကို နှိပ်စက်သူတွေကို ပြန်ကလဲ့စားချေမလားပေါ့။ မချေဘူးလားပေါ့ဗျာ။ သူမေးတာကို ပြန်ဖြေလိုက် ပါတယ်။ ကျနော်တို့က လက်စားချေမယ့် လူတွေ မဟုတ်ဘူး။ ခွင့်လွှတ်နိုင်ပါတယ်။ ကျနော်တို့ လိုချင်တာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့ ကျနော်တို့က ကြိုးစားနေတာ။ သူတို့ကို ကလဲ့စားချေဖို့ ကြိုးစားနေတာမဟုတ်ဘူးလို့။ အဲဒါမျီုးတွေ ဆွေးနွေးဖြစ်ပါတယ်။ ယက်တောက အခု ဒေါ်အောင်ဆန်းစုကြည် ခြံထဲ ရေကူးဝင်ခ့တဲ ယ်။ အဲဒီလိုလုပ်ဖို့ရော အဲဒီတုန်းက တစုံတရာ ဆွေးနွေးခဲ့ သေးလား။ အဲဒါကတော့ မသိဘူး။ သူလည်း ကျနော့်ကို မပြောဘူး။ -------------------------------------------------------------------------------------

ဖျော်ဖြေရေးဂျာနယ် PHOENIX ထုတ်ဝေခွင့်နားခံရ မေကျော်

-

- မဇ္ဈိမသတင်းဌာန

ကြာသပတေးနေ့၊ မေလ 28 2009 15:10 - ချင်းမိုင် (မဇ္ဈိမ)။

။ ဖျော်ဖြေရေး ဂျာနယ် အဖြစ် ထုတ်ဝေခွင့် ရထားသော PHOENIX ဂျာနယ်မှာ

ဆင်ဆာဖြတ်ခံထားရသော သတင်းအချို့ကို ရေးသား ဖော်ပြခြင်းကြောင့်ဟု ဆိုကာ စာပေစိစစ်ရေးက ယခုတပတ် ထုတ်ဝေခွင့်ကို ပိတ်လိုက်သည်။ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်ဝေသော ယင်းဂျာနယ်၏ ယခုတပတ် ထုတ်ဝေရောင်းချခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ စာပေစိစစ်ရေးက ပိတ်လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ဖျော်ဖြေရေး သတင်း များကိုသာ ရေးသားဖော်ပြရန်လည်း စာပေစိစစ်ရေးက ထပ်မံ သတိပေးလိုက်သည်။ “ဆင်ဆာ ထိတယ်ဆိုရင်လည်း ပြင်ချိန်မရဘူးဗျ။ ဗုဒ္ဓဟူးနေ့ ရောက်မှ စာပေစိစစ်ရေးက ဆင်ဆာကို ချပေးတယ်။ သူတို့က ဗုဒ္ဓဟူးနေ့ဆိုရင် ထုတ်နေပြီ ” ဟုစာပေစိစစ်ရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တဦးကဆိုသည်။ ကြာသပတေးနေ့တွင် ထုတ်ဝေရောင်းချမည့် ဂျာနယ်ကို ဗုဒ္ဓဟူးနေ့ရောက်မှသာ စာပေစိစစ်ရေးက စာမူကြမ်း ထုတ်ပေးခြင်းသည် ဆင်ဆာထိစာမူများကို ပြင်ဆင်ရန် အချိန်မလုံလောက် ဟုဂျာနယ် အသိုင်းအဝိုင်းကဆိုသည်။ မေလ ၂၇ရက်နေ့ထုတ် ယင်းဂျာနယ်တွင် Yangon Media Groupတွင် ကြော်ငြာခဲ့သည့် LUCKY ELEVEN ကြော်ငြာကို ELEVEN MEDIA Groupက ကန့်ကွက်ခ့မှဲုနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ မေးမြန်း၍ သတင်းဖော်ပြခဲ့သည်။ ယခုက့သဲို့ ထုတ်ဝေခွင့် တပတ်နားလိုက်ရသဖြင့် စီးပွားရေးအရ ထိခိုက်မှု မများလှသော်လည်း ဂျာနယ်သစ် တစောင် အနေဖြင့် ဈေးကွက်ထိုးဖောက်မှု အရှိန်ကိုမူ ပျက်စေကြောင်း ပြည်တွင်း ဂျာနယ် ဈေးကွက်က သုံးသပ်သည်။ ------------------------------------------------------------------------------------ရိုဟင်ဂျာတို့၏ ဆင်းရဲဒုက္ခများကို မေ့ပျောက်နေကြပြီဟု HRW အစီရင်ခံစာက ဆို ဆော်လမွန်

-

- မဇ္ဈိမသတင်းဌာန

ကြာသပတေးနေ့၊ မေလ 28 2009 21:04 - နယူးဒေလီ (မဇ္ဈိမ)။

။ ရိုဟင်ဂျာများအပေါ် စနစ်တကျ ချိုးဖောက် ကျူးလွန်နေမှုများကို ရပ်တန့်ပါရန်

ဒေသတွင်း နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများက မြန်မာစစ်အစိုးရအပေါ် ဖိအားပေးသင့်ကြောင်းနှင့် မိမိတို့ ကမ်းခြေများသို့ ထွက်ပြေး ရောက်ရှိလာကြသော အဆိုပါ ဒုက္ခသည်များကိုလည်း လိုအပ်သော အကူအညီများ ပေးအပ်သင့်ကြောင်းဖြင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖြွဲ့ ကီး HRW ၏ အစီရင်ခံစာသစ် တရပ်က ဆိုလိုက်သည်။

‘အန္တရာယ်များလှသော အတိဒုက္ခ – မြန်မာပြည်မှ ရိုဟင်ဂျာများ ပင်လယ်ပြင်သို့ ထွက်ကြခြင်း’ ဆိုသည့် စာမျက်နှာ ၁၂ မျက်နှာပါ အစီရင်ခံစာတွင် မြန်မာစစ်အစိုးရက မည်သို့မည်ပုံ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အများစု နေထိုင်ကြသည့် မူဆလင် လူနည်းစု ရိုဟင်ဂျာများကို စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ပုံနှင့် သူတို့အိမ်များကို စွန့်ခွာ၍ အခြားနိုင်ငံများသို့ ထွက်ပြေးကြရပုံ၊ မကြာခဏ အသက်အန္တရာယ် များလှသည့် ခရီးကို ထွက်ခွာရပုံများကို HRW က ရေးသားထားသည်။ မြန်မာနိုင်င်ငံရှိ ရိုဟင်ဂျာများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်နေမှုများမှာ နှစ်ပေါင်း ၂ဝ ကျော်ခြဲ့ ပီ ဖြစ်သော်လည်း လုံလောက်သော နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရခဲ့ဟု အစီရင်ခံစာက ဆိုသည်။ ဤသို့ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုနှင့် ညှဉ်းပန်း နှိပ်စက်ခြင်းများတွင် တရားဥပဒေပြင်ပမှ သတ်ဖြတ်ခြင်းများ၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်းများ၊ ဘာသာရေးအရ ခွဲခြားဆက်ဆံခြင်းများ၊ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်းများ ပါဝင်ပြီး အဆိုးဆုံးမှာ အလွန် ကြမ်းတမ်းပြင်းထန်သော နိုင်ငံသား ဥပဒေကြောင့် ရိုဟင်ဂျာများမှာ နိုင်ငံမ့မျဲား ဖြစ်သွားရခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာများအပေါ် ဆက်ဆံပုံမှာ မနှစ်မြို့ဖွယ်ပင် ဖြစ်သည်။ မြန်မာအစိုးရသည် ရိုဟင်ဂျာများ၏ မူလအခွင့်အရေးကို ငြင်းပယ်ရုံသာမက မြန်မာနိုင်ငံသား ဖြစ်မှုကိုပင် ငြင်းပယ်နေသည်” ဟု HRW ၏ အာရှ ဒုညွှန်ကြားရေးမှူး အီလိန်းပီယာဆင် (Elaine Pearson) က ကြေညာချက် ထုတ်ပြန်ပြောဆိုသည်။ ဤပြဿနာအပေါ် ရှောင်လွှဲနေမည့်အစား အာဆီယံအဖြွဲ့ ကီးသည် ဤရက်စက် ကြမ်းကြုတ်လှသော လုပ်ရပ်များကို ရပ်တန့်ရန် မြန်မာစစ်အစိုးရကို ဖိအားပေးသင့်သည်ဟု ပီယာဆင်က ဆိုသည်။ ယခု လန်ဒန်တွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာ အသိုင်းအဝိုင်း ခေါင်းဆောင်တဦး၏ အဆိုအရ ရိုဟင်ဂျာများမှာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ပိတ်ပင်တားဆီးခြင်း ခံနေရပြီး၊ အထက်တန်း ပညာများကိုလည်း သင်ယူခွင့်မရှိဟု ဆိုသည်။ “ကျနော်တို့မှာ လက်ထပ်ဖို့တောင် အာဏာပိုင်တွေဆီက ခွင့်တောင်းနေရပါတယ်” ဟု အဆိုပါ ရိုဟင်ဂျာလူကြီးက မဇ္ဈိမကို အစောပိုင်း တွေ့ဆုံမေးမြန်းခန်း တခုတွင် ပြောဆိုခ့သဲ ည်။ ဤသို့ မြန်မာနိုင်ငံတွင်း မနှစ်မြို့ဖွယ် အခြေအနေများကြောင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများသည် မိမိတို့ နေအိမ်များကို စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နှင့် အခြား အာရှနိုင်ငံများသို့ ထွက်ပြေးလာကြရပြီး ထိုနေရာများတွင်လည်း သူတို့ကို ရန်လိုသော အခြေအနေများက စောင့်ကြိုနေပါသည်။ အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများသည် ဤပြဿနာကို ထိထိရောက်ရောက် မကိုင်တွယ်ခ့ဘဲ၊ “သူတို့၏ တုံ့ပြန်ဆောင်ရွက်မှုမှာ တပြေးညီလည်း မရှိ၊ ပြောင်းပြန်ရလဒ်ကိုပင် ရရှိစေခဲ့သည်” ဟု ဘန်ကောက်မြို့ရှိ HRW ရုံး မြန်မာနိုင်ငံ အတိုင်ပင်ခံ David Scott Mathieson က ပြောသည်။

“သူတို့ (အာဆီယံ) က နအဖရဲ့ ရိုဟင်ဂျာတွေအပေါ် ကိုင်တွယ်ပုံကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဖို့ လိုတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ တောင်းဆိုရမယ်။ အဖွဲ့ကြီးအတွင်းမှာ ဒီလိုပြဿနာကို ကိုင်တွယ်ဖို့ ယန္တရားတရပ် ရှိထားသင့်တယ်” ဟု Mathieson က မြန်မာစစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ရည်ညွှန်းပြောဆိုသွားခဲ့သည်။ အန်ဒမန်ပင်လယ်ထဲတွင် ရက်သတ္တပတ်ပေါင်းများစွာ မျောနေခဲ့ပြီးနောက် ရာပေါင်းများစွာသော ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များကို ၂၀၀၈ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၀၉ ခုနှစ် နှစ်ဆန်းတွင် ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံ ကမ်းခြေများမှ ကယ်ဆယ်ခ့ရဲ သည်။ ယင်းတို့ထဲမှ အသက်မသေ ကျန်ရစ်ခ့သဲူအချို့က သူတို့ကို ထိုင်းအာဏာပိုင်များက ပထမဆုံး ဖမ်းဆီးပြီးနောက် ပင်လယ်ထဲသို့ အစားအစာ မပါဘဲသော်၎င်း၊ အနည်းအကျဉ်းမျှဖြင့်သော်၎င်း စက်မပါသော လှေများဖြင့် ပင်လယ်ထဲသို့ အတင်းပြန်ပို့ခ့သဲ ည်ဟူသော ပြောကြားချက်များ ပေါ်ထွက်လာခဲ့ပြီးနောက် ဤပြဿနာသည် အလွန်စိတ်ဝင်စားဖွယ် အကြောင်းအရာတရပ် ဖြစ်လာခဲ့သည်။ ဤပြောကြားချက်ကို ထိုင်းနိုင်ငံက ငြင်းဆိုခ့သဲ ည်။ ဤပြဿနာကို သက်ဆိုင်ရာ ပါဝင်ပတ်သက်နေသော နိုင်ငံများမှ အရာရှိများ ဆွေးနွေးခဲ့ကြသည်။ ဤဆွေးနွေးပွဲတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ရိုဟင်ဂျာ လူမျိုးဆိုသည်မှာ မိမိတို့နိုင်ငံ၏ လူမျိုး ၁၃၅ မျိုး စာရင်းတွင် မပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံတွင် မွေးဖွားကြောင်း သက်သေပြနိုင်သူများကိုသာ အစိုးရအနေဖြင့် ပြန်လည် လက်ခံမည်ဟု အာဆီယံအဖွ့ဝဲ င် နိုင်ငံခြားရေးဝန်ကြီးများကို ပြောကြားခဲ့သည်။ “အရှေ့တောင်အာရှ နိုင်ငံများသို့ ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များ ရောက်ရှိလာခြင်းသည် မြန်မာအစိုးရ၏ ညှဉ်းပန်းနှိပ်စက်မှုမှ ပေါ်ထွက်လာသည့် တိုက်ရိုက် အကျိုးဆက်သာ ဖြစ်သည်” ဟု မက်သီဆန်က ပြောသည်။ ဤအကြောင်းအရာမှာ ခဏပန်းမျှ ထင်ရှားခဲ့ပြီး ဤပြဿဿနာကို ဘာလီကွန်ဖရင့်တွင် ဖြေရှင်းကိုင်တွယ်ရန်အတွက် ဒေသတွင်း နိုင်ငံများ သဘောတူညီခြဲ့ ကသော်လည်း လွန်ခ့ေဲ သာ တလက ဤကွန်ဖရင့် ကျင်းပပြီးကတည်းက ဘာမှ အကောင်အထည် မပေါ်ခဲ့ပါ။ “ဒီအကြောင်းကို ဒီနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ အတော်လေး အာရုံစိုက်ခြဲ့ ကပါတယ်။ ဒါပေမယ့် ဘာမှ အဖြေမထွက်တာကတော့ လက်ခံနိုင်စရာ မရှိပါဘူး” ဟု မက်သီဆန်က ပြောကြားခဲ့သည်။ နေရပ်ရင်းတွင် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်ခံရသည့်အတွက် သူတို့၏ အိုးအိမ်များကို စွန့်ခွာထွက်ပြေးလာကြသော ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များကို အကူအညီ ပေးကြပါရန် ဒေသတွင်းနိုင်ငံများကို ဤအစီရင်ခံစာက တောင်းဆိုထားပြီး၊ ဤညှဉ်းပန်းနှိပ်စက်မှု အားလုံးကို ရပ်တန့်ပါရန်လည်း မြန်မာစစ်အစိုးရကို တောင်းဆိုထားသည်။ ------------------------------------------------------------------------------------ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တောင်းဆိုချက် စစ်အစိုးရ လျစ်လျူရှု ၊ ရွေးကောက်ပွဲနှင့် တန်ပြန် မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ မေလ 28 2009 15:54 - -

-

ချင်းမိုင် (မဇ္ဈိမ)။

။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် သင့်မြတ်မှု

ရရှိရေးအတွက် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်ကို စစ်အစိုးရက လျစ်လျူရှုလိုက်ပြီး ရွေးကောက်ပွဲ လုပ်မည်ဟုသာ တုံ့ပြန်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲကာ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားမှု ဖြစ်ပွားပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းပြောဆိုခြဲ့ ပီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တန်ပြန်ကြေညာချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားရာ လူထုလူတန်းစားအသီးသီး ပါဝင်ရေးဆွဲသော အခြေခံဥပဒေ တရပ်ရှိနေပြီး ဆက်လက်၍ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်သည်ဟု ပြောထားသည်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မေလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးအဖွ့အဲ စည်းများနှင့် တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးရေးအတွက် လိုအပ်သော အခြေအနေကောင်းများ ဖန်တီး ပြီး ကုလသမဂ္ဂ အထောက်အပံ့ဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုခ့သဲ ည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်လည်း ပါရှိသည်။ သို့သော် နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းသည် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတရပ်သာ ဖြစ်ပြီး၊ နိုင်ငံရေးအရ အကျိုးသက်ရောက်မှု တစုံတရာ မရှိနိုင်ကြောင်း ကြေညာချက်တွင် ပြောဆိုလိုက်သည်။ ယမန်နှစ် စက်တင်ဘာလမှစ၍ အကျဉ်းသား ၁၅၃၁၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လွှတ်ပေးခဲ့သည်ဟုလည်း ပါရှိသည်။ စစ်အစိုးရက လူထုလူတန်းစားအသီးသီးမှ ကိုယ်စားလှယ် ၁၀၀၀ ကျော်ဖြင့် အခြေခံဥပဒေကို ရေးဆွဲခြဲ့ ခင်းဖြစ်ပြီး ဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နနှုးက ထောက်ခံမှုပေးခဲ့သည်။ ထို့ကြောင့် လမ်းပြမြေပုံ၏ နောက်တဆင့်အရ ရွေးကောက်ပွဲကို ပြုလုပ်မှာဖြစ်သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် လွတ်လပ်သော အထွေထွေ ရွေးကောက်ပွဲတွင် မဲ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခ့သဲ ည်။ ထို့နောက် အခြေခံဥပဒေတရပ် ရေးဆွဲရန် လိုအပ်သည်ဆိုကာ ဝေဖန်ပြောဆိုမှုကို တားမြစ်ကာ စိတ်ကြိုက်ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့် ၁၄ နှစ်ကျော်ကြာ ရေးဆွဲခ့သဲ ည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်များက အခြေခံဥပဒေသည် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင် အသက်သွင်းခြင်း ဖြစ်သည်ဟု အခြေခံဥပဒေ ရေးဆွဲခြင်းကို သပိတ်မှောက်ခ့သဲ ည်။

စစ်အစိုးရက အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများကို ထောင်သွင်းအကျဉ်းချထားခြင်းကို တောက်လျှောက် လုပ်ဆောင်လာခဲ့ရာ လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား ၁၂၀၀ ရှိနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထားသည်။ နိုင်ငံရေး အကျဉ်းသားဟူ၍ မရှိဘဲ ရာဇဝတ်ပြစ်မှု ကျူးလွနသ်ူများသာဖြစ်ကြောင်း စစ်အစိုးရက တစိုက်မတ်မတ် ပြောဆိုနေခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးခဲ့သည့် ရာဇဝတ်ပြစ်မှုနှင့် အကျဉ်းကျသူများ စာရင်းကို လွှတ်ပေးသည့် စာရင်းတွင် ကိုးကားလေ့ရှိသည်။ တည်ဆဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို ၆ နှစ်ဆက်တိုက် တိုးမြှင့်၍ မရတော့သည့် ကာလနီးလာချိန်တွင် အမေရိကန်နုငိငံသား ဂျွန်ယက်တောက ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်းသို့ ခိုးဝင်မှု ဖြစ်ပေါ်ခဲ့ကာ နေအိမ်အကျယ်ချုပ်ကာလအတွင်း အခွင့်မရှိဘဲ လက်ခံတွေ့ဆုံမှုဖြင့် စစ်အစိုးရက တရားစွဲဆိုမှုဖြစ်ပြီး လက်ရှိ အင်းစိန် အကျဉ်းထောင်တွင် တရားဆိုင်နေရသည်။ မကြာသေးခင်က စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းနှင့် ပတ်သက်၍ ပြောဆိုမှု အသစ်တရပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချုပ်နှောင်ထားမှု သက်တမ်းမှာ တောက်လျှောက်အားဖြင့် ၄ နှစ်ခွဲသာ ရှိနေခဲ့ကြောင်းဖြင့် ၆ လ သက်တမ်းတိုးလို့ ရသေးသည်ဟု ပါရှိသည်။ ---------------------------------------------------------------------------Chevron သည် စစ်အစိုးရကို အထောက်အကူပြုနေဟု အလုပ်သမားသမဂ္ဂ ပြောဆို ကိုဝိုင်း

-

- မဇ္ဈိမသတင်းဌာန

ကြာသပတေးနေ့၊ မေလ 28 2009 18:47 - ချင်းမိုင် (မဇ္ဈိမ)။

။ မြန်မာနိုင်ငံ တောင်ပိုင်းရှိ ရတနာ ဓာတ်ငွေ့နှင့် ပိုက်လိုင်း လုပ်ငန်းများတွင်

စွမ်းအင်ကုမ္ပဏီကြီး ရှဗရွမ် ကော်ပိုရေးရှင်း Chevron ၏ ရင်းနှီးလုပ်ကိုင်နေမှုသည် ရက်စက်ဖိနှိပ်သည့် နအဖ စစ်အစိုးရအား ဘဏ္ဍာရေးအရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂကြီးတခုက ပြောသည်။ အမေရိကန်နငှ့် ကနေဒါအခြေစိုက် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ တခုဖြစ်သော International္ဘrotherhood of Teamsters – I္ဘT ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ရက်စက်စွာ ဖိနှိပ်လေ့ရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုကိုလည်း စနစ်တကျ ကျူးလွန်နေသော စစ်အစိုးရအတွက် နိုင်ငံခြားငွေ အများဆုံး ရရှိစေသည့် ရင်းနှီးမြှုပ်နံမှုလည်းဖြစ်ကြောင်း I္ဘT က ဆိုသည်။ ရှဗရွမ် ကော်ပိုရေးရှင်းအနေဖြင့် ရင်းနှီးမြှုပ်နှံရန် မလုပ်သင့်သော နိုင်ငံများအဖြစ် မည်သည့် အချက်အလက်များကို အခြေခံပြီး မည်သို့ တိုင်းတာသတ်မှတ်သည်ကို ရှင်းလင်းစွာ ထုတ်ပြန်ပေးရန် သမဂ္ဂ၏ တောင်းဆိုချက်ကို ကော်ပိုရေးရှင်း၏ ရှယ်ယာ ပိုင်ရှင်များ နှစ်ပတ်လည် အစည်းအဝေး၌ ဆွေးနွေး၍ မဲပေးကြရာ မဲအားလုံး၏ ၂၅ ရာခိုင်နှုန်း ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလုပ်သမားသမဂ္ဂကြီး၏ ဘဏ္ဍာရေးဆိုင်ရာ အတွင်းရေးမှူး C. Thomas Keegel က “ဥပဒေကြောင်း၊ ငွေကြေးအရ၊ နိုင်ငံရေးအရ ကြီးမားတဲ့ စိန်ခေါ်မှုတွေအကြားက မြန်မာနိုင်ငံမှာ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေကို ရှဗရွမ်က ဘယ်လို ဆုံးဖြတ် လုပ်ကိုင်နေတယ်ဆိုတာကို အစုပိုင်ရှင်တွေက အလေးထားလာကြတာတွေ့ရလို့ ကျေနပ်အားရပါတယ်” ဟု ပြောသည်။ ရတနာ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှတဆင့် ရှဗရွမ်နှင့် တွဲဖက်လုပ်ကိုင်နေသည့် စစ်အစိုးရသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြေညာချက်ထဲတွင် ဆိုထားသည်။ ရှဗရွမ်အနေဖြင့် ဤကဲ့သို့ နိုင်ငံရေးအရ သတိထားရမည့် အနေအထားတွင် ရင်းနှီးမြှုပ်နှံမှု ပြုသင့်၊ မသင့် ကိစ္စမျိုးကို မည်သို့ စုံစမ်းအကဲဖြတ်သနည်းဟုလည်း မေးခွန်းထုတ်လိုက်သည်။ ၁၉ဝ၃ ခုတွင် ဖွ့စဲ ည်းခဲ့သည့် International္ဘrotherhood of Teamsters ဟုခေါ်သည့် နိုင်ငံတကာအလုပ်သမားသမဂ္ဂကြီး တွင် အဖွဲ့ဝင် အလုပ်သမား ၁ သန်းခွဲခန့် ရှိသည်။ ရှဗရွမ်ကော်ပိုရေးရှင်း Chevron Corporation သည် ကမ္ဘာ့ စတုတ္တမြောက် စွမ်းအင်ကုမ္ပဏီကြီးဖြစ်ပြီး အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မှ San Ramon မြို့၌ ဗဟိုဌာနချုပ်ဖွင့်ထားသည်။ နိုင်ငံပေါင်း ၁၈ဝ ကျော်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သန့်စင်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်။ --------------------------------------------------------------------------မော်လမြိုင်တွင် တရက်တည်း ၃ နေရာ ဗုံးကွဲ Thursday, 28 May 2009 16:51 သန်းထိုက်ဦး - ဧရာဝတီ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယမန်နေ့က ပေါက်ကွဲမှု ၃ ခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။ ပထမ ပေါက်ကွဲမှုမှာ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က မော်လမြိုင်မြို့ ရွှေတောင်ရပ် ကမ်းနားလမ်း စားသောက်ကုန် ပစ္စည်း အရောင်းဆိုင်ရှေ့လူသွားလမ်းဘေးတွင်ရှိသော ရေမြောင်းအတွင်း၌ ဖြစ်ပွားခဲ့သည်။ ထို့အပြင် စစ်ကကဲုန်းရပ် ဗဟိုလမ်း စိုက်ပျိုးရေးရုံးရှေ့နှင့် မရမ်းကုန်းရပ် မိန်းကလေးကျောင်းလမ်း၌ ဖွင့်လှစ်ထား သော ပြောင်းရွှေ့သွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းရုံး (International Organization for Migration – IOM) အနီးထပ်မံပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း စစ်အစိုးရ သတင်းစာတွင်ဖော်ပြထားသည်။ ယင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာတွင် လူထိခိုက် သေဆုံးမှု မရှိခ့ေဲ ကြာင်း အင်္ဂတေအနည်းငယ် ကွာကျပျက်စီးခဲ့ ကြောင်း သတင်းစာတွင် ရေးသားထားသည်။ ရန်ကုန်တွင် ဗုံးဖောက်ခွဲမှု နှင့် ဆန္ဒပြပွဲများ ပြုလုပ်မည်ဟု စစ်အစိုးရ မီဒီယာတွေက မေလ ၂၅ ရက်နေ့တွင် ထုတ် ပြန်ခြဲ့ ပီး ၂ ရက်အကြာ ယခုက့သဲို့ ဗုံးပေါက်ကွဲမှုမျိုး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မေလ ၂၅ ရက်နေ့ ထုတ် စစ်အစိုးရ သတင်းစာတွင် နေပြည်တော်- ရန်ကုန် အမှတ်(၃၂)အစုန်ရထားပေါ်၌ နှစ်လက်မခွဲ ပတ်လည် ချိန်ကိုက် မိုင်းတစ်လုံးတွေ့ရှိခြဲ့ ပီး ယင်းမိုင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (A္ဘSDF) အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။ နအဖ စစ်အစိုးရ၏ သတင်းထုတ်ပြန်ချက်အပေါ် A္ဘSDF က အခြေအမြစ်မရှိ စွပ်စွဲရေးသား ထုတ်ပြန်ခ့သဲ ည်ဟု ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံရေးအခြေအနေသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကျောင်း သားပြည်သူတရပ်လုံး၏ လှုပ်ရှားမှုများ အရှိန်မြင့်တက်နေသည့် အချိန်တွင် နအဖ စစ်အာဏာရှင်များ ကိုယ်တိုင် မမှန်မကန်သတင်းများ ဖြန့်ဝေခြင်း၊ အများပြည်သူများအား အထိတ်တလန့်ဖြစ်စေရန် ခြိမ်းခြောက်ခြင်းနှင့် တမင် ဖန်တီးလုပ်ဆောင်မှုများကို ပြုလုပ်လျှက်ရှိကြောင်း ၎င်း A္ဘSDF ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ရန်ကုန် အခြေစိုက် ပြည်တွင်း သတင်းထောက်တဦးက“ နေ့ဘက် လမ်းမပေါ်တွေမှာ လုံထိန်းကားတွေ လှည့်နေ သလို ညအချိန်မှာလည်း လမ်းမပေါ် သွားလာနေတဲ့ လိုင်းကားတွေ၊ တက္ကစီအဌားကားတွေနဲ့ လူတွေကို တင်းတင်း ကျပ်ကျပ် စစ်ဆေးနေပါတယ်”ဟု ပြောသည်။ နအဖ စစ်အစိုးရသည် မြန်မာပြည်အတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့်အခါတိုင်း နယ်စပ်အခြေစိုက် လက် နက်ကိုင်တပ်ဖွ့မျဲားနှင့် မြန်မာအတိုက်အခံများ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသလို ယင်းအတိုက်ခံ အဖွဲ့ အစည်းများကလည်း ငြင်းဆိုလေ့ရှိကြသည်။ သို့သော် စစ်အစိုးရက ဗုံးဖောက်ခွဲသည့် တရားခံများကို ထုတ်ဖော် ဖမ်းဆီးနိုင်ခြင်း မရှိခ့ေဲ ပ။ --------------------------------------------------------------------------မြန်မာ့အရေး စုံစမ်းရန် လုံခြုံရေးကောင်စီကို ပီညဲရိုး တိုက်တွန်း Thursday, 28 May 2009 19:42 ဧရာဝတီ ရာဇဝတ်မှု ကျူးလွန်သော မြန်မာ စစ်အစိုးရကို အရေးယူနိုင်ရန် စုံစမ်းရေး ကော်မရှင် တရပ် လိုအပ်သည် ဟု မြန်မာပြည် ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အဖြစ် ၈ နှစ် တာဝန် ယူခဲ့သူ မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တိုက်တွန်းလိုက်သည်။ အမေရိကန် အခြေစိုက် New York Times သတင်းစာတွင် “မြန်မာပြည်၏ ဆိုးရွားလှသော စနစ်ကို အဆုံးသတ်” (End္ဘurma’s System of Impunity) ခေါင်းစဉ်ဖြင့် မစ္စတာ ပီညဲရိုး ယမန်နေ့က ရေးသားခဲ့သော သုံးသပ်ချက် ဆောင်းပါးတွင် ဖော်ပြလိုက်ခြင်း ဖြစ်သည်။ စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ထောက်ပြ ပြောဆိုထားရာတွင် လွန်ခ့ေဲ သာ ၁၅ နှစ် အတွင်း တိုင်းရင်းသား လူမျိုးစုများ၏ ဒေသတွင် ကျေးရွာပေါင်း ၃၃၀၀ ထက်မနည်းကို ဖျက်ဆီးခြင်း၊ တိုင်းရင်းသားများကို စနစ်တကျ နှိပ်ကွပ်ခြင်း စသည့် အချက်များလည်း ပါဝင်သည်။ ကုလသမဂ္ဂ အစီရင်ခံစာများတွင်လည်း မြန်မာ့တပ်မတော်က ကလေးများကို စစ်သား အဖြစ် ခိုင်းစေမှု၊ အရပ်သားများကို မြေမြှုပ်မိုင်း ရှာဖွေရာတွင် အသုံးပြုမှု၊ ထောင်နှင့် ချီသည့် ကျေးလက်နေ ပြည်သူ များကို စေခိုင်းမှု စသည့် အချက်များကို ထောက်ပြထားသည်။

ထို့အပြင် မြန်မာစစ်သားများက အမျိုးသမီးများအား မုဒိန်းကျင့်ခြင်းကို စနစ်တခု သဖွယ် ကျင့်သုံးနေသည်ဟု ရေးသားထားသည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ တွင် အသက် ၇ နှစ်အရွယ် ကရင် တိုင်းရင်းသူတဦးအား စစ်သားတဦးက မုဒိန်းကျင့်၊ သတ်ဖြတ်ခြဲ့ ခင်းကို ဥပမာ ပေးထားသည်။ အာဏာပိုင်တို့က ထိုစစ်သားကို အရေးယူခြင်း မရှိဘဲ အဆိုပါ မိန်းကလေး၏ မိဘများကို ငွေပေးပြီး နှုတ်ပိတ်ခဲ့ကြောင်း၊ ဖြစ်ပျက်ခဲ့သမျှကို လျှို့ဝှက်ထားခြင်း မပြုပါက ဒုက္ခရောက်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း စသဖြင့် ဖော်ပြထားသည်။ ၂၀၀၂ ခုနှစ်တွင် ၅နှစ်တာ ကာလအတွင်း ရှမ်းပြည်နယ်ရှိ အမျိုးသမီး ၆၂၅ ယောက် အဓမ္မ ပြုကျင့် ခံရခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ တစောင်ကို လက်ခံရရှိခ့ေဲ ကြာင်း၊ ယင်းအမှုတွင် ပါဝင်သည့် ပြစ်မှု ကျူးလွန်သူများကို အပြစ် ပေးခြင်း မရှိခ့ေဲ ကြာင်းလည်း ပြောဆိုထားသည်။ ၁၉၉၀ ပြည့်နှစ်မှ စပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ စုစုပေါင်း ၃၇ ကြိမ် သွားရောက်ကာ တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန်၊ လူ့အခွင့်အရေး အခြေအနေများ တိုးတက်ရန် ဆောင်ရွက်ခဲ့သည်ဟု ပီညဲရိုးက ဆိုသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ချက် ၃၅ ခု ချမှတ်ခ့ေဲ သ်ာလည်း လုံခြုံရေး ကောင်စီကမူ ထိရောက်သည့် ဆုံးဖြတ်ချက် တခုကိုပင် ချမှတ်နိုင်ခြင်းမရှိ ဟုလည်း ထောက်ပြထားသည်။ မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုး၏ ဆောင်းပါး နိဒါန်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ အကျဉ်းချခံထားရကြောင်း ရေးသားထားသည်။ အာဏာပိုင်တို့က သူ့ကို နေအိမ်အတွင်း ဧည့်သည်တဦး လက်ခံခြင်းကြောင့် ထိန်းသိမ်းမှု သက်တမ်း ၅ နှစ်အထိ ထပ်မံ တိုးမြှင့်ရန် ပြင်ဆင်နေဟန်ရှိသည်ဟု ဆောင်းပါးတွင် နိဒါန်းပျိုး ရေးသားထားသည်။ ဤအတောအတွင်း နိုင်ငံတကာတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေကြသည်။ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၄ နှစ်ပြည့် မွေးနေ့ ကို ရည်ရွယ်ပြီး ကမ္ဘာကျော် ပုဂ္ဂိုလ်များက အင်္ဂလိပ် ဘာသာဖြင့် စကားလုံး ၆၄ လုံး ပါဝင်သည့် စကားရပ်များဖြင့် ဂုဏ်ပြု ပြောဆိုနိုင်ရန် www.64forsuu.org အင်တာနက် စာမျက်နှာကို ဖွင့်လှစ်ခ့သဲ ည်။ ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်းက စကားလုံး ၆၄လုံး ဖြင့် “ခင်ဗျား လွတ်မြောက်လာဖို့ တောင်းဆိုတာတွေ မြိုင်မြိုင်ကြီး ထွက်ပေါ်နေချိန်မှာ ကျနော်လည်း ပါဝင် တောင်းဆိုလိုက်ပါတယ်။ သည်းမခံနိုင်စရာ ကောင်းတဲ့ မတရားမှုကို ရင်ဆိုင်ဖို့ ကမ္ဘာကြီးက ပျက်ကွကေ် နတာ ကြာပါပြီ။ အခုတော့ ပြောင်းလဲလာနေပါတယ်။ ဥရောပတလွှား၊ အာရှနဲ့ တကမ္ဘာလုံးက ခင်ဗျား လွတ်မြောက်ဖို့ အတွက် တောင်းဆိုနေကြပါပြီ” ဟု ပြောကြားခဲ့သည်။ ယင်း အင်တာနက် လှုပ်ရှားမှုတွင် ယမန်နေ့ကအထိ ဂုဏ်ပြုစကား ၁၄၀၀ ခန့် ရရှိထားသည်ဟု သိရသည်။

မေလ ၁၈ရက်နေ့ ကလည်း နိုဗဲလ် ဆုရှင် ၁၁ဦးတို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးရန် ကုလသမဂ္ဂကို မေတ္တာရပ်ခံခ့သဲ ည်။ --------------------------------------------------------------------------တဦးတည်းသော သက်သေကို ကြားနာစစ်ဆေး Thursday, 28 May 2009 20:18 ကိုစိုး - ဧရာဝတီ တရားရင်ဆိုင် နေရသည့် ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်မှ တဦးတည်းသော သက်သေဖြစ်သူ NLD လပွတ္တာ အမတ် ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုချက်များသည် ပြစ်မှု မမြောက်ကြောင်း တရားရုံးတွင် ယနေ့ထွက်ဆိုခ့သဲ ည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက “အဓိက ထွက်ဆိုချက်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ဆက်လက်ချမှတ်ထားတဲ့ တားဆီးမိန့်မှာ ပါတဲ့ အခြားသို့ စာဖြင့်ဆက်သွယ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို သူက အခြားသို့ ဆိုတာ အရေးယူခံရတဲ့ ပုဂ္ဂိုလ်ကနေ တခြားသို့ ဆက်သွယ်တာ၊ တခြားကနေ အရေးယူခံရတဲ့ လူဆီ ဆက်သွယ်တာ မပါဘူး၊ ဒါဟာ ဥပဒေကို ဖတ်လို့ရှိရင် ကိုယ်နေ့စဉ်သုံး အဓိပ္ပာယ် အတိုင်းပဲ ယူရမယ်၊ ချဲ့ထွင်ပြီး ယူလို့မရပါဘူးလို့ သူကထွက်ဆိုပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော တားဆီးမိန့်ချိုးဖောက်မှု ဥပဒေ ပုဒ်မများသည် ၁၉၇၄ ခုနှစ် ဆိုရှယ် လစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေခံထားသည့် ဥပဒေ ပုဒ်မများဖြစ်သောကြောင့် ပြစ်မှု မမြောက်ခြင်းဖြစ် ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်း ၁၉၇၄ ဖွဲစည်းပုံဥပဒေသည် တရားမဝင် ပျက်ပြယ်ပြီးဖြစ်သောကြောင့် ဖြစ်သည်ဟု ဦးကြည်ဝင်းက ထွက်ဆိုသွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရပုဂ္ဂိုလ် တဦး လည်းဖြစ်သည့် ဦးဉာဏ်ဝင်းက ပြောသည်။ ၁၉၉၁ ခုနှစ်၌ နဝတ ဥက္ကဌက တော်လှန်ရေးနေ့တွင် ပြောကြားသည့် မိန့်ခွန်းတခု၌ ၁၉၇၄ ခုနှစ်အခြေခံဥပဒေ မရှိတော့ဟု အတိအလင်းပြောကြားထားကြောင်း၊ ထို့အပြင် နဝတ ထုတ်ပြန်သည့် အမိန့်အမှတ် ၁/၉၀ မှလည်း ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမရှိကြောင်း စာပိုဒ် တပိုဒ်တွင် ဖော်ပြထားကြောင်း ဦးကြည်ဝင်းက ထောက်ပြထွက် ဆို သွားသည်ဟု လည်း ဦးဉာဏ်ဝင်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ကန့်သတ်တားဆီးမိန့်များမှာ ၁၉၇၄ ဆိုရှယ်လစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားသော လူ့အခွင့်အရေး၊ လူတဦးချင်းစီ၏ အခွင့်အရေးများကို ၂၀၀၃ ခုနှစ်က ရုပ်သိမ်းထားသည့် ကန့်သတ်မိန့် ဖြစ်ကြောင်း သိရသည်။ “လက်ရှိစစ်အစိုးရက ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိတယ်လို့ပြောတယ်၊ ရှိလို့ အဲဒီအထဲက ဥပဒေတွေကို သုံး တယ်လို့ပြောတယ်၊ အခု လက်ရှိလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို အတည်ဖြစ်ပြီလို့ နအဖ ဥက္ကဌ ကိုယ် တိုင် လက်မှတ်ထိုးထုတ်ထားတယ်၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်၊ ဒီဥစ္စာဟာတဲ့ Constitutional Crisis ဖွဲ့စည်းပုံ ဆိုင်ရာ အကျပ်အတည်း မဟုတ်ဘူးတဲ့ ၊ ဒါပေမယ့် Crisis of Constitution ဖွဲ့စည်းပုံ ဥပဒေရဲ့ အကျပ်အတည်း ဖြစ်နေတယ်လို့ ကျနော့်ကို ပြောတယ်”ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန်တင်ထားသော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ကို ပယ်ချလိုက်ပြီး NLD လပွတ္တာ အမတ် ဦးကြည်ဝင်း ၁ ဦးကိုသာ သက် သေ ထွက်ဆိုရန် ခွင့်ပြုခဲ့ပြီး ယနေ့တွင် ကြားနာစစ်ဆေးခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ ပြီးခဲ့သည့် သောကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။ မေလ၂၆ ရက်နေ့က ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်တစောင်တွင်“ဤအမှုကို လွတ်လပ်ပြီး တရားမျှတခြင်းမရှိဘဲ အမြန်ဆုံးအမိန့်ချမှတ်နိုင်ရန် နေ့စဉ်ရက်ဆက် စစ်ဆေးနေပါသည်၊ ထို့အပြင် ယင်းအမှုနှင့် ပတ် သက်၍ အဓိက တာဝန်ရှိသော လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုံခြုံရေး ချိုးဖောက်သူကို လည်း အရေးယူ တရားစွဲဆိုထားခြင်း တစုံတရာမရှိသေးကြောင်း တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။ အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခြဲ့ ပီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၄ တို့အရ ဆက်လက် တားဆီးရန် အစိုးရအဖွဲ့၏ ကြိုတင် ခွင့်ပြုချက်ဖြင့် စုစုပေါင်း (၄)နှစ် (၆)လ တားဆီးခဲ့ပြီး ဖြစ်ကြောင်း၊ ပုဒ်မ ၁၄ အရ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရယူပြီး တကြိမ်လျှင် တနှစ်ထက်မပိုစေဘဲ (၅)နှစ် အထိ ဆက်လက် တား ဆီးမှုပြုလုပ်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တည်ဆဲဥပဒေအရ နောက်ထပ် (၆)လ ဆက်လက်တား ဆီးထားနိုင်ခွင့်ရှိကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၏ ရှင်းလင်း ပြောကြားချက်ကို ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုက့သဲို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။ --------------------------------------------------------------------------ဒေါ်အောင်ဆန်းစုကြည် လွှတ်ရေး ဆန္ဒပြသူအဖမ်းခံရ Thursday, 28 May 2009 18:43 ကြည်ဝေ - ဧရာဝတီ အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဦးဇော်ညွန့် ဆိုသူ အမျိုးသားတဦးက ဆိုင်းဘုတ်ကိုင် တောင်းဆို ဆန္ဒပြသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

“သူက ဆိုင်းဘုတ်ကိုင်ထားတယ်၊ ဆိုင်းဘုတ်မှာ အမေစုကို ကယ်ဖို့သင့်ပြီ ဆိုတဲ့ စာတန်း ပါတာကို မြင်လိုက် တယ်၊ အောက်မှာတော့ တခြားစာတွေလားမသိဘူးပါသေးတယ်၊ သူက လက်ကို မြှောက်ပြီး ပြနေတုန်း သူ့ကို ရဲနဲ့ အရပ်ဝတ် လုံခြုံရေးတွေက ချက်ချင်းဖမ်းသွားတာ တွေ့လိုက်တယ်”ဟု ဦးဇော်ညွှန့် အဖမ်းခံရသည်ကို မြင်တွေ့လိုက်ရသော လူငယ်တဦးက ပြောပြသည်။ ထိုသို့ ဆိုင်းဘုတ်ကိုင် ဆန္ဒပြချိန်မှာ မိနစ်ပိုင်းမျှသာ ကြာမြင့်လိုက်ပြီး လုံခြုံရေးရဲများက ဖမ်းဆီး၍ အင်းစိန်ဈေး အတွင်းသို့ ခေါ်သွားခဲ့ကြောင်း၊ ထို့နောက် ရဲကားဖြင့်ခေါ်ဆောင်သွားသည်ကို တွေ့ရကြောင်းလည်း သူက ပြော သည်။ အဆိုပါ ဆန္ဒပြသူ ဦးဇော်ညွှန့်သည် နိုင်ငံရေးပုဒမ် ဖြင့် ထောင်ကျခဲ့ဖူးသူဖြစ်ကြောင်းနှင့် ၎င်းအား ဖမ်းဆီးပြီး နောက် အင်းစိန်ထောင်အနီးတွင်လုံခြုံရေးပိုမို တင်းကျပ်လာကြောင်း သိရှိရသည်။ “သူ့ကို ဖမ်းပြီး ကားနဲ့တင်ခေါ်သွားတာ တွေ့လိုက်ရတာတော့ နေ့လယ် ၁နာရီခွဲ ကျော်ကျော်လောက်ပဲ၊ အဲဒီ နောက်ပိုင်းတော့ ရဲကားတွေ ရောက်လာတယ်၊ ပြီးတော့ အရပ်ဝတ်ရဲတွေလည်း ပိုများလာတယ်”ဟု အင်းစိန် ထောင်အနီးသို့သွားရောက်ခ့ေဲ သာ သတင်းထောက်တဦးက ပြောပြသည်။ ညနေ ၃ နာရီ ၀န်းကျင်တငွ် ကမ္ဘာအေးဘုရားဝန်းထဲမှ ရဲအပြည့်ပါသော ကား ၁၂ စီးခန့်သည် ရှစ်မိုင်မှ တဆင့် အင်းစိန်အကျဉ်းထောင်ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း မြင်တွေ့လိုက်ရသူများက ပြောဆိုသည်။ လတ်လောတွင် ညနေ ၄ နာရီ ၀န်းကျင်မှ စပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိသော တက္ကသိုလ်ရိပ်သာလမ်းကို အင်းလျားလမ်း မီးပွိုင့်ထိပ်မှ ကမ္ဘာအေးဘုရားလမ်းထိပ် အထိ ပိတ်ထားလိုက်ကြောင်း သိရှိရသည်။ ---------------------------------------------------------------------------ဒေါ်အောင်ဆန်းစုကြည် သက်သေ ၃ ဦး အပယ်ခံရ Thursday, 28 May 2009 16:36 ကိုစိုး - ဧရာဝတီ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော နေအိမ်သို့ ရေကူးဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး တရား ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်ဘက်က တင်သည့် တရားခံပြသက်သေ ၄ ဦးမှ ၃ ဦးကို ယမန်နေ့က ပယ်ချလိုက်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ပြောသည်။ ယင်းအမှုကို ကြားနာ စစ်ဆေးနေသော အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန်တင်ထားသော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ကို ပယ်ချလိုက်ပြီး NLD လပွတ္တာ အမတ် ဦးကြည်ဝင်း ၁ ဦးကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်ဟု NLD ပြန်ကြားရေးအဖွဲ့မှ ဦးအုန်းကြိုင် က ပြောပြသည်။ ဦးအုန်းကြိုင် က “ပယ်လိုက်တဲ့ အကြောင်းကတော့ ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ လို့ပြောပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေများကို ပြီးခဲ့သည့် အင်္ဂါနေ့က တရားရုံးသို့ တင်ခြဲ့ ခင်းဖြစ်ပြီး ယမန်နေ့ တရားရုံးပိတ်ချိန်တွင်မှ ယခုက့သဲို့ ပယ်ချသော စီရင်ချက်ကို ချမှတ်ခြင်းဖြစ်သည့်အတွက်ကန့်ကွက်လွှာ တင်ရန် အချိန်မရကြောင်းနှင့် တရားရုံး၏ လုပ်ဆောင်ချက်သည် မျှတမှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ကြီးများက ပြောကြားသည်ဟုလည်း ဦးအုန်းကြိုင်က ဆိုသည်။ “ရှေ့နေကြီးတွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းက တရားရုံး စီရင်ချက်ကို မငြင်းနိုင်သော်လည်း ဒါ ဟာ မမျှတ ပါဘူးလို့ ပြောကြတယ်၊ လက်ခံနိုင်ဖွယ်မရှိပါဘူးလို့လည်း တရားသူကြီးကို ချက်ချင်းပြောတယ်၊ တရားရုံး ထုံးစံ အတိုင်း စီရင်ချက်ကို ကူးမယ်၊ ကူးပြီးရင် ကန့်ကွက်လွှာတင်မယ်ပေါ့၊ အဲဒီလို လုပ်မယ့်အခါမှာ ရုံးတံခါးက ပိတ် ထားပြီတဲ့ မဖွင့်ပေးတော့ဘူး ၊ တရားသူကြီးက ပြန်သွားတယ်၊ ဦးဉာဏ်ဝင်းတို့ ပြန်ပြောပြတာက ကန့်ကွက်လွှာ တင်ဖို့တောင် ပိတ်ပင်ခံရပါတယ်၊ မမျှတပါဘူးတဲ့”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင်ပြုခဲ့သော လပွတ္တာ အမတ် ဦးကြည်ဝင်း ကို ယနေ့တွင် စစ်ဆေးမည်ဖြစ်သည်။ စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။ “ကျနော့် အထင် ဦးတင်ဦး ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်ဘဝကတည်းက သိခ့တဲ ယ်၊ ဗိုလ်ချုပ်ကို လည်း သိတယ်၊ ဆရာ ဦးဝင်းတင်ဆိုတာကလည်း ရှစ်လေးလုံး မတိုငခ် င်ကတည်းက ဒေါ်စုန့သဲိတယ်၊ နောက် ဒေါ်စုရဲ့ နိုင်ငံရေး စိတ်နေ စိတ်ထားတွေ၊ သူ့ရဲ့ ကိုယ်ကျင့်တရားတွေ၊ နိုင်ငံရေးရည်မှန်းချက်တွေကို ကောင်း ကောင်း သိတ့လဲူ၊ ဦးကြည်ဝင်း ဆိုတာကလည်း ဥပဒေ ပညာရှင်ကြီး၊ နောက် ဒေါ်ခင်မို့မို့ကလည်း ရှေ့နေပဲ၊ အဲဒီတော့ ဒေါ်စု ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ပြီး ၂ ယောက်ကပြောပြီးတော့ ကျန် ၂ ယောက်က ဥပဒေနဲ့ ပတ် သက်တာတွေ ပြောမယ်လို့ ကျနော်တော့ အဲဒီလိုထင်တယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။ ပြီးခဲ့သည့် တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ် ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခ့သဲ ည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ ပြီးခဲ့သည့် သောကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

မေလ၂၆ ရက်နေ့က ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်တစောင်တွင်“ဤအမှုကို လွတ်လပ်ပြီး တရားမျှတခြင်းမရှိဘဲ အမြန်ဆုံးအမိန့်ချမှတ်နိုင်ရန် နေ့စဉ်ရက်ဆက် စစ်ဆေးနေပါသည်၊ ထို့အပြင် ယင်းအမှုနှင့် ပတ် သက်၍ အဓိက တာဝန်ရှိသော လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုံခြုံရေး ချိုးဖောက်သူကို လည်း အရေးယူ တရားစွဲဆိုထားခြင်း တစုံတရာမရှိသေးကြောင်း တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။ အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခြဲ့ ပီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၄ တို့အရ ဆက်လက် တားဆီးရန် အစိုးရအဖွဲ့၏ ကြိုတင် ခွင့်ပြုချက်ဖြင့် စုစုပေါင်း (၄)နှစ် (၆)လ တားဆီးခဲ့ပြီး ဖြစ်ကြောင်း၊ ပုဒ်မ ၁၄ အရ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရယူပြီး တကြိမ်လျှင် တနှစ်ထက်မပိုစေဘဲ (၅)နှစ် အထိ ဆက်လက် တား ဆီးမှုပြုလုပ်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တည်ဆဲဥပဒေအရ နောက်ထပ် (၆)လ ဆက်လက်တား ဆီးထားနိုင်ခွင့်ရှိကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၏ ရှင်းလင်း ပြောကြားချက်ကို ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုက့သဲို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။ ---------------------------------------------------------------------------စစ်အစိုးရကြောင့် အာဆီယံ မျက်နှာပျက် Thursday, 28 May 2009 17:55 ဇာနည်ဝင်း - ဧရာဝတီ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက ထိန်းသိမ်းထားခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် က ပြောလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရခြင်းနှင့် ပတ်သက်ပြီး “ကမ္ဘာတဝန်းမှာရော အာဆီယံ အသင်းမှာပါ စိုးရိမ် ပူပန်နေကြလို့ ထုတ်ဖော် ပြောကြားလိုက်တာပါ” ဟု ဆူရင်ပစ်ဆူဝမ်က ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံနှင့် ဥရောပသမဂ္ဂ နိုင်ငံများ ဝန်ကြီးအဆင့် အစည်းအဝေးတွင် သတင်းထောက်များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ရန် မြန်မာစစ်အစိုးရကို တိုက်တွန်းနေချိန်တွင် မစ္စတာ ဆူရင်ပစ်ဆူဝမ်က ငြိမ်သက်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုပြီး ၂ ပတ် ကြာသည့်အချိန်တွင်မှ မစ္စတာ ဆူရင်ပစ်ဆူဝမ်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ရန် တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက ထိုတောင်းဆိုချက်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ ထိုင်းနိုင်ငံက ထိုတုံ့ပြန်ချက်ကို လက်မခံပေ။ ထိုင်းနိုင်ငံ၏ အရေးအခင်းများနှင့် ပတ်သက်၍လည်း နိုင်ငံတကာက စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့ကြသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ်ဖိရုမ်းက ထောက်ပြသည်။ “ပြည်တွင်းရေးကို ဝင်စွက်တာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့သလိုပဲပေါ့၊ နိုင်ငံ အတော်များများက ဆန္ဒပြပွဲတွေ၊ တောင်ပိုင်း ဒေသက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်တယ် ဆိုပြီး ပြောကြတယ်။ ဘာကြောင့်လည်း ဆိုတော့ ထိုင်းမှာ ဖြစ်တဲ့ အခြေ အနေတွေက ဒေသတွင်း တည်ငြိမ်ဖို့ နဲ့ အာဆီယံအသင်းကို ထိခိုက်နိုင်တယ်လေ” ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ်ဖိရုမ်းက ဖြေရှင်းချက် ထုတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုသူများထဲတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီလည်း ပါဝင်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်နှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များက ၎င်းတို့ ထိန်းချုပ်ထားသည့် စာနယ်ဇင်းများမှတဆင့် ယနေ့ ပြန်လည် ဖြေရှင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က သူ၏အိမ်သို့ ရောက်လာသော အမေရိကန် နိုင်ငံသားကို “နှစ်ရက်တိုင် နေထိုငခ်ွင့် ပြုခြင်း၊ လက်ခံ စကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်း စသည်တို့ကို ပြုလုပ်ခ့သဲ ည့် အတွက် ဥပဒေနှင့် အညီ မလွှဲမရှောင်သာ အမှုဖွင့် တရားစွဲဆိုခ့ရဲ ပါသည်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ခဲ့သည်။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ထောင် ၅ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲဆိုခြင်းမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားလိုခြင်းကြောင့် ဖြစ်မည်ဟု အများစုက ယူဆထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားခြင်းကြောင့် မြန်မာနိုင်ငံအား အာဆီယံ အဖွဲ့ဝင် အဖြစ်မှ ယာယီ ရပ်ဆိုင်းသည့် နည်းဖြင့် အရေးယူပေးရန် AIPMC ဟု ခေါ်သည့် မြန်မာ့အရေး အာဆီယံ လွှတ်တော် အမတ်များအဖွဲ့က အင်္ဂါနေ့တွင် တောင်းဆို ထားသည်။ မြန်မာအစိုးရသည် ကိုယ်တိုင် သဘောတူ လက်မှတ်ထိုးထားသော အာဆီယံ၏ပဋိညာဉ် စာချုပ်ကို လေးစားခြင်း မရှိကြောင်း ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန၊ လုံခြုံရေး နှင့် နိုင်ငံတကာလေ့လာရေး ညွှန်ကြားရေးမှူး Thitinan Pongsudhirak က ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ ရေးသားလိုက်သည်။ “အာဆီယံပဋိညာဉ် စာချုပ် အခန်း ၁၊ အပိုဒ် ၇ တွင် ဖော်ပြထားသည့် ဒီမိုကရေစီ၊ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး နှင့် အခြေခံ လွတ်လပ်ခွင့်များကို ကာကွယ်မြှင့်တင်ရေး” စသည့် အချက်များကို ချိုးဖောက်နေကြောင်း ၎င်းက ထောက်ပြထားသည်။

မြန်မာစစ်အစိုးရက အာဆီယံ၏ပဋိညာဉ် စာချုပ်ပါ စည်းမျဉ်းကို စနစ်တကျ ချိုးဖောက်နေသောကြောင့် အရေး ယူသင့်ကြောင်း မြန်မာနိုင်ငံကို စောင့်ကြည့် လေ့လာ နေသော စင်ပြိုင်အာဆီယံအဖွဲ့မှ ဒက်ဘီ စတူးဟတ်က ဧရာဝတီကို ပြောသည်။ “အာဆီယံအဖွဲ့အနေနဲ့ မြန်မာစစ်အစိုးရကို တနည်းနည်းနဲ့ အရေးယူနိုင်မယ့် အစီအစဉ်ကို စဉ်းစားသင့်ပါတယ်” ဟု ဒက်ဘီ စတူးဟတ်က သုံးသပ်ပြသည်။ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ကဲ့သို့သော ပြင်းထန်သည့် အရေးယူမှုမျိုးနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံ ခေါင်းဆောင်များကသာ ကိုင်တွယ်မည်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က သတင်းထောက်များကို ပြောသည်။ “အသင်းဝင်နိုင်ငံတခုကို ပယ်ဖျက်ဖို့၊ အသင်းကနေ ထုတ်ဖို့ ဆိုတဲ့ ပြဋ္ဌာန်းချက် ကျနော်တို့မှာ မရှိပါဘူး။ ဒီကိစ္စမျိုးကို ခေါင်းဆောင်တွေ ဆွေးနွေးဖို့ လိုပါတယ်” ဟု ဆူရင်ပစ်ဆူဝမ်က ဆိုသည်။ လာမည့် အောက်တိုဘာလတွင် အာဆီယံ ခေါင်းဆောင်များ၏ ၁၅ ကြိမ်မြောက် ထိပ်သီး အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။ ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည် ဆက်လက် အကျဉ်းကျနေခြင်းနှင့် ပတ်သက်ပြီး နိုငင်ံတကာက ဝေဖန် ကန့်ကွက်နေမှုများကို စစ်အစိုးရက တင်းတင်းမာမာပင် တုံ့ပြန်လျက်ရှိသည်။ "ဒီကိစ္စတွေဟာ နိုင်ငံရေးလည်း မဟုတ်ဘူး၊ လူ့အခွင့်အရေးနဲ့လည်း မဆိုင်ဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ပြင်ပက ဖိအားတွေ၊ ဝင်ရောက် စွက်ဖက်တာတွေကို လက်ခံမှာ မဟုတ်ဘူး” ဟု စစ်အစိုးရ၏ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က ယနေ့ ကမ္ဘောဒီးယားတွင် ပြုလုပ်သည့် အာဆီယံနှင့် ဥရောပသမဂ္ဂ နိုင်ငံများ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ပြောလိုက်သည်။ ----------------------------------------------------------------------------ဒေါ်စုအမှု တရားခွင် ထွက်ဆိုချက်များ နအဖသတင်းစာတွင် အပြည့်အစုံ မဖော်ပြ မင်းနိုင်သူ / ၂၈ မေ ၂၀၀၉ ခေတ်ပြိုင် ယမန်နေ့တရားခွင်တွင် ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမနှင့် မစ္စတာယက်တော တို့ကို စစ်မေးခဲ့ရာ အဓိကအားဖြင့် မစ္စတာယက်တောကို စစ်မေးမှု ပြုခဲ့ကြောင်း အန်အယ်လ်ဒီပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။ နံနက်ပိုင်းတရားခွင်တွင် ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အား တနာရီခန့်စီ စစ်မေးခဲ့ပြီးနောက် ညနေပိုင်း တရားခွင်တွင် မစ္စတာယက်တောတဦး တည်းကိုသာ အဓိကထားစစ်မေးခဲ့သည်။ ထိုသို့စစ်မေးရာ မစ္စတာယက်တောက ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ခြံသို့ ယမန်နှစ် နိုဝင်ဘာလ အတွင်းကလည်း ၀င်ရောက်ခ့ဖဲူးကြောင်း၊ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ခ့ရဲ ကြောင်း၊ အပြန်တွင် လမ်းလျှောက်ပြန်လာရာ လုံခြုံရေးအရာရှိတဦးက တွေ့ရှိပြီး ၎င်းကို တစုံတခုလှမ်းပြောကြောင်း၊ ၎င်းက ပြန်တော့မယ် ဟု ဆိုကာ ပြောဆိုပြီး ပြန်လာခဲ့ကြောင်း၊ ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်သူ

တစုက လုပ်ကြံမည့်အရေးကို မြင်သောကြောင့် ဘုရားသခင်အလိုရ လာရောက်ရခြင်း ဖြစ်ကြောင်း ထွက်ဆို သွားခဲ့သည်ဟု ပါတီပြောခွင့်ရသူ ဦးအုံးကြိုင်က ပြန်လည်ပြောပြသည်။ ထို့နောက် ယခုနှစ် မေလ (၃) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ သွားရန် အင်းလျား ကမ်းစပ် တလျှောက် လမ်းလျှောက်လာစဉ်တွင်လည်း လုံခြုံရေးဝန်ထမ်း (၅) ဦးကို တွေ့ခ့ရဲ ကြောင်း၊ ထိုသူတို့က တားဆီးခြင်း မရှိဘဲ ခဲသေးသေးလေးများဖြင့် ၎င်းကို ပေါက်ကာ စနောက်ခြဲ့ ကကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ၎င်းယူလာသော ပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံခ့ေဲ ကြာင်း၊ ထို့ကြောင့် အိမ်မှ သိမ်းဆည်းရမိသောပစ္စည်းများမှာ ၎င်းမေ့ကျန်ခ့ေဲ သာ ပစ္စည်းများသာ ဖြစ်ကြောင်း၊ ၎င်း ဓာတ်ပုံ တချို့ ရိုက်ကူးခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်တို့ မသိရှိခ့ေဲ ကြာင်း၊ နေအိမ်အတွင်း ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ကြိမ်သာ တွေ့ခ့ရဲ ပြီး ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေကို လေးစား လိုက်နာရန် နှင့် အမြန်ဆုံးပြန်ရန် စကားနှစ်ခွန်းကိုသာ နှစ်ကြိမ်စလုံး ပြောဆိုသွား ခဲ့ကြောင်း မစ္စတာ ယက်တောက ထွက်ဆိုခ့သဲ ည်။ “မစ္စတာယက်တောက သူဟာ ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမယ့်အရေးကို မြင်တ့အဲ တွက် ဘုရားသခင် အလိုကျ လာရောက်ရတယ်လို့ သုံးလေးကြိမ်ပြောတာကို အစိုးရဘက်က လူတွေက ရယ်တယ်တ့။ဲ တရားခွင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးကြည်ဝင်းကို ပြောတယ်။ ဒီလို သူတပါး လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုတာကို ပြက်ရယ်ပြုတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်” ဟု ဦးအုံးကြိုင်က ပြန်လည်ပြောဆိုသည်။ နအဖစစ်အစိုးရ၏ ယနေ့ထုတ်သတင်းစာများတွင် တရားခွင်ထွက်ဆိုချက်အချို့ကို ဖော်ပြခဲ့သော်လည်း မစ္စတာယက်တော၏ အထက်ပါထွက်ဆိုချက်များကို ချန်လှပ်ထားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဦးတင်ဦး (အန်အယ်လ်ဒီပါတီ ဒု-ဥက္ကဋ္ဌ)၊ ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး)၊ ဦးကြည်ဝင်း (လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့် ဒေါ်ခင်မို့မို့တို့ သက်သေ ထွက်ဆိုရန် တင်ပြခဲ့သော်လည်း တရားသူကြီးက ဦးကြည်ဝင်းကိုသာ သက်သေထွက်ဆိုခွင့်ပေးကာ ကျန် (၃) ဦးကို သက်သေထွက်ဆိုခွင့် ပယ်ချခဲ့သည်။ “ဒီနေ့ ဦးကြည်ဝင်း (လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ကိုစစ်မေးပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကို သောကြာနေ့မှာ စီရင်ချက်ချလိမ့်မယ်လို့လည်း အများက ယူဆထားကြပါတယ်” ဟု ပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။ သက်သေထွက်ဆိုရန် ပယ်ချခံရသူတဦးဖြစ်သည့် ဦးဝင်းတင်က “သူတို့ဘက်က ပုဒ်မ ၂၅၇ အပိုဒ်-(၁) အရ တရား စီရင်မှုကို အဟန့်အတားဖြစ်စေမယ့် ပုဂ္ဂိုလ်များကို တားဆီးနိုင်တယ်ဆိုတဲ့ ဥပဒေအရပေါ့။ ကျနော် တို့ဟာ တရား စီရင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်၊ အဟန့်အတားဖြစ်စေနိုင်တယ်၊ တရားစီရင်မှုရဲ့ တရား မျှတမှုကို ပျက်ပြားစေနိုင်တယ်လို့ ယူဆနိုင်တ့သဲူတွေဖြစ်တ့အဲ တွက် ပယ်တယ်ဆိုပြီးတော့ ပြောတယ်တ့။ဲ ဒီအမိန့်နဲ့ ပတ်သက်ပြီး ဘာကြောင့်ဒီလို ချတယ်၊ ဘာအကြောင်းပြချက်လည်း ဆိုတာကို မေးဖို့သွားတဲ့ အခါကျတော့ တံခါးပိတ်ထားတယ်။ မေးခွင့်လည်းမရဘူး။ သွားခွင့်လည်းမရဘူး။ အဲဒါနဲ့ပဲ လက်ခံလိုက်ရတယ်” ဟုပြောသည်။ --------------------------------------------------------------------------------------

လမ်းပိတ်ဆို့မှုကြောင့် ဈေးသည်များ စီးပွားရေး ထိခိုက် NEJ / ၂၈ မေ ၂၀၀၉ ခေတ်ပြိုင် လုံခြုံရေးရဲများ ချထားမှုကြောင့် အင်းစိန်ဈေးရှိ ဈေးသည်များ ဈေးရောင်းမကောင်းကြဘဲ မပြောရဲ မဆိုရဲ ဖြစ်နေကြ ကြောင်း ဈေးသူဈေးသားများက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အမှု စတင်စစ်ဆေးသည့် နေ့မှစ၍ စစ်အစိုးရအာဏာပိုင်များက ဈေးထိပ် ပေါက်တောဝမှ စပြီး ဘုရင့်နောင်လမ်းမီးပွိုင့်ထိ လမ်းများပိတ်ဆို့ထားသဖြင့် မဖြစ်မနေ ဈေးဝယ်လိုသူအချို့မှလွဲ၍ ဈေးဝယ်သူမရှိ သလောက် နည်းပါးနေကြောင်း အင်းစိန်ဈေးမှ ဈေးဆိုင်ပိုင်ရှင်တဦးကပြောသည်။ ၎င်းက “လမ်းပိတ်ထားတယ်။ ရဲတွေက သေနတ်တွေကိုင်ပြီး စောင့်နေတယ်။ ဈေးသွားမယ့်သူတွေ ဘယ်လို လာမလဲ။ ကျနော်တို့က ငွေကြေးနဲ့ ရင်းနှီးထားရတာ၊ ကျောင်းဖွင့်ရာသီကာလကိုပဲ အားထားရတာလေ။ ခု ၀ယ်သူမလာဘူး” ဟု စိတ်လိုက်မာန်ပါဖြင့် ပြောသည်။ ဈေးတွင်းမှ ကျောင်းသုံးပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တဦးကလည်း “ကျနော်တို့ ဘယ်လောက်ထိ ဈေးရောင်း မကောင်း ဖြစ်နေလဲဆိုတာ မေးစရာမလိုဘဲ အမြင်နဲ့ သိနိုင်ပါတယ်။ အခုဆို ရောင်းမကောင်းတာ ကိုးရက်ထဲ ရောက်နေပြီ” ဟု ပြောသည်။ အင်းစိန်ဈေးတွင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး ရောင်းသူအချို့လည်း ယခင်က့သဲို့ ဈေးမရောင်းရ သောကြောင့် တိုးတိုးတိတ်တိတ် ညည်းတွားနေကြကြောင်း ဈေးအရှေ့မျက်နှာစာတန်းမှ ဈေးသည် အမျိုးသမီးကြီး တဦးက ပြောသည်။ “ဒါက အဒေါ်သိသလောက် ပြောပြတာပါ။ ရောင်းမကောင်းဘူးလို့ မပြောရဲဘူး။ တော်ကြာ ကိုယ့်ကိုလာဖမ်းတော့ ဘယ့်နှယ်လုပ်မလဲ။ ကြောက်နေရတယ်” ဟု ၎င်းက ပြောသည်။ ယခုအခါ ဈေးဖွင့်၍ရသော်လည်း ဈေးဝယ်လိုသူများအတွက် အခက်အခဲရှိကြောင်း၊ လုံခြုံရေးရဲ အမြောက်အမြား ချထားသည့်အတွက် ဈေးဝယ်လိုသူများက ကြောက်ရံွ့ ကာ မလာဝံ့ကြကြောင်း၊ မော်တော်ယာဉ်များကို ဖြတ်မောင်းခွင့် မပေးသည့်အတွက်လည်း ဈေးရောင်းအားကို ပိုမို ထိခိုက်ကြောင်း အင်းစိန်ဈေး သာယာရေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောသည်။ ပိတ်ထားသော အင်းစိန်ပေါက်တောဝနှင့် အင်းစိန်ပန်းခြံလမ်းတွင် အများဆုံး အသုံးပြုနေသော လိုင်းကားများမှာ အမှတ် (၄၈)၊ (၄၈) အထူး၊ အမှတ် (၉၆)၊ အမှတ် (၁၂၅)၊ အမှတ် (၁၀၂)၊ အမှတ် (၁၃၄)၊ အမှတ် (၁၅၆) စသည် တို့ ဖြစ်ပြီး ဈေးဝယ်ရန်လာသူများ၊ ဈေးဆိုင်ဖွင့်ရောင်းချနေသူတို့က ယင်းလမ်းကို အသုံးပြုကြသည်။ အင်းစိန်ထောင်အနီးရှိ မီးရထားဆေးရုံဝင်းအတွင်းတွင် ယမန်နေ့က ဒိုင်း၊ သေနတ်၊ တုတ် ကိရိယာစုံ တပ်ဆင် ထား သော ရဲကားများနှင့် ရဲအရေအတွက် (၁၀၀) ခန့်ကို တွေ့ရှိရကြောင်း၊ အင်းစိန်ထောင် အရှေ့ မျက်နှာစာ တန်းတွင် လည်း အလားတူပစ္စည်းအစုံအလင်ဖြင့် ရဲကား (၆) စင်း အရန်သင့်စောင့်ဆိုင်း နေသည်ကို တွေ့ရကြောင်း အင်းစိန်မြို့ခံများက ပြောသည်။

အင်းစိန်ထောင် ဘေးပတ်ပတ်လည်တွင်လည်း လုံထိန်းအပြည့် တင်ထားသော ရဲကားများကို လုံခြုံရေး နာမည်ဖြင့် စနစ်တကျ ချထားကြောင်း သိရသည်။ -------------------------------------------------------------------------------------ဒေါ်အောင်ဆန်းစုကြည်ကို ဆက်အရေးယူမည်ဟု နအဖ တုံ့ပြန် မင်းနိုင်သူ / ၂၈ မေ ၂၀၀၉ ခေတ်ပြိုင် မေ (၂၂) ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ခ့ေဲ သာ ကြေညာချက်နှင့်ပတ်သက်၍ မြန်မာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့က သတင်းထုတ်ပြန်ခ့သဲ ည်။ ယင်းသတင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလတွင် သူမ၏ နေအိမ်သို့ တရား မ၀င် လျှို့ဝှက်ဝင်ရောက်လာသော အမေရိကန်နိုင်ငံသားအား နှစ်ရက်တိုင်တိုင် နေထိုင်ခွင့်ပြုခြင်း၊ လက်ခံ စကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်းတို့ ပြုလုပ်ခ့သဲ ည့်အတွက် ဥပဒေနှင့်အညီ အမှုဖွင့် တရား စွဲဆိုခ့သဲ ည်ဟု ဖော်ပြသည်။ ဤသို့တရားစွဲဆိုခြင်းသည် နိုင်ငံရေးအကျိုးသက်ရောက်မှု တစုံတရာ ဖြစ်ပေါ်လာနိုင်ဖွယ်ရာ မရှိသဖြင့် ၎င်းတို့၏ အရေးယူဆောင်ရွက်ချက်ကို ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။ ထို့နောက် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရန်တွင် ပါဝင်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ် စက်တင်ဘာ (၂၃) ရက်တငွ် အကျဉ်းသား (၉,၀၀၂) ဦးနှင့် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ (၂၀) ရက်တွင် အကျဉ်းသား (၆,၃၁၃) ဦးတို့ကို လွှတ်ပေးခဲ့ကြောင်းနှင့် မူဝါဒလမ်းစဉ် (၇) ရပ်၏ ပဉ္စမအဆင့်ဖြစ်သည့် ပါတီစုံရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မေ (၂၂) ရက် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ တွေ့ဆုံ ဆွေးနွေးရေးအတွက် လိုအပ်သော အခြေအနေကောင်းများ ဖန်တီးကာ ကုလသမဂ္ဂ အထောက်အပံ့ဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုခြဲ့ ပီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန်လည်း ဖော်ပြပါရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ၀ါရင့်သံအမတ်ဟောင်းတဦးဖြစ်သူ ဦးချန်ထွန်းက “ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည်ကို အမှုဖွင့်လို့ ပေါ်ပေါက်လာရတာ ဖြစ်တယ်။ ဒါကို ပြန်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုဖွင့်ထားပြီး လုံခြုံရေး တာဝန်ယူရတဲ့ အဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေကို ဘာမှမလုပ်ဘူးဆိုတာ သဘာဝမကျဘူး။ နောက် ယက်တောက မနှစ်ကတည်းက လာဖူးတာပဲ။ အဲဒါကိုလည်း အာဏာပိုင်တွေကို အကြောင်းကြားထားတာပဲ။ ဒီအထဲက ထပ်လာနိုင်တယ်ဆိုတာ ဘာ့ကြောင့်လဲ။ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ အထင်းသားကြီးပဲ” ဟု သုံးသပ်ပြောဆိုသည်။ “နောက်တခုက သူတို့က အကျဉ်းသားတွေ လွှတ်ပေးတယ်လို့ပြောတယ်။ အဲဒီလွှတ်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားက ဘယ်လောက်ပါလို့လဲ။ နှစ်သုတ်ပေါင်းမှ (၂၅) ယောက်လောက်ပဲ ပါတယ်ထင်တယ်။

အများအားဖြင့်က ခိုးဆိုးလုယက်တဲ့ လူတွေကိုသာ အများဆုံးပြန်လွှတ်ခ့တဲာပဲ။ အဲလိုလူတွေ အများစုကို ပြန်လွှတ်တဲ့ အတွက် အပြင်မှာ ဒုစရိုက်မှုတွေ ပိုများလာတာဖြစ်တယ်လို့ ယူဆကြတာတွေလည်း ရှိတယ်။ ဒါတွေကတော့ မိုးကြိုးပစ်ရာ ထန်းလက်န့ကဲာနေတဲ့ သဘောပေါ့။ ဒီထက်သာ ပိုဆိုးတဲ့ အခြေအနေကို အစိုးရ ဘက်က ဖန်တီးခဲ့ရင် နိုင်ငံတကာအသိုင်းအ၀ိုင်း ရဲ့ ဖိအားတွေ ပိုများလာမှာ ဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေး အခြေ အနေလည်း ကောင်းလာမှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ မြန်မာစစ်အစိုးရအပေါ် အစဉ်တစိုက် ပျော့ပြောင်းညင်သာစွာ ဆက်ဆံခ့သဲ ည့် အာဆီယံကလည်း ယခုကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခ့သဲ ည်။ သို့သော် မြန်မာစစ်အစိုးရက ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်းနှင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံသည် လုပ်ထုံး လုပ်နည်းများနှင့်မညီ လုပ်ဆောင်ခ့ေဲ ကြာင်း စွပ်စွဲတုံ့ပြန်ခ့သဲ ည်။ -------------------------------------------------------------------------------------ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ် လျှောက်လဲရန် ရက်သတ်မှတ် အင်းစိန်ဈေးရှေ့ တကိုယ်တော် ဆန္ဒပြသူတဦး ဖမ်းဆီးခံရ NEJ / ၂၈ မေ ၂၀၀၉ ခေတ်ပြိုင် အင်းစိန်ထောင် အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏အမှုကို (၉) ရက်မြောက် ဆက်လက် ကြားနာ စစ်ဆေးသည့်ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူတဦးက တကိုယ်တော်ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးခံလိုက်ရသည်။ ယနေ့တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုခွင့်ရသော တဦးတည်းသော သက်သေ ဦးကြည်ဝင်း (လပွတ္တာမြို့နယ် ပြည်သူ့လွှတေ် တ်ာကိုယ်စားလှယ်) သည် နှစ်နာရီခန့် ထွက်ဆိုချက် ပေးခဲ့ရပြီးနောက် တနင်္လာနေ့သို့ ရုံးချိန်းလိုက်ကြောင်း ပါတီပြောခွင့်ရသူ ဦးအုံးကြိုင်က ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိပါတဲ့ အမှုတွဲကို တနင်္လာနေ့မှာ အပြီးသတ် လျှောက်လဲချက် ပေးဖို့ ချိန်းဆိုပါတယ်။ ဒီနေ့ ညနေပိုင်းတရားခွင်မှာတော့ မစ္စတာယက်တောအမှုကို ဆက်စစ်မယ် လို့တော့ ကြားတယ်။ ဒီဘက်က ရှေ့နေတွေကတော့ သူတို့န့မဲ ဆိုင်လို့ ပြန်လာကြတယ်” ဟု ၎င်းက ပြောသည်။ အင်းစိန်ထောင်အတွင်းတရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်အမှု ဆက်လက် စစ်ဆေးနေသည့် ယနေ့တွင်ပင် အင်းစိန် ဈေးရှေ့၌ တကိုယ်တော်ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အဆိုပါဆန္ဒပြသူကို လုံခြုံရေးများက ဖမ်းဆီးသွားကြောင်း ဈေးရှေ့မှ မျက်မြင်တဦးက ပြောသည်။ ယနေ့ နေ့လယ် (၁) နာရီ ခွဲခန့်တွင် အဆိုပါဆန္ဒပြသူက အသင့်လိပ်ယူဆောင်လာသော ပိုစတာကို အင်းစိန်ဈေး အေရုံ ရှေ့၌ ဖွင့်ကိုင်လမ်းလျှောက်လာစဉ် အရပ်ဝတ်လုံခြုံရေးများက ထိုးကြိတ်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ လုံခြုံရေး (၁၅) ဦးခန့်က ၀ိုင်းထိုးကြိတ် ဖမ်းဆီးခေါ်ဆောင်သွားစဉ်တွင် အဆိုပါ ဆန္ဒပြသူက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေဟု သုံးကြိမ်အော်သွားခဲ့သည်ဟုလည်း မျက်မြင်ဖြစ်သူက ပြောသည်။

၎င်းက “အဖြစ်အပျက်က မြန်ဆန်လွန်းလို့ ဆိုင်းဘုတ်ပါ SAVING......ဆိုတ့စဲာတန်းကိုပဲ မြင်လိုက်ရပြီး လုံခြုံရေး တွေက အဲဒီဆန္ဒပြတဲ့သူကို အင်းစိန်ဈေး အေရုံအပေါ်ထပ်ကို ပွေ့ချီခေါ်ဆောင်သွားတယ်” ဟု ပြောသည်။ ထိုသို့ ရုတ်ရုတ်သဲသဲ ဖြစ်မှုကြောင့် အင်းစိန်ဈေး မြေညီထပ်ဆိုင်ခန်းများ ပိတ်လိုက်ကြပြီး စောင့်ကြည့် အကဲ ခတ်နေသော ပရိသတ်များ ပိုမိုများပြားလာပြီး အင်းစိန်အကျဉ်းဦးစီးဌာနရှေ့ သံဆူးကြိုးဝင်းအတွင်းတွင် လုံခြုံရေး (၁၀၀) ခန့်က လေးဘက်လေးတန် အသင့်နေရာယူလိုက်ကြသည်ဟု ၎င်းက ဆက်လက်ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ဆေးရာ အင်းစိန်ထောင်ရှေ့သို့ အမှုစစ်ဆေးသည့်နေ့မှစ၍ ဆန္ဒထုတ်ဖော် လာရောက် စုဝေးနေကြသည့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများတွင် ပါဝင်သူ အန်အယ်လ်ဒီ လူငယ်များသည် နေ့လယ် (၂) နာရီတငွ် လူစုခွဲသွားခဲ့ကြသည်ဟု သိရသည်။ ယနေ့ဆန္ဒပြသူသည် ဦးဇော်ညွန့်ဆိုသူဖြစ်ပြီး ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခဲ့သူ ကိုထင်ကျော်တို့အဖွဲ့နှင့် ပတ်သက်သူတဦးဖြစ်ကြောင်း ပြည်တွင်းမှ နိုင်ငံရေးသမားတဦးက ပြောသည်။ -------------------------------------------------------------------------------------ကျောင်းအပ်စရိတ်များ၍ ကျောင်းသားမိဘများ အခက်တွေ့ DVB အံ့ဘုန်းမြတ် ၂၈ မေ ၂ဝဝ၉ ၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်အတွက် ကျောင်းအပ်တဲ့ နေရာမှာ ကုန်ကျစရိတ်များတဲ့အတွက် ကျောင်းသားမိဘတွေ အခက်တွေ့နေကြပါတယ်။ အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်း အပ်နှံခွင့်တွေကို ဒီလ ၂၅ ရက်နေ့က စတင် လက်ခံတာပါ။ ကျောင်းအပ်လက်ခံတ့ေဲ နရာမှာ ကျောင်းအသီးသီးက ကျောင်းလခ၊ ကျောင်းဝင်ခွင့် ပုံစံစာရွက်ခ၊ ဓာတ်ပုံဖိုး၊ စာအုပ်ဖိုး စတာတွေ ကောက်ခံနေကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်က ကျောင်းသားမိဘတဦးက ပြောပါတယ်။ “ကျောင်းအပ်တာ ကျမတို့ အထက၂ စမ်းချောင်း ကတော့ မူလတန်းကနေ တတိယတန်းအထိ ဓာတ်ပုံဖိုး ဆိုပြီး ၁၂ဝဝ သွင်းရတယ်။ ကျောင်းသားကဒ်အတွက်။ နောက်ပြီးတော့ ကျောင်းယူနီဖောင်းမှာတပ်တဲ့ တံဆိပ်ဖိုးတွေ ၁၅ဝဝ သွင်းရတယ်။ ပလာစာအုပ် ၁ ဒါဇင်ရယ် လက်ရေးလှ ၂ အုပ်ရယ်၊ ပုံဆွဲတဲ့ စာအုပ်လေးတွေရယ်က ၃၆ဝဝ ကျတယ်။ ” တောင်ဒဂုံမြို့နယ်က ကျောင်းသား မိဘ တဦးကလည်း ကျောင်းအပ်နှံတ့ေဲ နရာမှာ ကုန်ကျစရိတ် များတယ်လို‹ ပြောပါတယ်။ “အလက ၃ မှာ ကျောင်းအပ်ခက အစားစားပဲ။ ၈ တန်းဆို ၁ သောင်းကျော်သွားပြီ၊ ၆တန်းဆို ၈ထောင်။ ဘယ်လိုလုပ်ရမှန်းကို မသိဘူး။ စားဝတ်နေရေး အခက်ခဲတွေ အကျပ်အတည်းတွေ ဖြစ်တယ်။ ဘာကြောင့် ဒီလောက်ကျတာလဲဆိုတော့ အလှူငွေတွေ၊ ကျောင်းလခတွေ၊ စာအုပ်ဖိုးတွေရော စုံနေတာပဲ။ သန့်ရှင်းရေးခတွေရော။ ဒါနဲ့ပြီးလားဆိုတော့ မပြီးဘူး။ ကျောင်းတက်လို့ရှိရင် အဆင့်ဆင့် ထွက်ဦးမှာ။ အဲ့ဒါတွေလဲ မနှစ်ကလည်း ခံရတယ်။ နောက်လစဉ် ပေးရမှာလည်း ရှိသေးတယ်။ ကျနော်တို့ မိသားစုတွေမှာ တော်တော်ဒုက္ခရောက်တာပေါ့ ”

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ထောင့်ကန်ကျေးရွာက ကျောင်းသားမိဘတဦးက လည်း အခုလိုဆိုပြန် ပါတယ်။ “၈ တန်း ကျောင်းသားအတွက်က လေးထောင့်ကန် စိုက်ပျိုးရေးအထက ၇၆ဝဝ ကျတယ်။ အမှန်တကယ် ကျသင့်တ့ေဲ ငွထက် ၄၅ဝဝ လောက် ကွာနေတယ်။ အဲ့ဒါကို ပလာစာအုပ် ၁ ဒါဇင်ပဲ ပါတယ်။ ကျောင်းသား သုံး လေး ယောက်လောက် အပ်လို့ရမယ့် ငွေကြေးကို တစ်ယောက်တည်းနဲ့ ကုန်သွားတော့ ကျန်တဲ့ ကလေးတွေကို ကျောင်း မအပ်နိုင်ဘဲ မိဘတော်တော်များများဟာ ဒုက္ခတွေ ရောက်နေရတယ်။ နောက်ပြီး ဘာမှတ်တမ်းမှလည်း မပေးဘူး။” ကျောင်းသားတွေအတွက် အမှန်တကယ်လိုအပ်တဲ့ စာအုပ်စာတမ်းကြေးတွေအပါ အဝင် ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့၊ စာသင်ခုံအတွက်၊ စာသင်ခန်းအတွင်းထားဖို့ ဘီရိုစတဲ့အရာတွေအတွက်ကိုလည်း အလှူ ခံနေကြတယ် လို့ သူကပဲ ပြောပါတယ်။ ကျောင်းသားသစ်တွေ ကျောင်းအပ်နှံရာမှာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေကို ကန်တော့ရ၊ ကျောင်းအလှူငွေထည့်ရတာတွေပါ ရှိတယ်လို့လည်း ရန်ကင်းမြို့နယ်က မိဘ တဦးက ပြောပါတယ်။ “ရန်ကင်း အထက ၂ ကျတော့ ပိုက်ဆံပေးရတယ်။ ပေးရတယ်ဆိုတော့ သူက ကျောင်းပြောင်းလည်း ဖြစ်တယ် ဆိုတော့ ကျောင်းသားသစ်တွေဆို ပိုပေးရတယ်။ အလှူငွေလေး ထည့်ပါတဲ့။ ၁သောင်း ထည့်တော့ ၁သောင်းက ဘာလုပ်လို့ ရမှာလဲတ့။ဲ ဆရာမကိုယ်တိုင်က ပြောတာ။ ၃ သောင်းထည့်ရတာ။ ကျောင်း ပြောင်းလာတယ် ဆိုတော့ ဆရာမကြီးကို ၁ သိန်း သွားကန်တော့ရတယ်။ ဆရာမတွေကျတော့ တိုင်မှာ တောမှာ ကြောက်တယ်။ သူတို့ သဘောတူလို့ ပေးတာ၊ ကိုယ် စေတနာရှိလို့ ပေးလိုက်တာ။ တချို့ကျတော့လည်း အရမ်း အကျပ်အတည်း ဖြစ်အောင် တောင်းတာတွေ ရှိတယ်။” ကျောင်းအပ်ရာမှာ မထည့်မနေရပုံစံ အလှူငွေအမည်ခံပြီး ငွေတောင်းတာတွေ ရှိသလို ကျေးရွာ အလယ်တန်း ကျောင်းတွေကနေ မြို့ပေါ် အထက်တန်းကျောင်းတွေကို ပြောင်းတဲ့အခါမှာလည်း သန်းခေါင်စာရင်းပြောင်းမှ ကျောင်းအပ်နှံခွင့် ရမှာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းကို ကျောက်ပန်းတောင်းမြို့နယ် မကျည်းကုန်းရွာက ကျောင်းသားမိဘတဦးက ပြောပါတယ်။ “ကျနော့်သားကို ကျောက်ပတောင်းမြို့ပေါ်မှာ ပြောင်းရွှေ့ပြီး ပညာသင်ဖို့အတွက် ရွာကျောင်းကနေ ကျောင်း ပြောင်း လက်မှတ် တောင်းတယ်။ လုံးဝ မရပါဘူး။ သူတို့ ပြောတာက မိသားစုလိုက် အိမ်ထောင်စု ဇယား ပြောင်းမှ ရမယ်လို့ ပြောပါတယ်။ အဲ့ဒါနဲ့ ကျောက်ပန်းတောင်း လဝက ကိုပြောတော့ ဒီအချိန်မှာ ထုတ် မပေးနိုင်ဘူး လို့ ပြောတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကုန်လုံးကို လိုက်စုံစမ်းတယ်။ ကျောက်ပန်းတောင်း မြို့ပေါ် အထက ကျောင်းတွေက တချို့ကျောင်းတွေမှာ ပီစီရပြီးသား ကျောင်းသားတွေကို အကြောင်း အမျိုးမျိုး ပြပြီး ပြန် လွှတ်တယ်။ ကျောင်းအုပ်ကြီး ကိုယ်တိုင်ကို ကျနော် တက်မေးပါတယ်။ ပညာရေးမှူးကိုယ်တိုင်က လက်မခံကြောင်း သိခ့ရဲ ပါတယ်။” အလားတူ အဖြစ်အပျက်မျိုးတွေ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ အထက ၅ မှာလည်း ရှိနေတယ်လို့ အဲ့ဒီမြို့က ကျောင်းသားမိဘတွေက ပြောပါတယ်။ အရင်နှစ်တွေက ကျောင်းဖွင့်ရာသီတလျောက်လုံး အလှူငွေ မျိုးစုံကို အကြောင်းအရာမျိုးစုံ ခေါင်းစဉ်အောက်မှာ ထည့်ဝင်ပေးကြရတာမို‹ ဒီနှစ်အတွက်လည်း အလှူငွေ ထည့်နိုင်ဖို‹ ပြင်ဆင်ထားရတယ်လို‹ ကျောင်းသားမိဘတွေကပြောပြကြပါတယ်။ အစိုးရရဲ့ ပညာရေး ဝန်ကြီး ဌာနကတော့ ကျောင်းအပ်နှံတ့ေဲ နရာမှာ အရဆကသအးမ္မငွေကြေး ကောက်ခံမှုတွေရှိရင် တိုင်းကြားနိုင်တယ် လို့

ကြေညာ ထားပေမယ့် လက်တွေ့မှာ တိုင်ကြားရင် သားသမီးတွေကို ဖိအားပေးမှာ စိုးရိမ်ကြတာ ကြောင့် မတိုင်ကြားရဲကြဘူးလို့ ကျောင်းသားမိဘအချို့က ပြောပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နေပြည်တော်နဲ့ ရန်ကုန်မြို့မှာ ရှိတဲ့ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ရုံးအဖွ့မှဲူးတွေကို ဆက်သွယ် မေးမြန်းရာမှာ ဘာမှ မဖြေကြားပါဘူး။ ----------------------------------------------------------------------------------အာဆမ်အစည်းအဝေးတွင် ဒေါ်စုနှင့် မြန်မာ့အရေးသာ လွှမ်းမိုးနေ DVB ၂၈ မေ ၂ဝဝ၉ ကမ္ဘာဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဆက်လက်ကျင်းပနေတဲ့ အာရှ-ဥရောပ အာဆမ် အစည်းအဝေးမှာ နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးညဏ်ဝင်း ခွန်းတုံ့ပြန် ပြောဆိုနေတယ်လို့ ဖနွမ်းပင်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေမှုကိစ္စမှာ မစွကဖ် က်ကြပါနဲ့၊ ဒီကိစ္စဟာ မြန်မာ့ပြည်တွင်း ဥပဒေရေးရာသာ ဖြစ်တ့အဲ ကြောင်း၊ နိုင်ငံတကာ ဝင်ရောက်စွက်ဖက်မှုဟာ အချုပ်အချာအာဏာကို ခြိမ်းခြောက်မှုဖြစ်ကြောင်း အာဆမ် အစည်းအဝေးမှာ နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက တုံ့ပြန်ပြောဆိုတာပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အမှုကိစ္စဟာ ဥပဒေရေးရာသာဖြစ်ပြီး လူ့အခွင့်အရေး ကိစ္စ မဟုတ်ဘူး၊ နိုင်ငံတကာ အသိုက်အဝန်းဟာ ဒေါ်အောင်ဆန်းစု ကြည်အမှုကိုပဲ အကြီးအကျယ် စိတ်ဝင်တစား ဖြစ်နေကြကာ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေးမူကို မစောင့်ထိန်းကြဘူးလို့ ခွန်းတုံ့ပြန်သွားပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ အလွန်အရေးပါတဲ့ အဆင့်ကို ရောက်ရှိနေပြီး လူပုဂ္ဂိုလ် တဦး တယောက်ကြောင့် ဒီလုပ်ငန်းစဉ်ကို အနှောင့်အယှက် အဖြစ်မခံနိုင်ပါဘူးလို့လည်း နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောသွားပါ သေးတယ်။ ဦးဉာဏ်ဝင်းက အဲဒီလိုပြောနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနေတဲ့ကိစ္စဟာ အာရှ-ဥရောပ ၄၄ နိုင်ငံ ဝန်ကြီးတွေကြားမှာ လက်မခံနိုင်စရာအရေးကိစ္စ တရပ်အနေနဲ့ ဒီအစည်းအဝေးတခုလုံးမှာ လွှမ်းမိုးနေပါတယ်။ အာဆီယံ အထွေထွေအတွင်းရေးမှုးချုပ် ဆူရင်းပစ်ဆူဝမ်ရဲ့ အဆိုအရ တံခါးပိတ်ဆွေးနွေးပွဲထဲမှာ အာဆီယံဝန်ကြီးတွေနဲ့ ဦးဉာဏ်ဝင်း မကြာခဏ ထိတ်တိုက်တွေ့ကြရတယ်လို့ သိရပါတယ်။ အာဆမ် အစည်းအဝေးတလျှောက်လုံး နိုင်ငံတကာ သတင်းမီဒီယာတွေက အာရုံစူးစိုက်နေတာဟာ နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းဖြစ်နေပြီး ဦးဉာဏ်ဝင်း က ဘယ်သတင်းမီဒီယာကိုမှ ပြန် ဖြေကြားတာ မရှိဘဲ မေးမြန်းချက်တွေကို တွင်တွင် ငြင်းဆိုနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန် လွှတ်ပေးရေး အတွက် ဒေသတွင်းနိုင်ငံတွေက တောင်းဆိုသံတွေ ဆက်တိုက် ထွက်ပေါ်နေတဲ့အပြင် မြန်မာကို အာဆီယံ အဖွ့ကဲ နေ ထုတ်ပယ်ဖို့၊ ဆိုင်းငံ့ဖို့ တောင်းဆိုသံတွေလည်း ဆက်တိုက် ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် လက်ရှိ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ကတော့ မြန်မာကို အာဆီယံကနေ ထုတ်ပယ်ဖို့ကို ငြင်းဆိုပါတယ်။ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မြန်မာကို အာဆီယံကနေ ထုတ်ပယ် လိုက်ရုံနဲ့ စစ်အာဏာရှင်စနစ်ကနေ ပြောင်းလဲလာမှာ မဟုတ်ပါဘူးလို့ စင်္ကာပူ အစိုးရက ထုတ်ဖော် ပြောဆိုပါတယ်။ စင်္ကာပူ နိုင်ငံခြားရေးဌာန အကြီးတန်းဝန်ကြီး ဇိုင်နူလ် အဘီဒင် ရာရှက်ဒ်က စင်္ကာပူ ပါလီမန်ထဲမှာ ခုလို ပြောဆိုလိုက်တာပါ။ မြန်မာကို ဝိုင်းပယ်ထားတာထက်စာရင် ဆက်သွယ်ဆွေးနွေးနေတာကမှ

ပိုပြီး သြဇာ လွှမ်းမိုးနိုင်မယ် လို့ သူက ဆိုပါတယ်။ ဒါပေမယ့် မြန်မာပြည်တွင်းမှာ အခုဖြစ်ပျက်နေတာတွေဟာ အာဆီယံ အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ် ဆိုတာကိုတော့ သူက ဝန်ခံပြောကြားပါတယ်။ မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့က ထုတ်ပယ်ရုံနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာမှာမဟုတ်ဘူးလို့လည်း စင်္ကာပူဝန်ကြီးက သုံးသပ်ပါတယ်။ အာဆီယံထဲက မြန်မာကို ထုတ်ပယ်ပစ်ဖို့ အာဆီယံဒေသအပြင်ဘက်က အဆိုပြုတာတွေ မကြာမကြာ ရှိခ့ပဲါတယ်။ ဒါပေမယ့် အဲဒီနည်းဟာ ထင်သလောက် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး လို့ ပြောပြီး မြန်မာကို ပစ်ပယ်ထားတာထက် ဆက်သွယ်ဆွေးနွေးတာကသာ သြဇာလွှမ်းမိုးနိုင်စရာ ရှိမယ်လို့ ဆိုပါတယ်။ -----------------------------------------------------------------------------------

Related Documents


More Documents from ""