ဇွန် ၁၄ သတင်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်သုံးဦး အဖမ်းခံရ 2009-06-13 - RFA ဇွန်လ ၁၂ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်လောက်က ရန်ကုန်တိုင်း တာမွေမြို့နယ်နဲ့ ဗဟန်းမြို့နယ်ကြား အဝိုင်းထိပ် မှတ်တိုင်နားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်သုံးဦး ဖမ်းဆီးခံခ့ရဲ တယ်လို့ သိရပါတယ်။ အဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်သုံးဦး လမ်းလျှောက်လာစဉ်မှာ မော်တော်ဆိုင်ကယ်စီး ရဲနှစ်ယောက် ရောက်လာပြီး အငှားယာဉ်ပေါ်ကိုတင် ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခ့ရဲ တာဖြစ်တယ်လို့ အဖွဲ့ချုပ်လူငယ်တွေက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အဖွဲ့ဝင်တွေကတော့ ဗဟန်းမြို့နယ် လူငယ်လုပ်ငန်းအဖွ့ဝဲ င် လူငယ်တာဝန်ခံ-၂ ကိုအောင်အောင်ဦး၊ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ကိုကျော်ဝင်းထွန်းနဲ့ တာမွေမြို့နယ် လူငယ်အဖွဲ့ဝင် ကိုကျော်မျိုးနိုင်တို့ ဖြစ်ပါတယ်။ အခုချိန်ထိတော့ သူတို့သုံးဦးကို ဘယ်နေရာမှာ ချုပ်နှောင်ထားပြီး ဘာအမှုနဲ့ ဖမ်းဆီးထားသလဲဆိုတာ မသိသေးတဲ့အတွက် မိသားစုဝင်တွေက လိုက်လံ စုံစမ်းနေပါတယ်။ အခု ရက်ပိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေကို အာဏာာပိုင်တွေက စောင့်ကြည့်နေတဲ့အတွက် အစစ အရာရာ သတိထားပြီး သွားလာလှုပ်ရှားနေရတယ်လို့ အဖွဲ့ဝင်လူငယ်တဦးက ပြောပါတယ်။
အဖွဲ့ဝင်လူငယ်။
။'ဒီလူတွေနောက်ကို နောက်ယောင်ခံလိုက်တယ်။ ပြီးတော့သူတို့ရ့လှဲုပ်ရှားမှုတွေကို
စောင့်ကြည့်တယ်။ ဘာမှ မလုပ်ခ့ရဲ င်တောင် သတိထားပြီး သွားနေရတယ်။ ဒီရုံးထဲကလူတွေ မှန်သမျကို သိလောက်တယ်လေ၊ ဘယ်သူက ဘယ်လိုဆိုတာ။ သိလို့ နောက်ယောင်ခံလိုက်တာ၊ အဝင်အထွက်ရှိတဲ့ လမ်းထိပ်မှာ စောင့်တာပေါ့' ပြီးခဲ့တဲ့ ၁၁ ရက်နေ့ ညကလည်း ဒဂုံမြို့သစ်မြို့နယ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်ကမ်းစာစောင် ဓာတ်ပုံဖြန့်ဝေတဲ့ လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့တ့အဲ တွက် နယ်မြေခံ အာဏာပိုင်တွေက ဒဂုံမြို့သစ်မြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွ့ဝဲ င်တွေရဲ့ နေအိမ်တွေကို ဧည့်စာရင်းစစ်ပြီး ရှာဖွေစုံစမ်း မေးမြန်းမှုတွေ ဆက်တုကိ ပြုလုပ်ခ့တဲ ယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ် ကျေးရွာ (၈) ရွာမှ စွန့်ပစ်ခြင်းခံရသူ စစ်သားမယား ၂၁၀ ဦးရှိ www.narinjara.com 6/14/2009 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာ (၈) ရွာမှ စစ်သားများနှင့် လက်ထပ်ပြီး စစ်သားများ၏ စွန့်ပစ်ခြင်းကို ခံရ၍ မုဆိုးမ အဖြစ် ကျန်ရစ်ခ့သဲူ အမျိုးသမီး ၂၁၀ ဦး ရှိကြောင်း စာရင်းကောက်ယူ ထားသူ လူငယ်တဦးက ပြောသည်။ “ ကျွန်တော် ကျေးရွာ (၈) ရွာကို ဆင်းပြီး စာရင်း ကောက်ယူတ့အဲ ခါ စစ်သားတွေနဲ့ ညားပြီး စစ်သားတွေ ပြောင်းရွှေ့သွားတဲ့အခါ ယူမသွားဘဲ ကျန်ရစ်ခ့တဲ့ဲ စစ်သားမယား အမျိုးသမီး ၂၁၀ ဦး ရှိပါတယ်။ အဲဒီအထဲမှာ ကလေးတွေရဲ့ စာရင်း မပါဝင် သေးပါဘူး။”
ကျန်ရစ်သူ စစ်သားမယား ၂၁၀ မှာ ရသေ့တောင်မြို့ မြောက်ဘက်တွင် တည်ရှိသော ကံပြင်၊ ဆည်ကန်၊ ခနှောင်းကြီး၊ တောင်လှမော်၊ ရွာသစ်ကေ၊ ငတောက်တူချေနှင့် ရသေ့တောင်မြို့ပေါ်မှ အရှေ့တောင်နှင့် အရှေ့မြောက် ရပ်ကွက်တို့မှ ဖြစ်ကြသည်။ အဆိုပါ စာရင်းမှာ ၁၉၉၀ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း စစ်သားများနှင့် အိမ်ထောင်ပြုပြီး ကျန်ရစ်သူ အမျိုးသမီး စာရင်း ဖြစ်သည်။ “ တချို့ကျေးရွာတွေမှာ ဆိုရင် မိဖတွေဟာ ဗဟုသုတ မရှိတဲ့ အတွက် သမီးတွေကို စစ်သား တွေနဲ့ မင်္ဂလာ ဆောင်တ့အဲ ခါ ဒေသ ဓလေ့အရ မင်္ဂလာဆောင်တာက ပိုများပါတယ်။ လက်ထပ် စာချုပ်မရှိဘူး။ အသိအမှတ်ပြု စာရွက် စာတန်းတွေလည်း မရှိဘူး။ စစ်သားတွေ တပ်ပြောင်းတဲ့အခါ သမီးတွေကို ယူမသွားတော့ တပ်ရင်း တွေမှာ သွားတိုင်ရင်လည်း အထောက်အထား မပြနိုင်တဲ့ အတွက် ဘာမှ တိုင်တန်းလို့ မရပါဘူး။ အများစုကတော့ ဆင်းရဲတဲ့ မိသားစုတွေ ဖြစ်ကြပါ တယ်” ဟု သူက ပြောသည်။ နအဖ စစ်အစိုးရမှ ၁၉၉၀ ခုနှစ် ၀န်းကျင်တွင် ခမရ ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်း သုံးရင်းကို ရသေ့တောင်မြို့ မြောက်ဘက် တွင် အခြေစိုက် ချထားခဲ့သည်။ အဆိုပါ တပ်ရင်းများတွင် တာဝန်ကျလာသူ အများစုမှာ ဗမာ စစ်သားများ ဖြစ်ပြီး တာဝန်ကျစဉ် အတွင်း ဒေသခံ ရခိုင် အမျိုးသမီးများကို လက်ထပ်ယူပြီး တပ်ပြောင်းသောအခါ ယူမသွားသဖြင့် ယခုက့သဲို့ ကျန်ရစ်ခြဲ့ ကခြင်း ဖြစ်သည်ဟု သူက ပြောသည်။ “ ခုလို လုပ်တာမှာ အစိုးရက စီမံကိန်းတွေနဲ့ လုပ်ဆောင် နေတယ်ဆိုပြီး ဒေသခံ လူထုက တော့ အဲသလို ယုံကြည် နေကြပါတယ်။ ရသေ့တောင်မြို့နယ်မှာ သောင်းကျန်း သူလည်း မရှိဘူး။ အေးဆေးတည်ငြိမ်တဲ့ မြို့နယ် တခု ဖြစ်ပါတယ်။ အဲသလို တည်ငြိမ် အေးချမ်းတဲ့ မြို့မှာ စစ်တပ် တပ်ရင်း (၃) ခု လာပြီး တပ်စွဲပါတယ်။ သူတို့ တပ်ချမယ့် နေရာ တွေက လယ်တွေကို သိမ်းပါတယ်။ တောင်တွေကို သိမ်းပါတယ်။ မြစ်ချောင်း အင်းအိုင်တွေကို သိမ်းပါတယ်။ ကျွန်တော်တို့ အများစု ပြည်သူလူထုဟာ တောတောင်တွေ ချောင်းတွေကို မှီခိုပြီး လုပ်ကိုင် စားသောက်ကြသူတွေ ဖြစ်ပါ တယ်။ တောင်ကို ၀ါးခုတ် သစ်ခုတ်သွားရင် စစ်သားတွေ ပိုင်တ့ေဲ တာင်ဆိုပြီး ဓါးတွေကို သိမ်း လူတွေကို ရိုက်ပုတ် ပါတယ်။ ချောင်းတွေ မြစ်တွေ ဆိုရင်လည်း သူတို့ပိုင်တဲ့ ချောင်းဆိုပြီး ငါးဖမ်း ခွင့်မရပါဘူး။ အဲသလို ဖြစ်လာတော့ အဲဒီဒေသက လူငယ်တွေဟာ မထူးဘူးဆိုပြီး ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံ တွေကို ထွက်ခွာသွားကြပါတယ်။ ရွာတွေမှာ ကျန်နေခဲ့တာက အမျိုးသမီးတွေဘဲ ဆိုတော့ အိမ်ထောင်ပြုမယ့် အရွယ် ရောက်လာတဲ့အခါ အနီးအနားမှာ ရှိတဲ့ ဗမာ စစ်သားတွေကိုဘဲ ယူကြရတာ ပါဘဲ။ ခုဆိုရင် ရခိုင်ပြည်နယ် အနှံ့အပြားမှာ စစ်သား မိန်းမ မရှိတဲ့ ရွာဆိုလို့ မရှိတော့ပါဘူး။ တချို့ စစ်သားတွေကျရင် သူတို့ မိန်းမတွေကို ယူသွားပေမယ့် အများစုက ယူမသွားတဲ့ အတွက် ဗိုက်တလုံးနဲ့ ကျန်ခြဲ့ ကရတဲ့ အမျိုး သမီးတွေက ပိုများပါတယ်။” နအဖ စစ်အစိုးရသည် စစ်တပ် တပ်ရင်း (၆၀) နီးပါးအား ရခိုင်ပြည်နယ်တွင် တပ်စွဲ ချထားပြီး ရခိုင်ပြည်နယ်၏ နိုင်ငံရေး စီးပွားရေး လူမူရေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကာ ဒီမိုကရေစီ နိုင်ငံ ဖြစ်လာပါက ရခိုင် လူမျိုး များ အနေဖြင့် ဖဆပလ ခေတ်က ကဲ့သို့ ခေါင်းမထောင်လာနိုင်အောင် နည်းမျိုးစုံဖြင့် ရခိုငြ် ပည်နယ်အား မြေလှန် ဖျက်ဆီးပစ် နေသည်ဟု အမည်မဖေါ်လိုသူ ဆရာတော် တပါးက ပြောသည်။
ဦးဝင်းတင်ကို တရားစွဲဟု သတင်းထွက် မိုးမခအထောက်တော် ၀၀၆ ဇွန် ၁၃၊ ၂၀၀၈ အာဏာပိုင်တို့က ဦးဝင်းတင်ကို အကျဉ်းသားဝတ်စုံ ပြန်လည် အပ်နှံရန် ပျက်ကွက်မှုဖြင့် တရား စွဲဆိုထားသည် ဟူသော သတင်းများ ထွက်ပေါ်နေသည်။ ဦးဝင်းတင် ထောင်မှ လွတ်မြောက်လာပြီး ၉ လခန့် အကြာတွင် ဤသို့ သတင်းထွက်လာခြင်းဖြစ်သည်။ တရားစွဲဆိုထားသည်ဟူသော သတင်းကို ကာယကံရှင် ဦးဝင်းတင်ကိုယ်တိုင် ကြားသိရသော်လည်း အတည် ပြုနိုင်ခြင်းမရှိဟု ဆိုသည်။ “အာဏာပိုင်တွေက ဘာမှ တရားဝင် ပြောတာ မရှိပါဘူး” ဟု ဦးဝင်းတင် ပြောသည်။ သို့သော်လည်း ကြာသပတေးနေ့တွင် အကျဉ်းဦးစီးဌာန အရာရှိတဦးက တရားလိုလုပ်ပြီး တရား စွဲထားကြောင်း၊ အင်းစိန်ထောင်တွင်း တရားရုံးက ထိုအမှုကို လက်ခံခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဦးဝင်းတင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသည်။ ထိုစဉ်က အာဏာပိုင်တို့သည် ဦးဝင်းတင် အပါအ၀င် အကျဉ်းသား ၉၀၀၂ ဦးကို ရွေးကောက်ပွဲတွင် ပါဝင် နိုင်ရန် ဟု ကြေညာပြီး လွှတ်ပေးခဲ့သည်။ ထောင်ဒဏ် အနှစ် ၂၀ ကျနေသော ဦးဝင်းတင်အား ထောင်သက် ၁၉ နှစ် ကျော် ကြာသည့်အချိန်တွင် အာဏာပိုင်တို့က လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးလိုက်သည်။ ဦးဝင်းတင်က အာဏာပိုင်တို့က သူ့အား “ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုသည်” ဟု ကြေညာပြီး လွှတ်သည့် ပုံစံကို သဘောမတူ ကန့်ကွက်သည့်အနေဖြင့် အကျဉ်းသား ၀တ်စုံကို မချွတ်ဘဲ ထောင်ထဲမှ ထွက်ခဲ့ခြင်း ဖြစ်သည်။
ဥမင်လှိုဏ်ခေါင်း၊ လက်နက်နှင့် ကင်မ်ချီ - မြောက်ကိုရီးယား၏ ဒေါ်လာရှာ လုပ်ငန်းများ (အပိုင်း ၂) ဘာတီလင်တနာ (Bertil Lintner) စနေနေ့၊ ဇွန်လ 13 ဘန်ကောက်။
။ ကမ္ဘာ့ စီးပွါးပျက်ကပ်ကြောင့် မမျှော်လင့်သော သားကောင်တကောင် ပေါ်လာသည်။ ယင်းမှာ
မြောက် ကိုရီးယား နိုင်ငံက အရှေ့တောင်အာရှတလွှား ဖွင့ထ်ားသော စားသောက်ဆိုင်များပင် ဖြစ်သည်။ လွန်ခ့ေဲ သာ လအနည်းငယ်အတွင်းက အဆိုပါ ဆိုင်များမှာ `လတ်တလော စီးပွါးရေး အခြေအနေကြောင့်´ ပိတ်လိုက်ရသည် ဟု ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ အာရှ သံတမန်တဦးက ပြောသည်။ ဤအချက်က ဒေသတွင်း စားသောက်ဆိုင်များ၊ အခြားရှေ့တန်း ဟန်ပြ လျှို့ဝှက်ကုမ္ပဏီများ ဖွင့်လှစ် လုပ်ကုငိနေသည့် မြောက်ကိုရီးယား အလုပ်သမားပါတီ၏ နိုင်ငံတကာ ငွေကြေးရှာဖွေရေး ဌာနခွဲဖြစ်သော အမှတ် ၃၉ ဗျူရိုသည် ငွေကြေးများ ပြတ်လပ်နေပြီ ဟူသည့် အဓိပ္ပါယ် ဆောင်ပါသည်။ အကယ်၍ ဤစီးပွါးရေး လုပ်ငန်းများသည် ငွေကြေးခဝါချရန် သက်သက်သာ တည်ထောင်ထားသည် ဆိုလျှင်ပင် ဤလုပ်ငန်းများ၏ လည်ပတ်စရိတ် နှင့်
ငွေကြေးစီးဆင်းမှုမှာ သူတို့ ရပ်တည်ရှင်သန်နိုင်ရေးအတွက် အရေးကြီးမြဲ ကြီးပါသည်။ သူတို့ စားသောက်ဆိုင် များ၏ အဓိက ဖောက်သည်များမှာ အထီးကျန် မြောက်ကိုရီးယားနိုင်ငံ၏ ရှားရှားပါးပါး နှစ်သိမ့်စရာ အစား အသောက်များကို လာရောက်ရှာဖွေ စားသောက်ကြသည့် တောင်ကိုရီးယား ကမ္ဘာလှည့် ခရီးသည်များ ဖြစ်သည်။ စားပွဲထိုး မိန်းကလေးများမှာ သေချာဂရုတစိုက် ရွေးချယ်ထားသည့် ငယ်ရွယ် နုပျို၍ ရိုးရာကိုရီးယား အဝတ် အစားများ ဝတ်ဆင်ထားကြသည့် မိန်းမပျိုကလေးများ ဖြစ်သည်။ သူတို့သည် လာရောက်သော ဧည့်သည်များကို သီချင်းများ အကများဖြင့်လည်း ဖျော်ဖြေကြသည်။ ကမ္ဘာ့စီးပွါးရေး အကြပ်အတည်းကြောင့် တောင်ကိုရီးယား လူမျိုး ကမ္ဘာလှည့်ခရီးသည် အရေအတွက်သာ ကျဆင်း သွားသည် မဟုတ်၊ တောင်ကိုရီးယား ဝမ်ငွေ၏ တန်ဘိုးမှာလည်း ကျဆင်းသွားခဲ့ရာ ထိုငွေကြေး၏ ဝယ်နိုင် အား လည်း ကျဆင်းသွားခဲ့ရသည်။ တောင်ကိုရီးယား ဝမ်ငွေသည် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလက အမေရိကန် တဒေါ်လာလျှင် ၉၄၂ ရှိနေရာမှ ဖေဖော်ဝါရီလတွင် ၁၅ဝ၆ အထိ ကျဆင်းသွားခဲ့သည်။ အသေးစိတ် စာရင်း အင်းများ မရရှိသော်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော တောင်ကိုရီးယား လူမျိုး ကမ္ဘာလှည့် ခရီးသည် အရေအတွက်မှာ ၂၅ ရာနှုံး ကျဆင်းသွားခဲ့သည်။ ထိုင်းနိုင်ငံသည် သူတို့အတွက် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယားနှင့် လာအိုတို့သို့ သွားရောက်ရာ တံခါးပေါက်လည်း ဖြစ်သည်။ မိမိနိုင်ငံတွင် ဒေါင်ဒေါင်မြည် ဆိုရှယ်လစ်ဖြစ်သော်လည်း မြောက်ကိုရီးယား နိုင်ငံသည် နိုင်ငံရပ်ခြားတွင် အရင်းရှင် စီးပွါးရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ အောင်မြင်လှသည်။ ထိုလုပ်ငန်းများမှ ပြုံယမ်း၏ ဘဏ္ဍာ တိုက် တွင်းသို့ နိုင်ငံခြား ငွေကြေးများ ပုံမှန် စီးဆင်းနေစေသည်။ မြောက်ကိုရီးယားသည် ကုန်သွယ်ရေး ကုမ္ပဏီများကို ထိုင်း၊ ဟောင်ကောင်၊ မကာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် ဖွင့်လှစထ်ားကာ မြောက်ကိုရီးယား ကုန်စည် များကို ဒေသတွင်းနိုင်ငံများသို့ တင်ပို့ ရောင်းချနေသည်။ အများစုမှာ အဝတ်အထည်၊ ပလပ်စတစ်၊ ကြေးနီ ကဲ့သို့သော သတ္တုများ ဖြစ်ကြသည်။ တချိန်တည်းတွင် အစားအစာ အမျိုးမျိုး၊ အပေါ့စား စက်ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများကို တင်သွင်းခဲ့သည်။ ယခင်ကမူ အရပ်ဘက်ရော စစ်ရေးဘက်တွင်ပါ အသုံးပြုနိုင်သည့် နှစ်ဘက်သုံး ဓါတုပစ္စည်းများကို တင်သွင်းခဲ့သည်။ ဤကုမ္ပဏီ အားလုံးသည် အင်အား ကြီးမားလှသော Daesong Group က လည်ပတ် လုပ်ကိုင်နေသော လုပ်ငန်းများဖြစ်ပြီး လျှို့ဝှက် သိပ်သည်းလှသော အမှတ် ၃၉ ဗျူရို လက်အောက်ခံ လည်း ဖြစ်သည်။ ၁၉၈ဝ စုနှစ်များ နှောင်းပိုင်းနှင့် ၁၉၉ဝ စုနှစ်များအတွင်း ကွန်မြူနစ် မဟာမိတ်ဟောင်းများနှင့် ကုန်သွယ်ရေး အဆက်အဆံများ ရပ်ဆိုင်းသွားပြီး အလွန်ပြင်းထန်သည့် အကြပ်အတည်းကို ကြုံရပြီးနောက် မြောက်ကိုရီးယား နိုင်ငံသည် ဤအရင်းရှင် စီးပွါးရေး လုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင်လာခဲ့ခြင်း ဖြစ်သည်။ ပိုပြီး ထိခိုက်စရာ ဖြစ်လာသည်မှာ ၁၉၉ဝ ခုနှစ်တွင် ယခင် ဆိုဗီယက်ယူနီယံက၎င်း၊ ၁၉၉၃ ခုနှစ်တွင် တရုပ်နိုင်ငံက၎င်း သူတို့ ရောင်းချသော ကုန်စည်များကို နိုင်ငံတကာ စံဈေးနှုံးများအတိုင်း ငွေမာဖြင့် ပေးချေရန် တောင်းဆိုလာခဲ့ခြင်း ဖြစ်သည်၊ ယခင် ကုန်ချင်း လဲလှယ်သည့် ဘာတာစနစ်ကို လက်မခံတော့။ အလားတူ နိုင်ငံရပ်ခြားရှိ သံရုံး များ ကိုလည်း မြောက်ကိုရီးယား နိုင်ငံက အရေးတကြီး လိုအပ်နေသော နိုင်ငံခြားငွေကြေးများ ရှာဖွေခိုင်း ခဲ့သည် ဟု မြောက်ကိုရီးယား နိုင်ငံအတွင်း ဖြစ်ထွန်းသမျှကို လေ့လာနေသော ဘန်ကောက်အခြေစိုက် အနောက်တိုင်း သံတမန် တဦး အပြောအရ သိရသည်။ `ငွေဘယ်လိုရတယ်ဆိုတာက အရေးမကြီးဘူး၊ တရားဝင်ရော၊ တရား မဝင်ရော နည်းပေါင်းစုံနဲ့ လုပ်လို့ ရတယ်။ သူတို့က မကြာခဏ သံတမန် အထူးအခွင့်အရေးကို အလွဲသုံးစား လုပ်ကြတယ်´ ဟု အဆိုပါ သံတမန်က ပြောသည်။
မြောက်ကိုရီးယား နိုင်ငံ၏ အဓိကရှေ့တန်းဟန်ပြ ကုမ္ပဏီများ ဖြစ်ကြသော Star Bravo နှင့် Kosun ImportExport ကုမ္ပဏီတို့မှာ ယနေ့တိုင် ထိုင်းနိုင်ငံတွင် လည်ပတ်လုပ်ကိုင်နေဆဲ ဖြစ်သည်။ ၂ဝဝဝ စုနှစ်များအစော ပိုင်းတွင် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပြီးလျှင် မြောက်ကိုရီးယားသည် ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။ မြောက်ကိုရီးယား သံတမန်များက ဇိမ်ခံကားများ၊ အရက်နှင့် စီးကရက်များ တို့ကို ထိုင်းနိုင်ငံ အတွင်းသို့ အကောက်ခွန်မဲ့ တင်သွင်းလာသည်ကို အနောက်နိုင်ငံ ထောက်လှမ်းရေး အရာရှိ များက သတိပြုမိလာကြသည်။ ဘန်ကောက်သည် ဤသို့သော ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၏ ဗဟို ဌာနချုပ် ဖြစ်လာခဲ့သည်။ ပိုထူးသော လုပ်ငန်းတရပ်မှာ ဘန်ကောက်ရှိ မြောက်ကိုရီးယား လူမျိုးများက တပတ်ရစ် မိုဘိုင်းဖုံးများကို ဝယ်ယူ၍ သံတမန်ချောအိတ်များ သုံးပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တင်ပို့ကာ အသစ် မဝယ်နိုင်သော ဖောက်သည်များအား ရောင်းချနေခြင်း ဖြစ်သည်။ ၂ဝဝ၁ ခုနှစ် အစပိုင်းတွင် အရည်အသွေးမြင့် အမေရိကန် ဒေါ်လာ ၁ဝဝ တန် ငွေစက္ကူများ ဘန်ကောက်တွင် ပေါ်ထွက်လာခဲ့သည်။ ဤကိစ္စအတွက် မြောက်ကိုရီးယား သံရုံး တွင် တာဝန်ရှိသည်ဟု ထိုအချိန်က တာဝန်ယူခ့ေဲ သာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင်းရှိ ဒေသခံ ဘဏ်များတွင် အဆိုပါ သံအရာရှိများ ဒေါ်လာငွေအတုများ အပ်နှံရန် ကြိုးပန်းသည်ကို ဖမ်းမိခြဲ့ ပီး၊ သူတို့ ကို နောက်မလုပ်ရန် သတိပေးခဲ့သည်။ စားသောက်ဆိုင်များမှာမူ ပြုံယမ်း အစိုးရအတွက် နောက်ထပ် ငွေကြေးများ ရှာဖွေရာတွင် အသုံးပြုသည်။ တချိန် တည်းတွင် မြောက်ကိုရီးယားနိုင်ငံ၏ မသတီစရာ စီးပွါးရေး လုပ်ငန်းများမှ ရရှိသော ငွေကြေးများ ခဝါချ ရာတွင် လည်း အသုံးပြုနေသည်ဟု သံသယရှိစရာ ဖြစ်နေသည်။ စားသောက်ဆိုင်များနှင့် အခြားငွေသား အသားပေး စီးပွါးရေး လုပ်ငန်းများကို ဘဏ်များက အပ်နှံငွေအဖြစ် လက်မခံသည့် ငွေအစုလိုက် အပုံလိုက်ကို လက်ခံရာ ကြားခံ အဖြစ် အများအားဖြင့် အသုံးပြုနေသည်။ မြောက်ကိုရီးယား စားသောက်ဆိုင် အများအပြားကို ပီကင်း၊ ရှန်ဟဲနှင့် အခြား တရုတ်မြို့ကြီးများတွင် နှစ်ပေါင်း များစွာ ကတဲက ဖွင့်လှစ် လုပ်ကိုင်လာခဲ့သည်။ သို့သော် အရှေ့တောင်အာရှတွင် ပထမဆုံးသော အဆိုပါ စားသောက်ဆိုင်ကို ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့၌ ၂ဝဝ၂ ခုနှစ်က ဖွင့်လှစ်ခ့သဲ ည်။ အန်ကောဝပ် ဘုရား ကျောင်း အပြိုအပျက်များကို လာရောက် လေ့လာကြည့်ရှုကြသည့် တောင်ကိုရီးယား ကမ္ဘာလှည့် ခရီးသည် ထောင်ပေါင်းများစွာကြောင့် အဆိုပါ စားသောက်ဆိုင်မှာ ချက်ချင်း အောင်မြင်သွားခဲ့သည်။ ထိုဆိုင် အောင်မြင် သွား သောကြောင့် ဒုတိယ စားသောက်ဆိုင်ကို မြို့တော် ဖနွမ်းပင်တွင် ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလ က ထပ်မံ ဖွင့်လှစ်ခ့သဲ ည်။ အတော်အတန် ကြီးမားသော အဆိုပါ စားသောက်ဆိုင်တွင် သိပ်မထူးခြားလှသော ကိုရီးယား လူမျိုး တို့၏ အဓိက အစားအစာ ကင်ချီ (Kimchi) နှင့် အခြား ဟင်းလျာများကို ရောင်းချပြီး မြောက်ကိုရီးယား စားပွဲထိုး အမျိုးသမီးလေးများက အဆိုအကမျာဖြင့် ဖျော်ဖြေသည်။ အဆိုပါ ဆိုငကို စီးပွါးရေး မကောင်း သောကြောင့် ယခုနှစ် အစောပိုင်းက ပိတ်ခ့ရဲ သည်။ နောက်ထပ် ပြုံယမ်းစားတော်ဆက် ဟုခေါ်သည့် စားသောက်ဆိုင် တဆိုင်ကို ဘန်ကောက်မြို့တွင် ၂ဝဝ၆ ခုနှစ်က ဖွင့်လှစ်ခ့သဲ ည်။ အဆိုပါ စားသောက်ဆိုင်ကို အနောက် နိုင်ငံသားများ အရောက်အပေါက် နည်းသည့် ဘန်ကောက်ဆင်ခြေဖုံး Pattanakan အရပ် လမ်းကြားတွင် အထူး ဆောက်လပ်ုထားသော ကောင်းမွန်ခန့် ငြားလှသည့် အဆောက်အဦ၌ ဖွင့်လှစ်ထားသည်။ သို့သော် ထိုအရပ်သည် မြောက်ကိုရီးယား သံရုံးနှင့် အခြား ဘန်ကောက်မြို့ရှိ ရှေ့တန်းဟန်ပြ ကုမ္ပဏီများ ဖွင့်လှစ်ထားရာ နေရာနှင့်မူ နီးသည်။ နောက်ထပ် အလားတူ စားသောက်ဆိုင်တဆိုင်ကို ပို၍ပင် ခမ်းနားစွာ ထိုင်းနိုင်ငံ၏ နာမည်ကျော် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမြို့ ဖြစ်သော ဖတ်တယား (Pattaya) ၌ ဖွင့်လှစ်ခ့သဲ ည်။ သီးခြား အဆောက်အဦဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားများ ရပ်နားရန် အလွန်ကြီးမားသော ကားရပ်စခန်း တခုကိုပါ အပြင်တွင် တပါတည်း ထည့်သွင်း
တည်ဆောက်ထားသည်။ ထိုစားသောက်ဆိုင်ထက် အများကြီးငယ်သော စားသောက်ဆိုင်ကိုမူ လာအိုနိုင်ငံ၏ အိပ်မောကျနေသည့် ပျင်းရိငြီးငွေ့ဘွယ် ကောင်းသော ဗီယင်ကျန်းမြို့တော်၌ ဖွင့်လှစ်ထားသည်။ ထို စားသောက် ဆိုင်မှာမူ တောင်ကိုရီးယား ကမ္ဘာလှည့် ခရီးသည်များကြောင့် ထင်ရှာလာခြင်း မဟုတ်ဘဲ တရုတ် လူမျိုး ပညာရှင် များနှင့် ဧည့်လုပသ်ားများ လာရောက် စားသောက်ကြခြင်း ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ၏ ဆက်လက် လည်ပတ် လုပ်ကိုင်နေဆဲ စားသောက်ဆိုင်မှာ ဗီယင်ကျန်း စားသောက်ဆိုင် တဆိုင်သာ ဖြစ်ပါလိမ့်မည်။ မြောက်ကိုရီးယားနိုင်ငံ၏ ငွေတုလုပ်ငန်းနှင့် မှောင်ခိုစီးပွါးရေး လုပ်ငန်းများကို နှစ်ပေါင်းများစွာ စောင့်ကြည့် နေခဲ့ပြီးနောက် အမေရိကန်နိုင်ငကံ ပြုံယမ်း၏ ဘဏ္ဍာရေး လုပ်ငန်းများကို ၂ဝဝ၅ ခုနှစ် စက်တင်ဘာလတွင် ဝက်အူတင်း တင်းကြပ်ခ့သဲ ည်။ ဤလုပ်ရပ်မှာ မကာအိုရှိ ဒေသခံ ဘဏ်တခုဖြစ်သော Banco Delta Asia ကို ´ငွေကြေးခဝါချမှု လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု အဓိက စိုးရိမ်ပူပန်စရာ ဘဏ္ဍာရေး အဖွဲ့အစည်း´ အဖြစ် သတ်မှတ် ခံလိုက်ရပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဘဏ်မှာ ပြိုလဲလုနီးပါး ဖြစ်သွားပြီး မြောက် ကိုရီးယား နိုင်ငံ၏ ပိုင်ဆိုင်မှု အားလုံကိုလည်း ထုတ်မရအောင် လုပ်ထားခြင်း ခံလိုက်ရသည်။ ၆ နိုင်ငံ ဆွေးနွေးပွဲ တွင် မြောက်ကိုရီးယားနိုင်ငံ၏ အလျှော့ပေး လိုက်လျောလာမှုများကို မက်လုံးပေးသည့် အနေနှင့် အဆိုပါ ပိုင်ဆိုင်ခွင့် (ရရန်ပုငိခွင့် Assets)များကို မြောက်ကိုရီးယားနိုင်ငံသို့ ရုရှအရှေ့ဖျားရှိ ဘဏ်မှတဆင့် တဖြေးဖြေး ပြန်လည် လွှဲပြောင်းပေးခဲ့သည်။ ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများနှင့် ပေါင်းစပ်လိုက်သောအခါ မြောက် ကိုရီးယားနိုင်ငံ၏ ပင်လယ်ရပ်ခြား ဘဏ္ဍာရေး ကွန်ရက်မှာ ထိခိုက် ပျက်စီးသွားတော့သည်။ ပြုံယမ်း ၏ ပင်လယ် ရပ်ခြား ရှေ့တန်းဟန်ပြ ကုမ္ပဏီ အများအပြားမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် မရတော့။ ဥပမာ အားဖြင့် ထိုင်းနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ ၂ဝဝ၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၄၃ သန်းအထိ အမြင့်ဆုံးသို့ ရောက်ရှိခ့ရဲာမှ စတင် ကျဆင်းသွားခဲ့သည်။ ၂ဝဝ၇ ခုနှစ် တွင် အမေရိကန် ဒေါ်လာ သန်း ၁ဝဝ သို့ ကျဆင်းသွားပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ဝ.၈ သန်း သာ ရှိတော့သည်။ ယခု မြောက်ကိုရီးယားနိုင်ငံက ဒုတိယအကြိမ် ညူကလီယာလက်နက် စမ်းသပ် ဖောက်ခွဲမှုများ ပြုလုပ်၍ ဒုံးကျည်များ ပစ်လွှတ် စမ်းသပ်ခြဲ့ ပီးနောက် ဝါရှင်တန်က မြောက်ကိုရီးယားနိုင်ငံကို အကြမ်းဘက်ဝါဒ ထောက်ခံ အားပေးသော နိုငင်ံအဖြစ် ပြန်လည် သတ်မှတ်မည့် အလားအလာများ တဖန် များလာပြန်ပြီ ဖြစ်သည်။ ဤသို့ ဖြစ်လာပါက ပုဂ္ဂလိက ကုမ္ပဏီ အများအပြားမှာ ပြုံယမ်းနှင့် စီးပွါးရေး လုပ်ကိုင်လျှင် အမေရိကန် ဘဏ္ဍာရေး ဌာန၏ နာမည်ပျက်စာရင်း သွင်းခံရမည်ကို စိုးရိမ်ရ၍ တွဲဖက် စီးပွါးရေးလုပ်ကိုင်ရန် ဝန်လေးသွားကြမည် ဖြစ်သည်။ ဤသို့ ငွေရှာပေးနေသည့် စီးပွါးရေးလုပ်ငန်း အများအပြား ပျက်ကိန်း ကြုံနေရသဖြင့် ပြုံယမ်းမှာ ဖိအားများ ပိုမို ခံလာနေရသည်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကြပ်အတည်းကလည်း မြောက်ကိုရီးယားနိုင်ငံကို နောက်ထပ် ချောင်ပိတ်ခံရအောင် လုပ်လိုက်သလို ဖြစ်နေသည်။ နိုင်ငံရပ်ခြားရှိ မြောက်ကိုရီးယားနိုင်ငံ၏ စီးပွါးရေး လုပ်ငန်း များမှ ရရှိငွေများကို တိုင်းပြည်ရှိ လူမှုဖံြွ့ ဖိုးရေး လုပ်ငန်းများတွင်သော်၎င်း၊ တိုင်းပြည်တွင်းရှိ အစာရေစာ ငတ်ပြတ် နေသော ပြည်သူလူထု၏ ထမင်းစားပွဲပေါ်တွင် စားစရာများ တင်ပေးလိမ့်မည်ဟုသော်၎င်း၊ အခြား အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးလိမ့်မည်ဟုသော်၎င်း မျှော်လင့်၍ မရနိုင်ပါ။ ဒေသတွင်းရှိ တောင်ကိုရီးယား ကမ္ဘာ လှည့်ခရီးသည်များအား ရောင်းချရန် အစားအသောက်ပင် မရှိတော့ပါ။
(ဘာတီလင်တနာသည် ဘန်ကောက်အခြေစိုက် ဆွီဒင်လူမျိုး သတင်းစာဆရာ တဦးဖြစ်ပြီး အာရှရေးရာ စာအုပ် အများအပြား ရေးသားခဲ့သူ ဖြစ်သည်။ ထိုစာအုပ်များထဲတွင် “Blood Brothers: The Criminal Underworld of Asia”, “Great Leader, Dear Leader: Demystifying North Korea under the Kim Clan” တို့ ပါဝင်သည်။) မြစ်နားရွာ အနီးရှိ နီလာစေတီတော် ဌာပနာ ဖေါက်ထွင်းခံရ www.narinjara.com 6/13/2009 ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့နယ် မြစ်နားရွာ အနီးရှိ နီလာစေတီတော် သုံးဆူမှ အကြီးဆုံး စေတီတော် ဌာပနာကို လွန်ခ့ေဲ သာ နှစ်ရက်က အမည်မသိသူများက ဖေါက်ထွင်း ယူဆောင်သွား ခဲ့သည်ဟု ရခိုင်အမျိုးသား တဦးက ပြောသည်။ �ကျွန်တော်တို့ သွားကြည့်တော့ စေတီတော်မှာ ဘုရားဆီးမီး ပူဇော်တဲ့ ဂူပေါက်ကနေပြီး ဖေါက်ထွင်း ပြီး ဌာပနာကို ယူသွားတာ ဖြစ်ပါတယ်။ စေတီတော် ရင်ပြင်မှာ တက်ရောက် အိမ်ယာ ဆောက်လုပ် နေထိုင်သူ ဘင်္ဂလီတွေ ဖြစ်နိုင်ပါတယ်� ဟု သူက ပြောသည်။ အဆိုပါ ဖေါက်ထွင်းမူအား ဒေသဆိုင်ရာ အာဏာပိုင်များအား တိုင်ကြားသော်လည်း ယနေ့ထိ လာရောက် စစ်ဆေးခြင်းနှင့် အရေးယူခြင်းမရှိဟု သိရသည်။ အဆိုပါ ကိစ္စနှင့် နီလာမြို့နယ်မှ ဒုတိယ ဥက္ကဌ အာယု ဘင်္ဂလီကို နိရဉ္စရာမှ ဖုံးဖြင့် ဆက်သွယ်ပြီး မေးမြန်းရာ အဆိုပါ ကိစ္စကို သူအနေဖြင့် မသိရှိသေးဟု ဆိုကာ ဖုံးချသွားခဲ့သည်။ အဆိုပါ စေတီတော်ရင်ပြင်တငွ် ဘင်္ဂလီမိသားစု ၆ စုခန့်မှ တက်ရောက် အိမ်ယာ ဆောက်လုပ် နေထိုင်နေပြီး မူးယစ်ဆေးဝါးများလည်း ရောင်းချနေသည်ဟု နီလာကျေးရွာမှ အရပ်သား တဦးက ပြောသည်။ �ဘုရားပေါ်မှာ တက်ရောက်ပြီး အိမ်ယာ ဆောက်လုပ် တာတောင် မကသေးဘူး။ မူးယစ်ဆေးဝါးတွေ လည်း ရောင်းချနေ ပါတယ်။ သက်ဆိုင်ရာကို သွားတိုင်ရင် ရန်ရှာမှာကို ကြောက်တဲ့ အတွက် ဘယ် ရခိုင်လူမျိုးမှ သွားမတိုင်ရဲပါဘူး။� အဆိုပါ နီလာတောင်ပေါ်တွင် စေတီတော် သုံးဆူရှိပြီး ရှေ့ခေတ်ကတည်းက တည်ရှိနေသော သမိုင်းဝင်စေတီများ ဖြစ်ကြသည်။ မြစ်နားရွာမှ လူငယ် တဦးကလည်း “စေတီတော် ဌာပနာ ကိုလည်း ယူမယ်။ ပီးတော့ စေတီတော် ကိုလည်း အတွင်းကနေပြီး ဖြိုမယ်ဆိုတဲ့ ရည်ရွယ်ချက် သူတို့မှာ ပါဝင် ပါတယ်။ အပြင်က ဖြိုရင် လူတွေ မြင်နိုင်တ့အဲ တွက် သူတို့က ဌာပနာကို ဖေါက်ပြီး ခုလို ကြံစည်တာ ဖြစ်ပါတယ်။”� ဟု ပြော သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ရှေ့ဟောင်း စေတီပုထိုးတော်များ အများအပြား တည်ရှိပြီး တချို့မှာ ဖြိုဖျက်ခံ လိုက်ရသလို တချို့မှာလည်း ဖြိုဖျက်ခံရမည့် အနေအထားနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
GPS မြန်မာပြည်ကို ရောက်ပြီ မိုးမခအထောက်တော် ၀၀၄ ဇွန် ၁၄၊ ၂၀၀၉ ရန်ကုန်၊ မန္တလေး နှင့် မြို့ကြီးတချို့မှ ယာဉ်မောင်းသူများသည် အီလက်ထရွန်နစ် လမ်းညွှန်မြေပုံ အားကိုးဖြင့် လိုရာခရီးရောက်အောင် သွားလာနိုင်သည့် အခွင့်အရေး ရနေပြီ ဖြစ်သည်။သို့သော်လည်း GPS စနစ် ထည့်သွင်း ထားသည့် လက်ကိုင်ဖုန်း တလုံး လိုအပ်မည် ဖြစ်သည်။ ရန်ကုန်ရှိ လက်ကိုင်ဖုန်း (မိုဘိုင်းဖုန်း) ရောင်းချသည့် ဆိုင်တချို့တွင် အဆိုပါ စနစ်ကို ၀န်ဆောင်မှု ပေးနေပြီ ဖြစ်သည်။ လမ်းညွှန်မြေပုံ စမ်းသပ်လိုသူများအနေဖြင့် ဦးစွာ ကျပ်ငွေ သောင်းဂဏန်း အကုန်အကျ ခံပြီး မိမိ၏ လက်ကိုင်ဖုန်းတွင် GPS စနစ် ထည့်သွင်းရမည် ဖြစ်သည်၊ ၀န်ဆောင်မှု ပေးသည့် ဆိုင်တွင် အသုံးပြုနည်းကို ရရှိနိုင်သည်။ ၀န်ဆောင်ခမှာ ကျပ်ငွေ တသောင်းခွဲမှ နှစ်သောင်း အထိ ပေးရမည်ဖြစ်သည်။ GPS အီလက်ထရွန်နစ် လမ်းညွှန်မြေပုံ အသုံးပြုမှုမှာ အမေရိကတိုက် နှင့် ဥရောပတိုက်မှ ယာဉ်မောင်းသူများ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ ကားအတွင်း အမြဲတမ်း တပ်ဆင်ထားသော GPS ဖန်သားပြင်ငယ်က မြေပုံကို ဖော်ပြပေးပြီး ဘယ်ညာကွေ့ရန်ကိုလည်း အသံဖြင့် လမ်းညွှန်ပေးသဖြင့် လူကြိုက်များလျက်ရှိသည်။ သို့သော်လည်း ဤစနစ်မှာ မြန်မာပြည်တွင် အသုံးပြုမှု နည်းပါးနေဦးမည်ဟု ရန်ကုန်မှ ယာဉ်မောင်းသူတဦးက ပြောသည်။ မြန်မာပြည် မြို့ကြီးများရှိ လမ်းပမ်း ဆက်သွယ်ရေးမှာ အနောက်နိုင်ငံမှ ဆက်သွယ်ရေး လမ်းများ ကဲ့သို့ ရှုပ်ထွေး များပြားခြင်း မရှိသေးသောကြောင့် ဤစနစ်ကို ငွေကြေး အကုန်အကျခံပြီး သုံးကြဦးမည် မဟုတ်ဟု ဆိုသည်။ မြို့ပေါ်မှ လက်ကိုင်ဖုန်း ကိုင်နိုင်သူ ယာဉ်မောင်းသူများ အဆိုပါစနစ် သုံးစွဲရန် စဉ်းစားနေချိန်တွင် မြန်မာ့ ကမ်းရိုးတန်းတလျှောက်ရှိ ငါးဖမ်းလှေပိုင်ရှင်များက လုပ်ငန်း ပိုမို တွင်ကျယ်သဖြင့် လက်တွေ့ အသုံးပြု နေကြပြီဖြစ်သည်။ ဧရာဝတီတိငုး အထူးသဖြင့် တနင်္သာရီ နှင့် ရခိုင် ကမ်းရိုးတန်းရှိ ငါးဖမ်းလှေများတွင် တပ်ဆင် အသုံးပြုနေကြကြောင်း ဇန်န၀ါရီ ၆ ရက်နေ့ထုတ် FLOWER NEWS သတင်းဂျာနယ်တွင် ဖော်ပြထားသည်။ ယင်း ဂျီပီအက်စ် များက ရေအောက် မျက်နှာပြင် အနေအထား၊ ငါးအုပ်စု အနည်းအများ၊ အကြီးအသေးကို ရှာဖွေပေးသည့် အပြင် ငါး အထိအမိ ကောင်းသော နေရာများကိုလည်း ရှာဖွေပေးနိုင်သည်ဟု ဆိုသည်။ ရေတိမ်ပိုင်း၊ ရေနက်ပိုင်း၊ ကျောက်ဆောင် စသည့် နေရာများကို အရောင်၊ အသံတို့ဖြင့် ခွဲခြား အချက်ပေးသည် ဟု ဆိုသည်။ ငါးဖမ်းလှေများတွင် မြန်မာစာတန်းထိုးသည့် စက်များကို ပိုမို တပ်ဆင် အသုံးပြုနေကြသည်ဟု ဆိုသည်။ “ပြေးခွင့်ရနေမယ်ဆိုရင်လည်း မဆိုးဘူး….” Saturday, 13 June 2009 16:58 ဧရာဝတီ - အော်ပီကျယ် အင်တာဗျူး ကာတွန်း အော်ပီကျယ်သည် ၁၉၈၁ ခုနစှ်မှစတင်၍ မဂ္ဂဇင်းများတွင် ကာတွန်းရေးဆွဲခြဲ့ ပီး ၁၉၈၉ ခုနှစ် မှ စ၍ အချိန်ပြည့် ကာတွန်း ဆရာဘဝကို ခံယူ ရေးဆွဲခ့သဲ ည်။ ယနေ့ အထိ ဂျာနယ် ၊ မဂ္ဂဇင်းများတွင် ရေးဆွဲခ့ေဲ သာ ကာတွန်းများပါဝင်သည့် လုံးချင်း ကာတွန်း စာအုပ်ပေါင်း ၄ အုပ် ထုတ်ဝေခဲ့ပြီးဖြစ်သည်။
မကြာသေးခင်အချိန်မှ စတင်၍ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးကာတွန်းများကို ရေးဆွဲခြဲ့ ပီး လွန်ခဲ့ သည့် ဇွန်လဆန်းက ပန်းချီဆရာ၊ ကဗျာဆရာ တချို့နှင့် ပူးပေါင်း၍ ရန်ကုန်မြို့တွင် Environment Art Exhibition အမည်ရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အနုပညာပြပွဲ တခုကို ကျင်းပခဲ့သော အဆိုပါ ကာတွန်း အော်ပီကျယ် အား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲပ့ါသည်။ မေး။
။ ဘာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဆက်တိုက်ရေးဆွဲရတာလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ။
။ တာဝန်မကျေသေးဘူးဗျ။ သဘာဝ ပတ်ဝန်းကျင်ကို စိတ်ဝင်စားလို့ ဆိုတာထက် လုပ်မယ့်သူ မရှိလို့
လုပ်ဖြစ်သွားတာ။ နောက်ပြီးတော့ ကာတွန်းဆရာ တယောက်အနေနဲ့ ဝေဖန်ချင်တယ်၊ ထောက်ပြချင် တယ် ဆိုတာကလည်း တပိုင်းပါတယ်။ နောက်တခုက Education နဲ့ Entertainment ပေါင်းပြီး အက်ဂျူ တိန်း ဆို တာ မျိုး လူတွေကို ပညာပေးတဲ့ပုံစံနဲ့ ဆရာမ ဂျူး တို့လို စာရေးကောင်းတဲ့ စာရေးဆရာတွေက သဘာဝ ပတ်ဝန်းကျင် နဲ့ ပတ်သက်ပြီး ကလေးတွေနား လည်အောင်၊ လူတွေ ဖတ်ချင်အောင် လုပ်လာကြတာ တွေ့ရ တယ်။ အဲဒီမှာ ကျနော်လည်း IEC လို့ ခေါ်တဲ့ Information, Education, Communication အစီ အစဉ်နဲ့ ပတ်သက်လို့ UNDP တို့ UNICEF တို့ မှာ ဆွေးနွေးပွဲတွေ တော်တော်လေး လုပ်ခ့ေဲ ပးဖူးတယ်။ အဲဒီလို လုပ်ပေးတဲ့အခါမှာ လူတွေကို ခံစားမှုပေးရုံသက်သက် ဘာမှ ပညာ မပေးပြန်ရင်လည်း မကောင်းဘူး၊ တခါ ဗဟုသုတပဲပေးပြီး သူတို့ ရင်မခုန်ဘူး၊ ဖတ်ချင်စိတ်မရှိဘူး ဆိုရင်လည်း မကောင်းဘူးဆိုတာ သိလာ တယ်။ အဲဒီတော့ အဲဒီ ၂ ခုကိုပေါင်းစပ်ပြီး ဖန်တီးနိုင်တဲ့ အတတ်ပညာ တခုကို ကျနော် နည်းနည်းလေး အတွေ့ အကြုံ ရှိလာခဲ့တယ်။ ၁၀ နှစ်ကျော်လောက် အတွေ့အကြုံရလာတယ်။ နောက်တော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက် လို့ ဆရာ ဇော်မြင့်နီတို့၊ ဆရာခင်မောင်ညိုတို့ ဆရာမဂျူးတို့ ရေးတာတွေ ဖတ်ရ တော့ ကာတွန်း အနေနဲ့လည်း ရေးလို့ ရတယ်လို့ သိလာတယ်။ ကာတွန်းကျတော့ တိုလည်းတိုတယ်၊ ခေတ်လည်း ခေတ်မီတယ်၊ နောက်ပြီး အရုပ်တွေလည်းပါတော့ လူတွေ ရယ်ရအောင်လည်း လုပ်ပေးနိုင် တယ်။ အဲဒါကြောင့် တတ်နိုင် သလောက် လုပ်ပေးခဲ့တာ။ ဒါပေမယ့် လုပ်ချင်တာတွေ အများကြီး ကျန်သေးတယ်။ ခု လာမယ့်လ ကလေးဂျာနယ် တစောင်မှာ အိုဇုန်းလွှာ ပါးလာတဲ့အကြောင်းကို လုပ်ထားတယ်။ လူတွေနားလည်အောင်ပါ၊ သိပ်ပြီး သိပ္ပံ ပညာတွေ ဘာတွေ ပြော မပြ ထားဘူး။ ရိုးရိုးလေးပါပဲ။ ဖြစ်နိုင်တ့ဟဲာ၊ လူတွေလုပ်နိုင်မယ့်ဟာကိုပဲ ရေးချင်တယ်။ နောက်ပြီး စာတွေ နည်းချင်တယ်။ နောက်တော့ Waste management တို့၊ သစ်ဆွေး မြေသြဇာနဲ့ ပတ် သက်ပြီးတို့၊ နောက်ပြီး ရေတိမ် ဒေသ၊ ဒီရေတော .. အဲဒါလေးတွေ ဖတ်ထားတာတွေတော့ များတယ်။ ဒါပေမယ့် မပြည့်စုံသေးဘူး။ နောက်ပြီး မအားတာ။ ဂျူနီယာဆိုတဲ့ ကလေးမဂ္ဂဇင်းလေးမှာ ၄ မျက်နှာလောက် လုပ်ထားတာရှိတယ်။ ကလေးတွေကို ပညာပေး တာ။ ကလေးသိရင် ကလေးမိဘတွေပါ သိသွားတယ်ဗျ။ ကလေးကို မိဘက ဖတ်ပြမယ်။ ကလေးကို ဗဟို ထားပြီး ဗဟု သုတ ပေးရင် အနိမ့်ဆုံး အဆင့် မိဘ တွေပါသိသွားမယ်။ ကလေးကို ပစ်မှတ်ထားပြီး လူကြီးပါ နား လည်အောင် လုပ်တာပါ .. ကလေး သက်သက်တော့ မရည်ရွယ်ပါဘူး။ မေး။
။ ဆရာ့ရဲ့ ကျကျမ်းလို ကာတွန်းတွေကို အင်တာနက်ပေါ်မှာ တွေ့လာရတယ်။ လုံးချင်းအဖြစ်
ထုတ်ဝေဖို့ အစီအစဉ်ရှိလား။
ဖြေ။
။ ကျကျမ်းကတော့ တကယ်ဆို တအုပ်ပြည့်အောင်ရေးမလို့ဗျ။ ကျနော်က တက်ကျမ်းတွေကို ငယ်ငယ်
ကတည်းက အရမ်းကြိုက်ခ့တဲာ။ ဒီကျကျမ်းကတော့ ရေးရတာကိုတော်တော့်ကို ပျော်တာ။ ပျော်လို့ ရေးတယ် ဆိုပါတော့။ ဒီ ကျကျမ်းကို ရေးတာ တက်ကျမ်းတွေကို လှောင်ချင်လို့မဟုတ်ဘူး။ လူ့သဘာဝကို သရော်ချင်တာ။ စကားပုံရှိတယ်မဟုတ်လား။ သွားပါများခရီးရောက်ဆိုတာကို ကျနော်တို့က သွားပါများ ဖိနပ်ပေါက်ဆိုတာမျိုးပေါ့။ ခရီးတော့မရောက်ဘူး ဖိနပ်ပေါက်တာပဲ အဖတ်တင်တယ် ဆိုတာမျိုး လုပ်တာ။ ဒါပေမယ့် သိပ်ကို ဆင်ဆာများတဲ့ အတွက် အခု ၂၀ လားပဲ ရှိလိုက်တယ်။ နောက် အခွင့်အလမ်း ဂျာနယ် ဆိုတ့၊ဲ စီးပွားရေး ဒီပလိုမာ ရတဲ့ လူငယ်တွေစုလုပ်ကြတဲ့ ဂျာနယ်လေးတစောင်မှာ အဲဒါလေး စရေးတာ။ ပါလိုက် မပါလိုက်ဆိုတော့ သူတို့လည်း လက်လျှော့လိုက်ရတယ်။ ကျနော်အခု အဲဒါမျိုးတွေဖြစ်နေတာ။ အိုလံပစ် ဆိုလည်း အဲဒီလိုပဲ။ ဘောလုံးကိုအခြေပြု ရေးရတာပေါ့။ ကျနော်တို့ ဘောလုံးပွဲတွေမှာ နောက်တာ ရှိတယ်လေ၊ ဘောလုံးကို အလယ်ခေါင်မှာထားပြီး လူကန်တယ်ဆိုတာ။ ကျနော်လည်း အဲဒီလိုဖြစ်နေပြီ။ ဘောလုံးကို အလယ်ခေါင်မှာထားပြီး လူကန်တာ များသွားတယ်ထင်တယ်။ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ စောင့်ပြီး ယူကြတော့ အဲဒီကနေ ပုဒ်ရေ ၁၀၀ နီးပါးလောက်တော့ ရတယ်။ တအုပ်စာ လုပ်လို့ ရတာပေါ့။ ကျနော်က ဘောလုံးပွဲကို အဓိကရေးတာ မဟုတ်ဘဲ လူ့ကာရိုက်တာကို အဓိက ရေးတာဆိုတော့ ထုတ်ဖြစ် ရင်တော့ အဆင်ပြေမယ် ထင်ပါတယ်။ နောက်တခုကောင်းတာက ဘာမှမဆိုင်တဲ့ ဂီတ ဂျာနယ်လို မျိုးမှာ ရေးတာ။ Invention ဆိုပြီး ရေးတာပေါ့ဗျာ။ အခု ၂၀ လောက်တော့ ရှိပြီဗျ။ အပတ် ၃၊ ၄ ဆယ် လောက်မှ အခု ၂၀ လောက် ရတာပါ။ ဆင်ဆာထိတာ များသွားတယ်ဗျ။ တီထွင်တာကို ရေးတာပေါ့ဗျာ။ တီထွင်တ့သဲူ တွေ ကတော့ စေတနာနဲ့တီထွင်တယ်ဆိုတာကို ရေးတာ။ ကျကျမ်းလိုပဲ ၇ ကွက်၊ ၈ ကွက်ပေါ့။ တီထွင်တဲ့ သူရယ်၊ တီထွင်တဲ့ အကြောင်းလေးရယ်၊ တီထွင်တဲ့ ခုနှစ်ရယ်ကို ရေးတာ။ ၂၀ လောက်မှာပဲ ရပ်သွားတယ်။ ကျနော် ကာတွန်းတွေ မထုတ်ဖြစ်တာ နောက်ဆုံး ၁၉၉၉ လောက်ကဆိုတော့ ၁၀ နှစ်လောက် ရှိပြီဗျ။ နောက်ဆုံး စတုတ္ထမြောက်လုံးချင်းပေါ့။ အရင်က ၁၉၉၆၊ ၉၇ လောက်တုန်းကတော့ ကွန်ပျူတာနဲ့ လုပ်သေး တယ်။ ဒါပေမယ့် အဲဒီတုန်းက သိမ်းတဲ့ ပစ္စည်းတွေက ဈေးကြီးတော့ သေချာ မသိမ်းနိုင်တာများတယ်။ ခု နောက်ပိုင်းတော့ ဆွဲပြီးသမျှကို သိမ်းတယ်။ အကုန်လုံး စကန်ကူးထားတယ်။ ကျနော့်ရဲ့ External Hard Disc ထဲမှာ အကုန်ရှိတယ်။ ကျနော်နဲ့ ဟားဗတ်တုန်းက ခင်တ့ထဲိုင်းမလေး တယောက်ရှိတယ်။ သူကလည်း ကျနော့် ကာတွန်းတွေ ဖတ်ချင်တယ် ဆိုတာနဲ့ ချင်းမိုင်ရောက်တုန်း သူ့ကိုပေးခဲ့တယ်။ အဲဒါကို သူ့ကို ပြောရ တယ်။ အကုန်လုံး လျှောက်မဖြန့်ပါနဲ့ဦး၊ ကျနော့်မှာ စာအုပ်လေး ဖြစ်မှ ထမင်းစားရတာ။ အင်တာနက်မှာ တင်လို့ ပြန့် တာကိုတော့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ထမင်းစားစရာ မကျန်ဘဲနေမယ်လို့တောင် သူ့ကို စခဲ့သေးတယ်။ အဲဒီမှာ သူက ကျကျမ်းလောက်ကို စဖြန့်တယ်နဲ့ တူပါတယ်။ ဘယ်လိုဖြတ်ရတောက်ရတယ်ဆိုတာတောင် ကျနော့်ကိုလှမ်း မေးသေးတယ်။ နောက်တော့ “သူ၊ သူမ” တင်လိုက်တယ်။ အဲဒါလည်း အဲဒီလိုပဲ တအုပ်စာ ဖြစ်အောင်ရေးမယ်ဆိုပြီး စာအုပ်တွေချပြီးရေးတာ။ အဲဒါ ကျတော့ ကျကျမ်းလောက် ရေးရတာ မပျော်ဘူးဗျ။ သူက အကြောင်းအရာ ရှာရတာခက်တယ်။ တော်တော်လေး လုပ်ရတယ်။ နောက်ပြီး ဗျူးတီးမှာ ခန္ဓာကိုယ်ကြီးအကြောင်း ကလေးတွေ သိအောင် လုပ်မယ် ဆိုပြီး ရေးသေးတယ်။ ဦးနှောက်ကနေစလိုက်တာ အစာအိမ် လောက်မှာရပ်သွားတယ်။ တပုဒ် လောက်ရဖို့ ၄ ရက်
လောက် ကုတင်ပေါ်မှာ စာအုပ်ေ တွဖြန့်ပြီး ဆွဲရတာ။ အရမ်းပင်ပန်းတယ်။ ကျနော်နဲ့ ဆေးပညာနဲ့ကလည်း ပြဒါးတလမ်း သံတလမ်းမဟုတ်လား။ အဲဒါနဲ့နောက်ပိုင်း မတတ်နိုင်တော့ဘူး။ မေး။
။ မြန်မာပြည်ရဲ့ လက်ရှိ ကာတွန်းလောကအခြေအနေကို သုံးသပ်ပေးပါ။
ဖြေ။
။ အဓိကကတော့ လောလောဆယ် ကာတွန်းတွေက ကျနော်တို့ ငယ်ငယ်ကလိုတော့ မဟုတ် ဘူး။
စာမျက်နှာ တွေတော့ တော်တော်လေး ရနေပါပြီ။ သို့သော် ကာတွန်းတွေက ဖန်တရာတေတာလည်းပါ တယ်။ ဂျာနယ်၊ မဂ္ဂဇင်းတော်တော်များများက ကာတွန်းမပါလည်း လည်ပတ်လို့ရတယ်ဆိုတဲ့ အသိစိတ် တော်တော် များများ ဝင်သွားပြီဗျ။ အရင်ကဆိုရင် ဂျာနယ်တွေမှာ ကာတွန်းပါမှ ဆိုတဲ့ အသိစိတ်နဲ့ လုပ်ကြတာ။ နောက်တခုက ကာတွန်းတွေက တကယ်နှိုက်နှိုက်ချွတ်ချွတ် ရေးလို့မရဘူး။ အဲဒီတော့ ကာတွန်း ဆိုရင် ဂျာနယ်၊ မဂ္ဂဇင်းတွေက နည်းနည်းလန့်တယ်။ အထူးသဖြင့် ကျနော်လိုလူမျိုးဆို လန့်တယ်။ ကာတွန်းက အရည် အသွေး ပိုင်း ကတော့ လူကြောင့်မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ကြိုက်ခ့တဲ့ဲ ကာတွန်းဆရာတွေက ခုချိန် ထိ ကျန်း ကျန်း မာမာနဲ့ အသက် ၆၀ ဝန်းကျင်မှာ လုပ်နိုင်ကိုင်နိုင်ရှိနေသေးတာပဲ။ ကာတွန်း တွေလည်း ရေးနေ တုန်းပဲလေ။ သူတို့ ဟာတွေကိုက အရည်အသွေးအားမကောင်းတော့ဘူး။ အရည်အသွေး ကျသွားတယ် လို့တော့ ပြောလို့ မရဘူး။ သိပ်ပြီးအရည်အသွေးပြကွက် မရှိဘူးပေါ့။ ကိုဟန်လေးတယောက်ပဲ လွတ်လွတ် လပ်လပ် လုပ်ခွင့်ရှိတာကိုးဗျ။ နောက်ပြီး ကာတွန်းဆရာ တော်တော်များများက ဂရပ်ဖစ်ဒီဇိုင်းတွေ၊ သရုပ်ဖော်ပုံရေးတာတွေ လုပ်ကြတယ်။ သရုပ်ဖော်ပုံရေးတာက ကာတွန်း ထက်ဈေးပိုရတာကိုး။ ရပ်တည်ဖို့အတွက် လုပ်ကြရတယ်။ နောက်ပြီး သရုပ် ဖော်ပုံက ဂျာနယ်တစောင်၊ မဂ္ဂဇင်းတစောင်မှာ လေး၊ ငါးပုံ သုံးတယ်လေ။ ကာတွန်းကျတော့ တပုံပဲသုံးတာ။ အဲဒါလည်း ကွာသွားတာပေါ့။ နောက်ပြီး ကာတွန်းဆွဲရတာ ပင်ပန်းတယ်၊ အိုင်ဒီယာ ထုတ်ရတာ ကိုး။ သရုပ်ဖော်ပုံကျတော့ ဒီလောက် အိုင်ဒီယာထုတ်စရာ မလိုဘူးလေ။ လွယ်တာ လုပ်တာတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် ကျနော်က ဘယ်လိုစဉ်းစားမိလဲဆိုတော့၊ ကျနော်တို့ကာတွန်းဆရာတွေ အနေနဲ့ ဘောလုံးကို သေချာကန်ခွင့် မရပေမယ့် ကွင်းထဲ ပတ်ပြေးခွင့်ရနေမယ်ဆိုရင်လည်း မဆိုးဘူးပေါ့ဗျာ။ ကာတွန်းနဲ့ စား မလောက်လို့ ဖားကန့်သွား ကျောက်တူးမယ်၊ ရေနံသွားတူးဦးမယ်ဆိုရင်တော့ ကွင်းထဲ ပြန်ခေါ်ဖို့ ခက်တယ် လေ။ အဲဒီတော့ အခြေအနေ တခုခုက အဆင်ပြေပြီ၊ လွတ်လွတ်လပ်လပ်တွေ ရေးခွင့်ရပြီဆိုရင် ကွင်းဘေး မှာ ကပ်လျှက် ရှိနေမယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။ အဲဒီအချိန်ရောက်လို့ ဘောလုံးလေး ချပေးမယ်ဆိုရင် တော့ သူတို့ ကန်ကြမှာပါ။ Hits: 2569 Comments (4)Add Comment ကျေးဇူးပြုပြီး တောင့်ခံထားပါဦး။ written by KT, June 14, 2009 RIT မှာကတည်းက "မန်းဘဲ" ကာတွန်းတွေကို ကြိုက်ခ့တဲာ။ RIT ထဲက cartoon box ကို သတိရသေးတယ် (ကို) "အော်ပီကျယ်" ရေ။ ကျေးဇူးပြုပြီး တောင့်ခံထားပါဦး။ မကြာခင် (ကို) "ဟန်လေး" လို ကာတွန်းမျိုး တွေ ခင်ဗျားဆီက ထွက်လာမယ့် နေ့ ရောက်တော့မှာပါ။
လောကဓံဘောလုံး written by YiMon, June 14, 2009 ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဆရာ့ ကာတွန်းတွေကို လေးစားစွာ ဖတ်ရှုနေပါတယ်။ သိမ်းလည်းသိမ်း၊ လိုက်နာနိုင်အောင်လည်း ကြိုးစားပါတယ်။ ကျွန်တော်တို့ ပရိသတ်ဘက်ကလည်း အနှစ်သာရ ပြည့်ဝတဲ့ ဘောလုံးပွဲတွေ ကြည့်ခွင့်ရဖို့ မျှော်လင့်ပါတယ် ဆရာ။ ဆရာ မျှော်မှန်းထားတဲ့ အချိန် ရောက်ရင် တစ်ကွင်းလုံး အနှံ့ ပြေးပြေး ကန်ကန် ဖြစ်ရမယ့်အပြင် ကွင်းအပြင် ရောက်အောင် ကန်ဖို့ပါ ညှို့နိုင် စွမ်းမယ့် ရောင်စုံ ဘောလုံးတွေ ရှိလာမှာပါ။ ညစ်ပတ်စုတ်ပြဲ့ ပီး ဘာမှ နားမလည်တဲ့ ဒိုင်တွေ မပါကြေးပေါ့ ဆရာရယ်။ ကာတွန်းဆရာများ ကျန်းမာပါစေ။ လေးစားစွာ.... Cheers! written by Painful, June 14, 2009 Congrad Sayar Aw P Kyal Your "Kya Kyan" is the funniest I ever read.. Pls keep it up... Wondering if we can read whatever you draw itz gonna be so fantastic... Also the way you talk during this interview is full of clever and mature.. With all due respect, Cheers! Sayar Aw smilies/cheesy.gif Mr. Loudspeaker written by Maung Maung Kyaw Win, June 14, 2009 Ko Win Naing is not really an engineer though he graduated from RIT with an egineering degree. He is a satirist and he wants to correct things that he sees are not right. He finally sought a way to give messages to audience. His expression of unfair, unjust and inquality matters through pictures make him a celebrated cartoonist in Burma. Most of the political cartoon page illustrated by him managed to escape from being ripped off by the press scrutiny board because of his magic art. Carry on, Ko Win Naing. Keep on shouting about the animals (mily. regime) and its unscrupulous deeds.