ဇွန် ၁၁၊ ၂၀၀၉ သတင်းများ
ဘက်ခမ်းလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို Thursday, 11 June 2009 19:30 အေးလဲ့ ဧရာဝတီ ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း အပါအဝင် ကမ္ဘာကျော် ပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ရေးသား ပြောဆိုချက်များ စုစည်းနေကြသည်။ ရှေ့တပတ်အတွင်း ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အဖြစ် ပြုလုပ်ထားသော www.64forsuu.org အင်တာနက် စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ၆၄ လုံးပါ စကားများကို အမှတ်တရ ရေးသား ပြောဆိုလျက်ရှိသည်။ “လွန်ခ့တဲ့ဲ ၁၉နှစ်က မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို နောင်တက်မယ့် ခေါင်းဆောင် အဖြစ် ရွေးခဲ့တယ်၊ ဒီ ၁၉ နှစ်အတွင်း အချိန် အတော်များများမှာ ဒီ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားတယ်၊ သူ့ကို အသံ တိတ်အောင် လုပ်နေတာကို လက်ပိုက်ကြည့် မနေနိုင်ပါဘူး၊ နိုင်ငံတကာ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပါ ဆိုတဲ့ တခုတည်းသော အသံ ထွက်ကြဖို့ အချိန် ရောက်ပါပြီ” ဟု ဒေးဗစ် ဘက်ခမ်း၊ အပါအဝင် ဂျူလီယာ ရောဘတ်စ်နှင့် ဂျော့ကလိုနီတို့က ပြောလိုက်သည်။ တိုင်တန်းနစ် (Titanic) ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ ဂျိမ်းစ် ကမာရွန် ကလည်း “ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော့်ရဲ့ သူရဲကောင်း ဖြစ်ပါတယ်၊ သူဟာ မြန်မာလူထုရဲ့ လူ့အခွင့်အရေးနဲ့ မွေးရာပါ လူ့ ဂုဏ်သိက္ခာ အတွက် ရပ်တည်ပေးနေတဲ့သူ ဖြစ်တယ်၊ သူ့ကို လေးစားပါတယ်၊ ကျနော် ရိုက်ကူးတဲ့ ရုပ်ရှင်ကား အများစုမှာ ဆိုရင် သူရဲကောင်းတွေက မတရားမှုတွေကို ဆန့်ကျင်တဲ့ ဘက်က ရပ်တည်ပါတယ်၊
ရုပ်ရှင်ထဲက သူရဲကောင်းတွေဟာ စိတ်ကူးတွေ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်တွေ့ ဘဝမှာ အမှန်တကယ်ကို ရင်ဆိုင်နေရတဲ့ သူပါ၊ ဒီအတွက် သူ့မှာ အကူအညီတွေ လိုအပ်ပါတယ်” ဟု ပြောဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် လှုံ့ဆော်ထားသော ထိုအင်တာနက် စာမျက်နှာကို ကမ္ဘာကျော် ပုဂ္ဂိုလ်များ၊ နိုင်ငတံ ကာ INGO အဖွဲ့များ၏ ထောက်ခံအားပေးမှုဖြင့် ပြီးခဲ့သည့် မေလ ၂၇ရက်နေ့ က စတင်ပေါ်ပေါက်လာသည်။ ယခုအခါ ကမ္ဘာကျော်ပုဂ္ဂိုလ် ၅ဝနီးပါးနှင့် သူ့အား ထောက်ခံအားပေးသူ ၈ဝဝဝ ခန့်က ၆၄လုံးပါ စကားရပ်များဖြင့် ဂုဏ်ပြုစကား ပြောဆိုထားကြသည်။ အင်တာနက် စာမျက်နှာ ထူထောင်သူများထဲမှ ဗြိတိန်နိုင်ငံမှ Burma Campaign UK ခေါ် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ မှ မဇိုရာဖန်း က “ဗြိတိသျှ ဝန်ကြီးချုပ် ကိုယ်တိုင်က မြန်မာပြည် အတွက် စိတ်ဝင်တစား ပါဝင် လှုပ်ရှားနေတာဟာ အခု ပထမဆုံး အကြိမ် ဖြစ်ပါတယ်” ဟုပြောသည်။ မဇိုယာဖန်းက “ဇွန်၁၉ရက်နေ့ ကျရောက်မယ့် ဒေါ်စု မွေးနေ့မှာ ကမ္ဘာတဝန်းလုံးမှာ ရှိတဲ့ သူ့ကို ထောက်ခံတဲ့ သူတွေ၊ နာမည်ကျော်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ သာမန်လူထုတွေ၊ ကျောင်းသူ ကျောင်း သား၊ အလုပ်သမား အဖွ့ေဲ တွကနေ စကားလက်ဆောင် ပါးနိုင်ဖို့ အထူးစီစဉ်ထားတာ ဖြစ်ပါတယ်”ဟု ပြောသည်။ မြန်မာပြည်သား ဘလော့ဂါ တဦးဖြစ်သူကလည်း “ပဉ္စမမြောက်မျိုးဆက်” အမည်ဖြင့် ရေးသားထားသည်ကို တွေ့ရသည်။ “မြန်မာနိုင်ငံမှာ ဆိုရှယ်လစ် အစဦးကတည်းက ခေါင်းဆောင်ပိုင်း ပဋိပက္ခနဲ့ ရင်ဆိုင်နေရတယ်။ အခုလည်း တိုင်းပြည်မှာ ဖြစ်နေတဲ့ မတရားမှု၊ ကောက်ကျစ်မှုတွေ ကြားထဲမှာ သင်ဟာ ကျနော်တို့အတွက်ကတော့ လမ်းပြကြယ် ပါပဲ၊ သင်ဟာ ရိုင်းစိုင်းတဲ့ စစ်အာဏာရှင်ကို တရားမျှတမှု၊ အမှန်တရားတွေနဲ့ အံတုနေရတဲ့ အမျိုးသမီးပါ၊ သူတို့က သင့်ကို ဘယ်လိုပဲ သေးသိမ်သွားအောင် ကြိုးစားပါစေ ကျနော်တို့အတွက်တော့ ကြီးမားတဲ့ မိခင် သူရဲကောင်းပါပဲ၊ ကျနော်တို့ သင့်ကို ချစ်တယ်၊ ကျနော်တို့ သင်န့အဲ တူ အမြဲ ရှိနေမယ်၊ အမေ သက်တော် ရှည်ပါစေ” ဟု ပဉ္စမမြောက်မျိုးဆက်က ရေးသားထားသည်။ Hits: 1367 Comments (3)Add Comment
written by ၀မ်းနည်းဝမ်းသာသူ, June 12, 2009 အခုထိအမှန်မမြင်သေးဘူ; မသိမသာ ရေလိုက် ငါးလိုက် ပြည်သူတွေနဲ့ ဒို့အမေကို ကောင်းကောင်း ဆက်ဆံရင် သမိုင်းလှရမှာကို စွတ်ပြီး မိုက်ရိုင်း ပြနေတယ်
ဗိုလ်သန်းရွေရ.ဲ အချစ်တော်လေး သိစေရန် written by ညီလေး, June 11, 2009 ကိုယ့်ရ.ဲ မွေးနေ.ပွဲမှာတောင် ကိုယ်အလွန် cracy ဖြစ်တဲ့ m.u ဘောလုံး အသင်း အရောင်(အနီ) ၀တ်ပြီး ဆင်နွဲခ့တဲ့ဲ ဗိုလ်သန်းရွေရ.ဲ အချစ်တော်လေးရေ၊ မင်း အရမ်းအားကျခဲ့တဲ့ m.u အသင်းသားဟောင်း
ဘက်ခမ်းကတောင် အမေစုကို တလေး တစားနဲ. ဆုတောင်းပေးနေပြီ။ အဲဒါ ဘာကို ပြသလဲ ဆိုတော့ အမေစုဟာ ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံးရဲ. လေးစားခံ ပုဂ္ဂိုလ် တယောက် ဖြစ်နေလို.ပဲ။ အဲဒီလို ပုဂ္ဂိုလ် တယောက်ကို မင်းအဖိုးက အညှိုး ကြီးကြီးနဲ. ထောင်ချဖို. ကြိုးစားနေတာ အံ့ပါရဲ.ကွာ။ မင်းအဖိုးကို နဲနဲ နားချလိုက်ပါအုံးလား။
ရုပ်တရက်ကန်လိုက်ပါ� ��ား written by winko, June 11, 2009 ဒေးဗစ်ဘက်ခမ်းရယ် စကားနဲ့ ပြောလို့ ရမယ့်သူမှ မဟုတ်တာ ပြေးရင်းလွှားရင်း (စပရိုက်ကစ်) နဲ xxxxx ကို ကန်လိုက်ပါဗျာ ------------------------------------------------------------------မြောက်ကိုးရီးယား ဓာတ်ပုံနှင့်ရုပ်ရှင်ပြပွဲ မြန်မာတွင်ကျင်းပခဲ့ Thursday, 11 June 2009 19:26 ကိုထွေး - ဧရာဝတီ မြောက်ကိုးရီးယား အာဏာရှင် ကင်မ်ဂျုံအီးလ်၏ ဗဟိုကော်မတီအဖွဲ့ဝင် အဖြစ်ရွေးချယ်ခံရသည့် ၄၅ နှစ်ပြည့် အခမ်းအနားကို မြန်မာ၊ မြောက်ကိုရီးယား နှင့် ရုရှားသုံးနိုင်ငံတွင် ပြုလုပ်ခဲ့သည်။ ဇွန်လ ၁ မှ ၃ရက်နေ့ အထိ ကျင်းပခဲ့သော ယင်းအခမ်းအနားတွင် ကင်မ်ဂျုံအီးလ်၏ စွန့်စားခန်းကို ဖော်ကျူးထား သောဓာတ်ပုံများကို ပြသထားကြောင်း ကိုးရီးယားသတင်းဌာန (KNS) တွင် ရေးသားဖော်ပြထားသည်။ မြောက်ကိုးရီးယား ရုပ်ရှင်၊ ဓာတ်ပုံပြပွဲ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖ့ံွ့ ဖြိုးရေးအသင်း(ကြံ့ဖွံ)မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦး တက်ရောက်ခြဲ့ ပီး ကင်မ်ဂျုံအီးလ်၏စွမ်းရည်ကို ချီးကျူးပြောဆိုခဲ့ ကြောင်း KNS တွင်ပါရှိ သည်။ ဗိုလ်ချုပ်ဌေးဦးက“အောင်မြင်မှုနဲ့ ဂုဏ်ကျက်သရေဟာ ကင်မ်ဂျုံအီးလ် ဦးဆောင်တဲ့ ကိုးရီးယား အလုပ်သမားပါတီ (WPK) အတွက်ပါ”ဟုပြောကြောင်း သိရသည်။ ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် ရုရှားနိုင်ငံ( Centre for the Information of International Science and Technology)မှ ဒု ဒါရိုက်တာက ကင်မ်ဂျုံအီးလ်၏ ဦးဆောင်မှုဖြင့် အင်အားတောင့်တင်း၍ ကြွယ်ဝ သော ကိုးရီးယား ဆိုရှယ်လစ်နိုင်ငံကို အောင်မြင်စွာ ထူထောင်နိုင်လိမ့်မည်ဟု ပြောကြောင်းလည်း KNS တွင် ရေးသားထားသည်။ မြန်မာနှင့် မြောက်ကိုးရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမနှ်ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာခင်နှစ်များ အတွင်း တိတ်တဆိတ်ဆက်ဆံရေးများပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် နှစ်ဧပြီလ အတွင်းတွင် တရားဝင် ပုံမှန် ဆက်ဆံရေး ပြန်လည်စတင်ခြဲ့ ခင်း ဖြစ်သည်။ မြန်မာပြည်သူများနှင့် နိုင်ငံတကာမှရန်ပြုလာပါက စစ်ဗိုလ်ချုပ်များအနေဖြင့် ရှောင်ရှားနိုင်ရန် မြေအောက် ဥမင်များတည်ဆောက်ရာတွင် မြောက်ကိုးရီးယားပညာရှင်များက နည်းပညာအကူအညီများ ပေးခဲ့ကြောင်း၊
ယင်းဥမင်များသည် စစ်အစိုးရ၏ နျူကလီးယားထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်မှုရှိ မရှိကို မူမသိရှိရ သေးကြောင်း လွန်ခ့ေဲ သာနှစ်က ဆွီဒင်ဂျာနယ်လစ် Bertil Lintner က ယေးလ်ဂိုဘယ်လ်(Yale Gobal) မဂ္ဂဇင်း အင်တာနက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ ထိုင်းနိုင်ငံ အခြေစိုက် နေရှင်းသတင်းစာမှ Kavi Chongkittavorn ကလည်း စစ်အစိုးရသည် မြောက်ကိုးရီးယား ၏ အကူအညီဖြင့် ဘန်ကာနှင့် ဥမင်များတည်ဆောက်နေသည်ဟု လေ့လာတွေရှိရကြောင်းပြောသည်။ ထိုပြင် မြန်မာစစ်အစိုးရ၏ နျူကလီးယားထုတ်လုပ်မည့် အစီအစဉ်ကို မြောက်ကိုးရီးယားက ကူညီနိုင်ဖွယ် ရှိကြောင်း သုံးသပ်သူအချို့ကပြောသည်။ ၁၉၄၉ ဇွန် ၃၀ တွင်စတင်ထူထောင်ခ့ေဲ သာ WPKသည် မြောက်ကိုရီးယားတွင် တခုတည်းသော နိုင်ငံရေးပါတီ ဖြစ်ပြီး ကင်မ်ဂျုံအီးလ်၏ ဖခင် ကင်မ်အီးဆွန်းက ဖွ့စဲ ည်းခဲ့သည်။ ကင်မ်ဂျုံအီးလ်သည် ၁၉၆၁ ဇူလိုင်လတွင် WPK ပါတီသို့ဝင်ရောက်ခြဲ့ ပီး ၁၉၆၄တွင် ဗဟိုကော်မတီအဖွဲ့ဝင် ဖြစ် လာကာ ၁၉၉၇တွင် အထွေထွေ အတွင်းရေးမှုး တာဝန်ကို တရားဝင် ထမ်းဆောင်ခ့သဲ ည်။ ယနေ့တွင် မြောက်ကိုးရီးယားနိုင်ငံကို ကမ္ဘာ့ကုလသမဂ္ဂကလုံခြုံရေးကောင်စီက ၎င်း၏ နျူကလီးယားနှင့် ဒုံးပျံ စမ်းသပ်ထတ်ုလုပ်သည့် အစီအစဉ်ကြောင့် ပိုမိုပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခ့သဲ ည်။ မြန်မာနှင့် မြောက်ကိုးရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင် ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် ကင်မင်ချူး အပါအ၀င် မြောက် ကိုရီးယား နိုင်ငံသား သုံးဦးက ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း အနှစ် ၂၀ ကျော် သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ သည်။ ယင်းဗုံးခွဲ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား သမ္မတ သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီးအဖွဲ့ဝင် ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံး၍ ကင်မင်ချူးကိုမူ မြန်မာ အစိုးရက အင်းစိနေ် ထာင်တွင် ထောင်ဒဏ်တသက်တ ကျွန်း ချမှတ်ခ့သဲ ည်။ ၂၀၀၈ စက်တင်ဘာလလယ်က ၂ နိုင်ငံသံတမန် ဆက်ဆံရေးအတွက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင် သိန်းလင်းသည် ပြုံယမ်းသို့ သွားရောက်ခြဲ့ ပီး ယင်းမတိုင်မီ ဇူလိုင်လနှင့် သြဂုတ်လအတွင်းက တပ်မတော် စစ် လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးတင်အေးနှင့် လေကြောင်းရန် ကာကွယ်ရေး အရာရှိ ချုပ် ဒု ဗိုလ်ချုပ်ကြီး မြင့်လှိုင်တို့ပါဝင်သော အဖွဲ့တဖွဲ့သည်လည်း မြောက်ကိုရီးယား သို့ သွားရောက်ခဲ့ ကြောင်း၊ လွန်ခ့ေဲ သာ ၃ လ အတွင်း မြောက်ကိုရီးယားသို့ အစိုးရအဆင့်ရှိ မြန်မာစစ်တပ်အရာရှိ အဖွဲ့ အနည်း ဆုံး ၃ ဖွဲ့ သွားရောက်ခ့ေဲ ကြာင်းတို့ကို အေးရှားတိုင်း သတင်းဌာနက ၂၀၀၈အောက်တိုဘာလဆန်းတွင် ရေးသားခဲ့သည်။ လွန်ခ့ေဲ သာ တနင်္ဂနွေနေ့ကကင်မ်ဂျုံအီးလ်သည် သူ၏နေရာကို ဆက်ခံရန်အတွက် အငယ်ဆုံးသားဖြစ်သော ကင်မ်ဂျုံအန်းကို ရွေးချယ်ရန်လျာထားကြောင်း မီဒီယာများတွင် ဖော်ပြပါရှိ ပြီး ၂ရက်ခန့်အကြာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင်၏ ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းတွင်
မုန့်ဈေးတန်း အဆောင်သစ် လှူဒါန်းသည့် အခမ်းအနားကို မြန်မာအစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ------------------------------------------------------------------လေယာဉ် ပြေးလမ်းချော်မှု လေယာဉ်မှူးများ သတိပေးခံရ Thursday, 11 June 2009 13:42 အောင်သက်ဝိုင်း ဧရာဝတီ မြန်မာ့လေကြောင်း မှ ခရီးသည်တင် လေယာဉ်တစီး စစ်တွေလေဆိပ်တွင် ပြေးလမ်းချော်မှု ဖြစ်ပွားပြီးနောက် ပို့ဆောင်ရေး ဒုဝန်ကြီးက မြန်မာ့လေကြောင်းမှ လေယာဉ် မှူးကြီးများနှင့် လေယာဉ်မှူးများ အားလုံးကို ဆင့်ခေါ်ပြီး လေယာဉ် ပျံသန်းရာတွင် မတော်တဆမှုများ မဖြစ်ပွားရန် အထူးဂရုစိုက်ကြရန်နှင့် ဖြစ်ပွားပါက လေယာဉ်မှူးကြီးများကို ပြစ်ဒဏ်ချမှတ် အရေးယူသွားမည်ဟု သတိပေး ပြောဆိုကြောင်း သတင်းရရှိသည်။ ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင်က ဇွန်လ ၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည့် အထူးအစည်းအဝေးတွင် ထိုက့သဲို့ သတိပေးခြင်း ဖြစ်သည်ဟု မင်္ဂလာဒုံလေတ`ပ် အသိုင်းအ၀န်းမှ သိရှိရသည်။ မြန်မာ့လေကြောင်းမှ လေယာဉ်မှူးကြီးများနှင့် လေယာဉ်မှူးများသည် လေယာဉ် ခရီးစဉ်များကို အထူးဂရုစိုက် ပျံသန်းကြရမည် ဖြစ်ပြီး အစိုးရအနေနှင့်ဆုံးရှုံးမှုများ မလိုလားကြောင်း၊ လေယာဉ်များ လုံခြုံစိတ်ချစွာ ပျံသန်းနိုင်ရေး အတွက် နေ့စဉ် မပျံသန်းမီ စစ်ဆေးခြင်းနှင့် ပျံသန်းပြီး စစ်ဆေးမှုများကို သာမန်စစ်ဆေးမှုမျိုး မဟုတ်ဘဲ လေယာဉ်များ ကြံ့ခိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရမည် ဟု ဗိုလ်မှူးကြီး ဉာဏ်ထနွ်းအောင်က မှာကြားသည်ဟု ဆိုသည်။ “ရာသီဥတုကြောင့် ဒါမှမဟုတ် စက်ချို့ယွင်းမှုကြောင့် မဟုတ်ဘဲ မောင်းတဲ့သူ အမှားကြောင့် ခရီးသည်တင် လေယာဉ် မတော်တဆမှုဖြစ်လို့ လူသေရင် လေယာဉ်မှူး ထောင်ကျနိုင်တယ်၊ လူမသေရင် အလုပ်ပြုတ်၊ ရာထူးက အငြိမ်းစားပေး ခံရနိုင်တယ်”ဟု ရန်ကုန် မင်္ဂလာဒုံလေတပ်မှ အရာရှိတဦးက ပြောသည်။ ဇွန်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မှ စစ်တွေသို့ ထွက်ခွာသွားသော မြန်မာ့လေကြောင်း မှ ခရီးသည်တင် XY-ADW FOKKER 28 လေယာဉ်သည် စစ်တွေလေဆိပ်သို့ ဆင်းသက်စဉ် နံနက် ၈ နာရီ ၂၀ မိနစ်၌ ပြေးလမ်းချော်ပြီး ပြေးလမ်း၏ ညာဘက်သို့ ထိုးကျကာ ပြေးလမ်းမှ ပေ ၂၀၀၀ ခန့်လနွ်၍ လေယာဉ် ညာတောင်ပံနှင့် ဘီးများ ပြုတ်ထွက်ခြင်း အပါအ၀င် လေယာဉ်ပျံသန်း၍ မရနိုင်အောင် ပျက်စီးသွားပြီး တွဲဖက် လေယာဉ်မှူးတဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။ ယင်း လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၆ ဦး၊ ခရီးသည် ၆၂ ဦး စုစုပေါင်း ၆၈ ဦးပါရှိပြီး တွဲဖက်လေယာဉ်မှူး ဦးစိုးရီ တဦးတည်းသာ နဖူးတွင် ဒဏ်ရာ အနည်းငယ် ရရှိကြောင်း၊ ကျန်အမှုထမ်းများနှင့် ခရီးသည်များ ထိခိုက် ဒဏ်ရာ မရရှိကြောင်း ဇွန်လ ၇ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။ ထိုမတော်တဆမှုကို မြန်မာ့လေကြောင်းက စစ်ဆေးနေပြီး ရာသီဥတုနှင့် စက်ချွတ်ယွင်းမှုကြောင့် မဟုတ်ဘဲ လေယာဉ်မှူး၏ အမှားကြောင့် ထိုဖြစ်ရပ်ဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိပါက ထိုလေယာဉ်မောင်းနှင်ခ့သဲူ လေယာဉ်မှူးကြီး တဦး အရေးယူခံရ နိုင်ဖွယ်ရှိသည်ဟု သိရှိရသည်။
မြန်မာ့လေကြောင်းသည် နှစ်ပေါင်း ၆၀ သက်တမ်းရင့် စစ်အစိုးရပိုင် လေကြောင်းလိုင်း ဖြစ်ပြီး ပြည်တွင်း ခရီးစဉ်များကို ATR 72 လေယာဉ် ၂ စီး၊ FOKKER 28 လေယာဉ် ၃ စီး၊ FOKKER 27 လေယာဉ် ၇ စီး၊ ATR 42 လေယာဉ် ၁ စီး ဖြင့် ပြေးဆွဲနေပြီး လေယာဉ်အများစုမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေသော လေယာဉ်များ ဖြစ်သည်။ Hits: 2366 Comments (5)Add Comment ဖြစ်မှဖြစ်ရလေ written by ရော်ဆမ်း, June 11, 2009 ပို့ဆောင်ရေး ဒုဝန်ကြီး ဗိုလ်မှူးကြီး ဥာဏ်ထွန်းအောင် ဆိုတာ အရင် မိတ္ထီလာလေတပ် လေယာဉ်မောင်း သင်တန်း ကျောင်းအုပ်ပါ။ လေယာဉ်တစ်စင်း မတော်တဆ ဖြစ်ရင် အကြောင်းရင်း အများကြီး ရှိတယ်ဆိုတာ သူသိပါတယ်။ အကြောင်းရင်းတွေကို သေချာ မသိရသေးပဲနဲ့ အပြစ်တင်တာကတော့ ဒုဝန်ကြီး လူကြီး မပီသတာပဲ။ မောင်းတဲ့ သူ ဘယ်သူက ဒီလို ဖြစ်ချင်မှာလဲ။ ကားမောင်းသလိုပေါ့၊ မောင်းတဲ့သူက ဖြစ်နိုင်ရင် ဖားတွေ ကြွှက်တွေကိုတောင် ကြိတ်မိချင်တာ မဟုတ်ပါဘူး။ အမြဲ သတိထား မောင်းရတာပါပဲ။ ထစ်ကနဲဆို မောင်းတဲ့သူ အပြစ်ပဲ လာလာပြော နေရအောင် ကျန်တာတွေ အားလုံးကို အပြည့်အစုံ ဖြည့်စည်းပေးထားလို့လား။ (အပိုပစ္စည်း အချိန်မှန် ဖြည့်တင်း တာ လဲလှယ်တာတွေ၊ လေယာဉ်ကွင်းနဲ့ ပြေးလမ်းတွေ တိုးတက်အောင် လုပ်တာ၊ ဆက်သွယ်ရေး ကောင်းအောင် လုပ်တာ၊ အရည်အသွေး ပြည့်မှီတ့ဆဲီ၊ လေယာဉ်မှူးတွေကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးတာတွေ စသဖြင့်) မြန်မာ့လေကြောင်းက လေယာဉ်တွေရဲ့ သက်တမ်းကိုလည်း ကြည့်ပါဦး။ ဦးနုခေတ်က လေယာဉ်တွေ။ လေယာဉ် မှူးကြီးတွေက အခုချိန်ထိ သတ္တိ ရှိရှိနဲ့ ဆက်မောင်းပေးနေတာကိုပဲ ကျေးဇူးတင်ရဦးမယ်။ သူတို့မှာ သေသွားရင် ဘာအာမခံချက်မှ မရှိပါဘူး။ အစိုးရဆီက ၀မ်းနည်းပါတယ် ဆိုတဲ့ အသိအမှတ် ပြုတဲ့ စာတစ်စောင် ရရင်တောင် ကံကောင်း။ ရှင်းရှင်းပြောလိုက်မယ်၊ လေယာဉ်မှူးတွေက အလုပ်ထုတ်ခံရတာကိုတောင် ကျေးဇူးတင်ဦးမှာပါ။ အလုပ်ထုတ် ခံရလို့ နိုင်ငံခြား ရောက်သွားပြီး ကောင်းစားနေကြတဲ့ ပိုင်းလော့တွေ အများကြီးပါ။ နောက်ဆုံး နစ်နာတာက မြန်မာပြည်က ခရီးသည်တွေပါပဲ။ ကျွမ်းကျင်တဲ့ လေယာဉ်မှူးတွေ မရနိုင်တော့ အခုလို ပေါက်ကရ တွေ ထထဖြစ်တာပေါ့။ အဓိက လက်သည်ကတော့ ထုံးစံအတိုင်း နအဖရဲ့ မူဝါဒ အလွဲတွေနဲ့ ဘာမှ နားမလည်တဲ့ သူ့လူတွေ စစ်ထွက်တွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့်ပါပဲ။
Feel Sorry For 'em written by PuTu, June 11, 2009 i feel really sorry for them. MInister think airline's got brand new planes??? THose plane should be in museum.
နအဖဝန်ကြီးသို့ အကြံပေးချက် written by မောင်ထွေး, June 11, 2009 ဘိုမူးကြီး ဝန်ကြီးရယ် ပွဲညက်လေးနဲ့ ဖာလိုက်၊ ကျွဲကော်လေးနဲ့ ပြန်ကပ်လိုက် အိမ်ရိုက်သံနဲ့ လေပစ် (rivet) လေး ရိုက်လိုက်ရင် အကောင်း ပကတိ အတိုင်း ပြန်ဖြစ်သွားမှာပါဗျာ။ စိတ်သိတ်မပူပါနဲ့ ဘိုးရင်းတို့ အဲဘတ်စ်တို့ မလိုပါဘူး။ ဖော်ကာလေးနဲ့ပဲ ဖြစ်ပါတယ်။
မရှိမ့ရှဲိမ့ေဲ လး written by မြန်မာပြည်သား, June 11, 2009 အင်း မရှိမဲ့ ရှိမ့ေဲ လးတော့ သွားပါပြီ။ အဲဒီလေယာဉ်ကို ပြန်ပြင်ပြီး လေကြောင်း ပြန်ဆွဲရင်တော့ မတွေးရဲစရာပဲဗျာ နော်။ အန်းတိတ်ကြီး written by phyowai, June 11, 2009 လေယာဉ် အဟောင်းကြီးတွေ မောင်းခိုင်းပြီး လေယာဉ်မှူးကြီးများကို ပြစ်ဒဏ်ချမှတ် အရေးယူသွားမယ်ဆိုပဲ ... Link ယူသွားပါသည် ခွင့်ပြုပါ။ ------------------------------------------------------------------သန်းခေါင်ချိန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် Thursday, 11 June 2009 17:07 ဟိန်းဇော် ဧရာဝတီ အင်းစိန်မြို့နယ် အတွင်းရှိ အာလိမ်ငါးဆင့် ဘုရားအနီးနှင့် ပြည်လမ်းမပေါ်၌ သန်းခေါင်ချိန် စစ်ရေးလေ့ကျင့်မှုများ ဇွန်လဆန်းပိုင်းက ပြုလုပခ့်ေဲ ကြာင်း ဒေသခံများက ပြောသည်။ အင်းစိန်မြို့နယ်အတွင်း နေထိုင်သည့် အမျိုးသမီးတဦးက“ည လူခြေ တိတ်ချိန် ၁၁ နာရီ ၁၂ နာရီ လောက်ကနေ မနက် ၂ ချက်တီးလောက်ထိ စစ်ရေးလေ့ကျင့် နေကြတာ ကြားနေရတယ်၊ ဘယ်တပ်ရင်းလဲတော့ မသိဘူး” ဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အမှု ကြားနာချိန် မေလလယ်ပိုင်းမှစတင်၍ ရန်ကုနြ် မို့ တွင်ယခင်ထက် လုံခြုံရေး တင်းကျပ်လျက် ရှိပြီး အင်းစိန်မြို့နယ်အတွင်းရှိ အာလိမ်ငါးဆင့် ဘုရားဝန်းအတွင်း၌လည်း ရဲတပ်ရင်းတရင်း တပ်စွဲလျက်ရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းဌာနတချို့မှ သိရသည်။ စစ်အစိုးရ အနေဖြင့် ရန်ကုန်မြို့ အတွင်း ယခုရက်ပိုင်း လုံခြုံရေးပိုမို တင်းကျပ်လျက်ရှိပြီး အင်းစိန်မြို့နယ် ထဲတွင် ဧည့်စာရင်း စစ်ဆေးမှုများ ရက်ခြားဆိုသလို ပြုလုပ်လာကြောင်း ဒေသခံတဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသော သက်သေ ၃ ဦးကို ပယ်ခြဲ့ ခင်းအတွက် တိုင်းတရားရုံးတွင် အပြီးသတ်လျှောက်လဲချက် အမိန့်ချနေသည့် ဇွန် ၉ ရက်နေ့ကလည်း မဟာဗန္ဓုလပန်းခြံနှင့် မြို့တော်ခန်းမ အနီးတဝိုက်၌ လုံထိန်းကား အစီး ၃၀ နီးပါး ချထားသည်ကို တွေ့မြင်ရသည်။ “အရင်ကဆိုရင် လက်နက်ကိုင်တပ်တွေကို မြင်ချင်တိုင်းမမြင်ရဘူး၊ ၂၀၀၇ စက်တင်ဘာ နောက်ပိုင်းမှာ နေရာအနှံ့ တွေ့လာရတယ်၊ ၈၈ အနှစ် ၂၀ ပြည့်တို့၊ ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်တို့မှာ ပိုပြီး အင်အားများများ ချထားတယ်” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ တဦးကဆိုသည်။ ယခုက့သဲို့ ရန်ကုန်မြို့လယ်တွင် လက်နက်ကိုင် တပ်များကို ချထားခြင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထားသည့် အကျဉ်းထောင်ရှိရာ အင်းစိန်မြို့နယ်အတွင်း စစ်ရေး လေ့ကျင်းခြင်းများ ပြုလုပ်နေခြင်းမှာ
ပြည်သူလူထုကို ခြောက်လှန့်ရန်ဟု ယူဆရကြောင်း ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက သုံးသပ်သည်။ “တခုခုဖြစ်ရင် လုံခြုံရေးတွေချ၊ စစ်ကားတွေ မောင်းပြနဲ့ လုပ်နေတာ ကြာတော့ လူတွေက မြင်ပါများပြီး ရိုးနေပြီ၊ ဘယ်သူကမှလည်း မကြောက်ဘူး” ဟု သူက ဆက်ပြောသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမျိုးကို ၂၀၀၇ ခုနစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားပြီးကာစကလည်း ၀န်ကြီးများရုံး အနီးပတ်ဝန်းကျင်၌ ပြုလုပ်ခ့ဖဲူးသည်။ -------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်ဝေ လှုပ်ရှားမှု အရှိန်မြှင့် Thursday, 11 June 2009 18:01 အေးလဲ့ - ဧရာဝတီ မန္တလေးနှင့် တခြားနယ်မြို့များတွင် ယခုလဆန်းပိုင်းက စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ အရေအတွက် သောင်းနှင့်ချီ၍ ဖြန့်ဝေလှုပ်ရှားမှု ပြုလုပ်နေသည် ဟု ၎င်းလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူ တဦးက ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်း၏သမီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတရပ်လုံး သိရှိစေရန် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူငယ်များက ဦးဆောင်ဖြန့်ဝေနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဖြန့်ဝေသည့် ဓာတ်ပုံများမှာ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ခရီးစဉ်တချို့မှ ရိုက်ယူခ့သဲ ည့် ပုံများဖြစ်သည်။ ဓာတ်ပုံလှုပ်ရှားမှုတွင် ပါဝင်နေသူ လူငယ်က “မန္တလေး ဈေးချို ထဲမှာ ဓာတ်ပုံ တသောင်းလောက် ဖြန်ဝေခဲ့တယ်။ ဓာတ်ပုံတွေ မလုံမလောက် ဖြစ်သွားတယ်။ ကျနော်တို့ကို နှောင့်ယှက်တာတော့ မရှိဘူး၊ စောင့်ကြည့် တာ လောက်ပဲ ရှိတယ်” ဟုပြောသည်။ လာမည့် ဇွန်လ ၁၉ ရက်နေ့ တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ မတိုင်မီ ယခုလှုပ်ရှားမှုကို အရှိန်မြှင့်ကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို မန္တလေးမြို့ပေါ် ၈ မြို့နယ်နှင့် နယ်မြို့ ၁၂ မြို့နယ် တို့၌ ဖြန့်ဝေခဲ့ခြင်း ဖြစ်ပြီး ဆက်လက်၍ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျေးလက်ဒေသများ တိုင်အောင် ဖြန့်ဝေသွားမည်ဟု လှုပ်ရှားမှုတငွ် ပါဝင်သူက ပြောသည်။ မန္တလေးမြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် တချို့ကလည်း ယင်းဓာတ်ပုံလှုပ်ရှားမှုကို ဦးစီး ပြုလုပ်ရန် အထူးစိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်တရားစွဲဆိုခ့သဲ ည့် မေလ ၁၈ ရက်နေ့ နောက်ပိုင်းတွင် အဆိုပါ လှုပ်ရှားမှုများ အရှိန်မြင့်လာခဲ့ခြင်း ဖြစ်သည်။
ယခင် အပတ်အတွင်း ကလည်း မိထ္ထီလာခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ လူထုပါဝင် ဆင်နွှဲနိုင်သော လှုပ်ရှားမှုတခုအဖြစ် ဓာတ်ပုံ ဖြန့်ဝေခြင်းကို ပြုလုပ်ခ့သဲ ည်။ မိထ္ထီလာမြို့နယ် NLD အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို မိထ္ထီလာ၊ သာစည်၊ ဝမ်းတွင်း ၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မြင်းခြံ၊ ညောင်ဦး စသည့်မြို့များတွင် ဖြန့်ဝေခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။ ယခုရက်များအတွင်း မန္တလေးတိုင်းအတွင်း ဖြန့်ဝေမည်ဖြစ်ပြီး မကြာမီရက်များတွင် စကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ရှိ မြို့နယ်များအတွင်း ထပ်မံဝေငှ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ အလားတူ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့သည်လည်း မတ်လက ရန်ကုန်နှင့် ပြည်မြို့တို့ရှိ လူစည်ကားရာနေရာများတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စာရွက် စာတမ်းများ ဖြန်ဝေခြင်း၊ မှုတ်ဆေးဖြန်းခြင်း၊ ဓာတ်ပုံဖြန့်ဝေခြင်းတို့ ပြုလုပ်ခ့ေဲ ကြာင်း၊ ရှေ့ဆက်၍ လည်း ပြည်သူ လူထုနှင့် ပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းအဖွဲ့ခေါင်းဆောင် တဦးက ပြောသည်။ ထိုသို့ ဓာတ်ပုံ ဖြန့်ဝေလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင် လူငယ် တာဝန်ခံတဦး ဖြစ်သူ ကိုအေးထွန်းက “NLD ဗဟို လူငယ် လုပ်ငန်းများ ဖော်ဆောင်ရေး အဖွ့အဲ နေနဲ့ ဒီလှုပ်ရှားမှုတွေ လုပ်ဖို့် အစည်း အဝေး ဆုံးဖြတ်ချက်ချထားတာ မရှိပါဘူး” ဟုပြောသည်။ NLD ဗဟို လူငယ် လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့အနေဖြင့် တိုင်းနှင့် ပြည်နယ် အသီးသီးအလိုက် NLD အဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရန်နှင့် ပညာပေးရေး လုပ်ငန်းများ ရှေ့ဆက် လုပ်ဆောင်သွားရန် ဟူသည့် အစည်း အဝေး ဆုံးဖြတ်ချက်သာ ရှိကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် NLD ဗဟိုအလုပ်အမှုဆောင် လူငယ် တာဝန်ခံသုံးဦးဖြစ်သော ကိုမျိုးညွန့်၊ ကိုလှဦး နှင့် ကိုအေးထွန်းတို့ကို လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့တွင် NLD ဗဟို အလုပ်အမှုဆောင် (CEC) အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်တို့ကိုလည်းကောင်း သက်ဆိုင်ရာ အာဏာပိုင်များက ခေါ်ယူ သတိပေးခဲ့သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုသည့် ကိစ္စနှင့်ပတ်သက်၍ NLD ဗဟို လူငယ် လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့က ကြေညာချက် တစောင် ထုတ်ပြန်ခ့ရဲာ စစ်အစိုးရက တည်ဆဲဥပဒေနှင့် ညိစွန်းသည်ဟု ၎င်းအဖွဲ့ဝင် လူငယ်များနှင့် CEC တချို့ကိုခေါ်ယူ သတိပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် တရားစွဲဆို ခံရပြီး အမှုရင်ဆိုင် နေရသည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ကျော်ပြီ ဖြစ်သည်။ -------------------------------------------------------------------
နယ်စပ်တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများသုံး Thursday, 11 June 2009 19:14 သန်းထိုက်ဦး ဧရာဝတီ မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၇) တပ်စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်၍ လက်နက်ကြီး အလုံးပေါင်း ၂၀၀ ကျော် ပစ်ခတ် အသုံးပြုခဲ့ကြောင်း သိရှိရသည်။ မြန်မာစစ်အစိုးရ နှင့် DKBA ပူးပေါင်းတပ်များက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှ KNLA တပ်မဟာ (၇) ဒေသရှိ တပ်ရင်း ၆ ရင်း၏ တပ်စခန်းများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြဲ့ ခင်းဖြစ်သည်။ KNLA တပ်စခန်း များ အနီးတွင်လည်း မြေမြှုပ်မိုင်းများစွာ ထောင်ထားကြောင်း သိရသည်။ ကရင်ဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူတဦး၏ အဆိုရ နှစ်ဘက် တိုက်ပွဲများကြောင့် မြန်မာအစိုးရ တပ်နှင့် DKBA တပ်သားများအပါဝင် အင်အား ၁၀၀ ခန့် အကျအဆုံးရှိကြောင်းနှင့် အများစုမှာ DKBA တပ်သား များဖြစ်ကြောင်း သိရသည်။ KNLA ဘက်မှ ၂ ဦးဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆိုသည်။ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဖူးကြီးအခြေစိုက် အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) လက် အောက် ခံ တပ်ရင်း ၁၀ ရင်းမှ တပ်သား ၂၀၀၀ ခန့်ကို မကြာသေးခင်က ကရင်ပြည်နယ် တောင်ပိုင်းသို့ စစ်ကူပို့ထား ကြောင်း မြန်မာစစ်တပ်နှင့် နီးစပ်သူများအဆိုရ သိရသည်။ “ဒီနေ့မနက် နအဖ တပ်ဘက်က လက်နက်ကြီး ၆ လုံးပစ်တယ်၊အင်္ဂါနေ့က အနည်းဆုံး ၁၉ လုံး ၊ ဗုဒ္ဓဟူးနေ့က လည်း အလုံး ၃၀ လောက် ပစ်တယ်”ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) အဖွဲ့ဝင်တဦးက ပြောသည်။ မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA ၉၉၉ ၊ ၅၅၅ ၊ ၃၃၃ တပ်ဖွ့ဝဲ င်များသည် တပ် မဟာ(၇) ထိန်းချုပ်နယ်မြေရှိ တပ်ရင်း ၆ ခုအနီးမှ တပ်စခန်းများကို လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လူအင်အား စုစု ပေါင်း ၁၀၀၀ခန့် ဖြင့်သော်လည်းလောင်း ဆက်လက်ထိုးစစ်ဆင်ရန် ကြိုးစားနေကြောင်းလည်း သိရှိရသည်။ ၎င်းတိုက်ပွဲများ ကြောင့် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထား ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် နှစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစုပေါင်း ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့်မ့သဲ လေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။ ၎င်း ဒုက္ခသည်များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) နှင့် ထိုင်း-မြန်မာနယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေးညွန့်ပေါင်းအသင်း ( TBBC ) တို့က ကူညီဆောင်ရွက်ပေးထားကြောင်းသိရသည်။ ယင်းတိုက်ပွဲများနှင့် ပတ်သက်ပြီး ယနေ့ထုတ် စစ်အစိုးရ သတင်းစာ၌ ကျော်ရဲမင်း ရေးသားထားသည့် ဆောင်းပါး တွင် “လက်ကျန် KNU ကိစ္စ၊ ပြည် ပြေးကိစ္စတွေကို ဒီနည်းဗျူဟာသုံးရပ်နဲ့ ဆောင်ရွက်မယ်ဆိုရင် မအောင်မြင် နိုင်စရာ လုံးဝမရှိပါဘူး၊ အဓိက လိုအပ်ချက်ကတော့ အိမ်နီးချင်း နိုင်ငံရဲ့ မိတ်ဆွေကောင်းပီသပြီး စိတ်ရင်း စေတနာမှန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကသာ အရေးအကြီးဆုံး”ဟု ရေးသားထားသည်။
အဆိုပါ နည်းဗျူဟာ ၃ ရပ်သည် ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ အိမ်နီးချင်နိုင်ငံများနှင့်ပူး ပေါင်းဆောင်ရွက်မှုရယူရန်နှင့် တည်ငြိမ်အေးချမ်းသွားပြီးဖြစ်တဲ့ နယ်စပ်ဒေသများတွင် နိုင်ငံတော် အစိုးရက နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို စေတနာအရင်းခံပြီး အောင်အောင် မြင်မြင်ဖြစ်ရန် ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း ဆိုသည်။ နိုင်ငံတော်အစိုးရ အနေနှင့် KNU ပြဿနာအပါဝင် နယ်စပ် ပြဿနာများကို ဖြေရှင်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်း ခဲ့ကြောင်း၊ အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် အိမ်နီးချင်း တဖက်နိုင်ငံ၏ စေတနာမှန်သည့် ပူးပေါင်း ဆောင် ရွက်မှုက အခရာကျကြောင်းလည်း စစ်အစိုးရသတင်းစာက ရေးသားထားသည်။ KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါက မှု ယခုက့သဲို့ မြန်မာစစ်အစိုးရက ရေးသားခြင်းသည် စိတ်ကူးယဉ်နေခြင်း ဖြစ်၍ ဂရုမစိုက်နိုင်ကြောင်း ပြောဆိုသည်။ “နအဖက စိတ်ကူးယဉ်တာပဲ ကိုယ်ကကြီးလို့ ဒူးတောင်မမြင်တဲ့ အခြေအနေရောက်နေတဲ့အခါကျတော့ အဲဒီလို လေသံတွေပြောလာတာ၊ အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့ ဂရုစိုက်မနေနိုင်ပါဘူး”ဟု စောဒေးဗစ်တာကပေါ က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံက အကြီးအကျယ် ဝေဖန်ပြောဆိုသည့် အတွက် မခံမရပ်နိုင်ဖြစ်၍ ယခုက့သဲို့ သတင်းစာတွင် ရေးသားခြင်းဖြစ်ကြောင်းလည်း ၎င်း က ဆိုသည်။ လွန်ခ့သဲ ည့် မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ် အောင်ဆန်းစုကြည်ကို အမြန်ဆံုး လွှတ် ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံ က ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီးတို့က ပြစ်တင်ဝေဖန်ခြဲ့ ပီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာခဲ့ကြသည်။ ယင်းတင်းမာမှုနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရ သတင်းစာများက ယနေ့အထိ တတိယအကြိမ်မြောက်ရေးသား ဖော်ပြခဲ့သည်။ သို့သော် မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာအားဖြင့်မှန်ကန် ခြင်းမရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေးအနက် ကန့် ကွက်သည်ဟူ၍ တန်ပြန်ကြေညာခဲ့သည်။ Hits: 672 Comments (1)Add Comment ထိုင်းနိုင်ငံသဘောထ� ��း written by sithusoe, June 11, 2009 ထိုင်းနိုင်ငံ သဘောထားကတော့ သူ့ရဲ့ အမျိုးသား စီးပွားရေး ပေါ်မှာဘဲ မှုတည်တယ်၊ သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်နိုင်တဲ့သူကို ပြန်ချော့ပေါင်းတဲ့ ပေါလစီပါ၊ အား မကိုးလိုက်ပါနဲ့၊ ကိုယ်ကိုတောင် ပြန်လို့ ဒုက္ခပေးမှာပါ။ -------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်အမှု အမေရိကန် မူဝါဒ အပြောင်းအလဲကို ထိခိုက် Thursday, 11 June 2009 19:17 ဧရာဝတီ ဒေါ်အောင်ဆန်း စုကြည်အား တရားစွဲဆို ခြင်းကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရေး အတွက် အမေရိကန် အစိုးရ၏ ဆောင်ရွက်မှုများ အခက်အခဲ ဖြစ်နေရသည်ဟု အရှေ့အာရှဆိုင်ရာ နိုင်ငံခြားရေးဌာန အကြီးအကဲတဦးအဖြစ် သမ္မတအိုဘားမား အဆိုပြုထားသူက ပြောကြားလိုက်သည်။ [အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အဆိုပြုခြင်း ခံထားရသူ Kurt Campbell] အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အဆိုပြုခြင်း ခံထားရသူ Kurt Campbell “ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မကြာသေးခင်က အဖြစ်အပျက်တွေဟာ အင်မတန့် အင်မတန်ကို စိုးရိမ်စရာတွေ ဖြစ်တယ်၊ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးတက် ဆောင်ရွက်ဖို့ တကယ့်ကို အဟန့်အတား ဖြစ်နေပါတယ်” ဟု အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အဆိုပြုခြင်း ခံထားရသူ Kurt Campbell က အထက် လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ကြားနာပွဲတခုတွင် ပြောကြားလိုက်သည်။ “တရားစွဲဆိုထားမှု အခြေအနေတွေ၊ ပြီးတော့ စစ်အစိုးရက ဘယ်လို ရှေ့ဆက်သွားဖို့ စဉ်းစားနေတယ် ဆိုတာတွေကို ကျနော်တို့ စောင့်ကြည့်နေပါတယ်” ဟု Kurt Campbell က ပြောသည်။ အမေရိကန်အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်နေကြောင်း၊ ယခု တရားစွဲဆိုထားမှုသည် ပြန်လည်သုံးသပ်ရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားလိုက်သည်။ နိုင်ငံခြားရေး ကော်မတီ ကြားနာပွဲတွင် အထက်လွှတ်တော်အမတ် James Webb ကလည်း သူ့အနေဖြင့် မြန်မာနိုင်ငံအား ပုံစံအမျိုးမျိုး သုံးပြီး ချဉ်းကပ်ရေးကို နှစ်အတော်ကြာ ဆော်သြခဲ့ဖူးကြောင်း ပြောကြားလိုက်သည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး အရင်နှစ်တွေတုန်းကလည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ကျနော် ကောင်းကောင်း ဆွေးနွေးဖူးပါတယ်၊ သူ ဝန်ကြီးမဖြစ်ခင်ရော ဖြစ်ပြီးရောမှာပေါ့လေ။ အခု မြန်မာပြည်မှာ နောက်ဆုံးဖြစ်ပေါ်ခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့ ဖြစ်ရပ်ပါပဲ။ မြန်မာနိုင်ငံမှာ ဒီလို ဖြစ်နေတာ နှစ်ပေါင်း ၆ဝ ရှိပါပြီ၊ တချို့လူတွေ ပြောသလို အနှစ် ၂ဝ မကပါဘူး” ဟု James Webb က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၁ဝ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ အဖြစ်အပျက်များနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ သြဇာ တဖြည်းဖြည်း ကျဆင်းလာကြောင်း၊ စီးပွားရေး၊ အကူအညီပေးရေး အဖွဲ့ နှင့် အစိုးရနှင့် သက်ဆိုင်သော အဖွဲ့များမှာ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ရကြောင်း James Webb က သုံးသပ်ပြသည်။ “တရုတ် နဲ့ တခြားနိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ဆက်သွယ်ရေး စီမံကိန်းတွေ၊ တွင်းထွက်ပစ္စည်း လုပ်ငန်းတွေမှာ အရင်ကထက် ပိုပြီးတော့ ဆက်သွယ် ဆောင်ရွက်နေကြတယ်။ တရုတ်နိုင်ငံ ဆိုရင် သိပ်မကြာသေးခင်ကပဲ ရေနံနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကြီးတခုကို လက်မှတ်ထိုးထားတယ်” ဟု သူက ထောက်ပြသည်။
ကြိုတင် ရေးသား ပြင်ဆင်ထားသော ပြောကြားချက်တွင်မူ Kurt Campbell က မြန်မာ ပြည်သူများ အနေဖြင့် လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေထက် ပိုပြီး ကောင်းမွန်သည့် အခြေအနေများကို ရရှိထိုက်ပါသည်ဟု ဖော်ပြထားသည်။ “နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အင်ဒိုနီးရှားမှာ ပြောခဲ့သလိုပဲ ကျနော်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှု နည်းလမ်းရော၊ အာဆီယရဲံ့ အပြု သဘော ဆောင်တဲ့ ချဉ်းကပ်မှု နည်းလမ်းရော အလုပ် မဖြစ်သေးဘူး၊ ဒီတော့ စစ်တပ်၊ အတိုက်အခံ၊ တိုင်းရင်းသား လူမျိုးစုတွေ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်လာမယ့်၊ အကျဉ်းသားတွေ လွတ်မြောက်လာမယ့်၊ ပြုပြင်ပြောင်းလဲရေးတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာမယ့် နည်းလမ်းတွေအတွက် အမေရိကန် အစိုးရက မူဝါဒရေးရာ တွေကို ပြန်သုံးသပ်တာ ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။ “မကြာသေးခင်က စစ်အစိုးရရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြုမူချက်တွေက အင်မတန် ကြီးမားတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကျနော်တို့ မူဝါဒ ပြန်လည်သုံးသပ်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားမှာပါ” ဟု ဆိုသည်။ “မူဝါဒ သုံးသပ်မှုကနေ ဘယ်လို အဖြေထွက်လာမယ် ဆိုတာ ကိုတော့ မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် ကျနော့်ရဲ့ ချဉ်းကပ်မှုကတော့ ကွန်ဂရက်လွှတ်တော်၊ ဒေသအတွင်းထဲက ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေ၊ မြန်မာပြည်ကို ပိုပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် ကျနော်တို့ အကောင်းဆုံး ဘယ်လို တွန်းအားပေးနိုင်မယ် ဆိုတာအတွက် မြန်မာပြည်အကြောင်းကို လက်တွေ့ရော သဘောတရားရေးရာအရပါ နားလည်တဲ့ပုဂ္ဂိုလ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆောက်ရွက်ဖို့ပါပဲ”ဟု Kurt Campbell က ပြောကြားသည်။ Mr.Campbell သည် အီရတ်နိုင်ငံ သံအမတ်ကြီးဖြစ်သွားသော ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Christopher Hill ၏ နေရာအတွက် လျာထားခံရသူဖြစ်သည်။ ပင်တဂွန်စစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖဲ့၏ွ အာရှဒေသ၊ နိုင်ငံတကာလုံခြုံရေး၊ ကာကွယ်ရေး မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်တဦး ဖြစ်သည်။ -------------------------------------------------------------------
မလေးရှားတွင် မြန်မာအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံရ Thursday, 11 June 2009 20:01 ဧရာဝတီ မလေးရှား အာဏာပိုင်များက မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်ကို မကြာသေးမီက ဖမ်းဆီး လိုက်ကြောင်း ကြားသိရသည်။ နောက်ဆုံးအကြိမ် နိုင်ငံခြားသား အလုပ်သမားများအား နှိမ်နင်းသည့်စီမံကိန်းတွင် မလေးရှား အာဏာပိုင် များက မွန်အမျိုးသား ၅၀ ကျော်အပါအဝင် မြန်မာအလုပ်သမားများကို ယခုက့သဲို့ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း မွန်ဒုက္ခသည် အဖွဲ့အစည်း Roi Mon မှ တာဝန်ရှိသူတဦးက ပြောပြသည်။
ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် ကရင် အလုပ်သမား ၂၀ ပါဝင်သည်ဟုလည်း ကရင် ဒုက္ခသည်အဖွဲ့အစည်း၏ ဥက္ကဌ မန်းစိန်သန်းကဆိုသည်။ တခြားသော ရာပေါင်းများစွာရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များသည် အဖမ်းအဆီးခံခ့ရဲ ပြီးနောက် လွတ်မြောက်ခ့ေဲ သ်ာလည်း နောက်တကြိမ် အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် စိတ်လွတ်လပ်စွာ အလုပ်မလုပ် နိုင်သောကြောင့် အလုပ်လုပ်ချိန်များလျော့ပါးကာ ဝင်ငွေနည်းပါးသွားသည်ဟု ကြားသိရသည်။ နောက်ဆုံး အကြိမ် နှိမ်နင်းဖမ်းဆီးမှုမှာ ဇွန်လ ၁ ရက်နေ့တွင် စတင်ခ့သဲ ည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ တရုတ်တန်းရှိရာ ပတ်တလင် လမ်းတလမ်းတည်းတွင်ပင် စားသောက်ဆိုင် များနှင့် တခြားသော စီးပွားရေးလုပ်ငန်းများ၌ အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁၀၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။ မလေးရှားအာဏာပိုင်များက ယင်းလမ်းထဲရှိ လုပ်ငန်းအသီးသီးကို နိုင်ငံခြားသား အလုပ်သမားများ မထားရှိရန် လာရောက် ခြိမ်းခြောက်ပြောဆိုသည်ဟု Roi Mon အဖွဲ့အစည်းက ဆိုသည်။ “ကျမ သူငယ်ချင်းနှစ်ယောက်ဆို ပြီးခဲ့တ့အဲ ပတ်က အလုပ်ပြုတ်ပြီး ပြန်သွားရပြီ” ဟု မလေးရှားနိုင်ငံတငွ် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား တဦးဖြစ်သူ မဝါယုက ပြောပြသည်။ ကွာလာလမ်ပူအခြေစိုက် မြန်မာအလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအသင်း၏ အဆိုအရ မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် တရားဝင်နှင့် တရားမဝင် မြန်မာဦးရေ ၅ သိန်းခန့်ရှိသည်ဟု သိရသည်။ မလေးရှားအစိုးရက နိုင်ငံခြားသားအလုပ်သမားများကို လုံးဝလက်မခံတော့ကြောင်း ယမန်နှစ် ဒီဇင်ဘာလက ကြေညာခဲ့သည်။ တချိန်တည်းတွင် မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများ လှုပ်ရှားမှုကွန်ယက်အဖွဲ့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ (MAP) တို့က မလေးရှားနှင့် ထိုင်း အစိုးရကို မြန်မာအလုပ်သမားများအနေနှင့် အလုပ်သမား၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ အခွင့်အရေးများ ရရှိရေးအတွက် တောင်းဆိုထားကြသည်။ ယင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့က ထုတ်ပြန်ခ့သဲ ည့် ကြေညာချက်များတွင် ရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန်၊ ခွဲခြားဆက်ဆံခြင်း မပြုရန် စသည်ဖြင့် တောင်းဆို ထားသည်။
Comments (1)Add Comment written by ye naing, June 11, 2009 မလေးရှားမှာ တရားမ၀င် အလုပ်သမားတင် ဖမ်းတာ မဟုတ်ပါဘူး-တရားဝင် ပါမစ်ရှိသူများ ကို ဖမ်းခေါ်သွားပြီး ငွေညှစ် တာတွေက ပိုဆိုးပါတယ်။ -------------------------------------------------------------------
လူထုလှုပ်ရှားမှုများကို ထိန်းရန် ကြေးစားများကို အသုံးပြု NEJ / ၁၁ ဇွန် ၂၀၀၉ နအဖစစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွ့နှဲင့် ကြံ့ခိုင်ဖံြွ့ ဖိုးရေးအဖဲ့တွို့က နိုင်ငံရေးလှုပ်ရှားမှုများကို ထိန်းရန်အတွက် မြို့သစ် ဆင်းရဲသား ရပ်ကွက်များမှ ကြေးစားများကို အသုံးချနေကြောင်း တောင်ဒဂုံမြို့နယ်မှ ကိုယ်တိုင်ပါဝင်ခ့သဲူ တဦးက ပြောသည်။ ၎င်းက “ကိစ္စရှိတဲ့ ရက်တွေဆိုရင် သူတို့က (ကြံ့ဖွံ့အဖွဲ့မှ တာဝန်ပေးထားသူ) ကျနော်တို့အိမ် လမ်းထိပ်အထိ ဒိုင်နာကားနဲ့ လာကြိုတယ်။ ကျနော်တို့တာဝန်က ဒိုင်နာကားပေါ်မှာ ခပ်တည်တည် ထိုင်ပြီး သူတို့ မောင်းတဲ့ နေရာ တွေကို လိုက်ပြီးစီးဖို့ပ။ဲ အဲဒီအတွက် တနေ့ကို ကျပ် (၂,ဝဝဝ) ပေးတယ်။ တကယ်လို့ လမ်းပေါ်မှာ ဆန္ဒပြသူ ဖြစ်ဖြစ်၊ သူတို့က ခိုင်းလို့ဖြစ်ဖြစ် လူတယောက်ယောက်ကို ဝိုင်းဖမ်းပေးရရင်၊ ဒါမှမဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်လို့ သူတို့ ညွှန်ကြားသလို ဝင်ပြီးဆွဲတာ ရိုက်ရတာမျိုးလုပ်ရရင် ကျပ် (၁ဝ,ဝဝဝ) ကနေ (၂ဝ,ဝဝဝ) အထိ ပေးမယ်လို့ ပြောတယ်။ ဒါကတော့ ကိုယ်ဆန္ဒရှိမှ လုပ်ပါလို့ ပြောတယ်” ဟု ရှင်းပြသည်။ “ကျနော်တို့အတွက် စည်းကမ်းကတော့ ကားပေါ်ပါလာတဲ့သူ အချင်းချင်းလည်း စကားမပြောရဘူး။ တယောက်ကို တယောက် ဘယ်မှာနေသလဲ၊ ဘာလုပ်သလဲ စသဖြင့် မစပ်စုရဘူး။ ဘာပြဿနာဖြစ်ဖြစ် သူတို့ တာဝန် ယူတယ်။ ရဲတွေလည်း မဖမ်းစေရဘူး။ အချိန်တန်ရင် လမ်းထိပ်အရောက် ပြန်ပို့ပေးမယ်။ ငွေ (၂,ဝဝဝ) ရမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ ထိုသူ၏ ရှင်းပြချက်အရ ၎င်းတို့ကို ဒိုင်နာကားများနှင့် ရပ်ကွက်အလိုက် လှည့်ခေါ်ပြီး တရပ်ကွက်လျှင် နှစ်ယောက်ထက် ပိုမခေါ်ကြောင်း၊ လူများကို အမြဲတမ်း ပြောင်းလဲခေါ်ယူသည့်အတွက် ကားပေါ်ပါလာသူ အချင်းချင်း မသိကြဟုလည်း ၎င်းက ပြောသည်။ အချို့နေ့များတွင် ညဘက်လာခေါ်ယူပြီး လမ်းပိတ် လေ့ကျင့်ခန်း လုပ်ရတာမျိုးလည်း ရှိကြောင်း၊ ပြီးခဲ့သည့် စနေနေ့ညက ဦးဝိစာရ အဝိုင်းနှင့် မြေနီကုန်း လမ်းဆုံအထိ လမ်းကို ပိတ်ပြီး ည (၁၂းဝဝ) နာရီကျော်တွင် လေ့ကျင့်ခန်း လုပ်ခ့ရဲ ကြောင်း တောင်ဒဂုံမြို့နယ်မှ အဆိုပါသူက ပြောသည်။ ကြေးစားများအား လှည့်လှည်ခေါ်ဆောင်ရသည့် ဒိုင်နာကားဒရိုင်ဘာတဦးက ၎င်းတို့ကားဒရိုင်ဘာများအနေဖြင့် ယာဉ်လိုင်းကြီးကြပ်သူများက အလှည့်ကျ စီစဉ်ပေးမှုအရနှင့် ကားရှေ့ခန်းထိုင်သည့် ကြီးကြပ်သူက မောင်းခိုင်းသည့် နေရာကိုသာ မောင်းရခြင်းဖြစ်ပြီး ဘာတခုမှ မေးမြန်းစုံစမ်းခြင်းမလုပ်ရကြောင်း ပြောသည်။ ၎င်းက “ပထမဦးဆုံး သက်ဆိုင်ရာ ရဲစခန်းတခုမှာ သတင်းပို့ရတယ်။ နောက် ကားနံပါတ်ကို ဖုံးတာ၊ ဖြုတ်တာတွေ လုပ်ရတယ်။ နောက် တရပ်ကွက်ပြီး တရပ်ကွက် လူတွေ လိုက်တင်ရတယ်။ လူတွေတင်ပြီး ကြီးကြပ်သူက မောင်းခိုင်းတဲ့ နေရာတွေ မောင်း၊ ရပ်ဆို ရပ်ရတယ်၊ ဘာတခွန်းမှ မပြောရဘူး” ဟု ပြောသည်။ ကိစ္စပြီး၍ ပြန်ရသည့်အခါ နေ့တွက် ကျပ် (၃) သောင်း ပေးကြောင်း၊ ကိုယ့်ငွေနှင့်ကိုယ် စီအန်ဂျီ ဖြည့်ရကြောင်း၊ အကယ်၍ အလှည့်ကျခေါ်သည်ကို မလိုက်ပါက လိုင်းပိတ်သိမ်းခြင်းခံရကြောင်း အဆိုပါ ဒိုင်နာကားသမားက ပြောသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်အစိုးရက ယခုက့သဲို့နည်းဖြင့် ဖြေရှင်းခဲ့သည်မှာ စက်တင်ဘာ သံဃာ့အရေးအခင်း မတိုင်ခင်ကာလမှ ယနေ့တိုင်ဖြစ်သည်။ ဒိုင်နာကားပေါ် ထိုင်နေကြသည့် သူများကို စွမ်းအားရှင်အဖွဲ့ဟု အများက ခေါ်နေကြသော်လည်း ထိုသူများသည် နယ်မြေခံ ကြံ့ဖွံ့များက ရွေးချယ်တာဝန်ပေးသည့် မြို့သစ်ရပ်ကွက်များမှ ဆင်းရဲသည့် ကြေးစားများ ဖြစ်ပြီး၊ ရပ်ကွက် တွင်း၌ ချဲလုပ်ငန်းအပါအဝင် တရားမဝင် လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းနေသူများလည်း ပါဝင်ကြောင်း သိရသည်။ ------------------------------------------------------------------လက်နက်ကြီးကျည်အချို့ ထိုင်းနိုင်ငံတွင်းကျ ထိုင်းမှ မြန်မာဘက်သို့ ကန့်ကွက်စာပေးပို့ NEJ / ၁၁ ဇွန် ၂၀၀၉ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံခရိုင်အတွင်း ဖြစ်ပွားနေသည့်တိုကပ်ွဲများတွင် နအဖနှင့်ဒီကေဘီအေ ပူးပေါင်းတပ်ဖဲ့မျွား ပစ်ခတ်သည့် လက်နက်ကြီးကျည်အချို့ ထိုင်းနိုင်ငံဘက်ကျရောက်ခ့သဲ ဖြင့် ထိုင်းဘက်မှ မြန်မာဘက်သို့ ကန့်ကွက်စာပေးပို့ထားသည်။ ယမန်နေ့က တပ်မဟာ (၇) နယ်စပ်ဒေသနှင့် မျက်နှာချင်းဆိုင် သောင်ရင်းမြစ်တဖက်ကမ်းရှိ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်အတွင်းသို့ လက်နက်ကြီးကျည် (၂) လုံး ကျရောက်ခ့သဲ ည့်အတွက် ထိုင်းဘက်မှ မြန်မာဘက်သို့ ကန့်ကွက်ခြင်းဖြစ်သည်။ ထိုင်းမြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC) ဥက္ကဋ္ဌနှင့် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ပဒုံယင့် ဖိုင်းဘွန်းစို့က “ထိုင်းဘက်ကို လက်နက်ကြီးတွေ ကျတဲ့အတွက် မြန်မာနယ်ခြားကော်မတီကို ကန့်ကွက်စာ ပေးပို့ထားတယ်။ နောက်ကို ဒီလိုပဲ လက်နက်ကြီးတွေ ထပ်ကျလာမယ်ဆိုရင် ပထမအကြိမ် သတိပေးတဲ့အနေနဲ့ မီးခိုးဗုံးတွေနဲ့ အချက်ပေး ပစ်ခတ်မှာဖြစ်တယ်။ အဲလိုအချက်ပေးတဲ့ကြားက လက်နက်ကြီးတွေ ထပ်ကျလာမယ် ဆိုရင် ထိုင်းဘက်က ပြန်ပြီး ပစ်ခတ်ရမှာဖြစ်တယ်” ဟု ယမန်နေ့က ဒေသခံ သတင်းထောက်များကို ပြောကြားသည်။ ကေအန်အယ်လ်အေ တပ်မဟာ (၇) ၏ မှတ်တမ်းများအရ တိုက်ပွဲကာလအတွင်း ယခုလ (၈) ရက်တငွ် လက်နက်ကြီးကျည် (၃) လုံးနှင့် (၉) ရက်တွင် လက်နက်ကြီးကျည် (၄) လုံး ထိုင်းဘက်ခြမ်း ထာ့ဆောင်ရန်း မြို့နယ် အတွင်းသို့ ကျရောက်ပေါက်ကွဲခ့သဲ ည်။ ယခုလဆန်း (၂) ရက်နေ့မှ စတင်သည့် နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖဲ့မျွားက တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ခ့သဲ ည်မှာ (၁၀) ရက်ရှိပြီဖြစ်သည်။ နေ့စဉ် တဖက်နှင့်တဖက် အပြန်အလှန် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲများ မရှိသော်လည်း ပူးပေါင်းအဖဲ့မျွားက အဝေးမှလက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်သောကြောင့် လက်နက်ကြီး ကျည် အချို့ ထိုင်းဘက်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။
၎င်းတိုက်ပွဲများ၏ဂယက်ကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်တို့မှ ဒေသခံ ရွာသား (၄,၀၀၀) ခန့်မှာ စစ်ပြေးဒုက္ခသည်များအဖြစ် ထိုင်းနိုင်ငံ ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေကြသည်။ ------------------------------------------------------------------ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စီဒီအမ်အေဖုန်း တသိန်းခွဲကျော်ချပေးမည် မင်းနိုင်သူ / ၁၁ ဇွန် ၂၀၀၉ ရန်ကန်ုနှင့် မန္တလေးမြို့တို့တွင် စီဒီအမ်အေဖုန်းအလုံးပေါင်း တသိန်းခွဲကျော် ချထားပေးသွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြောသော်လည်း ယခုလက်ရှိဖုန်းလိုင်းများပင် မကောင်းသည့်အတွက် အစိုးရက ဘဏ္ဍာငွေရရှိအောင် လုပ်နေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။ ယမန်နေ့ထုတ် ဆင်ဟွာသတင်းတွင် ယင်းသို့ ဖုန်းများချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ကိုးကားပြီး ဖော်ပြထားသည်။ ယင်းသို့ စီဒီအမ်အေဖုန်းများ ထပ်မံ ချထားပေးမည့်အပေါ် မန္တလေးမြို့ခံတဦးက “အခုလက်ရှိ မိုဘိုင်းဖုန်း လိုင်းတွေတောင် မကောင်းဘူးဗျာ။ မနက်ပိုင်း ကုန်သည်၊ ပွဲစား၊ ၀န်ထမ်းတွေ အလုပ်များတဲ့ အချိန်ဆို ဖုန်းလိုင်းတွေက မကောင်းတော့ဘူး။ နေ့လယ် (၁၂) နာရီနောက်ပိုင်းမှ လိုင်းပြန်ချောင်တယ်။ အခုလက်ရှိ ဖုန်းလိုင်းကို ကောင်းအောင် မလုပ်ဘဲနဲ့ ထပ်ချပေးနေလည်း အပိုပါပဲ။ ခုဟာ အစိုးရက ဘဏ္ဍာငွေရဖို့အတွက် လုပ်နေတာပါပဲ” ဟု ပြောသည်။ ထိုက့သဲို့ လက်ရှိဖုန်းလိုင်းများ မကောင်းရခြင်းမှာ အထိုင်စက်၏ လက်ခံနိုင်အားနှင့် ဖုန်းအလုံးအရေ မမျှတမှုကြောင့် ဖြစ်ကြောင်း မုံရွာအိတ်ချိန်းရုံးမှ ၀န်ထမ်းတဦးက ပြောသည်။ “ရွှေဘို၊ ဟားခါး၊ ကလေးဘက်တွေမှာလည်း ချပေးနေတယ်။ အဲဒီဘက်က ဖုန်းရထားတဲ့ ၀န်ထမ်းတွေက မုံရွာ၊ မန္တလေးဘက်ကို ပြန်ရောင်းကြတယ်ဗျာ။ ဆိုတော့ အဲဒီဘက်က ဖုန်းတွေကိုပါ ဒီမြို့တွေက တာဝါတိုင်တွေက လက်ခံထားရတော့ မနိုင်ဝန် ထမ်းနေရသလို ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။ လက်ရှိ စီဒီအမ်အေဖုန်းများအတွက် အစိုးရသို့ ပေးသွင်းရငွေမှာ ကျပ် (၁၅) သိန်းခန့် ကျသင့်နေသည်ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။ ၎င်းက “တကယ်တမ်း ကျသင့်တာက (၁၂) သိန်းကျော်ကျော်ပဲ ကျတာ။ ဒါပေမယ့် မြို့နယ်ဆက်သွယ်ရေးရုံးကို ပေးရတာနဲ့၊ မြို့နယ်မယကကို အလှူငွေထည့်ရတာနဲ့ဆိုတော့ ဆယ့်ငါးသိန်းလောက် ကျသွားတာပါပဲ။ အခု ဖုန်းအလုံးပေါင်း (၁) သိန်းခွဲကျော် ထပ်ချပေးမယ်ဆိုရင် အစိုးရအနေနဲ့ ကျပ်သန်းပေါင်း (၂) ထောင်ကျော် ရသွားဦးမှာပဲ” ဟု ရှင်းပြသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချပေးမည့် အဆိုပါဖုန်းများနှင့် voice message ၊ fax နှင့် short message များကိုလည်း ကန့်သတ်ဧရိယာအတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
မည်သည့်အချိန်တွင် စတင်ချထားပေးမည်၊ မည်မျှပေးသွင်းရမည်တို့ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနရုံး (ရန်ကုန်) နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ကို ခေတ်ပြိုင်က ဆက်သွယ်ခ့ေဲ သ်ာလည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။ ၂၀၀၈ ခုနှစ် စာရင်းဇယားများအရ မြန်မာနိုင်ငံအတွင်းတွင် အော်တိုဖုန်းပေါင်း (၁၅၃,၃၄၄) လုံး၊ ဂျီအက်စ်အမ် ဖုန်းပေါင်း (၃၇၅,၈၀၀) လုံးနှင့် စီဒီအမ်အေဖုန်းပေါင်း (၂၀၅,၅၀၀) လုံး ရှိနေသည်။ မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်၌ ဆယ်လူလာဖုန်းများ စတင်ချထားပေးခဲ့ပြီး စီဒီအမ်အေ အသုံးပြုမှုကို ၁၉၉၇ ခုနှစ်တွင် စတင်ခက့ဲာ ယခုထပ်မံတိုးချဲ့လိုက်ခြင်းဖြစ်သည်။ ထို့နောက် ၂၀၀၂ ခုနှစ်တွင် ဂျီအက်စ်အမ် အသုံးပြုခဲ့ကြသည်။ ပြီးခဲ့သည့်မေလမှစတင်ကာ ဂျီအက်စ်အမ်ဖုန်း ကိုင်ဆောင်သူများအနေဖြင့် သုံးလစာ ဖုန်းဘေလ် ငွေကြိုသွင်း နေကြရပြီး ယခုလတွင် ဆယ်လူလာနှင့် စီဒီအမ်အေဖုန်းများကိုပါ သွင်းခိုင်းတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ ------------------------------------------------------------------မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌနှင့် အဖွဲ့ကို နအဖတိုင်းမှူး တွေ့ဆုံ ၀ီရ / ၁၁ ဇွန် ၂၀၀၉ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့တို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ယခုလ (၇) ရက်နေ့၌ မော်လမြိုင်မြို့တွင် တွေ့ဆုံခ့သဲ ည်။ အဆိုပါတွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးအတွက် ပထမခြေလှမ်းအဖြစ် အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီနှင့် အသွင်ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်းကော်မတီ ဖွ့စဲ ည်းရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီကို ကမ်းလှမ်းခဲ့ကြောင်း မော်လမြိုင်ခရိုင်မှ မွန်ပြည်သစ်ပါတီ ထိပ်တန်းအရာရှိတဦးက ပြောသည်။ မွန်ပြည်သစ်ပါတီဘက်မှမူ ယင်းသို့ စစ်အစိုးရ ကိုယ်စားလှယ်၏ ကမ်းလှမ်းချက်ကို ၂၀၀၉ ခု ဇူလိုင်လကုန်ပိုင်းတွင် အကြောင်းပြန်မည်ဟုသာ ပြောကြားခဲ့ကြောင်း အဆိုပါအရာရှိက ပြောသည်။ ၎င်းက “ကျနော်တို့ ပြန်ပြောထားတာက ဇူလိုင်လ မကုန်ခင် အကြောင်းပြန်မယ်လို့။ ဒါပေမယ့် အခု ကမ်းလှမ်းတာက ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်ထဲမှာ မပါဘူးခင်ဗျ။ ဒီအပစ်ရပ်ကတည်းက သဘောတူညီမှု ထဲမှာလည်း ဒီနယ်စောင့်တပ်ကိစ္စက မပါခဲ့ဘူးဆိုတော့ ကျနော်တို့ဘက်ကလည်း ဒီကိစ္စကို အလေးအနက် စဉ်းစားပေးမယ်လို့ပဲ အခုတွေ့ဆုံတ့ပွဲမှာ ပြောကြားခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။ တပ်ဖွ့အဲ သွင်းပြောင်းရေးအပေါ် ပါတီ၏ ဖြစ်ပေါ်လာနိုင်သည့် ရပ်တည်ချက်အသစ်နှင့် ပတ်သက်၍ ၎င်းက ပြောကြားရန် ငြင်းဆိုခ့သဲ ည်။
ဇွန် (၇) ရက် နံနက်ပိုင်းက ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် တွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီမှ ဥက္ကဋ္ဌ နိုင်ထောမွန်၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အကြီးအကဲ ဗိုလ်ချုပ် နိုင်ဇဲယ၊ ပါတီတွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်မှုဆောင်များဖြစ်သည့် နိုင်ထာဝရနှင့် နိုင်တလညီတို့ ပါဝင်တက်ရောက်ခြဲ့ ကသည်။ နယ်ခြားစောင့်တပ် ဖွ့စဲ ည်းရေးအတွက် မွန်ပြည်သစ်ပါတီနှင့် နအဖတို့၏ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး မတ်လဆန်းပိုင်း၌ ပထမအကြိမ် တွေ့ဆုံခ့သဲ ည်။ မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ဖဲ့စွ ည်းပုံ အခြေခံဥပဒေကို သဘောမတူကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အစောပိုင်းက ကြေညာထားပြီး ဖြစ်သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ လက်ခံ မခံကိုမူ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ တော်လှန်ရေးသက်တမ်း အနှစ် (၅၀) ကျော်ရှိပြီး စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခ့သဲ ည့် မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲဝင်ရေးနှင့် တပ်ဖွ့အဲ သွင်ပြောင်းရေးအတွက် မွန်ပြည်သူတို့ထံမှ ဆန္ဒခံယူသွားမည်ဟု သိရသည်။ နအဖကိုယ်စားလှယ် အရှေ့တောင်ပိုင်း တိုင်းမှူးက မြန်မာနိုင်ငံတောင်ပိုင်းမှ အပစ်ရပ်အဖွဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များအား တွေ့ဆုံနေသကဲ့သို့ နအဖ၏ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ပါဝင်သည့် တိုင်းမှူးအဖဲ့တွို့ကလည်း တရုတ်-မြန်မာနယ်စပ်တလျှောက်မှ အင်အားကြီး အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ် ဖွ့စဲ ည်းရေးအတွက် တွေ့ဆုံခ့သဲ ည်။ ------------------------------------------------------------------ဒေါ်စုလွတ်မြောက်ရေး အမျိုးသမီးများ တီရှပ်ကန်ပိန်းလုပ် မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ ဇွန်လ 11 2009 နယူးဒေလီ။
။ ပဲခူးတိုင်း ဇီးကုန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသမီးများ ဦးဆောင်ပြီး
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တီရှပ်ဝတ်ဆင် လှုပရှ်ားမှု တခုကို ယမန်နေ့က ပြုလုပ်ခြဲ့ ကသည်။ ဇီးကုန်း ဒီချုပ်အဖွဲ့ဝင် အမျိုးသမီး ၁၀ ဦးခန့်က ရှေ့ဘက်တွင် လွတ်လပ်ခြင်း အဓိပ္ပာယ်ရသည့် ''FREE'' ၊ နောက်ဘက်တွင် ''PEACE'' (ငြိမ်းချမ်းခြင်း) စာလုံးများ ရိုက်နှိပ်ထားသည့် ဂျိုးငှက်ပုံပါ အဖြူရောင်တီရှပ်များ ဝတ်ဆင်ပြီး ရန်ကုန်-ပြည် အဝေးပြေးလမ်းမကြီးဘေးရှိ ဇီးကုန်းဈေးအတွင်းသို့ နံနက် ၉ နာရီခွဲခန့်က လှည့်လည်ကာ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။ “အင်္ကျီနဲ့ ကမ်ပိန်း လှုပ်ရှားမှုလုပ်တော့ နားမလည်တ့သဲူတွေကို ကျမတို့က ရှင်းပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးစေလိုတဲ့ ဆန္ဒ၊ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒနဲ့ လုပ်တာပါလို့ ရှင်းပြတယ်။ အဓိက ကတော့ ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို တောင်းဆိုတာပါ” ဟု ဇီးကုန်းမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းက မဇ္ဈိမကို ပြောသည်။
ယခုလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မချင်း ဆက်လက်၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ပြည်သူများကလည်း ထောက်ခံအားပေးကြကြောင်းနှင့် ယခုလို လုပ်ဆောင်သည့်အတွက် အာဏာပိုင်များ၏ သတိထား စောင့်ကြည့်ခြင်းကို ခံရကြောင်း သူက ဆက်ပြောသည်။ ဇီးကုန်းမြို့ခံတဦးကလည်း ဤလှုပ်ရှားမှုအပေါ် ပြည်သူတယောက်အနေဖြင့် ဝမ်းသာဂုဏ်ယူကြောင်းနှင့် တီရှပ်ပါ စာလုံးများကို မြင်သည်နှင့် ဒေါ်စုလွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး တောင်းဆိုသည်ကို နားလည်ကြောင်း မဇ္ဈိမကို ပြောသည်။ သူက “ကျနော်တို့ ပြည်သူတယောက်အနေနဲ့ စိတ်ထဲမှာတော့ လူတိုင်းမလုပ်ရဲတဲ့ အလုပ်ကို သူတို့က ကျနော်တို့ ပြည်သူတွေကိုယ်စား လုပ်ပေးတယ်ဆိုတော့ အရမ်း ကြည်နူးမိတယ်။ ကျနော်တို့အကုန်လုံး ဘေးကနေပြီးတော့ အားပေးကြပါတယ်။ ဝမ်းလည်းဝမ်းသာတယ်၊ သူတို့လုပ်တာတွေအတွက် ဂုဏ်လည်း ယူပါတယ်” ဟု ပြောသည်။ သူက ဆက်ပြီး “အများစုကတော့ ဒီ FREE တို့၊ PEACE တို့ကို မြင်တာနဲ့ ဒါ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးကို တောင်းဆိုတယ်ဆိုတာ နားလည်ကြပါတယ်။ မနေ့ကလည်း တွေ့တယ်။ ဒီနေ့လည်း သူတို့တွေ တီရှပ်တွေဝတ်ပြီး လှုပ်ရှားတာ တွေ့ရတယ်ခင်ဗျ” ဟု ပြောသည်။ ယခုလဆန်းပိုင်းကလည်း မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ အန်အယ်ဒီ အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ဖြန့်ဝေသည့် လှုပ်ရှားမှုများ လုပ်ဆောင်ခြဲ့ ကသေးသည်။ တချိန်တည်းမှာ ဒေါ်စုနှင့် အမေရိကန်နိုင်ငံသား ယက်တော၏ မဖွယ်မရာ ဓာတ်ပုံများလည်း လူထုကြားသို့ ဖြန့်ဝေမှုများ ရှိနေပြီး၊ ယင်းလုပ်ရပ်သည် မြန်မာစစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူများ၏ လက်ချက်အဖြစ် ပြောဆိုမှုများ ပေါ်ထွက်နေသည်။ ------------------------------------------------------------------နာရေးယပ်တောင်တွင် အန်အယ်ဒီ အမည် မတပ်ရဲ မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ ဇွန်လ 11 2009
နယူးဒေလီ။
။ မန္တလေးတိုင်း တောင်သာမြို့ အန်အယ်ဒီ ခေါင်းဆောင်တဦး၏ မိခင် ဆုံးပါးသွားရာ ဈာပန
ယပ်တောင် ပြုလုပ်ရန်အတွက် ပုံနှိပ်တိုက်များတွင် သွားရောက်အပ်နှံရာ အာဏာပိုင်များ၏ စောင့်ကြည့်မှုကြောင့် ပုံနှိပ်တိုက်များက ယပ်တောင်တွင် ပါတီအမည် တံဆိပ်ကပ်ရန် ငြင်းဆန်ကြသည်။ တောင်သာမြို့ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးစိုးပိုင်၏ မိခင် ဒေါ်အေးကြည် (၈၆ နှစ်) ဆုံးပါးသွားသဖြင့် နာရေးယပ်တောင်များတွင် အန်အယ်ဒီ ဒုဥက္ကဋ္ဌ မိခင် ဟု ရေးသားရိုက်နှိပ်ပေးရန် ပုံနှိပ်တိုက် လုပ်ငန်းရှင်များက မကြာသေးခင်က ငြင်းဆန်ခြဲ့ ကခြင်း ဖြစ်သည်။
“ယပ်တောင်တော့ လုပ်ပေးတယ်။ ဒါပေမဲ့ အဖွဲ့နာမည်ကိုတော့ ပေးမကပ်ဘူး။ အာဏာပိုင်များနဲ့ ပတ်သက်ဆက်နွယ်မှာကို စိုးရိမ်တ့အဲ တွက် အခုလို ငြင်းပယ်ခ့တဲာလို့ ပြောတယ်” ဟု အန်အယ်ဒီ မြို့နယ်စည်းရုံးရေး ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က မဇ္စျိမကို ပြောသည်။ ထို့အပြင် အန်အယ်ဒီ ပါတီကိစ္စများ ဆွေးနွေးတိုင်ပင်မှု၊ လှုပ်ရှားမှုများအတွက် အစည်းအဝေးလုပ်နေသည့် ဦးသန်းမြင့်၏ နေအိမ်ကို တောင်သာမြို့က ပြည်ခိုင်ဖြိုး၊ စွမ်းအားရှင်များက အနီးကပ် စောင့်ကြည့်သည်မှာ ယခင်ကထက် ပိုများလာပြီး၊ ဓာတ်ပုံခိုးရိုက်ကာ မှတ်တမ်းတင်မှုများ ရှိနေကြောင်း သိရသည်။ “အရင်ကတော့ ဒီလောက် မရှိဘူး။ အခုရက်ပိုင်း ပိုစိတ်လာတယ်။ ဒီနေ့ဆိုရင် လက်ဖက်ရည်ဆိုငမှ်ာ ကျနော်နဲ့ အသိတချို့ ထိုင်နေတဲ့ အချိန်မှာ မျက်နှာကို အလင်းရောင် ဖျတ်ကနဲတွေ့လို့ လှည့်ကြည့်လိုက်တော့ ဆိုင်ကယ်ပေါ်က လူနှစ်ယောက်၊ တယောက်က ဆိုင်မောင်းပြီး တယောက်က လှမ်းရိုက်လိုက်တာပေါ့နော်။ ဒီလိုပုံစံတွေပေါ့။ မကြာခဏဆိုသလို သူတို့ရိုက်တာတော့ ပုံစံအမျိုးမျိုးပဲ။ ကိုယ်က အရိုက်ခံပြီးမှပဲ သိနေရတယ်လေ” ဟု ဦးသန်းမြင့်က ဆိုသည်။ လှုပ်ရှားမှုများကို နောက်ယောင်ခံလိုက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းကို မည်သူမည်ဝါများက လုပ်ကိုင်နေကြောင်း အတိအကျ မသိရသော်လည်း တောင်သာမြို့နယ်အတွင်းရှိ ရဲများ ဖြစ်နိုင်ကြောင်း သူက ခန့်မှန်းပြောဆိုသည်။ “ဒီလိုလာကြည့်တဲ့ ပြည်သူ့ရဲတွေက အရပ်ဝတ်န့ပဲါပဲ။ ရဲဆိုတာကတော့ ကျနော်က သေချာပေါက် သိတယ်။ သိတယ်ဆိုတာက ကျနော်တို့ တောင်သာမြို့က မကျယ်ဘူးလေ။ ဘယ်သူဘယ်ဝါဆိုတာ ကြည့်တာနဲ့ တန်းသိတာပေါ့'' ဟု သူက ပြောသည်။ လိုက်လံစောင့်ကြည့်မှုများ လုပ်ဆောင်ရာတွင် ညနေပိုင်း ၆ နာရီနောက်ပိုင်းတွင် ပိုမိုများပြားပြီး၊ တခါတရံ ထိုသူများနှင့်ပင် ပက်ပင်းတိုးရသည်များ ရှိကြောင်း သိရသည်။ ဦးသန်းမြင့်သည် မကြာခဏဆိုသလို ရန်ကုန်ရှိ အန်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင် အစည်းအဝေး တက်ရောက်ခြင်း၊ ပါတီလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခြင်းများ ရှိသည့်အပြင် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် ရုံးတင်စစ်ဆေးသည့် အင်းစိန်ထောင်ရှေ့တွင် ဦးဝင်းတင်နှင့်အတူ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခ့သဲူ ဖြစ်သည်။ ------------------------------------------------------------------ဒေါ်စုရှေ့နေ ဦးလှမျိုးမြင့်၏ ဇနီး အကြောင်းမဲ့ အလုပ်ထုတ်ခံရ ဖနိဒါ ကြာသပတေးနေ့၊ ဇွန်လ 11 2009 ချင်းမိုင် (မဇ္ဈိမ)။
။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ၄ ဦးအနက်
တဦးဖြစ်သူ ဦးလှမျိုးမြင့်၏ ဇနီးသည်အား မြန်မာစစ်အစိုးရ သမဝါယမဝန်ကြီးဌာနက ယခုလ ၉ ရက်နေ့တွင် အလုပ်ထုတ်လိုက်သည်။ ဇနီးသည် ဒေါ်ခင်ခင်အေးသည် သမဝါယမ ဝန်ကြီးဌာန လက်အောက်ရှိ ဗဟို သမဝါယမအသင်း၌ အကြီးတန်း မန်နေဂျာအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေစဉ် အကြောင်းမဲ့ အလုပ်ထုတ်ခံရကြောင်း သိရှိရခြင်း ဖြစ်သည်။
“၉ ရက်နေ့ ညနေမှာ အကြောင်းပြချက် မပါဘဲ၊ ဘာအပြစ်မှ မကျုးလွန်ဘဲနဲ့ သူ့ကို အလုပ်ထုတ်လိုက်တယ်လို့ ဦးလှမျိုးမြင့်က ပြောတယ်” ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်နှင့် ဒေါ်စုအမှုတွင် နောက်ထပ် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။ အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ထံ ယမန်နေ့က သွားရောက်စဉ် ဇနီးသည် အလုပ်ထုတ်ခံရကြောင်း ဦးလှမျိုးမြင့်က ပြောပြသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။ ဒေါ်ခင်ခင်အေးသည် ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက သမဝါယမ ဦးစီးဌာနမှ ပင်စင်ယူပြီးနောက် ဗဟို သမဝါယမ အသင်း၌ ဆက်လက် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။ ပြီးခဲ့သည့်လမှ စတင်ကာ ခင်ပွန်းသည်က ဒေါ်စု၏ အမှုတငွ် လိုက်ပါဆောင်ရွက်ပြီးနောက် သမဝါယမအသင်း အကြီးအကဲများက ဦးလှမျိုးမြင့်သည် ဒေါ်အောင်ဆန်းစုကြည် အမှုကို မည်သည့်အတွက် လိုက်ပါရသည်ကို မေးမြန်းစုံစမ်းမှုများ ပြုလုပ်ခ့ေဲ ကြာင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။ ဒေါ်ခင်ခင်အေး အလုပ်ထုတ်ခံရသည့်အပေါ် ဒေါ်စုက မြန်မာနိုင်ငံ ဥပဒေ စိုးမိုးမှုတွင် မှတ်ကျောက်တခု ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့ကြောင်း သိရသည်။ ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်က ရှေ့နေ ဦးလှမျိုးမြင့်အတွက် ဒီလောက် အရေးမကြီးဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ဒါဟာ အထင်ကရ မှတ်ကျောက်တခုပဲ ဆိုတ့သဲ ဘော ပြောပါတယ်” ဟု ပြောသည်။ ဒေါ်စုအမှုအတွက် လိုက်ပေးနေသည့် ရှေ့နေတဦး၏ ဇနီးသည်အား အကြေားပြချက်မရှိ အလုပ်ထုတ်ခြင်းသည် ကျန်ရှိသည့် ရှေ့နေများကိုပါ ဖိအားပေးခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရင်ဆိုင်နေရသည့် တရားစွဲဆိုမှုတွင် အကျိုးဆောင်ပေးနေသည့် ရှေ့နေများမှာ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဋ္ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ ဖြစ်သည်။ ------------------------------------------------------------------ကေအန်ယူသို့ ထိုးစစ် စစ်အစိုးရနှင့် ဒီကေဘီအေ အရှိန်လျော့ မေကျော် ကြာသပတေးနေ့၊ ဇွန်လ 11 2009 ချင်းမိုင် (မဇ္ဈိမ)။
။ ၎င်းတို့၏ စစ်တပ်ဖဲ့အွား စစ်အစိုးရတပ်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ
ကရင်တပ်မတော်တို့၏ ပူးတွဲ ထိုးစစ်ဆင်မှုသည် ယနေ့တွင် သိသာစွာ အရှိန်လျော့ကျသွားကြောင်း ကရင်အမျိုးသား အစည်းအရုံးက ပြောဆိုသည်။ ယခုလ ၂ ရက်နေ့မှ စတင်၍ စစ်အစိုးရ ပူးပေါင်းတပ်က ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ကေအန်အယ်အေ၏ တပ်မဟာ ၇ နယ်မြေကို ထိုးစစ်ဆင်နေရာ ယနေ့တွင် ထိုးစစ်အရှိန် လျော့ကျသွားကြောင်း ပြောဆိုခြင်းဖြစ်သည်။
“ဒီနေ့တော့ အခုထိ (နံနက် ၁၁ နာရီ ) လက်နက်ကြီး ၄ ကြိမ်လောက်ပဲ ပစ်တယ်။ မနေ့ကတော့ လက်နက်ကြီး အလုံး ၈၀ လောက် ပစ်တယ်။ ဒီနေ့တော့ သိသိသာသာ အရှိန်လျော့သွားတာပေါ့” ဟု ကေအန်ယူ အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမကို ပြောသည်။ စစ်အစိုးရနှင့် ဒီကေဘီအေ ဘက်မှ တပ်သား ၂၀ ခန့် ကျဆုံးခဲ့ပြီး၊ ၅၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သူက ဆိုသည်။ “သူတို့ဘက်က သိပ်မတက်ရဲတာ။ ကျနော်တို့ ဘက်မှာလည်း လက်နက်ကြီး ထိတာတွေ ရှိပါတယ်။ ၂ ယောက်၊ ၃ ယောက်ပေါ့” ဟု သူက ဆက်ပြောသည်။ ပူးပေါင်းတပ်များက လက်နက်ကြီးများကို အဓိက အားကိုး၍ ထိုးစစ်ဆင်ရာတွင် ယ်နေ့အထိ လက်နက်ကြီး အလုံး ၂၀၀ ကျော်အထိ ပစ်ခတ်ခြဲ့ ပီး၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းဘက်သို့ တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျည် ၇ လုံး ကျရောက်ခ့ကဲာ တလုံးမှာ မပေါက်ကွဲခ့ေဲ ကြာင်း သိရသည်။ စစ်အစိုးရ၏ ထိုးစစ်ကြောင့် ကရင် စစ်ပြေးဒုက္ခသည် ၃၅၀၀ ခန့်သည် ထိုင်း နိုင်ငံဘက်သို့ ထွက်ပြေးလာကြရာ၊ သူတို့ကို တာ့ခ်ခရိုင်ရှိ နောင်ဘိုး၊ မဲစလိ၊ အူးသူးထတို့တွင် ယာယီနေထိုင်နေကြပြီး ထိုင်းအစိုးရနှင့် ကုလသမဂ္ဂတို့က စားနပ်ရိက္ခာနှင့် အဝတ်အစားများ ထောက်ပံ့ပေးနေကြောင်း သိရသည်။ ------------------------------------------------------------------ကရင် စစ်ပြေးဒုက္ခသည်အရေး ကိုင်တွယ်ရန် ကုလကို FDB က တောင်းဆို ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 11
ချင်းမိုင် (မဇ္ဈိမ) ။
။ လူသားဆန်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုဖြင့် ကရင်ဒုက္ခသည်များ အရေးကို အမြန်ဆုံး
ကိုင်တွယ် ဆောင်ရွက်ပေးရန် ကုလလုံခြုံရေး ကောင်စီသို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု - FDB က တောင်းဆိုလိုက်သည်။ ယခုလအတွင်း မြန်မာစစ်အစိုးရ တပ်များနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖဲမ့ျွားက ကရင်အမျိုးသား အစည်းအရုံး၏ တပ်မတော်ကို ထိုးစစ်ဆင်မှုကြောင့် ဒေသခံ ကရင်ဒုက္ခသည် ၄၀၀၀ ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး ခိုလှုံလာမှုနှင့် ပတ်သက်၍ ယမန်နေ့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ “အပြစ် မရှိတဲ့ ရွာသူရွာသားတွေ စစ်ဘေးကြောင့် ထွက်ပြေးလာရတဲ့ အခြေအနေ ဖြစ်လာပြီဆိုတော့ crimes against humanity (လူသားဆန်မှုကို ဆန့်ကျင်သော ရာဇဝတ်မှု) ဆိုတဲ့ အခြေခံအောက်က ကုလသမဂ္ဂကို အမြန်ဆုံး ဆောင်ရွက်ပါဆိုပြီး ကျနော်တို့ တောင်းဆိုတာပါ” ဟု FDB အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က မဇ္ဈိမကို ပြောသည်။ စစ်အစိုးရ၏ တာဝန် ပျက်ကွက်မှုများကြောင့် ဒုက္ခသည် သိန်းချီ ထွက်ပြေးနေရခြင်း၊ ကလေးစစ်သားအရေး၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှု အပါအဝင် လူသားဆန်မှု ပျက်သုဉ်းစေသော ရာဇဝတ်မှုများ ဖြစ်ပေါ်ရသည်ဟု FDB က ဆိုသည်။
“ဒါတွေကို နအဖက လက်နက်အားကိုးနဲ့ လုပ်နေတာ ဖြစ်တ့အဲ တွက် နိုင်ငံတကာက လက်နက်ရောင်းချမှုတွေကို ပိတ်ဖို့သင့်တယ်။ ကုလသမဂ္ဂ အနေနဲ့လည်း ထိထိရောက်ရောက် တာဝန်ယူ ဆောင်ရွက်သင့်တယ်” ဟု ဒေါက်တာနိုင်အောင်က ပြောသည်။ တောင်းဆိုချက်ထဲတွင် ထွက်ပြေးလာရသည့် ကရင်ဒုက္ခသည်များအရေးအပြင် စစ်အစိုးရ တာဝန်မ့မှဲုကြောင့် ဖြစ်ပွားခဲ့ရသည့် ရာဇဝတ်မှုများကိုလည်း ထောက်ပြထားပြီး၊ တိုင်းရင်းသူ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရကြောင်း ဖော်ပြထားသည်။ ထို့အပြင် မြန်မာစစ်အစိုးရ ထိုးစစ်များကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် လူဦးရေ ၁ သိန်းကျော် နေထိုင်လျက်ရှိပြီး အများစုမှာ ကရင်လူမျိုးများ ဖြစ်ကြောင်း ဆိုထားသည်။ FDB တွဲဖက်အတွင်းရေးမှူး ကိုစိုး အောင်ကလည်း ဒီမိုကရေစီ အင်အားစုအား စနစ်တကျ ထောင်ချနေသည်မှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁ဝဝ ခန့် ရှိနေကြောင်းနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအား မပြုလုပ်လျှင် မြန်မာစစ်အစိုးရသည် သက်ဆိုးရှည်နေမည်ဟု ပြောသည်။ ကေအန်ယူသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရာစုနှစ် ထက်ဝက်ခန့် မြန်မာအစိုးရ အဆက်ဆက်အား လက်နက်ကိုင် တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သည်။ FDB ကို ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ပါဝင်လှုပ်ရှားခဲ့ကြသည့် ကျောင်းသားလူငယ်၊ အမျိုးသမီးအဖွဲ့ အပါအဝင် အဖွဲ့ ၇ ဖြဲွ့ ဖင့် စုဖဲ့ထွားကာ စစ်အစိုးရ ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများ ပြုလုပ်နေပြီး၊ ထိုင်းနိုငင်ံတွင် အခြေစိုက်ထားသည်။ ------------------------------------------------------------------ဒေါ်စုအမှု သက်သေ နှစ်ဦးအတွက် ရုံးချိန်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ ဇွန်လ 11 နယူးဒေလီ။
။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေ ၂ ဦးအတွက်
ဆက်လက်လျှောက်လဲချက်ပေးရန် ဗဟိုတရားရုံးက ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းရက်ပေးအပြီး နာရီပိုင်းအတွင်း ရက်အကန့်အသတ်မရှိ ရက်ရွှေ့လိုက်ပြန်သည်။ ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် သက်သေ ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်တငွ် ပြင်ဆင်ခွင့် လျှောက်ထားရာ ဗဟိုတရားရုံးက လျှောက်လဲချက်ပေးရန် ယနေ့ နေ့လယ်ပိုင်းက ယခုလ ၁၇ ရက်နေ့သို့ ချိန်းဆိုခ့ေဲ သ်ာလည်း ညနေပိုင်းတွင် အကန့်အသတ်မရှိ ရက်ရွှေ့ကြောင်း အကြောင်းကြားခြင်း ဖြစ်သည်။ "ညနေ ၄ နာရီမှာ ဗဟိုတရားရုံးက ပြန်ပြင်တယ်။ ကျနော့်ရဲ့ ရှေ့နေရုံးခန်းကို လာပြီးတော့ ဗဟိုတရားရုံးချုပ် ရှေ့နေ လက်ထောက် ညွှန်ကြားရေးမှူးတဦးက ၁၇ ရက်နေ့ ရက်ချိန်းကို ပယ်ဖျက်တယ်၊ နောက်ထပ်ရက်ချိန်းကို နောက်ထပ် အကြောင်းကြားပါမယ်လို့ ကျနော့်ဆီကို ပြောတယ်။ ကျနော်တော့ မရှိဘူး၊ သူလာပြောတဲ့ အချိန်မှာ။
ကျနော်လည်း ဒီညမှပဲ သိရတယ်။ နောက်ဆက်တွဲက အဲဒါပါပဲ'' ဟု ဒေါ်စုအမှုတွင် အကျိုးဆောင်ပေးသည့် ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။ ခရိုင်တရားရုံးတွင် တရားခံပြ သက်သေ ၄ ဦး အမည်စာရင်း တင်သွင်းခဲ့ရာ တဦးတည်းသာ လက်ခံသဖြင့် တိုင်းရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ နောက်ထပ်တဦး ခွင့်ပြုခဲ့သော်လည်း ကျန်ရှိသည့် ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်သို့ ယနေ့နံနက်ပိုင်းက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ အင်းစိန်ထောင်တွင်းမှ မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်စု၏ ရှေ့နေများက သက်သေ ၄ ဦးပါ အမည်စာရင်းကို စတင်၍ တင်သွင်းခဲ့သည်။ ယခုအချိန်အထိ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မို့မု့တို့ကို သက်သေအဖြစ် လက်ခံထားပြီး၊ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွ့ဝဲ င် ဦးဝင်းတင်တို့ကို တိုင်းတရားရုံး အဆင့်က ဆက်လက်၍ ငြင်းပယ်ခ့သဲ ည်။ ------------------------------------------------------------------------ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဖိအားပေးခံနေရ VOA - 11 June 2009 ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေ အကျိုးဆောင်တွေအပေါ် အာဏာပိုင်တွေက ဖိအားပေးမှုတွေ ရှိလာနေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒီလိုအခြေအနေတွေအောက်မှာ မြန်မာနိုင်ငံက တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ သံသယတွေ ဖြစ်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ကြားနာနေတဲ့ တရားခွင်အခြေအနေတွေကို တောက်လျှောက် စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ တရားစွဲဆို ကြားနာမှုတွေ လုပ်ဆောင်နေစဉ် ကာလအတွင်း ဥပဒေနဲ့မညီတ့ကဲိစ္စတွေ ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ပြောဆိုနေချိန်မှာပဲ အခုနောက်ဆုံး အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ သူ့ရဲ့ရှေ့နေတွေအပေါ် ဖိအားပေးခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥပဒေ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတဦးဖြစ်သူ ဦးလှမျိုးမြင့်ရဲ့ ဇနီးသည်ဖြစ်သူဟာ ဒီတပတ်ထဲမှာပဲ သူ့ရဲ့အလုပ်က ထုတ်ပစ်တာကို ခံလိုက်ရတာပါ။ ထုတ်ပယ်တ့အဲ ကြောင်းက ရှင်းရှင်းလင်းလင်း မရှိပေမယ့် အစောပိုင်းမှာ အာဏာပိုင်တွေက ခင်ပွန်းသည် အမှုမှာ ဆောင်ရွက်နေတာတွေကို မေးတာမြန်းတာတွေ ရှိခ့တဲာမို့ ဒီကိစ္စက သူ့ရဲ့အမှုမှာ လိုက်ပါဆောင်ရွက်နေတာနဲ့ ဆိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားသလို ဒါဟာလည်း တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်ရတယ်လို့ ပြောလိုက်ပါတယ်။ ရန်ကုန် အင်းစိန်ထောင်ထဲမှာ သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေနဲ့ မနေ့တုန်းက တနာရီကျော်ကြာ တွေ့ဆုံချိန်မှာ အဲဒီလို မှတ်ချက်ပေး ပြောဆိုလိုက်တာ လို့ သူ့ရဲရှေ့နေတဦး ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“သူက ဗဟိုသမ၀ါယမအသင်းမှာ အကြီးတန်းမန်နေဂျာ လုပ်တယ်။ နဂိုကတော့ သမ၀ါယမ ဦးစီးဌာနက ၀န်ထမ်းပေါ့။ အဲဒီက ပင်စင်ယူပြီး ဗဟိုသမအသင်းမှာ ဆက်လုပ်တာပေါ့။ လွန်ခ့တဲ့ဲ ၁၀ရက်လောက်ကစပြီး ဦးလှမျိုးမြင့် ဒီအမှုကို လိုက်ပါ ဆောင်ရွက်တ့ကဲိစ္စတွေ သူ့ကို ဌာနက မေးတာတွေရှိတယ်။ အဲဒီနောက်ပိုင်း ၉ရက်နေ့ကြတော့ ဘာအကြောင်းပြချက်မှ မပေးဘဲနဲ့ အလုပ်ထုတ်လိုက်တယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မှတ်ချက်ကလည်း ကိုလှမျိုးမြင့်ကပြောတယ်၊ ဒါ ကိစ္စမရှိဘူး၊ သူခံနိုင်ပါတယ်၊ ဘာမှ အရေးမကြီးဘူးဆိုတော့ ဒေါ်စုကပြောတာ ဦးလှမျိုးမြင့်အတွက် သူ မစဉ်းစားဘူး၊ သူစဉ်းစားတာက ဒီမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ စဉ်းစားတာ။ ဒါဟာ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအပေါ်မှာ ဖိအားပေးတဲ့ သဘောပဲလို့ အဲဒီလို သဘောထား အမြင်ကို ပြောပါတယ်။” ဒီလိုပဲ တရားဥပဒေနဲ့အညီ မဟုတ်တဲ့ ဆောင်ရွက်မှုတွေ ရှိနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်တာတွေ အစောပိုင်းမှာကတည်းက ရှိခ့တဲာ ပါ။ အခုနောက်ဆုံး ထပ်ပြီး စွပ်စွဲချက်အသစ်တွေနဲ့ အရေးယူဖို့ လုပ်လာချိန်ကစလို့ မူလက ပြစ်ဒဏ်တွေ ပျက်ပြယ်သွားတဲ့အကြောင်း အာဏာပိုင်တွေက ပြီးခဲ့တ့လဲ ကုန် ပိုင်းမှာကတည်းက တရားဝင် အကြောင်းကြားထားတာပါ။ ဒါပေမယ့်လည်း မိတ်ဆွေ တချို့က အိမ်မှုကိစ္စအတွက် သွားရောက်ဖို့ ကြိုးပမ်းတဲ့အခါ အထက်အမိန့်မရလို့ဆိုပြီး အာဏာပိုင်တွေက တားမြစ်တာမျိုးတွေ ကြုံရတာမို့ ဒါဟာ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်တ့လဲုပ်ရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က လက်မခံနိုင်ကြောင်းလည်း ပြောထားတာပါ။ ဒီလိုပဲ အမှုမှာ ခုခံချေပဖို့ တရားခွင်မှာ သက်သေ ၄ယောက် တင်သွင်းဖို့ ကြိုးစားပေမယ့်လည်း အခုအချိန်အထိ ၂ယောက်သာ ခွင့်ပြုခဲ့တာဖြစ်ပြီး ကျန် ၂ယောက်ဖြစ်တဲ့ အန်န်အယ်လ်ဒီပါတီက ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်တို့ကိုတော့ လက်မခံ ပယ်ချထားတာဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောထားတာပါ။ ဒီအတွက် တရားရုံးချုပ်အထိ ဆက်ပြီး လျှောက်လဲသွားဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း လိုလားနေပါတယ်။ ဒီလို ကျန်သက်သေ ၂ဦး တရားခွင်မှာ ထွက်ဆိုခွင့်ရဖို့အတွက်ကိုတော့ ဗဟိုတရားရုံးချုပ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တွေက ဒီကနေ့ပဲ စာတင်လိုက်ပြီလို့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။ “တင်လိုက်ပါပြီ။ တရားရုံးချုပ်က ရက်ချိန်းလည်း ပေးလိုက်တယ်၊ လာမယ့် ၁၇ရက်နေ့မှာ လက်ခံရေးအတွက် လျှောက်လဲချက် ပေးရမှာပါ။ သောကြာနေ့ကတော့ ကျနော်တို့ သွားရမယ်လေ။ ရုံးရှေ့ရောက်တော့မှ အစီအစဉ်သိရမှာ။” ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။ အစောပိုင်း တရားရုံးအစီအစဉ်တွေအရ ဆိုရင်တော့ မနက်ဖြန် သောကြာနေ့ကြရင် ရန်ကုန် အင်းစိန်ထောင်တွင်းမှာ ကြားနာနေတဲ့ တရားခွင်မှာ ရှေ့နေတွေ လျှောက်လဲချက်တွေ တင်သွင်းဖို့ ယာယီအားဖြင့် သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံပေးမယ့် သက်သေတွေ နောက်ထပ် တင်သွင်းခွင့် ရဖို့ ကြိုးပမ်းမှုတွေ ရှိလာတာနဲ့အမျှ တရားခွင်အစီအစဉ်တွေ အပြောင်းအလဲ ရှိလာဖို့လည်း မျှော်လင့်ရပါတယ်။ ----------------------------------------------------------------------------