Uncensored Burma News On June 15

  • Uploaded by: Moe Ma Ka
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Uncensored Burma News On June 15 as PDF for free.

More details

  • Words: 3,539
  • Pages: 19
ဇွန် ၁၅ သတင်းများ မန္တလေးမီး တဦး သေဆုံး၊ အိမ် ၄၀ ဆုံးရှုံး Monday, 15 June 2009 19:20 အေးလဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်တွင် ကြာသပတေးနေ့ ညက မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးငယ်တဦး အသက် ဆုံးရှုံးခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။ ညသန်းခေါင်ယံ အချိန်တွင် ညည ရပ်ကွက်၊ အကွက် အမှတ်(၃) ရှိ ဦးနေဝင်း အိမ်မှ စပြီး မီးလောင်ခြဲ့ ခင်း ဖြစ်ကြောင်း၊ ဖယောင်းတိုင်မီးမှ စတင်ခဲ့သည့် အဆိုပါ မီးကြောင့် အိမ်ခြေပေါင်း ၄၀ ခန့် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ယင်း လူနေအိမ်ရပ်ကွက်တွင် အိမ်ခြေပေါင်း ၃၀၀ နီးပါး ရှိသည်ဟု သိရသည်။ ထို မီးလောင်မှုတွင် ဦးနေ၀င်း၏ သမီးဖြစ်သူ မမိုးပွင့်ဖြူ သေဆုံးခဲ့သည်ဟု ဆိုသည်။ “အိမ်ရှင် သမီးဖြစ်တဲ့ မမိုးပွင့်ဖြူ ပေါ့၊ သူက ၇ တန်း ကျောင်းသူ မီးထဲ ပါသွားတယ်၊ ရပ်ကွက်ထဲမှာ ပျဉ်ထောင်အိမ်တွေ များတယ်” ဟု ဒေသခံတဦးက ပြောသည်။ ၎င်းက ဆက်လက်ပြီး “အစက သူ(မမိုးပွင့်ဖြူ)က မီးထဲကနေ လွတ်ပြီးပြီ၊ ဒါကို နောက်မှ အိမ်က မွေးထားတဲ့ ခွေးကလေးကို ပြန်သွားယူပြီးတဲ့နောက်မှာ ထုတ်တန်း ပြိုကျသွားတာ၊ မီးထဲပါသွားတယ်၊ အသက်ဆုံး သွားတာပေါ့” ဟု ပြောသည်။ ထို မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်ကား စီးရေ ၂၀ ခန့် ရောက်ရှိလာသည် ဟုလည်း ဒေသခံက ပြောသည်။ ထိုလောင်ကျွမ်းမှုသည် အချိန် ၂ နာရီခန့် ကြာမြင့်ခ့ေဲ ကြာင်းလည်း သိရသည်။ မန္တလေးမြို့သည် မြန်မာပြည် အလယ်ပိုင်း အပူပိုင်း ဒေသတွင် တည်ရှိပြီး မကြာခဏ မီးလောင်မှုများ ဖြစ်ပွားလေ့ ရှိသည်။ ---------------------------------------------------------------------------၁၀ နှစ်သမီး သေဆုံးမှု မန္တလေးတွင် လူပြောများ Monday, 15 June 2009 18:38 အေးလဲ့ မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်ရှိ အသက် ၁၀ နှစ် အရွယ် မိန်းကလေးတဦး သောကြာနေ့က ပျောက်ဆုံးသွားပြီး နောက်တနေ့ နံနက်တွင် သူ၏ ရုပ်အလောင်း တွေ့ရှိရသည် ဟူသော သတင်းမှာ ဒေသခံများ အကြားတွင် ပျံ့နှံ့နေသည်။ သေဆုံးသူမှာ မဟာအောင်မြေမြို့နယ် သံလျက်မှော် အရှေ့ဘက်ခြမ်းရှိ ပတ္တာရပ်ကွက်မှ ဖြစ်သည်ဟု သိရသည်။ ဇွန်လ ၁၂ရက် သောကြာနေ့ ညနေ ကျောင်းဆင်းချိန်မှ စပြီး ထိုမိန်းကလေး ပျောက်ဆုံးသွားရာ မိဘများက သက်ဆိုင်ရာ အာဏာပိုင်များနှင့် လိုက်လံ ရှာဖွေ သော်လည်း မတွေ့ရှိခ့ေဲ ကြာင်း မိသားစုဝင်များနှင့် နီးစပ်သူ မြို့ခံ တဦးက ပြောသည်။

“ကလေးက ညနေ ကျောင်းဆင်း အပြန် ကျူရှင်သွားတယ်။ အိမ်ပြန်ရောက်ချိန် မတွေ့တော့ သူ့မိဘတွေက စိတ်ပူတော့ ရပ်ကွက်က လူကြီးတွေနဲ့ လိုက်ရှာတယ်၊ မတွေ့ဘူး။ နောက်နေ့ မနက် အစောပိုင်း ၅နာရီ မှ ကလေးရဲ့ အလောင်းပဲ ပြန်တွေ့ရတယ်” ဟု ၎င်းမြို့ခံက ပြောသည်။ ထို ကျောင်းသူ၏ ကျန်ရှိသော ရုပ်အလောင်းကို ယမန်နေ့က သဂြုင်္ိဟ်လိုက်ပြီး ဖြစ်သည်ဟု သိရသည်။ မိန်းကလေး၏ ၀တ်လစ်စလစ် ရုပ်အလောင်းအား ဂုန်နီအိတ်ဖြင့် ပတ်ထားသည်ကို တွေ့ခဲ့ရကြောင်း၊ ဦးခေါင်းတွင် ရိုက်နှက် ခံထားရသည့် ဒဏ်ရာများ ရှိကြောင်း သိရသည်။ မုဒိန်း ပြုကျင့်ခံခဲ့ရကြောင်းကို သက်ဆိုင်ရာ ဆေးရုံကြီးမှ မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ သိရသည်ဟု ဆိုသည်။ မဟာအောင်မြေမြို့နယ် ရဲစခန်းသို့ ထိုအမှုအကြောင်း ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် စခန်း တာဝန်ရှိသူ တဦးက စုံစမ်းဆဲဖြစ်သည် ဟုသာ ဖြေဆိုခဲ့သည်။ “လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်၊ စုံစမ်း စစ်ဆေးဆဲ ကာလမှာ ဘာကိုမှ အတည်ပြု ပြောဆိုလို့ မရသေးပါဘူး၊ ဒီအမှုကို အမှတ် - ၇ ရဲစခန်းက စစ်ဆေးနေပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောပြသည်။ ထိုအမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ဆိုက်ကားသမား တဦး၊ အရပ်သား တဦးကို မန္တလေးမြို့ အမှတ် - ၇ ရဲစခန်းတွင် စစ်ဆေး နေသည်ဟု သိရသည်။ ယင်း အမှုအခင်း ကိစ္စရပ်နှင့် ပတ်သက်ပြီး နေပြည်တော်ရှိ အမျိုးသမီးရေးရာ ဌာနတခုသို့ မေးမြန်းရာတွင် ထိုအမှုအကြောင်း သတင်း မရရှိသေးဟု တာဝန်ရှိသူတဦးက ပြောသည်။ “ဒါက မှုခင်းဖြစ်တာ ဆိုတော့ ဒီအထိတော့ ရောက်မလာသေးဘူး၊ ပြီးတော့ သူက ကလေးလည်း ဖြစ်တယ်၊ ဒီအမှုက ကလေးသူငယ် တရားရုံးမှာ ရှိမှာ ဖြစ်နိုင်တယ်၊ ဒီအမှုက ပူပူနွေးနွေး ဆိုတော့ မိဘနဲ့ ရဲတွေကပဲ ရှင်းနေတာ ဖြစ်နိုင်တယ်” ဟု အဆိုပါ တာဝန်ရှသိုက ပြောသည်။ ---------------------------------------------------------------------------KNU တပ်စခန်း ၃ ခု အသိမ်းခံရ Monday, 15 June 2009 19:28 သန်းထိုက်ဦး မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၇) မှ တပ်စခန်း ၃ ခုကို သိမ်းပိုက် လိုက်ကြောင်း ကြားသိရသည်။ မြန်မာစစ်အစိုးရနှင့် DKBA ပူးပေါင်းတပ်များက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှ KNLA တပ်မဟာ (၇) ဒေသရှိ တပ်စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်တိုက်ခိုက်ခ့ရဲာ တပ်ရင်း ၂၁ ကို ယမန်နေ့က သိမ်းပိုက်နိုင်ခြဲ့ ပီး ယနေ့ တပ်ရင်း ၂၂ နှင့် ၁၀၁ တပ်စခန်းများကို ထပ်မံ သိမ်းပိုက်ခြဲ့ ခင်းဖြစ်သည်။

KNLA တပ်ရင်း ၂၂ နှင့် ၁၀၁ ကို ပူးပေါင်းတပ်များက ယနေ့ နံနက်တွင် သိမ်းပိုက်ခြဲ့ ပီး DKBA စစ်သားများက ထိုတပ်ရင်းနေရာများတွင် စောင့်ကျပ်နေကြောင်း၊ တပ်ရင်း၂၁ တပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီး၍ နေရာ ယူထားလိုက်ပြီဖြစ်ကြောင်း Free Burma Rangers အဖွဲ့မှ စောဒိုးကအိုးက ဧရာဝတီသို့ပြောသည်။ မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA တပ်ရင်း ၉၉၉ ၊ ၅၅၅ ၊ ၃၃၃ တပ်ဖွ့ဝဲ င်များ သည် KNLA တပ်မဟာ (၇) ထိန်းချုပ်နယ်မြေရှိ တပ်စခန်းများကို လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လူအင်အားဖြင့်သော်လည်းကောင်း ထိုးစစ်ဆင် တိုက်ခိုက်ခ့ရဲာ ယခုက့သဲို့ သိမ်းပိုက်နိုင်ခြဲ့ ခင်းဖြစ်သည်။ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူလိုသော စောနေစိုးမြအဖွ့မှဲ ကျန်ရှိသူများကို ထိုင်းနိုင်ငံအခြေစိုက် KNU/ KNLA အဖွဲ့ဝင်များက အင်အားသုံး ဟန့်တား သောကြောင့် အဆိုပါတိုက်ပွဲများ ဖြစ်ပွားရသည်ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖော်ပြထားသည်။ “အမှန်တကယ်အားဖြင့် အဆိုပါ တိုက်ခိုက်မှုများမှာ KNU/ KNLA တပ်ဖွဲ့ဝင်များနှင့် DKBA တပ်ဖွ့မျဲား အချင်းချင်း တိုက်ခိုက်ခြင်းသားဖြစ်ပြီး အဆိုပါ လက်နက်ကုငိ ပဋိပက္ခများအတွင်း မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင် များအနေဖြင့် မည်သို့သောအခန်း ကဏ္ဍကမှ ပါဝင်ပတ်သက်ခြဲ့ ခင်းမရှိ” ဟု ၎င်း စစ်အစိုးရထုတ် သတင်းစာက ဆိုသည်။ KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ်ကမူ ယခုက့သဲို့ သတင်းစာတွင် ရေးသားလိုက်ခြင်းသည် မြန်မာစစ်အစိုးရ အနေဖြင့် လိမ်ညာ၍ ၀ါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။ “နအဖက လိမည်ာပြီးတော့ ၀ါဒဖြန့်တာပဲ။ သူတို့ (နအဖ) တပ်က မပါဘူးဆိုရင် တပ်ရင်း ၅ ရင်း လောက် ပါတယ်။ သူတို့က နောက်ကနေ လက်နက်ကြီးနဲ့ ၀ိုင်းကူပစ်ပေးနေတယ်”ဟု စောဒေးဗစ်တာကပေါ်က ပြောသည်။ တိုက်ပွဲသတင်းများနှင့် ဆက်စပ်၍ ကရင်တိုင်းရင်းသား ဒုက္ခသည်များ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရသဖြင့် ကရင်ပြည်နယ် အတွင်းရှိ မြန်မာစစ် အစိုးရတပ်၏ ထိုးစစ်ဆင်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် ဥရောပ သမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ချက် သမ္မတနိုင်ငံက ဇွန်လ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခ့သဲ ည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်အစိုးရ သတင်းစာက “နိုင်ငံရေးအရ ထိုးနှက်ရန် ဦးတည်ချက်ဖြင့် ထုတ်ပြန်သည့် အီးယူ ဥက္ကဌ၏ ကြေညာချက်အပေါ် များစွာ စိတ်ပျက်မိကြောင်း၊ သောင်းကျန်းသူ အုပ်စုများထံမှ ရရှိသည့် တိကျခိုင်လုံမှုမရှိသော အချက်အလက်များနှင့် ဘက်လိုက်ဖော်ပြသည့် သတင်းများကို အခြေပြုကာ ထုတ်ပြန်ခ့သဲ ည့် အတွက် မှန်ကန်မှုမရှိသောကြောင့် ပြတ်သားစွာ ပယ်ချလိုက်ကြောင်း” စသည်ဖြင့် ဖော်ပြခဲ့သည်။ ကရင်ပြည် နယ် ထိုးစစ်များ ရပ်စဲရန် တောင်းဆိုသည့် ကြေညာချက်ကို အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပ သမဂ္ဂကိုယ်စား အလှည့်ကျ ဥက္ကဌက ထုတ်ပြန်ခ့သဲ ည့်အပေါ် မြန်မာစစ်အစိုးရက ကန့်ကွက်လိုက်ခြင်းဖြစ်သည်။ ဥရောပ သမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်တွင် စစ်ပြေး ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာ နေရပ်သို့ ပြန်နိုင်ရေး၊ သက်ဆိုင်သူများ အားလုံး ပါဝင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို စတင်နိုင်ရေးတို့ကို ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

“KNU/ KNLA တပ်ဖွ့ဝဲ င်များ၏ အကြွင်းအကျန်များသည် အရပ်သားများ နေထိုင်နိုင်ခြင်း မရှိသည့် မြန်မာ - ထိုင်း နယ်စပ်နေရာတချို့၌ ပုန်းအောင်းနေထိုင်ကြခြင်းဖြစ်ရာ နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေး တိမ်းရှောင်သူများသည် အရပ်သား ပြည်သူများမဟုတ်ဘဲ KNU/ KNLA အဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစုဝင်များသာဖြစ်ကြောင်း ထင်ရှားပါသည်” ဟု ၎င်း စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။ စောဒေးဗစ်တာကပေါ်က “ထွက်ပြေးလာတဲ့ရွာသားတွေက တကယ်ရွာသားတွေပါ”ဟု ဆိုသည်။ ပြီးခဲ့သည့် နှစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစု ပေါင်း ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲသ့  ဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။ တိုက်ပွဲများကြောင့် ထိုင်း - မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထားသည်။ ၎င်း ဒုက္ခသည် များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) နှင့် ထိုင်း - မြန်မာနယ်စပ် တလျှောက် ကူညီ စောင့် ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) တို့က ကူညီဆောင်ရက်ွပေးထားကြောင်း သိရသည်။ ---------------------------------------------------------------------------ပထမဆုံး ပုဂ္ဂလိကပိုင် ကားဈေးကွက် ဖွင့်လှစ် Monday, 15 June 2009 14:36 အောင်သက်ဝိုင်း ဆာကူရာ (SAKURA TECHNICAL SERVICES Co.,LTD) ကုမ္ပဏီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ချယ်ရီ ဥယျာဉ်မြို့တော်၌ ယမန်နေ့က စတင်ဖွင့်လှစ်လိုက်သည့် ပထမဆုံး ပုဂ္ဂလိကပိုင် တရားဝင် ကား ဈေးကွက်တွင် ကျပ် သိန်း ၄၀ မှ သိန်း ၃၀၀၀ ကျော်ကြား တန်ဖိုးရှိ ကား အစီး ၇၀ ကျော် ရောင်းချကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအ၀န်းမှ သိရှိရသည်။ ယင်းကားဈေးကွက်ကို ရန်ကုန်အခြေစိုက် ဆာကူရာ ကုမ္ပဏီပိုင်ရှင် ဦးဌေးအောင်က နောက်ဆုံးပေါ် မော်ဒယ်မြင့် ဇိမ်ခံကားသစ်များနှင့် ကားဟောင်းများကို လေလံတင်ရောင်းချ ၀န်ဆောင်မှု ပေးသည့်အနေနှင့် ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ “ဈေးကွက် စဖွင့်တ့ေဲ န့က ကြမ်းခင်းဈေး ကျပ် သိန်း ၃၀၀၀ နဲ့ ၃၇၀၀ သတ်မှတ်ထားတဲ့ တိုယိုတာ လင့်ခရူဆာ ကား သစ် ၄ စီး၊ သိန်း ၁၀၀၀ နဲ့ ၂၂၀၀ ကြားရှိတ့ကဲားသစ် အစီး ၅၀ ၊ သိန်း ၄၀ ကနေ ၁၀၀၀ ကြားရှိတဲ့ ကား ဟောင်း၂၀၊ စုစုပေါင်း ၇၄ စီး လေလံတင်ရောင်းတယ်”ဟု ကိုယ်တိုင်သွားရောက်လေ့လာခဲ့သည့် ရန်ကုန် ကား ပွဲစားတဦးက ပြောသည်။ စစ်အစိုးရ၊ စီးပွားရေးဦးပိုင်လီမီတက်နှင့် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့်အဖွဲ့အစည်းများ အတွက် ပြည်ပမှ ကားသစ်များ မှာယူတင်သွင်းပေးနေသည့် အဆိုပါကုမ္ပဏီက ဖွင့်လှစ်လိုက်သည့် ယခုဈေးကွက်တွင် ကျပ် သိန်းထောင်ချီတန်ဖိုးရှိ ဇိမ်ခံကားသစ်များကို လစဉ်ပုံမှန် လေလံတင်ရောင်းချပေးမည့်အပြင် ကားပိုင်ရှင် များက ရောင်းချလိုသော ကားများကိုလည်း ၀န်ဆောင်ခယူ ရောင်းချပေးသွားမည်ဟု ကားအရောင်းအဝယ် လုပ်ငန်း သမားများက ပြောသည်။

ဆာကူရာကုမ္ပဏီက ဖွင့်လှစ်လိုက်သည့် ထိုကားဈေးကွက်တွင် မော်ဒယ်မြင့်ကားသစ်များ အများဆုံးပါဝင်သည့် အတွက် ဟံသာဝတီကားဈေးကွက် အပါအ၀င် ရန်ကုန်မြို့ရှိ ကားဈေးကွက်များတွင် မော်ဒယ်မြင့်ကား အရောင်း အ၀ယ်များ လျော့ကျစေမည်ဖြစ်ပြီး အရောင်းအ၀ယ်ငြိမ်သက်နေသော ရန်ကုန်ကား ဈေးကွက်ကို အနည်းနှင့် အများ ထိခိုက်မှုရှိလာနိုင်ကြောင်း ဟံသာဝတီကားဈေးကွက်မှ လုပ်သက်ရင့် ကားပွဲစားကြီးတဦးကပြောသည်။ “ဒီဈေးကွက်မှာက ကားသစ်တွေအများဆုံးပါတယ်။ ရှင်းရှင်းပြောရရင် လူတွေကို ကားပါမစ်တွေ ချမပေးချင်တဲ့ အတွက် ကားသစ်စီးချင်တဲ့ သူတွေ ဒီဈေးကွက်ကနေ လာဝယ်နိုင်ဖို့ လုပ်ပေးလိုက်တ့ပဲုံစံပဲ။ ဈေးကွက်မှာ ရောင်း နေတဲ့ ကားသစ်တွေမှာ အစိုးရ စီးပွားရေး ဦးပိုင်ကရောင်းတဲ့ ကားသစ်တွေလည်း တွေ့နေရတယ်။ ပိုက်ဆံရှိတဲ့ သူတွေ အနေနဲ့ ဆာကူရာဈေးကွက်မှာပဲ ဇိမ်ခံကားတွေလာဝယ်နိုင်ကြတာကြောင့် အပြင်ဈေးကွက်မှာ အပေါ် ကား(မော်ဒယ်မြင့်ကား) အရောင်းအ၀ယ်ထိခိုက်နိုင်တယ်”ဟု ရန်ကုန်ကားပွဲစား တဦးက ဆိုသည်။ ဆာကူရာကုမ္ပဏီ၏ ကားဈေးကွက်တွင် ကားသစ်နှင့်ကားဟောင်း စုစုပေါင်း အစီး၂၀၀ ခန့်ကို လစဉ်နှစ်ကြိမ် ရောင်းချသွားမည်ဖြစ်ပြီးကားဝယ်ယူသူများအနေနှင့် ကျပ်ငွေဖြင့်သာမက အမေရိကန်ဒေါ်လာ၊ FEC ဖြင့်လည်း ၀ယ်ယူနိုင်ကြောင်း၊ နိုင်ငံခြားဘဏ်များတွင် ငွေစာရင်းဖွင့်ထားသူများအနေနှင့် ဆာကူရာကုမ္ပဏီ၏ ဘဏ်စာရင်း သို့ငွေလွှဲပြောင်းပေးခြင်းဖြင့် ကားဝယ်နိုင်သည်ဟု အဆိုပါကုမ္ပဏီမှ စုံစမ်းသိရသည်။ “ဒီဈေးကွက်က ဂျပန်နိုင်ငံမှာလုပ်တဲ့ ကားလေလံဈေးကွက်ပုံစံလုပ်ထားတာပါ။ ကားဝယ်မယ့်သူတွေအနေနဲ့ လေလံခန်းမမှာရှိတဲ့ ကိုယ်ထိင်ုနေတဲ့ကွန်ပျူတာပေါ်ကနေ ကိုယ်ပေးချင်တ့ေဲ ဈးကို ခလုတ်နှိပ်ပြီးပေးရမှာပါ”ဟု ဆာကူရာကုမ္ပဏီဥက္ကဌ ဦးဌေးအောင်က ၄င်း၏ကားဈေးကွက် ဖွင့်ပွဲအခမ်းအနားအပြီး ကားလေလံ အရောင်း အ၀ယ်သရုပ်ပြ ရှင်းလင်းပွဲတွင်ပြောကြောင်း အထက်ပါ ရန်ကုန်ကားပွဲစားက ပြောပြသည်။ ထိုကုမ္ပဏီက လေလံရောင်းချသည့် ကားများကို အွန်လိုင်းတွင်လည်း တင်ထားပြီး ကားဝယ်ယူသူများ အနေဖြင့် www.sakura-auction.com တွင် ၀င်ရောက်လေ့လာမှုပြုနိုင်ကြောင်း၊ မိမိတို့လိုချင်သော ကားများကိုလည်း အီးမေးလ်အမှာစာ ပေးပို့ဝယ်ယူနိုင်ကြောင်း ဆာကူရာကုမ္ပဏီက ထုတ်ပြန်သော သတင်းအချက်အလက်များ တွင် ဖော်ပြထားသည်။ ယင်း ပထမဆုံးသော တရားဝင်ကားဈေးကွက် ဖွင့်လှစ်သည့် ဆာကူရာကုမ္ပဏီတွင် စစ်အစိုးရထိပ်တန်း စစ်ဗိုလ်ချူပ်ကြီးများ၏ရှယ်ယာများ ပါဝင်နိုင်ကြောင်း၊ ဆာကူရာ ဦးဌေးအောင်သည် မြန်မာနိုင်ငံတွင် အရေ အတွက်အနည်းငယ်သာရှိသည့် ကားပါမစ်တင်သွင်းခွင့်ရသူများတွင် တဦးအပါအ၀င်ဖြစ်ကာ ဆာကူရာ ကုမ္ပဏီ က တင်သွင်းထားသည့် ကားသစ် တရာနီးပါး ပြည်ပမှ မကြာမီရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဦးပိုင် လီမီတက်နှင့်နီးစပ်သူများထံမှ သတင်းရရှိသည်။ ဆာကူရာ ဦးဌေးအောင်သည် စစ်အစိုးရ ဗိုလ်ချူပ်များနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိသူ တဦးဖြစ် ကြောင်းလည်း သိရသည်။ “ဆာကူရာ ကားဈေးကွက်ကနေ ကျနေတဲ့ ကားဈေးနှုန်းကို တက်လာအောင် ဈေးကစားလို့ ရနိုင်တယ်။ သူချ မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ကားဈေးကွက် လှုပ်အောင် ဈေးကစားလို့ရတဲ့သဘောပဲ”ဟု ရန်ကုန် မြို့မှ အသက် ၅၀ ကျော်ရှိ ကားဝယ်ရောင်း ပွဲစားတဦးက ရှင်းပြသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ပြည်တွင်းစီးပွားရေးလုပ်ငန်း နယ်ပယ်ကြီးများတွင် စစ်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် စစ်တပ် ကျောထောက် နောက်ခံ အဖွဲ့အစည်းများက လုပ်ပိုင်ခွင့်များအား လက်ဝါးကြီးအုပ်၍ ပိုမိုသိမ်းယူလာခြင်းများကို ထူးခြားချက်အဖြစ် သတိ ပြုမိကြောင်း စီးပွားရေး သုတေသီတဦးက သုံးသပ်ပြောဆိုသည်။ (2)Add Comment မပြောချင်ဘူး...ဒါပေမယ့်... written by Burmese, June 15, 2009 အစိုးရ ဘာလုပ်လုပ် သူတို့ လုပ်တ့ဟဲာ သူတို့ အတွက်ပဲဆိုတာ ရှင်းပါတယ်။ စင်္ကာပူလို ကမ္ဘာမှာ ကားဈေးကြီးတဲ့ နိုင်ငံတောင် ဗမာနိုင်ငံလောက် ဈေး မကြီးဘူး။ မြန်မာ တပြည်လုံး နီးပါး ငတ်နေချိန်မှာ။ written by ရန်ကင်း, June 15, 2009 ကားဈေးကွက်မှာ လုပ်ချင်တာလုပ်ကြလို့ ကားဈေးတက်တာ အရေးမကြီး ဆန်ဈေး မတက်ဘို့ လိုတယ်။ လုပ်ချင်တာ လုပ်ကြ စစ်ဘိုချုပ်တွေနဲ့ ငါဘို့ နအဖ ခောတ် စီးပွားရေး သမားတွေ။ သမိုင်းမှာ ခင်ဗျား တို့ နံမည် အမည်ဆိုး နဲ့ ကျန်ရစ်မယ်။ ---------------------------------------------------------------------------ကားအရောင်းအ၀ယ် လေလံဈေးကွက်ဖွင့် ဦးပိုင်မှ ကားများ ရောင်းချရန်ရည်ရွယ် NEJ / ၁၅ ဇွန် ၂၀၀၉ မြန်မာနိုင်ငံ၏ ပထမဆုံး ပုံမှန်ကားလေလံဈေးကွက်တခုကို ဆာကူရာကုမ္ပဏီက တောင်ဥက္ကလာ ယခင် သေနပ်ပစ် ကွင်းဟောင်းတွင် ယမန်နေ့က စတင်ဖွင့်လှစ်ခ့သဲ ည်။ ဆာကူရာကုမ္ပဏီသည် ဦးပိုင်ကုမ္ပဏီနှင့် စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များအတွက် ဂျပန်မှရန်ကုန်ဆိပ်ကမ်း အရောက် ကားတင်သွင်းပေးနေသည့် ကုမ္ပဏီဖြစ်သည်။ လေလံမဆွဲခင် အဆင်သင့် ရောင်းချမည့် ဂျပန်နိုင်ငံမှ တင်သွင်းသည့် တပတ်ရစ်ကား အစီးရေ (၁၀၀) နီးပါးနှင့် ဆိုင်ကယ်များကို ၀င်းအတွင်း ပြသထားကြောင်း ကားရောင်းပွဲသို့ သွားခဲ့သည့် မျက်မြင်တဦးက ပြောသည်။ ကားအမျိုးအစားနှင့် မော်ဒယ်အလိုက် ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ထားပြီး လေလံကြမ်းခင်းဈေး ကျပ်သိန်း (၁၀၀) တန် ပါဗလေကာမှအစ တိုယိုတာ အက်စ်တီမာနှင့် ကင်မရေကဲ့သို့ ကားတစီးကို ကျပ်သိန်း (၂,၀၀၀)၊ တိုယိုတာ လင်ခရူဆာကားများကိုမူ ကျပ်သိန်း (၃,၀၀၀) မှ (၃,၇၀၀) အထိ ကြမ်းခင်းဈေးများ သတ်မှတ်ထားသည်။ စင်တာတွင် ပြထားသည့်ကားများကို လေလံဆွဲဝယ်ယူနိုင်သည့်အပြင် အခြားကြိုက်ရာ အမျိုးအစားနှင့် မော်ဒယ် များကို မှာကြားလိုပါက နိုင်ငံခြားမှ တင်သွင်းပေးနိုင်ကြောင်း၊ ကားရောင်းချလိုပါကလည်း သတ်မတှ် ထားသည့် စည်းကမ်းချက်များနှင့်အညီ လာရောက် ရောင်းချနိုင်ကြောင်း ဆာကူရာကုမ္ပဏီက ကြေညာ ထားသည်။

အဆိုပါ စင်တာဖွင့်ပွဲသို့ လာသည့် ကားဝယ်ရောင်းလုပ်သူတဦးက နအဖအာဏာပိုင်များအနေဖြင့် ကား တင်သွင်းခွင့် လိုင်စင် ကိုင်ထားရုံမျှနှင့် အကျိုးအမြတ်ရနေကြောင်း၊ နောက်ပိုင်း ၀ယ်လက်နည်းသွားသဖြင့် ယခုက့သဲို့ လေလံစင်တာဖွင့်ခြင်းဖြစ်ကြောင်း ပြောသည်။ ၎င်းက “သူတို့အနေနဲ့ ပါမစ်ရပြီဆိုတာနဲ့ အခု ဆာကူရာလို ကားတင်သွင်းတဲ့ ကုမ္ပဏီကို အကြောင်း ကြား လိုက် ရုံပဲ။ ဂျပန်မှာ ကားအဟောင်းရှာဝယ်တာ၊ သင်္ဘောတင်တာ၊ ရန်ကုန်ဆိပ်ကမ်းရောက်ရင် အကောက်ခွန် ရှင်းလင်း ထုတ်ယူတာ၊ ၀ယ်လက်ထဲအပ်တာတွေ အားလုံးကို ကုမ္ပဏီကလုပ်ပေးတာ။ ပါမစ် ကိုင်ထားတဲ့ အာဏာပိုင် တွေက ဘာအလုပ်မှ လုပ်စရာမလိုဘဲ ကားအမျိုးအစားလိုက်ပြီး ပါမစ်တစောင် ကျပ် သိန်း (၁,၀၀၀) ကျော်က (၃,၀၀၀) နီးပါး အထိ ရနေကြတာ” ဟု ပြောသည်။ ဆာကူရာကုမ္ပဏီက ယခင် ၎င်းတို့သွင်းပေးသည့်ကားများ မတန်တဆဈေးနှင့် အလွယ်တကူရောင်း၍ ရခဲ့သော်လည်း ယခုနောက်ပိုင်း ပြည်တွင်း၌ ၀ယ်လိုအားကျဆင်းပြီး လက်သိပ်ထိုး ရောင်းမရသည့် အခြေအနေ ဖြစ်လာသောကြောင့် လေလံဈေးကွက် ဖွင့်ရောင်းခြင်းဖြစ်သည်ဟုလည်း ၀ါရင့်ကားပွဲစားတဦးက ပြောသည်။ “ဦးပိုင်နဲ့ အာဏာပိုင်အသိုင်းအ၀ိုင်းက ကားတွေကို အဓိကရောင်းမယ်။ နောက် တခြားရောင်းချင်သူတွေ ရှိလည်း ပွဲခနည်းနည်းပဲယူပြီး လေလံစနစ်န့ေဲ ရာင်းပေးဖို့ ဒီစင်တာဖွင့်လိုက်တာ” ဟု ၎င်းက ပြောသည်။ ပြည်တွင်း၌ ကားအရေအတွက် နည်းပါးခြင်း၊ ကားအများစုသည် လွန်ခ့သဲ ည့် နှစ်နှစ်ဆယ်ကျော် သုံးဆယ်မှ မော်ဒယ် ကားများဖြစ်နေပြီး အိုမင်းဟောင်းနွမ်း ယိုယွင်းပျက်စီးကာ ပြင်သုံးများ ဖြစ်နေခြင်းတို့ကြောင့် ယခု တင် သွင်းသည့် ဂျပန် တပတ်ရစ်ကားများပင်လျှင် အနည်းဆုံး ကျပ်သိန်း (၂,၀၀၀) အထက်ပေါက်ဈေး ဖြစ်နေသည်။ စင်တာ၌ လေလံကြမ်းခင်းဈေး ကျပ်သိန်း ၂,၀၀၀ (ဒေါ်လာ ၁ သိန်း ၇သောင်းကျော်) သတ်မှတ်ထားသည့် Toyota Estima ကဲ့သို့ ကားမျိုးသည် ကားအသစ်ဆိုလျှင် ရန်ကုန်ဆိပ်ကမ်းအရောက် ဒေါ်လာ (၄) သောင်း ကျော် တန်ဖိုးရှိပြီး တပတ်ရစ်ဆိုလျှင် ဒေါ်လာ (၂) သောင်းပင်မပြည့်ကြောင်း ကားတင်သွင်းဖူးသူတဦးက ပြောသည်။ ---------------------------------------------------------------------------နအဖ စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး တရုတ်ပြည်ခရီးစဉ် စတင် NEJ / ၁၅ ဇွန် ၂၀၀၉ မြန်မာနအဖ ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ်ဒု-သမ္မတ မစ္စတာရှီကျင်းဖျင်၏ ဖိတ်ကြားချက် အရ (၆) ရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ထွက်ခွာလာပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ယနေ့ ဖော်ပြသည်။ ယင်းခရီးစဉ်သည် (၆) နှစ်တာကာလအတွင်း ဒု-ဗိုလ်ချုပ်ကြီးမောင်အေး၏ တတိယမြောက် ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့အတွက်ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။ အဆိုပါသတင်းတွင် နအဖစစ်ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များ၏ ယခင်ခရီးစဉ်များကို ပြန်လည် ဖော်ပြ ထားပြီး တရုတ်နှင့် မြန်မာစီးပွားရေးဆိုင်ရာ စပ်ယှက်မှုအချို့ကို ထည့်သွင်းဖော်ပြထားသည်။

တရုတ်၏ တရားဝင်စာရင်းဇယားများအရ ယမန်နှစ်က တရုတ်-မြန်မာကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ (၂.၆၂၆) ဘီလီယံ အထိ ရှိခြဲ့ ပီး တရုတ်က မြန်မာဘက်သို့ ပို့ကုန် အမေရိကန်ဒေါ်လာ (၁.၉၇၈) ဘီလီယံဖိုးအထိ ယမန်နှစ်က တင်ပို့နိုင်ခ့သဲ ည်။ ၂၀၀၈ နှစ်ကုန်ပိုင်းအထိ တရုတ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၁.၃၃၁) ဘီလီယံဒေါ်လာရှိပြီး အဓိကအားဖြင့် သတ္တုရှာဖွေရေး၊ လျှပ်စစ်ထုတ်လုပ်ရေး၊ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေပြဇယားတွင် တရုတ်သည် အဆင့် (၆) နေရာမှ အဆင့် (၄) သို့ မြင့်တက်ရောက်ရှိလာသည်။ ---------------------------------------------------------------------------နအဖ၏ ပြောဆိုချက်များ အခြေအမြစ်မရှိဟု ကေအန်ယူ ပြန်လည် တုံ့ပြန် NEJ / ၁၅ ဇွန် ၂၀၀၉ နအဖနှင့်ဒီကေဘီအေ ထိုးစစ်များကြောင့် ကရင်ရွာသားများ ထိုင်းဘက်ထွက်ပြေးနေရသဖြင့် ထိုးစစ် ချက်ချင်းရပ်ရန် ယခုလ (၁၁) ရက်၌ ဥရောပသမဂ္ဂ (အီးယူ) ၏ တောင်းဆိုမှုကို မြန်မာဘက်က ပယ်ချလိုက်မှုနှင့် ပတ်သက်၍ နအဖ၏ပြောဆိုချက်များသည် လိမ်လည်ပြောဆိုမှုများသာ ဖြစ်သည်ဟု ကေအန်ယူက ပြောသည်။ အီးယူ၏တောင်းဆိုမှုကို မြန်မာနိုင်ငံခြားရေးဌာနမှ ပယ်ချခဲ့ပြီး သောင်းကျန်းသူများထံမှ ရရှိသည့်သတင်းကို အခြေခံပြီး ထုတ်ပြန်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ဗဒို ဒေးဗစ် သကဘောက “အီးယူက ထုတ်တဲ့ ကြေညာချက်ဟာ သူပုန်ဆီက ရတဲ့ သတင်းဖြစ်တယ်လို့ နအဖပြောတာ လုံးဝမဟုတ်ဘူး။ အခု တပ်မဟာ (၇) မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ဒီကေဘီကေနဲ့ နအဖစစ်တပ် ခလရ -၈၁၊ ခမရ -၂၀၁၊ ၂၀၂၊ ၂၀၃၊ ၂၀၅၊ ၂၁၀ တပ်တွေ ပူးပေါင်းပါဝင် တိုက်ခိုက်နေတာ ဖြစ်တယ်ဆိုတာကို ထွက်ပြေးလာတဲ့ ရွာသားတွေ ဆီမှာ လွတ်လပ်တဲ့ သတင်းထောက်တွေ၊ ပညာရှင်တွေ၊ ကိုယ်တိုင်သွားရောက် သတင်းယူတာဖြစ်တယ်။ နိုင်ငံတကာ သံရုံး အချို့ ကလည်း ပါတယ်။ အဲ့တာကို အီးယူက အခြေခံပြီး ထုတ်တာပါ။ နအဖရဲ့ ပြောဆို မှုတွေဟာ အခြေအမြစ်မရှိ လိမ်လည်ပြောဆိုတာပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသအတွင်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ သည် ကေအန်ယူနှင့် ဒီကေဘီအေတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသာဖြစ်ပြီး မြန်မာစစ်တပ်မှ တစုံတရာ ပါဝင်ပတ်သက်ခြင်း မရှိဟု နအဖ နိုင်ငံခြားရေးဌာနမှ ပြောကြားခဲ့ပြီး ထိုင်းဘက် ထွက်ပြေးလာသူများသည် ရွာသားများမဟုတ်ဘဲ ကေအန်ယူအဖွဲ့၏ ဆွေမျိုးသားချင်းများသာ ဖြစ်သည်ဟု ပြောသည်။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့(ဒီကေဘီအေ) မှ အရာရှိငယ်တဦးက “တပ်မဟာ (၇) မှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ထိပ်တိုက်တက်ရတာက ဒီကေဘီအေ အဖွ့ေဲ တွပဲ။ ဗမာစစ်တပ်က အနောက်ကနေ ၀န်းရံပြီး လက်နက်ကြီးနဲ့ ကူပစ်ပေးတယ်။ (၈၁) မမ မော်တာကို ဗမာစစ်တပ်ကပဲ ပစ်ပေးတယ်။ ဒီကေဘီအေက

ပစ်ခွင့်မရှိဘူး။ မင်းတို့ပစ်ရင် ထိုင်းဘက် ကျနိုင်တယ်ဆိုပြီး ပေးမပစ်ဘူး။ သူတို့ပစ်တော့လည်း ထိုင်းဘက် ကျတာတွေ အများကြီးရှိတယ်။ ဒီကေဘီအေ အဖွဲ့ကိုင်ရတာ အကြီးဆုံးဟာ (၆၀) မမ မော်တာပဲ။ ဒီကိစ္စ အားလုံး ဗမာ စစ်တပ်ခိုင်းသလို လုပ်နေရတာပါ။ ကျနော်ဒီလောက်ပဲ ပြောလို့ရမယ်” ဟု ပြောသည်။ ရက်သတ္တ (၂) ပတ်ကြာမြင့်ခြဲ့ ပီးဖြစ်သည့် တပ်မဟာ (၇) ဒေသ ထိုးစစ်ကြောင့် ဒေသတွင်း ကရင်ရွာသား (၄,၀၀၀) ခန့် စစ်ပြေးဒုက္ခသည်များအဖြစ် လူသားချင်စာနာထောက်ထားသည့်အနေဖြင့် ထိုင်းဘက်ခြမ်းတွင် ယာယီ လက်ခံ ထားပြီး နယ်မြေ အေးချမ်းသွားပါက ၎င်းတို့အား နေရပ်သို့ ပြန်ပို့မည်ဟု ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထနွန်စာ အဖိလာ့ယိုထင်က ပြောသည်။ ဖြစ်ပွားနေသည့် တိုက်ပွဲများဂယက်ကြောင့် ထိုင်းနိုင်ငံဘက်သို့ မြန်မာစစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ထိုင်းဘက်ခြမ်း မဲ့စလေ ကျေးရွာသို့ မကြာခဏ ကျရောက်ခ့သဲ ဖြင့် လွန်ခ့သဲ ည့် စနေနေ့က ထိုင်းအမှတ် (၃) စစ်တိုင်းမှူး လာရောက်ပြီး နယ်စပ်အခြေအနေကို စစ်ဆေးကာ စာသင်ကျောင်းကို ပိတ်ပြီး ထိုင်းနိုင်ငံသားများနှင့် မြန်မာစစ်ပြေးဒုက္ခသည် (၂,၀၀၀) ခန့်ကို ဘေးလွှတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်။ မြန်မာဒုက္ခသည်များ၏အခြေအနေမှန်ကို သိရှိရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နှင့်အဖွဲ့သည် ယနေ့နံနက်က ဒုက္ခသည်များရှိရာ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်သို့ သွားရောက်ကြည့်ရှုခ့သဲ ည်။ ---------------------------------------------------------------------------ကလေးများကို စစ်တပ်ထဲ သွတ်သွင်းနေ (ဦးအေးမြင့်နှင့် အင်တာဗျူး) ကိုဝိုင်း တနင်္လာနေ့၊ ဇွန်လ 15 ချင်းမိုင် (မဇ္ဈိမ)။

။ ကလေးများအား စစ်သားအဖြစ် စုဆောင်းမှုများ မြန်မာစစ်တပ်က ဆက်လက်

ကျင့်သုံးနေဆဲ ဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုနေသူ ပဲခူးမြို့မှ “လမ်းပြကြယ်” အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်ကို မဇ္ဈိမ က ဆက်သွယ်မေးမြန်းထားသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC - Convention on the Rights of the Child ကို လက်မှတ်ထိုးထားသော်လည်း၊ CRC ၏ အပိုဒ် ၃၈ တွင် အသက် ၁၅ နှစ်အောက် ကလေးများကို စစ်သားအဖြစ် သွပ်သွင်းခြင်း မပြုရန် တားမြစ်ထားကာ၊ မြန်မာနိုင်ငံ၏ စစ်မှုထမ်းဥပဒေအရလည်း အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် မစုဆောင်းရန်လည်း ပြဋ္ဌာန်းထားသေးသည်။ သို့သော်လည်း မည်သို့မည်ပုံ စုဆောင်းကြောင်း ဦးအေးမြင့်၏ ပြောပြချက်ကို ဖော်ပြလိုက်ပါသည်။

တလောက ဖြစ်ပွားခဲ့တဲ့ ဒိုက်ဦးနယ်ဘက်က ကလေးစစ်သားကိစ္စ နောက်ဆုံးအခြေအနေ ဘယ်လိုများ ရှိပါသလဲ ခင်ဗျာ။ “နောက်ဆုံးအခြေအနေကတော့ ILO ရုံးက ILO နှစ်ပတ်လည် အစည်းအဝေး ရှိနေတဲ့အတွက် စာပဲပို့ထားတယ်။ လူကြီးတွေနဲ့ မတွေ့ရသေးဘူး။ ဒီ ၆ လပိုင်း ၄ ရက်နေ့က ILO ရုံးကို အီးမေးနဲ့ပို့ထားတာ။ ILO အစည်းအဝေး ပြီးလို့ စတိမာရှယ် Steve Marshall ပြန်လာမှ ဒီမှာ ဝန်ကြီးတွေနဲ့ တွေ့ရမှာလေ”

အဲဒီကလေးစစ်သား ကျော်မျိုးပိုင်ရဲ့ အဖေအမေက တပ်ထဲအထိ လိုက်တွေ့ခ့တဲ့ဲ အခြေအနေနဲ့ပတ်သက်ပြီး ဘာများ သိထားတာ ရှိပါသလဲ ခင်ဗျာ။ “သူ့အဖေအမေ လိုက်သွားတယ်။ ကောင်လေးက ပိုက်ဆံ ၁ဝဝဝ-၂ဝဝဝ ရှိရင်တောင်မှ ဟိုမှာ သူမနေချင်ဘူး။ ထွက် ပြေးချင်တယ်။ ကင်းတွေ အထပ်ထပ်န့။ဲ သထုံမြို့ အမြှောက်တပ်ရဲ့ ဝန်းကြီးထဲမှာ သူတို့နေရတယ်။ ကလေးတွေ ကိုလည်း လကုန်ပေမယ့် လစာ ပေးမထုတ်ဘူး။ ငွေကိုင်ခွင့် မရဘူး။ သက်သာချောင်ချိရေးဆိုင်မှာ စား ရတယ်”

သူ့အဖေအမေကရော တပ်မှူးတွေနဲ့ တွေ့ခ့ရဲ တယ်လို့ ပြောသေးလား။ “တပ်မှူးနဲ့ မတွေ့ခ့ရဲ ပါဘူး။ ပြန်တောင်းလို့လည်း မရဘူး။ တပ်ကတော့ သူတို့သားကို ကောင်းကောင်းမွန်မွန် ထားတယ်ပေါ့၊ ပြန်ထုတ်လို့ မရတော့ဘူးဘဲ ပြောလွှတ်တယ်။ နောက်ပြီးတော့ ကလေးနဲ့တောင်မှ ညအိပ်တ့အဲ ခါ တိုးတိုးတိတ်တိတ် အိပ်ရတယ်”

လမ်းပြကြယ် အနေနဲ့ အရင်တုန်းက ဒီလို ကလေးစစ်သားအမှုမျိုး ILO နဲ့ ဆက်သွယ်ပြီး လိုက်ပေးဖူးတာ ရှိပါသလား ခင်ဗျာ။ “ရှိပါတယ်။ တနှစ်ကို အနည်းဆုံး ၂-၃ ယောက် အောင်မြင်ပါတယ်။ မိဘတွေဆီ ပြန်အပ်နိုင်တာဆို ၁၂ ယောက်လောက် ရှိသွားပြီ။ ဒီ ၄-၅ လအတွင်းမှာကို ကလေးတွေ ပျောက်နေတာ အယောက် ၅ဝ လောက် ရှိသေးတယ်။ ယောက်ျားလေးတွေ၊ မိဘတွေ အကြောင်းကြားပေမယ့်၊ ဘယ်ရောက်မှန်း မသိသေးဘူး။ တပ်ထဲ ရောက်တယ်လို့ ယူဆရတယ်။ တိုင်းနဲ့ ပြည်နယ် အသီးသီးလောက်က ဖြစ်နေတယ်။ အခု လောလောဆယ်ပဲ မောင်အောင်မိုးစံ ကိစ္စဆို မနက်ဖြန် ပို့မှာလေ။ တပ်မ ၇၇ က ဆွဲထားတာ။ ကလေးက မြင်းခြံက”

ပြန်ပြီးအပ်နှံနိုင်ခ့တဲ့ဲ ကလေး ၁၂ ယောက်လောက်မှာ ဘယ်လို ပုံစံမျိုးတွေနဲ့ မိဘတွေဆီ ပြန်ရောက်ကြလဲ ခင်ဗျာ။ “အဘ လုပ်သွားတာကတော့ ရရင် သူတို့ (အာဏာပိုင်) တွေဆီကနေ ပြန်ယူလာရတာလေ။ ကယ်လာရတဲ့ ကလေးက များတာကိုး။ ရောက်ပြီးမကြာဘူး ၁ လ၊ ၂ လပဲ။ မနှစ်က ကျောက်တံကား မြို့နယ် ဖဒိုကမြို့က ကလေးဆိုရင် တပ်ထဲရောက်ပြီး သင်တန်းကလည်း ဆင်းပြီးရော အခန်းအနားနဲ့ ပြန်အပ်လိုက်တာ။ လူကြီးစုံရာနဲ့ အမျိုးသမီးရေးရာတို့ ဘာတို့ အဲဒါတွေရှေ့မှာ အပ်ပေးလိုက်တာ။ မိဘသွားပြန်ခေါ်လာခဲ့ရတာပေါ့။ ကျန်တဲ့ ကလေးတွေ ကျတော့ အဘတို့က တိုင်လို့ တပ်က ဒီအတိုင်း ထုတ်ပစ်လိုက်လို့ သူ့ဟာသူ ရောက်လာကြတာ များတယ်”

အဲဒီကလေး ၁၂ ယောက်လောက်ထဲမှာ အသက်အငယ်ဆုံးက ဘယ်လောက်၊ အကြီးဆုံးက ဘယ်လောက် ရှိပါသလဲဗျာ။ “အသက်အငယ်ဆုံးက ၁၄ နှစ်ကျော်ကျော်လောက်ပေါ့။ အကြီးဆုံးက ၁၇ နှစ်၊ ဒီလောက်ပဲ ရှိပါတယ်”

အဲဒီကလေးတွေ၊ ပြီးတော့ သူတို့ရဲ့ မိဘတွေက ဘယ်လိုမျိုး စီးပွားရေးလုပ်တွေ လုပ်ကိုင်ကြတာလဲ ခင်ဗျာ။

“လယ်သမားနဲ့ ဆင်းရဲသား သားသမီးတွေ များတယ်။ အားလုံးက ချာလည်ချာလည်နဲ့ မလိုက်နိုင်ကြတဲ့၊ မိဘဆီကနေ တချို့ကလည်း စိတ်ဆိုးလို့ မိဘဆူလို့ ထွက်သွားတာတွေ။ အိမ်ကနေ ဈေးဝယ်ခိုင်းရင်းနဲ့ ဘူတာတို့၊ ကားဂိတ်တို့၊ ရုပ်ရှင်ရုံတို့မှာ ပါသွားကြတာ။ သူတို့ကို လှည့်ဖျားပြီးတော့၊ နောက် အတင်းအကျပ်ပေါ့။ ဖမ်းမယ်၊ အချုပ်ထဲထည့်မယ် ဘာညာပေါ့ ခြိမ်းခြောက်ပြီး ခေါ်သွားတာတွေ များတယ်ပေါ့”

မြန်မာနိုင်ငံက အရွယ်မရောက်သေးသူကို ကလေးစစ်သားအဖြစ် တာဝန်မပေးဘူးဆိုပြီး ကုလသမဂ္ဂ သဘောတူညီချက်ကို လက်မှတ်ထိုးထားတာ ရှိတယ် မှတ်လား။ “ILO ရုံးနဲ့လည်း ထိုးထားတာရှိတယ်။ ၃ နှစ်လောက် ရှိသွားပြီ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှာရော ကလေးစစ်သားအဖြစ် မခိုင်းပါဘူးဆိုတာ ကတိအကြိမ်ကြိမ် ထိုးထားတာပဲလေ။ ဒါပေမယ့် ဖောက်ဖျက်နေတာပဲ”

ဘာကြောင့် ကလေးစစ်သားတွေကို ခိုင်းနေတယ်လို့ ထင်ပါသလဲ ခင်ဗျာ။ “အကြောင်းရင်းကတော့ ဒီလို။ မြန်မာပြည်မှာ ဗိုလ်လုပ်မယ့်လူပဲ များတယ်။ တပ်ရင်းတရင်းကလည်း တပ်ရင်း သာ အမည်ခံတယ် ၂ဝဝ ပြည့်တာ မဟုတ်ဘူး။ အိုနာကျိုးကန်းနဲ့။ စစ်တပ်ထဲမှာ နှစ်ပြည့်လို့ ပင်စင် သမားသာ ရတယ်။ ကျန်တ့လဲူကိုက ထွက်ခွင့် မပေးဘူး ကျပ်တည်းထားတယ်။ အဲဒီကြားထဲမှာ သူတို့က ထွက်ချင်လို့ရှိရင် ရိုးရိုးရဲဘော်ဆိုရင် စစ်သားအသစ် ၂ ယောက် ရှာပေးရမယ်။ တပ်ကြပ်ကြီးဆိုရင် ၃ ယောက် ရှာပေးရတယ်။ တခါ တလေလည်း ၄ ယောက် ရှာပေးရတယ်။ ရှိနေတဲ့ ငယ်သားတွေကလည်း စိတ်ပျက်နေပြီးတော့ အဘတို့နဲ့ အမြဲ တွေ့တာတွေရှိတယ်လေ။ ဒါပေမယ့် ထွက်ပြေးရင် ထောင်ကျတယ်။ သူတို့ ထွက်ချင်တ့အဲ တွက် သူများကို အသစ် ထပ်စုရတာ။ မရက်စက်ချင်ဘဲန့လဲ ည်း ရက်စက်ရတာရှိတယ်”

စစ်တပ်က ထွက်ချင်တဲ့ အရာရှိတွေကျတော့ရော ဘယ်လိုလုပ်လဲ ခင်ဗျာ။ “တခါတလေကျတော့ ဗိုလ်တွေကလည်း ထွက်ချင်တယ်။ ဗိုလ်တွေကျတော့ သိန်းနဲ့ချီပြီး တပည့်တွေကို ငွေပေးတော့ သူတို့က မရရအောင် စုပေးတယ်။ ဒါ့အပြင် ဗိုလ်တွေက ပြေလည်သွား၊ ထောသွားကြတော့ ထွက်ချင်တာ။ နောက် တပ်ကလည်း ကျပ်တ့အဲ ချိန်ဖြစ်နေတော့ အဲဒါကြောင့် သူတို့က ပိုက်ဆံ သိန်းနဲ့ချီ ပေးပြီးတော့ တပည့်တွေကိုခိုင်း၊ တပည့်တွေကလည်း ငွေမက်တော့၊ ငတ်ပြတ်နေတော့ အဲဒီတော့ စစ်သားကို လိုက်ပြီးတော့ စုဆောင်းပေးပေါ့။ တချို့ကိုတော့ ခွင့်လေးတွေနဲ့ ပေးပြန်၊ တပ်ထဲက ခွင့်တောင်မှ မပေးတဲ့ ဘဝဖြစ်နေတော့၊ ရွာပေးပြန်ပြီး ခွင့်ပေး၊ ခွင့်ယူတ့အဲ တွက် ရဲဘော် ဘယ်နှယောက် ရအောင်ယူခ့ဆဲိုပြီး အတင်း အကျပ် ခိုင်းနေတဲ့ အခြေအနေ ဖြစ်နေတာကိုး”

ကလေးတွေကို အရွယ်မရောက်ခင် စစ်သားထဲ သွင်းတယ်ဆိုတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာလို့ ပြောလို့ရမလား ခင်ဗျာ။ “လူ့အခွင့်အရေးအရ ဆိုရင်တော့ ပက်ပက်စက်စက် ချိုးဖောက်တာပဲလေ။ သားသမီးချင်း ကိုယ်ချင်းမစာတာ။ ကျောင်းနေရမယ့် အရွယ်တွေ။ သူတို့ဘဝ ကောင်းစားရေးအတွက် ကလေးတွေကို သေရွာပို့လိုက်တဲ့ သဘောပါပဲ”

မြန်မာနိုင်ငံရဲ့ အနေအထားက တခြား ဘယ်လိုမျိုး လူ့အခွင့်အရေးချိုးဖောက်တာမျိုးတွေ ရှိနေသေးလဲ ခင်ဗျာ။ “လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ကတော့ ချိုးဖောက်တာက ဗမာပြည်မှာက တပြုံကြီးပဲ။ ပြောဆိုလို့ မတတ် လောက်အောင် ဖြစ်နေတယ်။ နေရာတိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်တယ်။ ရာထူးရှိတယ်၊ အာဏာရှိမယ်၊ ငွေရှိမယ်ဆိုရင် ကြိုက်တာ လုပ်လို့ရတဲ့ ခေတ်ဖြစ်သွားပြီလေ”

မြန်မာနိုင်ငံသားတွေ အနေနဲ့ကရော သူတို့မှာ အခွင့်အရေးတွေ ရှိတယ်ဆိုတာကို ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားတယ်လို့ ထင်ပါသလဲ။ “မြန်မာနိုင်ငံသားတွေ နားလည်ထားတာက ဒီမှာက နိုင်ငံခြား သတင်းဌာနတွေကိုလည်း နားထောင်တာ ရှိသလို၊ အတိုက်အခံ နိုင်ငံရေးသမားတွေကရော၊ နောက် ဒီနအဖ အစိုးရက သင်ပေးလိုက်လို့ အလိုလိုကို နားလည် နေတာ မတရားဘူးဆိုတ့၊ဲ ဗုဒ္ဓဘာသာ တရားတော်နဲ့ တွက်ရင် မတရားတဲ့အပိုင်းက ၉၉ ဒဿမ ၉ လောက် ဖြစ်နေတဲ့ အတွက် လူ့အခွင့်အရေး ဆုံးရှုံးနေတယ် ဆိုတာ နအဖ သင်ပေးလို့ပဲ တတ်သွားတာပဲ။ အခွင့် အရေး ရှိတယ်ဆိုတာ လူတိုင်းက သိတယ်။ ဒါပေမယ့် အကြောက်တရားက ပိနေတယ်။ အလကားနေရင်း သူတို့ (အာဏာပိုင်) တွေက အမိန့်အာဏာရှိသလို ထောင်ချတယ်။ သူတို့ကို နည်းနည်းလေးမှ မျက်စောင်းထိုး မကြည့်ရဲ လောက်အောင် ဥပဒေနဲ့ တင်းကျပ်ပြီးတော့ နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်ထားတယ်။ ဒီကြားထဲမှာ ဘုန်းကြီးတွေ ကျောင်းသားတွေတောင် ပစ်သတ်ထားတယ်ဆိုတော့ မခံနိုင်ဘူး။ မခံနိုင်တာကို ရင်ထဲမှာ ကြိတ် နေကြတဲ့ သဘောပဲ၊ အခွင့်အရေးမရသေးလို့၊ အခွင့်အရေးကို စောင့်နေတဲ့ သဘောပဲ”

မြန်မာနိုင်ငံရဲ့ လက်ရှိ တရားရေးမဏ္ဍိုင် အခြေအနေကိုရော ဘယ်လို သုံးသပ်ပါသလဲ ခင်ဗျာ။ “မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကတော့ သုံးမရအောင် အခြေအနေမျိုး။ ရာဇပလ္လင်ပေါ် ခွေးတက်တဲ့ အဆင့်မျိုးဖြစ်နေတယ်။ နားမလည်တဲ့ တရားသူကြီးတွေ ဖြစ်နေတယ်”

တရားသူကြီးတွေကရော လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက် ချနိုင်တဲ့ အနေအထားရော ရှိလား ခင်ဗျာ။ “နိုင်ငံရေးနဲ့ ပတ်သက်တ့အဲ မှု၊ နောက်တခါ မြို့နယ်အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တ့အဲ မှု၊ စစ်တပ်န့ပဲ တ်သက်တဲ့ အမှုဆိုရင်တော့ သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်မရှိဘူး။ နောက်ကယ်ွက ညွှန်ကြားတာကို ခံရတယ်။ သာမန်အမှုကျတော့ တရားသူကြီးတွေက စာရိတ္တမဏ္ဍိုင် ပျက်ပြားနေတဲ့အတွက် ငွေပေးတဲ့လူ နိုင်တ့သဲ ဘော ဖြစ်နေတယ်။ အမှန်တရားဆိုတာ မြန်မာပြည်တရားရုံးမှာ ရှာဖွေလို့က အမှုတရာ တမှု ပေါ်ပေါက်ခဲတယ်လေ”

အဲဒီလို တရားရေးမဏ္ဍိုင် ပျက်နေတဲ့ နိုင်ငံတခုမှာ ဘယ်လိုမျိုး အခြေအနေတွေ ဖြစ်လာနိုင်သလဲ ခင်ဗျာ။ “လူတွေ စာရိတ္တပျက်သွားပြီးတော့ မြန်မာပြည်မှာ မိန်းကလေးတွေက လမ်းပေါ်ရောက်ကုန်ပြီလေ။ စီးပွားရေးတွေ မပြေလည်၊ မကောင်းတဲ့ မိန်းကလေးတွေဖြစ်။ ပျက်စီးပြီးတော့ သုံးမရတဲ့ဘဝတွေ၊ ကလေးတွေက မိဘအသိုင်းအဝိုင်းတွေသာ ရှိတယ်။ ဘာမှ စီးပွားရှာဖွေစားသောက်ခွင့် မရှိ။ မိဘတွေကလည်း မပြေလည်။ ခါတိုင်းတုန်းက ဖအေလုပ်စာကို မိသားစု ၆ ဦး၊ ၇ ဦး ဝိုင်းစားလို့ ရတယ်။ အခုဟာက ၁ဝ ယောက် ရှိရင် ၁ဝ ယောက်လုံး လုပ်ရတယ်။ ပညာရေးတွေ နောက်ကျကုန်ပြီ။ စာရိတ္တတွေ ပျက်ပြားကုန်တယ်။ ငွေကြေး

မပြည့်စုံတဲ့ အခါကျတော့ သူခိုးကြမ်းပိုးတွေ ဖြစ်ကုန်ပြီ။ ဒါတွေဟာ တရားစီရင်ရေးမဏ္ဍိုင် ပျက်စီးလို့လည်း ဖြစ်တယ်။ အုပ်ချုပ်ထားတဲ့လူရဲ့ ညံ့ဖျင်းမှုတဲ့ စီမံခန့်ခွဲမှုကြောင့်လည်း ဖြစ်တယ်။ အုပ်ချုပ်ရေး ပျက်နေပြီ၊ တရား စီရင်ရေးလည်း ပျက်နေပြီဆိုတော့ ကျန်တာ ဘယ်နေရာ သုံးစရာ ရှိတော့လို့လ”ဲ

လူတွေ အားကိုးလောက်တဲ့ တရားစီရင်ရေးမဏ္ဍိုင်၊ တရားရေးစနစ်ဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်တယ်လို့ ယူဆလဲ ခင်ဗျာ။ “ကောင်းမွန်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာက၊ တရားသူကြီးဆိုတာက နိုင်ငံတော်အလံအောက်မှာ နိုင်ငံတော်ကိုယ်စားလေ။ လွတ်လွတ်လပ်လပ် စီရင်ပိုင်ခွင့်ကို တရားသူကြီးကို ပေးထားတာ။ သူက (တရားသူကြီးက) ရိုးသားရမယ်၊ ဖြူစင်ရမယ်၊ အတွေးအခေါ် ပြည့်စုံတဲ့ လူတယောက် ဖြစ်ရမယ်။ သူက အတွေးအခေါ်လည်း မရှိဘူး၊ စာရိတ္တကလည်း မကောင်းတဲ့လမျူိုး၊ ကိုယ်ချင်းမစာတတ်တဲ့ တရားသူကြီးမျိုးကတော့ တရားခွင်ပေါ်မှာ လုံးဝထိုင်ဖို့ မသင့်တော်တဲ့ တရားသူကြီးမျိုး ဖြစ်နေတယ်” ---------------------------------------------------------------------------ဒေါ်စုကို ပြန်လွှတ်ရန် နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀၀ ကျော် တောင်းဆို မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ ဇွန်လ 15 နယူးဒေလီ။

။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြေညာချက်တွင် ကမ္ဘာတဝှမ်းမှ

နိုင်ငံရေးအကျဉ်းသားဟောင်း ၁ဝဝ ကျော်က စုပေါင်းလက်မှတ် ရေးထိုးကာ တောင်းဆိုလိုက်ကြသည်။ ဒေါ်စု လွတ်မြောက်ရေးလှုပ်ရှားမှုအတွက် စာသား၊ ဗီဒီယို၊ ဓာတ်ပုံ စသည်တို့ ပေးပို့နိုင်သော 64forsuu.org ´ဒေါ်အောင်ဆန်းစုကြည်အတွက် စာလုံး ၆၄ လုံး´ အမည်ရှိ အထူးဝဘ်ဆိုဒ်တွင် အာရှ၊ အာဖရိက၊ လက်တင် အမေရိကနှင့် ဥရောပရှိ နိုင်ငံပေါင်း ၂ဝ ကျော်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများက လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။ ဤ ဝဘ်ဆိုဒ်ကို ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ ၆၄ နှစ်ပြည့် အထိမ်း အမှတ် အဖြစ် ကင်ပိန်းလှုပ်ရှားသူများက ပြုလုပ်ထားကြခြင်း ဖြစ်သည်။ သူတို့က မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ဆို့ရေး ပြုလုပ်ပါရန် သူတို့က ကုလသမဂ္ဂ လုံခြုံရေးကောက်စီကို တိုက်တွန်းလိုက်ကြသည်။ ´သင်၏ လွတ်လပ်မှုကို ဆက်တိုက်ငြင်းပယ်နေခြင်းသည် မြန်မာနိုင်ငံရှိ ၂၁၅၆ ဦးမျှသော နိုင်ငံရေး အကျဉ်းသား များ၏ လူ့အခွင့်အရေးကို လက်မခံနိုင်ဖွယ် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူတို့၏ နိုင်ငံရေး ယုံကြည်ချက်များ အတွက် အပြစ်ပေး အရေးယူခံရသည်များနှင့်အတူ ကျွန်ုပ်တို့ ကမ္ဘာတဝှမ်းလုံးမှလည်း စိတ်ဆိုး ဒေါသ ထွက်ကြပါသည်' ဟု အဆိုပါ စာလုံး ၆၄ လုံးရှိ ကြေညာတောင်းဆိုချက်တွင် ရေးသားထားသည်။ ထို့အပြင် 'နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချက်ချင်း လွှတ်ပေးရေး မြန်မာစစ်အစိုးရကို ဖိအားပေးရန်နှင့် စစ်အစိုးရကို အင်အားတောင့်တင်းစေသည့် လက်နက်များကို သူတို့လက်ဝယ်သို့ မရောက်ရှိစေရေးအတွက်

ကမ္ဘာတဝှမ်းလုံးမှ လက်နက်ပိတ်ဆို့ အရေးယူမှုများဖြင့် ကန့်သတ်မှုများ ပြုလုပ်ပေးပါရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တိုက်တွန်းတောင်းဆိုပါသည်´ ဟုလည်း ဆိုထားသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံ (Kim Dae-jung) ကလည်း သူ၏ စာသားတွင် ´ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် အာရှတိုက်အတွက် ရှက်ဖွယ်´ ဟု ရေးသားထားသည်။ မလေးရှားမှ ဒုဝန်ကြီးချုပ်ဟောင်း အင်ဝါအီဗရာဟင်ကလည်း ´အာဆီယံအဖွဲ့ကြီးအနေဖြင့် မစွက်ဖက်ရေး မူဝါဒကို ဆက်လက်မကျင့်သုံးနိုင်တော့ကြောင်းနှင့် ယခုအချိန်သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် သာယာ ဝပြောရေး အတွက် အတူတကွ လုပ်ဆောင်ကြရမည့် အချိန်ဖြစ်ကြောင်း´ ရေးသားထားသည်။ တရုတ် နိုင်ငံရေး အကျဉ်းသားဟောင်းများဖြစ်သည့် ယွမ်ဝေကျင်း (Yuan Weijing) နှင့် ကျန်းကျင်းယန် (Zeng Jinyan) တို့ အပါအဝင် လက်မှတ်ရေးထိုးသူ အများအပြားသည် သူတို့ကိုယ်တိုင် နေအိမ်အကျယ်ချုပ် ကျခံနေကြရသူများ ဖြစ်သည်။ လက်မှတ်ရေးထိုးသူများထဲတွင် ကိုလံဘီယာနိုင်ငံ FARDC အဖွဲ့၏ ပြန်ပေးဆွဲခြင်းခံရသည့် အထက်လွှတ်တော် အမတ်ဟောင်းနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သငွ်းခြင်းခံရသော အင်းဂရစ်ဘီတန်ကုတ် (Ingrid Betancourt) ၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံ၊ ပိုလန် သမ္မတဟောင်းနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လက်ဘာဝင်ဆာ (Lech Walesa)၊ နှင့် နယ်ဆင်မင်ဒဲလားတို့ ပါဝင်ကြသည်။ အခြား လက်မှတ်ရေးထိုးသူများမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ရှေ့နေ ရှီရင်အီဘာဒီ (Shirin Ebadi)၊ တီယန်မင် လူသတ်ပွဲတွင် အသက်မသေ လွတ်မြောက်ခ့သဲူ ရှောက်ကျန်း (Shao Jiang)၊ ဗြိတိန်နိုင်ငံမှ လူသား ချင်း စာနာသည့်အရေး ဆောင်ရွက်သူနှင့် စာရေးဆရာ တယ်ရီဝိတ် (Terry Waite)၊ ချက်သမ္မတနိုင်ငံ သမ္မတ ဟောင်းနှင့် စာရေးဆရာ ဗားကလက်ဟာဗယ်လ် (Vaclav Havel)၊ နျူကလီးယား သိပ္ပံပညာရှင်နှင့် ယခင် ဆိုဗီယက် ယူနီယံ အတိုက်အခံဟောင်း ယူရီဖီဒိုရိုဗစ် အော်လော့ဗ် (Yuri Feodorovich Orlov) တို့လည်း ပါဝင်သည်။ ၁၄ ကြိမ်မြောက် တဦးတည်း ချုပ်နှောင်ထားသည့် အကျဉ်းခန်းထဲတွင် ကျင်းပရမည့် သူမ၏ ၆၄ နှစ် ပြည့် မွေးနေ့ကို အထိမ်းအမှတ်ပြုထားသည့် ´ဒေါ်အောင်ဆန်းစုကြည်အတွက် စာလုံး ၆၄ လုံး´ အမည်ရှိ လှုပ်ရှားမှု တွင် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း၊ ဗြိတိလျှလူမျိုး နာမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းတို့ ကဲ့သို့သော ပုဂ္ဂိုလ်အကျော်အမော်များ ပါဝင်လက်မှတ်ရေးထိုးထားကြသည်။ ---------------------------------------------------------------------------ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံတကာမှ နိုင်ငံရေး အကျဉ်းသားများ ပါဝင်တောင်းဆို Monday, 15 June 2009 17:15 ကိုထွေး မြန်မာပြည်အား လက်နက်ရောင်းချခွင့် ပိတ်ပင်ပေးရန်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် နိုင်ငတံ ကာမှ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀၇ ဦးတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်သည်။

မကြာမီက ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ပြုလုပ်ထားသော www.64forsuu.org အင်တာနက် စာမျက်နှာတွင် လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ လက်မှတ်ရေးထိုးသူများတွင် နိုဗဲလ်ဆုရှင် တောင်ကိုးရီးယားနိုင်ငံ သမ္မတဟောင်း မစ္စတာကင်ဒေးဂျုံ၊ မလေးရှားနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း အန်န၀ါ အီဗရာဟင်၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း စာရေးဆရာ ဗားကလက် ဟာဗယ်၊ နိုဗဲလ်ဆုရှင် ပိုလန်နိုင်ငံသမ္မတဟောင်း Lech Walesa၊ နိုဗဲလ်ဆုရှင် ရှေ့နေ တဦးဖြစ်သူ Shirin Ebadi တို့ ပါဝင်သည်။ ထို့အပြင် လက်ရှိ တရုတ်နိုင်ငံတွင် နေအိမ်အကျယ်ချုပ်ကျခံနေသော Yuan Weijing နှင့် Zeng Jinyan တို့လည်းပါဝင် လက်မှတ်ရေးထိုးကြသည်။ မစ္စတာ ကင်ဒေးဂျုံက “ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး နေအိမ် အကျယ်ချုပ်ချထားတာဟာ အာရှအတွက် ရှက်စရာပါ” ဟု ပြောသည်။ မလေးရှား ဒုဝန်ကြီးချုပ်ဟောင်း အန်န၀ါ အီဗရာဟင် က အာဆီယံအနေဖြင့် မြန်မာ့အရေး ကို ဖြေရှင်းရန် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး ဟူသော အချက်ကို ပြင်ဆင်သင့်ကြောင်း ပြောသည်။ ယင်းလှုပ်ရှားမှုကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွ့(ဲ Human Rights Watch)၊ မြန်မာ့ အရေး လှုပ်ရှားမှုအဖွဲ့( U.S Campaign for Burma)၊ Open Society Institute၊ ဥရောပအခြေစိုက် France's Info Birmanie နှင့် Amnesty International၊ အာရှအခြေစိုက် Burma Info Japanတို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ www.64forsuu.org အင်တာနက် စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ၆၄ လုံးပါ စကားများကို အမှတ်တရ ရေးသားပြောဆိုလျက် ရှိကြရာ ယင်းအင်တာနက် စာမျက်နှာတွင် ကမ္ဘာကျော် ပုဂ္ဂိုလ်များကလည်း ပူးပေါင်းပါဝင်ခြဲ့ က သည်။ ယခုအခါ ကမ္ဘာကျော်ပုဂ္ဂိုလ် ၅ဝနီးပါးနှင့် သူ့အား ထောက်ခံအားပေးသူ ၈ဝဝဝ ခန့်က ၆၄လုံးပါ စကားရပ်များဖြင့် ဂုဏ်ပြုစကားပြောဆိုထားကြသည်။ အဆိုပါ အင်တာနက် စာမျက်နှာကို နိုင်ငံတကာ INGO အဖွဲ့များ၏ ထောက်ခံအားပေးမှုဖြင့် ပြီးခဲ့သည့် မေလ ၂၇ရက်နေ့ က စတင် အကောင်အထည် ဖော်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ၆၄ နှစ်မြောက် မွေးနေ့ အခါသမယ တွင်ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ ---------------------------------------------------------------------------သံဃာတော်များ ပြည်ပထွက်ခွင့် ခက်ခဲ Monday, 15 June 2009 19:48 ကိုစိုး ပြည်ပသို့ သွားရောက်မည့် သံဃာတော်များသည် သက်ဆိုင်ရာ သံရုံးများသို့ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားရန် အတွက် လိုအပ်သော ထောက်ခံစာကို သာသနာရေးဦးစီးဌာနမှ ထုတ်ပေးရန် ရပ်ဆိုင်းထားခြင်းကြောင့် အခက် အခဲများဖြစ်နေကြကြောင်း သိရသည်။ သံဃာတော်များ ပြည်ပသွားလိုပါက သာသနာရေးဝန်ကြီးဌာန လက်အောက်ရှိ သာသနာရေး ဦးစီးဌာန၏ ထောက်ခံချက်ယူရသည်ဟု ရန်ကုန်မြို့မှ သံဃာတော်များက ပြောဆိုသည်။

“ပတ်စ်ပို့ရပြီးရင် ဗီဇာအတွက် သံရုံးဝင်ဖို့က အဓိက သာသနာရေးဦးစီးဌာနက ထောက်ခံစာပါမှ ဖြစ်မယ်၊ အဲဒါ မပါဘဲနဲ့ သံရုံးကလည်း လက်မခံဘူး”ဟု ရွှေတိဂုံ ဘုရားအနီးရှိ ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်းမှ သံဃာတော် တပါးက ပြောသည်။ ပြီးခဲ့သည့် တပတ်အတွင်းက စတင်၍ ယင်းသို့ သာသနာရေး ဦးစီးဌာနမှ ထောက်ခံစာ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ “ရန်ကုန်က သံဃာတချို့ ထောက်ခံစာယူဖို့ စောင့်နေတာ အခုထိ မရကြသေးဘူး”ဟု အထက်ပါ သံဃာက ပြော သည်။ ယနေ့တွင်လည်း နိုင်ငံခြားသို့ ဆေးကုသရန် သွားမည့် ရန်ကုန်မြို့မှ သံဃာတော် တပါးက သာသနာရေး ဦးစီးဌာနသို့ ထောက်ခံစာ သွားရောက်ယူရာတွင် ငြင်းပယ်ခံခ့ရဲ သည်ဟု ပြောဆိုသည်။ “ဘာကြောင့် ထုတ်မပေးရတာလည်း ဆိုတာတော့ ပြောခွင့်မရှိပါဘူး၊ အခုရပ်ဆိုင်းထားတာက ယာယီရပ်ဆိုင်း ထားတာပါ၊ မကြာခင် ပြန်ပေးမှာပါလို့ပြောတယ်”ဟု ၎င်း သံဃာတော်က ပြောသည်။ ဗုဒ္ဓစာပေ လေ့လာရန်အတွက် နိုင်ငံရပ်ခြားသို့ သွားရောက်နေသည့် သံဃာအများစုမှာ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံများသို့ သွားရောက်သည်များရှိကြကြောင်းလည်း ဆိုသည်။ မကြာသေးခင်ကလည်း ရန်ကုန်မြို့ မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ်တွင် ပြည်ပသွားမည့် သံဃာတော် ၂ ပါးကို ထောက်ခံစာ မပါ၍ အာဏာပိုင်များက သွားခွင့် မပြုခဲ့ကြောင်းသိရသည်။ ဧရာဝတီက ယင်းသို့သော သံဃာတော်များကိစ္စနှင့် ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းပါသော်လည်း ပြန်လည် ဖြေကြားရန် ငြင်းဆိုခ့သဲ ည်။ စစ်အစိုးရက ၂၀၀၇ ခုနှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကာလမှ စတင်၍ ဗုဒ္ဓဘာသာ သံဃာတော်များ နိုင်ငံအတွင်း ခရီးသွားလာခြင်းများကို ကန့်သတ် တင်းကျပ်မှုများ ပြုလုပ်ခ့သဲ ည်။ ယင်း ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်အာဏာပိုင်များက ဒါဇင်နှင့် ချီသော သံဃာတော်များကို အကြမ်းဖက် ဖမ်းဆီးနှိမ်နင်းမှုများပြုလုပ်ခ့ရဲာ တချို့သံဃာများ ပြည်တွင်းမှ ထွက်ပြေးကြရသည်များရှိခ့သဲ ည်။ အစိုးရ တရားဝင် စာရင်းများအရ နိုင်ငံတဝန်းတွင် ရဟန်း သံဃာပေါင်း ၄ သိန်း ကျော်ရှိကြောင်း သိရသည်။ ---------------------------------------------------------------------------အဖွဲ‹ချုပ် မန္တလေးတိုင်း ဘဏ္ဍာရေးမှူး အိမ်ကို လေးခွဖြင့် ပစ်ခတ်မှု ဖြစ်ပွား ရီမေအောင် ၁၄ ဇွန် ၂ဝဝ၉ -

ပြီးခဲ့တဲ့ သောကြာ ၁၂ ရက်နေ့ ညသန်းခေါင်ကျော်က မန္တလေးတိုင်း အန်အယ်လ်ဒီ တိုင်းဘဏ္ဍာရေးမှူး ဦးကိုကိုကြီးရဲ့ နေအိမ်နဲ့ လက်ဖက်ရည်ဆိုင်ကို ဆိုင်ကယ်တစီးနဲ့ အမည်မသိလူနှစ်ဦး ရုတ်တရက် ရောက်လာပြီး လေးခွ လောက်စားလုံး အမာစားတွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။ ဦးကိုကြို ကီးနေအိမ်က ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမနဲ့ ရတနာပုံ မန္တလေးတက္ကသိုလ်လမ်း အရှေ့ထိပ်မှာ တည်ရှိတာပါ။ နေအိမ်နဲ့ တွဲဖွင့်ထားတဲ့ မော်ဒန်လက်ဖက်ရည်ဆိုင်ကို ပိတ်ပြီး မိသားစုနဲ့ ဆိုင်အလုပ်သမားတွေ အိမ်မောကျနေချိန် ည ၂ နာရီခန့်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ လေးခွနဲ့ ပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားခဲ့ပုံနဲ့ ဆိုင်ပစ္စည်းတချို့ ပျက်စီးသွားတာကို ဦးကိုကိုကြီးက ပြောပါတယ်။ “နိုးလို့ ထလည်းထကြရော ထွက်ပြေးကြတာပေါ့။ လောက်စာလုံးနဲ့ ၁၇ ချက်လောက် ပစ်သွားတာ ဖန်ချောင်းတွေ ကွဲကုန်တယ်။ ဆိုင်ရဲ့မြင့်မိုရ်က ဘိလပ်မြေပြားတွေ ကပ်ထားတာဆိုတော့ အကုန်ပေါက်ထွက်ကုန်တာ။ လောက်စာလုံးတွေက မီးဖုတ်ပြီး အမာတွေ လုပ်ထားတာ။ အဲ့ဒီလောက်စာတွေက အစီအစဉ် ရှိရှိကို မီးဖုတ်ပြီး လုပ်ထားတဲ့ သဘောတော့ရှိတယ်။”

အဲ့လိုပစ်တော့ ရှေ့လာမယ့် အန္တရာယ်တွေကို ဘယ်လို ပြင်ဆင်ထားပါသလဲ။ “ရယက ကိုတော့ သတင်းပို့ထားတာပေါ့။ မနေ့က လာကြည့်တယ် ရယက ဥက္ကဋ္ဌတွေ အတွင်းရေးမှူးတွေ လာကြည့်တယ်။ အမှုဖွင့်တိုင်တာတော့ မလုပ်တော့ပါဘူး။ အန်ကယ်တို့နဲ့ တဘက်က ပုဂ္ဂိုလ်တွေက လက်ပါးစေတွေ လုပ်တာဆိုတော့ သူတို့အဖွဲ့က အားကိုးရှိတယ်လေ။ ပြင်ဆင်ထားဖို့ဆိုတာက ကိုယ့်အိမ်ကို နောက်ထပ်မလာအောင်လို့ ဂရုတစိုက် ကြည့်စောင့်တာ လောက်ရိတှာပေါ့။ ကျန်တာ ဘာလုပ်လို့ရမှာလဲ”

ဦးတို့မှာ ရန်ငြိုးရန်စရှိလို့ အဲ့လိုမျိုး အလုပ်ခံရတာလို့ ခံစားရလား။ ဘယ်လို အကြောင်း ကြောင့်လို့ ထင်လဲ။ “ဦးက အသက် ၆ဝ ကျော်ပြီ။ ရန်òငိးရန်စဆိုတာ အချင်းချင်းမှာလည်း မရှိဘူး။ ပတ်ဝန်းကျင်မှာလည်း မရှိဘူး။ အာဏာပိုင်နဲ့ ပတ်သက်လို့လည်း အတူတူပဲ။ ဦးတို့ ဒီနေ့ လုပ်နေ ကိုင်နေတာဆိုတာလည်း ဥပဒေနဲ့ လုံးဝ ငြိစွန်းတဲ့ အလုပ်မျိုးကို လုံးဝမလုပ်ဘူး။ ဓာတ်ပုံ ကမ်ပိန်းနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေး ဖြစ်အောင် ကူညီပြီး ထင်ထင်ပေါ်ပေါ် လုပ်ကိုင်နေတာတော့ ရှိတာပေါ့၊ ဦးအမြင်ကတော့ အဲဒီအပေါ်မှာ မကျေ နပ်တာပဲ ဖြစ်မယ်လို့ မြင်တာပဲ။” ဦးကိုကိုကြီးဟာ မန္တလေးတိုင်း အန်အယ်လ်ဒီ တိုင်း ဘဏ္ဍာရေးမှူးအဖြစ် တိုင်းအဖဲ့ချွုပ် တာဝန်တွေ ထမ်းဆောင်နေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာ ဦးကိုကိုကြီးအိမ်ကို အမည်မသိ လူ ၂ ဦးက လောက်စာလုံးနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သလို တရက်တည်းမှာပဲ ရန်ကုန်မြို့ ဗဟန်းနဲ့ တာမွေမြို့နယ်က လူငယ် ၃ ဦး ဖမ်းဆီးခံရပြီး တောင်ဒဂုံမြို့နယ် လူငယ် ကိုသီဟန်ရဲ့ အိမ်ကို အာဏာပိုင်တွေက ဝင်ရောက် ရှာဖွေမှုတွေ ရှိခ့တဲ ယ်လို့ သိရပါတယ်။ ---------------------------------------------------------------------------နာဂစ်ဒီရေတော ပြန်စိုက်ရန် ဒေသခံများ အဓိကကျ Monday, 15 June 2009 18:47 ဧရာဝတီ နာဂစ် မုန်တိုင်းကြောင့် ပျက်စီးသွားသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ဒီရေတောများကို ဒေသခံများက ပြန်လည် အစားထိုးရန် ကြိုးပမ်းနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ပြောသည်။

“သဘာဝဘေးအန္တရာယ်ကို ခံရတဲ့အတွက် လူတွေက ဒီရေတောတွေ အရေးပါပုံကို နားလည်လာကြပြီ။ ဒီလို နားလည်လာတာဟာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အင်မတန် လိုအပ်တဲ့ အချက် ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။ ဒီရေတော ပြန်လည် အစားထိုးစိုက်ပျိုးသည့် အဖွဲ့များသည် ဒေသခံ ပြည်သူများနှင့် လက်တွဲပြီး ဒီရေတောများ စိုက်ပျိုးရေး၊ ထိန်းသိမ်းရေးတို့ကို ဆောင်ရွက်သင့်သည်ဟု အဆိုပါ အရာရှိက ပြောသည်။ လူပေါင်း တသိန်းကျော် သေကြေ ပျောက်ဆုံးခဲ့သည့် ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းတွင် ဒီရေတောများလည်း အကြီးအကျယ် ပျက်စီးခဲ့ရသည်။ မုန်တိုင်းအပြီး အသက်ရှင် ကျန်ရစ်သူများကို ဆက်လက် ထောက်ပံ့ရန် အကူအညီ ပေးရေး အဖဲ့မျွားကို တိုက်တွန်းနေချိန်တွင် ဒီရေတောများကို ပြန်လည် ပြုစု ပျိုးထောင်ရေးမှာလည်း အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ဆိုသည်။ “ဒေသခံတွေ မပါဘဲန့ေဲ တာ့ ဒီရေတောတွေ ပြန်ပြီး ထူထောင်ဖို့အရေးက အောင်မြင်မှာ မဟုတ်ဘူး” ဟု ဒီရေတော စိုက်ပျိုးရေး စီမံကိန်းတွင် လုပ်ကိုင်နေသူတဦးက ပြောသည်။ မုန်တိုင်းအပြီးတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအတွင်းရှိ ဒီရေတော ၁၆၈ဝဝ ဟက်တာ ပျက်စီးသွားသည်ဟု မြန်မာအစိုးရ၊ ကုလသမဂ္ဂ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း တို့၏ နာဂစ်အလွန် ပူးတွဲ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒီရေတော ထူထပ်စွာ ပေါက်ရောက်သည့် ဒေသများတွင် ထောင်ပေါင်း များစွာသော ဒေသခံများ သေဆုံးခြင်း၊ ဒဏ်ရာအပြင်းအထန်ရခြင်းတို့မှ ကင်းလွတ်ခဲ့သည်။ ဘိုကလေးမြို့နယ် ကဒုံကနိ သစ်တောကြိုးဝိုင်းရှိ ဂွေးချောင်းကျေးရွာကို မုန်တိုင်းဒဏ်မှ လွတ်ရန် ဒီရေတောများက သဘာဝ အရံအတားများအဖြစ် အကာအကွယ် ပေးခဲ့သည်။ ရွာသား ၁ဝဝဝ တွင် ၇ဝဝ ခန့် မုန်တိုင်းဒဏ်မှ ကင်းလွတ်ခဲ့သည်ဟု ဆိုသည်။ ထိုမြို့နယ်အတွင်း ရှိ ငပွေးတန်း ကျေးရွာတွင်လည်း လူဦးရေ သုံးပုံနှစ်ပုံခန့်မှာ မုန်တိုင်းဒဏ်မှ သက်သာရာ ရခဲ့သည်။ မုန်တိုင်းကြောင့် ထိုရွာသို့ ရိုက်ခတ်သည့် ၁ဝ ပေခန့် မြင့်သည့် ပင်လယ်လှိုင်းလုံးကြီးများကို ဒီရေတောများက အကာအကွယ် ပေးခဲ့ခြင်း ဖြစ်သည်။ “ဒီရေတောတွေရဲ့ တန်ဖိုးကို သိကြပါပြီ။ ဒါတွေကို ပြန်စိုက်ဖို့အတွက် အသင့်ပါပဲ” ဟု ငပွေးတန်းမှ ဒေသခံတဦးက ပြောသည်။ ဒီရေတော စိုက်ပျိုးခြင်းဖြင့် ဒေသခံ လက်မှုပညာရှင်၊ တံငါသည်၊ မြေယာမရှိသူများ၊ တောင်သူလယ်သမားများ ဝင်ငွေ တိုးစေသည်။

အစိုးရတွင်လည်း ဒီရေတော နှင့် အခြားသစ်တောများ ပြန်လည် ထူထောင်ရေးအတွက် ၅နှစ် စီမံကိန်းတခု ရှိနေသည်။ သို့သော်လည်း ပျက်စီးသွားသည့် သစ်တောများ ပြန်လည် အစားထိုးစိုက်ပျိုးရေးမှာ ရေရှည်လုပ်ရမည့် အလုပ် ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထောက်ပြကြသည်။ သဘာဝ ပတ်ဝန်းကျင် အရေး စိတ်ဝင်စားလာကြရေးအတွက်လည်း ၎င်းတို့က ဒေသခံများကို သစ်တော ပြန်လည် ပျိုးထောင်ကြရန် တိုက်တွန်းလျက်ရှိသည်။ မုန်တိုင်း မတိုင်မီကပင် ဒီရေတော ဧရိယာ အများအပြားသည် ဒေသခံတို့ကြောင့် ပျက်စီးခဲ့ရသည်ဟု ၎င်းတို့က ထောက်ပြကြသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များသည် စိုက်ပျိုးမြေများ ဖော်ထုတ်နိုင်ရန် ဒီရေတောများကို ခုတ်ထွင် ရှင်းလင်းခဲ့ကြသည်။ သစ်လုပ်ငန်း၊ မီးသွေးလုပ်ငန်းများလည်း လုပ်ကိုင်ခဲ့ကြသည်။ ၁၉၉ဝ နောက်ပိုင်းတွင် စိုက်ပျိုးရေး တိုးချဲ့ခြင်း၊ ပုစွန်မွေးမြူရေးလုပ်ငန်း အစပြုလာခြင်းကြောင့်လည်း ဒီရေတော ပျက်သုဉ်းမှု ပိုမို ကြီးထွားလာသည်။

Related Documents


More Documents from "Moe Ma Ka"