News June 1 - Burma News From Media Overseas

  • Uploaded by: Moe Ma Ka
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View News June 1 - Burma News From Media Overseas as PDF for free.

More details

  • Words: 3,036
  • Pages: 18
True News ဂျာနယ် စစ်ဆေးခံရ ဧရာဝတီ Monday, 01 June 2009 အင်းစိန်ထောင်ရှေ့တွင် ဂျာနယ် ဖြန့်ဝေ ရောင်းချမှုဖြင့် True News ဂျာနယ် အယ်ဒီတာအဖဲ့ဝွ င်များကို ရန်ကုန်မြို့ စာပေစိစစ်ရေးရုံးက ယနေ့ ခေါ်ယူတွေ့ဆုံခဲ့သည်။ မေလ ၁၉ ရက်နေ့ထုတ် True News ဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြထားသော သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ ဆောင်းပါး ကောက်နုတ်ချက်နှင့် ပတ်သက်ပြီး ခံဝန်ချက် လက်မှတ်ထိုးခဲ့ရသည်ဟု သိရသည်။ အဆိုပါ ကောက်နုတ်ချက်တွင် “ရေးသင့်ရေးထိုက်လို့ ရေးတာတွေကို အရေထူထူနဲ့ ခံနိုင်ရည်ရှိတဲ့ အစိုးရဆိုတာ ဘယ်မှာရှိတာမှတ်လို့၊ ဒီတော့ - - ဒီမိုကရေစီ အစိုးရ လက်ထက်လည်း သတင်းသမားကတော့ ထောင်ထဲ ရောက်မှာပါပဲ” ဟု ဖော်ပြထားသည်။ အဆိုပါ ကောက်နုတ်ချက်မှာ နိုင်ငေံ ရးလုပ်တယ်ဆိုတာ လွယ်တယ်ထင်လား အမည်ရှိ ဆောင်းပါးမှ ကောက်နုတ်ထားခြင်း ဖြစ်သည်။

မေလ ၁၉ ရက်နေ့ထုတ် True News ဂျာနယ် မျက်နှာဖုံး

ဂျာနယ်၏ ၀န်ထမ်းတဦးက မေလ ၁၉ ရက်နေ့ထုတ် True News ဂျာနယ် ခေါ် သစ္စာဂျာနယ်ကို အင်းစိန်ထောင်ရှေ့ရှိ လူအများကြားသို့ သွားရောက် ရောင်းချခဲ့ကြောင်း၊ ထိုသို့ ရောင်းချစဉ် “မှန်တာ ပြောရဲတာ သစ္စာ၊ ရေးရဲတာ သစ္စာ” ဟု ကြော်ငြာပြီး ရောင်းချခဲ့သည်ဟု သတင်းရရှိသည်။ ထောင်ရှေ့ရှိ လူအုပ်သည် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်အတွင်း တရားရုံးတွင် အမှုရင်ဆိုင်နေရသည့်အတွက် သွားရောက် စောင့်ဆိုင်းနေကြသည့် နိုင်ငံရေးသမားများ ဖြစ်သည်။ ထောင်ရှေ့တွင် ဂျာနယ်သွားရောက် ရောင်းချသူသည် မေလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ချက်ချင်း ပြန်လည် လွတ်မြောက်လာသည်ဟု ဆိုသည်။ ယခုနှစ် နယ်စည်းမခြား သတင်းစာဆရာများအဖဲ့ကွ ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်တွင် မြန်မာပြည်သည် စာနယ်ဇင်းသမားများ၊ ဘလော့ဂါများအတွက် အကျဉ်းထောင်ကြီးတခု ဖြစ်နေကြောင်း ရေးသား ဖော်ပြထားသည်။ ----------------------------------------------------------------------------------------------------------------------------သစ္စာဂျာနယ်တိုက် ရှာဖွေ စစ်ဆေးခံရ ဖနိဒါ - မဇ္ဈိမ တနင်္လာနေ့၊ ဇွန်လ 01 2009 ချင်းမိုင် (မဇ္ဈိမ)။

။ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ရှိ သစ္စာဂျာနယ်တိုက်သို့ မေလ ၂၅ ရက်နေ့ ညပိုင်းတွင်

ရပ်ကွက်ကောင်စီ၊ ရဲနှင့် ထောက်လှမ်းရေး ပါဝင်သည့် ၁၀ ဦးခန့်က လာရောက်ရှာဖွေမှုများ ပြုလုပ်ခ့ေဲ ကြာင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်း တရားရုံးထုတ်သည့် မေလ ၂၅ ရက်နေ့က ထောင်ရှေ့တွင် စောင့်ဆိုင်းနေသူများအား သစ္စာတိုက်မှ ဂျာနယ်ထုတ်လုပ်ရေး မန်နေဂျာက ဂျာနယ်များ ရောင်းချခဲ့ပြီး၊ ထိုနေ့ ည ၁၁ နာရီခန့်တွင် ယခုလို ရှာဖွေခရံ ခြင်း ဖြစ်သည်။ “အင်းစိန်ထောင်ရှေ့ ဒေါ်စုအမှု လာနားထောင်နေတဲ့ သူတွေကို ဂျာနယ်သွားရောင်းတယ်တ့။ဲ ညကျ ရဲတွေ၊ ထောက်လှမ်းရေးတွေ ဂျာနယ်တိုက်ကို ရောက်လာပြီး ရှာတယ်” ဟု သစ္စာဂျာနယ်တိုက်နှင့် နီးစပ်သူ ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။ သစ္စာဂျာနယ်တိုက်အား ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ရှာဖွေစစ်ဆေးခံရသည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း အသေးစိတ် ဖြေကြားရန် သူက ငြင်းဆိုသည်။ ထိုနေ့ညက ဂျာနယ်တိုက် ညအိပ်စောင့်သူ အဖမ်းခံခ့ရဲ ပြီး နောက်တရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

ရောင်းချခဲ့သည့် သစ္စာဂျာနယ် မျက်နှာဖုံးတွင် လူထုစိန်ဝင်း ဆောင်းပါးတပုဒ် ပါရှိရာ နောက်တရက်တွင် တာဝန်ရှိသူအား စာပေစိစစ်ရေးရုံးမှ ခေါ်ယူကာ သတိပေးတားမြစ်မှု ရှိခ့ေဲ ကြာင်းလည်း သိရသည်။ နီးစပ်သူ ဂျာနယ်အယ်ဒီတာက ''ပထမခွင့်ပြုထားတဲ့ မျက်နှာဖုံးနဲ့ မတူဘဲ၊ ပြင်ပြီးထုတ်လို့။ စာရေးဆရာ မောင်ဝံသ ဆောင်းပါး တင်ထားတာကို လူထုစနိဝင်းဆောင်းပါး တင်လိုက်လို့။ အဲဒီအတွက် သတိပေးခံရတာ။ နောင် မဖြစ်စေရဆိုပြီး လက်မှတ်ထိုးရတာ'' ဟု ပြောသည်။ လက်မှတ် ရေးထိုးခိုင်းသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ သစ္စာဂျာနယ် တာဝန်ရှိသူကို မေးမြန်းရာ သူက ဖြေဆိုနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။ “အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် ဖြေဆိုနိုင်ခြင်း မရှိသေးပါဘူး။ အဖမ်းခံရတဲ့ လူကလည်း ကျနော်တို့န့အဲ တူ ရှိနေပါတယ်” ဟု သူက ပြောသည်။ သစ္စာဂျာနယ်သည် ဆောင်းပါးများအား အဓိကထား ဖော်ပြနေရာ စာဖတ်ပရိသတ်များ လက်ခံအားပေးသည့် တန်းဝင်ဂျာနယ်တစောင် ဖြစ်သည်။ ----------------------------------------------------------------------------------------------------------------------------ဓနုတ်စေတီတော်ကြီး ပြိုကျမှုတွင် သေဆုံးသူ ပိုမို များပြားဖွယ်ရှိ မျိုးသိဏ်း တနင်္လာနေ့၊ ဇွန်လ 01 2009 ရန်ကုန် (မဇ္ဈိမ)။

။ ရန်ကုန်တိုင်း ဒလမြို့နယ်မှ ရှေးဟောင်း ဓနုတ် စေတီတော်ကြီး ပြိုကျပျက်စီးမှုတွင် လုံခြုံရေးကို

အဓိက ဆောင်ရွက်ကာ ကယ်ဆယ်ရေးကို လျစ်လျူရှုခ့သဲ ဖြင့် အပျက်အစီးများအောက် အသက်ရှင်လျက် ပိမိနေသူများ သေဆုံးဖွယ်ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးသည် ထီးတော်တင်ခ့သဲ ည့် စေတီကြီးသည် မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြိုကျခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရကာ၊ အုတ်ပုံအောက်တွင် လူအချို့ ပိမိနေခဲ့သော်လည်း ကယ်တင်ရေးထက်၊ လုံခြုံရေးကို အဓိကလုပ်ခ့သဲ ဖြင့် သေဆုံးသူဦးရေမှာ ယခုထက် ပိုမိုများပြားဖွယ်ရှိကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။ ”(ခ) ရပ်ကွက်က အဖွားကြီးဆို သနားပါတယ်။ သူ့သားက လုပ်အားပေးထဲမှာ ပါတယ်။ အသံတွေကြားတော့ ငါ့ သားလေး များလား မသိဘူး၊ ငါ့သားလေး အသံနဲ့ တူလိုက်တာဆိုပြီး ငိုနေတာ။ ဘုရားဆီကိုလည်း သွားလို့ မရဘူးလေ။ လုံခြုံရေးတွေ ရောက်လာပြီးကတည်းက ဘုရားပရိဝုဏ်ထဲကို ဝင်ခွင့်မပေးတော့ဘူး။ အထဲမှာ ပိတ်မိနေတဲ့အထဲက နှစ်ယောက်ပဲ ဆွဲထုတ်လို့ ရတယ်။ ကျန်တာက အပြင်မှာ ဒဏ်ရာရတဲ့ သူတွေကိုပဲ ကယ်နိုင်တယ်” ဟု စေတီတော် အနီးရှိ (က) ရပ်ကွက်မှ အမျိုးသမီးတဦးက မဇ္ဈိမကို ယမန်နေ့က ပြောသည်။

အုတ်ကျိုးအုတ်ပ့မျဲား၊ အင်္ဂတေတုံးကြီးများနှင့် ငြမ်းများ ရောထွေးနေသည့် အပျက်အစီး အောက်တွင် လူဦးရေ ၃၀ ထက်မနည်း ရှိနိုင်ကြောင်း ပန်းရံလုပ်သားက ခန့်မှန်းသည်။ ကယ်ဆယ်ရေး လုပ်သားတဦးကလည်း ''ပျောက်နေသူ တော်တော် များသေးတယ်။ ရှာလို့တွေ့သမျှ အကုန် ဆေးရုံပို့ပြီးပြီ။ ရန်ကုန်က ငှက်မြတ်နားတော် လာလုပ်နေတဲ့အဖွဲ့က တော်တော်များများ ပျောက်နေတယ်။ ရေတပ်က ၃ ယောက်လောက် ပျောက်နေတယ်။ ပျောက်တ့သဲူတွေက သေဖို့ များတယ်'' ဟု ဆိုသည်။ ဒေသခံ အမျိုးသမီးက ”မနေ့ည (မေ ၃၀ ရက်) အထိ အုတ်ပုံအောက်က ကယ်ကြပါ၊ ကယ်ကြပါ၊ ရေပေးပါလို့ အော်တ့အဲ သံတွေ အပြင်က ကြားနေရတယ်။ နောက်တော့ မိုးတွေ ရွာချလိုက်တယ်။ မိုးရွာထဲမှာတောင် အော်သေံ တွ၊ ညည်းသံတွေ ကြားနေရတုန်းပဲ။ နောက်တော့ မိုးက တဖြေးဖြေး သဲလာတာ တညလုံးပဲ။ မိုးလင်းခါနီးကျတော့ အသံတွေ မကြားရတော့ဘူး” ဟု ပြောသည်။ အခင်းဖြစ်ပြီး နောက်ရက်မှသာ ယန္တယား စက်ကြီးများဖြင့် အပျက်အစီးများကို စတင် ဖယ်ရှားနိုင်ခ့သဲ ည်။ ဖယ်ရှားချိန်တွင် ကြည့်ရှုနေသူများအား နေရပ်သို့ပြန်ရန် အသံချဲ့စက်ဖြင့် ပြောသဖြင့် ရွာသူရွာသားများ လှည့်ပြန်သွားပြီး၊ စေတီအတွင်း ပရိဝုဏ်တခုလုံးကို စစ်တပ်နှင့် ဝန်းရံထားပြီး မုခ်ဦးများ ပိတ်ဆို့ထားခဲ့သည်။ အခင်းဖြစ်သည့် ည ၉ နာရီခန့်အထိ အခြေအနေ ဆိုးရွားသည့် ရေတပ်သားနှင့် အရပ်သား ၃၀ နီးပါးကို ရန်ကုန် ဆေးရုံကြီးသို့ ပို့လိုက်ပြီး၊ ဒလနှင့် တွံတေးမြို့ ဆေးရုံများသို့ပါ လူနာ အများအပြားကို ပို့ဆောင်ခ့ေဲ ကြာင်း ဒေသခံများက ဆိုသည်။ ဒလမြို့ဆေးရုံမှ တာဝန်ကျ ဆရာမတဦးက ''ကျမတို့ဆေးရုံကို လူ ၅၀ လောက် ရောက်လာတယ်။ ဒလကနေ ရန်ကုန် ဆေးရုံကြီး ပို့တာ ၃၀ လောက် ရှိတယ်။ နေရာမှာတင် ပွဲချင်းပြီးသေတာ တယောက်၊ နာမည်မသိဘူး။ နောက်တယောက်က ရေတပ်သား။ သူက ရန်ကုန်ဆေးရုံကြီးကို ပို့နေတုန်း လမ်းမှာ သေတာ'' ဟု ပြောသည်။ ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခ့သဲ ည့် နာဂစ်မုန်တိုင်းမတိုင်မီ တကြိမ် ပြိုကျပျက်စီးခဲ့သော ရှေးဟောင်း သမိုင်းဝင် ဓနုတ်စေတီတော်ကြီးအား မူလဉာဏ်တော် အမြင့်ထက် ၉ လက်မ ပိုမိုမြှင့်တင်ဆောက်လုပ်သည့် စီမံကိန်းကို ရွှေသံလွင်ဲ ည်။ ဆောက်လုပ်ရေး ကုမ္ပဏီက ကျပ်သိန်း ၁၅၀၀၀ ဖြင့် တာဝန်ယူလုပ်ကိုင်ခ့သ စေတီတော်ကြီး အလုံးစုံပြီးစီးခြင်း မရှိမီ မေလ ၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး၏ ဇနီးသည်က ဦးစီးပြီး ထီးတော် တင်လှူခ့သဲ ည့် ဉာဏ်တော်အမြင့် ၁၉၈ ပေရှိ စေတီတော်ကြီးမှာ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် စတင်ပြိုကျပြီး၊ ၁၀ မိနစ်အကြာတွင် အလုံးစုံ ပြိုကျသွားခြင်း ဖြစ်သည်။

စေတီ တည်ဆောက်ရေးမှာ ပြီးစီးခြင်း မရှိသေးသဖြင့် ဘုရားပြိုသည့်နေ့က ရုံးပိတ်ရက်ဖြစ်၍ လုပ်အားပေးသူ အများပြည်သူ ၃၀၀ ကျော်ရှိပြီး၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှ တပ်သားများပါ လုပ်အားပေးနေသဖြင့် လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခြဲ့ ခင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ထပ်မံတင်လှူခ့သဲ ည့် စိန်ဖူးတော်နှင့် ထီးတော်၊ ဌက်မြတ်နားတော်တွင် ပူဇော်သည့် ကျောက်မျက်ရတနာများ၏ တန်ဖိုးမှာ ကြီးမားသည့်အပြင် ဗိုလ်ချုပ်မှူးကြီး၏ ဇနီးသည်ကိုယ်တိုင် ဦးစီးတင်လှူထားသော စေတီဖြစ်သဖြင့် လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း သူတို့က ယူဆနေကြသည်။ ----------------------------------------------------------------------------------------------------------------------------မစုစုနွေး အယူခံကို တရားရုံးက ပယ်ချ ဖနိဒါ တနင်္လာနေ့၊ ဇွန်လ 01 2009 ချင်းမိုင် (မဇ္ဈိမ)။

။ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးအား စွဲဆိုထားသည့် ပုဒ်မများနှင့် ပတ်သက်ပြီး သူ၏ ရှေ့နေမှ

အယူခံ တင်ခြင်းကို တရားရုံးချုပ်က ပယ်ချလိုက်သည်ဟု သိရသည်။ နှလုံးရောဂါ အခံရှိသူ အသက် ၃၀ နှစ်အရွယ် မစုစုနွေးအား ချမှတ်ခ့သဲ ည့် ပြစ်ဒဏ်များအပေါ် သူ၏ ရှေ့နေ ဦးမြင့်သောင်းမှ ပြီးခဲ့သည့် ၂၈ ရက်နေ့ နံနက်ပိုင်း အယူခံတင်မှုအား အဆိုပါ ညနေပိုင်းတွင် တရားရုံးချုပ်က ပယ်ချလိုက်ခြင်း ဖြစ်သည်။ “ကျနော် တရားရုံးချုပ်မှာ မစုစုနွေးကို စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်တဲ့ အယူခံတင်တယ်။ ဒီအမှုကို လက်ခံပေးဖို့ လျှောက်လဲချက်ပေးတယ်။ ဗဟိုတရားရုံးကို တင်တာ ပယ်လိုက်တာ”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များအတွက် အဓိက လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေ ဦးမြင့်သောင်းက ပြောသည်။ “ဗဟိုတရားသူကြီး ဒေါက်တာ တင်အောင်အေးက ညနေပိုင်းမှာ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ အချည်းနှီးနဲ့ ပိတ်လိုက်တယ်လို့ အမိန့်ချလိုက်တယ်” ဟု သူက ဆက်ပြောသည်။ အန်အယ်ဒီ အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်း ထန်းမနိုင်ကျေးရွာသူအား နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခ့သဲ ည်။ သူ့အား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ ၁၄၇ ဖြင့် ထောင်ဒဏ် ၄ နှစ်ခွဲ လျှော့ပေးခဲ့ရာ ယခု ထောင်ဒဏ် ၈ နှစ် ချမှတ်ခ့သဲ ည်။

မစုစုနွေး၏ အမဖြစ်သည် မဋ္ဌေးဋ္ဌေးကြည်က ပြီးခဲ့သည့် ဧပြီလတွင်း နောက်ဆုံး ထောင်ဝင်စာ သွားတွေ့ခ့ရဲာ ကျန်းမာရေး ဆိုးဝါးသဖြင့် ဆရာဝန်များတိုက်သည့် ဆေးကြောင့် အပြင်ဆေးရုံသို့ အရေးတကြီး ကုသခဲ့ရပြီး ယနေ့ထိ ထောင်ဝင်စာ မသွားတွေ့နိုင်သေးကြောင်း ပြောသည်။ “ဆေးသောက်ပြီးတော့ မခံနိုင်လို့ အသားတွေ တုန်လာတာနဲ့ အပြင်ဆေးရုံကို ခေါ်ပြရတယ်လို့ ပြောတယ်။ ရေ ဝအောင် မချိုးရဘူးလို့လည်း ပြောတယ်” ဟု သူက ပြောသည်။ မဋ္ဌေးဋ္ဌေးကြည်သည် ထောင်ဝင်စာ သွားတွေ့သည့် ဧပြီလ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ကလေးထောင်မှ ရန်ကုန်တိုင်း အင်းစိန်ထောင်သို့ ပြောင်းရွှေ့ပေးရန် အာဏာပိုင်များထံ စာတင်ခ့သဲ လို၊ ပြည်ထဲရေးရုံးသို့လည်း ဧပြီလ ၁၂ ရက်နေ့တွင် စာတိုက်မှတဆင့် တောင်းဆိုသည့် စာပေးပို့ခေ့ဲ သ်ာလည် ယနေ့ထိ ပြောင်းရွှေ့ပေးခြင်း မရှိသေးကြောင်း သူက ပြောသည်။ အလားတူ ပြီးခဲ့သည့် မတ်လ ကုန်ပိုင်းကလည်း အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့ထောင်တွင် အကျဉ်းကျနေသည့် မစုစုနွေးအား ၎င်း၏ ကျန်းမာရေး အခြေအနေအရ မိသားစုနှင့် နီးသည့် ဒေသဲ ည်။ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းများသို့ ပြောင်းရွှေ့ပေးရန် ပြည်ထဲရေးဝန်ကြီးထံ စာတထောင် ရေးသားပေးပို့ခ့သ မစုစုနွေးအား ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေးစာတမ်း ချိတ်ဆွဲခ့သဲ ဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ ----------------------------------------------------------------------------------------------------------------------------ဓနုတ်စေတီ သတင်းအမှောင်ချ၊ နိမိတ်ဆိုးဟု သုံးသပ် Monday, 01 June 2009 16:04 အောင်သက်ဝုငိး - ဧရာဝတီ E-mail Print လူ ၂၀ ထက် မနည်း သေဆုံးသွားသည်ဟု ယူဆရသည့် ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဓနုတ်စေတီ စနေနေ့က ပြိုကျမှုနှင့် ပတ်သက်ပြီး ရေးသား ဖော်ပြခြင်း မပြုရန် အာဏာပိုင်တို့က ရန်ကုန်မှ စာနယ်ဇင်းများကို တားမြစ်ထားပြီး၊ ဗေဒင်ဆရာများကမူ နိမိတ်ဆိုးဟု သုံးသပ်နေကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုက ပြန်လည် မွမ်းမံ ပြုပြင် လှုဒါန်းထားသော စေတီ ဖြစ်ခြင်းကြောင့် ထိုသို့ တားမြစ်ခြင်း ဖြစ်မည်ဟု အများက ယူဆနေကြသည်။ စစ်အစိုးရ ချုပ်ကိုင်ထားသည့် စာနယ်ဇင်းများတွင်လည်း အဆိုပါ သတင်းကြီးကို ၂ ရက် ကြာသည်အထိ ဖော်ပြခြင်း မပြုသေးပေ။ စေတီ ပြိုကျမှုကြောင့် ယခုအချိန်အထိ ဒဏ်ရာရသူပေါင်း ၁၅၀ နီးပါး ရှိသည်ဟု သိရသည်။ ဒေသခံများက လူ ၂၀ ထက် မနည်း အသေအပျောက်ရှိသည်ဟု ပြောကြသည်။ ထိခိုက် သေဆုံးသူများမှာ စေတီကို ငြမ်းဆင်ပြီး ပြင်ဆင် မွမ်းမံနေကြသော အလုပ်သမားများ၊ လုပ်အားပေးများ ဖြစ်သည်။ ဓနုတ် စေတီသည် ထူးခြားသော နိမိတ် လက္ခဏာများ ပြသပြီး ပြိုကျခဲ့ရာ အဆိုပါ ပြိုကျမှုသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် အစိုးရအဖွဲ့ မကြာမီ သေကြေ ပျက်စီးကိန်း ဆိုက်မည့် နိမိတ် လက္ခဏာများ ဖြစ်ကြောင်း ပြည်တွင်း နက္ခတ္တ ဗေဒပညာရှင် နှစ်ဦးက ပြောပြသည်။

“ပြဿဒါး နေ့ရက် အချိန်အခါမှာ လူပြဿဒါးနေ့ရက်ရယ်၊ နတ်ပြဿဒါး နေ့ရက်ရယ် ဆိုပြီး နှစ်မျိုး ရှိတယ်။ နတ်ပြဿဒါး ဆိုတာ လူပြဿဒါး နေ့ရက်ထက် ပိုဆိုးတယ်။ နတ်ပြဿဒါးနေ့ရက်မှာ စေတီ ပုထိုး ဘုရား တည်တာတွေ မလုပ်သင့်ဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် နဲ့အစိုးရအဖွဲ့ ဓနုတ်စေတီတော် မြတ်ကြီးရဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်တ့ေဲ န့က ၁၃၇၁ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ကြာသပတေးနေ့ (မေလ ၇ ရက်နေ့) က နတ်ပြဿဒါးနေ့ ကျနေတယ်” ဟု အသက် ၆၀ ကျော်အရွယ် နက္ခတ္တ ဗေဒ ပညာရှင်တဦးက ဆိုသည်။ “ဘုရား ဆင်းတုတော်တွေ၊ စေတီ ပုထိုးတွေကို တဦးချင်း ကိုယ်စားပြု သော်လည်းကောင်း၊ အများ ကိုယ်စားပြု သော်လည်းကောင်း တည်ထား ကိုးကွယ်တဲ့ အခါ၊ ပြုပြင် မွမ်းမံတ့အဲ ခါ ပျက်စီးခြင်း ဖြစ်ရင် နိမိတ်လက္ခဏာ ဗေဒကျမ်းတွေ အလိုအရ အရ ဒါက မကောင်းတဲ့ နိမိတ်။ မကောင်းတဲ့ နမိတ် ဆိုတဲ့ နေရာမှာ အကုသိုလ်ကံ အနည်း အများကို ကြည့်ပြီး သူလုပ်သမျှ မကောင်းမှုကို ပြန်ခံရမယ်” ဟု အခြား နက္ခတ္တဗေဒ ပညာရှင်တဦးကလည်း ပြောသည်။ ထေရ၀ါဒ ဗုဒ္စသာသနာ ကို ယုံကြည် သက်ဝင်၍ မဟုတ်ဘဲ အာဏာ တည်မြဲရေး အတွက် ကြားခံပစ္စည်း တခုသဖွယ် အသုံးချပြီး ယတြာအရ စေတီ၊ ဘုရားတည်ခြင်းမှာ လက်မခံနိုင်ဖွယ် ဖြစ်ကြောင်း၊ သာသနာ ကွယ်ပျောက်နိုင်ကြောင်း ရန်ကန်ုမြို့တော် မှ နာမည်ကျော် တရားဟောဓမ္မကထိက ဆရာတော်တပါးကလည်း မိန့်ကြားသည်။ “မီးကွင်းအောင်ဆိုပြီး ညောင်ပင်သား နဲ့ ဒက္ခိဏသာခါဘုရားထုပြီး ကိုးကွယ်တယ်။ ဘုရားကို ယုံကြည်သက်ဝင်လို့ မှ မဟုတ်ဘဲ ဘုရားကို မီးကင်းစောင့်ခိုင်းဖို့ ကိုးကွယ်သလို ဖြစ်နေတယ်။ အဲဒီလိုပဲ ကိုယ့်ရာထူး၊ ကိုယ့် အာဏာ၊ ကိုယ့်အသက် အိုးအိမ် စီးပွားတွေ တိုးတက်လာအောင် န၀င်းကိုးဂဏန်း ကျေအောင် ဆိုပြီး စေတီ ၉ ဆူ တည်တာတွေ လုပ်နေကြတယ်။ အဲဒီလိုမျိုး သာသနာကို သက်ဝင် ယုံကြည်လို့ မဟုတ်ဘဲနဲ့ ယတြာ ချေနေကြရင် သာသနာ ကွယ်လိမ့်မယ်၊ ဘုရားလည်း မကြိုက်ဘူး။ သမာဒေ၀ နတ်ကောင်း နတ်မြတ်တွေလည်း မကြိုက်ဘူး” ဟု အဆိုပါ ဆရာတော်က မိန့်ကြားသည်။ ဓနုတ် စေတီကို ဗိုလ်ချုပ်မှူးကြီး၏ မိသားစုက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူ ပူဇော်ခြဲ့ ပီး ၂၃ ရက် အကြာတွင် ထိုသို့ ပြိုကျခြင်း ဖြစ်သည်။ စေတီတော် ပြိုမကျမီ ထူးခြားသော နိမိတ် လက္ခဏာများ ပြသခဲ့သည်ဟု ဓနုတ် ကျေးရွာသားများ နှင့် စေတီတော် ပြုပြင် မွမ်းမံရာတွင် ပါဝင်ခေ့ဲ သာ အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။ “၃ နာရီ ၁၀ မိနစ်မှာ စပြီး ပြိုတယ်။ စေတီမပြိုခင် ၅ မိနစ် အလိုလောက်မှာ စေတီတော်ကြီးနဲ့ ရင်ပြင် တခုလုံး ဘာမှ မမြင်ရအောင် မှောင်မိုက်သွားတယ်။ စေတီတော် မြောက်ဘက်ကနေ အသံနက်ကြီးနဲ့ မီးလုံး အနီကြီး တက်လာတယ်။ ပြီးတော့ စေတီကြီးက တအား လှုပ်လာတယ်။ စေတီကြီးမှာ ဆင်ထားတဲ့ ၀ါးငြမ်းတွေ ပြုတ်ထွက်ကုန်တယ်။ “ကယ်ပါ” ဆိုတဲ့ အသံတွေကလည်း ညံသွားတယ်။ နောက်တော့ စေတီကြီး ပြိုသွားတယ်” ဟု အသက်ဘေးမှ လွတ်မြောက်ခြဲ့ ပီး နဖူးနှင့် လက်တွင် ဒဏ်ရာ အနည်းငယ် ရရှိခ့သဲူ ပန်းရံလုပ်သားတဦးက ပြောသည်။

အဆိုပါ ထူးခြားသည့် နိမိတ် လက္ခဏာများနှင့် ပတ်သက်ပြီး စေတီအနီး နေထိုင်ကြသူများ နှင့် ဘုရားဂေါပက အဖွဲ့ဝင် တချို့ကလည်း ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုကြသည်။ “စေတီပြိုတာ တအား ထူးဆန်းတယ်။ ရာသီဥတုကလည်း ကြည်လင် ကောင်းမွန်နေတဲ့ အချိန် ရုတ်ချည်း မှောင်မိုက်ပြီး အဲဒီလို ပြိုကျသွားတာ” ဟု ဓနုတ် စေတီ မုခ်ဦး အ၀င်ဝမှ စားသောက်ဆိုင် ပိုင်ရှင် တဦးက ဆိုသည်။ ကယ်ဆယ်ရေး လုပ်ငန်းများရှိသော်လည်း နှောင့်နှေးလွန်းသည်ဟု ဒေသခံများက ဝေဖန်ကြသည်။ “စေတီရင်ပြင်ကို ပိတ်ပြီး ဘုရားဆင်းတုတော်တွေ၊ ရွှေတွေ ရှာတယ်။ အပျက် အစီးအောက်မှာ ပိတ်မိနေတဲ့ သူတွေကို အမြန်ဆုံး ကယ်ထုတ်ဖို့ ဦးစားမပေးကြဘူး။ ဒါပေမယ့် အဲဒီ အပျက်အစီးတွေ ကြားမှာ ရှိတ့သဲူတွေလည်း ခုချိန် ဆို သေနေလောက်ပြီ” ဟု ဓနုတ် ကျေးရွာသားတဦးက ပြောသည်။ မေလ ၃၁ ရက်နေ့ မနက်ပိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းမြင့် အပါအ၀င် စစ်အစိုးရ ထိပ်တန်း အရာရှိကြီးများ လာရောက် ကြည့်ရှုချိန်ထိ စေတီတော် အုတ်ပုံ အပျက်အစီးများ အောက်တွင် လူ ၁၀ ဦးထက် မနည်း ပိတ်မိလျက်ရှိသည် ဟု သိရှိရသည်။ “စေတီကို ပတ်ပြီး ဆင်ထားတဲ့ ၀ါးငြမ်းတွေပေါ်မှာ ဆေးသုတ်တ့လဲူ၊ ပန်းရံ ကိုင်နေတဲ့လူ၊ အုတ်စီနေတဲ့သူ အများကြီး ရှိတယ်။ စေတီ ပြိုတအ့ဲ ချိန် ကရိန်းတွေနဲ့ အပျက်အစီးတွေ မပြီး ဒဏ်ရာရနေတဲ့လူတွေကို ကယ်ထုတ်တယ်။ ဒဏ်ရာရတဲ့လူတွေ တော်တော် များတယ်။ တချို့ဆိုရင် ၀ါးလုံးထိုးမိလို့ ဗိုက်ပွင့်ပြီး အူထက်ွနေတဲ့ သူတွေလည်းပါတယ်” ဟု ဒေသခံ တဦးက ရှင်းပြသည်။ စေတီပြိုကျပြီးနောက် ဒဏ်ရာရရှိသူ တရာကျော်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကြရာ မေလ ၃၀ ရက်နေ့ ညအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခ့ရဲ သည်ဟု သိရှိရသည်။ “အရေးပေါ် ရောက်ရောက်ချင်း ၂ ဦး ဆုံးတယ်။ နောက်ရောက်လာတဲ့သူတွေ တော်တော် များများ ကလည်း ဒဏ်ရာ ပြင်းထန်တယ်” ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ သူနာပြု ဆရာမတဦးက ပြောသည်။ ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့ အတွင်း ရှေးမြန်မာမင်းများ အဆက်ဆက်က တည်ထား ကိုးကွယ်ခ့ေဲ သာ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ဓနုတ်စေတီတော်မြတ်ကြီးသည် တန်ခိုးကြီး ထင်ရှားသော ဘုရားတဆူ ဖြစ်ပြီး ဉာဏ်တော် ပေ ၁၇၀ ကျော်ရှိသည်ဟု သိရသည်။ ၂၀၀၆ ခုနှစ်ကလည်း သဘာဝဘေးဒဏ်များကြောင့် ပြိုကျခဲ့ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် မိသားစုက ဦးစီးပြီး ပြုပြင် မွမ်းမံ တည်ထားချိန်တွင် ထပ်မံ ပြိုကျခြင်း ဖြစ်သည်။

စေတီ ပြိုကျမှုကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ ဘုရားဖူး ပြည်သူလူထုက နေ့စဉ် သွားရောက် ကြည့်ရှုနေကြပြီး နိုင်ငံရေး မငြိမ်မသက် ဖြစ်လာနိုင်သည် ဆိုသော ပြောဆိုချက်များ လူထုအတွင်း ပျံ့နှံ့လျက် ရှိသည်။ ဓနုတ် စေတီတော် ပြိုကျသည့် နေ့သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို စစ်အစိုးရ ဘက်တော်သားများက အကြမ်းဖက် ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်သည့် ဒီပဲယင်း ၆ နှစ်ပြည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင် ဖမ်းဆီး တရားစွဲဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ----------------------------------------------------------------------------------------------------------------------------ကရင် အမျိုးသမီးတဦး အုပ်စုလိကု မတရားကျင့်ခံရ Monday, 01 June 2009 17:37 ဇာနည်ဝင်း - ဧရာဝတီ ကော့ကရိတ် မြို့နယ်မှ ကရင် အမျိုးသမီး တဦးအား မြန်မာ့ တပ်မတော်မှ အရာရှိနှင့် တပ်သား ၃၀ ကျော်က ပြီးခဲ့သည့် ကြာသပတေးနေ့တွင် မတရား ပြုကျင့်ခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး ထိုင်းနိုင်ငံ အခြေစိုက် ကရင်သတင်းစဉ် (KIC)၏ သတင်း တပုဒ်တွင် ရေးသား ဖော်ပြထားသည်။ မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ ထီးဆဲလယ်ကျေးရွာရှိ ပြောင်းဖူးခြံတခုသို့ ရောက်လာသည့် စစ်ကြောင်းမှ ရဲဘော်များက အဆိုပါ အမျိုးသမီးကို တောတွင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး မတရားကျင့်ခြင်း ဖြစ်ကြောင်း၊ ထိုအချိန်တွင် ပြောင်းခင်းအတွင်း ခင်ပွန်းသည်လည်း ရှိနေကြောင်း သတင်းတွင် ဖော်ပြထားသည်။ဲူက ကြားပေမယ့် တအား ကြောက်ပြီး မသွားရဲဘူး “သူ့မိန်း မရဲ့ အော်သံဆူညံနေတာကို ယောက်ျား ဖြစ်တ့သ ဖြစ်နေတယ်”ဟု ရွာသားတဦးကို ကိုးကားပြီး KIC တွင် ရေးသားထားသည်။ အဆိုပါ စစ်ကြောင်းသည် အမှတ် ၂၈၃ ခြေလျှင်တပ်ရင်းမှ ဖြစ်ပြီး စစ်ကြောင်းတွင် ဦးဆောင်သူမှာ ဗိုလ်ကြီးဌေးဝင်း ဖြစ်သည်ဟု ဆိုသည်။ KIC သတင်းဌာန၏ ရေးသားချက်နှင့် ပတ်သက်ပြီး အာဏာပိုင်တို့က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပေ။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင်လည်း ပဲခူးတိုင်းအတွင်းရှိ အသက် ၇ နှစ်အရွယ် ကရင် မိန်းကလေး တဦး အဓမ္မကျင့်ပြီး ပစ်သတ် ခံခဲ့ရကြောင်း ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကရင် အမျိုးသမီး အစည်းအရုံး (KWO) ၏ ကြေညာချက် နှင့် ပတ်သက်၍လည်း အာဏာပိုငမ်ျားက တုံ့ပြန်ခြင်း မရှိပေ။ အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ တိုက်ပွဲများ ဖြစ်ပွားရာ နယ်စပ်ဒေသ တလျှောက်တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေကြောင်း အမျိုးသမီး အဖွဲ့များက ထောက်ပြထားသည်။

၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့သော KWO ၏ အစီရင်ခံစာ တွင်လည်း ယင်းကဲ့သို့ ဖော်ပြထားပြီး ၁၉၈၈ မှ ၂၀၀၄ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၂၅ မှု ဖြစ်ပွားခဲ့သည်ဟု စာရင်းပြုစုထားသည်။ ကျူးလွန်သူ ထက်ဝက်ခန့်သည် တပ်မတော် အရာရှိများ ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ၄၀ ရာခိုင်နှုန်း မှာ အုပ်စုလိုက် မုဒိန်းကျင့်မှု ဖြစ်ကြောင်း၊ ၂၈ ရာခိုင်နှုန်းတွင် ကျူးလွန်ခံရသူ အမျိုးသမီးများ အသက်ဆုံးရှုံး ခဲ့ရကြောင်း ဖော်ပြထားသည်။ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) ၏ “မုဒိန်းကျင့်ခငွ့်လိုင်စင်” အမည်ရှိ အစီရင်ခံစာ (၂၀၀၂ ခုနှစ်) တွင် စစ်အစိုးရ တပ်များ ရှမ်းပြည်နယ် အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသည့် မတော်မတရား မှုများကို ဖွင့်ချထားသည်။ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ငါးနှစ်ကြာ ကာလအတွင်း အမျိုးသမီး ၆၂၅ ဦးသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ ----------------------------------------------------------------------------------------------------------------------------မလေးရှားတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံနေရ Monday, 01 June 2009 18:42 ဘစောတင် ဧရာဝတီ မလေးရှား အစိုးရက မြန်မာနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသား အလုပ်သမားများကို ၂၀၀၉ ခုနှစ် ဇွန် လ (၁) ရက်နေ့မှ စတင်ကာ အလုပ်လုပ်ခွင့် မပြုဘဲ လိုက်လံဖမ်းဆီး လျှက်ရှိရာ ကွာလာလမ်ပူမြို့တော်ရှိ လူစည် ကားရာနေရာများ၌ အလုပ်သမား အများအပြား အဖမ်းခံရလျှက် ရှိကြောင်း သတင်းရရှိသည်။ ယနေ့ နေ့လယ်က ရာနှင့်ချီသော မလေးရှား အာဏာပိုင်များနှင့် ရလာ (RALA)များက စစ်ထရပ်ကား သုံးစီး ဖြင့် မြို့ထဲတွင် လိုက်လံဖမ်းဆီးရာ လူနှစ်ရာခန့် အဖမ်းခံရသည်ဟု ကွာလာလမ်ပူ အခြေစိုက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ကိုဇင်ထူးက ပြောသည်။ “ဒီကနေ့ နေ့လယ်ဘက်မှာ ပါသွားတာကတော့ ကွာလာလမ်ပြူ မို့ထဲက Midind ကုန်တိုက် ရှေ့မှာဖမ်းတာ၊ စစ်ထရပ်ကား သုံးစီးနဲ့ တင်သွားတာဗျ၊ လူ နှစ်ရာလောက်ရှိမယ်၊ ပြီးခဲ့တ့အဲ ပတ်ကလည်း ဆာလျန်းဈေးမှာ ၀င်ဆွဲတာ နှစ်ရာလောက်ပါသွားတယ်ဗျ၊ ကမ္ဘာ့စီးပွါးရေးပျက်ကပ်ဖြစ်တော့ သူတို့က နိုင်ငံခြားသား အလုပ် သမားတွေကို မလိုချင်တော့ဘူးလေ၊ သူ့ လူမျိုးတွေကို အစားထိုးခန့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နေမှာ၊ ဒီနေ့ စဖမ်းတာဆိုတော့ နောက်ရက်တွေမှာ ဘယ်လောက်ဖမ်းဦး မလဲမသိဘူး”ဟု ၎င်းက ပြောသည်။ ကွာလာလမ်ပူမြို့တော်ရှိ တရုတ်တန်းဈေး၊ ဆာလျန်းဈေး၊ ပူတူးဈေး၊ K L ပါဆာဈေး များတွင် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။ ကိုဇင်ထူးကဆက်လက်ပြီး“လွန်ခ့တဲ့ဲ ဆယ်ရက်လောက်ကတည်းက ဇွန်လ(၁)ရက်နေ့ကစပြီး နိုင်ငံခြားသား အလုပ်သမားတွေကို အကြီးအကျယ် နှိမ်နင်းမယ်လို့ကြေညာထားတော့ ဒီကနေ့ တရုတ်တန်းမှာ ဘယ်မြန်မာ မှ အလုပ်မဆင်းရဲကြဘူး၊ အဲဒီမှာ မြန်မာအလုပ်သမား ရှစ်ရာကျော်လောက် အလုပ်လုပ်နေကြတယ်၊ သူတို့  အားလုံးအခု

အလုပ်ပြုတ်သွားကြပြီ၊ အာဏာပိုင်တွေက တရားဝင်လာတဲ့လူဖြစ်ဖြစ် တရားမ၀င်ဘဲဖြစ်ဖြစ် အကုန်ဖမ်းမယ် ဆိုတော့လေ”ဟု ပြောသည်။ မလေးရှားအစိုးရက ထုတ်ပြန်ထားသည့် ကြေညာချက်တွင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းမိပါက ထောင်ဒဏ်နှင့် ကြိမ်ဒဏ် ပေးမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များကိုလည်း ဒဏ်ငွေရိုက်ခြင်း၊ ဆိုင် လိုင်စင် သိမ်း ခြင်းတို့အပြင် ဆိုင်ကိုပါ အသိမ်း ခံရမည်ဟု ပါရှိကြောင်း၊ ထို့ကြောင့် ဆိုင်ရှင်များကလည်း အလုပ်သမားများကို အသုံးမပြုဝံ့ကြတော့ကြောင်း ၎င်းက ဆိုသည်။ ယင်းသတင်းကို လွန်ခ့ေဲ သာ ဆယ်ရက်ခန့် က မလေးရှားနိုင်ငံ၏ ထင်ရှားသော သတင်းစာတစောင်ဖြစ်သည့် စတား (Star) သတင်းစာတွင် ရေးသားထားသည်။ လက်ရှိခြေအနေအရ မလေးရှားနိုင်ငံတွင် အလုပ်လုပကိုင်နေကြသော သိန်းနှင့်ချီသည့် မြန်မာအလုပ်သမား များသည် ဖမ်းဆီးခံရမည်ကို စိုးရိမ်ထိတ်လန့် လျှက်ရှိနေကြကြောင်းလည်း ကိုဇင်ထူးက ပြောဆိုသည်၊ မလေးရှားနိုင်ငံ၌ တရားဝင်ခေါ်စာနှင့်လာသော အလုပ်သမားများရှိသကဲ့သို့ တရားမဝင် နေထိုင် အလုပ် လုပ် ကိုင် နေကြသည့် မြန်မာအလုပ်သမားလည်း များစွာရှိကြောင်းသိရသည်။ ----------------------------------------------------------------------------------------------------------------------------ခြံဝင်းအတွင်း အသိမပေးဘဲ ဝင်ရောက်မှု ဒေါ်အောင်ဆန်းစုကြည် မကျေနပ် Monday, 01 June 2009 19:10 သန်းထိုက်ဦး - ဧရာဝတီ နအဖ အာဏာပိုင်များက ၎င်း၏ နေအိမ်ခြံဝင်းသို့ ဝင်၍ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ၀ီလျံ ယက်ထောအား မည်က့သဲို့ ၀င်ထွက်ခ့သဲ ည်ကို သရုပ်ပြရှင်းလင်းမှု ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှု မရှိဟု ပြောကြားကြောင်း သိရသည်။ လွန်ခ့သဲ ည့်မေလ ၃၀ ရက်နေ့က အင်းစိန်ထောင်အတွင်းရှိ ဧည့်ရိပ်သာတခု၌ လာမည့်သောကြာနေ့ တရားရုံး တွင် အမှုလျှောက်လချဲက်ပေးရန်အတွက် ၎င်းတို့နှင့် ဆွေးနွေးတိုင်ပင်ခြဲ့ ပီးနောက် ဒေါ်အောင်ဆန်းစုကြည်က ယခုက့သဲို့ ပြောကြားခဲ့သည်ဟု ရှေ့နေဦး ဉာဏ်ဝင်းက ဧရာဝတီသို့ပြောသည်။ “သူ့ကို တားဆီးထားတဲ့ အမိန့်လည်း ရုတ်သမိးပြီးပြီး၊ အသိမပေးဘူး၊ သဘောတူညီမှုလည်း မယူဘူး၊ ဒါကြောင့် သူအနေနဲ့ လုံးဝ မကျေနပ်ဘူး၊ ဒါဟာ တရား ဥပဒေအရ တရားမ၀င်တဲ့ လုပ်ရပ်ပဲဖြစ်တယ်”ဟု ၎င်းက ပြောဆို သည်။ ယခုကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်များနှင့်တွေ့ဆုံသည့်အခါ ပြောကြားမည် ဖြစ် ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။

မေလ ၃၀ ရက်နေ့က ရှေ့နေ့များဖြစ်သော ဦးဉာဏ်ဝင်း အပါဝင် ၊ ဦးကြည်ဝင်း ၊ ဒေါ်ခင်ဌေးကြွယ်နှင့်ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံခ့ေဲ ကြာင်း သိရသည်။ တရားခံ ဂျွန် ယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အင်းလျားကန်အတွင်းမှ မည်သို့ ဝင်၍ ပြန်လည် ထွက်ခွာလာသည်ကို ရှင်းလင်းစွာသိရှိရန် အာဏာပိုင်များက သွားရောက်သရုပ်ပြခိုင်းခဲ့ကြောင်း မေလ ၂၉ ရက်နေ့မှစတင်ကာ ၂ ရက် ဆက်တိုက် အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သည်။ အစိုးရ သတင်းစာတွင် ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး ရုံးထိုင်တရားသူကြီးများ ၊ ခရိုင် ဥပဒေ အရာရှိများနှင့် တရားခံ ရှေ့နေ ဦးခင်မောင်ဦးတို့သည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၅၉ ခ။ (၁)၊ တရားရုံးများလက်စွဲ အပိုဒ် ၆၂၁ ပြဌာန်းချက်များနှင့်အညီ အခင်းဖြစ်ပွားရာသို့ တရားခံနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း ရေးသားဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခ့သဲ ည့်မေလဆန်းပိုင်းက ၎င်း၏ အိမ်သို့ တိတ်တဆိတ် ၀င်ရောက်လာသော အမေရိ ကန် နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက် ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်ခ့သဲ ည်။ ထို့သို့ ခေါ်ဆောင်ခြဲ့ ပီးနောက် ပုဒ်မ ၂၂ ဖြင့် တရား စွဲဆိုလိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ ပြီးခဲ့သည့် သော ကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ကာ မေလ ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ လာမည့် သောကြာနေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးရန် တရားရုံးက ချိန်းဆို ထားသည်။ -----------------------------------------------------------------------------------------------------------------------------

တလမ်းသွား တရားဥပဒေ Monday, 01 June 2009 20:08 အေးချမ်းမြေ့ - ဧရာဝတီ လက်ရှိ ရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က သူ့တွင် လုံးဝအပြစ်မရှိပါဟု လျှောက် လဲခြဲ့ ပီးပြီ။ သူယုံကြည်သည့်အတိုင်း သူ့ရှေ့နေများကလည်း ကွင်းလုံးကျွတ်လွတ်ရမည့် အမှုတခုကို လိုက်နေ ရခြင်းသာ ဖြစ်ကြောင်း ပြောကြသည်။ “ကျနော်တို့ လက်ထဲမှာ အနိုင်ရမယ့်အမှုတခု ရောက်နေတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦး ဖြစ်သူ ဦးကြည်ဝင်းက ပြောသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့်အမှုက ရှင်းလင်းလျှက်ရှိသည်။ မစ္စတာ ဂျွန် ဝီလျံ ယက်ထော သူ့နေအိမ်အတွင်း မဝင်ရောက်မီအခြေအနေကို ဆန်းစစ်ကြည့်မည် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျခံနေရသူတဦး ဖြစ်သည်၊ သူ့အနေနှင့် အိမ်အပြင်သို့ လုံးဝ ထွက်ခွင့်မရှိ၊ ပြင်ပမှ မည်သူတစုံတဦးမျှ သူ့ထံလာရောက်ဆက်သွယ်ခွင့်မရှိ၊ သူကိုယ်တိုင်လည်း ပြင်ပမှ လူများထံ သွားရောက် ဆက်သွယ် စကားပြောခွင့်မရှိ။ ထိုအချက်များနှင့်ပင် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း သိသာနေပြီး ကွင်းလုံးကျွတ် လွတ်ရမည့် အနေအထားဖြစ်သည်ဟု သူ့ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ယုံကြည်ထားသည်။ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က စင်ကာပူတွင်ပြုလုပ်သော အစည်းအဝေး၌ “အပြစ် ကျူးလွန်သူကို အပြစ်မပေးရင် မင်းမဲ့စရိုက် ပေါ်ထွန်းလာမယ်၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်လာမယ်” ဟု ပြောခဲ့သည်။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးရန် ယခုက့သဲို့ အမှုဆင်ကြခြင်းလားဟု မေးစရာရှိပါသည်။ နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၇ ရက်နေ့အထိ နေအိမ်အကျယ်ချုပ် ကျခံ နေရစဉ် ၆ နှစ်တာ ကာလအတွင်း မည်သည့် ဥပဒေချိုးဖောက်မှု တစုံတရာကိုမျှ ကျူးလွန်ခြဲ့ ခင်းမရှိကြောင်း ဦးကြည်ဝင်းက အတည်ပြုပြောကြားသည်။ စစ်အစိုးရက စွဲချက်တင်ထားသည့် ပုဒ်မ ၁၀ (ခ) အရဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်က နိုငင်ံခြားသံရုံးများ သို့မဟုတ် နိုင်ငံရေးပါတီအဖွဲ့အစည်း တခုခုနှင့် ဆက်သွယ်သူ ဖြစ်ရမည်။ ဆိုခ့သဲ ည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ကျခံနေရသည့်အတွက် မည်သည့် သံရုံး၊ မည်သည့်အဖွဲ့အစည်းတစုံတခုနှင့်မှ တိုက်ရိုက်သော်လည်းကောင်း၊ စာဖြင့် တစုံတဦးကို တဆင့်ခံ၍ သော် လည်းကောင်း၊ တယ်လီဖုန်းဖြင့် သော်လည်းကောင်း ဆက်သွယ်မှု မပြုလုပ်ခ့။ဲ ဆက်သွယ်ရန် အခွင့်အရေးလည်း မရခဲ့။ တကယ်တမ်းအပြစ်ရှိသူမှာ မစ္စတာ ဂျွန် ဝီလျံ ယက်ထောသာ ဖြစ်သည်။ သူ့ကို ဒေါ်အောင်ဆန်းစုကြည်က မဖိတ်ခေါ်ဘဲ၊ သူဝင်လာသည်ကို မသိဘဲ ဝင်ရောက်ခြဲ့ ခင်းဖြစ်သည်။ ထို့ကြောင့် သူသာလျှင် ဥပဒေကို ချိုးဖောက်သူဟု ဦးကြည်ဝင်းက ပြောသည်။ဲ သ်ာလည်း မစ္စတာ ယက်ထောက ဒေါ်အောင်ဆန်းစုကြည်က မစ္စတာယက်ထောကို ချက်ချင်းထွက်သွားဖို့ ပြောဆိုခ့ေ ခေတ္တနေခွင့်ပြုပါရန် တောင်းပန်ခ့သဲ ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခွင့်ပြုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ယက်ထောကို သံသယရဲ့ အကျိုးကို ခံစားခွင့် ပြုတဲ့အနေနဲ့ ခဏ နေခွင့်ပေးခဲ့ တာပါ” ဟု ဦးကြည်ဝင်းက ရှင်းပြသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တရားခွင်တွင် ရပ်ရန်ပင် အကြောင်းမရှိ၊ တရားခွင်တွင် ရပ်နေရမည့် သူက မစ္စတာ ယက်ထော တဦးသာဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့တွင်အပြစ်မရှိဘဲ စွဲချက်တင်သူ စစ်အစိုးရကို အပြစ်မတင်သည့် အပြင် မည်သည့် တစုံတဦးကိုမျှ ထိခိုက်စေမည့် လျှောက်လဲချက်မျိုး တရားခွင်တွင် မလျှောက်လဲရန် ၎င်း၏ ရှေ့နေများအား ပြောခဲ့သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က “အန်ကယ်တို့အနေနဲ့ ဘယ်သူ့ကိုမှ ထိခိုက်သွားအောင် လျှောက်လဲတာမျိုး မလုပ်ပါနဲ့” ဟု ပြောခဲ့ကြောင်း ဦးကြည်ဝင်းက အံ့သြတကြီး ပြန်လည်ပြောပြသည်။ ဦးကြည်ဝင်းအနေနှင့် ထိုက့သဲို့သော ပုဂ္ဂိုလ်မျိုးကို တကြိမ်တခါမျှ မမြင်တွေ့ခဲ့ဘူးကြောင်းလည်း ပြောသည်။ “ဘာမှပြန်မပြောနိုင်လောက်အောင် ဖြစ်သွားတယ်။ ဒီလောက် သဘောထားကြီးတဲ့သူမျိုး တခါမှ မတွေ့ဖူးဘူး” ဟု သူက ဆိုသည်။ လတ်တလော ကာလ၌ ဒေါ်အောင်ဆန်းစုကြည်သည် သူနှင့်ပတ်သက်သည့် ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပေါ်နေ သော သတင်းများ၊ သူ့ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုမှုများ၊ နိုင်ငံတကာ အသိုင်းအဝန်း၏ ထုတ်ပြန်ချက်၊ ကြေညာချက်များကို အကန့်အသတ်ဖြင့်သာ ကြားသိရသည်။ ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းနှင့် အမေရိကန်သမ္မတ အိုဘားမားတို့ ထုတ်ပြန်ခ့ေဲ သာ ကြေညာ ချက်များအတွက် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သော်လည်း စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာပြည် တရားစီရင်ရေးကိုမူ မေးခွန်းထုတ်ခ့သဲ ည်ဟု ဦးကြည်ဝင်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်သမျှ တရားစီရင်ခ့သဲ ည့် အသေးစိတ်အချက်အလက် များကို နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သတင်းပေးပို့ရကြောင်း စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။ အမှန်ကမူ မည်သည့် ဒီမိုကရေစီ နိုင်ငံတွင်မှ တရားရုံးများ၏ တရားစီရင်မှုကို ခေါင်းဆောင်က စွက်ဖက်ပိုင်ခွင့်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်၏ အမှု ရုံးချိန်းကို ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့သို့ အကြောင်းပြချက် မပေးဘဲ ရွှေ့ဆိုင်း လိုက်ခြင်းသည်လည်း တရားသူကြီးများ၏ ဆုံးဖြတ်ချက်မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြစ်နိုင်ကြောင်း နိုင်ငံရေး သုံးသပ်သူများက ဝေဖန်ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နောက်ထပ် ရှေ့နေတဦးဖြစ်သည့် ဦးဉာဏ်ဝင်းက “တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး ကင်းမဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောတာ ဒါ ပထမ အကြိမ်မဟုတ်ဘူး။ ဖေဖော်ဝါရီလက မစ္စတာဂန်ဘာရီ လာခဲ့တုန်းကလည်း ပြောခဲ့ပါသေးတယ်” ဟု ဆိုသည်။ “ဒါ Constitutional Crisis ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း မဟုတ်ဘူး၊ Crisis of Constitution ဖွဲ့စည်းပုံ ဥပဒေရဲ့ အကျပ် အတည်း ဖြစ်နေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းကို မြန်မာပြည် တရား စီရင်ရေးနှင့် ပတ်သက်၍ ပြောခဲ့သည်။ အမှုရင်ဆိုင်ရန် ရုံးချိန်းကို ၁ ရက်နေ့မှ ၅ ရက်နေ့သို့ မည်သည့်အတွက်ကြောင့် ပြောင်းလဲ သတ်မှတ်လိုက်သည် ဆိုခြင်းကိုမူ ရှေ့နေ ၂ ဦးစလုံးက ထင်မြင်ချက်ပေးရန် ငြင်းဆိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရေးအတွက် နိုင်ငံတကာ၏ တောင်းဆိုမှုများနှင့် ဖိအားကို လျှော့ချရန် အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတွင် ထွက်ပေါက်တခု ကျန်နေသေးသည်ဟု ဆိုရပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆိုင်းငံ့ပြစ်ဒဏ် သတ်မှတ်၍ နေအိမ်အကျယ်ချုပ်အဖြစ် ပြန်ထားလိုက်မည် ဆိုလျှင် တချို့သော နိုငင်ံတကာဖိအားများ လျော့ကောင်း လျော့သွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ် ကြသည်။ သို့ရာတွင် အင်းစိန်ထောင် အထူးတရားရုံး၌ရင်ဆိုင်ရသမျှသော အမှုအားလုံး အစိုးရ၏ ကြီးလေးသော အပြစ်ဒဏ် ကျခံရသည့် သာဓကများရှိခ့သဲ ည်။ ဥပမာအားဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်း ဦး၊ နာမည်ကြီး သတင်းစာဆရာကြီးလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးလည်း ဖြစ်သူ ဦးဝင်းတင် အပါအဝင် တခြားသော ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများ၏ ဖြစ်ရပ်တို့က သက်သေခံလျှက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရသည့် အင်းစိန်ထောင် အထူးတရားရုံးသည် ဂ ငယ်ကွေ့ပြန်ကွေ့ရန် ခက်ခဲသော တလမ်းမောင်း လမ်းရှည်ကြီးဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ထိုသို့ ပြန်ကွေ့နိုင်ရန်အခွင့်အရေး လွန်စွာမှ နည်းပါးနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းကတော့ မျှော်လင့်ချက်ထားရမည်၊ မျှော်လင့်ချက်မ့၍ဲ မဖြစ်ဟု ဆိုသည်။

အောင်ဇော် ၏ Insein Prison Trial is a One-Way Street မှ အချက်အလက်တချို့ကို မှီငြမ်းရေးသားသည်။ -----------------------------------------------------------------------------------------------------------------------------

ရွှေဝါရောင်တော်လှန်ရေး ရှောင်တိမ်းလာသူများကို အထူးအစီအစဉ်အဖြစ် အမေရိကန်က ခေါ်မည် ခေတ်ပြိုင် - NEJ / ၁ ဇွန် ၂၀၀၉ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခြဲ့ ပီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာခဲ့ကြသူများထဲမှ (၁၀၁) ဦးကို အမေရိကန်သံရုံးမှ အထူးအစီအစဉ်တရပ်အဖြစ် အမေရိကန်နိုင်ငံသို့ အမြန်ဆုံးပို့ဆောင်ပေးမည်ဟု သံရုံးတာဝန်ခံတဦးက ပြောသည်။ တတိယနိုင်ငံသို့ ထွက်ခွာရန် ထိုင်း-မြန်မာနယ်စပ်တွင် ရောက်ရှိပြီးသူများထဲမှ ကျန်ရှိသူ (၁၀၁) ဦးကို ယနေ့နေ့လယ် က မဲဆောက်မြို့ရှိ ၀ပ်ဘိုးလဖား ဘုန်းတော်ကြီးကျောင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ IOM၊ UNHCR၊ JRS နှင့် ထိုင်းပြည်ထဲရေးဌာနမှ တာဝန်ရှိသူအချို့ လာရောက်တွေ့ဆုံခြဲ့ ပီး အမေရိကန်သံရုံးမှ တာဝန်ခံအရာရှိက ၎င်းတို့အား အမေရိကန်နိုင်ငံသို့ အမြန်ဆုံး ပို့ဆောင်ပေးမည်ဟု ပြောသည်။ ၎င်းအရာရှိက “ခင်ဗျားတို့ကို အထူးအစီအစဉ်တရပ်အနေနဲ့ အမေရိကန်နိုင်ငံက လက်ခံပြီး အမြန်ဆုံး ပို့ဆောင်ပေး မှာ ဖြစ်တယ်။ ဒါကြောင့် အခုသွားရမယ့်လူတွေအနေနဲ့ မဲဆောက်မှာ ဆန္ဒပြပွဲတွေမလုပ်ဖို့ ပြောချင်တယ်။ ဆန္ဒပြပွဲ တွေမှာ ပါဝင်မယ်ဆိုရင်တော့ အခုရရှိမယ့် အခွင့်အရေးတွေ ပယ်ဖျက်ခံရမယ်။ ခင်ဗျားတို့ ကို ဆန္ဒပြဖို့၊ မပြဖို့တော့ မပြောလိုပါဘူး” ဟု ပြောသည်။ အမေရိကန်သို့ ထွက်ခွာခွင့်ရရှိသူများထဲမှ ဒေါက်တာ ခင်မာထွေးက သံရုံးတာဝန်ခံအား “အခုလူတွေ အကုန်လုံးသွား ရမှာလား၊ မသွားရမယ့်လူတွေကော ရှိနိုင်ပါသလား” ဟု မေးမြန်းရာ သံရုံးတာဝန်ခံက အကုန်သွားရမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။ ဒုက္ခသည် စခန်းသို့ ၀င်ရောက်ရမည့်ကိစ္စနှင့် ပတ်သက်၍ မ၀င်ရောက်လိုသူများအနေဖြင့် ယခုအစီ အစဉ်မှ ပယ်ဖျက်ခြင်းခံရမည်ဟု သံရုံးတာဝန်ခံက ပြောသည်။ အဆိုပါ (၁၀၁) ဦးမှာ ယခုအပတ်အတွင်း မဲဆောက်မြို့ရှိ ဒုက္ခသည်များအတွက် အဆင့်ဆင့်လုပ်ဆောင်ခြင်း ဌာနတွင် သွားရောက်နေထိုင်ရမည်ဖြစ်ပြီး ၎င်းဌာနမှတဆင့် မယ်လဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့နေထိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် မယ်လဒုက္ခသည်စခန်းမှတဆင့် ဇူလိုင်လ (၁၀) ရက်နေ့ မတိုင်ခင် အမေရိကန်နိုင်ငံသို့ ထွက်ခွာရမည်ဖြစ်သည်ဟု UNHCR မှ ပေးသည့် ကြေညာချက်တွင် ဖော်ပြထားသည်။ မယ်လဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်စဉ်ကာလအတွင်း ၎င်းတို့၏ စားဝတ်နေရေး ကိစ္စများကို ထိုင်းအစိုးရ မှ စီစဉ်ဆောင်ရွကသ်ွားမည်ဖြစ်သည်။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခြဲ့ ပီး နအဖ၏လိုက်လံနှိမ်နှင်းမှုကြောင့် လူ (၂၀၀) ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာပြီး သံဃာတော် အပါး (၃၀) နှင့် ကဗျာဆရာ အောင်ဝေးအပါအ၀င် လူ (၈၀) ခန့်မှာ တတိယနိုင်ငံများသို့ ရောက်ရှိသွားပြီး ယခုထွက်ခွာရမည့် (၁၀၁) ဦးမှာ အထူးအစီအစဉ်အဖြစ် အမေရိကန်သို့ ထွက်ခွာရမည်ဖြစ်သည်။

သခင်သိန်းဖေ ၉၃ နှစ်မြောက် မွေးနေ့ ကျင်းပ မင်းနိုင်သူ / ၁ ဇွန် ၂၀၀၉

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ (၉၃) နှစ်ပြည့် မွေးနေ့ပွဲကို ၎င်း၏ နေအိမ်၌ ယနေ့ ကျင်းပသည်။ အဆိုပါမွေးနေ့ပွဲသို့ လုပ်ဖော်ကိုင်ဖက် ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ဦးဝင်းတင်၊ သခင်စိုးမြင့်စသည့် အန်အယ်လ်ဒီ ပါတီဝင်များနှင့် တိုင်းရင်းသားပါတီဝင်များ တက်ရောက်ကြသည်။ “အခမ်းအနားကိုတော့ အကျယ်မချဲ့တော့ပါဘူး။ နှစတိုင်းလည်းလုပ်နေကြပါပဲ။ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားတွေ လာကြပါတယ်။ အမြင်တူသူရော၊ အမြင်မတူသူရော အားလုံးလာကြပါတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။ သခင်သိန်းဖေသည် ၀ါရင့်နိုင်ငံရေးသမားကြီးများက အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်မေ (၂၅) ရက်၌ စာရေးသား တိုက်တွန်းခဲ့ရာတွင် ဦးဆောင်ခ့သဲူဖြစ်သည်။ “၀ါရင့်နိုင်ငံရေးသမားတွေ တိုင်ပင်ဆွေးနွေးပြီး ပေါ်ထွက်လာတာကို သခင်သိန်းဖေက အားလုံးကိုယ်စား လက်မှတ်ရေးထိုးပြီး နေပြည်တော်ကို ပို့ထားပါတယ်” ဟု နိုင်ငံရေးသမား ဦးခင်မောင်ကြည်က ပြောသည်။ အဆိုပါစာတွင် အချက် (၇) ချက်ပါရှိပြီး တိုင်းပြည်၌ အမျိုးသားမသင့်မြတ်မှုများ ပေါ်ပေါက်နေသည်မှာ ကာလကြာရှည၍် လူထုမှာ အကျပ်အတည်းအခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေကြရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား အမှုဖွင့် စစ်ဆေး အရေးယူနေသည်ကို များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ ယင်းကိစ္စရပ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဟန့် အတားဖြစ်စေနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် လူထုထောက်ခံမှုရရှိနေသော ခေါင်းဆောင်တဦးဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံထူထောင်ရေးတွင် မပါမဖြစ် ပါဝင်ရမည့် သူတဦးဖြစ်ကြောင်း၊ သို့ကြောင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖော်ဆောင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် အစရှိသဖြင့် တိုက်တွန်းထားသည်။ -----------------------------------------------------------------------------------------------------------------------------

ပြည်တွင်းဂျာနယ်အချို့ သတင်းထောက်အားဖြည့် အောင်ထက် / ၁ ဇွန် ၂၀၀၉ ယခုသီတင်းပတ်အတွင်း ရန်ကုန်မြို့မှ အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ်များတွင် သတင်းထောက်ရာထူး ခေါ်ယူမှု များပြားလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မေ (၂၂) ရက်တွင် အလဲဗင်းမီဒီယာဂရုမှ ပညာသင် သတင်းထောက်ရာထူး အင်တာဗျူး ဖြေဆိုသူ လူငယ် (၃၀) ကျော် ရှိသည်ဟု ပြည်တွင်းဂျာနယ်တခုမှ သတင်းထောက်တဦးက ပြောသည်။ မေ (၂၇) ရက်ကလည်း ပေါ်ပြူလာသတင်းဂျာနယ်အတွက် သတင်းထောက်လျှောက်ထားသူ (၁၀၀) ကျော် အင်တာဗျူး ၀င်ရောက် ဖြေဆိုကြပြီး (၇) ဦးသာ ရွေးချယ်မည်ဟု သိရသည်။ ပေါ်ပြူလာသတင်းဂျာနယ်သည် ဒု-ဗိုလ်ချုပ်ကြီး ၀င်းမြင့် (ငြိမ်း) ၏ သမီးဖြစ်သူ ဒေါ်နန်းကလျာဝင်း ပိုင်ဆိုင်သော ဂျာနယ်တစောင်ဖြစ်သည်။ “အခုလို သတင်းထောက် ခေါ်ယူမှု များပြားလာတဲ့အဲ ပေါ် အလာအလာကောင်းတဲ့ လက္ခဏာလို့ ယူဆစရာ ရှိပေမယ့် သတင်း လွတ်လပ်ခွင့် ကန့်သတ်ချုပ်ချယ်မှုများနေတဲ့အပေါ်မှာ စဉ်းစားစရာတွေ အများကြီးရှိပါတယ်” ဟု ၀ါရင့် သတင်းစာ ဆရာကြီးတဦးက ပြောသည်။ သတင်းထောက်တာဝန် ထမ်းဆောင်လိုသူ လူငယ်များသည် သတင်းသမားတဦး၏ တာဝန်သိ၊ သစ္စာရှိ၊ စွန့်လွှတ် အနစ်နာ ခံလိုစိတ်၊ အမှန်တရားကို မီးမောင်းထိုးပြမည့် ပြည်သူ့ဘက်တော်သား သတင်းသမားအဖြစ် ခံယူကာ သတင်း လောကတွင်း ၀င်ရောက်သင့်ကြောင်း၊ မိသားစုစားဝတ်နေရေးနှင့် အလုပ်အကိုင် ရှားပါးခြင်း တို့ကြောင့် မဖြစ်သင့်ကြောင်း ၎င်းက ပြောကြားသည်။ သတင်းထောက်သည် မီးလောင်ပြင်၌ ရှိနေစရာမလိုဘဲ ဆူးလေဘုရားလမ်းမကြီးပေါ်ရှိ ဗဟိုမီးသတ်၊ မြောက်ဥက္ကလာရှိ မီးသတ်ဦး စီး (ရုံးချုပ်) တို့မှ ထုတ်ပေးသော သတင်းနှင့်ပုံကို စောင့်ယူရေးသားနေရခြင်းမျိုး၊ ယနေ့ မီဒီယာထိပ်တန်းရောက် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများ ဖော်ပြရာ၌ နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်နှင့် သွေဖည်၍ မရခြင်းမျိုးတို့သည် မြန်မာပြည် သတင်းလောက၌သာ ရှိသည်ဟု သတင်းစာဆရာ အများစုက ပြက်ရယ်ပြုကြသည်။ ရန်ကုန် မီဒီယာလောကတွင် ပေါ်ပြူလာ သတင်းဂျာနယ်နှင့် မုခ မဂ္ဂဇင်းတို့ကို နေ့စဉ်ထုတ်သတင်းစာ လုပ်ပိုင်ခွင့် ချပေးမည်ဟု သီးခြားအတည်မပြုနိုင်သေးသည့် သတင်းများထွက်ပေါ်နေသည်။ မုခ မဂ္ဂဇင်းသည် ဒု-ဗိုလ်ချုပ်ကြီးခင်မောင်သန်း(ငြိမ်း) ၏ သမီး ဒေါ်ဟေမာခင်မောင်သန်း ပိုင်ဆိုင်သည်ဟု သိရပြီး မကြာမီ ရှေ့သီတင်းပတ်များအတွင်း Myanmar Post သတင်းဂျာနယ်နှင့် တာဝန်ခံ ဇောရိုး စီစဉ်သည့် ဂျာနယ်တစောင် ထွက်ရန် ရှိသည်ဟု သိရသည်။

Related Documents


More Documents from "Moe Ma Ka"