jrefrmppftkyfpkacgif;aqmif AkdvfcsKyfoef;a&$&Jh bk&m;zl;[efjy oD&dvuFmc&D;pOf udkudk? Edk0ifbm 17 &uf/ 2009 ယခင် မြန်မာ စစ်အာဏာရှင်များကို ဖမ်းဆီး ထောင်ချ သတ်ဖြတ်ပြီး လက်ရှိ စစ်အာဏာရှင်စနစ်ကို ထူထောင်ထားတဲ့ မြန်မာစစ်အုပ်စုခေါင်းဆောင်
ဗိုလ်ချုပ်သန်းရွှေရဲ့ ဘုရားဖူးဟန်ပြ သီရိလင်္ကာခရီးစဉ်ဟာ ၂၀၀၉ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။
ဗိုလ်ချုပ်သန်းရွှေနဲ့ဇနီးတို့ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က သီရိလင်္ကာနိုင်ငံကို
ထွက်ခွာသွားခဲ့ပြီး သူနဲ့အတူ စစ်အုပ်စု အမှတ် ၃ ရာထူးရှိ သူရရွှေမန်းနဲ့ ဇနီး၊ အမှတ် ၄ ရာထူးရှိ သီဟသူရတင်အောင်မြင့်ဦးနဲ့ ဇနီး အပါအ၀င် စစ်အုပ်စုရဲ့ အရေးကြီးပုဂ္ဂိုလ်များကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ
သီရိလင်္ကာနိုင်ငံကို ရောက်ရှိနေချိန်မှာ စစ်အုပ်စု ၀န်ကြီးချုပ်ဆိုသူဟာ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးကို သွားရောက်
တက်ရောက်ခဲ့ပါတယ်။ စစ်အုပ်စု ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်ဟာ
အာဆီယံအစည်းအဝေးမှာ အမေရိကန်သမတ ဘာရတ်အိုဘားမားနဲ့ တစားပွဲထဲ ဓါတ်ပုံ မြန်မာ့အလင်း
ထိုင်ခွင့်ရရှိခဲ့ပါတယ်။
ဗိုလ်ချုပ်သန်းရွှေဟာ သီရိလင်္ကာမှာ ရောက်ရှိနေချိန်အတွင်း ကန္ဒီမြို့မှာ ကိန်းဝပ်စံပယ်တော်မူတဲ့ ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမြှော်ခွင့်
ရရှိခဲ့ပါတယ်။ သီရိလင်္ကာအစိုးရဟာ ဗိုလ်ချုပ်သန်းရွှေရဲ့ စွယ်တော် ဖူးမြှော်ခရီးစဉ်မှာ ရိုးရာအကများ၊ စွယ်စုံဆင်များနဲ့ ကြိုဆိုခဲ့ပါတယ်။ ထို့အပြင် ဗိုလ်ချုပ်သန်းရွှေဟာ နိုဝင်ဘာ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့များက သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ ကျောင်းတော်များ၊ ဆင်းတုတော်များ၊ ဒေသများကို သွားရောက် လေ့လာခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ဇနီးက ဟန်ပြ ဘုရားဖူးလုပ်ငန်းများ လှည့်လည် သွားလာနေစဉ် ဗိုလ်ချုပ်သန်းရွှေနဲ့အတူ
လိုက်ပါသွားတဲ့ စစ်အုပ်စုခေါင်းဆောင်များဟာ သီရိလင်္ကာအစိုးရနဲ့ စစ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးကြလိမ့်မယ်လို့ အများက ယူဆခဲ့ကြပါတယ်။ ဗိုလ်ချုပ်သန်းရွှေဟာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ်က ဧရာဝတီတိုင်း လှည့်လည်ရေးခရီးစဉ် သွားရောက်ခဲ့သလို အမေရိကန်သမတနဲ့ မြန်မာစစ်အုပ်စုတာဝန်ရှိသူတို့ တစားပွဲထဲထိုင် ဆွေးနွေးခွင့်
စတင်ရရှိတဲ့အချိန်မှာလည်း သီရိလင်္ကာနိုင်ငံကို သွားရောက် လည်ပတ်နေခဲ့ပါတယ်။ ထို တိုက်ဆိုင်မှုများနဲ့ ပတ်သက်ပြီး လေ့လာသူတဦးက “ဒီ ဖြစ်စဉ်တွေကို ဗိုလ်ချုပ်သန်းရွှေက တမင်တကာ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်အတွင်းမှာရော၊ မြန်မာပြည်သူတရပ်လုံးကရော အမေရိကန်ဘက်က မြန်မာစစ်အစိုးရအား လူလူသူသူ ပြန်လည် ဆက်ဆံလာတာကို သိတ်ပြီး စိတ်ဝင်စားပါတယ်။ အဲဒါကို သန်းရွှေ သိပါတယ်။ အဲဒီလို ပြန်လည် ဆက်ဆံလာတဲ့တချိန်ထဲမှာပဲ ဗိုလ်ချုပ်သန်းရွှေဟာ သူ လိုချင်တဲ့ စီးပွားရေးပိတ်ဆို့မှု
ရုတ်သိမ်းပေးနိုင်ဖို့အတွက် အနိမ့်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန် လွှတ်ပေးရပါလိမ့်မယ်။ အဲဒါကိုလည်း သူ မလုပ်ချင်ပါဘူး။ ဒ့ါကြောင့် စစ်တပ်အတွင်းနဲ့ ပြည်သူတွေအကြား အမေရိကန်နဲ့ မြန်မာဆက်ဆံရေး ပြန်လည် ပြေလည်လာတဲ့သတင်း
မထင်ရှားစေချင်တာရယ်၊ သူ့ကိုလည်း လူတွေ သတိထားမိအောင်ရယ် ရည်ရွယ်ပြီး အခုလို အချိန်ကိုက် ခရီးထွက်တာတွေ လုပ်ကိုင်တာ
ဖြစ်ပါတယ်။ နောက်တချက်ကလည်း တပ်ထဲမှာလည်း လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေတော့ ဘုရားကု သွား ကုတာ ဖြစ်ပါတယ်။ ဘုရားတရားကို ကြည်ညိုလို့ သွားပြီး ဖူးမြှော်တာ မဟုတ်ပါဘူး။ သူဟာ ယခင် မြန်မာ စစ်အာဏာရှင်များကို ဖမ်းဆီး ထောင်ချ သတ်ဖြတ်ပြီး သူ့အာဏာ တည်မြဲရေး လုပ်ခဲ့လေတော့ ၀ဋ်လည်မှာ ကြောက်လို့ ဘုရားဖူးတာ ဖြစ်ပါတယ်“ လို့ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ယနေ့မြန်မာသတင်းဌာနအား ပြောပြပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm