&efukef+rdKhwGif;u +rdKhe,frsm;udk }udKwif ta=umif;=um;jcif; r&SdbJ a&ay;a0rSK jzwfawmufcJh nDnD? atmufwdkbm 27 &uf/ 2009 ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ နေ့မအား ညမနား
တည်ဆောက်လျက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးမြို့တော် ရန်ကုန်မြို့ မြို့နယ်အချို့ရှိပြည်သူများဟာ မည်သည့် အကြောင်းကြောင်းကြောင့်မှန်း ကြိုတင် မသိရှိရဘဲ ၂၀၀၉ အောက်တိုဘာ ၁၉ ရက်နေ့က စတင်ကာ ရေပြတ်တောက်သွားခဲ့ရကြောင်း သတင်းရရှိပါတယ်။
ထို ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ခံတဦးက “ငါတို့ ရေ လေးရက်လောက် ပြတ်သွားတယ်။ တပတ်လုံးကို မအားလိုက်ရဘူး။ ရေပြတ်မယ်ဆိုတာ ကြို
အကြောင်းမကြားဘူး။ ရေဆွဲရတာ လက်မောင်း အောင့်လို့ သေတော့မယ်။ တရက်တော့ မိုးရွာလို့ ရေခံရတယ်။ ရေက သူများအိမ် သွားချိုးရတယ်။ သုံးရေအတွက် ရေသန့်ဘူးလည်း ၀ယ်သုံးလိုက်ရတယ်။ သောကြာနေ့ကျတော့ မီးပါ မလာတော့ဘူး။ အဲဒီတော့ မော်တာနဲ့ ရေတင်တဲ့ သူငယ်ချင်းအိမ်မှာလည်း ရေ မရတော့ဘူး“ လို့ မြန်မာစံတော်ချိန် အောက်တိုဘာ ၂၆ ရက်နေ့ နေ့လည်ပိုင်းက ပြောပြပါတယ်။ The Voice Journal (အောက်တိုဘာ ၂၆ နိုဝင်ဘာ ၁၊ ၂၀၀၉) မှ
ထိုသို့ ရေပေးဝေမှု ရပ်ဆိုင်းသွားခြင်းဟာ လျှပ်စစ်ဓါတ်အားနဲ့ သဘာဝဓါတ်ငွေ့ လုံလောက်စွာ မရရှိခြင်းကြောင့်ဖြစ်ကြောင်း၊ မကြာခင်မှာ ရေ ပြန်လည် ရရှိတော့မှာ
ဖြစ်ကြောင်း အောက်တိုဘာ ၂၆ နိုဝင်ဘာ ၁ ရက်၊ ၂၀၀၉ ထုတ် The Voice Journal
တွင် တဖက်ပါအတိုင်း ဖော်ပြထားပါတယ်။ ဒါ့ကြောင့်မို့ ရေ ပြတ်တောက်ကြောင်း ပြောဆိုတဲ့ ရန်ကုန်မြို့ခံကို ဂျာနယ်တွေထဲမှာ ရေးသားတဲ့အကြောင်း ပြောပြရာ သူက ဂျာနယ်မှာက ရေပြန်လာမှ ထည့်ရေးတာ လို့ ပြန်လည် ဖြေကြားပါတယ်။
ရန်ကုန်ကလာတဲ့သတင်းများအရ ရန်ကုန်မြို့မှာ မြို့နယ် ၁၀ မြို့နယ်ခန့် ရေ ပြတ်တောက်မှု ဖြစ်သွားကြောင်း၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ပေါက်သွားခြင်းကြောင့် ဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်မှာ ရေပြတ်တောက်ခြင်းနဲ့ ပတ်သက်ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ မတိုင်မီအထိ အစိုးရတိုက်ခန်းတခုမှာ
အနှစ်နှစ်ဆယ်ခန့် နေထိုင်ခဲ့သူတဦးအား မေးမြန်းကြည့်ရာ “စစ်အစိုးရ အာဏာမသိမ်းခင်ကဆိုရင် မှတ်မှတ်ရရ ရေတခါ ပြတ်ခဲ့ဘူးပါတယ်။
အဲဒီတုန်းက ကန်တော်ကြီးတို့၊ အင်းလျားကန်တို့ကို သွားပြီး ရေကူးကြရင်း ရေချိုးတာကို မှတ်မိပါတယ်။ အဲဒီတုန်းက ရန်ကုန်မြို့ လူဦးရေက
နည်းနည်းလေး၊ ရန်ကုန်ကို ရေပေးတာကလည်း ဂျိုးဖြူကန် တကန်ပဲ ရှိတာ။ ၁၉၈၀ လွန်ကာလတွေရောက်တော့ ရေပိုက်တွေက သံချေးတွေ
တက်ပြီး ရေလာနည်းကုန်ကြတယ်။ အဲဒီတော့ ကိုယ့်ဖာသာကိုယ် ပီဗီစီပိုက်တွေနဲ့ ၀ယ်ပြီး လဲ တပ်ရတယ်။ အပေါ်ထပ်တိုက်ခန်းတွေကျတော့ တတ်နိုင်တဲ့သူတွေက ကိုယ့် ရေစုတ်စက်နဲ့ ကိုယ် ရေတင်ကြတယ်။ အခု နောက်ပိုင်းမှာတော့ အပေါ်ထပ်တိုက်ခန်းတိုင်း ရေစုတ်စက် တပ်ကြရတယ်“ လို့ ပြောပြပါတယ်။ အနောက်နိုင်ငံရောက် မြန်မာနိုင်ငံသားတဦးကတော့ “မြန်မာပြည်တုန်းကတော့ ရေပြတ်တယ်၊ မီးပြတ်တယ်ဆိုတာကို အစိုးရတွေလည်း တိုင်းပြည်ကောင်းအောင် ကြိုးစားပြီးလုပ်တာပဲ။ အဆင်မပြေသေးလို့ နေမှာပေါ့လို့ တွေးမိခဲ့တယ်။ ဒီဘက်နိုင်ငံတွေ ရောက်တော့
နားလည်တာက ဒါတွေဟာ အခြေခံ လိုအပ်ချက်တွေပဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြစ်အောင် လုပ်ပေးရမယ့်တာဝန်ရှိတယ်။ ကိုယ်ကလည်း အချိန်တန်ရင် ရေဖိုး၊ လျှပ်စစ်မီးဖိုး အခွန်အခတွေ ပေးနေရတာပဲလို့ မြင်လာတယ်။ ကျွန်တော်တို့အားလုံးအနေနဲ့
ကျွန်တော်တို့ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေဆိုးကလွတ်အောင် တက်ညီလက်ညီ ကြိုးစားကြရင် တနေ့ကျရင်တော့ ဒီ အခြေအနေဆိုးက လွတ်မြောက်ရမှာပါ“ လို့ ဆိုပါတယ်။ နောက်ဆုံးရသတင်းများအရ လောလောဆယ်တော့ ရန်ကုန်မြို့မှာ ရေ ပြန်ရနေပြီလို့ ပြောကြပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm