ykodrfoabFm epfjrKyfrSK/ qlylrSKeJ@ 'Drdkua&pD &Edkif tygt0if jrefrmjynfowif;rsm; nDnD? Edk0ifbm 17 &uf/ 2009 နေမျိုးထွန်းသင်္ဘော နစ်မြုပ်မှု င၀န်မြစ်ကြောင်းတလျောက် ဧရာဝတီတိုင်း ပုသိမ်မြို့မှ သက်ကယ်တောင်ကျေးရွာသို့ ပြေးဆွဲနေတဲ့ နေမျိုးထွန်းသင်္ဘောဟာ နိုဝင်ဘာ ၁၅
ရက်နေ့ည ၇ နာရီ ၄၅ မိနစ်က မြစ်အတွင်း ရပ်နားထားတဲ့ ဒီဇယ်ဆီတင် တွဲသင်္ဘောကို တိုက်မိကာ နစ်မြုပ်သွားခဲ့ပါတယ်။ ခရီးသည် ၁၇၈ ဦး လိုက်ပါ စီးနင်းခဲ့တယ်လို့ ယူဆရပြီး ၁၂၆ ဦးကို ပြန်လည် ကယ်တင်နိုင်ခဲ့ပါတယ်။ နောက်ဆုံးသတင်းများအရ အလောင်းပေါင်း ၃၄
လောင်းကို ပြန်လည် ဆယ်ယူနိုင်ပြီး ၁၆ ဦး ပျောက်ဆုံးလျက် ရှိပါတယ်။ အများကတော့ ပျောက်ဆုံးနေသူများဟာ ရေထဲမှာ နစ်မြုပ်လျက် ကွယ်လွန်သွားပြီဖြစ်ကြောင်း သုံးသပ်ကြပါတယ်။
ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင်ဟု မန္တလေးထုတ် ရတနာပုံ သတင်းစာတွင် ဖော်ပြ မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့မှာ ၂၀၀၉ နိုဝင်ဘာ ၁၃ ရက်နေ့က ထုတ်ဝေတဲ့
ရတနာပုံသတင်းစာရဲ့နောက်ကျောဖုံးမှာ
တဖက်ပါပုံအတိုင်း ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် လို့ ပုံနှိပ် ဖော်ပြမိတဲ့အတွက် သတင်းစာတိုက်မှ တာဝန်ရှိသူများအားလုံးကို ဒေသဆိုင်ရာ
စစ်အုပ်စုက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။ ထိုသို့ ဖော်ပြမှုနဲ့ ပတ်သက်ပြီး
သတင်းစာတိုက်ဝန်ထမ်းအားလုံး အလုပ်ပြုတ်နိုင်ကြောင်း
သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ မြန်မာစစ်အစိုးရရဲ့ ၀ါဒဖြန့်သတင်းစာများအားလုံးမှာ စစ်အစိုးရရဲ့ မှိုင်းတိုက်စကားလုံးများကို မဖြစ်မနေ ထည့်သွင်း ဖော်ပြကြရပါတယ်။ ထိုသို့ ဖော်ပြမှုတွေကို သက်ဆိုင်ရာပုဂ္ဂိုလ်များက စစ်ဆေးကြရပါတယ်။ အဲဒီလို စစ်ဆေး ကြပ်မတ်နေတဲ့ကြားထဲက ဘာ့ကြောင့် အခုလို
ဖြစ်ပျက်ရတာလဲဆိုတာကို သိနိုင်ဖို့ ဖမ်းဆီးထားသူများကို စစ်အုပ်စုလက်ပါးစေများက စစ်ဆေးလျက်ရှိပါတယ်။ ရတနာပုံသတင်းစာကို မန္တလေးစည်ပင်သာယာအဖွဲ့က ထုတ်ဝေလျက်ရှိပြီး သတင်းစာတိုက်ဝန်ထမ်းများဟာ များသောအားဖြင့် ထောက်လှမ်းရေး၊ စစ်အုပ်စု ၀ါဒဖြန့်ချိရေးအဖွဲ့ဝင်များ ဖြစ်ကြပါတယ်။
ရန်ကုန်မြို့သတင်းများ ရန်ကုန်မြို့ တာမွေမြို့နယ် အချို့လမ်းများကို ကွန်ကရစ်လမ်းအဖြစ် ပြင်ဆင်နေကြောင်း သိရပါတယ်။ ပြင်ဆင် ပြုပြင်နေတဲ့ လမ်းများကတော့ သမိန်ဗရမ်းလမ်းနဲ့ အာသောကရပ်ကွက်ဘက်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။ ထိုသို့ လမ်းခင်းနေမှုများနဲ့ ပတ်သက်ပြီး “ငါတို့ ရန်ကုန်ကလမ်းတွေ အခု ကွန်ကရစ်လမ်းတွေ လုပ်နေတယ်။ တပိုင်းတစ အောင်သိန်းလင်းက ဟိုနား တပိုင်း ဒီနားတပိုင်းနဲ့ လေ“ ဆိုပြီး ရန်ကုန်မြို့ခံတဦးက ယနေ့မြန်မာသတင်းဌာနကို ပြောပြပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm
အခြားရန်ကုန်မြို့ခံတဦးကတော့ ရန်ကုန်မှာ အချိန်ပိုင်းနဲ့ လျှပ်စစ်မီး ဖြန့်ဝေမှုတွေ ပြန်လည် စတင်တော့မယ်လို့ ဆိုပါတယ်။ ဆင်ခြေဖုံးရပ်ကွက်နေ ပြည်သူတဦးကို မေးမြန်းကြည့်ရာ သူတို့ရပ်ကွက်မှာတော့ အချိန်ပိုင်းနဲ့ မီးပေးနေပြီလို့ ပြောပါတယ်။
မိုးတွင်းကာလလွန်တာနဲ့ တပြိုင်နက် ရန်ကုန်မြို့မှာ အချိန်ပိုင်းနဲ့ လျှပ်စစ်မီး ဖြန့်ချိနေတာ အနည်းဆုံး ဆယ်စုနှစ်တစုလောက် ရှိပြီ ဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်ထားမှုများအရ ရန်ကုန်မြို့ရှိ ရပ်ကွက်များကို အုပ်စုသုံးစု ခွဲထားပြီး အုပ်စုတစုကို ၈ နာရီကျ အလှည့်နဲ့ လျှပ်စစ်မီး ဖြန့်ဝေလျက် ရှိပါတယ်။
ပြည်သူများအား အကြောင်းမကြားဘဲ ရေဖြန့်ဝေမှု ရုတ်ချည်း ဖြတ်တောက်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်အဖွဲ့ဟာ ရန်ကုန်မြို့တွင်း
မြို့နယ်အချို့မှာ လူအားနဲ့ ရေတွင်းများ တူးဖော်နေပါတယ်။ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ပေါက်မှုကြောင့် ရေဖြန့်ဝေမှု ရပ်နားခဲ့ရတဲ့အတွက် သဘာဝဓါတ်ငွေ့ပိုက်လိုင်းသစ် သွယ်တန်းမှု ပြုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောကြပါတယ်။ အကြောင်းကြောင်းကြောင့် ရုတ်ချည်း
ရေဖြန့်ဝေမှု ဖြတ်တောက်ရမယ်ဆိုရင် အခုလို စနစ်တကျမဟုတ်တဲ့နည်းလမ်းနဲ့ တူးဖော်နေတဲ့ ရေတွင်းများကတဆင့် ရန်ကုန်ပြည်သူများကို ရေဖြန့်ဝေမယ်လို့ စည်ပင်သာယာပုဂ္ဂိုလ်များက မီဒီယာများကို ရှင်းပြပါတယ်။ နာရေးကူညီစောင့်ရှောက်မှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကျော်သူအား ငါးပေအကျယ် ငါးပေအနက် ရေမြောင်းတူးဖော်မှု မပြုတဲ့အတွက် ဖမ်းဆီး တရားစွဲမယ်လို့ ပြင်ဆင်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာအဖွဲ့ဟာ အခုအခါ သူတို့ရဲ့ ဥပဒေကို ပြန်လည် ပြင်ဆင်လိုက်ပြီး
ဦးကျော်သူကိုလည်း တရားမစွဲတော့ဘူးလို့ သိရပါတယ်။ ရေမြောင်းတူး ဥပဒေ ပြင်ဆင်ခြင်းနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင် များကို စည်ပင်သာယာအဖွဲ့က ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အခု ပြင်ဆင်ချက်အရ ရေမြောင်းတွေကို ပတ်ဝန်းကျင်ရှိ
ရေမြောင်းတွေအတိုင်း ဖောက်လုပ်ရမယ်လို့ ဆိုပါတယ်။ အဲဒီလို ပြင်ဆင်လိုက်တဲ့အတွက် ဦးကျော်သူကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ကျေးဇူးတင်နေပါတယ်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ဒိုင်နားလိုင်းကားများကို ဖြုတ်သိမ်းပြီး ကားကြီးများ အစားထိုး ပြေးဆွဲဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒိုင်နာကားဆိုတာကတော့ တိုယိုတာကုမ္ပဏီက ထုတ်လုပ်တဲ့ အပေါ့စား ကုန်တင်ယာဉ် ဒိုင်နာအမျိုးအစားကားများကို
ခရီးသည်ယာဉ်ကားအဖြစ် ပြောင်းလဲ အသုံးပြုခြင်းကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အခြားအမျိုးအစားများပါဝင်သော်လည်း အများစုကတော့ ဒိုင်နာအမျိုးအစား မော်တော်ကားများ ဖြစ်ပါတယ်။ များသောအားဖြင့် ၁၉၆၈ ခုနှစ်မှ ၁၉၉၅ ကာလအတွင်း ထုတ်လုပ်တဲ့
ဒိုင်နာအမျိုးအစားကားများကို ရန်ကုန်မှာ ခရီးသည်တင်ကားအဖြစ် ပြောင်းလဲ အသုံးပြုပါတယ်။ ထို ခရီးသည်တင်ကားများ မောင်းနှင်ကြတဲ့အခါ အပြိုင်အဆိုင် အလျင်အမြန် မောင်းနှင်ကြတဲ့အတွက် ခရီးသည်များက ကြောက်ကြောက်လန့်လန့်
စီးနင်းနေကြရကြောင်း၊ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားကြောင်း တိုင်တန်းမှုတွေလည်း အခါမလပ် ရှိနေပါတယ်။ ဒိုင်နာလိုင်းကားများကို ခရီးသည်တင်ကားကြီးများနဲ့ အစားထိုး ပြေးဆွဲဖို့ ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် မကြာခင် ရက်ပိုင်းအတွင်းက လူကူးမျဉ်းကြားမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေမှု ဖြစ်ရင် ယာဉ်မောင်းများကို သေဒဏ်အပြစ်ပေးမယ်ဆိုတဲ့ ပြောဆိုမှုများလည်း ကြားခဲ့ရပါတယ်။
ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံမှာ ပြီးခဲ့တဲ့အပတ်အတွင်းက စတင်ပြီး မိုက်ကယ်လ်ဂျက်ဆင်ရဲ့ နောက်ဆုံးအကတိုက်မှု မှတ်တမ်းအား ရုပ်ရှင်အဖြစ် တည်းဖြတ်ထားတဲ့ This Is It ရုပ်ရှင်ကား ပြသနေပြီ ဖြစ်ပါတယ်။ ထို ရုပ်ရှင်ကားဟာ ပထမပတ် ရုံတင်ပြသချိန်အတွင်း ကမ္ဘာတ၀ှမ်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိခဲ့ပါတယ်။ This Is It ရုပ်ရှင်ဟာ ဒုတိယပတ်မှာ နံပါတ် ၂ ဖြစ်ခဲ့ပြီး အခုတပတ်မှာတော့ နံပါတ်၅ နေရာမှာ ရှိနေပါတယ်။ မိုက်ကယ်လ်ဂျက်ဆင်ရဲ့ This Is It သီချင်းဟာလည်း ဘီလ်ဘုတ် အရောင်းမှတ်တမ်းစာရင်းအရ ၂ ပတ်တိတိ ထိပ်ဆုံးမှာ ရှိခဲ့ပြီး လက်ရှိစာရင်းအရ အမှတ် ၂ မှာ ရှိနေပါတယ်။
pmrsufESm - 2
rlydkif - ,ae@jrefrm