&Srf;trsdK;orD;a&;&mtzG@J u xkwfa0wJh wm;jrpfxm;aom jrifuGif;rsm; tpD&ifcHpm udkudk? Edk0ifbm 17 &uf/ 2009 နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်တဲ့ ရှမ်းအမျိုးသားနေ့မှာ ထိုင်းနိုင်ငံ၌
အခြေစိုက်တဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း (Shan Women's Action Network) က တားမြစ်ထားသော မြင်ကွင်းများ
အမည်ရှိ အစီရင်စာ ထုတ်ပြန်ခဲ့ပါတယ်။ ထို အစီရင်ခံစာမှာ ရှမ်း စော်ဘွားများရဲ့
ဟော်နန်းများ ဖျက်ဆီးခံခဲ့ရပုံ၊ ဟော်နန်းများကို လစ်လျူရှုခဲ့ပုံ၊ ဖျက်ဆီးခဲ့ပုံများကို ဖော်ပြထားသလို ရှမ်းပြည်နယ်မှာ တည်ဆောက်မယ့် ရေကာတာများအကြောင်း၊ ရှမ်းပြည်နယ်အတွင်းက အကျဉ်းထောင်များမှာ ဖမ်းဆီးထားတဲ့
နိုင်ငံရေးအကျဉ်းသားများ အကြောင်းများကို ရေးသားထားပါတယ်။ ထို့အပြင် နိုင်ငံရေးရည်ရွယ်ချက်နဲ့ မြန်မာစစ်အုပ်စု တည်ဆောက်ထားတဲ့ စေတီများ၊ ဘုရားရှင် ရုပ်ပွားတော်များအကြောင်းကိုလည်း ဖော်ပြထားပါတယ်။ အစီရင်ခံစာ ထုတ်ဝေရခြင်းနဲ့ ပတ်သက်ပြီး ရှမ်း အမျိုးသမီးရေးရာအဖွဲ့က
မွန်းတိန်ကို ဆက်သွယ်မေးမြန်းရာ ယဉ်ကျေးမှု ဖျက်ဆီးခံရခြင်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ မရှိသေးတဲ့အတွက် အခုလို
ထုတ်ပြန်ရခြင်းဖြစ်ကြောင်း စတင် ရှင်းပြပါတယ်။ သူက ဆက်လက်ပြီး “ဒီ စာအုပ်ထဲမှာ ရှမ်း ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့အကြောင်းတွေ ပါရှိတယ် လေ။ မြန်မာပြည်ကို သွားတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆိုရင် သူတို့ မြင်တွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့မြင်ကွင်းတွေ နောက်ကွယ်မှာ နအဖ ဖျက်ဆီးနေတဲ့အကြောင်းတွေ ဖြစ်ပေါ်နေပုံတွေကို သိစေချင်တယ် လေ“ လို့ ပြောပြပါတယ်။ ထို့အပြင် “ရှမ်းပြည်မှာတင် မကဘဲ အခြားတိုင်းရင်းသားဒေသတွေမှာလည်း ဖြစ်ပေါ်နေတယ် လေ။ သမိုင်းတွေကို ဖျောက်ဖျက်
ဖျက်ဆီးနေတယ် လေ။ ဒီ စာအုပ်ထဲမှာ ထောက်ပြတာက ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရှမ်းပြည်နယ်ထဲမှာ ထောင်ချထားတာကို ထောက်ပြထားပါတယ်။ သူတို့နေထိုင်နေတဲ့ နေရာတွေက ဝေးလံပြီး ရာသီဥတု ဆိုးရွားတဲ့နေရာတွေ၊ ရှမ်းပြည်ထဲမှာရှိတဲ့ ထောင်တွေထဲ ပို့နေတယ်ဆိုတဲ့ အကြောင်းကို အများသိစေချင်တယ်။ ဒီ အကျဉ်းသားတွေအပြင် ရှမ်းအမျိုးသားခေါင်းဆောင် ခွန်ထွန်းဦးကိုလည်း ပူတာအိုထောင်မှာ ပို့ထားတယ် လေ။ အဲဒီလို ပို့ထားခြင်းအားဖြင့် မိသားစုအတွက် အခက်အခဲ ဖြစ်တာပေါ့နော်။
ဘုရားတွေ စေတီပုထိုးတွေ တည်ဆောက်မယ်ဆိုရင် ဌာပနာထားတာကအစ၊ အဆင့်ဆင့် တည်ဆောက်တဲ့အခါ ရပ်ရွာအတွင်းရှိ ပြည်သူပြည်သားတွေ သံဃာတော်တွေကို စည်းဝေး တိုင်ပင်ပြီး လုပ်တဲ့ ရိုးရာဓလေ့ထုံးစံတွေ ရှိတယ်လေ။ စစ်အစိုးရက
ရွှေတိဂုံပုံတူစေတီတွေ တည်ဆောက်တဲ့အခါ ဒေသခံပြည်သူတွေရဲ့ ပါဝင်မှု မရှိဘူး။ ပြီးတော့ သူတို့ ဌာပနာလုပ်ချိန်မှာ ဘယ်သူမှ သွား
ကြည့်ခွင့် မရှိဘူး။ ဒီစေတီထဲမှာ ဘာတွေ ထည့်ထားတယ်ဆိုတာကို ဘယ်သူမှ မသိဘူး။ ဆောက်တဲ့အခါမှာ ဒေသခံတွေ စိတ်ဆန္ဒမပါဘဲ သွားပြီး တည်ဆောက်ကြရတော့ သူတို့အနေနဲ့ ကိုးကွယ်ရတာ တမျိုးဖြစ်နေကြတယ်။ နေရာတကာမှာ တည်ဆောက်သလို ဒေသခံတွေဆီက အလှူငွေတွေ အတင်းအဓမ္မ ကောက်ခံတယ်။ လူအင်အားကို အဓမ္မ အသုံးပြုတယ်။ ကျိုင်းတုံဟော်နန်းက ရှမ်းပြည်ထဲမှာဆိုရင် အကြီးဆုံးဟော်နန်းပေါ့နော်။ ဒီ ဟော်နန်းကို ၁၉၀၃ ခုနှစ်က တည်ဆောက်ခဲ့တယ်။ အဲဒီ ဟော်နန်းကို ရှမ်းအစိုးရရုံးအဖြစ် နှစ်ပေါင်း ၃၀ ကျော် အသုံးပြုခဲ့တယ်။ ဒီ ဟော်နန်းဟာ သမိုင်းအမွေအနှစ်လို့ ပြောရမှာပေါ့နော်။ ဒီ
ဟော်နန်းကို ၂၀၀၁ ခုနှစ်မှာ ဖြိုချခဲ့တယ်။ ဒေသခံတွေ၊ ဘုန်းတော်ကြီးတွေ ကန့်ကွက်ခဲ့ပေမယ့်လည်း ဖျက်ဆီးခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ကျိုင်းတုံဟော်တယ်ဆိုပြီး တည်ဆောက်ခဲ့တယ်။ တည်ဆောက်ပြီးတဲ့အခါ ဟော်တယ်မှာ သရဲခြောက်တယ်၊ လူတွေကလည်း မတည်းချင်ဘူးလို့ ပြောကြတယ်။ သရဲခြောက်လို့ ဟော်တယ်ကို မတည်းချင်သူတွေလည်း ရှိမှာပေါ့နော်။ တချို့ကလည်း
ဟော်နန်းနေရာဟောင်းကို ဟော်တယ်ဆောက်တဲ့အတွက် စိတ်ထဲမှာ စစ်အစိုးရကို မကျေနပ်လို့ မသွားချင်သူတွေလည်း ရှိတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm
ဘယ်နိုင်ငံမှာမဆို ကိုယ့်ရဲ့သမိုင်းတွေ ယဉ်ကျေးမှုတွေကို မွန်းမံ တည်ဆောက်ခဲ့ကြတယ်။ ကျမတို့ ရှမ်းပြည်မှာလည်း ဒီလိုပါပဲ။ ကျမတို့ရဲ့ သမိုင်း၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဂုဏ်ပြုချင်တယ်၊ ဆက်လက် တည်ရှိစေချင်တယ်။ သို့သော်လည်း ဒါတွေကို ဖျက်ဆီးပစ်၊
ပျောက်ပျက်အောင် လုပ်ပစ်ခံရတော့ စိတ်ထဲမှာ စိတ်မကောင်းဘူး။ ၀မ်းနည်းစရာတွေလည်း ဖြစ်တယ်။ စိတ်ထဲမှာလည်း မကျေနပ်မှုတွေ ဖြစ်တာပေါ့နော်“ လို့ ယနေ့မြန်မာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မြန်မာစစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်း သမိုင်းက အစ၊ မြန်မာလူမျိုးနွယ်စု အပါအ၀င် တိုင်းရင်းသားတရပ်လုံးရဲ့ ဇာတိပုညဂုဏ်မာနကို စနစ်တကျ ဖျက်ဆီးပစ်နေပါတယ်။ အဲဒီလို ဖျက်ဆီးနေခြင်းကို ဘယ်လို ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလဲ၊ ဘာ့ကြောင့် အခုလို ပြုလုပ်တာပါလဲဆိုတာကိုတော့ သက်ဆိုင်ရာပုဂ္ဂိုလ်များသာ သိရှိနိုင်မှာ ဖြစ်ပါတယ်။
pmrsufESm - 2
rlydkif - ,ae@jrefrm