e,l;a,muf+rdKhawmf0eftjzpf rdkufu,fvf bvGef;bwf wwd,t}udrf a&G;cs,fcH& udkudk/ Edk0ifbm 4 &uf/ 2009? ဘီလျံနာသူဋ္ဌေးကြီး မိုက်ကယ်လ် ဘလွန်းဘတ်ဟာ
နယူးယောက်မြို့တော်ဝန်အဖြစ် တတိယအကြိမ်မြောက် ရွေးချယ်ခံလိုက်ရပါတယ်။ တကယ်တော့ ပုဂ္ဂိုလ်တဦးတယောက်အနေနဲ့ နယူးယောက်မှာ
ရွေးကောက်ပွဲသက်တမ်း နှစ်ကြိမ်သာ ရွေးချယ်ခံပိုင်ခွင့် ရှိပါတယ်။ သို့သော်လည်း နယူးယောက်ရဲ့လက်ရှိအခြေအနေများကြောင့် မိုက်ကယ်လ်ဘလွန်းဘတ်ကို ချွင်းချက်နဲ့ တတိယအကြိမ်မြောက် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပေးခဲ့ပါတယ်။ မိုက်ကယ်လ် ဘရွန်းဘတ်ဟာ သူ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ Source: Forbes Magazine
မြို့တော်ဝန်လောင်း ၀ီလျံ သွန်မဆန် (William Thompson) ကို ၅၂ ရာခိုင်နှုန်း ၄၈ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိုက်ကယ်လ် ဘလွန်းဘတ်ဟာ
ဖီရိုရီလို လာ ဂွာဒီးယား (Fiorello La Guardia) ၊ ရောဘတ် ၀ဂ္ဂနာ (Robert Wagner) နဲ့ အက်ဒ် ကို့ဂ်ျ (Ed Koch) တို့ပြီးရင်
မြို့တော်ဝန်အဖြစ် တတိယသက်တမ်း တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခံရတဲ့ စတုတ္ထမြောက် ရွေးချယ်ခံရသူ ဖြစ်ပါတယ်။ နယူးယောက်ရဲ့
အချမ်းသာဆုံး၊ အမေရိကန်ပြည်ထောင်စုရဲ့ ၈ ဦးမြောက် အချမ်းသာဆုံး ဘလွန်းဘတ်ကုမ္ပဏီ ထူထောင်သူ မိုက်ကယ်လ် ဘလွန်းဘတ်ဟာ အမေရိကန်ဒေါ်လာ ၁၆ ဘီလျံ ချမ်းသာပြီး ရွေးကောက်ပွဲအတွက် ကိုယ်ပိုင်ငွေကြေးနဲ့ မီလျံ ၁၀၀ အကုန်အကျခံ မဲဆွယ်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ ကိုယ်ပိုင်ငွေကြေး အများဆုံး အသုံးပြု မဲဆွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ တနှစ်ကို လခ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာနဲ့ မြို့တော်ဝန်အဖြစ် လုပ်ကိုင်သူဖြစ်ပြီး ပြည်သူအများအသုံးပြုတဲ့ မြေအောက်ရထားကို အသုံးပြုကာ မြို့တော်ဝန်ရုံးကို နေ့စဉ် ရုံးတက်သူ ဖြစ်ပါတယ်။
တကယ်တော့ ဘလွန်းဘတ်ဟာ ဒီတခေါက် မြို့တော်ဝန် ရွေးကောက်ပွဲကို လွယ်လွယ်နဲ့ အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ သူနဲ့
ယှဉ်ပြိုင်အရွေးခံတဲ့ ဘီလ် (Bill) လို့လည်း လူသိများတဲ့ ၀ီလျံ သွန်မဆန် (William Thompson) ဟာ အများပြည်သူ ထည့်ဝင်ငွေနဲ့ ရွေးကောက်ပွဲဝင်ခဲ့သူဖြစ်ပေမယ့်လည်း လူမည်းနဲ့ စပိန်စကားပြောပြည်သူအများရဲ့ မဲတွေကို အရယူနိုင်ခဲ့ပါတယ်။ နယူးယောက်ရဲ့
ဘဏ္ဍာထိန်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘီလ်ဟာ ဒီမိုကရက်တစ်တွေ ကြီးစိုးတဲ့ နယူးယောက်ရဲ့ မြို့တော်ဝန်အဖြစ် တချိန်မှာ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ချက်ထားခံရသူ ဖြစ်ပါတယ်။ ဘလွန်းဘတ် အနိုင်ရခြင်းဟာ ဒီမိုကရက်တစ်တွေအဖို့ သက်တမ်း ၅ ခုမြောက် မြို့တော်ဝန် ရွေးကောက်ပွဲကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
ဘလွန်းဘတ်ဟာ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရပြီးနောက် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရသူ ဖြစ်ပါတယ်။ စီးပွားရေးသမားဖြစ်တဲ့ ဘလွန်းဘတ်ဟာ ရွေးချယ်ခံရပြီးတာနဲ့ ထိုစဉ်က မြို့တော်ဝန်ဖြစ်တဲ့ ရူဒီ ဂျူလီယာနီနဲ့အတူ တွဲပြီး ကမ္ဘာ့ကုန်သွယ်မှု အဆောက်အဦ ပျက်စီးမှုတွေ ရှင်းလင်းခြင်းကိစ္စမှ အစပြုကာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို စတင် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၁
စက်တင်ဘာ ၁၁ ရက်နေ့မှာ အကြမ်းဖက်သမားတွေက ကမ္ဘာ့ကုန်သွယ်မှု အဆောက်အဦကို လေယာဉ်နဲ့ ၀င်ရောက်တိုက်ခိုက်မှုဟာ
နယူးယောက်ရဲ့ စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။ သို့သော်လည်း ဘလွန်းဘတ်ဟာ သူ့ရဲ့ မြို့တော်ဝန်ပထမသက်တမ်းအတွင်း နယူးယောက်ရဲ့ စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူဟာ ဒုတိယသက်တမ်းကို အလွယ်တကူပဲ အနိုင်ရခဲ့ပါတယ်။
အခု သတင်းရေးသားနေချိန်အတွင်း ဘလွန်းဘတ်ရဲ့ ရွေးကောက်ပွဲ အောင်ပွဲခံစင်မြင့်မှာ အဲန်ဘီစီရုပ်သံ ညဘက် စကားပြောခန်း
ထုတ်လွှင့်သူ ဂျင်မီဖောလဲန် (Jimmy Fallon) က မိတ်ဆက်စကား ပြောခဲ့ပြီး မိုက်ကယ်လ်ဘလွန်းဘတ်က သူ့ရဲ့ ရွေးကောက်ပွဲအနိုင်ရမိန့်ခွန်း ပြောကြားခဲ့ပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm