w&kyfjynfeJ@ oG,fwef;aewJh "gwfaiG@eJ@a&eHydkufvdkif; udkudk/ Edk0ifbm 3 &uf/ 2009? အမေရိကန်ပြည်ထောင်စုက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု စတင်
ကျင့်သုံးပြီး ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ထိပ်တန်း အစိုးရအရာရှိတဦး မြန်မာပြည်ကို ရောက်ရှိနေချိန်မှာ
ရခိုင်ပြည်နယ်မှ တရုပ်ပြည် ကူမင်းနဲ့ နန်နင်းသို့ သွယ်တန်းတဲ့ ရေနံနဲ့
သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်းတွေကို အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။
ထို အကြောင်းအရနဲ့ ပတ်သက်ပြီး The World Street Journal က Myanmar's Neighbors Advance Pipeline Project သတင်းမှာ Source: World Street Journal
ရှမ်းပြည်နယ် သီပေါမြို့မှာ တရုပ် အင်ဂျင်နီယာ ၂ ဒါဇင်လောက် ၂၀၀၉
စက်တင်ဘာလကတည်းက ရောက်ရှိနေကြောင်း၊ မြေပြင်တိုင်းထွာမှုတွေ
ပြုလုပ်နေကြောင်း၊ မြို့အနီးရှိ မြစ်တခုကိုလည်း တံတားသစ် ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း အပါအ၀င် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းမှ
တရုပ်ပြည်သို့ သွယ်တန်းမယ့် သဘာဝဓါတ်ငွေ့လမ်းကြောင်းနဲ့ ကျောက်ဖြူမှ ကူမင်းအထိ သွယ်တန်းမယ့် ရေနံစိမ်းပိုက်လိုင်းအကြောင်း ရေးသား ဖော်ပြထားပါတယ်။
တရုပ်ပြည်ကို သွယ်တန်းမယ့် ဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းကြောင်းကို ၂၀၀၉ ခုနှစ် စက်တင်ဘာလကတည်းက စတင် တည်ဆောက်ဖို့ ပြင်ဆင် ထားသော်လည်း ကိုးကန့်ဒေသတိုက်ပွဲအပါအ၀င် အခြားအကြောင်းအချို့ကြောင့် အောက်တိုဘာ ၁ ရက်နေ့ကစတင်ပြီး လုပ်ငန်းများ
လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရ စွမ်းအင်ဝန်ကြီးဌာနဟာ ၂၀၀၉ ဇွန်လမှာ တရုပ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC China National Petroleum Corporation) နဲ့ မြန်မာတရုပ်ရေနံပိုက်လိုင်း တည်ဆောက်၊ လုပ်ကိုင်၊ စီမံခန့်ခွဲဖို့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။ ထို စာချွန်လွှာအရ ရေနံ တင်ပို့ သိုလှောင် သယ်ဆောင်မှုနဲ့ ပတ်သက်တဲ့ တည်ဆောက်ရေးလုပ်ငန်းများကို တရုပ်
အမျိုးသား ရေနံကော်ပိုရေးရှင်းက အခုလို စတင် တည်ဆောက်နေခြင်း ဖြစ်ပါတယ်။ ထို စီမံကိန်းအရ ၂၀၁၀ ခုနှစ်မှာ ရေနံဆိပ်ကမ်းနဲ့ သိုလှောင်ရေး အဆောက်အဦတွေ အပြီး တည်ဆောက်ရမှာဖြစ်ပါတယ်။
ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းမှ သဘာဝဓါတ်ငွေ့များကို တရုပ်ပြည် နန်နင်းမြို့အထိ ပိုက်လိုင်း သွယ်တန်း ပို့ဆောင်မှာ ဖြစ်ကာ
အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံများမှ သယ်ဆောင်လာမယ့် ရေနံစိမ်းများကိုတော့ ကျောက်ဖြူမြို့မှ ကူမင်းမြို့အထိ ပိုက်လိုင်း သွယ်တန်း
သယ်ဆောင်မှာ ဖြစ်ပါတယ်။ သဘာဝဓါတ်ငွေ့ သယ်ဆောင်မှု ပိုက်လိုင်းဟာ ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း ကမ်းလွန် သဘာဝဓါတ်ငွေ့တွင်းမှ စတင် သွယ်တန်းမှာဖြစ်ပြီး ရေနံကတော့ ကျောက်ဖြူမှ စတင် သွယ်တန်းမှာ ဖြစ်ပါတယ်။ လမ်းခရီးမှာ မကွေး၊ မန္တလေး၊ မေမြို့ (ပြင်ဦးလွင်)၊ သီပေါ၊ လာရှိုးမြို့တို့ကို ဖြတ်သန်းကာ တရုပ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမှာ ရေနံချက်စက်ရုံ တည်ဆောက်ပြီး တရုပ်နိုင်ငံရဲ့ ကုန်းတွင်းပိုင်းဒေသကို ဖြန့်ချိမှာ ဖြစ်ပါတယ်။ ထို စီမံကိန်းအရ တရုပ်ပြည်ကို သွားမယ့် ရေနံတင်သင်္ဘောတွေဟာ
မလက္ကာရေလက်ကြားကတဆင့် အရှေ့တောင်အာရှဒေသကို ဖြတ်စရာ မလိုတော့ဘဲ ကျောက်ဖြူကတဆင့် ပို့ဆောင်နိုင်မယ့်အတွက်
ကုန်ကျစရိတ် အများကြီး သက်သာသွားပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့လည်း တနှစ်ကို အမေရိကန်ဒေါ်လာ ၁ ဘီလံကျော် နှစ်ပေါင်း ၃၀ ခန့် ရရှိမှာ ဖြစ်ပါတယ်။ သဘာဝဓါတ်ငွေ့လမ်းကြောင်းကတဆင့် ၂၀၁၃ ခုနှစ် မေလမှ စတင်ကာ တနေ့ကို သဘာဝဓါတ်ငွေ့ ကုဗပေ သန်း ၅၀၀ ပို့ဆောင်မှာ ဖြစ်ပါတယ်။
တရုပ်တွေက ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု စတင် လုပ်ကိုင်နေချိန်မှာ ရွှေ သဘာဝဓါတ်ငွေ့ စီမံကိန်း ကမ်းလွန်သဘာဝဓါတ်ငွေ့စင် တည်ဆောက်မှု ကန်ထရိုက်ကို ကမ္ဘာပေါ်မှာ အကြီးဆုံး သင်္ဘောတည်ဆောက်ရေးလုပ်ငန်းဖြစ်တဲ့
pmrsufESm - 1
rlydkif - ,ae@jrefrm
ဟွန်ဒေးကုမ္ပဏီက ရရှိသွားပါတယ်။ ဒေ၀ူးကုမ္ပဏီကနေ ဟွန်ဒေးကုမ္ပဏီကို ပေးလိုက်တဲ့ အဲဒီ သဘာဝဓါတ်ငွေ့စင် တည်ဆောက်ရေး
စီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံ တန်ဖိုး ရှိပါတယ်။ အဲဒီ သဘောတူညီချက်စာချုပ်ကို မြန်မာစစ်အစိုးရရဲ့ သဘောတူညီချက် ရယူပြီး ဒီဇင်ဘာလအတွင်း ချုပ်ဆိုဖို့ ပြင်ဆင်ထားကြပါတယ်။
ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်း လှုပ်ရှားမှု (Shwe Gas Movement) က ကန့်ကွက်မှုများ
ဆက်တိုက် ပြုလုပ်နေရာ ၂၀၀၉ အောက်တိုဘာ ၂၈ ရက်နေ့က လူမှုအဖွဲ့အစည်းပေါင်း ၁၁၅ ဖွဲ့ ပါဝင်တဲ့ စုပေါင်း လက်မှတ်ရေးထိုးမှု ပြုလုပ်ပြီး တရုပ်အစိုးရထံ ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။ ထို လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်း လှုပ်ရှားမှုမှ
ကိုဝန်းအောင်က “ဒါဟာ ပထမဆုံးအကြိမ် တောင်းဆိုမှု ဖြစ်ပါတယ်။ သက်ဆိုင်ရာကုမ္ပဏီအနေနဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကို လိုက်နာကျင့်သုံးဖို့ မျှော်လင့်တယ်။ စီမံကိန်းတွေမှာ ပါဝင်တဲ့ အစုရှယ်ယာဝင်တွေ ပါဝင် ပတ်သက်နေသူတွေအနေနဲ့ စီမံကိန်းကို
လေ့လာသုံးသပ်ပြီး တရုပ်ပြည်က ပါဝင်ပတ်သက်နေတဲ့ တရုပ်ရေနံကုမ္ပဏီ (PetroChina Co. Ltd) နဲ့ တရုပ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC China National Petroleum Corporation) ကို ဖိအားပေးပြီး လေးလေးနက်နက် စဉ်းစားခိုင်းဖို့ မျှော်လင့်ပါတယ်“ လို့
ယနေ့မြန်မာသတင်းဌာနကို ရှင်းပြပါတယ်။ ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်းမှ ထွက်ရှိလာတဲ့ သဘာဝဓါတ်ငွေ့တွေကို ကနဦးက အိန္ဒိယနိုင်ငံသို့
ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့်လည်း မြန်မာ့အရေးဆိုင်ရာ ကုလလုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တခု ချမှတ်ရာမှာ တရုပ်အစိုးရက ဗီတိုအာဏာသုံး
ကန့်ကွက်ခဲ့မှုတခုဖြစ်ပေါ်ပြီးနောက် မြန်မာစစ်အုပ်စုခေါင်းဆောင်တို့က တရုပ်ပြည်ကို ပေါက်ဈေးထက် လျှော့ပြီး သဘာဝဓါတ်ငွေ့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာစစ်အုပ်စုက တရုပ်ပြည်ကို သဘာဝဓါတ်ငွေ့များ ရောင်းချဖို့ ဆုံးဖြတ်လိုက်စဉ် မြန်မာစစ်အုပ်စုနဲ့ အိန္ဒိယအစိုးရတို့ ကတောက်ကဆ ခေတ္တ ဖြစ်ပေါ်ခဲ့သော်လည်း ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်းအမည်နဲ့ ကုလားတန်မြစ်ကတဆင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကုန်းတွင်းပိတ်ဒေသများသို့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်မယ့် လုပ်ငန်းများကို အိန္ဒိယဘက်ကနေ လုပ်ကိုင်လာခဲ့ပါတယ်။
မြန်မာစစ်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ နီးနီးကပ်ကပ် ဆက်ဆံလိုတဲ့ လက္ခဏာများ ပြန်လည် ပြသလာချိန်မှာ တရုပ်နိုင်ငံရဲ့
အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအတွင်း သဘာဝဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းများ တည်ဆောက်ရေးလုပ်ငန်းများ စတင်လိုက်ခြင်းဟာ
တရုပ်အစိုးရရဲ့ နိုင်ငံရေး နည်းဗျူဟာတရပ်လေလားလို့ တွေးတောစရာ ဖြစ်နေပါတယ်။ မြန်မာစစ်အုပ်စုနဲ့ အမေရိကန်ပြည်ထောင်စုတို့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ မြန်မာပြည်သူများကို အကူအညီပေးရေး၊ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးကိစ္စများ ဆွေးနွေးနေချိန် တရုပ်အစိုးရကတော့ သူ့ရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို စိတ်အေးလက်အေး တည်ဆောက်သွားနိုင်တော့မှာ ဖြစ်ပါတယ်။
pmrsufESm - 2
rlydkif - ,ae@jrefrm