omoemhOao#mifqdkif&m owif;rsm; nDnD? Edk0ifbm 16 &uf/ 2009 သာသနာ့ဥသျှောင်အဖွဲ့ ဒု ဥက္ကဋ္ဌဆရာတော် မွေးနေ့ပွဲ ၁၉၈၈ အရေးအခင်းကာလက မန္တလေးတောင်ခြေ ရဟန်းပျိုအဖွဲ့ချုပ်
ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ပြီး ကနေဒါနိုင်ငံ မဟာဓမ္မိကကျောင်းတိုက် ဆရာတော်အဖြစ် သတင်းသုံးနေထိုင်လျက်ရှိကာ သာသနာ့ဥသျှောင်
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်နေတဲ့ ဆရာတော် ဦးကောဝိဒရဲ့ သက်တော် ၆၄ နှစ်ပြည့်
ပူဇော်ပွဲကို ကနေဒါနိုင်ငံ မဟာဓမ္မိကကျောင်းတိုက်တွင် နိုဝင်ဘာ ၁၅ ရက် (တနင်္ဂနွေနေ့) ၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
ဆရာတော်ရဲ့မွေးနေ့ အခမ်းအနားမှာ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ပရိသတ်များက
ငါးပါးသီလ ဆောက်တည်ကြပါတယ်။ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် သံဃာတော်များ နေ့ဆွမ်းဘုဉ်းပေးကြမှာပြီးနောက် ကြွရောက်လာကြတဲ့ ဧည့်ပရိသတ် ၁၀၀ ကျော်ကို ရွှေတောင်မုန့်တီနဲ့ ဧည့်ခံခဲ့ကြောင်း သိရှိရပါတယ်။
သာသနာ့ဥသျှောင်အဖွဲ့ ပထမအကြိမ် နိဗ္ဗာန်ဈေးပွဲတော်ကြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ သာသနာ့ဥသျှောင်အဖွဲ့ ညီမူရာခန်းမရဲ့ ပထမအကြိမ် နိဗ္ဗာန်ဈေးပွဲတော်ကို နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။ အဲဒီ
နိဗ္ဗာန်ဈေးပွဲတော်ကို PS 12, 7200 Woodside Avenue, Woodside NY 11377 တွင်ပြုလုပ်ရန် ပြင်ဆင်နေကြပြီး ဒို့ဗမာအငြိမ့်နဲ့ ဖျော်ဖြေ
တင်ဆက်မှာဖြစ်ကြောင်း သိရှိရပါတယ်။ ထို့အပြင် ရုပ်မြင်သံကြား၊ အိုင်ပေါ့၊ ကင်မရာ စသည့် ပေါက်မဲများ ပါဝင်တဲ့ ကံစမ်းမဲ ဖောက်ပွဲလည်း ပါဝင်ပြီး ရောင်းချမယ့် စားသောက်ဖွယ်ရာများကတော့ မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်း၊ ငချိပ်ပေါင်း၊ ဆီထမင်း၊ သကြားသာကူ၊
ထန်းလျက်သာကူ အပါအ၀င် အစားအသောက် အမျိုးအစားပေါင်း ၂၀ ကျော် ပါဝင်ပါမယ်။ ထို နိဗ္ဗာန်ဈေးရောင်းပွဲတော်သို့ ပီနန်ဆရာတော် အပါအ၀င် သာသနာ့ဥသျှောင် ဆရာတော်များ တက်ရောက်ကြမှာ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။
သာသနာ့ဥသျှောင်အဖွဲ့ နှစ်ပတ်လည် ညီလာခံ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်ညီလာခံကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ ပဲန် အမေရိကန်ဟော်တယ်တွင် ကျင်းပပြုလုပ်ဖို့ စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။ ညီလာခံကို ၂၀၀၉ ဒီဇင်ဘာ ၄ ရက် (သောကြာနေ့) နံနက် ၉ နာရီမှ ည ၈ နာရီအထိ Pan American Hotel, 7900 Queen Blvd, Elmhurst NY 11373 တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။
ထို ညီလာခံသို့ နိုင်ငံတကာရှိ သာသနာ့ဥသျှောင်အဖွဲ့ ဌာနခွဲဆရာတော်အချို့ နယူးယောက်မြို့ကို ကြွရောက် ဆွေးနွေးကြမှာ ဖြစ်သလို ညီလာခံ ကျင်းပနေချိန်တွင် နိုင်ငံတကာရှိ သံဃာတော်များ ၀င်ရောက် ဆွေးနွေးနိုင်ရန် Skype, Gtalk, VZO အစရှိတဲ့ ဆော့ဖ်ဝဲလ်များကို အသုံးပြုပြီး အင်တာနက်ကတဆင့် ဆက်သွယ် အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm