tmqD,HvlxktajcjyK tzG@J rsm;eJ@ tmqD,Htm%mydkifrsm; awG@qHka&; tqifrajy udkudk? atmufwdkb m 23 &uf/ 2009 ထိုင်းနိုင်ငံတောင်ပိုင်း ဟွာဟင်းမြို့မှာ ကျင်းပတဲ့ အာဆီယံညီလာခံမှာ
အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရွေးချယ်ထားတဲ့ လူထုအခြေပြုအဖွဲ့များရဲ့ ကိုယ်စားလှယ်များထဲက ငါးဦးကို အာဆီယံခေါင်းဆောင်တွေက တွေ့ဆုံဖို့
ငြင်းဆိုခဲ့ကြောင်း၊ ထိုသို့ ငြင်းဆိုခဲ့တဲ့အတွက် အခြား ကိုယ်စားလှယ်သုံးဦးက
အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ကိစ္စကို ငြင်းဆန်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အာဆီယံ လူထုအခြေပြုအဖွဲ့များဟာ အောက်တိုဘာ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ အစည်းအဝေး ကျင်းပကာ အာဆီယံခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ သူတို့ရဲ့ ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြပါတယ်။ ထိုသို့ ရွေးချယ်ခဲ့ကြရာမှာ
သက်ဆိုင်ရာနိုင်ငံများက လူထုအခြေပြု အဖွဲ့အစည်းများအကြား ဆွေးနွေးကြပြီး တနိုင်ငံကို လူထုအခြေပြုအဖွဲ့များရဲ့ ကိုယ်စားလှယ်တဦးနှုန်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အခု ပြုလုပ်နေတဲ့ အာဆီယံညီလာခံမှာ အာဏာပိုင်တွေနဲ့
လူထုအခြေပြုကိုယ်စားလှယ်များကို တွေ့ဆုံကြဖို့ အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။ သို့သော်လည်း ရွေးချယ်ထားတဲ့ လူထုအခြေပြုအဖွဲ့များရဲ့ ကိုယ်စားလှယ်များထဲက ငါးဦးကို အာဆီယံအာဏာပိုင်တွေက ပယ်ချခဲ့ပြီး စင်ကာပူနဲ့ မြန်မာစစ်အုပ်စုက သူတို့ စိတ်ကြိုက်
ရွေးချယ်ထားသူများနဲ့ အစားထိုးခဲ့ပါတယ်။ မြန်မာစစ်အုပ်စုက ရွေးချယ်တဲ့ လူထုအဖွဲ့အစည်း ကိုယ်စားလှယ်များကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဦးစစ်အေးနဲ့ ဦးဝင်းမြိုင်တို့ ဖြစ်ကြပါတယ်။ လူထုအခြေပြုအဖွဲ့များရဲ့ ကိုယ်စားလှယ်အဖြစ် ငြင်းဆိုခံရသူများကတော့ Mr. Nay Vanda (ကမ္ဘောဒီးယား) ၊ Mrs. Manichanh Philaphanh
(လော) ၊ Sister Crescencia L. Lucero (ဖိလစ်ပိုင်) ၊ Mr. Sinapan Samydorai (စင်ကာပူ) နဲ့ ခင်ဥမ္မာ (မြန်မာနိုင်ငံ) တို့ ဖြစ်ပါတယ်။ ထိုသို့ ငြင်းဆိုခံရပြီးနောက် ဆွေးနွေးပွဲကို မတက်ဘဲ ကန့်ကွက်ခဲ့သူများကတော့ Ms. Yuyun Wahyuningrum (အင်ဒိုနီးရှား) ၊ Mr. Moon Hui Tah (မလေးရှား) ၊ Ms. Sawart Pramoonsilp (ထိုင်း) တို့ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံများဟာ အာဆီယံပဋိညာဉ်ကို
လက်မှတ်ထိုးခဲ့ကြသလို လူ့အခွင့်အရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများ ပြုလုပ်ဖို့ အာသီသရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့တာမို့ လူထုအခြေပြုအဖွဲ့များရဲ့ ကိုယ်စားလှယ်များကို သက်ဆိုင်ရာနိုင်ငံများရဲ့ အာဏာပိုင်တွေက ငြင်းဆိုခဲ့မှုဟာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါ့ကြောင့် ယနေ့မြန်မာသတင်းဋ္ဌာနက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုင်ငံရေးသိပ္ပံလေ့လာနေတဲ့ ဦးကျော်လင်းဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ “ကျွန်တော် မြင်တာကတော့လေ၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ အာဆီယံ စတင်ဖွဲ့စည်းကတည်းက ဘာ စာရွက်စာတမ်း၊ အထောက်အထားမှ မရှိဘဲနဲ့ အကျိုးစီးပွားတွေအပေါ် အခြေပြု ညှိနှိုင်းပြီး ဆုံးဖြတ်ချက် ချလာတာပေါ့လေ။ အဲဒီကနေ အခု အာဆီယံပဋိညာဉ် ဆိုပြီး
ရေးလိုက်တယ်။ ရေးတဲ့အခါမှာ ရေးတဲ့သူတွေက ဘယ်လောက် အမျှော်အမြင်ရှိသလဲဆိုတော့ အာဆီယံပဋိညာဉ်အရ ဒေသတွင်းရှိ အစိုးရတွေချည်း မဟုတ်ဘဲနဲ့ ဒေသတွင်းမှာ နေထိုင်နေတဲ့ သန်း ၅၀၀ ပြည်သူတွေရဲ့ အကျိုးစီးပွားတွေပါ ဖော်ဆောင်ဖို့ ရေးတဲ့အခါကျတော့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ရမယ်ဆိုတာမျိုး ဖြစ်လာတယ်။
အဲဒါကို ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့က အကောင်အထည် ဖော်ချင်တယ်။ ကျန်တဲ့ ၇ နိုင်ငံကတော့ လူထုအခြေပြု အဖွဲ့အစည်း၊ ပြည်သူရဲ့ အခန်းကဏ္ဍကို အသိအမှတ်မပြုဘူး။ အာဆီယံအဖွဲ့ကိုလည်း အဲဒီလောက်အထိ ဖြစ်လာဖို့ကို စိတ်မ၀င်စားဘူး။ လူထုအခြေပြုအဖွဲ့အစည်းရဲ့ အခြေအနေ မြင့်တက်လာမှာတွေ၊ လူထုကို ပိုမို ကိုယ်စားပြု တောင်းဆိုလာမှာတွေကို ရင်မဆိုင်ချင်တဲ့သဘော ရှိတယ်ထင်တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အဲဒီလိုမျိုး လုပ်ခဲ့တယ်။ လုပ်ခဲ့တော့ မြန်မာနဲ့ ကမ္ဘောဒီးယား ၀န်ကြီးချုပ် နှစ်ယောက်က ငြင်းလိုက်ရာက အစပြုပြီး ဒီနှစ်ကျတော့ လော ၀န်ကြီးချုပ်က လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့ကိစ္စဟာ မဖြစ်မနေ လုပ်ရမယ့်ကိစ္စမျိုး မဖြစ်သင့်ဘူး၊
pmrsufESm - 1
rlydkif - ,ae@jrefrm
ချွင်းချက်သဘောနဲ့ပဲ ဖြစ်သင့်တယ်ဆိုတာမျိုး စ ပြောတယ်။ အဲဒီကနေ တစတစ ဟိုနိုင်ငံကလည်း မတွေ့နိုင်ဘူး၊ ဒီနိုင်ငံကလည်း
မတွေ့နိုင်ဘူး၊ ဒါမျိုးတွေ ဖြစ်လာတယ်။ တချို့ကလည်း သူတို့ ရွေးတဲ့ ကိုယ်စားလှယ်ဆိုရင် တွေ့ပါမယ်၊ အခြားသူက ရွေးတာဆိုရင် မတွေ့ပါဘူး ဆိုပြီးတော့မှ ဖြစ်လာတဲ့သဘော ဖြစ်လာတယ် ဗျ။
အာဆီယံပဋိညာဉ် ရေးထားတာက တကယ်တမ်း လုပ်နိုင်ရင် တော်တော် ကောင်းတယ်။ ဖြစ်ချင်တာကတော့ ငါတို့မှာလည်း ဒီလို ကောင်းတဲ့ ပဋိညာဉ်ကြီး ရှိတယ်၊ အီးယူရေ၊ အမေရိကန်ရေ၊ ငါတို့က မင်းတို့ထင်တဲ့ အရင် အာဆီယံ မဟုတ်တော့ဘူးလို့ ပြောပြီးမှ ကုန်သွယ်မှုတွေ ဘာတွေ လုပ်ချင်တာ။ အာဆီယံကို ကမ္ဘာကြီးက အလေးထားအောင် လုပ်ချင်တာ။ ဒါပေမယ့် အာဆီယံအတွင်းမှာကိုက ဒီ ပဋိညာဉ်ကို
တကယ် သက်ဝင်ယုံကြည်တဲ့နိုင်ငံက တော်တော်နည်းတဲ့သဘောမှာ ရှိတယ်။ ဒီတော့ သူတို့ မျှော်မှန်းတာကတော့ ဖြစ်မယ် မထင်ဘူး။ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားက လွဲလို့ ကျန်တဲ့နိုင်ငံတွေက ဒီ ပဋိညာဉ်ကို အယုံအကြည် မရှိဘူး။ ရေးထားသလိုကို မလုပ်ချင်ဘူး။ အဲဒီတော့ အဲဒီကိစ္စက သူတို့အတွင်းမှာကို အတော်လေး ပြဿနာ ရှိနေပုံရတယ်“ လို့ ရှင်းပြပါတယ်။
pmrsufESm - 2
rlydkif - ,ae@jrefrm