yDeefq&mawmfbk&m;}uD; Aeful;Am;rSm zGifhvSpfr,fh bkef;awmf}uD;ausmif;opf nDnD? atmufwdkbm 24 &uf/ 2009 ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော် ဦးပညာဝံသ၊ ထိုင်ဝမ်ဆရာတော် ဦးနန္ဒ၀ံသ၊
တိုရန်တိုဆရာတော်များ ဖြစ်ကြတဲ့ ဆရာတော် ဦးကောဝိဒ၊ ဦးနန္ဒသီရိ၊ ဦးပညာဇောတ (ထိုင်ဝမ်) နဲ့ ဗုဒ္ဓရံသီဆရာတော် ဦးဃောသကတို့ရဲ့ ဦးဆောင်မှုနဲ့ ကနေဒါနိုင်ငံ
ဗန်ကူးဗားဒေသရှိ မြန်မာဗုဒ္ဓဘာသာဝင် သူတော်စင်များ စုပေါင်း လှူဒါန်းတဲ့ ဗုဒ္ဓရံသီကျောင်း ဖွင့်ပဲအွ ခမ်းအနားကို ၁၃၇၁ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၇ ရက် (ခရစ်သက္ကရာဇ် ၂၀၀၉
ခုနှစ် နိုဝင်ဘာ ၈ ရက်) (တနင်္ဂနွေနေ့) တွင် ဗန်ကူးဗားဒေသ 6700 4 Road, Richmond BC V6Y 2S9 ရှိ အဆိုပါကျောင်း၌ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ထို ကျောင်းသစ်ဖွင့်ပွဲ အစီအစဉ်အရ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ဘုရား ဆွမ်းတော်တင်၊ ငါးပါးသီလ ဆောက်တည်ပြီး နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် သံဃာတော်များအား
ဆွမ်းဆက်ကပ်လှူဒါန်းကြမှာ ဖြစ်ပါတယ်။ ထို့နောက် နေ့လည် ၁ နာရီတွင် ကျောင်းဖွင့်ပွဲ အခမ်းအနား ကျင်းပကာ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် ကျောင်းအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနဲ့ ကျောင်း ရေစက်ချပွဲ အခမ်းအနား ပြုလုပ်ဖို့ ပြင်ဆင်ထားကြပါတယ်။ မလေးရှားနိုင်ငံ ပီနန်မှာ သတင်းသုံးတော်မူတဲ့
ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသဟာ အောက်တိုဘာ ၂၃ ရက်နေ့က နယူးယောက်ကို ကြွရောက်လာပြီး အောက်တိုဘာ ၂၄ ရက်နေ့မှာ
နယူးယောက်မြို့ သာသနာ့ဥသျှောင်အဖွဲ့ ညီမူရာခန်းမ ကထိန်ပွဲကို တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ ထို့နောက် နယူးယောက်အထက်ပိုင်း ယူတီကာမြို့ကို
ကြွရောက်သွားပြီး ယူတီကာမြို့ရှိ သန္တိသုခကျောင်း ကထိန်ပွဲကို အောက်တိုဘာ ၂၅ ရက်နေ့တွင် တက်ရောက်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့် ကနေဒါနိုင်ငံသို့ ကြွရောက်ကာ နိုဝင်ဘာ ၁ ရက်နေ့မှာ တိုရန်တိုမြို့ မဟာဓမ္မိကကျောင်း
ကထိန်ပွဲကို ကြွရောက်ပြီး နိုဝင်ဘာ ၅ ရက်နေ့မှာ ဗန်ကူးဗားမြို့သို့ ကြွရောက်ဖို့
ပြင်ဆင်ထားပါတယ်။ ပီနန်ဆရာတော်ဘုရားကြီးဟာ နိုဝင်ဘာ ၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဗန်ကူးဗားမှာ သတင်းသုံးပြီး နိုဝင်ဘာ ၈ ရက်နေ့ (တနင်္ဂနွေနေ့) တွင် မြန်မာဗုဒ္ဓဘာသာ မိသားစု (Burmese Buddhist Society, BC) က လှူဒါန်းတဲ့ ဗုဒ္ဓရံသီကျောင်းတော်ကို ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။
အခု ဖွင့်လှစ်မယ့် ကျောင်းနဲ့ ပတ်သက်ပြီး “ဗန်ကူးဗားမှာ ဖွင့်လှစ်မယ့် ဗုဒ္ဓရံသီကျောင်းရဲ့အမည်ဟာ ပီနန်ဆရာတော်ဘုရားကြီး ရွေးချယ်ပေးတာ ဖြစ်ကြောင်း၊ ထို ကျောင်းဖြစ်ပေါ်ဖို့အတွက် မြန်မာဗုဒ္ဓဘာသာ မိသားစု (Burmese Buddhist Society, BC) ဖွဲ့စည်းဖို့ကိုလည်း ဆရာတော်ဘုရားကြီးကပဲ အကြံပေးခဲ့တာ ဖြစ်ကြောင်း“ ဗုဒ္ဓရံသီကျောင်းထိုင်ဆရာတော် ဦးဃောသက က
ယနေ့မြန်မာသတင်းဋ္ဌာနသို့ အမိန့်ရှိပါတယ်။ ကျောင်း တည်ထောင်နိုင်ဖို့ အဓိက ကြိုးပမ်းခဲ့သူ မင်းရင့်ဦးကတော့ “ကျောင်းဖြစ်ပေါ်ဖို့အတွက် ပထမ၊ ဒုတိယ၊ တတိယအကြိမ် စည်းဝေးမှုများ ပြုလုပ်ရာ တကြိမ်ထက်တကြိမ် အစည်းအဝေး တက်ရောက်သူ နည်းပါး သွားခဲ့ကြောင်း၊ သို့သော်လည်း ကြိုးပမ်းကြသူများရဲ့ အားတက်သရော အားထုတ်မှုကြောင့် ဗုဒ္ဓရံသီကျောင်းတော် ဖွင့်လှစ်နိုင်ရန် အိမ် ၀ယ်ယူပြီး ထူထောင်နိုင်ခဲ့တာ ဖြစ်ကြောင်း“ ရှင်းပြပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm