urBmht}uD;qHk; tar&duefwyfpcef;rSm jzpfyGm;wJh aoewf ypfcwfrSK udkudk? Edk0ifbm 7 &uf/ 2009 အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့နဲ့ မိုင်
၆၀ အကွာအဝေးမှာ ရှိပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး အမေရိကန်
စစ်စခန်းတခုဖြစ်တဲ့ ဖို့တ် ဟုဒ် (Fort Hood) စခန်းက ရဲဘော်တွေ ဆေးစစ်ရာဌာနအတွင်းကို နိုဝင်ဘာ ၅ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁ နာရီ ၃၄ မိနစ်က အသက် ၃၉ နှစ်အရွယ်ရှိ
အမေရိကန်ဆေးတပ်ဗိုလ်မှူး နာဒဲလ် မာလစ် ဟာစဲန် (Nidal Malik Hasan) က သေနတ် နှစ်လက်နဲ့ ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းကြောင့်
လူ ၁၃ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသွားသူ ၁၃
ဦးအနက် ၁၂ ဦးဟာ အမေရိကန်စစ်တပ်မှာ တာဝန်
ထမ်းဆောင်နေကြသူများ ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူ ၃၈ ဦးအနက် ၃၀ ဦးဟာ ဆေးရုံတက် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အခု ပစ်ခတ်မှုဟာ အမေရိကန် စစ်သမိုင်းမှာ အဆိုးရွားဆုံး ပစ်ခတ်မှုဖြစ်ပြီး သေနတ်နဲ့ ၀င်ရောက် ပစ်ခတ်ခဲ့သူ ဗိုလ်မှူး နာဒဲလ်ကတော့ အခုအချိန်မှာ ဆေးကုသမှု ခံယူနေရပါတယ်။ သူ့ကို အထူးကုသဆောင်မှာ ဆေးကုသပေးနေပြီး အခြေအနေ စိုးရိမ်ဘွယ်ရာမရှိဘူးလို့
စစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်များမှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံမှာ မွေးဖွားပြီး မူဆလင်ဘာသာဝင်တဦးဖြစ်သူ ဗိုလ်မှူး နာဒဲလ်ဟာ အီရတ် စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ဖို့ မကြာခင်မှာ ထွက်ခွာရမယ့်သူ ဖြစ်ပါတယ်။ အခု ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ချင့်ချင့်ချိန်ချိန် သတင်းရေးသားကြဖို့ အမေရိကန်သမတ ဘာရတ် အိုဘားမားက သတိပေးထားပါတယ်။ ဗိုလ်မှူးနာဒဲလ် ၀င်ရောက် ပစ်ခတ်ရာ ခန်းမဟာ စစ်ဆင်ရေးထွက်မယ့် ရဲဘော်တွေ ဆေးမှတ်တမ်းများ ရယူရာ၊ ဆေးစစ်ရာ နေရာဖြစ်သလို စစ်ဆင်ရေးက ပြန်ရောက်ကြတဲ့ ရဲဘော်တွေ ဆေးစစ်ရာနေရာလည်း ဖြစ်ပါတယ်။ သူ ၀င်ရောက် ပစ်ခတ်ချိန် အဲဒီ အဆောက်အဦနဲ့
မလှမ်းမကမ်းက အဆောက်အဦတခုမှာ ဘွဲ့လက်မှတ်ပေးတဲ့ အခမ်းအနားတခု ပြုလုပ်ဖို့ ပြင်ဆင်နေပြီး လူ ၆၀၀ ခန့်လည်း ရှိနေပါတယ်။
ဗိုလ်မှူးနာဒဲလ် ပစ်ခတ်မှု စတင်အပြီး မိနစ်အနည်းငယ်အကြာမှာ အမျိုးသမီး ရဲ တပ်ကြပ်ကြီး ကင်ဘာလီ မန်လီ (Kimberly Munley) က ဗိုလ်မှူးနာဒဲလ်ကို ပြန်လည် ပစ်ခတ်ကာ ကျန်ရဲဘော်များရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီလို ၀င်ရောက် ပစ်ခတ်တဲ့အတွက် ကင်ဘာလီ မန်လီလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကနဦး သတင်းများအရ ၀င်ရောက် ပစ်ခတ်သူ တဦးထက်မက ရှိတယ်လို့ သံသယ ဖြစ်ကြပြီး လူ ၃ ဦးကို စစ်ဆေးခဲ့ပါတယ်။ ထိုနည်းတူ ဗိုလ်မှူးနာဒဲလ် ကွယ်လွန်သွားပြီလို့ သတင်းထွက်ခဲ့ပါတယ်။ သို့သော် ညပိုင်းတွင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပစ်ခတ်သူဟာ
တဦးထဲ ဖြစ်ကြောင်း၊ ပစ်ခတ်သူဟာ ဆေးကုသမှု ခံယူနေကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အခင်း ဖြစ်ပွားပြီး နာရီအတော်ကြာအထိ တပ်စခန်းတခုလုံးကို သွားလာခွင့် ပိတ်ပင်ထားလိုက်ပြီး ညပိုင်း သတင်းစာ ရှင်းလင်းပွဲ မပြုလုပ်မီမှာ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ထိုနည်းတူ တနိုင်ငံလုံးရှိ တပ်စခန်းများကိုလည်း အရေးပေါ် တပ်လှန့်ထားခဲ့ပါတယ်။ အမေရိကန်တပ်သားပေါင်း ၄၀,၀၀၀ ခန့် စခန်းချနေတဲ့ တပ်အတွင်း ပစ်ခတ်မှု ဖြစ်သွားခြင်းသတင်းဟာ ထိုနေ့ ညနေပိုင်းရဲ့
ထိပ်တန်းသတင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ ထို ပစ်ခတ်မှု ဖြစ်ပွားအပြီး ဖလော်ရီဒါပြည်နယ်မှာလည်း နိုဝင်ဘာ ၆ ရက်နေ့က ရုံးတခုအတွင်း သေနတ်နဲ့ ၀င်ရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ လူတဦး သေဆုံးခဲ့ပါတယ်။ ဖို့တ် ဟုဒ် ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သူများစာရင်းကို
နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများအတွက် အမှတ်တရ အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့ (အင်္ဂါနေ့) တွင် ပြုလုပ်ဖို့ စီစဉ်ထားပြီး အမေရိကန်သမတ ဘာရတ် အိုဘားမား ထို အခမ်းအနားကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm