xdkif;eJ@ uarBm'D;,m;wdk@ oHwref tquftoG,f jzwfawmuf udkukd? Edk0ifbm 6 &uf/ 2009 ထိုင်း ၀န်ကြီးချုပ်ဟောင်း တာ့ဆင် ရှင်နာဝပ်ကို ကမ္ဘောဒီးယားနိုင်ငံက စီးပွားရေး အကြံပေးအဖြစ် ခန့်အပ်လိုက်ခဲ့နောက် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားရှိ သူ့ရဲ့ သံအမတ်ကို ထိုင်းနိုင်ငံကို ပြန် ခေါ်လိုက်ပါတယ်။ ဒီလိုပဲ
ကမ္ဘောဒီးယားဘက်ကလည်း ထိုင်းနိုင်ငံနဲ့ သံတမန် ဖြတ်တောက်လိုက်ပါတယ်။ ဒီလိုနဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံတို့အကြား ဆက်ဆံရေး တင်းမာခဲ့ကာ နှစ်နိုင်ငံ ရေပိုင်နက်ဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ထိခိုက်လာမယ့် အလားအလာတွေ မြင်နေရပါတယ်။ သို့သော်လည်း ထိုင်း
စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ကမ္ဘောဒီးယားမှာ စီးပွားရေးလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ နယ်စပ် ဘုရားကျောင်းကိစ္စ
အငြင်းပွားမှုနဲ့ ဆက်နွယ်ပြီး ဆက်ဆံရေး တင်းမာလာခဲ့ကာ ထိုင်းနိုင်ငံက တရားခံပြေးအဖြစ် ကြေငြာထားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းကို ကမ္ဘောဒီယားသမတ ဟွန်ဆန်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်လိုက်ခြင်းဟာ ထိုင်းနိုင်ငံကို ဂရုမစိုက်တဲ့ သဘောလိုဖြစ်နေပါတယ်။
ယနေ့မြန်မာသတင်းဌာနအနေနဲ့ ထိုင်း ကမ္ဘောဒီးယားအရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မှာ နိုင်ငံရေးဘာသာရပ်လေ့လာနေတဲ့ ဦးကျော်လင်းဦးကို နိုဝင်ဘာ ၆ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းမှာ အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
ဦးကျော်လင်းဦး ရေ။ ယနေ့မြန်မာသတင်းဌာနက ပါ။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ သံတမန်ဆက်သွယ်ရေး ပြတ်တောက်သွားတယ်လို့ သတင်းကြားရလို့ပါ ခင်ဗျ။
စတာကတော့ အရင်ဝန်ကြီးချုပ် တာ့ဆင်ကို ဟွန်ဆန်က စီးပွားရေး အကြံပေးအဖြစ် ခန့်လိုက်တာပေါ့။ အဲဒီမတိုင်ခင် အာဆီယံ
အစည်းအဝေးကို ဟွန်ဆန်လာကတည်းက လေသံပစ်နေတယ်။ လေသံပစ်တော့ အဲဒီလို မလုပ်ဖို့ ထိုင်းအစိုးရဘက်က ပြောတယ်ပေါ့ဗျာ။
တာ့ဆင်ကို ထောင်ဒဏ်လည်း ချမှတ်ထားတယ်။ ၀ရမ်းပြေးလည်း ဖြစ်နေတယ် ပေါ့။ အဲဒီတုန်းကတော့ ဟွန်ဆန်က နားထောင်သလိုလိုပေါ့။ မနေ့တနေ့ကတော့ ဟွန်ဆန်က စီးပွားရေးအကြံပေးအဖြစ် ခန့်လိုက်တယ်ဆိုပြီး လုပ်လိုက်ရော။ ဒါကို ဆန္ဒပြတဲ့အနေနဲ့ ထိုင်းက
သူ့သံအမတ်ကို ပြန်ခေါ်တယ်။ ကျွန်တော် သိသလောက်တော့ ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်က ဖနွမ်ပင်မှာပဲ ရှိသေးတယ်။ အဲဒီတော့ ဒီလို ပြန်ခေါ်တယ်ဆိုရင် ငါ့သံအမတ်ကို ထိုင်းကို ပြန်မလွှတ်ဘူးဆိုပြီး လုပ်လိုက်တယ် ဗျ။ အဲဒီလို လုပ်လိုက်တော့ လောလောဆယ်မှာတေ့ သံတမန်ဆက်ဆံရေး ပြတ်တောက်သွားတဲ့သဘောမှာတော့ ရှိတယ်။
ဟွန်ဆန်က ဘာဖြစ်လို့ တာ့ဆင်ကို ဘာ့ကြောင့် တာ့ဆင်ကို စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်လိုက်တယ်လို့ ယူဆပါသလဲ ဗျ။ ဟွန်ဆန်နဲ့ အခု တက်လာတဲ့ ဒီမိုကရက်အစိုးရနဲ့က မပြေလည်ဘူး။ မပြေလည်တဲ့ အကြောင်းရင်းက အရင် (၀န်ကြီးချုပ်) စမတ်
လက်ထက်ကတည်းက ပရက်ဟာဗာကျောင်းတော်ကိစ္စ၊ နယ်စပ်ပြဿနာပေါ့။ အဲဒီကိစ္စမှာ ဒီမိုကရက်က ကောင်းကောင်းကြီး ဝေဖန်ခဲ့တယ်။ အခု နိုင်ငံခြားရေးဝန်ကြီးဖြစ်နေတဲ့ ကစစ် (Kasit) တို့ကလည်း ဝေဖန်ခဲ့တယ်။ အဲဒီကတည်းက ဟွန်ဆန်က သိတ် ကျေနပ်ပုံ မရခဲ့ဘူး။ ဒီမိုကရက် အစိုးရတက်လာတော့ နယ်စပ်ပြဿနာက ကြီးထွားလာတယ်။ အဲဒီအပေါ် ဟွန်ဆန်က တာ့ဆင်နဲ့ ပို နီးစပ်သွားပုံရတယ်။ ဟွန်ဆန်က တာ့ဆင်နဲ့က ရင်းနှီးပြီးသားပေါ့နော်။
pmrsufESm - 1
rlydkif - ,ae@jrefrm
ဟွန်ဆန်က တာ့ဆင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ကို ယှဉ်ပြီး ပြောသွားတဲ့သဘောမျိုး လုပ်ခဲ့တာ ရှိတယ်။ အဲဒါကရော ဘယ်လို သဘောမျိုးပါလဲ ခင်ဗျ။
သူက ပြီးခဲ့တဲ့ အာဆီယံညီလာခံထဲမှာ ပြောသွားတာပေါ့ဗျာ။ သူက ဒီ အာဆီယံညီလာခံထဲမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဒီလောက် ကျယ်ကျယ်လောင်လောင် ပြောနိုင်ရင် တာ့ဆင်အကြောင်း ဘာ့ကြောင့် မပြောနိုင်ရမှာလဲပေါ့။ အဲဒီလိုပုံစံမျိုး ပြောတယ်။ ကျွန်တော်
ထင်တာက ပြဿနာထဲကို မြန်မာ့နိုင်ငံရေးပြဿနာကို ဆွဲခေါ်တဲ့ သဘောပေါ့ဗျာ။ ဟွန်ဆန်က မြန်မာပြည်မှာလည်း လက်ရှိအစိုးရနဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြဿနာရှိသလို ထိုင်းမှာလည်း တာ့ဆင်နဲ့ လက်ရှိအစိုးရနဲ့ ပြဿနာရှိတယ် ပေါ့။ ဒီလိုမျိုး လွယ်လွယ်ကူကူ သုံးသပ်တဲ့သဘော ထင်ပါတယ်။ အလွယ် ပြောတာပါ။
အခုကိစ္စက စတင်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားနဲ့ ဘာတွေ ဆက်လက် ဖြစ်လာနိုင်ပါသလဲ ခင်ဗျ။ ကျွန်တော် စိုးရိမ်တာက နယ်စပ်မှာ စစ်တပ်အင်အားတွေ ချတာ ဖြစ်လာနိုင်တယ်။ ဟိုအရင် ၂၀၀၃ ခုနှစ်တုန်းက ထိုင်းသံရုံးကို
ကမ္ဘောဒီးယားတွေက လူစုပြီး မီးရှို့တာ ၀င်ဖျက်တာ၊ ထိုင်းစီးပွားရေးလုပ်ငန်းတွေကို မီးရှို့တာတို့ ကမ္ဘောဒီးယားမှာ ဖြစ်လာနိုင်တယ်။ ဒီလိုပဲ ထိုင်းနိုင်ငံမှာလည်း အလားတူဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဖြစ်နိုင်ခြေက ကမ္ဘောဒီးယားထဲမှာ ပိုပြီး ဖြစ်လာနိုင်တယ်။
နောက် သုံးသပ်ချက်တခုက ထိုင်း ၀န်ကြီးချုပ်ဟောင်း ချာဗလစ် လောင်ချာယု ကမ္ဘောဒီးယားကို သွားပြီးတော့ အခုလို ဟွန်ဆန်က တာ့ဆင်ကို စီးပွားရေးဆိုင်ရာ အကြံပေး ခန့်လိုက်တာ ဖြစ်တယ်။ အခုလည်း ချာဗလစ်က မြန်မာပြည်ကို သွားမယ်။ ဒီတော့ ချာဗလစ်ကပဲ ခလောက်ဆန်နေသလို တွေးနေကြတယ်။
တိုက်ဆိုင်တာလားတော့ မသိဘူးပေါ့ဗျာ။ ဟွန်ဆန်က တာ့ဆင်ကို မခန့်အပ်ခင်မှာပဲ အခု အတိုက်အခံခေါင်းဆောင်ဖြစ်နေတဲ့ ချာဗလင် လောင်ချာယုက ကမ္ဘောဒီးယားကို တရက် သွားတယ် ဗျ။ အဲဒီမှာ ဘာ ပြောလာခဲ့သလဲလို့တော့ ကျွန်တော်က တိတိကျကျ မသိဘူး။ အလားတူပဲ မြန်မာနဲ့ မလေးရှားကို သွားမယ်။ သွားမယ်ဆိုတဲ့အခါကျ ဒီမိုကရက်ဘက်က စိုးရိမ်တာက ဒီ ခရီးစဉ်တွေဟာ
အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိုင်းနိုင်ငံခြားရေးပေါ်လစီမှာ ထိခိုက်အောင် အတိုက်အခံက လိုက်လုပ်နေသလားလို့ ထိုင်းအစိုးရဘက်က စိုးရိမ်နေပုံရတယ်။ ချာဗလစ်တို့ တာ့ဆင်တို့က အဲဒီလောက်ကို အိမ်နီးနားချင်းနိုင်ငံတွေအပေါ်မှာ သြဇာ ထိရောက်မှု ရှိနေလို့လား။ သြဇာရှိသလားလို့ ပြောတာထက်စာရင် တာ့ဆင်လက်ထက်မှာ ဒီနိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်တာကတော့ အမှန်ပဲ ဗျ၊
မလေးရှားကလွဲလို့ပေါ့ဗျာ။ ထိုင်းနဲ့ မလေးရှားက ဒေသတွင်းမှာ အားပြိုင်နေတော့ ပြေလည်မယ့်သဘောတော့ မရှိဘူးပေါ့။ ဒါပေမယ့် ကမ္ဘောဒီးယားနဲ့ မြန်မာနဲ့ဆိုရင် တာ့ဆင်လက်ထက်မှာရော ချာဗလစ်လက်ထက်မှာရော အတော်လေး ပြေလည်တဲ့သဘောမှာ ရှိတယ်။ ချာဗလစ်ဆိုရင် မြန်မာစစ်အုပ်စု အာဏာသိမ်းပြီးခါစ ၁၉၈၈ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို သွားပြီး ပထမဆုံး မြန်မာစစ်အုပ်စုကို
အသိအမှတ်ပြုသူ ဖြစ်နေတယ်။ နောက်တခုက အရင် ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ရော၊ လက်ရှိသန်းရွှေနဲ့ပါ အကိုကြီး ညီလေး ဆက်ဆံရေး
ရှိတယ်ဆိုတာကို ပြောလည်း ပြောတယ်။ အဲဒါမျိုးကိုလည်း ပြတယ်။ ဆိုတဲ့အခါကျတော့ တာ့ဆင်မှာရော ချာဗလစ်မှာရော အဲဒီအစိုးရတွေနဲ့ နီးစပ်တဲ့သမိုင်းကြောင်း ရှိတယ်။
လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဦးကျော်လင်းဦးတို့အနေနဲ့ ဘာတွေ စိုးရိမ်မှု ရှိပါသလဲ။ ကျွန်တော်တို့ စိုးရိမ်မှုတော့ ရှိတယ်။ လာမယ့် ၂၀၁၅ မှာ အာဆီယံ လူမှုအသိုင်းအ၀ိုင်းဆိုပြီး လုပ်ဖို့ လုပ်နေကြတာကိုး။ အခုက အာဆီယံ လူမှုအသိုင်းအ၀ိုင်း မဖြစ်ဘဲနဲ့ နိုင်ငံ နှစ်နိုင်ငံထဲမှာတင် ပြဿနာ ဖြစ်နေပြီဆိုတော့ အာဆီယံ လူမှုအသိုင်းအ၀ိုင်းကို ဘယ်လို တည်ဆောက်မလဲ ပေါ့ဗျာ။
pmrsufESm - 2
rlydkif - ,ae@jrefrm