bmoma&;/ tzG@J tpnf;/ vlrSKa&; vSKyf&Sm;rSK owif;rSwfpk nDnD? Edk0ifbm 6 &uf/ 2009 သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်း တရားစခန်း စင်ကာပူနိုင်ငံရှိ သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်းတွင် ၂၀၀၉ နိုဝင်ဘာ ၉
ရက်နေ့မှ ၁၄ ရက်နေ့အထိ ၅ ရက် တရားစခန်း ဖွင့်လှစ်သွားဖို့ စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။ ထို တရားစခန်းမှာ ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိက တရားဟောကြားမှာ ဖြစ်ပြီး ညအိပ်ညနေ (သို့) နေ့စဉ် လာရောက် တရားစခန်း
ဝင်နိုင်ကြောင်း သိရပါတယ်။ သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်းအနေနဲ့ နှစ်စဉ် ဇွန်လနဲ့ နိုဝင်ဘာလများမှာ တရားစခန်း ဖွင့်လှစ်လေ့ရှိကြောင်း၊ လွန်ခ့တဲ့ ၅ နှစ်ခန့်ကတည်းက စတင် ပြုလုပ်တာဖြစ်ကြောင်း သီရီမင်္ဂလာ
မြန်မာသီလရှင်ကျောင်းမှ မြန်မာသီလရှင် ဒေါ်ကေတုမာလာက အမိန့်ရှိပါတယ်။ ဒေါ်ကေတုမာလာက ဆက်လက်ပြီး “ဆရာလေးက မြန်မာပြည်တွင်းက ထွက်လာပြီး သီရိလင်္ကာမှာ ကျောင်းတက်ပါတယ်။
မဟာဝိဇ္ဖာဘွဲ့တက်ပြီးနောက် စင်ကာပူက ဒါယိကာ ဒါယိကာမတွေ ကျောင်းတက်စဉ် အထောက်အပံ့ ပြုတာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရော၊ သာသနာ အရှည်တည်တံ့အောင်အတွက် စင်ကာပူမှာ သာသနာပြုမယ်ဆိုတော့ ဒီက ဒါယိကာ ဒါယိကာမတွေ ပံ့ပိုးမှုနဲ့ စင်ကာပူမှာ
ပထမဆုံး မြန်မာသီလရှင်ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်“ လို့ သီလရှင်ကျောင်း စတင် ဖွင့်လှစ်နိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။ သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်းအနေနဲ့ အပတ်စဉ် စနေ တနင်္ဂနွေတိုင်း တရားစခန်း ဖွင့်လှစ်ခြင်း၊ တရားပြသခြင်းများ ပြုလုပ်လေ့ရှိသလို အခါအားလျော်စွာ ဒုလ္လဘရဟန်းခံပွဲ၊ သီလရှင်ဝတ်ပွဲများလည်း ပြုလုပ်လေ့ရှိပါတယ်။ အခု ပြုလုပ်မယ့် တရားစခန်းမှာလည်း ဒုလ္လဘရဟန်းခံပွဲနဲ့ သီလရှင်ဝတ်ပွဲကိုပါ ပူးတွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လောလောဆယ်စာရင်းအရ တရားစခန်းဝင်ဖို့
စာရင်းပေးသွင်းပြီးသူ ၂၀ ဦးခန့် ရှိပြီ ဖြစ်ကြောင်း၊ တရားစခန်းအတွက် နေ့စဉ် အာရုံဆွမ်း၊ နေ့ဆွမ်းနဲ့ ညနေ အချိုရည် လှူဒါန်းနိုင်ကြောင်း၊ တရားစခန်းနဲ့ ပတ်သက်ပြီး တယ်လီဖုန်းအမှတ် ၆၂၉၆ ၃၅၄၉၊ ၉၁၃၉ ၃၃၀၇ သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိပါတယ်။
မြန်မာအနုပညာရှင် ပါဝင်တဲ့ နယူးယောက်က ၂၄ နာရီ ဖျော်ဖြေပွဲ AROUND THE WORLD IN 24 HOURS လို့ အမည်ပေးထားတဲ့ ကမ္ဘာတလွှားက
အနုပညာရှင်များရဲ့ ၂၄ နာရီကြာ ဖျော်ဖြေပွဲမှာ နယူးယောက်တွင်နေထိုင်တဲ့ ဘူဒိုအကကို လေ့လာနေတဲ့ မြန်မာလူမျိုး ရဲတိုက်လည်း ပါဝင်မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
နယူးယောက်မြို့က The Internationalists အဖွဲ့က စီစဉ်တဲ့ ကမ္ဘာတလွှား ၂၄ နာရီ လို့
အမည်ပေးထားတဲ့ ကပွဲကို နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၃ နာရီမှ စတင်ကာ နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီအထိ ပြုလုပ်မှာ ဖြစ်ပါတယ်။ ထို ကပွဲဟာ ဆွစ်ဇာလန်၊ ပေါ်တာရီကို၊
ရိုမေးနီးယား၊ အမေရိကန်ပြည်ထောင်စု၊ ဂရိ၊ တူရကီ၊ ဂျာမဏီ၊ ပြင်သစ်၊ နယ်သာလန် စတဲ့ နိုင်ငံများမှာ အကပညာရှင်များက သက်ဆိုင်ရာနိုင်ငံအလိုက် ကပြကြမှာဖြစ်ပြီး
အင်တာနက်ကတဆင့် ဆက်သွယ်ကာ ၂၄ နာရီ ဖျော်ဖြေပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ထို ဖျော်ဖြေပွဲကို နယူးယောက်မြို့ LaGuardia Performing Arts Center တွင် ပြုလုပ်မှာ
pmrsufESm - 1
rlydkif - ,ae@jrefrm
ဖြစ်ပြီး ဘူဒိုအက လေ့လာနေတဲ့ မြန်မာလူငယ် ရဲတိုက်လည်း ပါဝင် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ရဲတိုက်ဟာ ဘူဒိုလို့ ခေါ်တဲ့ ဂျပန်အကကို
လေ့လာနေသူဖြစ်ပြီး ယခင်ကလည်း နယူးယောက်မှာ နိုင်ငံတကာအကပညာရှင်များ၊ လေ့လာသူများနဲ့ ဖျော်ဖြေပွဲတခု ပြုလုပ်ခဲ့ဘူးပါတယ်။ ရဲတိုက်ရဲ့ ဖျော်ဖြေမှုကို နိုဝင်ဘာ ၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်မှာ တင်ဆက်မှာ ဖြစ်ပါတယ်။ လက်မှတ်များကို http://www.laguardiaperformingarts.org မှာ ၀ယ်ယူရရှိနိုင်ပါတယ်။
ဇိုယာဖန်နဲ့ တိုရန်တိုရှိ မြန်မာ့အရေးလှုပ်ရှားသူများ တွေ့ဆုံပွဲ ကွယ်လွန်သွားပြီဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာရဲ့ သမီး၊ Burma Campaign UK ရဲ့ နိုင်ငံတကာ
ဆက်ဆံရေးမှူး ဇိုယာဖန်နဲ့ တိုရန်တိုရှိ မြန်မာ့အရေး လှုပ်ရှားသူများ တွေ့ဆုံပွဲကို အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဇိုယာဖန်ဟာ သူ့ရဲ့ Little Daughter: A memoir of surviving in Burma and the West အမည်ရှိ စာအုပ်ဖြန့်ချိတဲ့ အခမ်းအနားနဲ့ အခြား မြန်မာ့အရေးဆိုင်ရာ ဟောပြောပွဲမှာ ပြုလုပ်ရန် တိုရန်တိုသို့ အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ရောက်ရှိစဉ် ထိုသို့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဇိုယာဖန်ရဲ့ ကနေဒါခရီးစဉ်အတွင်း မြန်မာ့အရေးဆိုင်ရာ ကနေဒါလွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ လာရီ ဘက်ဂ်နယ်လ် (Hon. Larry Bagnell) နဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ မစ္စတာ လာရီ ဘက်ဂ်နယ်လ်ဟာ ဇိုယာဖန်ရဲ့ ဖခင် ဖဒိုမန်းရှာ လုပ်ကြံမခံရမီ လအနည်းငယ်အလိုက ဖဒိုမန်းရှာနဲ့ တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။
နျူးကလီးယားကင်းစင် မြန်မာပြည် လှုပ်ရှားမှု ပြုလုပ်မယ့်အကြောင်း ဂျပန်ရှိ အလုပ်သမားသမဂ္ဂနှစ်ခုက ကြေငြာ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်များ ဖြစ်ကြတဲ့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ စားသောက်ဆိုင် အလုပ်သမားများ သမဂ္ဂရဲ့
၂၀၀၉ အောက်တိုဘာ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အရေးပေါ်ညီလာခံနဲ့ မြန်မာနိုင်ငံသား အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ရဲ့ အောက်တိုဘာ ၁၂ ရက်နေ့ အဖွဲ့ဝင်များ တွေ့ဆုံတဲ့ အခမ်းအနားတို့မှာ နျူးကလီးယား အဆိပ်အတောက်များ လုံးဝကင်းစင်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုသစ် ထူထောင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း၊ ထို ဆွေးနွေးပွဲများကနေ မြန်မာစစ်အုပ်စုရဲ့ အဏုမြူဆိုင်ရာ
လုပ်ဆောင်ချက်အားလုံးကို အပြင်းအထန် ရှုတ်ချကြောင်း သက်ဆိုင်ရာ အဖွဲ့များရဲ့ အောက်တိုဘာ ၂၄ ရက်နေ့ထုတ် ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
ထို အဖွဲ့အစည်း နှစ်ခုအနေနဲ့ ဂျပန် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ International Trade Union Confederation မိသားစုများ၊ Global Union Federation (GUF)၊ Japanese Association of Metal, Machinery, and Manufacturing Workers (JAM) အပါအ၀င် အခြား ဂျပန်သမဂ္ဂအဖွဲ့များနဲ့ ပူးပေါင်းပြီး မြန်မာစစ်အုပ်စုရဲ့ အဏုမြူဆိုင်ရာ လုပ်ဆောင်ချက်များကို ဆန့်ကျင်ခြင်း လုပ်ငန်းများ၊ ထို လှုပ်ရှားမှုနဲ့
ဆက်နွယ်တဲ့ လက်မှတ်ရေးထိုး ကောက်ခံမှုလုပ်ငန်းများကို ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာမှာ ပြုလုပ်သွားဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
pmrsufESm - 2
rlydkif - ,ae@jrefrm