tar&duefjynfaxmifpkrSm jyKvkyfr,fh uxdefyGJeJ@ tjcm;owif;rsm; atmufwdkb m 23 &uf/ 2009 သာသနာ့ဥသျှောင်အဖွဲ့ ညီမူရာခန်းမ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် ညီမူရာခန်းမမှာ ၀ါဆိုဝါကပ်ပြီး ပုရိမ၀ါမှ ထမြောက်တော်မူတဲ့ သံဃာတော် အရှင်သူမြတ်များအား စုပေါင်း ကထိန်သင်္ကန်း ကပ်လှူပွဲကို ၂၀၀၉ အောက်တိုဘာ ၂၄ ရက် (စနေနေ့) တွင် ပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ နယူးယောက်မြို့ 8432, Grand Ave #2A, Elmhurst NY 11373 ရှိ ညီမူရာခန်းမတွင် ပြုလုပ်မယ့်
ကထိန်သင်္ကန်းကပ်လှူပွဲမှာ နေ့လည် ၁၁ နာရီတွင် ပီနန်ဆရာတော်ဘုရားကြီးနဲ့ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်း ဆက်ကပ်
လှူဒါန်းခြင်း၊ နေ့လည် ၁ နာရီတွင် ပီနန်ဆရာတော်ဘုရားကြီးထံမှ ကထိန်တရားတော် နာကြားခြင်း အစီအစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။ ထို ကထိန်ပွဲသို့ ကြွရောက်လာတဲ့ သံဃာတော်များနဲ့ ဧည့်ပရိသတ်များကို ဦးစိုးပိုင်၊ ဒေါ်ယဉ်နွယ်ချောတို့က မြန်မာမုန့်တီ၊ နန်းကြီးသုတ်၊ လက်ဖက်ရည်၊ မုန့်ပဲသွားရည်စာများနဲ့ ကျွေးမွေး ဧည့်ခံ ကုသိုလ်ပြုမှာ ဖြစ်တဲ့အကြောင်း သိရှိရပါတယ်။
နယူးယောက်မြို့ ဗုဒ္ဓသာသနာပြုအဖွဲ့ စုပေါင်း ဘုံကထိန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဗုဒ္ဓသာသနာပြုအဖွဲ့ရဲ့ အဋ္ဌမအကြိမ်မြောက် စုပေါင်း ဘုံကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲကို
အောက်တိုဘာ ၂၅ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ပြုလုပ်မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ထို စုပေါင်း
ဘုံကထိန်သင်္ကန်း ကပ်လှူပွဲကို PS 222 Q (FF Christopher A. Santora School) 86 15 37th Ave (Between 86th & 87th Street) Jackson Heights NY 11372 တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။ မီးရထားနဲ့ လာရောက်မယ်ဆိုရင် အမှတ် ၇ ရထားကို စီးပြီး လမ်း ၉၀
ဘူတာရုံမှတဆင့် လာရောက်နိုင်ကြောင်း သိရပါတယ်။ ကထိန်သင်္ကန်း ကပ်လှူပွဲနဲ့ ပတ်သက်ပြီး ဖုန်းအမှတ် ၇၁၈ ၈၉၈ ၈၂၇၄၊ ၇၁၈ ၈၉၉ ၆၀၈၁၊ ၃၄၇ ၆၆၅ ၅၃၂၃ သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ ကထိန်ပွဲလာ ဓမ္မမိတ်ဆွေ ဧည့်ပရိသတ်များကို ကွယ်လွန်သူ ဒေါ်သိန်းလှိုင်ကို ရည်စူးပြီး ဦးတင်အေးနဲ့ သမီး ဒေါက်တာမြမြအေး မိသားစုက ရခိုင်မုန့်တီနဲ့ ကျွေးမွေးဧည့်ခံမှာ ဖြစ်ပါတယ်။
နယူးယောက်ပြည်နယ် အထက်ပိုင်း သန္တိသုခကျောင်း ကထိန်ပွဲ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်အထက်ပိုင်း ယူတီကာမြို့ 1005 Miller Street, Utica NY 13501 တွင် ကျင်းပမယ့် ကထိန်သင်္ကန်းကပ်လှူပွဲကို အောက်တိုဘာ ၂၅ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီမှ နေ့လည် ၂ နာရီအထိ ပြုလုပ်မှာ ဖြစ်ကြောင်း၊
သံဃာများအား နေ့လည် ၁၁ နာရီတွင် နေ့ဆွမ်းကပ်လှူဒါန်းကာ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် ရေစက်ချတရားနာကြားကြမှာ ဖြစ်ကြောင်း သိရပါတယ်။ ယူတီကာမြို့ သန္တိသုခကျောင် ကထိန်သင်္ကန်းကပ်လှူပွဲကို အမေရိကန်ပြည်ထောင်စုကို ကြွရောက်လာတဲ့
ပီနန်ဆရာတော်ဘုရားကြီး တက်ရောက် ချီးမြှင့်မှာ ဖြစ်ပါတယ်။ ကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပပြီးတဲ့အခါ ဆွမ်းခြောက် လောင်းလှူပွဲကို တပါတည်း ကျင်းပမှာ ဖြစ်တဲ့အကြောင်း ယူတီကာမှ ပေးပို့တဲ့သတင်းမှာ ဖော်ပြထားပါတယ်။
လော့စ် အိန်ဂျလိစ်မြို့ သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်း ကထိန်ပွဲ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ် အိန်ဂျလိစ်ဒေသရှိ သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်း ကထိန်ပွဲကို ၂၀၀၉
အောက်တိုဘာ ၂၅ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီမှ စတင် ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ကထိန်ပွဲ အစီအစဉ်အရ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီ ၁၅ မိနစ်အထိ ကြွရောက်လာတဲ့ ပရိသတ်ကို ရှမ်းခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ တို့ဟူးနှစ်ပြန်ကြော်၊
မုန့်လက်ကောက်ကြော်၊ သာကူနဲ့ ကန်ဇွန်းဥ၊ ကျောက်ကြော ဆေးကုလားမတို့နဲ့ ကျွေးမွေးဧည့်ခံမှာ ဖြစ်ပါတယ်။ ထို့နောက် နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် တရားနာ ရေစက်ချပွဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ထို ကထိန်ပွဲမှာ ကထိန် ပဒေသာပင် ၅ ပင် ပါရှိမှာ ဖြစ်ကာ
pmrsufESm - 1
rlydkif - ,ae@jrefrm
ကထိန်သင်္ကန်းတစုံလျှင် အမေရိကန်ဒေါ်လာ ၅၀ နဲ့ လှူဒါန်းနိုင်ကြပါတယ်။ ကထိန်ပွဲမှာ တဦးလျှင် ဒေါ်လာ ၁၀၀ နှူန်းနဲ့ အလှူရှင် ၃၁ ဦးက ဧည့်ခံ ကျွေးမွေးရေးကို တာဝန်ယူကြောင်း သတင်းရရှိပါတယ်။
နယူးယောက်မြို့ မဟာအောင်မြေကျောင်းတိုက် ကထိန်သင်္ကန်းကပ်လှူပွဲ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ 7235, 43rd Avenue 3rd Floor, Woodside NY11377 ရှိ မဟာအောင်မြေကျောင်း
ကထိန်သင်္ကန်းကပ်လှူပွဲကို ၂၀၀၉ နိုဝင်ဘာ ၁ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပဖို့ စီစဉ်ထားပါတယ်။ ထို ကထိန်သင်္ကန်းကပ်လှူပွဲတွင် နံနက် ၁၀ နာရီ ၃၀ မိနစ်၌ ဆရာတော် သံဃာတော်များထံမှ တရားနာယူခြင်း၊ နေ့လည် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း
ဆက်ကပ်လှူဒါန်းခြင်း၊ ထို့နောက် ကြွရောက်လာကြတဲ့ ပရိသတ်အား မုန့်ဟင်းခါး၊ မြန်မာမုန့်မျိုးစုံ၊ လက်ဖက်ရည်တို့ဖြင့် တည်ခင်း ဧည့်ခံခြင်း အစီအစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။ ကထိန်သင်္ကန်း ကပ်လှူပွဲ အလှူရှင်များကတော့ ဦးမြင့်သိန်း၊ ဒေါ်ခင်စိန်နဲ့ သားသမီး မြေးမြစ်တစုတို့ ဖြစ်ပါတယ်။
ပျံလွန်တော်မူပြီးတဲ့ ဆရာတော် အရှင်ပုညနန္ဒအတွက် ကျေးဇူးဆပ်ပွဲ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ၂၀၀၉ အောက်တိုဘာ ၂၂ ရက်နေ့ နေ့လည် ၁ နာရီတွင်
ပျံလွန်တော်မူသွားတဲ့ မိုးကုတ်ဓမ္မကထိက အရှင်ပုညနန္ဒအတွက် ကုသိုလ်ပြု ကျေးဇူးဆပ်ပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ဒါယိကာ ဒါယိကာများက စုပေါင်း ပြုလုပ်ကြမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ အဆိုပါ ကျေးဇူးဆပ်ပွဲကို ၂၀၀၉ နိုဝင်ဘာ ၁ ရက်နေ့ (တနင်္ဂနွေနေ့) ၌
နယူးယောက်မြို့ 619 Bergen Street, Brooklyn NY 11238 ရှိ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာသာအသင်းရဲ့ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပမှာ ဖြစ်ပြီး
ကြွရောက်လာတဲ့ ဧည့်ပရိသတ်များကို မြန်မာ ထမင်းဟင်း၊ မုန့်များနဲ့ ဧည့်ခံမှာ
ဖြစ်ပါတယ်။ အခမ်းအနား အစီအစဉ်အရ နံနက် ၁၁ နာရီတွင် သံဃာတော်များအား
နေ့ဆွမ်း ဆက်ကပ် လှူဒါန်းမှာ ဖြစ်ကာ နေ့လည် ၁ နာရီတွင် တရားတော် နာယူကြမှာ ဖြစ်ပါတယ်။
pmrsufESm - 2
rlydkif - ,ae@jrefrm