rav;&Sm;EdkifiH 'kuQonf&Hk;rSm jrefrmrsm; tcuftcJ awG@ae nDnD? atmufwdkbm 29 &uf/ 2009 မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်များဟာ သက်ဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ခွဲခြား ဆက်ဆံခြင်းကို ခံနေရတယ်လို့ မလေးရှားနိုင်ငံမှာ
မြန်မာဒုက္ခသည်များအရေး ကူညီ လုပ်ဆောင်ပေးနေတဲ့ ဦးမောင်လှက “မလေးရှားမှာ ဖြစ်နေတာက တိုင်းရင်းသားဒုက္ခသည်တွေဟာ
မလေးရှားမှာ ဒုက္ခသည်အဖြစ် ပေးနေတယ်ဆိုတော့ ကြားတဲ့နေရာကနေ မလေးရှားကို စု လာတယ်။ မလေးရှားက
တိုင်းရင်းသားအသိုင်းအ၀ိုင်းကနေပြီးတော့ ဒီလူတွေဆီကနေ
ပိုက်ဆံယူပြီး လုပ်နေကြတယ်။ တယောက်ကို တထောင်၊ နှစ်ထောင်၊ ဓါတ်ပုံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (မလေးရှား)
သုံးထောင် ပေါ့။ ယူအဲန်အိပ်ခ်ျစီအာကလည်း အဲဒါကို
မျက်စေ့တဖက်မှိတ်ပြီးတော့ လုပ်နေကြတယ်။ ကျွန်တော်တို့ မြန်မာ
အဖွဲ့အစည်းတွေကျတော့ မြန်မာကို ခွဲခြား ဆက်ဆံတာ ခံနေရတယ်။ ကျွန်တော်တို့ကလည်း ဒီမှာ သံသရာလည်ပြီး နေရတာ ဘယ်နှစ်နှစ် ရှိပါပြီ၊ ယူအဲန်အိပ်ခ်ျစီအာကို အားကိုးပြီး စောင့်နေရတာ ........“ လို့ ယနေ့မြန်မာသတင်းဌာနကို ပြောပြပါတယ်။
မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်လှစ်ပြီး မြန်မာနိုင်ငံက ဒုက္ခသည်များကို အကူအညီ ပေးနေရာ သက်ဆိုင်ရာရုံးရဲ့ စာရင်းဇယားများအရ မလေးရှားနိုင်ငံမှာ ဒုက္ခသည်၊ ခိုလှုံခွင့် တောင်းခံသူ ၄၉,၀၀၀ ရှိရာ မြန်မာနိုင်ငံမှ ၄၃,၀၀၀ ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ ဒုက္ခသည် ၄၃,၀၀၀ အနက် ရိုဟင်ဂျာ ၁၅,၅၀၀ ၊ ချင်း ၁၆,၄၀၀ ၊ မြန်မာမူဆလင် ၄,၀၀၀ ရှိကြောင်း
သက်ဆိုင်ရာရုံးရဲ့ ၂၀၀၉ မေ စာရင်းဇယားမှာ ဖော်ပြထားပါတယ်။ ယနေ့မြန်မာသတင်းဌာနအနေနဲ့ အခုလို မြန်မာဒုက္ခသည်များနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်နေတဲ့သတင်းများကို မကြာခဏ ကြားခဲ့ရပေမယ့် အခုတခါမှာတော့ သက်ဆိုင်ရာရုံးက
မြန်မာဒုက္ခသည်များအဖွဲ့ (Burma Refugee Organisation) ဥက္ကဋ္ဌ ဦးမောင်လှကို အကျိုးအကြောင်း ရှင်းပြ ပြောဆိုတာ ဖြစ်တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြားပုံနဲ့ ပတ်သက်ပြီး “...... အစရှိသဖြင့် ယူအဲန်အိပ်ခ်ျစီအာနဲ့ မြန်မာအဖွဲ့အစည်းတွေအကြားမှာ အထင်လွဲမှားမှုတွေ ဖြစ်အောင် စာတွေ ရေးတင်တယ်။ ကျွန်တော်တို့က ခံနေရတာ ၃ နှစ်လောက် ရှိပြီ။
ဒါပေမယ့် ကျွန်တော်က မနေ့တနေ့ကမှာ ယူအဲန်ကနေပြီး သိလာခဲ့ရတယ်။ သိလာခဲ့ရတော့ တော်တော့်ကို စိတ်မကောင်းဘူးပေါ့ဗျာ၊ အဲဒီလို လုပ်ကြံ တိုင်တောပြီး လုပ်တာတွေကတော့။ သူတို့ကလည်း ကျွန်တော်တို့ မှန်မှန်ကန်ကန် လုပ်ပေးနေတယ်ဆိုတာ သိတဲ့အခါကျတော့ ပေးချင်တယ်။ ပေးချင်တဲ့အခါကျတော့ အဲဒါတွေကို ဖွင့်ပြောပြီးတော့ .........“ ဆိုပြီး ဦးမောင်လှက ယနေ့မြန်မာသတင်းဌာနကို ပြောပြပါတယ်။
ထိုသို့ ဖြစ်ပျက်နေမှုများနဲ့ ပတ်သက်ပြီး မြန်မာ့အရေး လှုပ်ရှားနေသူတဦးက “အခုလို သတင်းတွေ ကြားရတာ စိတ်မကောင်းပါဘူး။
တိုင်းရင်းသားတွေကြားထဲမှာလည်း မြန်မာ စစ်အစိုးရနဲ့ မြန်မာလူမျိုးကို ခွဲခြား မမြင်တာတွေ ရှိခဲ့တယ်လို့ ကြားသိဘူးပါတယ်။ တကယ်တော့ မြန်မာပြည်ကို မင်းမဲ့စရိုက်နဲ့ အုပ်စိုးပြီး ချယ်ယှယ်နေတာ မြန်မာစစ်အစိုးရ ပါ။ အဲဒီ ဒုက္ခသုက္ခတွေ ခံနေရသူတွေထဲမှာ မြန်မာ အပါအ၀င် တိုင်းရင်းသားအများစု ပါဝင်ပါတယ်။ တချို့တွေကလည်း အခုအချိန်အထိ အဲဒါကို ရှင်းရှင်းလင်းလင်း မမြင်သေးတာ ဖြစ်နိုင်ပါတယ်။
အခုဖြစ်ရပ်မှာ ကျွန်တော်တို့ မမြင်ရသေးတဲ့ အခြားနောက်ခံအကြောင်းတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ကြားရတာကတော့ စိတ်မကောင်းစရာပါ“ လို့ သူ့အမြင်ကို ပြောပြပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm