pma&;q&m eDudk&J uG,fvGeftedpPa&mufjcif; nDnD? atmufwdkbm 24 &uf/ 2009 လွဲနေတဲ့ ၀တ္ထုတွေ ရေးတတ်ပြီး ရုပ်ရှင်ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ တွဲဖက်ကာ လွင်မိုး၊ အရိုင်း၊ ပိုးဖြူ၊ ကင်းကောင်တို့နဲ့ ဟာသဗီဒီယို ရုပ်ရှင်အများအပြား ရိုက်ကူးခဲ့ပြီး
ဟာသဗီဒီယို ရုပ်ရှင်ခေတ်တခေတ်ဆိုရလောက်အောင် အောင်မြင်ခဲ့တဲ့ စာရေးဆရာ နီကိုရဲ
(ကိုရဲဝင်း) ဟာ ၂၀၀၉ အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်း (အောက်တိုဘာ ၂၃ ရက်နေ့
ညသန်းခေါင်ကျော်ခန့်) က နှလုံးရောဂါနဲ့ ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။ အသက် ၄၃ နှစ်အရွယ်ရှိ စာရေးဆရာ နီကိုရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ၂၀၀၉ အောက်တိုဘာ ၂၇
ရက်နေ့တွင် သဂြိုဟ်ဖို့ စီစဉ်ထားကြောင်း ရန်ကုန်ကလာတဲ့ သတင်းများမှာ ဖော်ပြထားပါတယ်။ နီကိုရဲဟာ ဆောင်းပါး၊ ၀တ္ထုမျိုးစုံကို ရေးသားရာမှ ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာ ကိုတင်အောင်ကိုနဲ့ သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာ မောင်သစ်ဆင်းတို့ရဲ့ တိုက်တွန်းမှုကြောင့် ဟာသ ရေးသားရာမှ
အောင်မြင်သွားတာ ဖြစ်ကြောင်း ကဗျာဆရာကြီး တင်မိုးရဲ့ သမီး၊ သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာ
ကာတွန်းဆရာတဦးရဲ့ မှတ်တမ်းထဲမှ
မိုးချိုသင်းက ယနေ့မြန်မာသတင်းဌာနကို ပြောပြပါတယ်။ နီကိုရဲ ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး မိုးချိုသင်းက “အဲဒီတုန်းက နင်က
နင့်စာမူလေးတွေ ပို့ဖို့ ကြိုးစားနေတာ တဲ့။ (အခုလို လျှမ်းလျှမ်းမတောက်သေးဘူးပေါ့ဟယ်။) အယ်ဒီတာမင်းများကို (နင့်စကားအတိုင်း
ပြန်ပြောရရင်) အရက်တိုက်၊ လက်ဖက်ရည်တိုက် နဲ့ ခင်အောင် လုပ်နေတာ တဲ့။ အဲဒီနေ့ ညနေက ဟန်သစ်က ကိုတင်ကိုအောင် ရယ် ဆရာ မောင်သစ်ဆင်းရယ် နင်ရယ် ၀ိုင်းကြတော့ နင်က နင်နဲ့ မကြည်ပြာ (အဲဒီတုန်းကတော့ တခြားနံမည်ပါ) အကြောင်းတွေ ပြောပြတာ သူတို့လဲ ရယ်ရလွန်းလို့ အရက်မူးတွေ ပြေကုန်တယ် တဲ့။ ဒါနဲ့ အဲဒီအကြောင်းတွေ ရေးပေတော့၊ အဲဒါရေးမှသာ စာမူထည့်မယ်လို့ နင့်ကို
အကြပ်ကိုင်လို့ ညတွင်းချင်းရေးပြီး ဟန်သစ်ကို နင် စာမူပို့ခဲ့တယ် လို့ ပြောပြတယ်။“ လို့ နီကိုရဲ ဟာသ၀တ္ထုတွေ စတင် ရေးသားဖြစ်ခြင်း
အကြောင်းရင်းကို သူ့ရဲ့ မိုးချိုသင်းမှတ်တမ်း ဆိုတဲ့ ဘလော့ဂ်မှာ နီကိုရဲ ရေ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။ စာရေးဆရာ နီကိုရဲဟာ အမေရိကန်ပြည်ထောင်စုရောက် စာရေးဆရာမ မေငြိမ်း၊ ခက်မာတို့နဲ့ ရင်းနှီးသူတဦး ဖြစ်ပါတယ်။
စာရေးဆရာ နီကိုရဲဟာ ဇာတ်ညွှန်းရေးသားရာမှာလည်း နံမည်ရခဲ့သလို ဇာတ်ညွှန်းကို ကြိုတင် ရေးသားခြင်း မပြုဘဲ ရိုက်ကွင်းပေါ်ရောက်မှ ရေးသားတဲ့ ရိုက်ညွှန်းဆိုတာကို
စတင်ခဲ့သူများထဲမှာလည်း ပါဝင်ခဲ့တယ်လို့ အနုပညာရပ်ကွက်က ပြောပါတယ်။ ၁၉၉၀ လွန်ကာလများက ဟန်သစ်မဂ္ဂဇင်းမှာ စတင်ရေးသားခဲ့တဲ့ ဟာသ၀တ္ထုတွဲများကြောင့် နာမည်ကြီးလာတဲ့ နီကိုရဲဟာ နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ညွှန်းရေးသားသူ တဦး
ဖြစ်လာခဲ့ပါတယ်။ သူရဲ့ ဟာသ၀တ္ထုများ နာမည်ကြီးသလို သူ့ ဇာတ်ညွှန်း၊ ရိုက်ညွှန်း ရေးသား ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်၊ ဗီဒီယိုကားများကလည်း အောင်မြင်ခဲ့ပါတယ်။
သူ့ဇာတ်ညွှန်းများနဲ့ ရုပ်ရှင် ၄ ကားခန့်၊ ဗီဒီယိုကား ၄၀ ခန့် ရိုက်ကူးခဲ့ပါတယ်။ နီကိုရဲ ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး “ဗမာပြည်မှာက ရောဂါ ဖြစ်တယ်ဆိုရင်လည်း ၂၀၀၄ ခုနှစ်က နီကိုရဲ အမှတ်တရ လက်ဆောင်ပေးခဲ့တဲ့ စာအုပ်တအုပ်မှ
ဖြစ်တယ်ဆိုတာပဲ ရှိတာဗျ။ တကယ် စနစ်တကျ စစ်ဆေးကုသတာ၊ ကာကွယ်တာတွေမှာ သိတ်ကို အားနည်းတယ်။ ရောဂါ ရှိတဲ့သူကလည်း နည်းနည်း အခြေအနေဆိုးလာမှ ဆရာဝန် သွားပြကြတယ်။ ဒီတော့ တခါတလေမှာ မဆုံးရှုံးရမယ့်အချိန်မှာ
မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးခဲ့တာပေါ့“ လို့ ကာတွန်းဆရာတဦးက ပြောပါတယ်။ နီကိုရဲ ကွယ်လွန်ချိန်မှာ သူ့ဇနီးနဲ့ သားတဦး ကျန်ရစ်ခဲ့ပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm