0if;'dk;pf&Jh jyLwif;ayguf 7 aqmhzf0Jvf udkudk? atmufwdkb m 22 &uf/ 2009 ကမ္ဘာ့ကွန်ပြူတာဈေးကွက်ရဲ့ ရာနှုန်း ၉၀ လောက်ကို
သိမ်းပိုက်ထားတဲ့ ၀င်းဒိုးစ် ကွန်ပြူတာစနစ်က သူ့ရဲ့ ၀င်းဒိုးစ် ဆဲဗဲန်း (Windows 7) စနစ်ကို ဒီကနေ့မှာ ဖြန့်ချိလိုက်ပါတယ်။
ပြူတင်းပေါက် ၇ လို့ မြန်မာလို ဘာသာပြန်လို့ ရနိုင်ကောင်းတဲ့ အဲဒီ ကွန်ပြူတာသုံးစနစ်ကို ၂၀၀၉ အောက်တိုဘာ ၂၂ ရက်နေ့မှာ
တကမ္ဘာလုံးကို ဖြန့်ချိခဲ့တဲ့အတွက် ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံတွေက အရင်ဦးစွာ သုံးခွင့်ရခဲ့ပါတယ်။ ၀င်းဒိုးစ်ရဲ့ စနစ်သစ် ဖြန့်ချိတဲ့
အခမ်းအနားကို နယူးယောက်မြို့မှာ ကျင်းပခဲ့ပြီး မိုက်ခရိုဆော့ဖ်ရဲ့
အမှုဆောင် အရာရှိချုပ် စတိဗ် ဘောလ်မာ (Steve Ballmer) က သူတို့ရဲ့စနစ်အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
Photo Reuters
ပီစီ (PC) လို့ အများသိကြတဲ့ တကိုယ်ရည်သုံး ကွန်ပြူတာ (Personal Computer) တွေမှာ အသုံးပြုတဲ့ ၀င်းဒိုးစ်စနစ်
ပေါ်ပေါက်လာခြင်းဟာ ကမ္ဘာ့ကွန်ပြူတာ အသုံးပြုမှုကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီကနေ့ ကမ္ဘာ့
အချမ်းသာဆုံးပုဂ္ဂိုလ်များထဲမှာ ပါဝင်တဲ့ ဘီလ်ဂိတ်နဲ့ သူ့ သူငယ်ချင်း တီထွင်လိုက်တဲ့ ၀င်းဒိုးစ် ၁.၀ ကို ၁၉၈၅ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။ အဲဒီဆော့ဖ်ဝဲလ်ကို ဒီကနေ့ အသုံးမပြုတော့တဲ့ floppy disk ခေါ် ဓါတ်ပြားချပ်နဲ့ ထုတ်လုပ်ခဲ့တာပါ။ ၁၉၈၅ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ၁၀ နှစ်အတွင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ၀င်းဒိုးစ် ၂.၀ ၊ ၀င်းဒိုးစ် ၃.၀ ၊ ၀င်းဒိုးစ် ၃.၁ စသည်ဖြင့် ကွန်ပြူတာသုံးစနစ်တွေ
ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီကနေ ၀င်းဒိုးစ် ၉၅ ကို ၁၉၉၅ ခုနှစ်မှာ ထုတ်လုပ်လိုက်တဲ့အခါ မိုက်ခရိုဆော့ဖ်ရဲ့ ပြူတင်းပေါက် (Windows) ဟာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီနောက် ၀င်းဒိုးစ် ၉၈၊ ၀င်းဒိုးစ် ၂၀၀၀၊ ၀င်းဒိုးစ် အမ်အီး၊ နောက် ၀င်းဒိုးစ် အိပ်စ်ပီ၊ ၀င်းဒိုးစ် ဗစ်စ်တာနဲ့ အခု ၀င်းဒိုး ဆဲဗဲန်း စသည်ဖြင့် ထွက်ရှိလာခဲ့ပါတယ်။
ဝင်းဒိုးစ် မပေါ်လာခင်က အိုင်ဘီအမ် ကွန်ပြူတာလို့လည်း ခေါ်ကြတဲ့ တကိုယ်ရည်သုံး ကွန်ပြူတာတွေမှာ အခု မြင်နေရတဲ့ အရုပ်တွေနဲ့ အသုံးပြုရတဲ့ စနစ်မဟုတ်ဘဲ ကိုယ်သုံးချင်တာကို စာလုံးတွေ၊ စာကြောင်းတွေ ရိုက်ပြီး အသုံးပြုခဲ့ရပါတယ်။ အဲဒီအချိန်က ပန်းသီးကွန်ပြူတာ (Apple Computer) တွေကတော့ ဂျီယူအိုင် (GUI Graphic User Interface) ခေါ်တဲ့ အရုပ်တွေနဲ့ လုပ်ထားတဲ့ ခလုပ်တွေကို
အသုံးပြုခဲ့ပါတယ်။ သို့သော်လည်း ပန်းသီးဆိုတဲ့ အက်ပဲလ်က သူ့စနစ်ကို အခြားကွန်ပြူတာတွေနဲ့ ပေးမသုံးပါဘူး။ သူ့စနစ်ကို သုံးချင်ရင် သူ့ကွန်ပြူတာကို ၀ယ်ရပါတယ်။ သို့ပေမယ့်လည်း အိုင်ဘီအမ်စနစ်ကတော့ အခြားကုမ္ပဏီတွေကလည်း ထုတ်လုပ်ရောင်းချနိုင်ပြီး
အသုံးပြုတဲ့စနစ်ကိုလည်း အသစ်တီထွင်ချင်သူတွေ တီထွင်လို့ရခဲ့ပါတယ်။ အဲဒီမှာ ပြူတင်းပေါက် (Windows) ပေါ်ပေါက်လာပြီး ပန်းသီးကို ကျော်တက်သွားကာ သူ့ရဲ့ ကွန်ပြူတာသုံးစနစ်က ကမ္ဘာ့ကွန်ပြူတာဈေးကွက်ရဲ့ ၉၀ ရာနှုန်းကို လွှမ်းမိုးခဲ့ပါတယ်။ အရင်က ပီစီဆိုရင်
တကိုယ်ရည်သုံး ကွန်ပြူတာလို့ နားလည်ခဲ့ကြပေမယ့် အခုအခါမှာတော့ ပီစီဆိုရင် ၀င်းဒိုးစ် သုံးတဲ့ ကွန်ပြူတာ မက် (Mac) ၊ ပန်းသီး (အက်ပဲလ် Apple) ဆိုရင်တော့ မက်စနစ်သုံးတဲ့ ကွန်ပြူတာလို့ အများ နားလည်လိုက်ကြပြီ ဖြစ်ပါတယ်။
ဝင်းဒိုးစ်မှာလည်း အပြိုင်အဆိုင်အဖြစ် လင်းနတ်စ် (Linex) နဲ့ အခု အသစ်ထွက်မယ်လို့ သိနေကြတဲ့ ဂူဂယ်လ် (Google) ရဲ့ ကွန်ပြူတာစနစ် စသည်ဖြင့် ရှိနေပါတယ်။ သို့သော်လည်း အခု အနေအထားအရတော့ ပြူတင်းပေါက် ၇ ပဲ ဆက်လက် ဦးဆောင်နိုင်မယ့်သဘောမှာ
ရှိနေပါတယ်။ ၀င်းဒိုးစ် ဗစ်စ်တာ ထွက်လာခဲ့စဉ်က အသုံးပြုသူတွေရဲ့ ၀မ်းသာအားရ ကြိုဆိုမှုကို မရခဲ့တဲ့ ပြူတင်းပေါက် (Windows) တည်ထွင်သူတွေဟာ အခုအခါ ထုတ်လုပ်တဲ့ ပြူတင်းပေါက် ၇ (Windows 7) မှာတော့ အဲဒီ အားနည်းချက်တွေကို
ကြိုးပမ်းချက်အသစ်တွေနဲ့ အားဖြည့်ထားပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ ၀င်းဒိုး ဗစ်စ်တာကို ၂၀၀၅ ဇူလိုင် ၂၂ ရက်နေ့မှာ ဖြန့်ချိမယ်လို့
pmrsufESm - 1
rlydkif - ,ae@jrefrm
ကြေငြာခဲ့ပေမယ့် ၂၀၀၆ နိုဝင်ဘာ ၈ ရက်နေ့မှ တီထွင်စမ်းသပ်မှု ပြီးဆုံးခဲ့ပါတယ်။ ဒါ့ကြောင့် ၂၀၀၇ ဇန်န၀ါရီ ၃၀ ရက်နေ့မှ
ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ထိုသို့ ထုတ်လုပ်ပြီး ၀င်းဒိုး အိပ်စ်ပီ (Windows XP) စနစ်အတွက် အသစ် ဖြည့်ဆည်းမှုတွေကို ၂၀၀၈ မှာ ရပ်ဆိုင်းဖို့ ကြိုးစားခဲ့သော်လည်း ဒီကနေ့အထိ အိပ်စ်ပီအတွက် အသစ် ဖြည့်ဆည်းမှုတွေ ဆက်လက် လုပ်ဆောင်ပေးနေရဆဲ ဖြစ်ပါတယ်။ အသုံးပြုသူတွေထဲမှာလည်း ဗစ်စ်တာထက် အိပ်စ်ပီကို ဆက်လက် ခင်တွယ်နေသူတွေ ရှိနေဆဲပါ။ ယခင်စနစ်ဟောင်းများ အသုံးပြုသူတွေအတွက် အခု ထုတ်လုပ်လိုက်တဲ့ ပြူတင်းပေါက် ၇ (Windows 7) နဲ့ အသုံးပြုနိုင်အောင်
အဆင့်မြှင့်နိုင်တဲ့ဆော့ဖ်ဝဲလ်တွေကိုလည်း ထုတ်လုပ်ထားပါတယ်။ သို့သော် အိပ်စ်ပီအသုံးပြုသူကတော့ ကွန်ပြူတာအသစ် ၀ယ်မှပဲ ပြူတင်းပေါက်အသစ်ကို အသုံးပြုနိုင်မယ့် အခြေအနေမှာ ရှိပါတယ်။ ဘာ့ကြောင့်ဆိုတော့ အိပ်စ်ပီကနေ အဆင့်မြှင့်မယ်ဆိုရင်
တနေကုန်လောက်ကြာနိုင်တယ်လို့ ခန့်မှန်းနေကြလို့ပါ။ သူက စနစ်တခုလုံးကို အရံသင့် သိမ်းပြီးမှ ၀င်းဒိုးစ် ဆဲဗဲန်းစနစ်တခုလုံးကို ပြန်
ထည့်သွင်းမှာဆိုတော့ အလွန်ပဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်ရမယ့်သဘောမှာ ရှိပါတယ်။ ဒ့ါကြောင့် အိပ်စ်ပီကနေ ၀င်းဒိုးစ် ဆဲဗဲန်းကို သုံးချင်တယ်ဆိုရင်တော့ ကွန်ပြူတာအသစ်ကို ၀ယ်ချင် ၀ယ်၊ ဒါမှမဟုတ် စနစ်သစ်တခုလုံးကို အသစ် ထည့်သွင်းတာက ပိုပြီး အဆင်ပြေနိုင်ပါလိမ့်မယ်။
ဝင်းဒိုးစ် ဆဲဗဲန်းကို Home Premium, Professional, Ultimate စတဲ့ အမျိုးအစားများနဲ့ ရောင်းချပါတယ်။ ထူးခြားတာကတော့ ၀င်းဒိုးစ် ဆဲဗဲန်းမှာ Touch Screen (တပ်ခ်ျ စခရင်) လို့ ခေါ်တဲ့ ကွန်ပြူတာရဲ့ မျက်နှာပြင်ကို ထိပြီး အသုံးပြုနိုင်တဲ့ စနစ် ပါဝင်ပါတယ်။
ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၂၀၀ ကနေ ၃၀၀ ကျော်ကျော် လောက် ရှိပါတယ်။ မိုက်ခရိုဆော့ဖ် ၀င်းဒိုးစ်ဟာ ဒီတခါမှာတော့ အိပ်စ်ပီတွေကို ဆက်လက် ခင်တွယ်နေသူများအား ၀င်းဒိုးစ် ဆဲဗဲန်းထဲ အပါခေါ်သွားဖို့ ဆုံးဖြတ်ထားပုံပါပဲ။ အသုံးပြုသူတွေ ၀င်းဒိုးစ် ဆဲဗဲန်းကို ဘယ်အတိုင်းအတာအထိ ကြိုက်နှစ်သက်မလဲဆိုတာကတော့ မကြာခင် သိလာကြရမှာပါ။
pmrsufESm - 2
rlydkif - ,ae@jrefrm