pifumylEdkifiH qrfbm0rf;urf;ajcrSm jyKvkyfr,fh wefaqmifwdkifeJ@ uxdefyGJ nDnD? atmufwdkbm 23 &uf/ 2009 စင်ကာပူနိုင်ငံ 2, Jalan Kerayong, Sembawang Straits Estate, Singapore 759300 မှာ တည်ရှိတဲ့ ဓမ္မဥယျာဉ်ကျောင်းရဲ့ တန်ဆောင်တိုင်နဲ့ ကထိန်ပွဲတော်ကို စင်ကာပူနိုင်ငံ
မြောက်ဘက်ပိုင်းမှာ ရှိတဲ့ ဆမ်ဘာဝမ်းဥယျာဉ်တွင် ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ တန်ဆောင်တိုင်နဲ့ ကထိန်ပွဲတော်မှာ နိဗ္ဗာန်ဈေး စတုဒီသာ ရောင်းချမှု၊ ကံစမ်းမဲ အစီအစဉ်၊ တေးဂီတ ဖျော်ဖြေမှုကဏ္ဍ
စသည်ဖြင့် အောက်တိုဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ စည်စည်ကားကား ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နိဗ္ဗာန်ဈေး စတုဒီသာ ကျွေးမွေးမှုမှာ ဆီချက်ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊
အုန်းနို့ခေါက်ဆွဲ၊ ကြာဆန်ချက်၊ နန်းကြီးသုတ်၊ ရှမ်းခေါက်ဆွဲ၊
အအေးစုံနဲ့ သာကူမွှေးတို့ ပါဝင်မှာ ဖြစ်ပါတယ်။ ကံစမ်းမဲ အစီအစဉ်မှာ ပဲန်နီစူးလားပလာဇာရှိ T3 Travel Agent က ကုသိုလ်ပါဝင်တဲ့
မလေးရှားနိုင်ငံ Genting Hotel မှာ လူ ၂ ဦး၊ သုံးရက်၊ ၂ ည တည်းခိုနိုင်ဖို့ စီစဉ်ပေးမှု၊ အနေကဇာတင်ပြီး မဟာဒုတ်ဘုရား ရုပ်ပွားတော်၊
ဓါတ်ပုံမှန်ဘောင်၊ ရေနွေးကြို ဓါတ်ဘူး၊ မီးပူ၊ ရေမွှေးဗူး၊ စားပွဲတင်ပန်ကာ၊ သီရီအလှပြင်ခန်းမ (ပဲန်နီစူးလား) မှာ ဆံပင်ညှပ်နိုင်တဲ့ လက်မှတ် ၁၀ စောင် စသည်ဖြင့် ပါဝင်ပါတယ်။ ကံစမ်းမဲဆု အမျိုးအစားများမှာ အကြမ်းမျှ ဖော်ပြချက်သာ ဖြစ်ပြီး ထပ်တိုးလာနိုင်တဲ့ ဆုမဲများလည်း ရှိနိုင်ပါတယ်။ ဖျော်ဖြေမှု အစီအစဉ်မှာ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ မြူးကြွဟစ်ကြွေး ခေတ်ပေါ်တေး၊ နေ့လည် ၁၂ နာရီ ၃၀ မိနစ်မှ
မွန်းလွဲ ၁ နာရီအထိ ရိုးရာမပြတ် သူ့လက်ချက်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၄၅ မိနစ်အထိ ချိုတေးသံလွင် ကကြိုးဆင်၊ ညနေ ၃ နာရီမှ ၄ နာရီ ၁၅ မိနစ်အထိ မြူးဟန်ကြွကြွ အကအလှ အစီအစဉ်များနဲ့ ဖျော်ဖြေဖို့ ပြင်ဆင်ထားပါတယ်။
ဓမ္မဥယျာဉ်ကျောင်းတိုက်ကို ၂၀၀၇ ဇူလိုင်လတွင် စတင် တည်ထောင်ခဲ့ပြီး ဆရာတော် ဦးဣန္ဒာစရိယက သာသနာပြုလုပ်ငန်းများကို
ဦးဆောင်ခဲ့ပါတယ်။ ကျောင်းတိုက်အနေနဲ့ ကလေးငယ်များ၊ လူငယ် လူရွယ်နဲ့ လူကြီး စသည်ဖြင့် အသက်အရွယ်အလိုက် ဗုဒ္ဓဘာသာ၊ မြန်မာစာသင်တန်းများ၊ အဘိဓမ္မာ၊ သုတ္တန်၊ အနတ္တလက္ခဏသုတ်၊ မဟာသတိပဌာနသုတ်၊ ပရိတ်ကြီး စတဲ့သင်တန်းများ ဖွင့်လှစ်ကာ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုပ်ဘာသာတို့နဲ့ သင်ကြားပေးနေပါတယ်။
ဓမ္မဥယျာဉ်ကျောင်းရဲ့ တန်ဆောင်တိုင်နဲ့ ကထိန်ပွဲတော်ကို ဆမ်ဘာဝမ်းဥယျာဉ်မှာ အခုလို ကျင်းပရခြင်းနဲ့ ပတ်သက်ပြီး ဓမ္မဥယျာဉ်ကျောင်း ဆရာတော် ဦးဣန္ဒာစရိယကို ယနေ့မြန်မာသတင်းဋ္ဌာနက ဆက်သွယ် မေးမြန်းရာ “မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲကို စင်ကာပူမှာ ရှိနေတဲ့ ဒါယိကာ ဒါယိကာမတွေရော၊ ဒီမှာ ရှိနေတဲ့ မျိုးဆက်သစ်တွေရော သိစေချင်တာနဲ့ ဆမ်ဘာဝမ်း တန်ဆောင်တိုင်နဲ့ ကထိန်အောင်ပွဲ
အမည်ပေးလိုက်တာပါ။ ဖျော်ဖြေရေးနဲ့ ပတ်သက်လို့ ဒါယိကာတွေနဲ့ ဆက်သွယ်လိုက်တဲ့အခါ လိုလိုချင်ချင်နဲ့ ပံ့ပိုးပါတယ်“ လို့ ရှင်းပြပါတယ်။ စင်ကာပူနိုင်ငံ ဆမ်ဘာဝမ်းဥယျာဉ်မှာ ပြုလုပ်မယ့် ဆမ်ဘာဝမ်း တန်ဆောင်တိုင်နဲ့ ကထိန်အောင်ပွဲနဲ့ ပတ်သက်ပြီး ဓမ္မဥယျာဉ်ကျောင်း (ဖုန်း ၆၄၀၅ ၅၃၂၂) ၊ သီရိ ဆံပင်အလှပြင် (ဖုန်း ၉၈၄၇ ၅၀၄၄) ၊ T3 PTE LTD (ဖုန်း ၉၄၅၆ ၁၉၃၇) ၊ ဆုံဆည်းရာ (ဖုန်း ၆၃၃၇ ၂၁၄၃) ၊ MSCT PTE LTD (ဖုန်း ၆၃၃၃ ၄၂၉၂) တို့ကို ဆက်သွယ်နိုင်ကြပါတယ်။
*spfwl; (rHk&Gm) ay;ydk@wJhowif;udk nDnD pDpOf a&;om;ygw,f/ pmrsufESm - 1
rlydkif - ,ae@jrefrm