tar&dum;rSm jyifqifae=uwJh csif;jynfe,ftwGuf pm;eyf&duQm ulnDrSK azsmfajzyGJrsm; nDnD? atmufwdkbm 23 &uf/ 2009 နှစ် ၅၀ မှာ တကြိမ်သာ ပွင့်တဲ့ ၀ါးပင်ရဲ့အသီးအပွင့်တွေကို ကြွက်များ စားသုံးခြင်းက စတင်ပြီး ဖြစ်ပေါ်လာတဲ့ ချင်းပြည်နယ်က
စားနပ်ရိက္ခာပြဿနာ အကူအညီပေးရေး ရန်ပုံငွေအတွက်
ဂီတဖျော်ဖြေပွဲများကို အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။ ထို စားနပ်ရိက္ခာ
ပြဿနာဟာ ၂၀၀၈ ခုနှစ်က စတင် ဖြစ်ပေါ်ခဲ့ပြီး အခုအချိန်အထိ ပြီးပြည့်စုံအောင် မပြေလည်သေးဘူးလို့ ချင်းတိုင်းရင်းသား အသိုင်းအ၀ိုင်းက ပြောပါတယ်။
ချင်းတိုင်းရင်းသားများရဲ့ စားနပ်ရိက္ခာ ပြဿနာအတွက် ရန်ပုံငွေ ရှာဖွေတဲ့ ဂီတပွဲများကို ၂၀၀၈ ခုနှစ်က စတင်ပြီး နိုင်ငံအချို့မှာ
ပြုလုပ်ခဲ့ကာ အမေရိကန်ပြည်ထောင်စုမှာတော့ အောက်တိုဘာ ၂၄
ရက်နေ့က စတင်ပြီး ဖျော်ဖြေပွဲပေါင်း ၆ ပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားအဆိုတော်များဟာ သူတို့ရဲ့ အနုပညာကို
လှူဒါန်းခဲ့ကြကာ ၂၀၀၈ ခုနှစ်အတွင်းက ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ သြစတေလျ နိုင်ငံများမှာ ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ပါတယ်။ ထို့အပြင် ၂၀၀၉ ခုနှစ်အတွင်း ဗြိတိန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဂျာမဏီစတဲ့ ဥရောပနိုင်ငံများမှာ ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ပါတယ်။
အမေရိကားက ဖျော်ဖြေပွဲမှာ ဖျော်ဖြေကြမယ့် အဆိုတော်များကတော့ အဆိုတော် ဆုန်သင်းပါရ်၊ ပုဂံလမ်းက စောင့်နေမယ် သီချင်း
ရေးသားခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံမှာ ဂီတပါရဂူဘွဲ့ ရယူခဲ့သူ ဒေါက်တာ ဆလိုင်းသောန၊ မြန်မာ့ရုပ်မြင်သံကြားအဆိုပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့တဲ့
Dawt Hlei Hniang ၊ ချင်း ရော့ခ်သီချင်းများနဲ့ နာမည်ကျော်ကြားနေပြီး မြန်မာဘာသာနဲ့ သီချင်းများ ထုတ်လုပ်ရန် ပြင်ဆင်နေတဲ့ Solomon Menrihai ၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က ထိပ်တန်းအဆိုတော် Mi Mi Lalzamliani တို့ ဖြစ်ပါတယ်။ တေးဂီတ ဖျော်ဖြေပွဲများ ပြုလုပ်ရန်အတွက် ချင်း ခရစ်ယာန်ဘုရားကျောင်းတခုက စီစဉ်ခဲ့ပြီး မြို့ပေါင်း ၆ မြို့မှာ ဖျော်ဖြေရန် ပြင်ဆင်ထားကြပါတယ်။
အမေရိကန်ပြည်ထောင်စုတွင် စီစဉ်ထားတဲ့ ပွဲစဉ်များကတော့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ဒဲလက်စ် (တက္ကဆက်) Dallas (Texas) ၊ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဘက်တဲလ် ခရိခ် (မီချီဂန်) Battle Creek (Michigan) ၊ နိုဝင်ဘာ ၇ ရက်နေ့မှာ ဆန်ဖရန်စစ္စကို
(ကယ်လီဖိုးနီးယား) နဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ လော့စ် အိန်ဂျလိစ်ဒေသ (Pasadena City College) ၊ နိုဝင်ဘာ ၂၁ နဲ့ ၂၂ ရက်နေ့များမှာ အင်ဒီယားနားပူးလိစ် ၊ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ၀ါရှင်တန် ဒီစီ တို့ ဖြစ်ပါတယ်။
ထိုသို့ ပြင်ဆင်ထားတဲ့ ပွဲစဉ်များအနက် လော့စ် အိန်ဂျလိစ်က ပွဲစဉ်လက်မှတ်များကို Paul Lahpai (626 200 9554), Salai Lawma (626 232 9293), ကိုချစ်ခင်လင်း (626 429 0693)၊ အဲလ်ဘတ် ဝေါင်း (626 372 4417)၊ James Chean (562 277 4176), Johnny Lim (626 672 5605), ဒေါက်တာပြည်စိုး (951 809 7758) ၊ Rapid Refill (626 584 0779) ၊ ရိုးမ (626 280 8655) ၊ ရွှေမင်းသမီး (626 927
9054) ၊ ရွှေမန်းသူ (626 571 1983) ၊ Golden Traingle (562 945 6778) နဲ့ Jasmine (310 313 3767) တို့ထံမှာ ၀ယ်ယူနိုင်ကြပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm