&wemyHkabmfvHk;toif; zl;cuf umwmtkyfpkzvm; +ydKifyGJ0ifrnf? udkudk? atmufwdkb m 19 &uf/ 2009 မြန်မာအမျိုးသား ကလပ်အသင်းများ ဘော်လုံးပြိုင်ပွဲမှာ ပထမဆု ရရှိထားတဲ့ ရတနာပုံ
ဘော်လုံးအသင်းဟာ ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် အောက်တိုဘာ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် Phuket Kata Group Cup 09 (ဖူးခက် ကာတာအုပ်စုဖလား ၂၀၀၉) ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ကစားမှာ ဖြစ်ကြောင်း ရတနာပုံအသင်းရဲ့ အင်တာနက် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။
ထို ပြိုင်ပွဲမှာ ထိုင်းနိုင်ငံက အသင်း ၂ သင်း၊ ဗီယက်နမ်အသင်း တသင်းနဲ့ မြန်မာနိုင်ငံက
ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ထို ပြိုင်ပွဲမှာ ထိုင်းနိုင်ငံက ၂၀၀၉ ထိုင်း Source: yadanabonfc.com
ပရီမီယာလိဂ် ချန်ပီယံ မြောင်သောင်း ယူနိုက်တက် (Muangthong United) ၊
အာရှဖလားပြိုင်ပွဲဝင်မယ့် ထိုင်း ၁၁ အသင်း တို့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံက ပါဝင်
ယှဉ်ပြိုင်မယ့် အသင်းကတော့ ဟောင်အန်းဂိုင်လိုင် (Hoang Anh Gai Lai) အသင်းဖြစ်ပြီး အဲဒီအသင်းဟာ ဗီယက်နမ်နိုင်ငံ ဗီ လိဂ် (V
League) ချန်ပီယံအဖြစ် ၂၀၀၃၊ ၂၀၀၄ ခုနှစ်က ရရှိထားတဲ့ အသင်း ဖြစ်ပါတယ်။ ထို့အပြင် ထိုင်းနိုင်ငံက အခြားအသင်းနှစ်သင်းဖြစ်တဲ့
အရှေ့တောင်အာရှပြိုင်ပွဲဝင်မယ့် ထိုင်းအသင်း၊ ထိုင်း ဒုတိယတန်း ချန်ပီယံဖြစ်ရန် ပြင်ဆင်နေတဲ့ ဖူးခက် ယူနိုက်တက် (Phuket United) အသင်းတို့ကလည်း Phuket Kata Group Cup 09 (ဖူးခက် ကာတာအုပ်စုဖလား ၂၀၀၉) ပြိုင်ပွဲမှာ ပါဝင် ကစားကြတဲ့ ထိုင်း အသင်းနှစ်သင်းနဲ့ အောက်တိုဘာ ၂၈ ရက်နေ့နဲ့ အောက်တိုဘာ ၃၁ ရက်နေ့များတွင် ခြေစမ်းပွဲ ကစားကြမှာ ဖြစ်ပါတယ်။ ရှုံးထွက်စနစ် ကစားမယ့် Phuket Kata Group Cup 09 (ဖူးခက် ကာတာအုပ်စုဖလား ၂၀၀၉) ပြိုင်ပွဲ ပထမနေ့ အောက်တိုဘာ ၂၇ ရက် (အင်္ဂါနေ့) မှာ ရတနာပုံအသင်းနဲ့
အာရှဖလားပြိုင်ပွဲဝင်မယ့် ထိုင်း ၁၁ အသင်း၊ ဗီယက်နမ် ဟောင်အန်းဂိုင်လိုင် (Hoang Anh Gai Lai) အသင်းနဲ့ ထိုင်း မြောင်သောင်း ယူနိုက်တက် (Muangthong United)
အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ဒုတိယနေ့ အောက်တိုဘာ ၂၉ ရက် (ကြာသပတေးနေ့) မှာတော့ ပထမနေ့ပွဲစဉ်မှာ နိုင်တဲ့အသင်းနှစ်သင်းနဲ့ ရှုံးတဲ့အသင်း နှစ်သင်းတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ရတနာပုံအသင်းရဲ့ ထိုင်းနိုင်ငံပွဲစဉ်ဟာ ယခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ်
မြန်မာကလပ်အသင်းတသင်း ထိုင်းနိုင်ငံကို သွားရောက်ကစားတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ယခုနှစ်အတွင်း ရန်ကုန်အသင်း ထိုင်းနိုင်ငံကို သွားရောက်ကာ ခြေစမ်းပွဲတွေ
ကစားခဲ့ပေမယ့် နိုင်ပွဲမတွေ့ဘဲ ပြည်တော်ပြန်ခဲ့ရပါတယ်။ မြန်မာစစ်အစိုးရ စတင်လိုက်တဲ့ မြန်မာပြည်တွင်း ကြေးစားဘော်လုံးအသင်းများ ထူထောင်မှုမှာ
စီးပွားရေးလုပ်ငန်းရှင်ကြီးများ သိန်းထောင်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ကြသလို
ဘော်လုံးသမားများလည်း တလကို လခ ၁၀ သိန်းခန့်အထိ ရရှိလာခဲ့ကြပါတယ်။ ထို့အပြင် အသင်းအင်္ကျီ ပေးပြီး ဘော်လုံးပွဲအခမဲ့ ကြည့်ခွင့်ပေးတဲ့
Source: yadanabonfc.com
ဘော်လုံးပွဲကြည့်ပုံစံသစ်တခုလည်း ထွန်းကားလာပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm
ဘော်လုံးပွဲများကို ရန်ကုန် အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ မန္တလေး ဗထူးကွင်းများမှာ ကျင်းပခဲ့ရာ အောင်ဆန်းကွင်းနဲ့ မန္တလေး ဗထူးကွင်းမှာ လုံခြုံရေးဆိုင်ရာ ပြဿနာများ ပေါ်ပေါက်ခဲ့ပါတယ်။ မန္တလေးမှာ ကစားတဲ့ ရန်ကုန်အသင်းကို သွားပြီး အားပေးကြတဲ့ ရန်ကုန်ပရိသတ်အချို့
ခဲနဲ့ ပေါက်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။ ထို တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ရန်ကုန်အသင်းဘက်က တရားစွဲမယ်ဆိုပြီး ပြောဆိုလာခဲ့သော်လည်း ရန်ကုန်အသင်းအားပေးသူများဘက်က ဆဲဆိုမှုတွေ စတင် ပြုလုပ်ခဲ့ကြောင်း၊ ရန်ကုန် ဘော်လုံးသမားတဦးက ရတနာပုံ
ဘော်လုံးသမားတဦးရဲ့ မျက်နှာကို ခြေထောက်နဲ့ ကန်တဲ့အထိ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့သော်လည်း ပြစ်ဒဏ်ဘော ပေးတဲ့အခါ သက်ညှာမှု ရှိတယ်လို့ ရတနာပုံပရိသတ်က ခံစားခဲ့ကြကြောင်း နောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းများအရ သိရပါတယ်။
ဖူးခက်မှာ သွားရောက်ကစားမယ့် ရတနာပုံအသင်းရဲ့ ဘော်လုံးပွဲကို အနုပညာရှင်များ၊ ရတနာပုံအသင်းရဲ့ကလပ်အဖွဲ့ဝင်များ၊ ကံစမ်းမဲ ပေါက်ထားသူများ လိုက်ပါ အားပေးမှာ ဖြစ်ကြောင်း၊ အောက်တိုဘာ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၅ ည အိပ်၊ ၆ ရက်ခရီး
လိုက်ပါလိုသူများအတွက် အသွားအပြန် လေယာဉ်လက်မှတ်ခ အပါအ၀င် အထူးနှုန်း တဦးလျှင် အမေရိကန်ဒေါ်လာ ၇၅၀ နှုန်းနဲ့ လိုက်ပါနိုင်ကြောင်း ရတနာပုံအသင်းရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ၁၉၉၀ ကာလများက မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်ဆိုပြီး ကြွေးကျော်ရင်း လုံးပါးပါးခဲ့ရတဲ့ မြန်မာဘော်လုံးသမားများအနေနဲ့
အိမ်နီးနားချင်းနိုင်ငံများ၊ အာရှ၊ အရှေ့တောင်အာရှဆိုင်ရာ ပြိုင်ပွဲများအား အင်နဲ့အားနဲ့ စတင် ယှဉ်ပြိုင် ကစားလာကြတာကိုတော့ အခုအခါ တွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။ မြန်မာ့ဘော်လုံးလောက အခြေအနေနဲ့ ပတ်သက်ပြီး ဘော်လုံး ၀ါသနာရှင်တဦးက “ဘာပဲဖြစ်ဖြစ် ဒီကနေ့ကာလမှာ ဘော်လုံးသမားတွေရဲ့ အရည်အချင်း တိုးတက်လာတာကို တွေ့ရပါတယ်။ သို့သော်လည်း လက်ရှိ ဗမာပြည်ရဲ့
အခြေအနေဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ စိတ်နေသဘောထားအပေါ်မှာသာ မူတည်နေတာမို့ အဲဒီ အခြေအနေကနေ တကယ်တမ်း တည်ငြိမ်တဲ့ အနေအထားတခုကို ရောက်ရင်တော့ ပြည်သူတွေ အမှန်တကယ် စိတ်ချမ်းသာကြရမှာပါ“ လို့ မှတ်ချက်ပြုပါတယ်။
pmrsufESm - 2
rlydkif - ,ae@jrefrm