}udK;pm;&if; pwkwˆqkeJ@ auseyfvdkuf&wJh jrefrmtrsdK;orD; abmfvHk;toif; udkudk? atmufwdkb m 19 &uf/ 2009 မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံ ယူ ၁၆ အမျိုးသမီး ဘော်လုံးပြိုင်ပွဲ မစတင်မီက အနည်းဆုံး ဒုတိယဆု ရရှိလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ မြန်မာ အမျိုးသမီး
ဘော်လုံးအသင်းဟာ ပွဲစဉ်များ ပြီးဆုံးချိန်မှာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ စတုတ္ထအဆင့်နဲ့ ကျေနပ်ခဲ့လိုက်ရပါတယ်။
အာဆီယံ ဘော်လုံး အဖွဲ့ချုပ်က စီစဉ်ပြုလုပ်တဲ့ အာဆီယံ အသက် ၁၆ မြန်မာ (က) အသင်းနဲ့ သြစတေလျအသင်းတို့ အောက်တိုဘာ ၁၆ ရက်နေ့က ယှဉ်ပြိုင်ကစားစဉ်။ (ဓါတ်ပုံ မြန်မာ့အလင်း )
နှစ်အောက် အမျိုးသမီး ဘော်လုံးပြိုင်ပွဲကို မြန်မာနိုင်ငံက (က) နဲ့ (ခ) အသင်းတို့နဲ့အတူ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊
မလေးရှားနဲ့ သြစတေလျအသင်းတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး အောက်တိုဘာ
၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အုပ်စု ၁ မှာ မြန်မာ (က) ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ပါဝင်ခဲ့ပြီး အုပ်စု ၂ မှာ မြန်မာ (ခ)၊ သြစတေလျ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ပါဝင်ခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ (က) (ခ) အသင်း နှစ်သင်းပါဝင်ခဲ့သော်လည်း (က)
အသင်းကို ပိုမို အားထားခဲ့ပါတယ်။ အသက် ၁၆ နှစ်အောက် မြန်မာအမျိုးသမီးအသင်းဟာ အာရှပွဲကစားဖို့ ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်ပါတယ်။
အုပ်စု ၁ က မြန်မာ (က) အသင်းနဲ့ ထိုင်းအသင်းတို့ဟာ အကြိုဗိုလ်လုပွဲမှာ အုပ်စု ၂ မှ အုပ်စုပထမရလာမယ့် သြစတေလျအသင်းကို
ရှောင်ရှားဖို့အတွက် အခြားအသင်းများနဲ့ ယှဉ်ပြိုင်ကစားရာမှာ ဂိုးပြတ်သွင်းနိုင်အောင် အထူးကြိုးစားကစားခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း ပထမဆုံးနေ့ပွဲမှာ မြန်မာ (က) အသင်းက မလေးရှားကို ၁၅ ဂိုးပြတ်၊ ထိုင်းအသင်းက အင်ဒိုနီးရှားကို ၁၅ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ မြန်မာ (က) နဲ့ ထိုင်းအသင်းတို့ ကစားရာမှာတော့ ဂိုးမရှိ သရေပွဲ ဖြစ်သွားခဲ့ပါတယ်။ ထို့နောက် အောက်တိုဘာ ၁၃ ရက်နေ့ ပွဲစဉ်မှာ မြန်မာ (က) အသင်းက အင်ဒိုနီးရှားကို ၈ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ထိုင်းက မလေးရှားကို ၁၇ ဂိုးပြတ် အနိုင်ရတဲ့အတွက် ထိုင်းက ဂိုးအသာနဲ့ အုပ်စု ပထမ ရရှိကာ အုပ်စု ၂ ဒုတိယ ရရှိတဲ့ ဗီယက်နမ်အသင်းနဲ့ အကြိုဗိုလ်လုပွဲ ကစားကာ မြန်မာ (က) အသင်းကတော့ အုပ်စု ၂ ပထမ သြစတေလျအသင်းနဲ့ ကစားခဲ့ရပါတယ်။
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် အောက်တိုဘာ ၁၆ ရက်နေ့က ကစားခဲ့ကြတဲ့ မြန်မာ (က) အသင်းနဲ့ သြစတေလျပွဲမှာတော့ အများ ထင်ထားကြသလို မြန်မာ (က) အသင်း ရှုံးနိမ့်ခဲ့ပါတယ်။ သို့သော်လည်း မမျှော်လင့်ဘဲ ၆ ဂိုး တဂိုးနဲ့ ဂိုးပြတ် ရှုံးခဲ့ရပါတယ်။ ထိုနေ့က အောင်ဆန်းကွင်းမှာ ပြုလုပ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့ ပွဲမှာ ထိုင်းက ဗီယက်နမ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့ကြောင့်
အောက်တိုဘာ ၁၈ ရက်နေ့မှာ ဗိုလ်လုပွဲအဖြစ် ထိုင်းနဲ့ သြစတေလျ တို့ ယှဉ်ပြိုင်ခဲ့ကြသလို တတိယနေရာလုပွဲအဖြစ် ဗီယက်နမ်နဲ့ မြန်မာ (က) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
နောက်ဆုံး ဗိုလ်လုပွဲက သြစတေလျအသင်းက ထိုင်းကို ရှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး တတိယနေရာကို ရနိုင်ကောင်းရဲ့လို့ ခန့်မှန်းထားခဲ့တဲ့
မြန်မာ (က) အသင်းကတော့ ဗီယက်နမ်ကို သုံးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာ (က) အသင်းဟာ သြစတေလျအသင်းကို ခြေကုန်ထုတ် ကစားခဲ့ရတဲ့အတွက် ပွဲပန်းသွားခဲ့ပြီး တတိယနေရာလုပွဲမှာ ဘယ်လိုမှ ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။ ပုံမှန် ခြေ ပျောက်နေတဲ့ မြန်မာ (က)
အသင်းဟာ ပထမပိုင်းမှာ ဗီယက်နမ်အသင်းကို အပြင်အလှန် ကစားနိုင်ပေမယ့် ဒုတိယပိုင်းမှာတော့ တိုက်စစ်အား ကျဆင်းခဲ့ပါတယ်။ ထို့အပြင် မြန်မာ (က) အသင်းအနေနဲ့ ဗီယက်နမ်အသင်းရဲ့ နောက်တန်းကို မကျော်လွှားနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း တတိယဆုနဲ့
ဝေးခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်အောက် ပြိုင်ပွဲမှာ စတုတ္ထဆုနဲ့သာ ကျေနပ်ခဲ့ရပေမယ့်လည်း မြန်မာအမျိုးသမီး ဘော်လုံးအသင်းဟာ အာဆီယံအဆင့်မှာ အမျိုးသားဘော်လုံးအသင်းထက် နာမည်ကောင်းရလျက် ရှိပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm