b*Fvm;a'h&Sf jrefrme,fpyf wif;rmrSK tajctae udkudk? atmufwdkb m 19 &uf/ 2009 မိုးတွင်းကုန်ဆုံးချိန်က စတင်ပြီး ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် ခြံစည်းရိုးခတ်လုပ်ငန်းကို မြန်မာစစ်အစိုးရဘက်က ပြန်လည်
လုပ်ကိုင်ခဲ့တဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တလျောက်
တင်းမာမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။ ယခုအချိန်မှာ အခြေအနေတွေ အေးဆေးသွားပြီလို့ အတိအကျ
ပြောလို့မရသေးပေမယ့် နှစ်ဘက် ရင်ဆိုင်ထားတဲ့ ရေတပ်အချို့ ပြန်လည် ဆုတ်ခွာသွားကြောင်း ဘင်္ဂလားဒေ့ရှ်
မြန်မာနယ်စပ်သတင်းရပ်ကွက်က ပြောပြပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်မှာ မြန်မာဘက်က လာရောက်နေထိုင်နေသူတွေကို ဖမ်းဆီးမှုများ ပြုလုပ်နေသလို မြန်မာဘက်ခြမ်းမှာလည်း
ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားကြောင်း သတင်းရရှိပါတယ်။ Original Image Google Earth
ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပိုမို
သိရှိနိုင်ဖို့ ယနေ့မြန်မာသတင်းဋ္ဌာနအနေနဲ့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မှာ နေထိုင်တဲ့ ခိုင်ပြေသိမ်းကို အောက်တိုဘာ ၁၈ ရက်နေ့ ဘင်္ဂလားဒေ့ရှ် စံတော်ချိန် နေ့လည်ပိုင်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ထိုသို့ မေးမြန်းရာမှာ ခိုင်ပြေသိမ်းက “ပွင့်လင်းရာသီ စတင်တဲ့အချိန် အောက်တိုဘာ ၃ ရက်နေ့က စတင်ပြီး နယ်စပ်ခြံစည်းရိုးကို စပြီး ကာလိုက်တာလေ။ ခြံစည်းရိုးကာတာကို
အကြောင်းပြပြီးတော့ မြန်မာဘက်က တပ်ရင်း ၅ ရင်း စပြီး သုံးတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က အောက်တိုဘာ ၁၀ ရက်နေ့မှာ
နယ်စပ်လုံခြုံရေးအတွက် တပ်ရင်း ၃ ရင်း ချထားတာပေါ့။ သတင်းမီဒီယာတွေက မြန်မာရေတပ်တွေ၊ စစ်တွေလေဆိပ်မှာ စစ်လေယာဉ်တွေ၊
အမြောက်တပ်ရင်းတွေ တွေ့တဲ့သတင်းတွေ ထွက်လာတော့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ်မှာ တပ်မဟာတခု (တပ်ရင်း ၄ ရင်း) ချလိုက်တယ်။ ချထားတဲ့နေရာကတော့ မဲကျောက်ပြင်ရယ်၊ အလယ်ခေါင်တောင်ရယ်၊ ကော့စ်ဘဇားဒေသက နှစ်နေရာ၊ အဲဒီလို တပ်ရင်း ၄ ရင်း ချထားတယ်။ ဒီကနေ့အထိ ချထားတုန်းပဲ ရှိတယ်။
ပထမ ပင်လယ်ပြင် အငြင်းပွားမှုမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကရော မြန်မာဘက်ကရော ရေတပ်တွေ နေရာယူခဲ့ကြတယ်။ နောက် ပြန်ပြီး
ဆုတ်သွားတယ်။ နယ်စပ်တင်းမာမှု ထပ် ဖြစ်နေစဉ်အတွင်းမှာ မြန်မာဘက်က ရေတပ်သင်္ဘော ၁၂ စီး ပင်လယ်ပြင်ထဲ ရောက်တယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ၈ စီး ရောက်တယ်။ မနေ့က (အောက်တိုဘာ ၁၇ ရက်နေ့က) မြန်မာဘက်ကလာတဲ့ ကုန်သည်တဦး ပြောတော့ မြန်မာဘက်က ၈ စီး ပြန်ဆုတ်သွားတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ၅ စီး ပြန်ဆုတ်သွားတယ်။ အခုတော့ မြန်မာဘက်က ၄ စီးနဲ့
ဘင်္ဂလားဒေ့ရှ်ဘက်က ၃ စီးလောက်ပဲ ရှိတော့တယ်လို့ ပြောတယ်။ မြန်မာဘက်က ခလရ ၂၃၃၊ ၂၃၄၊ ၂၆၃၊ ခမရ ၅၁၈ စတဲ့ တပ်ရင်းတွေကို အဓိကထားပြီး ခြံစည်းရိုးကာတဲ့ နယ်စပ်တလျောက်မှာ နေရာချထားတယ်။
ည မထွက်ရအမိန့်ဆိုတာက ဒီလိုပါ။ မောင်တောခရိုင်မှာ ဓါးပြမှုတွေ ပေါပြီး လူသတ်မှုတွေ ဖြစ်တယ် လေ။ နစကတပ်နဲ့ ဓါးပြတပ်နဲ့
ပစ်ခတ်မှု ဖြစ်ပြီး နစကတပ်ကြပ်ကြီးတယောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ် လေ။ အဲဒီကတည်းက ည ၇ နာရီလောက်ဆိုရင် ရွာပြင် မထွက်ရဘူး၊ မနက်မိုးလင်း ၆ နာရီလောက်အထိ။ အဲဒီလို နစကနယ်ဘက်မှာ အမိန့်ထုတ်ထားတာ ကြာပြီ၊ မောင်တောခရိုင်၊
ဘူးသီးတောင်မြို့နယ်အချို့နဲ့ နစကနယ်မြေအချို့ပေါ့။ တလနီးပါးလောက်ရှိနေပြီး အဲဒီလို ဖြစ်နေတာ“ စသည်ဖြင့် လက်ရှိ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် အခြေအနေကို စုံလင်စွာ ရှင်းပြပါတယ်။ ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုကို ဘင်္ဂလားဒေ့ရှ်ဘက်က ကုလသမဂ္ဂဆီ တိုင်ကြားထားပြီး နယ်စပ်တင်းမာမှုနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဆိုသူတို့ ပြီးခဲ့တဲ့အပတ်အတွင်းက သီရိလင်္ကာနိုင်ငံမှာ ဆွေးနွေးခဲ့ကြကြောင်း ဆက်စပ်သတင်းများအရ သိရပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm