Bma's Statement On Unjust Conviction Of Dassk

  • Uploaded by: Burmese Muslim Association
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Bma's Statement On Unjust Conviction Of Dassk as PDF for free.

More details

  • Words: 107
  • Pages: 1
ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ထောင်ချခြင်းကိုကန့်ကွက်ရှုံ့ချခြင်း နအဖ စစ်အာဏာရှင်များသည် သူရဲဘောကြောင်စွာဖြင့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လည်ဆည်အမှုဆင်ပြီး၊ ထောင် ဒဏ် တစ်နှစ်ခွဲချမှတ်လိုက်ကာ သူမကို ချစ်ခင်လေးစား ထောက်ခံသော ပြည်သူလူထုနှင့် နောက်ထပ်တဖန် တားဆီးပိတ်ဆို့ အဆက်ဖြတ် လိုက် ပြန်ခြင်းကို မြန်မာမွတ်စလင်အစည်းအရုံးကြီးက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်ပါသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီကာလက ဒေါ်အောင်ဆန်းစုကြည်ကို အနှောင်အတည်းတွင် ထား၍ ပြည်သူလူထုနှင့် ကင်းကွာအောင် ပြုလုပ်ခဲ့သော်လည်း တပ်မတော်သားများအပါအဝင် ပြည်သူလူထုကြီးက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမကို ရေစီအဖွဲ့ချုပ် လွှတ် တော် ကိုယ်စားလှယ်လောင်းများကို တခဲနက် မဲဆန္ဒပေး ရွေးချယ်တင်မြှောက်ခ၏့ဲ ။ ထင်တိုင်းမပေါက်၊ ကြံတိုင်းမမြောက်ခဲ့သော စစ်ဗိုလ်ချုပ်များသည် ယခုတဖန် ရာဇဝင်ဘီး တစ်ပတ်လည်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထပ် မံတားဆီးချုပ်နှောင်ကာ မဟုတ်မတရား အတည်ပြုထားသော အတုအယောင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲကို တစ်ဖက်သတ် ကျင်းပပြုလုပ်၊ အချောင်တုပ်ရန် ကြံရွယ်ပြန်ဟန် ရှိချေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူဖြစ်ပြီး၊ ပြည်သူသည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေကာ၊ ပြည်သူ့ဆန္ဒသည် ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒအဖြစ် တသားတည်းဖြစ်နေသည်ကို မည်သည့်အခါမှ သဘောပေါက်နားလည်နိုင်စွမ်း မရှိရှာသော စစ်ဗိုလ်ချုပ်များအဖို့ လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို

ကျင်းပသည်ဖြစ်စေ၊

ရွှေ့ဆိုင်းသည်ဖြစ်စေ

မကြာလှသော

တနေ့နေ့

တချိန်ချိန်တွင်

ပြည်သူ့အောင်ပွဲသည်

ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပွဲ ဖြစ်လာရမည်ကို မလွှဲမသွေ ရင်ဆိုင်လက္ခံရပေမည်။

မြန်မာမွတ်စလင်အစည်းအရုံး ဆက်သွယ်ရန် ကိုကျော်စွာ အီးမေးလ် [email protected] တယ်လီဖုန်း + 44 7828 426801

နေ့စွဲ သြဂုတ်လ ၁၁ရက်၊ ၂၀၀၉

Related Documents


More Documents from "Jutta Pflueg"