21st Anniversary Of 8888 Democratic Uprising Statement By

  • Uploaded by: Burmese Muslim Association
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 21st Anniversary Of 8888 Democratic Uprising Statement By as PDF for free.

More details

  • Words: 158
  • Pages: 1
(၂၁) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက် စစ်အာဏာရှင်စနစ်

သက်ဆိုးရှည်နိုင်ရေး

အထောက်အကူပြုရန်

စေတနာဆိုးသက်သက်ဖြင့်

မွေးထုတ်ထားခဲ့

သော

တစ်ပါတီအာဏာရှင်စနစ်ကို လွန်ခဲ့သော ၂၁ နှစ်ကြာကာလက ပြည်သူလူထု၏ သွေးပင်လယ်အတွင်းမှာ နှစ်မြှပ်မျိုး ဖြုတ်နိုင်ခဲ့သော်လည်း မူလအရင်းအမြစ် ကပ်ရောဂါဆိုးကြီးဖြစ်သော စစ်အာဏာရှင်စနစ်ကမူ ဆက်လက်ရှင်သန်နေဆဲ ဖြစ်၏။ ၂၁ နှစ်လုံးလုံး ဒီမိုကရေစီနိုင်ငံ ထူထောင်ပေးမည်ဟု အချိန်ဆလွှဲည့်ဖျားကြွေးကြော်ကာ ပြည်သူလူထုကို မျက်မှနစိမ်းတပ်ပြီး ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် ဒီမိုကရေစီ အတုပေး စစ်ကျွန်သက်ရှည်ရေးကို အရှိန်အဟုန်ဖြင့် အကွကက်ျကျ စီမံစိုင်းပြင်းလျှက်ပင် ဖြစ်၏။ ၁၉၆၂ ခုနှစ်မှ ယနေ့တိုင် တစ်မျိုးနှင့် တစ်မျိုးမထပ် မရိုးနိုင်သော အတုအယောင် အုပ်ချုပ်မှု ပုံသဏ္ဍန် အမျိုးမျိုး ကို မျက်လှည့်ပြ ရေလဲသုံး၍ ပြည်သူကို ဖိစီးနှိပ်စက်နေသော စစ်အာဏာရှင် စနစ်ဆိုး ရှင်သန်နေသရွေ့ ကာလပတ်လုံး အတိတ်မျိုးဆက်များကဲ့သို့ ပစ္စုပ္ပန်မျိုးဆက်များသာမက အသစ်အသစ် ပေါ်ထွန်းလာသော အနာဂတ်မျိုးဆက်သစ်များကပါ မရပ်မနား ဆက်လက်တိုက်ပွဲ ဝင်သွားမည် သာဖြစ်သည်။ ကျွန်ုပ်တို့၏ ပြည်ထောင်စု မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်ဆိုးသည် မလွဲမသွေ ချုပ်ငြိမ်းရပေမည်။ ပြိုကွဲပျက်သုဉ်းခြင်းဖြင့် ချုပ်ငြိမ်းမည်လော၊ သို့မဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်၍ ညင်သာသော ပြောင်းလဲချုပ်ငြိမ်းမှုကို အပြန်အလှန်လေးစား လက်တွဲဖော်ဆောင်မည်လော။ စစ်အာဏာရှင်များအဖို့ မည်သည်လ့  မ်းကို ရွေးချယ်သည်ကို အထင်အရှားပြရန် အချိန်အနည်းငယ်သာ ရှိတော့သည်။ လူထု၏ နိုင်ငံရေး ရေချိန် အချိန်နှင့်အမျှ မြင့်တက်လာခြင်းနှင့်အတူ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂတို့၏ ပိုမိုပြတ်သားလာသော

တောင်းဆိုချက်များကြောင့်

နအဖ

သံအမတ်ကိုယတိုင်

ကုလသမဂ္ဂလုံခြုံရေး

ကောင်စီတွင်

(နိုင်ငံရေး)

အကျဉ်းသားများကို လွှတ်ပေးမည်ဟု ဂတိပေးလာရပြီဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဆရာတော် သံဃာတော်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသား ခေါင်းဆောင်များ အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အားလုံးကို ချွင်းချက်မရှိ မလွှတ်ပေးသရွေ့ မြန်မာနိုင်ငံတွင် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု မယုံကြည်သဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ပြန်လွှတ်ပေးခြင့်ဖြင့် ညင်သာသော အပြောင်းအလဲကို စတင်ဖော်ဆောင်ပေးရန် နအဖအား တောင်းဆိုလိုက်သည်။

မြန်မာမွတ်စလင်အစည်းအရုံး ဆက်သွယ်ရန် ကိုကျော်စွာ အီးမေးလ် [email protected] တယ်လီဖုန်း + 44 7828 426801

နေ့စွဲ သြဂုတ်လ ၈ရက်၊ ၂၀၀၉

Related Documents


More Documents from "Khine Zaw"