,ae@jrefrmowif;Xme t,f'DwmhxH a&mufvmonfh pmwapmif udkjrifhvSdKif/ atmufwdkbm 12 &uf/ 2009 မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူရဲ့ ကားကို
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ဆန္ဒပြသူအချို့က ဖိနပ်နဲ့ ပစ်ပေါက်ခဲ့မှုအား ၂၀၀၉ အောက်တိုဘာ ၁၂ ၁၈
ရက်နေ့ထုတ် The Voice ဂျာနယ်ရဲ့ ခေါင်းကြီးပိုင်းမှာ တဖက်ပါအတိုင်း ဝေဖန် ရေးသားထားပါတယ်။
ထိုသို့ ရေးသားခြင်းနှင့် ပတ်သက်ပြီး နယူးယောက် ဆန္ဒပြသူများကို ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ဝေဖန် ဆိုတဲ့ ခေါင်းစဉ်နဲ့
ယနေ့မြန်မာ အင်တာနက်စာမျက်နှာမှာ သတင်းဆောင်းပါးတပုဒ် ရေးသား ဖော်ပြခဲ့ပါတယ်။ ထိုသို့ ဖော်ပြပြီးနောက် နယူးယောက်
ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတဦး ရေးသား ပေးပို့တဲ့ အောက် ဖော်ပြပါစာကို အောက်တိုဘာ ၁၂ ရက်နေ့က လက်ခံ ရရှိခဲ့ပါတယ်။ Burma Today အယ်ဒီတာသို့ ပေးစာ
ဘ၀ အန္တရာယ်၊ ကျည် အန္တရာယ် စစ်စနစ် စိုးမိုးထားသည့် အိမ်
ပြီးခဲ့သည့် မြန်မာပြည်တွင်းထုတ် အသံဂျာနယ် (The Voice Journal) အယ်ဒီတာက အောက်တိုဘာ ၇ ရက်နေ့  ရက်စွဲဖြင့်
လူသတ်နအဖဗိုလ်ချုပ်များ နယူးယောက် ရောက်ခဲ့စဉ်
ဆန္ဒပြခဲ့သူများကို ဝေဖန် ရေးသားထားသည့်ခေါင်းကြီးကို Burma Today စာမျက်နှာမှ တဆင့် ဖတ်လိုက်ရပါသည်။ Source: The Voice Journal
စက်တင်ဘာ ၂၈ ရက်နေ့ တွင် ဗိုလ်ချုပ်သိန်းစိန်၊ ဗိုလ်ဉာဏ်ဝင်း
(နိုင်ငံခြားရေးဝန်ကြီး ဆိုသူ) နှင့် အပေါင်းအပါတစုသည် နယူးယောက်ရှိ East Gate ဟိုတယ်တွင်တည်းခိုပြီး ကမ္ဘာ့ ကုလသမဂ္ဂတွင်
အရှက်မရှိ ‘‘မြန်မာကိုယ်စားလှယ်” များဟုဆိုကာ တက်ရောက် လိမ်လည် မိန့် ခွန်းပြောရန် ပြင်ဆင်နေကြသည့် မနက်ခင်း ဖြစ်သည်။ ထိုအချိန် စစ်ဗိုလ်ချုပ်တို့၏ နှစ်ပေါင်း များစွာ ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားခဲ့ကြရသည့် နယူးယောက်ရောက်
မြန်မာနိုင်ငံသားများက ဆန္ဒပြခဲ့ရာ ဗိုလ်ဉာဏ်ဝင်း စီးသောကားမှာ ဖိနပ်ဖြင့် အပေါက်ခံခဲ့ရသည်။ ထိုသို့ အပေါက်ခံရမည်ကို စိုးရိမ်သဖြင့် ဗိုလ်ချုပ်သိန်းစိန် စီးသောကားကို လမ်းမှန်အတိုင်း မောင်းမထွက်ပဲ ပြောင်းပြန် မောင်းထွက်လိုက်ပြီး ဆန္ဒပြသူများကို ရှောင်ရှားခဲ့သည်။
ကျည်ဆန်များ၊ သေနတ်များဖြင့် ဖိနှိပ်နေသော စစ်ဗိုလ်ချုပ်များအဖို့  ဖိနပ်ဖြင့် ပေါက်ခံရခြင်းသည် မိမိပြည်သူများကပဲ ပေါက်သည် ဖြစ်သဖြင့် ပန်းဖြင့် ပေါက်သလောက်သာရှိသည်ဟု သဘောထားကြီးသင့်သည်။ နအဖဗိုလ်ချုပ်များမှာမူ ကိုယ့်ပြည်သူများကို သမိုင်းတလျှောက်
ဖိနပ်ဖြင့် မဟုတ်၊ သေနတ် ကျည်ဆန်များစွာ သုံး၍ သတ်ဖြတ်ခဲ့ကြသည်။ သူတို့၏ နှစ်ပေါင်းများစွာ ဖိနှိပ် သတ်ဖြတ်မှုကြောင့် ယခုလို
ဖိနပ်ဖြင့် ပေါက်သည့် လုပ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည် ကို ရှင်းရှင်းလင်းလင်း မြင်ရန် လိုအပ်သည်။ နံနက်ပိုင်း ဖိနပ်ဖြင့် ပေါက်ရုံမက၊
pmrsufESm - 1
rlydkif - ,ae@jrefrm
ညနေပိုင်းတွင်လည်း ဆန္ဒပြသူများက ဗိုလ်ချုပ်သိန်းစိန်နှင့်အဖွဲ့ကို ဆဲဆိုခဲ့ကြသေးသည်။ (မြန်မာနိုင်ငံထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများကို စစ်တပ်က ဆဲဆိုရုံမက၊ နှိပ်စက်ခြင်းကိုပါ သတိရပါ။)
မိမိ ဆန္ဒပြခဲ့သူတဦးအနေဖြင့် ယနေ့ မြန်မာနိုင်ငံ နအဖ ဖန်တီးသည့် ရက်စက်သော အခြေအနေများစွာအနက် ၁) ဒီပဲယင်း လူသတ်မှုကို သတိရရဲ့လား၊ ၂) မြန်မာနိုင်ငံ အရှေ့ ၊ အနောက်၊ တောင်၊ မြောက် ဘက်ပေါင်းစုံတွင် ဖြစ်နေသော တိုင်းရင်းသား လူမျိုးပြုန်းတီးမှု
စစ်ဆင်ရေးကို သတိရရဲ့လား၊ ၃) တိုင်းရင်းသူအမျိုးသမီးများကို စစ်စနစ်ဖြင့် မုဒိမ်းကျင့် သတ်ဖြတ်နေမှုကိုရော မပြောတော့ဘူးလား၊ ၄) နိုင်ငံရေးအကျဉ်းသားများကို ထောင်ထဲထည့် ညှင်းပန်းနှိပ်စက်မှုကိုရော မဖေါ်ပြတော့ဘူးလား၊ ၅) ၂၀၀၇ စက်တင်ဘာ Saffron လှုပ်ရှားမှုအတွင်း မေတ္တာသုတ်ရွတ် သံဃာအပါး ၃၀ ထက်မနည်း သတ်ဖြတ်ခဲ့မှုကိုလည်း သတိမရတော့ဘူးလား ဟူ၍ပင်
သတိပေးလိုက်ချင်ပါသည်။ သို့ သော် “ကျွဲပါးစေါင်းတီး” ပဲ ဖြစ်နေမလား စိုးရိမ်မိသည်။ ဥပဒေစိုးမိုးသောနိုင်ငံတွင် လူသတ်သမားကို အရေးယူ အပြစ်ပေး ထောင်ချသည်။ လက်ရှိ မြန်မာနိုင်ငံ ကျင့်သုံးနေသည့် စနစ်သည် ဥပဒေမဲ့ စစ်စနစ်သာဖြစ်သဖြင့် လူသတ်ဝါဒ စိုးမိုးနေသည်။ ၂၀၁၀ ရွေးကောက်ပွဲ သည်လည်း စစ်ရွေးကောက်ပွဲပင် ဖြစ်သည်။ စစ်ဗိုလ်ချုပ်များအနေဖြင့် ဖိနပ်ဖြင့် ပေါက်ခံရသည်ကို မခံမရပ်နိုင် မဖြစ်သင့်ပါ။ ပြည်သူတရပ်လုံး တောင်းဆိုနေသည့် ဒီမိုကရေစီနှင့် လူ့ 
အခွင့်အရေးသာ အမြန်ပေးသင့်သည်။ လူသတ်မှုကို ရပ်ပါ။ နိုင်ငံရေးအကျဉ်းသားများ အားလုံးလည်း အမြန်ဆုံး ချွင်းချက်မရှိ လွှတ်ပေးရန် မမေ့ပါနှင့်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လွှတ်ပေးပြီး ခေါင်းဆောင်သဖွယ် ဆက်ဆံပါ။ သို့မှသာ အနာဂတ် ဖိနပ်ပျံများ ရန်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း စိုးရိမ်စိတ်များစွာဖြင့် သတိပေးလိုက်ရပါသည်။
ဆန္ဒပြခဲ့သူတဦး
အောက်တိုဘာ ၁၂၊ ၂၀၀၉
pmrsufESm - 2
rlydkif - ,ae@jrefrm