urBmhukefoG,frSK taqmuftODrS oHr%drsm;eJ@ wnfaqmufxm;wJh ppfoabFm e,l;a,muf udkudk? Edk0ifbm 8 &uf/ 2009 သင်္ဘောဦးပိုင်းကို အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က ပြိုကျပျက်စီးသွားတဲ့
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်မှု အဆောက်အဦက သံမဏိ ၇ တန်ခွဲနဲ့ တည်ဆောက်ထားတဲ့
အမေရိကန်ရေတပ်သင်္ဘော နယူးယောက်ဟာ အခုအချိန်မှာ နယူးယောက်မြို့ ၁၂ အဲဗဲနယူးရှိ ဆိပ်ခံတံတား ၈၈ ၌ ဆိုက်ကပ်ထားပါတယ်။
ယူအက်စ်အက်စ် နယူးယောက်လို့ အမည်ပေးထားတဲ့ စစ်သင်္ဘောဟာ ကမ်းတက်တိုက်ပွဲများမှာ အသုံးပြုဖို့ တည်ဆောက်ထားတဲ့ စစ်သင်္ဘော (Landing Platform, Dock Warship) ဖြစ်ပါတယ်။ အမေရိကန် USS NEW YORK ကို နယူးယောက်မြို့ ဆိပ်ခံတံတားအမှတ် ၈၈ တွင် နိုဝင်ဘာ ၈ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ ယနေ့မြန်မာသတင်းဌာန)
ရေတပ်မှာ အလားတူသင်္ဘော ၅ စီး တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ အခုသင်္ဘောဟာ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှု ၃ ခုကို ကိုယ်စားပြု တည်ဆောက်မယ့် စစ်သင်္ဘော ၃ စီးအနက် ပထမဆုံး
ရေချတဲ့ သင်္ဘော ဖြစ်ပါတယ်။ အခြား သင်္ဘော နှစ်စီးဖြစ်တဲ့ USS ARLINGTON နဲ့ USS SOMERSET တို့ကို တည်ဆောက်နေဆဲ ဖြစ်ပါတယ်။
စစ်သင်္ဘော နယူးယောက်မှာ ပြေးလမ်းမလိုဘဲ တိုက်ရိုက် ပျံတက်နိုင်တဲ့ The V22 tiltrotor Osprey aircraft (သို့မဟုတ်) အခြား
ရဟတ်ယာဉ်များ၊ ၂၀၁၅ ခုနှစ်မှာ စတင် အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ ကမ်းတက်သင်္ဘော အမျိုးအစားသစ် ၁၄ စီး နဲ့ တန် ၆၀ မှ ၇၅ တန်အထိ သယ်ဆောက်နိုင်တဲ့ လျှပ်ပြေးယာဉ် (Aricushioned Landing Craft) များ သယ်ဆောင်နိုင်ပြီး ရေတပ် စစ်သည် ၃၅၀
တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ အဲဒီစစ်သင်္ဘောအနေနဲ့ ကမ်းတက်တိုက်ပွဲအတွက် စစ်သည်အင်အား ၆၉၉ ဦး သယ်ဆောင်မှာ ဖြစ်ကာ အင်အား ၈၀၀ အထိ တင်ဆောင် တိုက်ပွဲဝင်နိုင်ပါတယ်။
အမေရိကန်ရေတပ်အနေနဲ့ နယူးယောက် အမည်ပေးထားတဲ့ စစ်သင်္ဘောတည်ဆောက်မှု ၂ ခုကိုလည်း အရင်က ပြုလုပ်ခဲ့ပါတယ်။ ယခင် ယူအက်စ်အက်စ် နယူးယောက် သင်္ဘော ၂ စီးအနက် ပထမတစီးဟာ ၁၈၉၃ ခုနှစ်က အမေရိကန် တောင် အတ္တလန်တိတ်ဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၀၀ ကာလများမှာတော့ SARATOGA အမည်ကို ပြောင်းလဲခဲ့ပါတယ်။
ဒုတိယ ယူအက်စ်အက်စ် နယူးယောက်ဟာ ၁၉၁၁ ခုနှစ်က စတင်ကာ ပထမကမ္ဘာစစ်ကာလ တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ပစိဖိတ်ဒေသသို့ ရွှေ့ပြောင်းခဲ့ပါတယ်။ ထို့နောက် ၁၉၃၅ ခုနှစ်မှာ အတ္တလန်တစ်ဒေသသို့ ပြန်လည် ရောက်ရှိကာ ၁၉၄၂ ခုနှစ်
မြောက်အာဖရိက တိုက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ ထိုသို့ ပါဝင်ပြီး ပစိဖိတ်ဒေသကို ပြန်လည် ပြောင်းရွှေ့ခဲ့ကာ ဒုတိယကမ္ဘာစစ်တိုက်ပွဲများ ဆင်နွှဲခဲ့ပြီးနောက် ၁၉၄၆ ခုနှစ်မှာ ရေတပ်ကနေ အနားပေးခဲ့ပါတယ်။
ယူအက်စ်အက်စ် နယူးယောက်ဟာ နယူးယောက်မြို့ကို နိုဝင်ဘာ ၂ ရက်နေ့က ရောက်ရှိခဲ့ပြီး မနက် ၈ နာရီမှာ ကုန်သွယ်မှု အဆောက်အဦ တိုက်ခိုက်ခံရတဲ့နေရာအနီး ရပ်နားခဲ့ကာ သေနတ် ၂၁ ချက် ပစ်ဖောက်ပြီး ကွယ်လွန်သူများကို ဂုဏ်ပြုခဲ့ပါတယ်။ အမေရိကန်ရေတပ်မှာ စတင် တာဝန် ထမ်းဆောင်တဲ့ အခမ်းအနားကို နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့ရာ နယူးယောက်
pmrsufESm - 1
rlydkif - ,ae@jrefrm
အထက်လွှတ်တော်အမတ်ဟောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်၊ နယူးယောက်ပြည်နယ်ဝန် ပီတာဆန်နဲ့ နယူးယောက်မြို့တော်ဝန် မိုက်ကယ်လ်ဘလွန်းဘတ်တို့ တက်ရောက်ခဲ့ပါတယ်။
စစ်သင်္ဘော နယူးယောက်ဟာ နယူးယောက်မြို့ ၁၂ အဲဗဲနယူးရှိ ဆိပ်ကမ်းအမှတ် ၈၈ မှာ နိုဝင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာ ၁၁ ရက်နေ့အထိ
ဆိုက်ကပ်ထားပြီး ပြည်သူများကို အလည်အပတ်ပြုနိုင်ဖို့ ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ၊ နိုဝင်ဘာ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ နံနက် ၉ နာရီမှ နေ့လည် ၂ နာရီအထိ သွားရောက် ကြည့်ရှုနိုင်ကြပါတယ်။
pmrsufESm - 2
rlydkif - ,ae@jrefrm