Sali Hla Moe Memorial[1]

  • Uploaded by: Salai Kyaw Kyaw
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Sali Hla Moe Memorial[1] as PDF for free.

More details

  • Words: 353
  • Pages: 3
၂ဝဝ၉ ခုနှစ်၊ မေလ ၁၂ ရက်နေ့က နအဖရဲ့ မြင်းခြံ အကျဉ်းထောင်တွင်းမှာ ကွယ်လန်ွသွားခဲ့ရဲ့တဲ့ ဆလိုင်းလှမိုး ကွယ်လွန်ခြင်း တလပြည့် အောက်မေ့ဂုဏ်ပြုတဲ့ အထိမ်းအမှတ် အနေနဲ့ ၂ဝဝ၃ ခုနှစ် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတူပီ စည်းရုံးရေး ခရီးစဉ်အတွင်း လုံခြုံရေး တာဝန် အထူးယူပေးခဲ့သူ အဖွဲ့ချုပ် စည်းရုံးရေးမှူး ဆလိုင်းလှမိုးရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းကို လက်လှမ်း မှီသလောက် စုစည်း လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မတူပီ စည်းရုံးရေး ခရီးစဉ် အတွင်း အထူး လုံခြုံရေး တာဝန် ယူပေးခဲ့သူ ဆလိုင်းလှမိုး (ပုံရဲ့ ဝဲထောင့်မှာ အင်္ကျီအဖြူ လက်ပတ်အနီဖြင့် ရပ်နေသူ၊ ဆလိုင်းလှမိုးရဲ့ အနီးကပ် မြင်ကွင်း ဓာတ်ပုံကိုပါ ပုံရဲ့ ယာဘက်မှာ တွဲဆက်ပေးထားပါတယ်)။

အမည်ရင်း - လှမိုး အိမ်ထောင်ရေး - ဇနီးနှင့် သားသမီး ၄ ဦးရှိ၊ မွေးသက္ကရာဇ် - ၁၉၆ဝ ခုနှစ်၊ အဖအမည် - ဦးတွီဒိမ်း၊ အမိအမည် - ဒေါ်ထဲန်ရို မွေးရာဇာတိ - လုံတုမ်းကျေးရွာ၊ မတူပီမြို့နယ်၊ ချင်းပြည်နယ် တောင်ပိုင်း။

ဆလိုင်း လှမိုးဟာ ၁၉၉ဝ ခုနှစ်၊ မြန်မာနိုင်ငံ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပမွှဲာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ချင်းပြည်နယ် တောင်ပိုင်း၊ တူပီမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) စည်းရုံးရေးမှူး အဖြစ် လူထု စည်းရုံးရေး တာဝန်တွေကို ကျေပြွန်စွာ ထမ်းဆောင်ခ့သဲူ ဖြစ်တယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂ဝဝ၃ နှစ်၊ အတွင်းမှာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထု စည်းရုံးခရီးစဉ် အဖြစ် နိုင်ငံအနှံ့ လှည့်လည် စည်းရုံးရေး ဆင်းနေရာ၊ ဧပြီလ ၁ဝ ရက် ချင်းပြည်နယ် စည်းရုံးရေး ခရီးစဉ်ရဲ့ အစိတ်အပိုင်း အဖြစ် ဧပြီလ ၁ဝ ရက်မှာ မတူပီမြို့ ရောက်ရှိလာ ခဲ့ပါတယ်။

လူထု

လုံခြုံရေးတို့ကို

ခေါင်းဆောင်ရဲ့ အထူးတာဝန်

မတူပီ

စည်းရုံးရေး

ယူပေးခဲ့သူမှာ

ခရီးစဉ်

အဆင်ပြေ

ချောမွေ့ရေးနှင့်

လှမိုး

ဖြစ်ပါတယ်။

ဆလိုင်း

အဲဒီ အညှိုးအတွေးတွေနဲ့ နအဖ စစ်အာဏာပိုင်တွေဟာ ဒေါ်အောင်ဆန်းစုကြည် ပြန်သွားပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ

ဆလိုင်လှမိုးနဲ့

အတူ

မတူပီမြို့နယ်

အမျိုးသား

ဒီမိုကရေစီ

အဖွဲ့ချုပ်

အတွင်းရေးမှူး ဆလိုင် အောင်ထန်း၊ လူငယ်ရေးရာ တာဝန်ခံ ဆလိုင် ပါထန်းတို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်။ အခြား အဖွဲ့ချုပ် စည်းရုံးရေးမှူးနဲ့ လူငယ် အဖွဲ့ဝင် ၈ ဦးဟာလည်း အိန္ဒိယနိုင်ငံသို့ ထွက်ကပြေး ခိုလှုံခဲ့ရပါတယ်။ ဒီနောက် ဥပဒေ ပုဒ်မ (၃၃၃) နဲ့ စွဲချက်တင်ပြီး ၂ဝဝ၃ ခု၊ ဇွန်လ ၄ ရက်နေ့မှာ

ထောင်ဒဏ်

၁၁

နှစ်

ချမှတ်ပြီး

မြန်မာနိုင်ငံ

အလယ်ပိုင်းက

မြင်းခြံထောင်သို့

ပို့ဆောင်ခဲ့တယ်၊၊

မြင်းခြံထောင်တွင်း သောက်သုံးနဲ့ ချိုးရေ မသန့်ရှင်းမှုကြောင့် ဆလိုင်းလှမိုးဟာ အသည်းရောင် အသားဝါနဲ့ ရေဖျင်းရောဂါ စွဲကပ်လာခဲ့ရာ၊ ထောင်တွင်း ကျန်မာရေး ပြုစု စောင့်ရှောက်မှုကလည်း အလွန်ဆိုးရွား ညံဖျင်းသလို၊ ပြင်ပဆေးရုံသို့လည်း သွားရောက် ဆေးကုသခံယူခွင့်ကို မပြုခဲ့တာတို့ ပေါင်းဆုံပြီး ၂ဝဝ၉ ခုနှစ်၊ မေလ ၁၂ ရက်မှာ ထောင်တွင်း ဆေးရုံမှာပဲ ခရစ်တော်၌ အိပ်ပျော် သွားခဲ့ပါတယ်။

အခုလို ဆလိုင်းလှမိုး မြင်းခြံ အကျဉ်းထောင် အတွင်းမှာ ကွယ်လွန် သွားခဲ့တာကို ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်မှာ နေထိုင်နေတဲ့ မိသားစုကို နအဖ ထောင်အာဏာပိုင်တွေက အသိပေး အကြောင်းကြားမှု တစုံတရာ မလုပ်ခဲ့သလို၊ ခရစ်ယာန်ဘာသာ ထုံးစံအရ မဟုတ်ဘဲနဲ့ ပြီးစလွယ် သဂြုင်္ိဟ်လိုက်တယ်လို့ သိရပါတယ်၊၊ ဒီအကြောင်းတွေကိုလည်း ပြီးခဲ့တဲ့ လကုန်ပိုင်းက ပခုက္ကူမြို့မှ ဆွေမျိုးတဦးက သိရပါတယ်။

ဆလိုင်းလှမိုးကို

ထောင်ဝင်စာ

သွားတွေ့ရင်း

စုံစမ်းမှသာ

သိခဲ့ရတာလို့လည်း

လက်သမားပညာဖြင့်အသက်မွေးဝမ်းကြောင်းပြုပြီး မိသားစုကိုဦးဆောင်ရှာကျွေးနေသူ ဆလိုင်းလှမိုး ဟာ အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ် ခံလိုက်ရတာကြောင့်၊ တောင်ပေါ် ကျေးရွာလေး တစ်ရွာမှာ ကျန်ရစ်ခဲ့ရသူ ဇနီးနဲ့ သား သမီးတွေ အဖို့ ရွှေတောင်ကြီး ပြိုသကဲ့သို့ ခက်ခဲ ဆင်းရဲ ပင်းပန်းစွာ ရုန်းကန်နေထိုင် နေကြရတာကနေ၊ အခုတော့ ဆလိုင်းလှမိုး အကျဉ်းထောင်တွင်းမှာ ကွယ်လွန်သွားပြီ ဆိုတဲ့ သတင်းဆိုးကို ကြားသိ လိုက်ရပြီးနောက် ရက်ပိုင်းအတွင်းလေးပဲ စစ်အာဏာရှင်တွေရဲ့ ရက်စက်မှု ဒါဏ်ကို ဆလိုင်းလှမိုးရဲ့ ကျန်ရစ်သူ ဇနီးမယားမှာ မခံစားနိုင်တော့ဘဲ အရူးတပိုင်းဖြစ်ကာ အိမ်မှာမနေတော့ဘဲ လမ်းတွေပေါ်မှာပဲ လျှောက်သွား နေတယ်လို့လည်း မတူပီ ဒေသခံတွေ ထံကနေ တဆင့် ကြားသိနေရပါတယ်။ အခုလို ဖခင်က ထောင် တွင်းမှာဆုံး၊ အတူတူနေတဲ့ မိခင်က ရူး ဆိုတော့ ကျန်ရစ်သူ သားသမီး ၄ ဦး အဖို့လည်း စောင့်ရှောက် ကြည့်ရှုပေးမဲ့သူ ကင်းမဲ့သွားကာ၊ သူတို့ ကလေးတွေရဲ့ ဘဝ မျှော်လင့်ချက်ဟာလည်း ပိန်းပိတ်အောင် မှောင်မည်း သွားလေပြီလို့ ဒေသခံ ရွာသားတွေ စုတ်သပ် နေကြရပါတယ်။

Related Documents

Sali Concerte
May 2020 1
Moe Moe (inya) - Joe
November 2019 36
Hla-mhc
July 2020 11
Sali De Fiesta Mama
October 2019 7

More Documents from ""

Vob711kk
May 2020 9
Acr News Nov 22
June 2020 10
Document 1
May 2020 12
Vob707
April 2020 13