Arakanese Writers (တက္ကသိုလ်နန္ဒမိတ်)

  • Uploaded by: Khine Zaw
  • 0
  • 0
  • November 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Arakanese Writers (တက္ကသိုလ်နန္ဒမိတ်) as PDF for free.

More details

  • Words: 405
  • Pages: 2
တက္ကသိုလ် နန္ဒမိတ် [၁၉၂၃ - ၁၉၈၆] ရခိုင် ပြည်နယ် တောင်ကုတ် မြို့၌ Aဖ မြို့ပိုင် ဦးမောင်မောင်ကြီး၊ Aမိ ဒေါ်ရွှေ တို့က ၁၉၂၃ ခု မတ်လ ၇ ရက်နေ့ (၁၉၂၂ ခု မတ်လ ၈ ရက် ကြာသပတေးနေ့ ဟု 'တက္ဗသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ' တွင် ဖော်ပြ ထားသည်) တွင် ဖွားမြင်သည့် Aမြွှာ ညီAစ်ကို နှစ်ဦး Aနက် ပထမ ဖွားမြင်သော သား ဖြစ်သည်။ ထို့ကြောင့် ငယ်စU်က 'ကိုကို' ဟု ခေါ်ခဲ့ ကြပြီး၊ Aမည်ရင်းမှာ ဦးတင်ေAာင် ဖြစ်သည်။ မွေးချင်း သုံးဦးတွင် Aကြီးဆုံး ဖြစ်သည်။

တောင်ကုတ်မြို့ တိုင်းရင်း မြန်မာ Aလယ်တန်း ကျောင်းတွင် ပU္စမတန်းထိ သင်ယူ ခဲ့သည်။ ထို့နောက် သံတြွဲ မို့ Aင်္ဂလိပ် - မြန်မာ Aစိုးရ Aထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ခဲ့သည်။ ၁၉၄၆ တွင် သံတွဲ ကျောင်းမှပင် တက္ကသိုလ်ဝင် စာမေးပွဲကို Aင်္ဂလိပ်စာ ဂုဏ်ထူးနှင့်ေAာင်ခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ခဲ့သည်။ ၁၉၅ဝ ပြည့်တွင် ဝိဇ္ဇာတန်း နောက်ဆုံးနှစ် စာမေးပွဲကို မဖြေတော့ဘဲ တက္ကသိုလ်မှ ထွက်ခဲ့သည်။

ဂျပန် ခေတ်တွင် ဂျပန် တော်လှန်ရေး လုပ်ငန်းကို ကွယ်လွန်သူ မန္ဈလေး တက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရင် နှင့်Aတူ လက်တွဲ လုပ်ဆောင် ခဲ့သည်။ တက္ကသိုလ်မှ ထွက်ပြီးနောက် တိုးတက်ရေး သတင်းစာတွင် လက်ထောက် Aယ်ဒီတာ၊ ၁၉၅၃ တွင် ဝါးခယ်မမြို့ Aစိုးရ Aထက်တန်း ကျောင်းတွင် Aထက်တန်းပြ ဆရာ၊ ၁၉၅၄ တွင် မြဝတီ မဂ္ဂဇင်း တိုက်ထုတ် 'ရောင်ခြည် ဂျာနယ်' Aယ်ဒီတာ၊ ထို့နောက် ၁၉၅၄ တွင် မြဝတီ မဂ္ဂဇင်း၌ တာဝန်ခံ စာတည်း မှသည် ၁၉၆ဝ ပြည့်တွင် Aယ်ဒီတာချုပ် Aထိ ဆောင်ရွက် ခဲ့သည်။ ၁၉၆ဝ ပြည့်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း ဦးစီး တည်ထောင် သူနှင့် စာတည်း Aဖြစ် ဆောင်ရွက် ခဲ့သည်။ နောက်ပိုင်းတွင် သံတွဲ မြို့သို့ သွားရောက် နေထိုင် ခဲ့သည်။ ၁၉၇၇ တွင် စစ်ပြန် မဂ္ဂဇင်း Aယ်ဒီတာ Aဖြစ် Aမှုထမ်း ခဲ့သည်မှာ ကွယ်လွန်သည် Aထိပင် ဖြစ်သည်။

ရန်ကုန် တက္ကသိုလ်တွင် ပညာ သင်နေ စU်မှာပင် တက္ကသိုလ် စာပေ လှုပ်ရှားမှု များတွင် ပါဝင် ခဲ့ကာ ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသား ခဲ့သည်။ ၁၉၅ဝ ပြည့် ရန်ကုန် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းတွင် မြန်မာ ကဏ္ဍ တွဖဲ က် စာတည်း၊ ရန်ကုန် တက္ကသိုလ် ရခိုင် ကျောင်းသူ ကျောင်းသားများ မဂ္ဂဇင်း Aယ်ဒီတာ Aဖြစ် တာဝန် ယူခဲ့သည်။ ရန်ကနု တက္ကသိုလ် ရခိုင် Aသင်းကြီးက ကြီးမှူး ကျင်းပသည့် ဝတ္ထုတို ပြိုင်ပွဲတွင် 'ကဗျာ တကျော့' ဝတ္ထုတိုဖြင့် ပထမဆု ရခဲ့သည်။ တက္ကသိုလ် နန္ဒမိတ် ကလောင် Aမည်ဖြင့် တက္ကသိုလ် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ပြဇာတ်၊ ကဗျာ၊ ဘာသာပြန် များကို ရေးသား ခဲ့သည်။ နန္ဒာ ပုလဲ (၁၉၅ဝ)၊ သင်ကြား ပါလေဦး ဆရာ (Aားနက်စ် ဟဲမင်းဝေ၏ For Whom The Bell Tolls ကို မှီးသည်။)၊ ဆယ်ပြည်ထောင် ချော့တော့ မပြုံး၊ စောနန္ဒာ (၁၉၆၈)၊ စောကြို လှည့်ပါ စသည့် ဝတ္ထုများ၊ မြဝတီ စစ်ကြောင်း (၁၉၆၇)၊ ပန်းဝါ စစ်ကြောင်း (၁၉၆၇)၊ ရွှေပြည်ကြီး၊ ဗန္ဓုလ ခံတပ် (၁၉၆၈) စသည့် သမိုင်း နောက်ခံ ဝတ္ထုများ၊ မြန်မာပြည် စစ်မြေပြင် (၁၉၆၅)၊ Aင်ဖာ တိုက်ပွဲ (၁၉၆၅)၊ မန္ဈလေးကို ဖြတ်၍ (၁၉၆၅)၊ ထောင့်ကိုးရာ လေးဆယ်နှစ် (၁၉၆၇)၊ မြစ်ကြီးနား တိုက်ပွဲ (၁၉၆၇) စသည့် ဒုတိယ ကမ္ဘာစစ် Aတွင်း မြန်မာ နိုင်ငံနှင့် စပ်ဆိုင်သော စစ်ပွဲ မှတ်တမ်း ဘာသာပြန်များ၊ စာရေးချင်သော သူများသို့ (၁၉၆၁)နှင့် ယုံကြည်ချက် Aတွက် Aသက် စွန့်သူများ (၁၉၆၇) ကျမ်းစာAုပ် တို့မှာ ထင်ရှားသည်။ 'နန္ဒာ ပုလဲ' မှာမူ ပြောစမှတ် Aပြုရဆုံးနှင့် Aထူးခြား Aလှပဆုံး မှတ်တိုင် တခုပင် ဖြစ်သည်။

၁၉၈၆ ခု နိုဝင်ဘာလ ၁၅ ရက် ည ၁ဝ နာရီ ၅ မိနစ်တွင် ရန်ကုန် Aင်းစိန်၌ ကွယ်လွန်သည်။

[ပြင်ဆင်ရန်] စာညွှန်း ။ ။

1. မလိခ။ မြန်မာ ဝတ္ထု Aညွှန်း (၁)။ စာ ၁၉၈ - ၂ဝ၉။ 2. မလိခ။ မြန်မာ စာပေ Aဘိဓာန် (၂)။ စာ ၃ဝ၉။ 3. မောင်ကျော်သာ။ တစေ့ တစောင်း စာရေး ဆရာ တို့၏ Aကြောင်း။ စာ ၁ဝ၉ - ၁၂၄။ 4. နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၃၃၈ - ၃၄ဝ။ 5. စာရေး ဆရာများ။ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ (၂ဝဝ၄)။ 6. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၁၇၁ - ၁၇၂။]

Related Documents

Arakanese Writers
November 2019 18
Portals Writers
June 2020 11
Writers Forum
October 2019 30
Writers Tools
May 2020 13
Writers Notebook
May 2020 7

More Documents from "Khaing Khaing"

November 2019 19
November 2019 0
November 2019 0