Open Letter To Senator Jim Webb_bur

  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Open Letter To Senator Jim Webb_bur as PDF for free.

More details

  • Words: 505
  • Pages: 3
ဩဂုတ်လ ၁၁ ရက်၊ ၂၀၀၉ ဂုဏ်သရေရှိ အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် ဥက္ကဌ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မီတီ အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မီတီ အမေရိကန်ပြည်ထောင်စု၊ (တဆင့်၊ ၊ အမေရိကန် သံရုံး၊ ရန်ကုန်မြို)့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ နှင့် ဗမာနိုင်ငလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်များမှ အမေရိကန် ပြည်ထောင်စု၊ အထက်လွှတ်တော် အမတ်ဂျင်ဝက်ဘ် သို့ အိပ်ဖွင့်ပေးစာ

အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် ခင်ဗျား, (၁) မြန်မာနိုင်င၏ံ အဓိက အတိုက်အခံအဖွဲ့များ ဖြစ်ကြသော ကျွန်ုပ်တို့၊ မြန်မာနိုင်ငလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ဗမာနိုင်ငလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်များမှ လူကြီးမင်း၏ မြန်မာနိုင်ငံ ခရီးစဉ် နှင့် လူကြီးမင်း၏ မြန်မာနိုင်ငံ အခြေအနေများအပေါ် သဘောထားတို့အပေါ် ကျွန်ုပ်တို့ စိုးရိမ်ပူပန်မမျှုားကို ဖော်ပြရန် ယခုစာကို ရေးလိုက်ခြင်း ဖြစ်ပါသည်။ (၂) လူကြီးမင်း အနေဖြင့် နှစ်ပါတ်ကြာမည့် အရှေ့တောင်အာရှ ငါးနိုင်ငခံ ရီးစဉ်ကို စတင်နေပြီး မြန်မာနိုင်ငသိုံ့လည်း ဝင်ရောက် မည်ဆိုသည်ကို သတင်းဌာနများမှတဆင့် ကြားသိရပါသည်။ ယခုကဲ့သို့ စစ်အစိုးရမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို မတရားပုဒ်မများဖြင့် စွဲချက်တင်ပြီး ပြစ်ဒါဏ်ချမှတ်ရန် အဆင်သင့်ဖြစ်နေချိန်တွင် လူကြီးမင်း ရောက်ရှိလာသည်ကို ကျွန်ုပ် တို့ အံ့ဩမိပါသည်။ စစ်အစိုးရ၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ ၂၀၁၀ ရွေးကောက်ပွဲဖြင့် စစ်အာဏာရှင်စံနစ်အား တရားဝင်ပြုရေး အစီအစဉ်ကို ပျက်ပြားအောင် ဆောင်ရွက်နိုင်စွမ်းရှိသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်ထဲ တွင် အကန့်အသတ်မဲ့ ဆက်လက်ထားရှိရေး ဖြစ်ပါသည်။ (၃) စစ်အစိုးရအနေဖြင့် လူကြီးမင်း၏ခရီးစဉ်အား ၎င်းတို့၏ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကို မတရားအကျဉ်းချထားမှု၊ နိုင်ငံသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တိုင်းရင်းသားလူမျိုးစုများအပေါ် ကြီးမားကျယ် ပြန့်ပြီး အဆက်မပြတ်သည့် အနိုင်ကျင့်တိုက်ခကိုမှုများကို လာရောက်အတည်ပြုပေးမှုအဖြစ် လှည့်ဖျားဝါဒဖြန့်ချိမည်ကို ကျွန်ုပ် တို့ စိုးရိမ်မိပါသည်။ (၄) လူကြီးမင်း၏ရုံးမှ ထုတ်ပြန်သော ကြေငြာချက်များအရ လူကြီးမင်းသည် ကျွန်ုပ်တို့နိုင်ငသိုံ့ ၂၀၀၁ ခုနှစက် လာရောက်ခဲ့ ဖူးပြီး စစ်အစိုးရခေါင်းဆောင်များ၊ စီးပွါးရေးသမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ မြန်မာနိုင်င၏ံ အခြေအနေ မှန်များ၊ ပြည်သူလူထု၏ နာကျင်မှုများ၊ မျှော်လင့်ချက်များကို မှန်မှန်ကန်ကန် နားလည်နိုင်ရန်အတွက် လူကြီးမင်းအနေဖြင့် ယခု

ခရီးစဉ်တွင် မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံအဖြစ် ဦးဆောင်တည်ဆောက်ရေးအတွက် လူထုမှ ၁၉၉၀ ရွေးကောက်ပွဲမှ ရွေးချယ် တာဝန်ပေးအပ်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသင့်ကြောင်း အကြံပြုပါသည်။ အကျဉ်းကျနေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အကျဉ်းကျနေသည့် ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးဂမ္ဘီရ စသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ သံဃာ့ ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရန် ကြိုးစားမည်ဆိုလျှင် ကျွန်ုပ်တို့ အထူးကျေးဇူးတင်မည် ဖြစ်ပါသည်။ (၅) လူကြီးမင်းအနေဖြင့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ချို့ယွင်းချက်များ ရှိသည်ကို သိရ လျက်နှင့်ပင် ထောက်ခံရန် ဆန္ဒရှိသည်ဟု ကြားသိရသည့်အတွက် ကျွန်ုပ်တို့ အံ့ဩမိပါသည်။ စစ်အစိုးရ၏ ဖမ်းဆီးမှု၊ ညှင်းပန်း နှိပ်စက်မှု၊ အကျဉ်းချမှုများမှ ရှောင်ကွင်းနိုငရ် န် ပုံးအောင်းနေရသည်အ့  တွက် ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းအား လာရောက် တွေ့ဆုံရှင်းပြနိုင်ခြင်း မရှိပါ။ သို့ပါ၍ ကျွန်ုပ်တို့၏ ရပ်တည်ချက်များကို အောက်ပါအတိုင်း လူကြီးမင်း နားလည်နိုင်ရန်၊ ထောက်ခံ ရန်နှင့် အနည်းဆုံး အသိအမှတ်ပြုနိုင်ရန် တင်ပြအပ်ပါသည်။ (၆) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၎င်းတို့၏သဘောထားများကို ရှင်းလင်းစွာ ထုတ်ပြန်ကြေငြာပြီး ဖြစ်ပါသည်။ အဖွဲ့ချုပ်အနေ ဖြင့် စစ်အစိုးရမှ (က) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ ပြန်မလွှတ်မပေး မချင်း၊ (ခ) စစ်အစိုးရ၊ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ အားလုံးလက်ခံနိုင်သည့် အဖြေတခု ရှာဖွေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ မကျဉ်းပ မချင်း၊ (ဂ) ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်၍ အများလက်ခံနိုင်အောင် မပြင်ဆင် မချင်း၊ ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း အတိအလင်း ကြေငြာပြီး ဖြစ်ပါသည်။ အဖွဲ့ချုပ်၏ ရပ်တည်ချက်များကို မိမိတ့မှို လုံးဝ ထောက်ခံပြီး ယင်းတောင်းဆိုချက်များ ပြည့်ဝမလာသ၍ မိမိတို့မှ ၂၀၁၀ ရွေးကောက်ပွဲအား အသိအမှတ်ပြုမည် မဟုတ်ပါ။ (၇) စစ်အစိုးရမှ တဖက်သတ် ရေးဆွဲပြီး အဓမ္မနည်းလမ်းများဖြင့် အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အာဏာအရပ်ရပ်ကို စစ်တပ်နှင့် ကာကွယ်ရေးဦးစီးချုပ်၏ လက်ထဲအပ်နှင်းထားပြီး၊ နိုင်ငံသားများ၏ အခြေခံအခွင့် အရေးများကို ကန့်သတ်ချုပ်နှောင်ထားပါသည်။ တိုင်းရင်းသားလူမျိုးစုများ၏ ရပိုင်ခွင့်များကိုလည်း ချိုးဖောက်ထားပြီး တိုင်းရင်း သားများအား လက်အောက်ခံများအဖြစ် ဖန်တီးထားပါသည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၁၀ ရွေးကောက်ပွဲဖြင့် အသက်ဝင် လာမည်ကို ကျွန်ုပ်တို့ လက်မခံနိုင်ပါ။ (၈) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နိုင်ငတံ ကာအစိုးရများက ကျွန်ုပ်တို့၏ တောင်းဆိုချက်များမှာ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ဒီမိုကရေစီရေးအတွက် သဘာဝကျ၍ အမှန်တကယ် လိုအပ်သောအချက်များအဖြစ် အသိအမှတ်ပြု လက်ခံကြပါသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်နှင့် အစိုးရက စစ်အစိုးရအပေါ် နည်းလမ်းပေါင်းစုံဖြင့် ဖိအားပေးနေ ကြပါသည်။ ကျွန်ုပ်တို့၏ အကြမ်းမဖက် ဒီမိုကရေစီရေး လှုပ်ရှားတစိုက်မတ်မတ် ထောက်ခံအားပေးကူညီနေသော အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်အား မိမိတ့မှို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။ လူကြီးမင်းအနေဖြင့်လည်း အမေရိ ကန် အထက်လွှတ်တော်ခေါင်းဆောင် တယောက်အနေဖြင့် မြန်မာစစ်အစိုးရအား ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို လိုက် လျောရန်နှင့် တိုင်းပြည်၏ ပြဿနာများအားလုံးကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် တိုက်တွန်းလိမ့်မည်ဟု ကျွန်ုပ်တို့ မျှောလ် င့်ပါကြောင်း။ လေးစားစွာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖြွဲ့ ကီး၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဗမာနိုင်ငလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွ့ချဲုပ်

မိတ္တူကို အောက်ပါ အထက်လွှတ်တော်အမတ်များထံ ပေးပို့ပါသည်။ ဆီနိတ်တာ ဟယ်ရီရိဒ်၊ လူများစုခေါင်းဆောင် ဆီနိတ်တာ ရစ်ချာဒ်ဒါဘင်၊ လက်ထောက်လူများစုခေါင်းဆောင် ဆီနိတ်တာ မစ်ခ်ျ မက်ကော်နယ်လ်၊ ရီပတ်ဗလိကန် ပါတီ ခေါင်းဆောင် ဆီနိတ်တာ ဂျွန်ကိုင်းလ်၊ လက်ထောက် ရီပတ်ဗလိကန် ပါတီ ခေါင်းဆောင် ဆီနိတ်တာ ဂျွန်ကယ်ရီ၊ ဥက္ကဌ၊ နိုင်ငံခြားရေးရာကော်မီတီ ဆီနိတ်တာ ရစ်ချာဒ်လူးဂါး၊ ရီပတ်ဗလိကန် ခေါင်းဆောင်၊ နိုင်ငံခြားရေးရာကော်မီတီ ဆီနိတ်တာ ဂျိမ်းစ်အိုင်ဟော့ဖ်၊ ရီပတ်ဗလိကန် ခေါင်းဆောင်၊ အရှေ့အာရှ နှင့် ပစိဖိတ် ဒေသဆိုင်ရာ ဆပ်ကော်မီတီ ဆီနိတ်တာ ဒိုင်ယန်းဖိုင်းစ်တိုင်း၊ ဥက္ကဌ၊ ထောက်လှမ်းရေးလုပ်ငန်းများဆိုင်ရာ အထူးကော်မီတီ ဆီနိတ်တာ ဂျွန်မက်ကိန်း၊ ရီပတ်ဗလိကန် ခေါင်းဆောင်၊ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မီတီ မိတ္တူ ကို အမေရိကန် အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန မှ အောက်ပါ အရာရှိကြီး များထံပေးပို့ပါသည်၊ ဟီလာရီ ကလင်တန်၊ နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ်၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ အရှေ့အာရှနှင့် ပစိဖိတ် ဗျူရို စကော့ မာရှယ်၊ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ အရှေ့အာရှနှင့် ပစိဖိတ် ဗျူရို နှင့် အာစီယံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး လယ်ရီဒင်းဂါး၊ သံရုံး တာဝန်ခံ၊ အမေရိကန် သံရုံး၊ ရန်ကုန်မြို့ မိတ္တူ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ချုပ် နှင့် ပြည်တွင်းပြည်ပ သတင်းဌာန များသို့လည်း ပေးပို့ပါသည်။

Related Documents