News On July 19

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View News On July 19 as PDF for free.

More details

  • Words: 3,628
  • Pages: 18
Uncensored Burma - Daily News ( July 18 ) အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်း အလှူလုပ်မည် - VOA ၆၂ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွင်းမှာ အလှူဒါန ပြုလုပ်ဖို့ ရှိနေပါတယ်။ ဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခံ၊ တရားစွဲဆိတုာ ခံနေရတဲ့ ရန်ကုန် အင်းစိန် ထောင်တွင်းမှာ အကျဉ်းရုံး အခမ်းအနားတခု ပြုလုပ်မှာပါ။ တချိန်တည်းမှာ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း အခမ်းအနားတွေလုပ်ဖို့ စီစဉ်နေပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း လုပ်ကြံသတ်ဖြတ်ခံခ့ရဲ တဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည် ခေါင်းဆောင်တွေကို အောက်မေ့ဖွယ် အခမ်းအနားတခုအဖြစ် အကျဉ်းကျခံနေရတဲ့ ထောင် တွင်းမှာ အလှူပေးမယ့် အခမ်းအနားတခု ပြုလုပ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ထားတာပါ။ တားမြစ် ကန့်သတ်ချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံထားရတဲ့ အမှုနဲ့ ပတ်သက်လို့ နှစ်ဖက် ရှေ့နေ တွေ အပြီးသတ် လျှောက်လဲရမှာမို့ သောကြာနေ့၊ မနေ့တုန်းကပဲ ဥပဒေရေးရာ ဆွေးနွေး တိုင်ပင်မှုတွေ လုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေကို ပြောပြခဲ့တာပါ။ အာဇာနည်တွေ ကျဆုံးတဲ့ ၆၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီလို အကျဉ်းရုံးပြုလုပ်တဲ့ နေရာမှာ ထောင်တွင်းဆေးရုံမှာ ကုသမှု ခံယူနေရတဲ့ အကျဉ်းသားတွေကို အစားအသောက် လှူဒါန်းမှာဖြစ်တယ်လို့ သူ့ရဲ့ အကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီအတွက် လိုအပ်မယ့် ပစ္စည်းတွေကိုလည်း ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးလှမျိုးမြင့်က အင်းစိန်ထောင်ကို သွားရောက်ပေးပို့ခ့တဲ ယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ “တနာရီခွဲမှာ လိုအပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မှာတဲ့ ပစ္စည်းတွေ အားလုံးကို သူတို့ လက်ခံပြီး သွားပို့ပေးတယ်။ ပစ္စည်းက ကျနော် မှတ်မိသလောက် ကွေကာအုပ် အထုပ်ကြီး ၁၁ ထုပ်၊ တယောက်စာ ကိတ်မုန့်အထုပ် ၃၃၀၊ ကျနော်သိတဲ့ အစီအစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ထောင်ဆေးရုံတက်နေတဲ့ ပုဂ္ဂိုလ်အားလုံးကို အလှူဒါန ပြုမယ်။” လွန်ခ့တဲ့ဲ ၁၉ နှစ်တာ ကာလအတွင်း ၁၃ နှစ်လောက် ဖမ်းဆီးထိန်းသိမ်း ခံနေခဲ့ရတာမို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လုပ်ကြံသတ်ဖြတ် ခံခ့ရဲ သူ ၉ ဦးအတွက် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို မကြာခဏဆိုသလို တက်ရောက်နိုင်တာမျိုးတော့ မရှိပါဘူး။ ဒီတကြိမ်မှာလည်း အကျဉ်းကျခံဘ၀နဲ့ ဖခင်ကွယ်လွန်တဲ့ အထိမ်း အမှတ်ကို ဖြတ်သန်းရမယ့်အပေါ် သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေအဖို့ လက်မခံနိုင်စရာ ဖြစ်နေရတယ်လို့ ပါတီပြောခွင့်ရသူ ဦးဝင်းနိုင်က ပြောပါတယ်။ “ကိုယ့်အဖေ ကွယ်လွန်တ့ေဲ န့မှာ လွတ်လွတ်လပ်လပ် ကောင်းမှုကုသိုလ်ပြု၊ အမျှအတန်းဝေ၊ စိတ်လက် ချမ်းသာစွာနဲ့ ရှိရမယ့် ဒီလိုကာလမျိုးမှာ တပူပေါ် နှစ်ပူဆင့်၊ အမှု တခုပြီးတခု၊ ပြဿနာ တခုပြီးတခု ဖြေရှင်းနေရတယ်။ ပြဿနာကလည်း ကိုယ်ကစတဲ့ ပြဿနာ မဟုတ်ဘူး။ အဲတော့ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာတော့ ကျနော်တို့က ကရုဏာလည်း သက်မိတယ်၊ ဒီအပေါ်မှာလည်း ကျနော်တို့ အဖွဲ့ဝင်တွေ အားလုံးက စိတ်မကောင်း ဖြစ်ကြတယ်။ “အခုချိန်မှာ ဘာအပြစ်မှ မရှိဘဲနဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ထည့်ထားပြီးတော့ အခုလို ရင်ဆိုင်နေရတဲ့ ဘ၀မျိုးကတော့ ကျနော်တို့အနေနဲ့ ကြာရှည် တွေ့လည်း မတွေ့လိုဘူး၊ မြင်လည်း မမြင်လိုဘူး။”

ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် ၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို သူ့ရဲ့ NLD ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်ဘဲ ကျင်းပရဖို့ ရှိနေပါတယ်။ NLD က စီစဉ်ထားတဲ့ အခမ်းအနားနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရသူ ဦးဝင်းနိုင် ပြောပြတာကတော့ … “အရုဏ်ဆွမ်း ဘုန်းကြီး ၅ ပါး ပင့်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အမျှအတန်း ပေးဝေမှာပါ။ အဲဒါပြီးရင် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲမယ်၊ ပြီးရင် အာဇာနည်ကုန်း ဘက်ကို မျက်နှာမူပြီး အလေးပြုကြမှာပါ။ အဲဒါပြီးလို့ နေ့လယ် ၁၂ နာရီခွဲမှာ အခမ်းအနား စမယ်။ အခမ်းအနားဖွင့်မယ်၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုမယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို အလေးပြုမယ်။ ပြီးရင်တော့ ဒီမိုကရေစီ အရေးတော်ပုံ အဆက်ဆက်မှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ် ငြိမ်သက်မယ်။ ပြီးရင် အဖွဲ့ချုပ် သဘာပတိ မိန့်ခွန်းပေါ့၊ ပြီးရင် အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ အာဇာနည်နေ့ ကြေညာစာတမ်း ဖတ်ကြားမယ်။ ပြီးရင် သ၀ဏ်လွှာတွေ ဖတ်မယ်။ အဲဒါပြီးရင်တော့ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာမှာပေါ့။” NLD ပါတီ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာတော့ မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းက ပုဂ္ဂိုလ်တွေ၊ သံတမန်တွေနဲ့ စာနယ်ဇင်းသမားတွေကို ဖိတ်ကြားထားတယ်လို့လည်း NLD ပါတီက ပြောပါတယ်။ --------------------------------------------အာဇာနည်နေ့တွင် နိုင်ငံရေးသမားတချို့ အဖမ်းခံရ ဓာတ်ပုံသတင်း ဇူလိုင် ၁၉၊ ၂၀၀၉

ယနေ့ နံနက် ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် ဖမ်းဆီးမှုများ မပြုလုပ်စဉ် တွေ့ရသည့် မြင်ကွင်း။ အာဇာနည်ကုန်း ပတ်ဝန်းကျင်တွင် လုံခြုံရေး အကြီးအကျယ် ချထားပြီး လုံထိန်းများ တင်ဆောင်ထားသည့် ကား အစီး ၂၀ ထက်မနည်း ကင်းလှည့်နေကြောင်း၊ နိုင်ငံရေးသမား အများအပြားလည်း ဖမ်းဆီးခံရကြောင်း ရန်ကုန်မှ လာသော သတင်းများက ဆိုသည်။ (photo: AP) ---------------------------------------------

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲထားသည့်အပေါ် တပ်တွင်းမကျေမနပ်ဖြစ် Sunday, 19 July ရိုးမ ၃ နေအိမ်အတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားသားတဦးကိုမူတည်ကာ တရားစွဲဆိုနေခြင်းနှင့်ပတ်သက်၍ တပ်တွင်း တာဝန်ထမ်းဆောင်နေသည့် အရာရှိအချို့ မကျေမနပ်ဖြစ်နေသည်။ အမျိုးသမီးတဦးအပေါ်အရှက်ရစရာကောင်းလောက်အောင် လိမ်ညာအမှုဆင် လုပ်ဆောင်နေသည့်အတွက် တပ်မတော်အတွင်းရှိ အောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများနှင့် မိသားစုဝင်များက တပ်မတော်ခေါင်းဆောင်များအပေါ် မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။ “ကျနော် စစ်တပ်ထဲဝင်ခ့မဲိတာ မှားတယ်၊ ဒီကိစ္စ တပ်ထဲမှာလည်း တီးတိုးပြောကြတယ်ပေါ့ဗျာ၊ သိပ်ရှက်ဖို့ကောင်းတယ်၊ သူတို့ ဘာကြောင့် အရှက်ကင်းမဲ့စွာ လုပ်တယ်ဆိုတာကိုလည်း ကျနော် စဉ်းစားမိသမျှပေါ့ဗျာ၊ အာဏာကို ငန်းငန်းတက် မက်မောနေကြပြီလို့ပဲ ပြောချင်တယ်” ဟု အရှေ့တောင်တိုင်းစစ်ဌာချုပ် လက်အောက်ခံတပ်မှ တပ်ခွဲမှူးအဆင့်ရှိသူတဦးက ပြောသည်။ လက်ရှိအခြေအနေတွင် အခြားတပ်ရင်းတပ်ဖွ့မျဲားတွင်လည်း ယခုကိစ္စများကို ကျေနပ်မှုမရှိကြောင်း၊ ၄င်းနှင့်တပတ်စဉ်တည်း ကျောင်းဆင်းလာခဲ့သည့် မိတ်ဆွေများအား မေးမြန်းခဲ့ရာ တုံ့ပြန်ပြောဆိုခ့သဲ ည်များမှာ အလားအလာမကောင်းကြောင်း ဆက်လက်ပြောဆိုသည်။ နေပြည်တော်နှင့်နီးစပ်သူ အရာရှိတဦးအဆိုအရ တပ်ချုပ်ဟုခေါ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ယခုလုပ်ရပ်ကြောင့် အခြားတပ်မှူးကြီးများ၏ ယုံကြည်မှုလျှော့နည်းလာသည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲ၍ ထောင်ချပြီးမှသာလျှင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်များ ထွက်ပေါ်လာမည်ဖြစ်ပြီး ပါတီအားဖြင့် ၄ ခုခန့်သာ လက်ခံနိုင်ဖွယ်ရှိသည်ဟု အဆိုပါအရာရှိက ဆက်လက်ပြောဆိုသွားခဲသ့  ည်။ စစ်အစိုးရအာဏာပိုင်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော နေအိမ်အတွင်းသို့ ဝင်ရောက်ခ့သဲ ည်ကို လက်ခံခ့သဲ ည့် အကြောင်းပြချက်ဖြင့် ရုံးတင်တရားစွဲဆိုမှုများ ပြုလုပ်ထားပြီး ယခုလ (၂၄) ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက်တင်ရန် ရုံးချိန်းသတ်မှတ်ခ့သဲ ည်။ --------------------------------------------ငြိမ်း အဖွ့မျဲားနှင့် နယ်ခြားစောင့်တပ်ကိစ္စ အများပြည်သူ ပိုမိုသိသင့် ဒီဗွီဘီ - ထက်အောင်ကျော် ၁၆ ဇူလိုင် ၂ဝဝ၉ - နယ်ခြားစောင့်တပ်အစား ကချင်ဒေသလုံòခံရေးတပ် အမည်နဲ့ တာဝန်ပြောင်းလဲ ဖွ့စဲ ည်းပေးဖို့ ကေအိုင်အို က နအဖ ကို တင်ပြလိုက်တယ်လို့ သိရပါတယ်။ ဒီလ ၈ ရက်နေ့က မြစ်ကြီးနားòမိ့မှာ ပြုလုပ်တဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နဲ့ နအဖ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲမှာ ကေအိုင်အို ဘက်က အခုလို တင်ပြခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရဘက်က ပြောနေတဲ့ နယ်ခြားစောင့်တပ် Bသမိနမွကမေိ င်္သမခန (Bွင်္) အစား ကချင်ဒေသ လုံòခံရေးတပ်ုခေ့ငည္မနါငသညွေူကမေိ င်္သမခန (္မွုင်္) အဖြစ် ပြောင်းလဲဖွ့စဲ ည်းရေးကို သူတို့ဘက်က လိုလားနေပြီး ကချင်ဒေသလုံòခံရေးတပ် အဖြစ် ပြန်ဖွ့တဲ့ အဲ ခါမှာလည်း တပ်ရင်းတခုမှာ နအဖ အရာရှိ ၃ဝ ထည့်ရေးအစား ကေအိုင်အို စစ်သားသက်သက်န့သဲာ ဖွစ့ဲ ည်းခွင့်ပေးဖို့ ကေအိုင်အိုဘက်က တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကချင်ဒေသလုံòခံရေးတပ်ကို ၂ဝ၁ဝ ရွေးကောက်ပွဲအလွန် ကာလအထိ ဒီအတိုင်း ရပ်တည်ခွင့် ပေးထားဖို့နဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် အစိုးရသစ် လက်အောက် ကချင်ပြည်နယ် အစိုးရအဖွဲ့ ပေါ်လာတဲ့အခါ ကေအိုင်အို အနေနဲ့ အဲဒီပြည်နယ် အစိုးရအတွင်း တိုက်±ိုက်ပါဝင်ခွင့်ပေးဖို့ကိုလည်း တောင်းဆိုထားတာ တွေရ့  ပါတယ်။ ကေအိုင်အိုရဲ့ တောင်းဆိုချက်ဟာ အက်စ်အက်စ်အေ ရှမ်းပြည် မြောက်ပိုင်းတပ်မတော်အဖွဲ့က ဇွန် ၂၃ ရက်နေ့မှာ နအဖ ထံတင်ပြတဲ့ အချက်တွေနဲ့ ခပ်ဆင်ဆင်တူနေပြီး သူတို့အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်း တာကို လက်မခံနိုင်ဘဲ ရွေးကောက်ပွဲလွန်ကာလအထိ လက်ရှိအခြေနေအတိုင်း ဆက်ထားပေးဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။ ထိုင်းနယ်စပ်ရှိ မွန်ပြည်သစ်ပါတီကလည်း နအဖ ထံ အလားတူ တောင်းဆိုချက်မျိုး တင်ပြထားတာ တွေ့ရပါတယ်။ ဒါဟာ အင်အားကြီးငြိမ်းအဖွ့ေဲ တွဖြစ်တဲ့ ဝ၊ ကိုးကန့်နဲ့ မိုင်းလားအဖွဲ့တွေက နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေးဆိုတာကို လုံးဝ လက်မခံဘူးလို့ ငြင်းပယ်ပြီးတဲ့နောက် ကေအိုင်အိုနဲ့ အလယ်အလတ် သဘောထားရှိတဲ့ အဖွဲ့တွေက ၂ ဖက် လက်ခံနိုင်တဲ့ အဆိုပြုချက်အသစ် တင်လာတဲ့သဘော ဖြစ်မယ်လို့ အကဲခတ်တွေက ပြောပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ငြိမ်းအဖွ့ေဲ တွကို ဆက်သွယ်ခ့ေဲ ပမယ့် မီဒီယာကို ပြောဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် ငြိမ်းတွေနဲ့ နီးစပ်ပြီး သူတို့ပါတီရ့ဥဲ က္ကဋ္ဌ ခွန်ထွန်းဦး ကိုယ်တိုင်လည်း ဒီကိစ္စအတွက် ဖမ်းဆီးခံနေရတဲ့ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလိတ်က ဒီလို အသွင်ပြောင်း မပြောင်းဆိုတ့ကဲိစ္စအပေါ် နယ်စပ်တကြောရှိ ပြည်သူအများစုနဲ့ ရန်ကုန်၊ မန္တလေးအပါဝင် òမိ့ကြီးတွေမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့ အစည်းတွေက အထူး စိတ်ဝင်တစား စောင့်ကြည့် နေကြောင်း ပြောပါတယ်။ ဒီကိစ္စကို òမိ့ပြဒေသရှိ လူအများစု စိတ်ဝင်စားလာအောင်၊ တိုင်း ရင်းသားအခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးလှုပ်ရှားမှု ဘယ်လိုဆက်စပ် နေသလဲဆိုတာကို ပြည်သူတွေအကြား ပိုသိလာအောင် ငြိမ်းအဖွ့ေဲ တွ၊ တိုင်းရင်းသား ပါတီတွေက အခုအချိန်မှာ အပြင်းအထန် óကိးစားဖို့ လိုနေတယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။ --------------------------------------------ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတာနဲ့ ပတ်သက်၍ သူတို့အမြင်၊ သူမကို ထောင်ချလိုက်ရင် ဘာဆက်လုပ်မယ်ဆိုတဲ့ သူတို့ရဲ့အပြင်အဆင် Friday, 17 July 2009 13:16 ရိုးမ ၃ ဂျွန်ယက်တောမလာလဲ တခြားတနည်းနည်းနဲ့ ပုဒ်မတပ်ပြီးထိန်းသိမ်းတာပဲဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ် လုပ်မှာပဲ။ ဦးအေးသာအောင် (ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ - CRPP) ဦူးအေးသာအောင်CRPP ရဲ့သဘောထားအမြင်ကတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ခုနကလို တရားစွဲပြီးတော့ ပြစ်ဒဏ်ပေးဖို့ စီမံနေတာကိုက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားပြီးတော့

နှစ်တွေပြည့်လာတဲ့အခါမှာ မလိုချင်တ့သဲ ဘောနဲ့ ဂျွန်ယက်တောကို အကြောင်းပြပြီးတော့ ပြစ်ဒဏ်ချဖို့စီမံနေတယ်လို့ သဘောထားတယ်။ အကယ်၍ ဂျွန်ယက်တော မလာလို့ရှိရင်လဲ အခြားတနည်းနည်းနဲ့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပုဒ်မတခုခုတပ်ပြီးတော့ ဆက်လက်ပြီးတော့ ထိမ်းသိန်းတာပဲဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ်ပေါ့ လုပ်မယ်လို့ သဘောထားရှိပါတယ်။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောင်ပွဲ မတိုင်ခင်မှာ ပြင်ပကို မလွှတ်ချင်တ့အဲ တွက်ကြောင့် အဲဒီလို စီမံပြီးတော့ ပြစ်ဒဏ်ချဖို့ လုပ်နေတယ်လို့ သဘောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရေးမှာ ယခင့်ယခင် ပုဂ္ဂိုလ်တွေကိုထောင်ချတာနဲ့တော့ မတူဘူးပေါ့။ တစ်နိုင်ငံလုံးရဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရဲ့ အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပြစ်ဒဏ်ချလိုက်တာဟာ တနိုင်ငံလုံးရဲ့ နိုင်ငံရေးကို တနည်းနည်းနဲ့ ထိန်းချုပ်လိုက်တယ်လို့ သဘောထားတယ်။ ဒီအပေါ်မှ နိုင်ငံရေးပါတီတွေ CRPP အပါဝင်၊ NLD အပါဝင် နိုင်ငံရေးပါတီတွေရဲ့ တနည်းနည်းနဲ့ တုံ့ပြန်ရမယ့် အနေအထားတွေကိုတော့ အခုထက်ထိ ဆွေးနွေးတုန်းပါပဲ။ တိတိကျကျတော့ မဆုံးဖြတ်ရသေးပါဘူး။ xxxxx ဟိုတုန်းက လူထုက ငုံ့မခံဘူး ၊အခုလဲငုံ့ခံမှာမဟုတ်ဘူး။ ဦးဝင်းတင် ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင်- NLD) ဦးဝင်းတင်ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုတာနဲ့ ပတ်သက်လို့က ကျွန်နော်ကတော့တလျှောက် လုံးပြောလာတာ ဒါနိုင်ငံရေးလုပ်ကြံမှုပဲ။ တရားဥပဒေကြောင်းတွေ ကျနော်တို့ သိပ်မပြောလိုပါဘူး။ သူ့ကိုကန့်သန့်ထားတာက သူက အတွင်းကနေပြီးတော့ အပြင်ကိုမဆက်သွယ်ဖို့ အခုဟာက အပြင်ကလူကလာဆက်သွယ်တာ အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဘာမှမသက်ဆိုင်ဘူး ဒါအပြစ်ပေးမယ်ဆိုရင် လုံခြုံရေးစောင့်တ့သဲူတွေကိုသာ အပြစ်ပေးရမယ် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ဘာမှ အပြစ်မရှိဘူး။ အပြစ်မရှိပဲနဲ့ တရားစွဲတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပို့ဖို့ ။ ဘာဖြစ်လို့ ထောင်ထဲပို့ချင်လဲ ဆိုတ့အဲ ခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ပင်မရေးစီးကြောင်းထဲက ဆွဲထုတ်ပြီးတော့ ဘေးဖယ်ထုတ်ချင်လို့ လုပ်ကြံတာ အဲဒါကြောင့် နိုင်ငံရေးလုပ်ကြံမှုဖြစ်တယ်လို့ သတ်မှတ်တယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အရေးယူတာကို ကျွန်နော်တို့ လက်မခံဘူး။ ဒီအမှုဟာ ကျွန်နော်တို့ သဘောကတော့ ရုတ်သိမ်းပေးရမယ်၊ အဲလို ရုတ်သိမ်းခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်။ နောက်တစ်ခုပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုလုပ်နေတဲ့ကြားထဲက ကမ္ဘာကရော ဝိုင်း ကန့်ကွက်နေကြတယ်၊ ပြည်တွင်းကလဲဝိုင်းကန့်ကွက်နေတယ်၊ နိုင်ငံရေးအင်အားစုကြီးကလဲ ဝိုင်း ကန့်ကွက်နေကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးရေစီးကြောင်းထဲက ဘေးဖယ်ထုတ် ချင်နေတဲ့ အတွက် ထောင်ကျမယ်ဆိုရင် ကျွန်နော်တို့ ဘာလုပ်ကြမလဲ ဆိုတာကို ဝိုင်းပြီးစဉ်းစားနေကြတဲ့နေရာမှာ ကျွန်နော်ကတော့ ဘာစဉ်းစားလဲဆိုရင် ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည် ဒီလိုအနေထားမျိုးဖြစ်တာဟာ ဒုတိယအကြိမ်ဖြစ်တာပဲ ၁၉၈၉ ခုနှစ်၊ ဇွန်လိုင် ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးလိုက်တဲ့ အချိန်တုန်းကလဲ အလားတူ ဒီလိုကိစ္စမျိုးကြုံခဲ့တယ်။ အဲဒီအချိန် တုန်းကလဲ ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီ အင်အားစု ဆန္ဒပြမှုတွေ၊ သဘောထားဖော်ထုတ်မှုတွေ၊ ကန့်ကွက်မှုတွေ အများကြီးဖြစ်ခ့တဲ ယ်။ သို့သော်

သူတို့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်တယ်။ ပြီးတဲ့ အခါကြတော့ NLD ရော ဘာရောညာရော အကုန်လုံး လူပေါင်းများစွာကို ဖမ်းလိုက်ရတယ်။ အခုလဲဒီအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ချမယ်။ အဲဒီအခါမှာလဲ သူတို့ကဘာလုပ်ရမလဲဆိုရင် ပါတီတွေအများကြီးရုတ်သိမ်းမယ်။ အဲ့ဒီမှာ လူထုကခံမှာမဟုတ်ဘူး၊ ဟိုတုန်းက လည်းငုံ့မခံခ့ဘဲူး၊ ခုလည်းငုံ့ခံမှာမဟုတ်ဘူး၊အဲ့ဒါကိုပြောချင်တယ်၊ ဟိုတုံးကငုံ့မခံခ့ဘဲူးဆိုတာက နယ်စပ်ကိုထွက်သူထွက် ထောင်ထဲရောက်တ့လဲူကရောက်န့၊ဲ ဒါပေမဲ့လို့အ့ဒဲီအချိန်တုန်းက နိုင်ငံတကာရဲ့ ၀ိုင်းဝန်း ထောက်ခံအားပေးမှု၊ ၀ိုင်းဝန်းကူညီမှုဟာဒီလောက်ထိမရှိသေးဘူး၊ ခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲ ဆိုလိုက်တ့အဲ ပေါ် နိုင်ငံတကာရဲ့တုံ့ပြန်မှုဟာအလွန်ကြီးမားပါတယ်။ ခုတော့ ကမ္ဘာ တခုလုံးရဲ့ ထောက်ခံမှု လူထုကြီးရဲ့ထောက်ခံမှုန့ဒဲီကိစ္စကို ၀ိုင်းဝန်းပြီးတော့ဟန့်တားကြမယ် ဆုံးဖြတ်ကြမယ်ဆိုတ့အဲ ခါမှာ သူတို့ဘယ်လောက်ပဲ ဖမ်းဖမ်း လူထုရဲ့တုံ့ပြန်ချင်တ့အဲ နေထားအကောင်းဆုံးအနေထားမှာရှိမယ်လို့ ပြောချင်ပါတယ်။ အခုသူတို့ ဒီလိုထောင်ချမယ့်အနေထားနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ပဲ့ကြာကြာ လူတွေကိုထောင်ထဲ ဆွဲသွင်းမယ်လို့် ကြံနေတဲ့အချိန်မှာပဲ တဘက်ကနေပြီးတော့ ကမ္ဘာကနေပြီးတော့ အတင်း ဖိအား ပေးနေတဲ့ အတွက် အကျဉ်းသားတွေ လွှတ်ပေးပါတော့မယ် ဆိုတဲ့ စကားသံမျိုးတွေထွက်လာနေရတယ်ပေါ့ဗျာ။ ဒါ အရင်တုန်းက သူတို့ ဒီလို ဟာမျိုး ထွက်ရိုး ထုံးစံမရှိပါဘူး။ အကျဉ်းသားလို့တော့ပြောတာပဲ နိုင်ငံရေးကျဉ်းသား မပါဘူးဗျ။ လွှတ်ပေးတဲ့အခါမှာလဲ နိုင်ငံရေးကျဉ်းသားမပါဘူး။ သို့သော်ဘာပဲပြောပြော ကြိုတင်ပြီးတော့ လွှတ်ပေးဖို့ အစီစဉ်ရှိတယ် ဘာညာ ဆိုတာကို ရက်ပေါင်းများစွာချီလို့ ၊ လပေါင်းများစွာချီလို့ ဘယ်တော့မှ ပြောလေ့မရှိပါဘူး။ စစ်တပ်ဟာသူတို့ဘက်မှာ ကမ္ဘာရဲ့ ဖိအားဟာ ဘယ်လောက်ကြီးတယ် ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့ဘာပဲ ပြောပြော သူတို့ရှောင်ရှားရမယ့် အနေအထား မှာရှိတယ်။ အဲဒါကို ကြည့်မယ်ဆိုလို့ ရှိရင် လူထုရဲ့ တုံ့ပြန်မှုအားဟာ ပိုသိရမယ်။ လူထုကဘာလည်းဆိုရင် စစ်အစိုးရကို ကြည့်နေတာကိုး။ ဘာနဲ့တူသလဲဆိုရင် သွေးညှီနှံ့ရတဲ့ကျားလိုပဲ သွေးနံ့ရတယ်ဆိုရင်တော့ ကျားကခုန်အုပ်မှာဘဲ၊ လူတွေ က အတော်ကို ဒုက္ခ ရောက်နေတယ်၊ လူထုအပေါ်သူတို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကလည်း အတော်ကိုကြီးမားနေတယ်၊ အဲ့ဒီ အချိန်မှာ သူတို့အကျဉ်းသားတွေကို လွှတ်ပေးပါ့မယ်လို့ကြိုတင်ပြီးတော့ပြောရတာ ဒေါ်စုကိုထောင်ချဖို့ တဖက်က ကြံနေ တဲ့တချိန်တည်းမှာပဲ အကျဉ်းသားတွေလွှတ်ပေးပါ့မယ်လို့ထုတ်ဖော်ကြေညာရတာ၊ ချက်ခြင်းကိုအူရားဖားရား ဘန်ကီမွန်း ကို အမှီလိုက်ပြီးတော့ သံအမတ်နဲ့ ပြောရတယ်ဆိုတာက ဒါအဓိပ္ပါယ်ရှိတယ်၊ အဲ့ဒီလိုသူတို့ရ့အဲားနည်းခြင်းကို ကြည့် ပြီးတော့ လူထုရ့တဲုန့်ပြန်မှုကလည်း ကြီးမားလိမ့်မယ် လို့ ကျနော်ယူဆတယ်၊ ကျနော်တို့ဘက်က ဘာတွေလုပ်မယ်ကိုင်မယ်ဆိုတာကတော့ ပြောလို့သိပ်မလွယ်ဘူး၊ အဖွဲ့အစည်းဖြစ်နေတော့ အဖွဲ့စည်းကိစ္စပုံ သဏ္ဍန်န့သွဲားရမှာပဲ၊ သေချာတာတခုကတော့ အဲ့ဒီလိုဖြစ်လာရင် ပြည်တွင်း၊ ပြည်ပ အပြန် အလှန် ပူးပေါင်းပြီးတော့၊ အပြန်အလှန်အားပေးကူညီပြီးတော့ ဒါအုံကြွမှုကြီးတွေပေါ်လာနေရင် ဒါဟာ အုံကြွမှုတွေပေါ်လာတဲ့ အလားအလာ ကလဲ အလွန်ကိုကြီးကြီးမားမားကြီးကို ရှိနေတယ်။ အထူးသဖြစ်ကတော့ စစ်တပ်ရဲ့ အားနည်းချက်ကို မြင်ရတဲ့ ကြားရတဲ့အတွက် လူထုရဲ့ အုံကြွမှုက ပိုကြီးမားတယ်လို့ ကျွန်နော်တို့ ပြောချင်တယ်။ အဲဒီ နှစ်ချက်ပဲ ကျွန်နော်တို့ ပြောချင်တယ်။

သို့သော် ဘာလဲဆိုတော့ ပါတီတွေနေနဲ့ကတော့ ကြိုတင်ပြောလို့မရတဲ့အတွက် မပြောနိုင်သေးပေမဲ့လို့ သေချာတာ တခုကတော့ ဒီတစ်ခါမှာတော့ တခုခုဖြစ်လာရင် ကျွန်နော်ထင်တယ် ရွှေဝါရောင် တော်လှန်ေ ရးတုန်းကလို ပါတီတွေဟာ ငြိမ်နေမယ့် အနေထားမျိုးတော့ မရှိတော့ဘူး။ ဒီခါမှ ငြိမ်လိုက်ပြီဆိုရင်တော့ ကျွန်နော်တို့ ဘာမှ ကျန်တော့ မှာမဟုတ်ဘူး။ ဒေါ်စုလို ခေါင်းဆောင်မျိုး လူထုထောက်ခံမှု အပြည့်အဝရှိပြီး ဒေါ်စုရဲ့ အရေးခင်း ကမ္ဘာရဲ့ ထောက်ခံမှု အပြည့်ဝရှိတဲ့ အရေးအခင်း၊ အဲဒီလို အရေးခင်းမျိုးမှာမှ ပါတီတွေဟာ ရွှေဝါရောင်တုန်းကလိုပဲ ဘေးထိုင်တိုင်နေမယ်၊ လက်ပိုက်ကြည့်နေမယ် ဆိုရင်တော့ ဒါသူတို့ရဲ့ တော်တော် ကြီးမားတဲ့ တန်ပြန်မှုတွေကို ပေါ်လာမှာပဲ အဲဒါကြောင့် ကျွန်နော်ထင်တယ် နိုင်ငံရေးအင်အားစုတွေ အနေနဲ့လည်း လူထုရဲ့အုံကြွမှုတွေမှာ ပါဝင်လာမှာပဲလို့ ကျွန်နော်ကတော့ ခန့်မှန်းတာပေါ့နော်။ xxxxx သီးသန့် လမ်းပေါ်ထွက်ပြီးတော့ မပို့ရဲဘူးပေါ့။ ဒီဘုရား ဝတ်တက်ပြီးလို့ ရှိရင် ဒကာမကြီးကို မေတ္တာဝိုင်းပို့ကြတယ်လို့ သိရပါတယ်။ အရှင်တိက္ခ (သံဃာ့တပ်ပေါင်းစု) သံဃာဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင်တော့ သံဃာထုတွေအနေနဲ့ကတော့ အရင် စက်တင်ဘာ လှုပ်ရှားမှု တွေလို ပြန်လည်ပေါ်ပေါက်လာနိုင်တာပါပဲ။ အရင် နှစ်လည်း အကြောင်းပြပြီးတော့ အဓိကရည်မှန်းချက် ပန်း တိုင် ကတော့ စစ်အာဏာရှင် စနစ်ပြုတ်ကျပြီးတော့ ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုနိုင်တဲ့ အစိုးရတရပ် ပေါ် ပေါက်ရေးဆိုတော့ ဒီဟာကို အကြောင်းပြပြီးတော့ ဒီဟာနဲ့ပူးပေါင်းပြီးတော့ အဲဒီအချက်ပေါ်မှာ မူတည်ပြီးတော့ စက်တင် ဘာ လိုဖြစ်ရပ်မျိုးဘဲ ပြန်ဖန်တီးရမှာပါ။ ဒါပေမယ့် ဒီတခါကြတော့ အကုန်လုံး အလွှာစုံအပါဝင် သံဃာထု တခုတည်း မဟုတ် ဘဲနဲ့ ကျောင်းသားရော ပြည်သူလူထုရော ဝန်ထမ်းပါအပါအဝင် ပေါင်းဖက်နိုင်ရင်အကောင်းဆုံးဖြစ်မှာပါ ၊မြန်မာ နိုင်ငံ တနိုင်ငံလုံးအပေါ်ကို ကျေးဇူးရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်း ဖြစ်တဲ့ ပြည်သူလူထုအတွက် တကယ်နစ်နာခံ ဆောင်ရွက်နေတဲ့ အမျိုးသမီး လည်းဖြစ်တယ်၊ တင်စားပြီးပြောလို့ ရှိရင် မြန်မာနိုင်ငံရဲ့ အနာဂါတ်မျှော်လင့်ချက်ပါဘဲ၊ ဒီ အနာဂါတ် မျှော်လင့်ချက်ကို ရိုက်ချိုး ဖျက်ဆီးပစ်မယ်ဆိုရင် ပြည်သူလူထုရဲ့ ဒေါသဟာ ထိန်းလို့ရမယ်လို့ မထင်ပါဘူး။ ပြည်သူလူထုကတော့ ဘုန်ကြီးတွေ ဆွမ်းခံကြွနေတော့ ပိုသိတာပေါ့ သူတို့မှာ ဘဲဥလေးကို အာလူးနဲ့ ရောပြီး တော့ ဘဲဥလေး တစ်ခြမ်း၊ အာလူးလေးတစ်လုံးလောက်နဲ့ စားနေရတာ။ ပြည်သူလူထုရဲ့ ကြုံတွေ့နေရ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကုန်လုံးက စီးပွားရေးရော လူမှုရေးရော အစစ အရာရာ အကုန်လုံးကြပ်တည်းနေတာပဲ ။ ဒီကြားထဲ သူတို့ရဲ့ မတရားတဲ့ ဖိနှိပ်ချုပ်ချယ်မှု မျိုးကိုလည်း ရင်ဆိုင်နေရတာပါဘဲ။ မနက်မိုးလင်းရင် ရေဒီယိုလေးတွေနဲ့ အသံလွှင့်မီဒီယာတွေဘဲ လက်လှမ်းမှီတာပေါ့ ၊မရှိတဲ့ အိမ်တွေကလဲ ရှိတဲ့ အိမ်တွေက ကျယ်ကျယ်ဖငွ့်တာလေးကို နားထောင်ပြီးတော့ အကုန်လုံးတော့ အဲဒါမတရားဘူး လုပ်သင့်တယ် လို့တော့ အချင်းချင်းဝေဖန်ကြတာပေါ့။ တချို့ကြတော့ သူတို့နည်း သူတို့ဟန်နဲ့ မေတ္တာပို့ကြတာပေါ့။

သီးသန့်လမ်းပေါ်ထွက်ပြီးတော့ မပို့ရဲဘူးပေါ့။ ဒီဘုရား ဝတ်တက်ပြီးလို့ ရှိရင် ဒကာမကြီးကို မေတ္တာဝိုင်းပို့ကြတယ်လို့ သိရပါတယ်။ xxxxx ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် တစုံတရာ ဆန္ဒပြပွဲတွေဖြစ်လာမယ်လို့ ပြည်သူလူထုက ယုံကြည်တယ်။ ကိုထင်ပေါ် (၂၀၀၇ မျိုးဆက်သစ် ကျောင်းသားများသမဂ္ဂ) ကိုထင်ပေါ်၂၀၀၇ မျိုးဆက်သစ်အနေနဲ့ လက်မခံဘူးဆိုတာကို လှုပ်ရှားမှုတွေနဲ့ ပြသခဲ့ပြီးဖြစ်ပါတယ်၊ ကျောင်းသားတွေ အနေနဲ့ကလဲ လှုပ်ရှားမှုတွေမှာ ပါဝင်လာတယ်၊ သူတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်လာတယ်၊ ဒါကိုကြည့်ချင်းအားဖြင့် နအဖက ၂၀၁၀ မှာ မဖြစ်မနေဆက်လုပ်မယ်၊ အာဏာရှင်စနစ် ဆိုတာကို ဆက်လက်အသက်သငွ်းသွားမယ်ဆိုတာ ပေါ်လွင်ပါတယ်၊ တကယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် ဒီထက် ကြီးမားကျယ်ပြန့်တဲ့ ကျောင်းသား လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် ကျနော်တို့ ကျောင်းသားထုအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ် ဘူး၊ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အကြမ်းမဖက်ဘဲ ကျနော်တို့ ဆန္ဒကိုဖော်ထုတ်မယ်၊ နောက်ဆုံး လမ်းပေါ်ထွက်ပြီး ပြည်သူလူထု ရဟန်းသံဃာတွေနဲ့ ပေါင်းပြီးဆန့်ကျင် ဆန္ဒဖော်ထုတ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ လူထုအာရုံစိုက်မှုကတော့ အပြည့်အဝရှိတယ်၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် တစုံ တရာ ဆန္ဒပြပွဲတွေဖြစ်လာမယ်လို့ ပြည်သူလူထုက ယုံကြည်တယ်၊ အဲလိုဖြစ်လာရင် လူထုက ချက်ချင်း ဆိုသလို ပူးပေါင်းပါ ဝင်လာပါလိမ့်မယ်၊ အခုအချိန်ထိ အရှိန်လျော့ကျသွားတာမရှိသေးဘူး၊ ထောင်ချလိုက်မယ်ဆိုရင် ကျောင်းတွင်းမှာ ကျောင်းသားဒီမိုကရေစီအုံကြွမှုတွေ ကျောင်းတွင်လှုပ်ရှားမှုတွေ ကျနော်တို့ ဖော်ဆောင်မယ်၊ တဖြည်းဖြည်းနဲ့ အင်းအားကောင်းလာပြီး ကျောင်းသားတွေ စုစည်းရပြီဆိုတာနဲ့ လမ်းပေါ်ကို ထွက်ပြီး ကိုယ့်ဆန္ဒဖော်ထုတ်ပြီး ဒီမိုကရေစီ ရသည်အထိ တိုက်ပွဲဝင်သွားမှာပါ။ xxxxx

အဲသလိုသာ ရက်စက်ခ့ရဲ င် ဆိုးရွားတဲ့ အကျိုးဆက်တွေကိုသာ ရင်ဆိုင်ကြုံတွေ့ ရမှာပါ။ ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ရေတို ရေရှည် တိုက်ပွဲတွေကို စနစ်တကျစီမံပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ ကိုဇာနည် ( ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU) ကိုဇာနည်ကျနော်တို့ လက်ရှိ ဗကသများအဖွဲ့ချုပ်အနေနဲ့ အတိုက်အခံ အင်အားစုရဲ့ အဓိကခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အခုလို အဖမ်းဆီးခံ ထားရတဲ့ အပေါ် လုံးဝမနှစ်မြို့ဘူး။ လက်ခံနိုင်ခြင်းလည်း မရှိဘူး။ စစ်မှန်တဲ့ အခြေခံဥပဒေကို ဒီလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီး အရေးယူတ့နဲ ည်းနဲ့ ရယူ နိုင်မှာမဟုတ်ဘူး။ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေရဲ့သဘောထား လုပ်ဆောင်မှုတွေကို လှစ်လျှူရှုခြင်းဟာ ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် တိုင်းပြည်ရဲ့ အေးချမ်းစွာ ပြုပြင်

ပြောင်းလဲရေးနှင့် ဖွံ.ဖြိုးတိုးတက်ရေးကိုပါ လျစ်လျူရှုတာ ဖြစ်တယ်။ အတိုက်အခံအင်အားစုတွေကို မတရား ဖမ်းဆီး ထောင်သွင်းအကျဉ်းချတယ်၊ တဖက်သတ် အခြေခံဥပဒေ ရေးဆွဲတယ် ဆိုတာဟာ မင်းမဲ့စရိုက် ဆန်ဆန်၊ လူမိုက်ဆန်ဆန်ဖြေရှင်းတာဖြစ်တယ်။ အဲသလို နည်းလမ်းမျိုးနဲ့တော့ စစ်မှန်တဲ့ တိုးတက် ပြောင်းလဲမှုကို ဘယ်လိုမှမရရှိနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားအားလုံး ကိုပြန်လွှတ်ပေးခြင်းဖြင့်သာ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းစွာ တိုးတက် ပြောင်းလဲရေးကို အစပြုနိုင်မှာပါ။ အဲဒီကမှ တဆင့် စစ်မှန်တဲ့ တိုင်းရင်းသား လူတန်းစား ပေါင်းစုံ လက်ခံနိုင်တ့အဲ ခြေခံဥပဒေနဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဦးတည် ရှေ့ဆက်နိုင် မှာဖြစ်တယ်။ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်ဟာ သမိုင်းတလျှောက်လုံး လူထုရှေ့မှာ ရပ် တည်ပြီး လူထုအကျိုးစီးပွားကို အစဉ်တစိုက် ဆောင်ရွက်ခ့တဲ့ဲ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် လူထုက အမှန်တကယ် လိုအပ်နေတဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုများရရှိဖို့အတွက် သမိုင်းပေး တာဝန်တွေကို ဦးဆွေးဆံမြေ့ ထမ်းဆောင်သွား မှာပါ။ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဒေါ်အောင် ဆန်းစုကြည် အပါအဝင်နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည်လွတ် မြောက်ရေးအတွက် လိုအပ်တ့တဲိုက်ပွဲတွေ၊ campaignွကို အဆင့်ဆင့် စနစ်တကျ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချမယ်ဆိုတာ လုံးဝလက်မခံနိုင်တဲ့ အကြောင်းတရားပါ။ တိုင်းပြည် အတွက် ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုကြီးလည်းဖြစ်၊ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူ တရပ်လံုး ကိုလည်း စိန်ခေါ် လိုက်တာ ဖြစ်ပါတယ်။ စစ်အစိုးရက အဲသလိုသာ ရက်စက်ခ့ရဲ င် ဆိုးရွားတဲ့ အကျိုးဆက်တွေကိုသာ ရင်ဆိုင်ကြုံတွေ့ ရမှာပါ။ ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ရေတို ရေရှည် တိုက်ပွဲတွေကို စနစ်တကျစီမံပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ လုံလောက်တဲ့ အင်အားစုတွေကို စုစည်းပြီး အဖြစ်သင့်ဆုံး အစီအစဉ်တွေကို စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်။ ဗကသများအဖွဲ့ချုပ်အနေနဲ့ လူထုရဲ့အကျိုးစီးပွားကိုသာ အစဉ်ရှေးရှုပြီး၊ လူထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်သွားမှာ ဖြစ်တ့အဲ ကြောင်း ပြည်သူလူထုတရပ်လုံးကို အသိပေးချင်ပါတယ်။ xxxxx ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုက အဓိကကျဆုံးဖြစ်တယ်။ ဦးအောင်မိုးဇော် (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ - DPNS) ဦးအောင်မိုးဇော်တစ်ချက်ကတော့ ကျနော်မြင်တယ် ဒေါ်အောင်ဆန်းစုကြည်ကို ကနေ့ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်ဖို့ ကျိုးစားတာဖြစ်တယ်။ နှစ်အချက်ကတော့ အမျိုးသားဒီမိုကရေစီ ဖွ့ချဲုပ်ကို ဒီကနေ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်တာဖြစ်တယ်။သုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး စသဖြင့် ကိုမင်းကိုနိုင် ဒီနိုင်ငံရေး အကျဉ်းသားတွေအပါအဝင် မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှု တစ်ခုလုံးကို တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်က နေပြီးတော့ ဖယ်ထုတ်ဖို့ နအဖရဲ့ကျိုးစားတဲ့ ခြေလှန်းတစ်ခု ဖြစ်တယ်လို့ ကျနော်မျင်တယ်။

အဓိကတော့ နအဖရဲ့ သူတို့ ပြောပြောနေတဲ့ အဆင့် (၇) ဆင့်ရှိတဲ့ လမ်းပြမြေပုံကို အဓမ္မဆက်ပြီးအကောင်အထည်ဖော်ဖို့တွက် ကျိုးစားတဲ့ လုပ်ရပ် တခု ဖြစ်တယ်လို့ ကျနော်အဲလိုပဲ မြင်တယ်။ ပထမအချက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အခြေအနေ၊ အမှုရင်ဆိုင်နေရတဲ့ အခြေ အနေမှာ ကျနော်တို့ ပါတီအပါအဝင် နိုင်ငံရေးအင်အားစုတွေအနေနဲ့က ဒေါ်အောင်ဆန်းစုကြည် ပြန်လွတဖို့ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေအားလုံးပြန်လွတ်ဖို့ကိစ္စကို ကိုယ်တတ်နိုင်တ့ဘဲ က်က ရုန်းဖို့လိုတယ်။ ဆက်ပြီးတော့ ဆောင်ရွက်ဖို့လို တယ်လို့ ကျနော်တော့ အဲလိုယူဆတယ်။ နှစ်အချက် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ပြတ်ပြတ်တင်းတင်း ထောင်ချမယ်ဆိုရင်လည်းပဲ အဲဒီထောင်ချတဲ့ နေ့မှာ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုတွေအနေနဲ့ နအဖရဲ့ ဆောင်ရွက်ချက်တွေကို ဆန့်ကျင်တ့အဲ နေနဲ့ ဝိုင်းဝန်း ပြီးတော့ ကန့်ကွက်ရှုံ့ချဖို့ လိုတယ်လို့ ကျနော် မြင်တယ်။ သုံးအချက်က လက်ရှိအခြေအနေ တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့ဆိုတဲ့ ကိစ္စမှာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ ဆောင်ရွက်နိုင်မှု၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ဆောင်ရွက်နိုင်မကှု အရေးကြီးတယ် လို့ ကျနော် မြင်တယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ လှုပ်ရှား ဆောင်ရွက်မှုက အဓိကကျဆုံးဖြစ်တယ်။ ကျနော်တို့ တိုင်းပြည် အပြောင်းအလဲ ဖြစ်ဖို့ အတွက်ကို အဲဒီတော့ ကျနော်တို့က အားစိုက် ဆောင်ရွက်သင့်တယ်လို့ ကျနော်တော့ အဲလိုယူဆပါတယ်။ ကျနော့်အမြင်ပြောရရင် ကနေ့ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ အခြေအနေအပေါ်မှာ ကြိုက်နှစ်သက်ခြင်း မရှိဘူး။ လက်ခံခြင်း မရှိဘူး။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းလိုက်တဲ့ အပေါ်မှာလဲ ပြည်သူ အများစုရဲ့ ဆန္ဒကတော့ လုံးဝလက်ခံနိုင်ခြင်းမရှိဘူးလို့ ကျနော်အဲလိုပဲ မျင်ပါတယ်။ ပြည်သူလူထုအနေနဲ့ သိရှိမှု၊ အာရုံစိုက်မှုလဲ ရှိတယ်လို့ ကျနော်ယုံပါတယ်။ xxxxx အဓိကအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၀၈ ဖွ့စဲ ည်းပုံအခြေခံ ဥပဒေကို ဒီတိုင်းပဲ နအဖ ဆက်လုပ်နေမယ်ဆိုရင် အဲဒီဟာကို လက်မခံဖို့နဲ့ အဲဒီဟာကို အကောင်အထည်ဖော်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို အသိ အမှတ်မပြုဖို့ အတွက် ကျနော်တို့ ဆက်ကြိုးပမ်းသွားမယ်။ ဒေါက်တာနိုင်အောင် (မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု - FDB) ဒေါက်တာနိုင်အောင်ပထမ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ မပါအောင်လုပ်ဖို့ ကြိုးစားတဲ့ ကြိုးစားချက်လို့ ကျနော် မြင်ပါတယ်။ ဒုတိယ တခုအနေနဲ့ NLD ကနေပြီးတော့ ကမ်းလှမ်းထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ Constitution အပေါ်မှာ အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးရေး ပြန်လည်သုံးသပ်ရေးအတွက်ကို တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဆိုတ့ဟဲာကို ငြင်းပယ်လိုက်တဲ့ ဥစ္စာလို့လဲ ယူဆပါတယ်။ နောက် အတိုက်ခံအင်အားစုတွေအားလုံးကလဲ ပြောနေတဲ့ အမျိုးသား ပြန်လည်သင့်မြန့်ရေ်းကိုလဲ ငြင်းပယ်ပြီးတော့မှ သူတို့ အနေနဲ့ စစ်အာဏာရှင်စနစ်ကို

ပိုပြီးတော့ သက်ဆိုး ရှည်အောင်လုပ်မယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်သွားမယ့် ရွေးကောက်ပွဲကို ဆက်လုပ်ဖို့ ကြိုးစားတယ်လို့ ကျနော် မြင်ပါတယ် ခင်ဗျာ။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုင်ရာ လူထုလှုပ်ရှားမှုတွေကို ကျနော်တို့ တတ်နိုင်သမျှ ကျနော်တို့ကြိုးစားသွားမယ်။ နောက်ပြီးတော့ ၂၀၀၈ ဖွစ့ဲ ည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ကို လက်မခံတဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ ဆက်ကြိုစားသွားမယ်။ နိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လို့များ အပြစ်ပေးအရေးယူလာလို့ ရှိရင် နိုင်ငံတကာအနေနဲ့ ပိုပြီးတော့ထိရောက်တဲ့ ပစ်မှတ်ထားပြီး ဆောင်ရွက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖြစ်လာဖို့အတွက် ကျနော်တို့ ကြိုးပမ်းသွားမယ်။ နောက်ပြီးတော့ ကုလသမဂ လုံခြုံရေးကောင်စီ အဆင့်ကနေပြီးတော့မှ ဗမာပြည်တွင်းကို အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာအောင် ကျနော်တို့ ဆက်ပြီးတော့ ကြိုးပမ်းသွားမယ်။ အဓိကအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၀၈ ဖွ့စဲ ည်းပုံအခြေခံ ဥပဒေကို ဒီတိုင်းပဲ နအဖ ဆက်လုပ်နေမယ်ဆိုရင် အဲဒီဟာကို လက်မခံဖို့နဲ့ အဲဒီဟာကို အကောင်အထည်ဖော်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို အသိ အမှတ်မပြုဖို့ အတွက် ကျနော်တို့ ဆက် ကြိုး ပမ်းသွားမယ်။ သာမာန်နေ့စဉ် စားဝတ်နေရေးရုန်းကန်နေရတဲ့ ပြည်သူတွေအနေနဲ့ကတော့ ဒီကိစ္စကို နိုင်ငံရေးကိစ္စတွေအပေါ်မှာ အချိန်ပြည့်ဖြစ်နိုင်ဖို့ အတွက်ခက်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တွေ့နေရတဲ့ အခြေအနေတွေအရ ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ရင်ထဲမှာရောက်နေပြီးသား ခေါင်းဆောင်တစ်ဦးဖြစ်နေတဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးတော့ စိတ်ဝင်စားမှုတွေ၊ နားထောင်မှုတွေ၊ လေ့လာမှုတွေ၊ အာရုံစူးစိုက်မှုတွေ ရှိတယ်လို့တော့ ကျနော်တို့ ယူဆပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့ လူထုလှုပ်ရှားမှုလို့ပြောမယ်ဆိုလို့ရှိရင် အဲဒီအနေ အထားကတော့ အများကြီး ကြိုးစားရဦးမယ် လို့ ကျနော်ထင်ပါတယ်။ xxxxx

အခြေခံကျတဲ့ ကိစ္စ တခုပြောမယ် အိမ်ရှင်နဲ့ သူခိုး၊ သူခိုးအိမ်ထဲကို ဝင်လာရင်ဘာကြောင့် သူခိုးကို မဖမ်းတာလည်း အဲဒီ သူခိုးကို စောင့်ရှောက် ဖို့ တာဝန်ရှိတဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကိုတာဝန်ယူ လစာ ရိက္ခာ တွေ စားထားတဲ့ သူတွေဘာလို့ တာဝန်ပျက်ကွက် ကြတာလည်း။ အဲဒီ အချက်ပေါ့ အဲဒီမှာလဲ တာဝန်ရိတှ့ သဲူတွေ တာဝန်ပျက်ကွက်တ့သဲူတွေကို ဥပဒေနဲ့အညီ ပြုမူဆောင်ရွက်နေတာကို လုံးဝမတွေရဘူး။ ကိုမောင်မောင်လေး (လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် - HRDP) HRDPဒီမှာက ရေဘူယျခြုံပြောရင်တော့ဗျာ ဒါ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန်ချိုးဖောက်လိုက်တဲ့ ကိစ္စပဲ။ ဥပဒေ ဆိုင်ရာ အခွင့်အရေးတွေကို လုံးဝဆုံးရှုံးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဆိုတဲ့ ကိစ္စနဲ့ စွဲတာကို အဲဒီတော့ နေအိမ်အကျယ်ချုပ်ဘာကြောင့်ကျရတုန်းဆိုတာကို ကျနော်တို့ ဒီမှာ ဥပဒေအပိုင်းကနေ ကျနော်တို့ နည်းနည်း စီစစ်ဖို့လိုလိမ့်မယ်။ အဲဒီတော့ ၂၀၀၃ကို ပြန်သွားရလိမ့်မယ်ဗျ။ အဲဒီတော့ ၂၀၀၃ မှာပေါ့ဗျာ ဥပဒေဆိုင်ရာ ပုဒ်ထီး၊ ပုဒ်မတွေနဲ့ ကျနော်မပြောဘူး အင်မတန် သဘာဝကျတဲ့ ဥပဒေပုဒ်မတွေနဲ့ ကျနော်ပြောမယ် အကြမ်းဖက်ခံရသူနဲ့ အကြမ်းဖက်သတ်ခံရသူ အသတ်ခံရသူ အရိုက်ခံရသူနဲ့

ရိုက်တ့လဲူ အဲဒီမှာ ဥပဒေအကြောင်းရ ကျနော်တို့ ဘယ်လို စီစဉ် ရမယ် မသေချာတာတစ်ခုကတော့ ၂၀၀၃ ဖြစ်စဉ်က အကြမ်းဖက်ခံရသူတွေကို ဖမ်းဆီးတဲ့ ပွဲဖြစ်တယ် ။ နောက်တစ်ချက်က အသတ်ခံရတဲ့သူတွေနဲ့ အရိုက်ခံရတဲ့ သူတွေတွကို ဖမ်းဆီးအရေးယူ ထိမ်းချုပ်တဲ့ ပွဲဖြစ်တယ်။ အဲဒီတော့ အဲဒီဖြစ်စဉ်မှာ ကိုက ဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ ဥပဒေအရ လုပ်မယ်ဆိုရင် ကျနော်တို့ အကြမ်းဖက်တ့သဲူနဲ့ အကြမ်းဖက်ခံရတဲ့သူ အကြမ်းဖက်တ့သဲူတွေ ဘာကြောင့် ဥပဒေနဲ့အညီ ရုံးတော်ကို မတင်လာတာလဲ နောက်ထပ်ဖြစ်စဉ်မှာလဲ ဒေါ်အောင်ဆန်း စုကြည်ရဲ့နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုပေါ့ဗျာ ဒီမှာလဲကျနော် ပုဒ်ထီး၊ ပုဒ်မတွေပ် မပြောလိုဘူး အခြေခံကျတဲ့ ကိစ္စ တခုပြောမယ် အိမ်ရှင်နဲ့ သူခိုး၊ သူခိုးအိမ်ထဲကို ဝင်လာရင်ဘာကြောင့် သူခိုးကို မဖမ်းတာလည်း အဲဒီ သူခိုးကို စောင့်ရှောက် ဖို့ တာဝန်ရှိတဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကိုတာဝန်ယူ လစာ ရိက္ခာ တွေစားထားတဲ့ သူတွေဘာလို့ တာဝန်ပျက်ကွက် ကြတာ လည်း အဲဒီ အချက်ပေါ့ အဲဒီမှာလဲ တာဝန်ရှိတ့သဲူတွေ တာဝန်ပျက်ကွက်တ့သဲူတွေကို ဥပဒေနဲ့အညီ ပြုမူ ဆောင်ရွက်နေတာကို လုံးဝမတွေရဘူး။ ဒါ ဥပဒေအကြောင်းအရ ပုဒ်ထီး၊ ပုဒ်မတွေအရ မသိပဲ အင်မတန်မှ သဘာဝကျသော လူမှု တရား ရှုထောင့်ကကြည့်ရင် ဒီလိုဖြစ်စဉ်မှ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို လုံးဝ ချိုးဖောက်ခံရတာ ဖြစ်တယ်။ လက်ရှိ ဖြစ်စဉ်တွေကို ကျနော်တို့ ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥပဒေဆိုင်ရာအခွင့်အရေး ကာကွယ်ပိုင်ခွင့် အပြည့်အဝမရဘူး အဲဒီ အနေအထားမျိုးမှာ ကျနော်တို့က ဒါ ဥပဒေချိုးဖောက်မှုပဲလို့ ကျနော်တို့ မြင်တယ်။ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို ခံစားပိုင်ခွင့် မရှိဘူး ပြည်တွင်းမှာ ဥပဒေ မရှိဘူး ဥပဒေ မဲ့နေတယ်ဆိုတာကို ပြတာပါ။ ကျနော်တို့ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်တယ် ဆိုတာထက်ပေါ့နော် တစ်ချက် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို လူတစ်ယောက်လို့ ကျနော်တို့ မြင်ပါတယ်။ အင်မတန်မှ ပြည်တွင်းက လက်ခံသော လူထုက ချစ်ခင်သော နိုင်ငံတကာက လက်ခံသော ပြည်တွင်းရဲ့ တိုးတက်မှုတွေကို လုပ်ပေးနိုင်လိမ့်မယ် ပြည်တွင်းရဲ့ စည်းလုံး ညီညွတ်မှုကို လုပ်ပေးနိုင်လိမ့်မယ်ဆိုတာကို ပြည်တငွ်းရော ပြည်ပကပါ အားထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်စဉ်မှာလဲ အခုနက ပြောသလိုပေါ့ ဥပဒေနဲ့ မမျှတစွာလုပ်ခ့တဲ့ဲ ကိစ္စ ကျနော်တို့ ဘက်ကတော့ ဒီ ကိစ္စတွေကို ပြင်းပြင်းထန်ထန် ရှုံ့ချ ရမယ်။ နောက်ဆက်တွဲ ဘာတွေလုပ်မလဲ ဆိုတာကတော့ ကျနော်တို့မှာ HRDP နဲ့ လုပ်တဲ့ ကိစ္စကလဲ နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်ခံခ့ရဲ တဲ့ အကြောင်းတွေ ပြင်းပြင်းထန်ထန် ချိုးဖောက်ခရံ တဲ့ အကြောင်းတွေသိတယ် ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရတဲ့ ချက်လက်တွေရှိတယ် သို့သော် တရားရုံးတွေမရှိဘူး၊ စစ်တပ်တွေမရှိဘူး အဲဒီအတွက်သူတို့မှာ လုပ်ပိုင်ခွင့်တွေ နည်းပါတယ်။ အလားတူ ကျနော် တို့ ပြည်တွင်းမှာ HRDP အနေနဲ့လုပ်တဲ့ အခါမှာ ဘာလုပ်နိုင်မလဲ ဘာဆက်လုပ်မလဲ ဆိုတာကိုလှုပ်ရှားမှုအရ ကျနော်တို့ လုပ်နိုင် မှုနည်းပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ခံရတဲ့ ကိစ္စတွေကို စာတမ်းတစ်စောင်ပြုစုပြီးတော့ နိုင်ငံတကာ လူ့အခွင့်အရေးဖွဲ့စည်းတွေကို သိရှိအောင် ပြင်ဆင်နေတာ ရှိပါတယ်။ ကျနော်တို့ အခုမှ ရှင်းလင်းတင်ပြတာမဟုတ်ပါဘူး။ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ်နဲ့ စပြီးတော့ ချိုးဖောက်တယ်လို့ တရားစွဲဆိုတဲ့ နေ့ကပေါ့နော် အတိကျပြောရရင် ၁၆ ရက်နေ့ကပေါ့နော် ဒေသပေါင်း ၁၆ ခု မြို့နယ်နဲ့ ပြောရင် ၁၆ မြို့နယ် ၊ ကျေးလက်ဒေသတွေ အများကြီး သွားထားပါတယ်။

ကျေးလက်ဒေသတွေမှာ ကျနော်တို့ ဘာတွေ နှိုးဆော်လဲဆိုရင် ကျနော်တို့ လူ့အခွင့်အရေးသမားဖြစ်တဲ့ အတွက်ကြောင့် လူ့အခွင့်အရေး အခြေခံပြီး ဘေးကနေပြီး ဥပဒေအကြောင်းဆိုင်ရာမဲ့တဲ့ ကိစ္စတွေ ကျနော်အခုနက ပြောသလိုပဲ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျ သွားရင် ဘာဆက်လုပ်မလဲ ဆိုတဲ့ ကိစ္စတွေ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျသွားပြီ ဆိုမှ မဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချိုးဖောက်တယ်ဆိုပြီး ရုံးတင်စဉ်ကတည်းက စပြီး လူ့အခွင့်အရေးရဲ့ ဖြစ် စဉ် ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေဆိုင်ရာ ချိုးဖောက်ခံရမှုတွေအမျိုးသမီးဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ နောက်တခါ အခြေခံ လူ့အခွင့်အရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နောက်တစ်ခါ အခြေခံ လူ့ အခွင် အရေးနဲ့ ၂၀၁၀ ပြုလုပ်လမိ့်မည်ဆိုသော ရွေးကောက်ပွဲ ကိစ္စတွေ အဲဒီမှာ ကျနော်တို့ လူ့အခွင့်အရေး အခြေခံတွေ ဘယ်လောက် ကင်းမဲ့စွာသင့်တင့်ခံနေရလဲ လူ့အဖွဲ့အစည်းပေါ်မှာ ဘယ်လောက် အာမခံချက်တွေ ကင်းမဲ့နေတယ် ဆိုတာ ကို ကျနော်တို့ နယ်မြို့တွေမှာ ကျနော်တို့ ၁၆ ရက်နေ့ကတည်းက သွားပြီးဆောင်ရွက်နေပါတယ်။ ဒေသအသီးသီးမှာ HRDP ကို တာဝန်ယူနေတဲ့ သူတွေကို ကျနော်တို တိုင်ပင်ထားပါတယ်။ ရှေ့ဆက် ထောင်ကျသွားပြီးတဲ့နောက်မှာလဲ ကျ နော်တို့ လူ့အခွင့်အရေးဥပဒေဆိုင်ရာနဲ့ ပတ်သက်လို့ သော်လည်းကောင်း အမျိုးသမီးအဖွဲ့အစည်းနဲ့ ပတ်သက်လို့ သော် လည်းကောင်း တင်ပ်ြဖို့ ကျနော်တို့ စာတမ်းတစောင် ပြုစုနေ ပါတယ်။ အဲဒီ ကိစ္စတွေကိုလဲ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ပြည်သူ့ကို ဗမာပြည်တွင်းမှာ လူ့အခွင့်အရေး ဘယ်လောက် ချိုးဖောက်ခံနေရလဲ ဘယ်လောက် ချိုးဖောက်ခံရ နိုင်ဖွယ်ရှိ တယ် ဆိုတာကို လူ့အခွင့်အရေး ချိုး ဖောက်မှု တွေ ကို ဖွ့စဲ ည်းပုံ အခြေခံဥပဒေထဲမှာ သော်လည်းကောင်း၊ ဥပဒေအနေနဲ့ သော်လည်းကောင်း အတည်ပြု ပြဌာန်းပြီးတော့ သော်လည်းကောင်း အကာအကွယ်မဲ့ ဆက်လက်ဖြစ်နေတဲ့ ကိစ္စတွေကို ကျနော်တို့ လူထုကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်အသိပေးသွားမှာ ဖြစ်ပါတယ်။ --------------------------------------------အညာအလှ ထန်းအလှ http://fine-leaves.blogspot.com/ ဇော်မင်း (လူ့ဘောင်သစ်) ၆ ရက်၊ မေလ၊ ၂ဝဝ၉ ခုနှစ် "နွေဦးကာလ မြူထသောအခါ၊ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊ ဓါးနှီးထက်စွာ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး" ဝန်ကြီး ပဒေသရာဇာ စပ်ဆိုခ့ေဲ သာ ထန်းသမားဘဝ ကဗျာကား ထိုရှေးခေတ်မှ ယနေ့ခေတ်အထိ ထင်ဟပ်နေဆဲ။ ဆောင်း ကုန်ခါစ ကာလမှစ၍ ထန်းသမားတို့ အလုပ်များကြပြီ။ ဘုရားဖြူကုန်းရွာမှ ထန်းသမားတို့ သည်လည်း ထန်းပင် များအကြား ပေါ်ချီမြုပ်ချီ တက်ချီဆင်းချီနှင့်။ ဘုရားဖြူကုန်းရွာသည် နွားထိုးကြီးနှင့် မြင်းခြံအကြားတွင် တည်ရှိသည်။ သဘာဝကိုက မိုးခေါင်ရေရှား ဒေသ ဖြစ်သည်မို့ ထိုအရပ်တွင် ထန်းပင်တိ့သု ည်သာ နေရာတိုင်းတွင် မင်းမူနေကြသည်။ ဘုရားဖြူကုန်းကို ဗဟိုပြု၍ အရှေ့အနောက် တောင် မြောက် ဘယ်ဖက်ကိုပဲ ကြည့်လိုက်ကြည့်လိုက် စိမ်းညို့နေသော

ထန်းတောအုပ်ကြီးများကို စူးရှလှသော နေရောင် အောက် တွင် ဟိုမှာသည်မှာ အကွက်လိုက် အကွက်လိုက် မြင်နေရသည်။ အညာ၏အလှ ဆိုသည်ကား ထန်းပင်များ၏ အလှသာ ဖြစ်သည်ဟုဆိုလျှင် မမှား။ "ကိုဖိုးချက် ... သည်နှစ်မှာမိုးက လုံးလုံးမကျတော့ သည်နှစ် ကျုပ်တို့အပင်တွေ ထန်းရည်အထွက် ကောင်းပါ့မလားတော့"။ ဇနီးဖြစ်သူ မမိုးဖြူက ထန်းပင်ပေါ်မှ မြူအိုးများတွဲလွဲဖြင့် ဆင်းလာသူ ခင်ပွန်းအတွက် ရေနွေးကြမ်းတခွက် စဥ့်ပန်းကန် လုံးထဲ ငှဲ့ထည့်ပေးရင်း မေးလိုက်သည်။ ဖိုးချက်က "မှန်းလို့တော့ မရသေးဘူးကွ။ တောင်သာတို့ အောင်သာတို့ဖက်က ထန်းသမား တွေတော့ ထန်းဦးရေ အထွက်နည်းလို့ ညည်းနေကြတယ်လို့တော့ ကြားတယ်။" နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာတို့သည် တြိဂံပုံသုံးပွင့်ဆိုင် တည်ရှိနေသော မြို့များဖြစ်သည်။ အဖြောင့်တိုင်းပါက နွားထိုးကြီးနှင့် တောင်သာ သည် မိုင်နှစ်ဆယ် ပျော့ပျော့ လောက်တော့ရှိသည်။ ဖိုးချက်နှင့် မမိုးဖြူတို့တွင် ကိုယ်ပိုင်ထန်းပင် အပင်နှစ်ဆယ်ခန့်ရှိသည်။ သို့သော် သုံးပုံနှစ်ပုံခန့်လောက်သာ ထန်းရည် အထွက် ကောင်းသည်။ ကိုယ်ပိုင်အပင်များကို တက်ပြီးသည်နှင့် ထန်းပင်ရာနှင့် ထောင်နှင့်ချီ၍ ပိုင်ဆိုင်သည့် ထန်းကြီး ပိုင်ရှင်များ၏ အပင်များတွင် အငှားလိုက် တက်ရသည်။ ထန်းတက်ခကတော့ ထန်းလျှက်ချက်ပြီး ထွက်လာသည့် အပေါ်တွင် ထန်းပိုင်ရှင်က ဆယ်ဖို့တဖို့ ပြန်ပေးသည်။ ထန်းလျှက် ရောင်းမပြီးမခြင်း ဆန်၊ ဆီ၊ ဆား အစရှိသည့် အိမ်သုံး ပစ္စည်းများကို ရွာထဲကဆိုင်တွင် အကြွေးနှင့် ဝယ်ရသည်။ သို့မဟုတ်ပါက ထန်းကြီးပိုင်ရှင်ဆီမှ ငွေသုံးကြိုထုတ် ထားရ သည်။ သို့သော် အခုခေတ်တွင် နေ့စား နှင့် လိုက်၍ ထန်းတက်သည့် ထန်းပင်မဲ့ ထန်းသမားများ ပို၍ များလာနေသည်။ ထန်းလျှက်ရောင်းပြီး သည်အထိ မစောင့်နိုင် ငွေလက်ငင်း လိုနေကြ၍ ဖြစ်သည်။ နေ့ချင်းပြီး ငွေလိုချင်သည့် အတွက် လုပ်အားခက နည်းသည်။ ဟုတ်သည်လေ။ ထန်း ပိုင်ရှင်ကလည်း ထန်းလျှက်ရာသီအပြီး သူနေနှင့် ငွေဘယ်လောက် ဝင်မည်၊ ဘယ်လောက် ကျန်မည် ဆိုသည်ကို အတိအကျ မသိနိုင်။ ထို့အတွက် နေ့တွက် ချက်ခြင်းလိုချင်သော ထန်းသမားများကို လုပ်အားခ လျော့ပေးခြင်းက မဆန်းလှ။ "ကိုဖိုးချက် ... ဒါနဲ့ ဦးဘတူတို့အိမ်က အခါမတိုင်ခင် အလှူလုပ်မယ်လို့ ကြားတယ်တော့။ ကျုပ်တို့လည်း ကျုပ်တို့ ကလေးတွေ ဘယ်တော့လောက်မှ ရှင်ပြုနိုင်မယ် မသိဘူးနော။" ဦးဘတူက သူတို့ရွာတွင် အချမ်းသာဆုံးဟု ဆိုသူ သုံးလေးဦး စာရင်း တွင်ပါသည်။ ဦးဘတူပိုင်သော ထန်းပင်တွေချည်းက အပင်တထောင်ကျော်လောက် ရှိသည်ဟု ဆိုကြသည်။ တထောင် ကျော်တာ မကျော်တာ အပထား၊ ဦးဘတူ ပိုင်သော ထန်းကွက်တွေက နည်းသည်တော့ မဟုတ်။ ဖိုးချက်တယောက် စဥ့် ပန်းကန်လုံးထဲမှ ရေနွေးကြမ်းကို မှုတ်၍သောက်လိုက်ရင်း "မိန်းမရာ သူတို့က သူဌေးတွေ ဆိုတော့ လှူနိုင်တမ်းနိုင်တာပေါ့။ သူတို့ကိုတော့ သွားမကြည့်န့ေဲ လ။ ငါတို့ကလေးတွေကို ရှေ့နှစ်ကြရင် ရွာကကျောင်းမှာ သင်္ကန်းစည်းပေးလိုက်ရင်လဲ သဘောက အတူတူပါဘဲ။ ဘုန်းကြီး ငါးပါးလောက်တော့ ဆွမ်းကပ်ရမှာပေါ့။" "အင်းလေ ... သလောက်ဆိုလဲ ဘာပဲဖြစ်ဖြစ် မဆိုးပါဘူး" ဟု လင်တော်မောင်၏ အဆိုကို မမိုးဖြူ ထောက်ခံလိုက်ရသည်။ ထောက်ခံရသည့် အကြောင်းကတော့ သူတို့အဖို့ ထန်းလုပ်ငန်းမှလွဲ၍ တခြားနည်းဖြင့် ငွေဝင်စရာလမ်း မရှိသောကြောင့် ဖြစ်သည်။ ရွာထဲတွင် ဝတ်ကောင်းစားလှနှင့် မြို့ကဖြစ်ဟန်တူသော မျက်နှာစိမ်းနှစ်ဦးကို တွေရ့  သည်။ ထန်းလျှက်ပွဲစား များပေလော။ သို့သော် ရွာကိုလာနေကြ တွေ့နေကြ ထန်းလျှက်ပွဲစားများ မဟုတ်တာကတော့ သေချာသည်။ ထန်းလျှက်ပွဲစားများကို မမိုးဖြူ ကြည့်မရသလို သင်းတို့ကို မေတ္တာကို နဲနဲမှမရှိ။ နွားထိုးကြီး၊ မြင်းခြံတို့က ထန်းလျှက်ပွဲရုံ ပိုင်ရှင်များကတော်တော် သူတို့က ကြို၍ ထန်းလျှက်ဈေးကို နှိမ်ပေးလေ့ရှိသောကြောင့် ဖြစ်သည်။ အငံ့ကြိုယူ ထားသော ထန်းကလေး သမား များကတော့ ပွဲစားများနှင့် မဆက်ဆံချင်၍မရ။ ဆက်ဆံတော့လည်း

ဈေးနှိမ်ခံရသည်။ မရှိမကောင်း ရှိမကောင်း လူစားတွေ။ ဦးဘတူ တို့ကတော့ ဘာဖြစ်မလဲ။ ထန်းကြီးသမားတွေဖြစ်၍ မြို့ကပွဲရုံများနှင့် ဟိုရှေးကတဲက တိုက်ရိုက် ဆက်ဆံသည်။ အဆင်ကိုချောလို့။ ညနေဖက် ရွာထဲတွင် ထန်းသမားများ ထူးထူးခြားခြား ဟိုမှသည်သို့ လူးလားခပ်နေကြသည်။ အထူးသဖြင့် သူတို့လို ထန်းပင် ဆယ့်လေးငါးပင် အပင်နှစ်ဆယ်လောက် ပိုင်သူ ထန်းကလေး သမားများဖြစ်သည်။ "ကိုအောင်ဒွန်းကြီး ... ဘာတဲ့လဲတော့။ တခုခု ထူးလို့လား" ဟု မမိုးဖြူက အိမ်ရှေ့မှဖြတ်သွားသော ကိုအောင်ဒွန်းကို လှမ်း၍ စပ်စု လိုက်သည်။ ကိုအောင်ဒွန်းက အိမ်ရှေ့ ကပြင်တွင် ဝင်ထိုင်လိုက်ရင်း "အေး... မိုးဖြူရေ။ ဆန်းတော့ဆန်းသားဟ။ နင့်ယောက်ကျားကိုလည်း ပြောရဦးမယ်။ ဘယ်မလဲ ဖိုးချက်တကောင်။ " အသံတွေကြား၍ ဖိုးချက်တယောက် အိမ်ထဲမှ ထွက်လာ၍ "ကိုအောင်ဒွန်းကြီး... ဘာတွေတုံးဗျ။ ရွာထိပ်က ချောင်းချောက်ထဲမှာ ရွှေထွက်တယ်ဆိုလို့ လူတွေသလောက် ဗျာများ နေကြတာလား။ ဒါမှမဟုတ်ရင်လဲ ဘကြီးပိုပြောဘူးတဲ့ ဂျပန်တွေမြုတ်သွားတယ်ဆိုတဲ့ ရတနာသိုက်ကို တွေ့ကြ လို့လား။ ကြုံဘူးပေါင်ဗျာ"ဟု ရွှတ်နောက်နောက် ဆိုလိုက်သည်။ "အေး... ရွှေလည်းမဟုတ်ဖူး၊ ရတနာသိုက်လည်း မဟုတ်ဖူး ငါ့ကောင်ရေ။ ငွေကတော့ သေချာနေတယ်ဟ" ဟု ကိုအောင်ဒွန်းက အာလုပ်သံကြီးဖြင့် ပြန်ဖြေလိုက်သည်။ "ဒီလိုကွာ ဒီလို... တွေ့တယ်မို့လား မနက်က ရောက်လာတဲ့ ပွဲစား နှစ်ယောက်။ မန္တလေးကတဲ။့ သူတို့က ထန်းလျှက်ပွဲစားတော့ မဟုတ်ဖူး။ ထန်းပင်ပွဲစားတွေ။ ထန်းပင် လာဝယ် တာတဲ့ဟေ့။ ထန်းတပင်ကို ကျပ်တစ်သိန်း ပေးမယ်တ့။ဲ အပင်ကောင်း အပင်လှဆိုရင် တသိန်းခွဲ အထိ ရနိုင်သတဲ့။ သူတို့က အခု ဦးဘတူ အိမ်မှာ တည်းနေကြတယ်။ ငါက ကိုယ်တိုင် သိချင်လို့၊ အဲတာ ဦးဘတူ အိမ်ဖက်က အခု ပြန်လာတာ။ ပွဲစားတွေန့ေဲ တာ့ တိုက်ရိုက် မပြောခဲ့ရဘူး။ ဒါပေသိ ဦးဘတူ ကိုယ်တိုင် ငါ့ကို ပြောပြလိုက်တာ။ " ထန်းတပင်ကို တသိန်းဟုဆိုလိုက်၍ မမိုးဖြူ၏ မျက်လုံးများ ချက်ခြင်းဆိုသလို ဝင်းကနဲလက်ကနဲ ဖြစ်သွားသည်။ "ကိုအောင်ဒွန်းကြီးရဲ့ တော့ဟာကလည်း သေသေချာချာ ရှင်းစမ်းပါဦး။ ထန်းသားက အိမ်ကြီးအိမ်ကောင်း ဆောက်လို့ ရတာလည်း မဟုတ်ဖူး။ ဘာဖြစ်လို့ အဲသလောက် ဈေးကြီးပေးပြီး ဘယ်သူက ဝယ်မှာတဲ့လ"ဲ ဟု မေးလိုက်သော မမိုးဖြူ၏ အသံက လောဘသံတော့ နည်းနည်းထွက်နေသည်။ ကိုအောင်ဒွန်းက ဤသို့ဆို၏။ "အေး... ဦးဘတူ ပြောတာကတော့ အဲသည့် ထန်းပင်တွေကို ပွဲစားတွေက တရုတ်ပြည်ကို တင်မှာတဲ့။ ဟိုမှာကြတော့ သူဌေးအိမ်တွေ၊ ဟိုတယ်တွေမှာ အလှပြပစ္စည်း အနေနဲ့ ထားဖို့ဆိုလား ပြောတာဘဲ။ ဒိပြင် အသုံးတည့်တဲ့ တခြားဟာတွေလည်း ရှိချင်ရှိဦးမှာပေါ့။ ဘယ်သနိုင်မလဲ။" မမိုးဖြူကား ဟက်ဟက်ပက်ပက် ရယ်၍မဆုံး။ "ဘာရယ်တော့... ထန်းပင်ကို အိမ်ထဲမှာ အလှထားမလို့။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်တော်။ " ကိုအောင်ဒွန်းပြန်သွားပြီး အိမ်ရှေ့ကပြင်တွင် လင်မယားနှစ်ယောက် အတွေးကိုယ်စီနှင့် ဆက်၍ ထိုင်နေကြသည်။ တဦးနှင့် တဦး စကားမပြောဖြစ်ဘဲ အတန်ကြာ ငြိမ်သက်နေရာမှ တိတ်ဆိတ်ခြင်းကို မမိုးဖြူကစ၍ ဖြိုခွဲလိုက်သည်။ "ကိုဖိုးချက်... ကျုပ်တို့မှာ ထန်းက နှစ်ဆယ်လောက် ရှိတယ်မို့လား။ အဲသည်အထဲမှာ ထန်းရည်အထွက် မကောင်းတာက ခြောက်ပင် ခွန်နှစ်ပင် လောက်ရှိတော့၊ အဲသည့် အပင်တွေကို ရောင်းလိုက်ရင် ကျုပ်တို့မှာ ငွေလည်း လုံးကနဲရ၊ တော်လည်း ထန်းရည် အထွက်မကောင်းတဲ့ အပင်တွေ ဗိုက်အပွန်းခံပြီး တက်စရာ မလိုတော့ဘူးပေါ့။ ထန်းပင်ဆိုတာ နောက်ပြန်စိုက်လည်း ရတာဘဲဟာ။ ကလေးတွေကိုလည်း လှလှပပ ရှင်ပြုနိုင်မယ်။ ဘယ့်နှဲ့လဲ ကျုပ်ပြောတာ။" "အေး ဆိုးတော့ မဆိုးဘူးလို့

ထင်တာဘဲ။ ဒါပေသိ အမေ့ကိုတော့ တိုင်ပင်ရဦးမယ်" ဟု ဖိုးချက်က နိုင်းနိုင်းချိန်ချိန် သုခမိန် လေသံဖြင့် ဆိုလေ၏။ "အမေတော့ သဘောမတူဘူး ငါ့သား။ မင်းအဖေလည်း သည်ထန်းပင်တွေ တက်ခြဲ့ ပီး မင်းတို့ကို လူဖြစ်အောင် မွေးလာခဲ့တာ။ ငွေဆိုတာ လက်ထဲရောက်ရင် မထိုက်လို့ကတော့ ကြာကြာမခံဘူးကွဲ့။ နောက် ထန်းပင်က ပြန်စိုက်တယ် ဆိုပေသိ အနှစ် နှစ်ဆယ်လောက်တော့ အနည်းလေး စောင့်ရတယ်။ မင့်ငွေက အနှစ်နှစ်ဆယ် ဘယ်လိုခံပါ့မလဲ။ ထန်းသမားဟာ ထန်းပင် မရှိရင် ဘဝမရှိတာနဲ့ အတူတူဘဲ။ နောင်မှာ ဘာလုပ်စားမလဲ။ ငါ့သား စဉ်းစားပါဦး။ " လေသံ အေးအေးဖြင့် ပြောအပြီး ပြောင်းဖူးဖက်လိပ်ကို ဒေါ်အိမ်မြဲ မီးညှိ၍ ဖွာရှိုက်လိုက်သည်။ ဖိုးချက်က စိတ်မရှည်သည့် မျက်နှာပေးဖြင့် သူ၏စွပ်ကြယ်စုတ်ကို မ၍ပြရင်း "အမေရဲ့ ကျုပ်ဗိုက်တွေ ရင်ဘတ်တွေ ကိုလည်း ကြည့်ပါဦး။ ဘယ်လောက် အသားမာ တက်နေပြီလည်း ဆိုတာ။ ဆယ့်လေးနှစ်သား ကတဲက ထန်းတက် လာခဲ့တာပါ။ အကုန်ရောင်းမယ်လို့ ကျုပ်ကပြောတာ မဟုတ်ပါဘူး။ အထွက် မကောင်းတဲ့ လေးငါးခြောက်ပင်ကို ရောင်းမယ် ပြောတာပါဗျာ။ အဲသည့်အပင်တွေ မပြောနဲ့ အခု ထန်းရည် အထွက်ကောင်းတဲ့ အပင်တွေတောင် တပင်ကနေ တနှစ်ငွေငါးသောင်း အသားတင် ဝင်မှမဝင်တာကြီး။ နောက်... အမေ့ မြေးတွေကိုလည်း ငယ်တုံးမှာ ရှင်ပြုပေးချင်တယ် မို့လား။" ဒေါ်အိမ်မြဲကား ငွေနောက် စိတ်ရောက်နေသည့် သားဖြစ်သူကို ဘာမှဆက်မပြောတော့။ အဝေးမှ ထန်းတောအုပ်ကို ငေးလျက် ပြောင်းဖူးဖက် ကိုသာ တွင်တွင်ဖွာနေသည်။ ပွဲစားများ ရွာမှပြန်သွားပြီး တလလောက် ကြာသည်အထိ နောက်ထပ် ဘာသတင်းမှ မကြားရတော့။ ထန်းတပင်ကို ငွေတသိန်း နှင့် ရောင်းချင်နေသည့် ဖိုးချက်တို့ ကိုအောင်ဒွန်းတို့လို ထန်းလေးသမားများကား ပွဲစားများ ပြန်အလာကို စောင့်မျှော်နေကြ သည်မှာ ဗျိုင်းလည်တံရှည်များကဲ့သို့။ ကိုအောင်ဒွန်း မောကြီးပန်းကြီးနှင့် ပေါက်ချလာသည်။ "ဖိုးချက်ရေ... မင်းကြားပီးပလား။ ပွဲစားတွေ ပြန်ရောက် နေပြီကွ။ ဒါပေသိ ငဒို့တွေဆကီ ထန်းပင်တွေကိုတော့ တပင်ခြင်း နှစ်ပင်ခြင်းမို့ မဝယ်တော့ဘူးတဲ့ မောင်ရေ။ ဦးဘတူတို့ဆီက အပင် တွေကိုဘဲ အစုလိုက် ဝယ်မှာတဲ့။ အခုစက်လွှတွေနဲ့ ရေနီကန်ဖက်က ထန်းအုပ်တွေကို ဖြတ်နေပြီဟ။ " ဖိုးချက်နှင့် မမိုးဖြူတို့ကား ဘာမှပြန်မပြောနိုင်။ ပါးစပ်အဟောင်းသားနှင့်။ ထီပေါက်ပြီးမှ ထီလက်မှတ် ပျောက်သူလို ဖြစ်နေသည်။ သည့်နောက် ကြားရတာကတော့ ဦးဘတူထံမှ ထန်းပင်အပင် နှစ်ရာကျော်ကို ပွဲစားများ ဝယ်သွားသည်တ့။ဲ ငွေသိန်းပေါင်း နှစ်ရာကျော်ပေါ့။ ဘုရား ဘုရား သည်လောက်များတဲ့ ငွေတွေကို ဦးဘတူ ဘာလုပ်မှာပါလိမ့်။ သူတို့ကျတော့ ငွေရှိပြီးရင်းရှိ နေပါလား။ ဦးဘတူကလည်း သည်လို ပြောသည်။ ထိုရောင်းလိုက်သော ထန်းပင်များမှာ ထန်းရည်အထွက် မကောင်း တော့၊ ထန်းရည် မကျတချက် ကျတချက် အပင်များမို့ ရောင်းလိုက်ခြင်း ဖြစ်သည်တ့။ဲ ဒါ့အပြင် တောင်သာဖက်က ရွာတွေမှာလည်း ထန်းပင်များ ခုတ်ရောင်းကြကြောင်း ကြားရပြန်သည်။ ပန်းအိုင်ဖက်မှာ ထန်းကြီး သမား တယောက် ထန်းပင်အပင် ငါးရာကျော်တောင် ရောင်းလိုက်ရသည်ဟု ကြားတော့ ဖိုးချက်တယောက် လောဘစိတ် ကြောင့် မေးကြောကြီးများ ထောင်လာသည်အထိ ဒေါသများ ဆူဝေလာသည်။ သို့သော် ဘယ်သူ့ကို သွား၍ ရန်လုပ် ရမှန်းမသိ။ ပွဲစားတွေက ကိုယ့်လို ထန်းကလေး သမားများထံမှ ထန်းလေးငါးပင်လောက်ကို အရေးစိုက်ပြီး ဝယ်ဖို့မှ စိတ်မဝင်စားတာ ဘာတတ်နိုင်မည်နည်း။ တချိန်တည်းတွင် သတင်းဆိုး များကလည်း ရှိသေးသည်။ တောင်သာဖက်က ဆူးပုတ်ကုန်းမှာတော့ အမွေဆိုင်ထန်းပင်များ ခုတ်ရောင်းတာ ရသည့်ငွေက သိန်းသုံးရာကျော် သည်တ့။ဲ သို့သော် ရောင်းပြီးကာမှ

အဝေမတည့် သောကြောင့် ညီအကိုအချင်းချင်း တုတ်တပျက် ဓားတပျက် ဖြစ်ကြသည်တ့။ဲ ထန်းလှီးဓါးများဖြင့် အပြန်အလှန် ခုတ်ကြ သည်မှာ သုံးလောင်းပြိုင်ဟု စိတ်နောက်ဖွယ်ရာ ကြားရသည်။ ဒါ့အပြင် ခြုံကြီးဖက်မှာလည်း ခုတ်ရောင်းသော ထန်းပင်များက အများပိုင်ဆိုလား၊ နိုင်ငံတော်ပိုင်ဆိုလား ဖြစ်နေ၍ ရဲများနှင့် မြို့ပေါ်က အာဏာပိုင်များ ရောက်လာပြီး ဝင်တားရာက ရွာခံများနှင့် ပြဿနာတက်ကာ ခုတ်ကြထစ်ကြသည်တ့။ဲ ရဲတင်းနှင့် အခုတ်ခံရ၍ ရဲမှူးသေသွားပြီး အာဏာပိုင်တချို့လည့်း အတွင်းလူနာ အဖြစ် မြင်းခြံဆေးရုံမှာ တင်ထားရ ပြန်သည်တ့။ဲ ရွာသားနှစ်ဆယ် အစိတ်လောက်လည်း လူသတ်မှုများဖြင့် အဖမ်းခံရထားပြီး သေဒဏ်တောင် ကျမလိုလို ဖြစ်နေသည်ဟု ကြားရပြန်သည်။ ဒေါသများ၊ မောဟများ၊ လောဘများဖြင့် စိတ်ဂနာမငြိမ်ဖြစ်နေသော သားဖြစ်သူကို မိခင်ဖြစ်သူ ဒေါ်အိမ်မြဲက ဘာမှ ဝင် မပြော။ ပိုဆိုးသွားမှာကို စိုးရိမ်၍ဖြစ်သည်။ ရက်ပေါင်း အတော်ကြာ၍ သားဖြစ်သူ စိတ်ပြေလောက်သည့် အချိန်တွင်မှ ဒေါ်အိမ်မြဲက "ငါ့သား... အမေတို့ သည်အရပ် တကြောလုံးဟာ အများအားဖြင့် ကြပ်တီးကုန်း၊ ကျောက်ကုန်းနဲ့ ကျောက် စရစ်ကုန်း တွေကဲ့။ွ တခြားဘာမှ များများစားစား စိုက်လို့ပျိုးလို့ မရဘူး။ ဒါ့ကြောင့် ဒို့ ဘိုးစဉ်ဘောင်ဆက် ထန်းပင်န့ဘဲ အသက်မွေးရတာကိုး။ ထန်းပင်မရှိရင် ငဒို့မှာ ဘာမှ မရှိတော့ဘူး။ ထန်းပင် မရှိတော့ရင် ရွာပျက်ဖို့ပဲ ကျန်တော့တယ်ကွ့။ဲ အခုတောင် ခုတ်ရောင်းထားတဲ့ ထန်းပင်တွေက နည်းမှမနည်းတာ။ အမေပြောရင် မင်းက စိတ်ဆိုးချင်ဆိုးမယ်။ ဘာပဲ ပြောပြော ဒို့ရှိတဲ့ ထန်းပင်လေးတွေ မရောင်းလိုက်ရတာ အမေတော့ ဝမ်းသာတယ်။ " သည်တခါတော့ ဖိုးချက်တယောက် သူ့အမေကို ဘာမှပြန်မပြောတော့။ အဝေးမှ စိမ်းညို့ညို့ ထန်းတောအုပ်ကို ငေး၍ကြည့်နေ ပြီး ပြောင်းဖူးဖက်ကိုသာ တွင်တွင်ကြီးဖွာ နေလေတော့သည်။ -------------------------------------------------------နားဗရုန်းအမြောက်ကြီးများ ဘယ်လိုဖြစ်နေသလဲတော့ မသိ။ ဒီနှစ်ရက် သုံးရက်အတွင်း တီဗွီဖွင့်ကြည့်လိုက်တိုင်း ရှေးဟောင်းရုပ်ရှင်ကား တခုကိုချည်း သုံးလေး ခါလောက် ပြန်ပြန်ပြနေတာ တွေ့နေရသည်။ ရုပ်ရှင်ကလည်း အနည်းဆုံး အနှစ်လေးဆယ် လောက်တော့ သက်တမ်းရှိပြီလို့ ပြောလို့ရသည်။ သို့သော် တက္ကနီကာလာ ပေါ်ကာစက ရုပ်ရှင်ကားဖြစ်သည်။ ရုပ်ရှင်ရဲ့ နာမည်က The Guns of Navarone ဆိုတဲ့ စစ်ကား။ မင်းသားတွေက ထိုခေတ်ထိုအခါက နာမည်ကြီးတွေ ဖြစ်သော ဂရေဂိုရီပက်တို့ အန်ထော်နီကွင်းတို့ အစရှိသူများ ပါဝင် သရုပ် ဆောင်ထားသော ကားဖြစ်သည်။ ဖက်ဆစ် နာဇီဂျာမန်တို့၏ အဝေးပစ် အစွမ်းထက် အမြောက်ကြီးနှစ်လက်ကို သွား၍ ဖောက်ခွဲဖျက်ဆီးသော ဇာတ်လမ်း ဖြစ်သည်။ ထိုအမြောက်ကြီးနှစ်လက်သည် ဂရိနိုင်ငံတနေရာရှိ နားဗရုန်းဆိုသော အရပ်၌တည်ရှိသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂရိနိုင်ငကိုံ နာဇီဂျာမန်တို့ သိမ်းပိုက်ထားသော ကာလလည်း ဖြစ်သည်။ ထိုအမြောက်ကြီးနှစ်လက်သည် ပင်လယ်ရေလမ်းမှ တက်လာမည့် မဟာမိတ် ရေတပ်သင်္ဘောများ အတွက် ကြီးစွာသော အနှောင့်အယှက်အကြီးလည်း ဖြစ်နေသည်။ သို့အတွက် ထိုအမြောက်ကြီးနှစ်လက်ကို ဖျက်ဆီးဖို့ မင်းသားတွေ (အထူး လေ့ကျင့်ထားသည့် ကွန်မင်ဒိုများ) ကို လွှတ်ရခြင်းဖြစ်သည်။ ခက်ခဲကြမ်းတမ်းသော မြေအနေအထားများ အဆင့်ဆင့်ကို ဖြတ်ပြီး နောက်ဆုံးတော့ အမြောက်ကြီးများ ရှိသည့် နေရာသို့ မင်းသားနှစ်လက် ထိုးဖောက်ဝင်ရောက် သွားနိုင်ခ့သဲ ည်။ ငါးကြင်းဆီနှင့် ငါးကြင်းကျော်ဆိုသလိုပဲ ဂျာမန်တို့၏ အမြောက် ဆံများအကြား ဗုံးထောင်ထားခဲ့ခြင်းဖြင့် နောက်ဆုံးတွင်

အမြောက်ကြီးနှစ်လက် ပင်လယ်ထဲ ပြုတ်ကျသွားကာ မဟာမိတ် စစ်သင်္ဘောများ လွတ်လတ်ွကျွတ်ကျွတ် ချီတက်လာနိုင်တော့သည်။ ဇတ်လမ်း မအီသွားစေရန် မြေအောက်တော်လှန်ရေး ဂရိအမျိုးသမီး ရဲဘော်နှစ်ယောက်ကိုလည်း ဇာတ်လမ်းထဲတွင် ရောမွှေ ထားသည်။ စစ်သားကောင်း စိတ်ဓာတ်ရှိသော လူကြီးလူကောင်း ပီသသော ဂျာမန်တပ်မတော် အရာရှိတဦးကို တွေ့ရသလို အနိုငရ် ရင်ပြီးရော ဘာပဲဖြစ်ဖြစ်လုပ်မည် ဆိုသော နောက်ဂျာမန် အရာရှိတဦးလည်း ပါသေးသည်။ ဇာတ်လမ်းကို အကုန်လုံးပြောနေရင်တော့ သည်ဇတ်ကားကို ပြန်ကြည့်လိုသူများအတွက် အရသာပျက်မည်စိုး၍ အကုန် မပြော တော့ပါ။ ရှေးခေတ်က စွန်းစားခန်းကားများနှင့် သည်ခေတ်စွန့်စားခန်းကားများတွင် ကွာသည်က ကွန်ပြူတာ နည်း ပညာ ဖြစ်သည်။ ရှေးကားများတွင် ကွန်ပြူတာနည်းပညာမပါ။ သို့သော်ရှေးကားများလည်း ရှေးမူအရ အရသာတမျိုး ရှိနေသည်။ ထိုအရသာများက ဘာတွေလဲဆိုတော့။ ထိုသို့သော် ရှေးရုပ်ရှင်ကြီးများတွင် အထူးသဖြင့် စစ်ကားများတွင် တွေ့ရသည်မှာ ဇာတ်ကောင်များ၏ စွန့်စားခန်း သာမက ထိုဇာတ်ကောင်များ၏ တဖက်နှင့်တဖက် ရန်သူပင် ဖြစ်လင့်ကစား လူသားမျက်နှာ Human faces ကို မျက်ကွယ်မပြုသည့် အကျင့်စရိုက်များအား ထင်ဟပ်တွေ့ရှိနိုင်သည်။ ထိုခေတ်က ကားများတွင် ဇာတ်ကောင်များသည်Gentleman ဆိုသည့် လူကြီးလူကောင်း စရိုက်ကို အထိခိုက်မခံသည့် ရပ်တည်ချက် ရှိသူများဟု ဆိုလျှင်လည်း ဆိုနိုင်သည်။ ထိုလူကြီး လူကောင်း စရိုက်ကို အသားပေးသည်။ ဤဇာတ်ကားကို သုံးလေးခါ ပြန်ကြည့်မိပြီးနောက် တွေးမိသည်ကတော့ ဖက်ဆစ်ဂျာမန်တို့၏ အမြောက်ကြီးနှစ်လက် ပေါက်ကွဲ ၍ ပင်လယ်ထဲကျကုန် သကဲ့သို့ (နအဖ) ၏ လက်နက်တိုက်များလည်း တတိုက်ပြီးတတိုက် မီးလောင်ပေါက်ကွဲ၊ ရုရှမှ ဝယ်ထား သော မစ်၂၉ တိုက်လေယဉ်များလည်း တစီးပြီးတစီး ပေါက်ကွဲပျက်စီး ကုန်ကြလျှင် သာ၍ ကောင်းပေအံ့ဟု တွေးမိခြင်းပင် ဖြစ်သည်။ ကိုယ်မလုပ်နိုင်သော်လည်း လုပ်သူရှိက ထောက်ခံရမည်သာ ဖြစ်သည်။ ဤကိစ္စတွင်တော့ ထို့အတွက် သင်သည် လူကြီး လူကောင်း မဆန်ရကောင်းလောဟု အပြစ်တင်သူများ ရှိလျှင်လည်း တင်ကြပါစေတော့။ 2 comments: ခင်မင်းဇော် said... ဟုတ်တယ်။ ကျမလဲ ကိုဇော်မင်းကို ထောက်ခံတယ်။ ကိုယ်မလုပ်နိုင်ဖြစ်နေလို့၊ လုပ်မယ့်လူကို အပြတ်ထောက်ခံမယ်။ အကြမ်းဖက်သမား ပြောလဲ ခံလိုက်တော့မယ်။ May 31, 2009 12:51 PM မေငြိမ်း said... ဒီတလောတော့ တယ် သဘောထားတိုက်ဆိုင်သဗျာ... ------------------------------------------------------တော်သေပြီ

Related Documents

News On July 19
May 2020 5
July 19 Acr News
May 2020 12
July 19.
May 2020 13
19 July
October 2019 21
19 July
October 2019 20
News 19
November 2019 7