Ndd

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Ndd as PDF for free.

More details

  • Words: 344
  • Pages: 3
NDD- NEW DISEASE & DANGER for MYANMAR ဒီမိုကရေစီနှင့်ဖွံ.ဖြိုးတိုးတက်ရေးအင်အားစုခေါ် Network for Democracy & Development အဖွဲ.ကို တကယ်တော့ NDD ခေါ် NEW DISEASE AND DANGER အုပ်စုဟု အမည် ပြောင်းရမည်ဖြစ်ပါ သည်။ အန္တရာရှိသည့် ရောဂါသစ်အုပ်စုဆိုသောအမည်နာမက ပို၍ဤအုပ်စု၏ သရုပ်သဏ္ဍန်ကို ပေါ်လွင်စေပါ သည်။ ကျောင်းသားတပ်မတော်ခေတ် ကောင်းစဉ်တုံးကလည်း ကျောင်းသားတပ်၏ ဗိုလ်ချုပ်များအဖြစ် ပြည်တွင်းပြည်ပမှ ရရှိခဲ့သည့် အထောက်အကူများ လုပ်ပိုင်ခွင့်များကို မောင်ပိုင်စီးခဲ့သည့်ကောင်တွေ ဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးသမားကြီးများဟုအမည်ခံ၍ ကိုယ့်ကိုယ်ကို ခေတ်သစ် ချီဂွေဘာရားဟန်မျိုးဖြင့် တမိန်.တအာဏာစနစ်များဖြင့် အုပ်စုဖွဲ. ဗိုလ်လုခဲ့သူတွေ၊စစ်တပ်ထောက်ခံသူများမဆိုထားနှင့် ကိုယ့်ကျောင်းသား အချင်းချင်းကိုပင် အမျိုးမျိုး စွပ်စွဲပြီး ငြင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူများဖြစ်ကြသည်။ယင်းအဖွဲ.များ၏ ရက်စက်မှုများသည်မည်မျှ ဆိုးသွမ်းသည်ကို ၁၉၉၈ခုနှစ်ဦးပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်ရှိ NLD-LA ရုံးမှာ တခါက ခိုလုံခဲ့သူ မြန်မာကျောင်းသူမိန်းကလေးတစ်ဦးက အသိဆုံးပင်ဖြစ်သည်။ ကျောင်းသားတပ်ဆိုသောအသံကြားလိုက်ယုံနှင့် သွေးပျက်သွားလောက်သည်အထိ ဤမိန်းကလေးအားမည်သို့ စော်ကားနှိပ်စက်မှုတွေကို မည်သူတွေ ကျူးလွန်ခဲ့သနည်း။ မည်သူတွေမှာ တာဝန်ရှိသနည်း။ ယခု NDDဆိုသောအကောင်းတွေပင်အဖွဲ.ခေါင်းဆောင် တွေဖြစ်ပြီး ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည် မဟုတ်ပါလော။ နောက် ကိုယ့်ချင်းချင်းကို သွေးအေးအေးနှင့် လူပေါင်းများစွာ ကျောင်းသား လူပေါင်းများစွာ ကို သတ်ပစ်ခဲ့ခြင်းအတွက် တာဝန်ရှိသူတွေမှာမည်သူတွေနည်း။ ဒီ NDDဆိုသော အဖွဲ.ရဲခေါင်း ဆောင်တွေပ်ဖြစ်သည်။ ထို့ ကြောင့် NDD အဖွဲ.ခေါင်းဆောင်များ၏ လက်များတွင် ရန်သူ့ သွေးတွေတတင် မကကိုယ့်ကျောင်းသားအချင်းချင်း ကိုယ့်လူအချင်းချင်း သတ်ဖြတ်ထားသော သွေးအနံ.များရှိနေဆဲ။ သွေးအညှီတွေ ရှိနေဆဲ။ ကဲ လက်နက်ကိုင် တော်လှန်ရေး ခေတ်မကောင်းတော့သည့်အခါ ယခင်က နေရာအတွက် အားတိုက် အင်တိုက်နှင့် အချင်းချင်း သတ်ဖြတ်ပြီး ခေါင်းဆောင်နေရာကို အရယူထားသူတွေသည်ယင်းအဖွဲ.ကို အမှိုက်ထုပ်တစ်ခုလိုစွန်.ပစ်ပြီး မြန်မာပြည်အတွက်အန္တရာရှိသည့် ရောဂါသစ်အုပ်စု-NDD( NEW DISEASE & DANGER) အဖွဲ.ကို ထူထောင်ပြီး နိုင်ငံတကာအဆင့်မီ သူတောင်းသား အလုပ်ကို စနစ်တကျ လုပ်စားနေသည့် Professional Beggers များ ဖြစ်လာခဲ့သည်။ လူ.အခွင့်ရေးဈေးကောင်းလျင် လူအခွင့်ရေးသင်တန်းများ၊ သဘာဝပတ်ဝန်းကျင်းကိစ္စမှ ငွေရလျင် သဘာဝပတ်ဝန်ကျင်အရေးလှုပ်ရှားသူများ ဖြစ်လာကြသည်။ တဖန်စာနယ်ဇင်းအလုပ်များခေတ်စားလာလျင်လည်း စာနယ်ဇင်းသတင်းဌာနများ၊သတင်းသမားများအဖြစ် အရေပြောင်းသွားပြန်သည်။ အမျိုးသမီးအရေး ဈေးကွက်ရှိလာလျှင် အမျိုးသမီးအရေးလှုပ် ရှားသူများဖြစ်လာသည်။ အမည် အမျိုးမျိုး အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံတကာနှင့် မြန်မာပြည်သူများ၊လုပ်ဖော်ကိုင်ဘက်များအပေါ် လိမ်စားလာခဲ့သည်မှာ အနှစ် ၂၀ ကျော်နေပြီ ဖြစ်သည်။ မည်သည့်အခါကNDDခေါင်းဆောင်များသည်မိမိတို.ထမင်းကို မိမိတို. ရှာစားခဲ့ဘူးပါသနည်း။ မည်သူတွေကများ ထမင်းစား ဖို ကုန်ထမ်းခြင်း ကောက်စိုက်ခြင်း လုပ်ခဲ့ဘူးပါသနည်း။ ဝင်ငွေရရှိသောလုပ်ငန်းဟူ၍မည်မျှ လုပ်ခဲ့ဘူးပါသနည်း။ ယခုကဲ့သို့  ဟို Projects ဒီ Programs ဒီ Training ဒီ Report မျာုး အရောင်ပြ

၍လုပ်စားခဲ့သည်မှလွဲပြီးအမှန်တကယ် လက်ကျောတင်းအောင် ထမင်းရှာစားဘူးသူများဟုတ်မဟုတ် ဆိုတာ အား လုံးအသိပင်ဖြစ်သည်။ ထို့ ကြောင့် မြန်မာ့နိုင်ငံရေးလောကတွင် လူလိမ် လူညာများသာ နေရာယူထားပြီး လုပ်စားနိုင်ငံရေးသမား များတဖြည်းဖြည်းများပြားလာခဲ့သည်။ မြန်မာပြည်သများနှင့်လုပ်ဖော်ကိုင်ဖက် ရဲဘော်ဟောင်းများမှာယခုကဲ့သို့  အချောင်သမား လုပ်စားအုပ်စုများကို စိတ်ပျက်ပြီး လှုပ်ရှားမှုများမှနေ ထွက်ခွါသွားကြသည်မှာ လက်တွေ့ ပင်ဖြစ်သည်။ ထိုသ့ို နိုင်ငံရေးကိုရော တော်လှန်ရေးကိုပါ သိက္ခာကျစေပြီး အသုံးချ လုပ်စားနေသော အချောင်သမား NDD အဖွဲ.မှ ခေါင်းဆောင်များမှ သူတပါးအားလူလိမ် လူကောက်ဖြစ်သည်ဟု စွပ်စွဲခြင်းသည်အလွန်တရာ ဟာသမမြောက်သောဟာသတစ်ခုသာဖြစ်သည်။ မိမိကိုယ်တိုင်က လူသတ်မူများကြောင့် ကျောင်းသားများ၏ သွေးများ လက်တွင်ပေကျန်နေဆဲဖြစ်သော NDD ခေါင်းဆောင် လူသတ်ကောင်များ၏ ပြည်တော်ပြန်ကို စောင့်ဆိုင်းနေသော မိသားစု အများကြီးရှိပါသည်။ မိမိကိုယ်ကို၊မိမိနောက်ကြောင်း။ မိမိသမိုင်းကို ယုံသည်ဟုဆိုလျှင် မြန်မာပြည်ကို ပြန်လာရန်ဖိတ်ခေါ်ပါသည်။ ထောင်ပြေး၊၀ရမ်းပြေး၊ လူလိမ်ဟုခင်းဗျားတို. စွပ်စွဲနေသော ဦးကျော်မြင့်သည်ပင်လျှင်သူ.ကိစ္စသူ ပိုင်နိုငယ်ုံကြည်သောကြောင့်မြန်မာပြည်တွင်းကို ၀င်ရောက်ပြီး နိုင်ငံရေး လုပ်ရန် သတ္တိ ရှိနေလျှင် တချိန်လုံး အာဘောင်အာရင်းသန်သန်ဖြင့်ရေဒီယိုတွေမှနေ ခဏခဏ ထထအော်နေသောမြန်မာ့အရေး ကျွမ်းကျင်သူ၊ စစ်ဘက်ဆိုင်ရာလေ့လာသူဆိုသူများအပါအ၀င် NDD အဖွဲ.ခေါင်းဆောင်များပြည်တော်ပြန်လာမည့် အချိန်ကို စောင့်မျှော်နေသူတွေရှိပါသည်။ ထိုအချိန်တွင် မည်သူသည် လူအခွင့်ရေးသမား၊ လူသတ်သမား၊ ရာဇ၀တ်ကောင်၊ လူလိမ်လူညာဆိုသည်ကို သမိုင်းက သက်သေပြလိမ့်မည် ဖြစ်ပါသည်။ အမှန်တကယ် သတ္တိရှိခဲ့လျှင၊် ရာဇဝတ်မှုများကျူးလွန်ခဲ့ခြင်း၊ဥပဒေပြင်ပမှသတ်ဖြတ်ခြင်းများ မရှိဘူးဆိုလျှင် ပြည်တော်ပြန်ဘို. ခြေးလှမ်းကြည့်စေချင်ပါသည်။ တပ်မတော်လုပ်ငန်းစဉ်များအားထောက်ခံ ခြင်းမရှိသောကြောင့်ဟုဆင်ခြေ မပေးပါနှင့်။ လူသတ်မှုများဖြင့် တရားစွဲရန် သမိုင်းအကောက်များအာုး သမိုင်းအမှန်ဖြစ်လာစေရန် ဖြောင့်ပေးဖို. စောင့်နေသော၊တောထဲတွင် အလကားနေ အလကား အသက်များပေးဆပ်ခဲ့ရသောကျောင်းသားများ၊ ရဲဘော်များ၏မိသားစုတွေမှ NDD ခေါ် မြန်မာပြည်အတွက် အန္တရာယ်ကြီးမါးသည့် ရောဂါသစ်အုပ်စုမှ ခေါင်းဆောင်များအား စောင့်ကြိုနေသည်ဆိုတာသတိမမေ့ရန် ထပ်မံ အသိပေးလိုက်ပါသည်။ ထိုတော့မှသာလျှင် သူရဲကောင်းလား သူတောင်းစားလား လူသတ်ကောင်လား ရာဇ၀တ်သားကောင်းတွေလား ကွဲပြားသွားပါလိမ့်မည်ဟု လေ့လာသုံးသပ် တင်ပြအပ်ပါသည်။ မြန်မာပြည်သူလူထုသည် လူအများမဟုတ်ပါ။ လူလိမ်၊လူညာ၊လူကောက်၊ရာဇ၀တ်သား၊လူသတ်သမား ဘာကောင်ပဲ ဖြစ်ဖြစ် ပြည်သူလူထုကို ကြာကြာ လိမ်၍မရပါ။ သတ္တိရှိလျှင် လူထု၏ အဆုံးဖြတ်ခံကြည့်စေချင်ပါသည်။ အလင်းရောင်ထဲရောက်လျှင် ဘယ်ကောင် ဘာအရောင်လည်း ကွဲပြားသွားလိမ့်မည်။ ယခုတော့ အမှောင်ထဲ ချောင်ထဲတွင်ဖြစ်သဖြင့် အားလုံးအရောင်တူနေသကဲ့သို့  ဖြစ်နေကြသည်။ အလင်းရောင်အောက်ကို အကောင်တွေအားလုံး ထွက်ကြည့်ရန်လိုပါသည်။

လူလိမ်အချောင်သမား လုပ်စားနိုင်ငံရေးသမားများ ကျဆုံးပါစေ။ လွတ်လပ်တဲ့ မြန်မာပြည် အမြန်ဆုံး ပေါ်ပေါက်ပါစေ။ သမိုင်းဖြစ်ရပ်မှန် ပေါ်ပေါက်ရေး အဖွဲ.ချုပ် ရန်ကုန်မြို. ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၀၉ ခုနှစ်

Related Documents

Ndd
November 2019 15
Ndd
December 2019 12
Ndd Doc
December 2019 14
Ndd 080200
December 2019 15
Ndd Feb News
December 2019 23