Mg Taw Di Ka

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Mg Taw Di Ka as PDF for free.

More details

  • Words: 221
  • Pages: 1
Page 1 of 1

Comments (18)

စက္ကူ လေယာဉ် ချန်ပီယံ မြန်မာကလေးကို ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ FRIDAY, 04 SEPTEMBER 2009 18:03

ကိုထွေး

မောင်သောင်ဒီကို ဂျပန်ရိုးရာ အိုရီဂါမီ စက္ကူလေယာဉ် ပြိုင်ပတွဲ ငွ် ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် ထိုင်းဝန်ကြီးချုပ်က ယာယီနိုင်ငံကူး လတ်မှတ်ထုတ်ပေးရန် ဆုံးဖြတ်လိုက်ခြင်းသည် ကလေး တယောက်၏ အခွင့်အရေးကို အပြည့်အ၀ ပေးလိုက်ခြင်း ဖြစ်သည့် အပြင် လူ့အခွင့်အရေး လေးစားကြောင်း ပြသလိုက်ခြင်းဖြစ်သည် ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေး အတွက် အကျိုးဆောင် ပေးနေသူ ဒေါက်တာ သိန်းလွင်က “တကယ်လို့သာ သွားခွင့် မရှိဘူး ဆိုရင်တော့ ကလေး တယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတယ်၊ ထိုင်း ၀န်ကြီးချုပ်က ဒီလို ဆုံးဖြတ် လိုက်ခြင်းဟာ ထိုင်းနိုင်ငံက လူ့အခွင့်အရေးကို လေးစားတယ် ဆိုတာ ပြသလိုက်တာဘဲ၊ မြန်မာ နိုင်ငံသားတွေ အပေါ်မှာ စာနာရာလည်း ရောက်တယ်၊ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုးပမ်း အားထုတ်မှုကို အားပေးခံရတဲ့ အတွက် ဒီထက်ပိုပြီးတော့ ထူးချွန်နိုင်တယ်လေ ” ဟု ဧရာဝတီသို့ ပြောသည်။ ထို့အပြင် ထိုင်းနှင့် မြန်မာ ၂ နိုင်ငံလုံးက အသိအမှတ် မပြုသည့် နိုင်ငံမဲ့နေသော ကလေးများ နယ်စပ် တလျှောက် မြောက်မြားစွာ ရှိကြောင်း၊ ၀န်ကြီးချုပ်၏ ယခု လုပ်ဆောင်ချက်သည် ထိုကလေးများကို အလားတူ စဉ်းစားပေးရန် လမ်းညွှန် လိုက်သကဲ့သို့ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံက ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ နှင့် စက္ကူလေယာဉ် ချန်ပီယံ မောင်သောင်ဒီတို့ ဘန်ကောက်မြို့တွင် ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)

စာနာထောက်ထား အသိအမှတ် ပြုလိုက်သဖြင့် အဆိုပါ ကလေးက ထိုင်းနိုင်ငံကို တနေ့တငွ် ပြန်လည် အကျိုးပြုနိုင်သည်ဟု ၎င်းက ဆိုသည်။ မောင်သောင်ဒီ၏ ဖခင် ဖြစ်သူက“ သားက ဂျပန်ကို သွားခွင့်ရတော့ ကျနော်

အရမ်း ၀မ်းသာတယ်၊ သားကလည်း ဂျပန်ကို သွားရတဲ့ အတွက် အရမ်း ၀မ်းသာနေပါတယ်” ဟု ပြောသည်။ ထိုင်းဝန်ကြီးချုပ်က မောင်သောင်ဒီ၏ ဖြစ်ရပ်သည် ထိုင်း အစိုးရ ဌာနများကို နိုင်ငံမဲ့ ကလေးများနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ ကိုင်တယ်ွနိုင်ရန် အတွက် ဥပမာကောင်း တရပ်ဖြစ်ကြောင်း ပြောသည်။ ပါလီမန်တငွ် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မောင်သောင်ဒီနှင့် အတူ ဆရာ ဖြစ်သူ Duangrit Ketima ချင်းရိုင် ခရိုင် လွှတ်တော် အမတ် Tuenjai Deetes ကို ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဂျပန်သံရုံးက မောင်သောင်ဒီကို ပြည်ဝင်ခငွ့် ဗီဇာ ထုတ်ပေးမည်ဆိုပါက မောင်သောင်ဒီ အနေဖြင့် ပြိုင်ပွဝဲ င်ရန် အတွက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်းလည်း သိရသည်။ < Prev

Next >

http://www.irrawaddy.org/bur/index.php?view=article&catid=1%3Anews&id=1746%3A2009-09-04-11-05-41... 9/7/2009

Related Documents

Mg Taw Di Ka
May 2020 7
Saya Mg Thaw Ka
May 2020 3
Taw
July 2020 8
Taw
May 2020 19
Mg
May 2020 27
Mg
May 2020 30