Daily News Letter 4th June

  • Uploaded by: Moe Ma Ka
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Daily News Letter 4th June as PDF for free.

More details

  • Words: 2,721
  • Pages: 20
News 4th June

daily news letter 4th June

Irrawaddy news Comments (0)

မြန်မာနှင့် တင်းမာမှု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝေဖန် Thursday, 04 June 2009 16:31 သန်းထိုက်ဦး

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝနှင့် နိုင်ငံခြားရေးဝန်ကြီး ကဆစ်ဖိရုန်း တို့၏ လုပ်ဆောင်ချက်ကြောင့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး တင်းမာ ရသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဟောင်း နက်ပဒွန်လ် ပတ်ထမာ ကပြောကြားကြောင်း ယမန်နေ့ထုတ် မြန်မာအစိုးရ သတင်းစာတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နက်ပဒွန်လ် ပတ်ထမာ က အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတင်းမာနေ သည့်

အခြေအနေနှင့်ပတ်သက်ပြီးပြောကြားချက်ကို မေလ ၂၇ ရက်နေ့က ထိုင်းဘာသာဖြင့် ရေးသားထားသည့် မတ်တိချွန်း(Mati chon) သတင်းစာ၌ ဖော်ပြခဲ့သည်ကို မြန်မာ့အလင်း သတင်းစာက ကိုးကားရေးသားထားခြင်း ဖြစ်သည်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ် ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံက ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး တို့က ပြစ်တင်ဝေဖန်ခဲ့သည်။ ထို့ အတွက် မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာအားဖြင့် မှန် ကန်ခြင်း

မရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေးအနက် ကန့်ကွက်သည်ဟူ၍ တန်ပြန်ကြေညာခဲ့ရာ လက်ရှိအနေအထားအရ နှစ်နိုင်ငံတင်းမာမှုများရှိခဲ့ပြီး ဒုတိယအကြိမ် မြန်မာစစ်အစိုးရ သတင်းစာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နက်ပဒွန်လ် က ယခုထိုင်းနိုင်ငံသည် အာဆီယံ ဥက္ကဌ တာဝန်ထမ်းဆောင် နေပြီး အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ ဆက်ဆံရေးအဆင်မပြေ မူကြောင့် အာဆီယံ ဂုဏ်သိက္ခာကျဆင်းရကြောင်း ၎င်းသတင်း၌ ဖော်ပြထားသည်။ အာဆီယံ ဥက္ကဌ၏ မေလ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာချက်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို

ဝင်ရောက်စွက်ဖက်ရာရောက်သဖြင့် အနာဂတ်ကာလ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို စိုးရိမ်ပူပန်မိပြီး နိုင်ငံခြားရေး ၀န်ကြီး ကဆစ် ရာထူးမှ နုတ်

ထွက်သင့်ကြောင်းလည်း နက်ပဒွန်လ် က ဆိုသည်ဟု ရေးသားထားသည်။ Page 1

daily news letter 4th June

ထို့အပြင် ယခင်းဝန်ကြီးချုပ် ဆုမ်ချိုင်း ဦးဆောင်သည့် အစိုးရအဖွဲ့လက်ထက်တွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ကြောင်း သို့ရာတွင် လက်ရှိကာလ ထိုင်း-မြန်မာဆက်ဆံရေးသည် သမိုင်း တွင် မဖြစ်ပေါ်ခဲ့ဖူးသည့်

ဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင်နေရသည် ဖြစ်ကြောင်း မတ်တိချွန်း သတင်း စာ၌ဖော်ပြထားရာ ၎င်းစာကို မြန်မာ့အလင်း သတင်းစာက ကိုးကားရေးသားထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နက်ပဒွန်လ် သည် ယခင်ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဥပဒေ ဆိုင်ရာအကြံပေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခင်ဝန်ကြီးချုပ် ဆုမ်ချိုင်းသည် သက်ဆင်နှင့် ဆွေးမျိုးတော်စပ်သူလည်းဖြစ်သည်။ လွန်ခဲ့သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ အထိ ၀န်ကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာ စစ်အစိုးရနှင့် ဆက်ဆံရေး ပြေလည် ခဲ့ကြောင်း သိရသည်။

ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီး Hor Namhong ကလည်း နေအိမ်အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်း စုကြည် အား အမြန်ဆုံးပြန်လွှတ်ပေးရန်၊ မြန်မာအစိုးရကို ကုလသမဂ္ဂနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်ရန်တိုက်တွန်း ခဲ့သည်ဟု (၁၇)

ကြိမ်မြောက် အာဆီယံ -အီးယူ ၀န်ကြီးအဆင့် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ မေလ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ-အီးယူ ၀န်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံမှ ဒုတိယနိုင်ငံခြားရေး ၀န်ကြီးဦး မောင်မြင့်ကလည်း

တခြားသောနိုင်ငံများက မြန်မာနိုင်ငံအပေါ် ၀င်ရောက်စွက်ဖက်မှုကို မလိုလား ကြောင်း ဇွန်၂ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ထိုသို့ဖော်ပြရာတွင် ဦးမောင်မြင့်က ထိုင်းနိုင်ငံသည်သာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ရန် လိုကြောင်း မြန်မာနိုင်ငံအနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အမျိုးသားညီလာခံ၌ အောင်မြင်စွာ ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ပြောခဲ့သည်။ ဦးမောင်မြင့်၏ ရှင်းလင်းချက်ထဲ၌ “နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးသည် ကုလသမဂ္ဂ၊ အာယီယံနှင့် ဒေသဆိုင်ရာ အဖွဲ့ အစည်းများ၏ အခြေခံမူဝါဒဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း ရေးကို

ဝင်ရောက် စွက်ဖက်မှုမပြု လုပ်သကဲ့သို့ တခြားနိုင်ငံများက မိမိတို့အပေါ် ၀င်ရောက်စွက်ဖက်မှု ကိုလည်း မလိုလားကြောင်း” ထည့်သွင်း ဖော်ပြထားသည်။

ဇွန် ၂ ရက်နေ့မှာပင် မြန်မာနိုင်ငံနှင့်အချင်းများခြင်းအားဖြင့် ထိုင်းနိုင်ငံသာ အရှုံးဖြင့်ရင်ဆိုင်ရမည် ဖြစ်ကြောင်း အာဏာသိမ်း

ခေါင်းဆောင်ဟောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဆွန်ထီ ဘွန်ရာ ရက်ကလင်က ဝန်ကြီးချုပ် အဖိဆစ် Page 2

daily news letter 4th June ဝေ့ချာ ချီဝ၏ မြန်မာနိုင်ငံအပေါ် တင်းမာနေသော အနေအထားနှင့် ပတ်သက်ပြီး သတိပေးစကားပြောကြားချက်အား မေလ ၂၉ ရက်နေ့က ထိုင်းဘာသာဖြင့်ရေးသားထုတ်ဝေသည့် Thairath သတင်းစာ၌ ဖော်ပြထားသည်ကို မြန်မာ့အလင်း သတင်းစာက ကိုးကားဖော်ပြခဲ့သေးသည်။ တားဆီးမိန့် ဥပဒေဘောင်ကျော်မှု အဓိက လျှောက်လဲမည် Thursday, 04 June 2009 20:20 ကိုစိုး

ဒေါ်အောင်ဆန်း စုကြည်၏ အမှုအတွက် အပြီးသတ် လျှောက်လဲချက် ပေးရာတွင် ဒေါ်အောင်ဆန်း စုကြည်သည် မည်သည့် ဥပဒေမှ မချိုးဖောက်သည့် အပြင် စစ်အာဏာပိုင်များ ကန့်သတ်ထားသည့် တားဆီးမိန့်ကိုယ်နှိုက် က ဥပဒေဘောင် ကျော်နေသည်ကို အဓိကလျှောက်လဲ သွားမည်ဖြစ်ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းကပြောသည်။ အဆိုပါ လျှောက်လဲချက်ကို ရေးသားပြင်ဆင်နေသော ဦးကြည်ဝင်းက“ကျနော်တို့က ကြိုပြီးတော့ တရားရုံးကို မထေမဲ့မြင်အနေနဲ့ အနှောင့်အယှက်(Contempt of court) ဖြစ်အောင် ပြောတာတော့ မဟုတ်ဘူး၊ စဉ်းစားဖို့ ပြောတာ၊ အဲဒါက

ဘာလဲဆိုတော့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေ ဆိုတဲ့ အဲဒီ ဥပဒေမှာ ပုဒ်မ (၁၁) ဆိုတာ ရှိတယ်၊ ၁၀(ခ) ပြီးရင်၊ ၁၀(ခ)ကနေ အဲဒီမှာ တားဆီးလိုက်တယ်၊ အဲဒီ ၁၀(ခ) ကို ကပ်ြ ပီး

ပြဌာန်းထားတာ၊ အဲဒီ ပုဒ်မ (၁၁) နဲ့ ဘယ်လိုကွာလဲဆိုတာ ကျနော် တို့ကတော့ လျှောက်လဲဖို့ အသင့်ပြင်နေတယ်၊ ဒီဘောင်ကို ကျော်ပြီးတော့ တားဆီးထားတယ်၊ ဒါကြောင့် ဥပဒေ နဲ့ မညီဘူးလို့ ပြောရမှာပဲ၊ တားဆီးတဲ့ အမိန့်ကိုက မညီတာ”ဟု ဧရာဝတီသို့ ပြောသည်။ ပုဒ်မ(၁၁)တွင် ပြဌာန်းထားသည်များမှာ အရေးယူခြင်းခံရသူအားတားဆီးမှုပြုရာတွင်(က) မည်သည့် နေရာ ဒေသတွင် မနေထိုင်ရဟု သတ်မှတ်ခြင်း၊ (ခ) မည်သည့်နေရာ ဒေသတွင်သာ နေထိုင်ရမည်ဟု သတ်မှတ်ခြင်း၊ (ဂ) သွားလာမှုများကို

လိုအပ်သလို တားဆီးခြင်း၊ (ဃ) သတ်မှတ်သည့် အရာဝတ္ထုများကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုမှုကို ပိတ်ပင် တားဆီးခြင်း တို့ ပြုလုပ်နိုင်ကြောင်း ပြဌာန်းထားခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြ သည်။

“တားဆီးတဲ့ အမိန့်ကိုက ဥပဒေနဲ့ မညီဘူး၊ သို့သော် ဒေါ်စုက တားဆီးထားတဲ့အတိုင်းကို လိုက်နာပါတယ်”ဟု လည်း ဦးကြည်ဝင်း က ပြောဆိုသည်။

တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား အပြီးသတ် လျှောက် လဲချက်ပေးရန် မူလက ရုံးချိန်းကို ဇွန်လ ၁ ရက်မှ မနက်ဖြန်သို့ ရုံးချိန်း ချိန်းဆိုထားသော်လည်း ခရိုင် တရားရုံးက ပယ်ချထားသည့်

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ ၃ ဦးအတွက် ပြန်လည်သုံးသပ်ပြင်ဆင် ပေးရန်လျှောက်လဲချက်အား ယမန်နေ့တွင် Page 3

daily news letter 4th June

ရန်ကုန်တိုင်းတရားရုံးကလက်ခံခဲ့ပြီး မနက်ဖြန်တွင် စစ်ဆေး အမိန့်ချ ရန်ရှိသည့်အတွက် တိုင်းတရားရုံး၏ ဆောင်ရွက်ချက်များပြီးစီးမှသာ ခရိုင်တရားရုံးက အပြီးသတ်လျှောက်လဲချက် ရုံးချိန်း သတ်မှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး

တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး

ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။ သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။ ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင် ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD) လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။

စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်း တွင်

အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။ အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် Page 4

daily news letter 4th June အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။ အမေရိကန် သံရုံးရှေ့ ဆန္ဒပြသူများ အဖမ်းခံရ Thursday, 04 June 2009 16:39 ဧရာဝတီ

ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ အမေရိကန် သံရုံးရှေ့တွင် မတရား ဖမ်းဆီးခံနေရသည့် ၎င်းတို့ ၏ မိသားစုဝ င် ဖခင်ဖြစ်သူအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆို ဆန္ဒပြကြသော လူ ၅ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း မျက်မြင်သက်သေများက ပြောသည်။ အဆိုပါ ဆန္ဒပြသူများမှာ မိခင်ဖြစ်သူအမျိုးသမီး နှင့် သားသမီး ၃ ဦး အပါအဝင် စုစုပေါင်း မိသားစုဝင် ၄ ဦးနှင့် တခြားသော အမျိုးသမီး တဦးတို့ ဖြစ်သည်ဟု မျက်မြင်သက်သေ တဦးက ပြောဆိုသည်။

ဆန္ဒပြသူများထဲမှ တဦးက “အဖေ့ကို အမြန်ဆုံး ပြန်လွှတ်ပေးပါ”ဟုရေးထားသည့် စာတန်းပါသော ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကလည်း အင်းစိန်ထောင်ရှေ့တွင် လတ်တလော တရားစွဲဆိုခံနေရသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆိုင်းဘုတ်ကိုင်တောင်းဆို၍ တကိုယ် တော် ဆန္ဒပြသူ ဦးဇော်ညွန့် ဆိုသူကို လုံခြုံရေး တပ်ဖွဲဝင်များက ဖမ်းဆီးခဲ့သေးသည်။ ယင်း တကိုယ်တော် ဆန္ဒပြသူသည် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများဖြန့်ဝေ

Thursday, 04 June 2009 19:34 ကိုထွေး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေခြင်း (Photo campaign) လှုပ်ရှုားမှုတရပ်ကို မိတ္ထီလာခရိုင် အတွင်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါဝင်သော ဓာတ်ပုံ ၁၀၀၀၀ခန့်ကို ဇွန်လ၂ရက်နေ့က စတင်၍ ဦးဆောင် ဖြန့်ဝေရာယခုအခါဓာတ်ပုံ ၃၀၀၀ခန့် ရှိပြီဖြစ်ကြောင်း သိရသည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဖြန့်ဝေသော ဓာတ်ပုံ ၈မျိုး တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်း စုကြည် တို့ Page 5

daily news letter 4th June

ယှဉ်တွဲရိုက်ကူးထားသော ဓာတ်ပုံမှာ အများဆုံး ဖြန့်ဝေရကြောင်း မိတ္ထီလာခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒေါ်အေးအေးမြင့် ကပြောသည်။ ဒေါ်အေးအေးမြင့်က“မြန်မာပြည်မှာသတင်းနဲံ့ စာနယ်ဇင်းလွတ်လပ်ခွင့်မရှိတော့ မီဒီယာတွေမှာ ဒေါ်အောင် ဆန်း စုကြည် ရဲ့ဓာတ်ပုံ ကိုသိပ်ဖော် ပြလေ့ မရှိဘူး၊ မမြင်ဘူးတဲ့သူတွေက အများကြီးပဲ၊ လာတောင်းတဲ့သူတွေ ကလည်း မနည်း ဘူး၊

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဖြန်ဝေတဲ့ဓာတ်ပုံ ၈မျိုးထဲမှာ ဖခင်ဖြစ်တဲ့ဗိုလ်ချုပ် အောင်ဆန်းနဲ ရို က်ထားတဲ့ပုံက အဖြန့်ဝေရဆုံးပဲ” ဟု ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ဓာတ်ပုံများကို အခမဲ့ ဖြန်ဝေသွားမည်ဖြစ်ပြီး အရွယ်အစားမှာ ၃ လက်မ x ၄ လက်မ ပတ်လည် ရှိကြောင်း လည်းသိရသည်။

“ကျမတိုရဲ့ရည်ရွယ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ကျယ်ကျယ်ပြန့်ပြန့် လူထုလက်ထဲ အိမ်တိုင်းစေ့

ရောက်ရှိအောင်ဖြန့်ဝေသွားမှာဖြစ်တယ်၊ ဓာတ်ပုံကိုရယူကြတဲ့ပြည်သူတွေကို တောင်းဆိုချင်တာက ဓာတ်ပုံကို မိမိတို့ အိမ်ရဲ့ ဧည့်ခန်းမှာ မှန်ဘောင်သွင်း ချိတ်ဆွဲထားနိုင်ရင်ထားစေချင်တာပေါ့ အဲဒါမှအဆင် မပြေဘူး ဆိုရင် အိမ်မှာဓာတ်ပုံ ထည့်တဲ့

အယ်လ်ဘမ်ရဲ့ရှေ့ ဆုံးမှာ ထည့်သွင်းထားဖို့ဆော်သြထားတယ်၊ မိမိရဲ့ GSMဖုန်းထဲမှာ၊ ပိုက်ဆံအိတ်ထဲတွေမှာ လည်း ထည့်ထား စေချင်ပါတယ်”ဟု၎င်း ကဆက်ပြောသည်။ မိတ္ထီလာခရိုင်(NLD)အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာဖြင့် လူထု ပါဝင် ဆင်နွှဲ နိုင်သော လှုပ်ရှုားမှုအဖြစ် Photo Campagin ကိုရွေးချယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို စဉ်ဆက်မပြတ်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မြင်းခြံ၊ ညောင်ဦး၊ညောင်ရွှေ မြို့များကို ဖြန်ဝေပြီး ဖြစ်ကြောင်း၊ နောက်ပိုင်း မိုးကုတ် မန္တလေးကိုပါ ဆက်လက်

ဖြန့်ဝေသွားရန်စီစဉ်နေပြီး မကြာမီရက်ပိုင်း အတွင်း ပဲခူး၊မကွေးတိုင်း များ လည်း ပါဝင်နိုင်မည်ဖြစ်ကြောင်း၊ သာစည်မြိုနယ် တွင်မှု ရဲများကလိုက်လံ သိမ်းဆည်းနေသည်ဟုကြားသိရကြောင်း ဒေါ်အေးအေးမြင့်က ပြောသည်။

၎င်းဓာတ်ပုံဖြန်ဝေသည့်လှုပ်ရှားမှုနှင့် ပတ်သက်၍ သံဃာ့တပ်ပေါင်းစုမှ ဦးဆောင်ဆရာတော်တပါးဖြစ်သူ ဦးအာစ္စရိယက ထောက်ခံခဲ့ပြီး သံဃာတော်များကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် တတ်အားသရွေ့ ဘုရားတွင် ဆုတောင်း မေတ္တာပို့သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ Generation Wave အဖွဲ့အနေနှင့်လည်း မတ်လက ရန်ကုန်၊ပြည် ရှိလူစည်ကားရာနေရာများတွင် စာရွက်စာတမ်းများ ဖြန်ဝေခြင်း၊ မှုတ်ဆေးများဖြင့် လှုံ့ဆော်စာရေးသားခြင်းများ ပြုလုပ်ခဲ့ကြောင်း ရှေ့ဆက်၍လည်းပြည်သူ လူထုနှင့် ပူးပေါင်းကာ Page 6

daily news letter 4th June

လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဖွဲ့ဝင်တဦးက ဧရာဝတီသို့ပြောသည်။ မိုး/ဇလ ညွှန်ချုပ်ကို တာဝန်မှ ရပ်ဆိုင်း

Thursday, 04 June 2009 16:25 ခိုင်ရီ မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေ ဒုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ကို တာဝန်မှ ရပ်ဆိုင်း လိုက်ကြောင်း ၎င်းဌာနနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

ဦးထွန်းလွင်

“တရားဝင် ရပ်ဆိုင်းခံရတာပဲ။ ဒါပေမယ့် ကျန်းမာရေးအခြေအနေအရ ရာထူးက အနားယူလိုက်ပြီလို့ပဲ ပြောကြတယ် ” ဟု မိုးလေ၀သနှင့်ဇလဗေဒမှ ၀န်ထမ်းတဦးက ပြောသည်။

ဦးထွန်းလွင်ကို တာဝန်မှ ရပ်ဆိုင်းခဲ့ခြင်းမှာ နေပြည်တော်တွင် တိုက်ခတ်သွားသော လေပြင်း မုန်တိုင်းကိစ္စ ကြိုတင်သတိပေး ထုတ်ပြန်ခြင်းမရှိ သောကြောင့် ဖြစ်သည်ဟု ၎င်းတို့ ဌာနအတွင်း သတင်းစကားများ ထွက်ပေါ်လျက်ရှိကြောင်း သူက ဆိုသည်။ ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ အတွင်း နေပြည်တော်တွင် လေပြင်း တိုက်ခတ်ခဲ့ပြီး ထိုလေပြင်းကြောင့်  သစ်ပင်ကြီးများ ကျိုးပျက်ခြင်း၊ နေအိမ်တချို့ အမိုး လန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

“ဦးထွန်းလွင်က ကျန်းမာရေးအခြေနေကြောင့် အနားယူချင်နေတာကြာပြီလို့ ကြားနေတာ။ အခုသတင်းတွေ ထွက်နေလို့

မေးကြည့်တော့ နှလုံးရာဂါအခြေအနေကြောင့် နားလိုက်တာလို့ ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။ အတည်မပြုနိုင်သည့် သတင်းများအရမူ ဦးထွန်းလွင်သည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန် ပြင်ဆင်မည်ဖြစ်သောကြောင့် ရာထူးမှ ရပ်နားခံရခြင်းဖြစ်သည်ဟု ကြားသိရသည်။

နအဖ အစိုးရသည် စစ်ဘက်ဆိုင်ရာ အရာရှိ၊ အရပ်ဘက် ဝန်ထမ်း အရာရှိ နှင့် စီးပွားရေးသမားတချို့ကို ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရန်အတွက် ယခုနှစ်ဆန်းပိုင်းမှ စတင်တိုက်တွန်း လျှက်ရှိကြောင်း ကြားသိရသည်။

လူပေါင်းသိန်းချီသေဆုံးခဲ့သည့် ၂၀၀၈ မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ မိုးလေ၀သ ဆိုင်ရာ သတင်းအချက်အလက်များကို မှန်ကန်တိကျစွာ မဖော်ပြဘဲ ထိန်ချန်ခဲ့သည်ဟု ဦးထွန်းလွင်ကို အများက စွပ်စွဲခဲ့သည်။ ကော့သောင်းတွင် မြေပြို၊ အနည်းဆုံး ၄ ဦး သေ Thursday, 04 June 2009 16:40 ဧရာဝတီ

Page 7

daily news letter 4th June

တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ယမန်နေ့ညက ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် အနည်းဆုံးလူ ၄ ဦးသေဆုံး ခဲ့ပြီး ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း ကော့သောင်းမြိုခံတဦးက ပြောသည်။

အဆိုပါမြို့ခံက “ကလေးသုံးယောက်နဲ့ သူတို့ရဲ့ အမေတော့ သေသွားတယ်၊ လူ ၇ ယောက်လောက် ကတော့ အခုဆေးရုံမှာ ရောက်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းမြေပြိုမှုသည် ယမန်နေ့ညက ပြင်းထန်သောလေနှင့် သည်းထန်စွာ ရွာသွန်းသောမိုးကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊

အဆောက်အအုံများ ပြိုကျခဲ့ပြီး တချို့သောအိမ်များမှာ ရေမြုပ်သွားကာ သစ်ပင်များမှာလည်း ကျိုးကျကုန်ကြောင်း ယင်းမြို့ ခံက ဆက်ပြောသည်။ ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းမြို့သည် မြန်မာပြည် တောင်ဘက်အကျဆုံး နေရာတွင်တည်ရှိကာ မြန်မာပြည်၏ အဓိကကျသော ပင်လယ် ဆိပ်ကမ်းမြို့တမြို့ ဖြစ်ပြီး ယင်းမြို့မှတဆင့် မွန်နှင့် မြန်မာလူမျိုးများသည် ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည်။

Khit Pyaing News

ဆောက်လုပ်ရေး ညံ့ဖျင်းမှုကြောင့် စေတီပြိုရခြင်းဖြစ်သည်ဟု နအဖ သတင်းစာ ၀န်ခံရေးသား မင်းနိုင်သူ / ၄ ဇွန် ၂၀၀၉

ယနေ့ထုတ် နအဖသတင်းစာများတွင် ဓနုတ်စေတီတော်ကြီး ပြိုကျပျက်စီးရခြင်းမှာ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အရည်အသွေးမပြည့်မီမှုကြောင့် ဖြစ်ကြောင်း ရေးသားထားသည်။

ယင်းကဲ့သို့ ပြိုကျရခြင်းမှာ မူလစေတီပုံစံဖြစ်စေရန် ပြင်ဆင်ခဲ့ခြင်းကြောင့် ၀န်ပိုများ များပြားလာခြင်း၊ အလှူရှင်များ ဆန္ဒအရ မိုးမကျမီပြီးစီးနိုင်ရေးအတွက် အမြန်မွမ်းမံတည်ဆောက်ခြင်း၊ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ

ရှိခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ကတွေ့ရှိရသည်ဟု ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြသည်။ အဆိုပါသတင်းစာများတွင် စေတီတော်ပြိုကျမှုကြောင့် အရပ်သား (၂) ဦး သေဆုံးခဲ့ပြီး၊ တပ်မှ (၂၆) ဦးနှင့် အရပ်သား (၈) ဦးတို့ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

မေ (၃၀) တွင်ဖြစ်ပွားခဲ့သော စေတီတော်ပြိုကျမှုသတင်းကို စစ်အစိုးရ နေ့စဉ်ထုတ် သတင်းစာများက ယနေ့တွင်မှ ဖော်ပြခဲ့ကြပြီး ပြည်တွင်းဂျာနယ်များကိုလည်း သတင်းရေးသားခွင့်မပြုခဲ့ကြောင်း ပြည်တွင်းမှ ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“သတင်းထောက်တွေကတော့ သတင်းလိုက်ခဲ့ကြတာပဲ။ ကျနော်တို့လည်း စိစစ်ရေးတင်တာပဲ။ ဒါပေမယ့် မရဘူး။ အားလုံးကို ဖြုတ်တယ်။ ပုံရော၊ စာရော ဘာတခုမှ မပေးဘူး။ ဒီနေ့သတင်းစာမှာပါလာပြီဆိုတော့ ပြန်တော့တင်ကြည့်ရမှာပဲ။ Page 8

daily news letter 4th June

ဖော်ပြခွင့်ရရင်လည်း သတင်းစာမှာ ပါသလောက်ပဲဖြစ်မှာပဲ” ဟု အယ်ဒီတာက ပြောသည်။ ပြည်တွင်းသတင်းထောက်များကမူ သေဆုံးသူဦးရေ (၂) ဦးထက်ပိုမည်ဖြစ်ကြောင်း၊ လွတ်လပ်စွာသတင်းရယူခွင့် မပြုကြောင်း၊ အလျင်လိုခဲ့ကြသည့် အလှူရှင်များဆိုသည်မှာလည်း ဗိုလ်ချုပ်ကတော်များသာဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြသည်။

ဓနုတ်စေတီတော်ကြီးသည် ၂၀၀၆ ခုနှစ်အတွင်းတွင် တနင်္လာထောင့်မှ စ၍ ထက်ခြမ်းကွဲမြေခခဲ့သဖြင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ဦးစီးမှုဖြင့် ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူပြုပြင်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် မေ (၇) ရက်တွင် နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ဦးစီးပြီး ထီးတော်တင်ခဲ့ပြီးနောက် (၂၃) ရက်အကြာ မေ (၃၀) ရက် စနေနေ့တွင် ပြိုကျပျက်စီးသွားခဲ့သည်။ မိုးမခ မီဒီယာ အမြင်မှန်ဖို့ လိုပြီ မောင်သြ ဇွန် ၅၊ ၂၀၀၉

လူတစ်ဦးဦးတွင် သော်လည်းကောင်း လူ့အဖွဲ့အစည်း တစ်ခုခုတွင် လည်းကောင်း အကုသိုလ် ကျရောက်လာလျှင် တစ်ခုတည်း ဝင်မလာတတ်ပေ။ အစုလိုက် အပြုံလိုက် ဆက်တိုက် ဆိုသလို ဝင်ရောက်လာတတ်သည်။ ထိုသို့ ဝင်ရောက်လာပြီဆိုလျှင် အမှားများကို တစ်ခုပြီးတစ်ခု ကျူးလွန်မှားတတ်စွာ ပြုမိတတ်ပေသည်။

ယခုလည်း နအဖ စစ်အစိုးရသည် ၂ဝဝ၃ ခုနှစ်က ဒီပဲယင်းလုပ်ကြံမှုများ၊ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှ

ရဟန်းသံဃာတော်များ၊ ကျောင်းသား ပြည်သူများကို ရက်စက်စွာ ဖမ်းဆီးနှိပ်ကွပ်မှု၊ သတ်ဖြတ်မှု၊ ထောင်ချမှု အမှားများမှ နောက်ဆုံး ၂ဝဝ၉ ခုနှစ် မေလတွင် ဒီမိုကရေစီလူထုခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး

ဒေါ်အောင်ဆန်းစုကြည်ကို “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ

Page 9

daily news letter 4th June

-၂၂ …” အရ ထပ်မံတရားစွဲဆိုကာ အင်းစိန်အကျဉ်းထောင်ဝင်းရှိ အထူးသီးသန့်တရားရုံးတွင် တရားစွဲဆိုမှု အများများ အကြိမ်ကြိမ် မှားယွင်းစွာ ကျူးလွန်လာခဲ့သည်မှာ၊ နအဖအတွက် အဆိုးဝါးဆုံးသော ကံကြမ္မာမျာကို လက်ယပ်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။

မိမိမကောင်းမှုပြုလုပ်လိုက်သော အကုသိုလ်ကံသည် တစ်ချိန်တွင် မိမိထံ တုံ့ပြန်လိုတတ်သည့်ဆိုသော မြန်မာလူမျိုးတို့၏ ဗုဒ္ဓဘာသာတရားတော်နှင့်အညီ၊ ထိုမကောင်းမှုကံကို နအဖသည် ရှောင်တိမ်း၍ မရနိုင်တော့ပြီ။ ရေစီးတစ်ခါ ရေသာတစ်လှည့်ကိန်း နအဖတွင် ဆိုက်ရောက်နေပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲပြီး၊ အင်းစိန်အကျဉ်းထောင်သို့ ပို့လိုက်ရုံတင်ရှိသေး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းနှင့်

လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံကြီးများမှ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ အီးယူဥရောပနိုင်ငံကြီးများ၊ အာဆီယံနိုင်ငံများပါမကျန် အီး ယူ ( ဥရောပ-အာဆီယံ) အာရှနိုင်ငံများ၏ အာဆမ်အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ပူးတွဲ

ကြေညာချက်များ ထုတ်ပြန်တောင်းဆိုလာကြသည်။ ၄င်းကဲ့သို့ ပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံအစိုးရ၏ မတရားဥပဒေမဲ့ တစ်ဖက်သတ် ဆောင်ရွက်နေခြင်းကို မခံမရပ်နိုင်ဖြစ်၍ မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာက မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အလေးအနက်ထား လွှတ်ပေးရန် တောင်းဆို နေမှုအပေါ် နအဖအစိုးရက မသိကျိုးကျွံ လျှော့တွက်နေလျှင် မြန်မာနိုင်ငံရဲ့ အနာဂတ်လမ်းကြောင်းဟာ အကျပ်အတည်း၊ အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်နေရဦးမှာ သေချာတယ်။

နအဖစစ်အစိုးရဟာ ယနေ့အချိန်မှာ ငယ်ထိပ်မြွေပေါက် ခေါင်းမီးတောက်နေတဲ့အချိန်ကို ရောက်နေပြီ။ ကုလသမဂ္ဂ

လုံခြုံရေးကောင်စီနှင့် အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ ဖိအားပေးတောင်းဆိုမှုတွေကို အလေးအနက် စဉ်းစားရတော့မယ်။ ဆန့်ကျင်ရင် ဘာဖြစ်မလဲ၊ လိုက်လျောရင်ဘာဖြစ်မလဲ အကောင်းဆုံးစဉ်းစားပြီး လမ်းတစ်လမ်းကို ရွေးချယ်ရတော့မယ်။

တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော အလုံးစုံပျက်သုဉ်းရေးကို လိုက်မလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရေးကို လိုက်မလားဆိုတဲ့စကားဟာ အခုအချိန်မှာ နအဖအစိုးရအတွက် ချိန်ကိုက်ဗုံးတစ်လုံး ဖြစ်နေပြီ။ Page 10

daily news letter 4th June ပြည်တွင်းရေးကို ပြည်တွင်းအားနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းချင်တဲ့ဆန္ဒ။ တိုင်းပြည်နှင့်လူထုအကျိုးကို တကယ်မှန်ကန်စွာ

ဆောင်ရွက်ချင်တယ်ဆိုတဲ့ဆန္ဒ။ မင်းယောက်ျားတို့ရဲ့ မင်းမှာကတိ လူမှာသစ္စာဆိုတဲ့ ဆန္ဒများ ရှိနေမယ်ဆိုရင် နအဖစစ်အစိုးရ ယောက်ျားရင့်မာကြီးတွေ ကောက်ကျစ်ယုတ်မာစွာ ကျူးလွန်နေတဲ့ လိမ်ဆင်ကြီးနဲ့ အရေးယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူ တရားစွဲဆိုထားမှုကို ရုပ်သိမ်းပြီး၊ မှန်ကန်ရိုးဖြောင့်တဲ့ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြန်ည်သင့် မြတ်ရေးကို အမြန်ဆုံး ဆောင်ရွက်သင့်ပါကြောင်းပါ ခင်ဗျား .....။

မေ ၃၀၊ ၂၀၀၉

သပိတ်စုံ၊သူပုန်ထ၊ တော်လှန်ကြစို့ အောင်ဒင် ဇွန် ၄၊ ၂၀၀၉ ၁ - ဒီမိုကရေစီရေး၊လူ့အခွင့်အရေးအလံတော်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ လူထုအုံကြွမှုကြီးရဲ့ အသီးအပွင့်တခုဖြစ်ပြီး အဲ့ဒီအရေးတော်ပုံကြီးရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအလံတော်ကို ဆက်လက်လွှင့်ထူနေတာပါ။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ အကြမ်းမဖက်နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အဖွဲ့ချုပ်ဟာ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ နအဖစစ်အုပ်စုကို အဆက်မပြတ်တောင်းဆိုနေခဲ့တာပါ။

အဲ့ဒီတောင်းဆိုမှုအပေါ် နအဖစစ်အုပ်စုရဲ့တုံ့ပြန်မှုကတော့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေကို ဖမ်းဆီး အကျဉ်းချခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တိုက်ခိုက်သတ်ဖြတ်ခြင်း၊ ထွက်ပြေးအောင် မောင်းထုတ်ခြင်း၊ စတဲ့

အကြမ်းဖက်နည်းလမ်းများနဲ့ပါပဲ။ အဖွဲ့ချုပ်ကို ထောက်ခံကြသူ ထောင်ပေါင်းများစွာဟာ အကြမ်းမဖက်လှုပ်ရှားရင်း အကြမ်းဖက်ခံကြရလို့ ဘဝတွေပျက်၊ စီးပွါးပျက်၊ မိသားစုတွေ သေကွဲကွဲကြရ၊ ရှင်ကွဲကွဲကြရ၊ အကျဉ်းထောင်ထဲက Page 11

daily news letter 4th June

နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာလဲ နှစ်ထောင့်တရာရဲ့ အထက်ကို တိုးပြီးရင်း တိုးရင်း၊ အခုဆို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေပုဒ်မအမျိုးမျိုးနဲ့ အမှုတွေထပ်တိုး အကျဉ်းချနေပြန်ပါပြီ၊။

ဒါဟာဖြင့် အဖွဲ့ချုပ်ရဲ့ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကို နအဖစစ်အုပ်စုက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တာပါဘဲ။ ဒီထက် ရှင်းတာ မရှိတော့ပါဘူး။ အဖွဲ့ချုပ်က ဘယ်လောက်ပဲ အော်ဟစ်ပြီး တောင်းနေ တောင်းနေ၊ ဒိုင်ယာလော့ဆိုတာ

ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ နအဖ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ခွင့်ဆိုတာလဲ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို လူထုဆန့်ကျင်မှုနဲနဲ၊ ဒါမှမဟုတ် မရှိသလောက်နဲ့ ပိုင်ပိုင်နိုင်နိုင် ထောင်ချပြီးတဲ့နောက်

နအဖရဲ့နောက်ခြေတလှမ်းက အဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကနေ အပြီးတိုင် ဖယ်ရှားတာပဲ ဖြစ်ပါလိမ့်မယ်။

နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၀) နိုင်ငံရေးပါတီများ ပုဒ်မ ၄၀၅မှာ ဒီလို ဖော်ပြထားပါတယ်။

ပုဒ်မ ၄၀၅ - နိုင်ငံရေးပါတီ တရပ်သည်၊ (က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်၊ (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊ (ဂ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားရမည်၊

ဒီတော့ မကြာခင်မှာ နအဖက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာပြီး ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပါလိမ့်မယ်။ ပြီးရင် ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ဖို့ ဖိတ်ခေါ်ပါလိမ့်မယ်။ ပုဒ်မ (၄၀၅) မှာ

ဖော်ပြထားတဲ့အတိုင်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တဲ့နိုင်ငံရေးပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာဖို့ သဘောတူလိုက်တာပါဘဲ။

အဖွဲ့ချုပ်က ပါတီ တရားဝင်ဆက်လက်ရပ်တည်နေနိုင်ရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ မှတ်ပုံတင်လိုက်မယ် ဆိုရင် အဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာဖို့ သဘောတူလိုက်တာ ဖြစ်ပြီး ရှေ့က တောင်းဆိုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို

သုံးပွင့်ဆိုင် ပြန်လည်ပြင်ဆင်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ စတဲ့ တောင်းဆိုချက်တွေကို ကိုယ့်ကိုယ်တိုင်က ဖျက်သိမ်းလိုက်တာပါဘဲ။ Page 12

daily news letter 4th June

အဲ့ဒီတောင်းဆိုချက်တွေကို ဆက်လက်ကိုင်စွဲထားလဲ ဘာမှ အရေးမပါတော့ပါဘူး။ မှတ်ပုံမတင်ဘူးဆိုရင်လဲ အဖွဲ့ချုပ်ဟာ ဖျက်သိမ်းခံရဖို့ သေချာသလောက်ပါဘဲ၊

ပုဒ်မ (၄၀၇) ကိုကြည့်ပါဦး၊

ပုဒ်မ(၄၀၇) - နိုင်ငံရေးပါတီတရပ်ရပ်သည် အောက်ပါအကြောင်းတခုခုနှင့် ငြိစွန်းလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ။ (က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊ (ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန် ပုန်ကန်နေသော သောင်းကျန်းသူအဖွဲ့အစည်း (သို့မဟုတ်)

အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ (သို့မဟုတ်) မတရားအသင်းအဖြစ်

ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း၊ (သို့မဟုတ်) အားပေးကူညီခြင်း၊ (ဂ) နိုင်ငံခြားတိုင်းပြည်တခုခုမှ အစိုးရ (သို့မဟုတ်) ဘာသာရေးအဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းတခု ခု (သို့မဟုတ်) ပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း၊ (ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း၊

ဒီပုဒ်မဟာဖြင့် အပြစ်ရှာစရာ အင်မတန်ကျယ်ပြန့်ပြီး အဖွဲ့ချုပ်ကို လိုအပ်တဲ့အချိန်မှာ ဖျက်သိမ်းနိုင်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးထားတဲ့ ဥပဒေပါ။ နအဖက နယ်စပ်ဒေသအခြေစိုက်နဲ့ ပြည်ပရောက်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို

အကြမ်းဖက်သမားများအဖြစ် စွပ်စွဲထားပြီး တချို့အဖွဲ့အစည်းတွေ (NCGUB, FTUB, BLC,….) ကို မတရားအသင်း ကြေညာတာဟာ အဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ ကြိုတင်ပြင်ဆင်ထားတာပါ။ နိုင်ငံခြားသံရုံးများနဲ့ဆက်သွယ်ပြီး အထောက်အပံ့တွေ

ညွန်ကြားချက်တွေ လက်ခံရယူတယ်လို့လဲ အဖွဲ့ချုပ်ကို နအဖက မကြာခဏ စွပ်စွဲနေတာပါ။ ဒီတော့ မကြာခင်မှာ နအဖက အဖွဲ့ချုပ်ကို အမြစ်ပြတ်ချေမှုန်းတော့မှာ အထင်အရှားပါဘဲ။

အဖွဲ့ချုပ်က ကော်မရှင်မှာ မှတ်ပုံတင်ရင်လဲ နအဖရဲ့ဖွဲ့စည်းပုံကို သဘောတူရာ ရောက်သလို အရှုံးပေး ဒူးထောက်တာလဲ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုယ့်ဖာသာ စွန့်လွှတ်တာ ဖြစ်ပြီး ပြည်သူတွေရဲ့ အမြင်လွဲမှုကို အကြီးအကျယ်

ခံရမှာပါ။ ပါတီ ဆက်တည်ရှိနေရင်တောင်မှ လူထုကိုယ်စားပြုပါတီ၊ လူထုထောက်ခံတဲ့အဖွဲ့အစည်း မဖြစ်နိုင်တော့ပါဘူး။ တိုက်ပွဲမှာ Page 13

daily news letter 4th June

လက်နက်ချတဲ့ ခေါင်းဆောင်ကို ဘယ်လူထုကမှ ကြည်ညိုမှာ မဟုတ်ပါ။

ဒီတော့ အဖွဲ့ချုပ်ခေါင်းဆောင်များဟာ အသေခံတိုက်ပွဲဝင်ပြီး ပြည်သူလူထုကို ဆက်လက် ဦးဆောင်မလား၊ ဒါမှမဟုတ် အရှုံးပေး အညံ့ခံပြီး ပြည်သူလူထုရဲ့ပစ်ပယ်မှုကို ခံယူမလား၊ တခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ရမယ့်အချိန် ဆိုက်ရောက်နေပါပြီ။ နှစ် - တိုင်းရင်းသားလူမျိုးစုများ အားလုံး တန်းတူညီမျှရေး အလံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

၁၉၈၉ ကစပြီး နအဖနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များအကြောင်း ဦးစားပေး ဆွေးနွေးချင်ပါတယ်။ သူတို့ရဲ့လက်ရှိအခြေအနေက လမ်းဆုံလမ်းခွကို ရောက်နေပြီး သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုက နအဖရဲ့အောင်ပွဲကိုရော တိုင်းရင်းသားများရဲ့ ကံကြမ္မာကိုပါ အဆုံးအဖြတ်ပေးမှာမို့ပါ။

နအဖအဆိုအရ တိုင်းရင်းသား အပစ်ရပ်အဖွဲ့ပေါင်း (၁၇) ဖွဲ့ ရှိတယ်ဆိုပေမဲ့ တကယ်တမ်း တောင့်တင်းခိုင်မာပြီး

နိုင်ငံရေးရပ်တည်ချက်ရှိတဲ့အဖွဲ့က ဆယ်ဖွဲ့လောက်ပဲ ရှိပြီး အဲ့ဒီ ဆယ်ဖွဲ့က လက်နက်ကိုင်အင်အား လေးသောင်းကျော်လောက်ကို ကိုယ်စားပြုထားတာပါ။ ဒီတိုင်းရင်းသားအပစ်ရပ်အဖွဲ့များရော၊ ဆက်လက်တိုက်ပွဲဝင်နေဆဲ KNU, KNPP, SSA (South), စတဲ့ အဖွဲ့များရော တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှရေး၊ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးများ ရရှိရေး

အလံတော်ကို ကိုင်ဆွဲပြီး မဟာဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်နေတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ပါပြီ။

တိုင်းရင်းသားအဖွဲ့တွေ အပစ်ရပ်ဖို့ သဘောတူကြတုံးက နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဖြစ်ပေါ်ပြီး မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ညှိနှိုင်းပြီး ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့လဲ သူတို့မျှော်လင့်တဲ့

နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာခြင်း မရှိပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်ရှိစဉ်က နိုင်ငံရေးကိစ္စတွေကို နောင်တက်လာမဲ့အစိုးရနဲ့မှ ဆွေးနွေးဖို့ပြောကြားခဲ့ပေမဲ့ ၂၀၀ ခုနှစ် ဒီပဲရင်းလုပ်ကြံမှုကြီး အပြီး နှစ်ပေါင်းများစွာ ရပ်နားထားခဲ့ရတဲ့

အမျိုးသားညီလာခံအတုအယောင်ကို ပြန်စချိန်မှာတော့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို ညီလာခံတက်ပြီး သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို တင်ပြခွင့်ပေးခဲ့ပါတယ်။

ဒါလဲ နအဖရဲ့လှည့်ဖြားမှု တခုပါပဲ။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ တင်သွင်းတဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး Page 14

daily news letter 4th June

တောင်းဆိုချက်တွေဟာ အကျဉ်းနည်းနဲ့ ပယ်ချခံလိုက်ရတာပါ။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များရဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ နအဖက စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကုန်အပ်နှင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို တဖက်သတ် ရေးဆွဲအတည်ပြုလိုက်ပါပြီ။

ဆက်လက်ပြီးတော့လဲ စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းနိုင်ဖို့အတွက်နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အပြီးတိုင် ပယ်ဖျက်ဖို့ ရွေးကောက်ပွဲအသစ်တွေကို ၂၀၁၀ မှာ ပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ။ ဒီအတွက် အရေးကြီးဆုံး

လုပ်ငန်းစဉ်တရပ် ဖြစ်တဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို ၂၀၁၀ မတိုင်ခင် လက်နက်ဖြုတ်သိမ်းဖို့၊ တပ်တွေကို ပါတီတွေကနေ ဖယ်ရှားဖို့ စတင် ဆောင်ရွက်နေပါပြီ။

နအဖက တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေကို သူတို့ရဲ့ လက်နက်ကိုင်တပ်တွေကို အနည်းဆုံး အရေအတွက်အထိ လျှော့ချပြီး နအဖရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်ကို ဒီနှစ် အောက်တိုဘာလမတိုင်ခင် လွှဲပြောင်းပေးဖို့ ညွန်ကြားချက်ထုတ်ပြန်ပြီးပါပြီ။

လက်နက်ကိုင်တပ်တွေရှိတုံးကတောင်မှ နအဖထံမှာ ကိုယ်လိုချင်တဲ့၊ ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို အရမယူနိုင်ခဲ့တာ၊ လက်နက်ကိုင်တပ်တွေသာ မရှိတော့ဘူးဆိုရင် ဒီတိုင်းရင်းသားအပစ်ရပ်အဖွဲ့များရဲ့ ကံကြမ္မာဟာ မတွေးဝံ့စရာပါ။

လက်နက်ကိုင်တပ်တွေရဲ့ ကျောထောက်နောက်ခံ မရှိတော့ဘူး ဆိုရင်ဖြင့် ဗမာစစ်ဘုရင်ကို သစ္စာစောင့်သိရမယ့် ဗမာစစ်ဘုရင်ရဲ့ အစောင့်အရှောက်ခံ မြို့စား နယ်စားလေးများဘဝကို ရောက်ရတော့မှာပါ။ အဲဒီအချိန်မှာဖြင့် ဒီ

တိုင်းရင်းသားခေါင်းဆောင်တွေဟာ သူတို့ကိုယ်စားပြုတဲ့ တိုင်းရင်းသားလူမျိုးစုများရဲ့ ငြိုငြင်မှု၊ မယုံကြည်မှု၊ ပစ်ပယ်မှုကို ခံရမှာဖြစ်သလို နအဖကလဲ သူတို့ကို ရေရှည် မျက်နှာသာပေးမှာ မဟုတ်ပြန်ပါဘူး။

တချို့မျှော်လင့်ကြသလို လက်ရှိအခြေအနေကို ဆက်ထိန်းထားပြီး ရွေးကောက်ပွဲပြီးမှ ဆက်ဆွေးနွေးကြဖို့ဆိုတာကိုလဲ နအဖက လက်ခံမှာ မဟုတ်ပါဘူး။ အနှစ် နှစ်ဆယ် နီးပါးကြာတဲ့ အပစ်အခတ်ရပ်စဲရေးကာလမှာ

တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအတွက် သေချာသိမြင်လာတာကတော့ သူတို့တောင်းဆိုနေတဲ့ လူမျိုးစုအခွင့်အရေးတွေ၊

တန်းတူညီမျှမှုတွေကို နအဖဗိုလ်ချုပ်တွေဆီက ရမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံမှ၊ ဒီမိုကရေစီအင်အားစုကြီးနဲ့ ပူးပေါင်း ဆောင်ရွက်မှ ရနိုင်မှာပါ။

ဒီအခြေအနေမှာ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအနေနဲ့ နအဖရဲ့ ဖိအားပေးမှုကို ခေါင်းငုံ့ခံ၊ တပ်တွေ လျှော့ချ လွှဲပြောင်း၊ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားရပိုင်ခွင့်တွေကို မေ့ပစ်ပြီး နအဖဗိုလ်ချုပ်တွေရဲ့ လက်အောက်ခံဘဝကို Page 15

daily news letter 4th June လက်ခံမှာလား၊ ယုံကြည်ချက်အတွက် ဒီမိုကရေစီအင်အားစုကြီးနဲ့လက်တွဲပြီး တိုက်ပွဲဝင်ကြမှာလား၊ ပြတ်ပြတ်သားသား ရွေးချယ်ရမဲ့အချိန် ရောက်နေပါပြီ။

သုံး - အကြပ်အတည်းများနဲ့ နအဖ၊ အမြစ်ပြတ်ချေမှုန်းရေး စီမံချက်

တကယ်တော့ နအဖ ဗိုလ်ချုပ်တွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များဟာ ၂၀၁၀ ရွးကောက်ပွဲ အကောင်အထည်ဖော်ရေးအတွက် အကြီးမားဆုံး အတားအဆီးတွေပါ။ အဖွဲ့ချုပ်နဲ့

မြေပေါ်တိုင်းရင်းသားပါတီများက နိုင်ငံရေးအကျဉ်းသားများ မလွတ်မချင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများလက်ခံနိုင်အောင် မပြင်မခြင်း၊ တွေ့ဆုံဆွေးနွေးပွဲတွေ မဖြစ်မခြင်း၊ ရွေးကောက်ပွဲမဝင်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးပွင့်ဆိုင် ဆွေးနွေးပြီး မပြင်မခြင်း၊ အဖမ်းခံထောင်ကျနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ မလွတ်မခြင်း ရွေးကောက်ပွဲဝင်မှာ မဟုတ်ပါဘူ။

ဒီအင်အားစုကြီး နှစ်စုရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့်ပဲ နအဖဟာ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ မကြာခဏ ကြွေးကြော်နေပေမဲ့ လက်တွေ့ကြတဲ့ လုပ်ရပ်တွေကို အခုထိ မလုပ်ဆောင်နိုင်သေးပါဘူး။

ဒီကနေ့ထိ မြန်မာနိုင်ငံကို ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့အညီ ပြန်လည်ပိုင်းခြား သတ်မှတ်ခြင်း မလုပ်နိုင်ေ သးပါဘူး။ တိုင်း ၇ တိုင်းကို ဒေသကြီးများအဖြစ် ပြောင်းတာ၊ အသစ်ပေါ်လာတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (တယ်လို့ဆိုတဲ့) ဇုံတွေတိုင်းတွေကို

မဖွဲ့စည်းနိုင်သေးပါဘူး။ မြို့တော်ဖြစ်သွားတဲ့ နေပြည်တော်ကြတ်ပြေးကို သီးခြားပိုင်းခြားပြီး မန္တလေးနဲ့ ပဲခူးဒေသကြီး ဧရိယာတွေကို ပြန်လည် မသတ်မှတ်နိုင်သေးပါဘူး။ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေတွေ မထုတ်ပြန်နိုင်သေးဘူး။

ရွေးကောက်ပွဲကော်မရှင် မဖွဲ့စည်းနိုင်သေးပါဘူး။ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ မပါဝင်တဲ့ေ ရွးကောက်ပွဲကိုလဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက သက်ဆိုင်သူအားလုံးပါဝင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ်အသိအမှတ်ပြုမှာမဟုတ်ပါဘူး၊၊

ဒီအကြပ်အတည်းကိုဖြေရှင်းဖို့ နအဖရွေးချယ်လိုက်တဲ့ နည်းလမ်းက တွေ့ဆုံဆွေးနွေးရေး မဟုတ်ပါဘူး။ အခု

ကျနော်တို့မြင်တွေ့နေရတဲ့ ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အမြစ်ပြတ်ချေမှုန်းရေးပါပဲ။ နအဖက ပြတ်သားပါတယ်။ ရန်သူကို ရန်သူလို့ပဲ Page 16

daily news letter 4th June

မြင်ပါတယ်။ စေ့စပ်ဆွေးနွေးရေးဆိုတာ နအဖရဲ့ အဘိဓာန်မှာ မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချ၊ အချုပ် သက်တမ်းတိုးပြီး အဖွဲ့ချုပ်ကို ချေမှုန်းပစ်မယ်။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကိုလဲ အဖွဲ့များကြားမှာ သွေးခွဲ၊ အဖွဲ့တခုချင်းရဲ့ ခေါင်းဆောင်တွေကြားမှာ သွေးခွဲ၊ သူတို့ကိုယ်စားပြုတဲ့ လူမျိုးစုများကြားမှာ

သွေးခွဲပြီး လက်အောက်ခံ၊ သစ္စာခံ ဖြစ်မလာသူကို အမြစ်ပြတ် ချေမှုန်းပစ်တော့မှာပါ။ နိုင်ငံပြင်ပမှာလဲ သူ့မဟာမိတ် တရုတ်နိုင်ငံရဲ့ အကာအကွယ်ပေးမှု၊ သူ့အလိုတော်ရိတွေရဲ့ ဝါဒဖြန့်ချိမှုတွေနဲ့ သူ မတရားမှုတွေ ဘယ်လောက်ပဲ ကျူးလွန်၊ ကျူးလွန် ထိရောက်တဲ့ အရေးယူမှုတွေ ဖြစ်မလာနိုင်ဖူးလို့ ယုံကြည်ထားပုံ ရပါတယ်။

အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များဆိုတဲ့ အဓိက အဟန့်အတားများကို အပြီးသပ်ချေမှုန်းပြီးမှ သူ့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်ဇာတ်ကို ဆက်ဖန်တီးမှာပါ။

နအဖက အစွမ်းကုန် ပြတ်သားရက်စက်နေချိန်မှာ ကျနော်တို့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေလဲ တွေ့ဆုံဆွေးနွေးရေးအိပ်မက် ဆက်မမက်သင့်တော့ပါဘူး။ ပြတ်သားကြဖို့ အချိန်တန်ပါပြီ။

မေ ၃၀ ရက်နေ့ည Voice of America မြန်မာပိုင်းက ထုတ်လွှင့်တဲ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆရာဦးဝင်းတင်ပြောသလို ပြည်တွင်းပြည်ပ၊ လက်နက်ကိုင် လက်နက်မဲ့၊ အင်အားစုအားလုံး ပါဝင်လှုပ်ရှားကြမဲ့ နိုင်ငံရေးသစ်ဆိုတာကို အမြန်ဆုံးတည်ဆောက် တုံ့ပြန်ကြရမှာပါ။

နအဖက အမြစ်ပြတ်ချေမှုန်းတာကို ငြိမ်ခံပြီး နအဖအလိုကျ ပျက်စီးသွားကြမှာလား …

ရှိသမျှအင်အားတွေကို ပြန်လည်စုစည်းပြီး မြေပေါ်မြေအောက် လက်တွဲတော်လှန် အောင်ပွဲခံကြမှာလား …

ကျနော်တို့ရဲ့ ကျဆုံးသွားခဲ့ပြီဖြစ်တဲ့ သူရဲကောင်းတွေရဲ့ဝိဉာဉ်တွေက ကောင်းကင်ဘုံကနေ ကျနော်တို့ကို စောင့်ကြည့်နေကြတယ်ဆိုတာ မမေ့ကြပါနဲ့။

လေး - သပိတ်စုံ သူပုန်ထ တော်လှန်ကြစို့ Page 17

daily news letter 4th June အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွင်းမှာ ကျနော်တို့ရဲ့ သူရဲကောင်းတွေ ကျင့်သုံးအောင်မြင်ခဲ့တဲ့ မဟာဗျူဟာတခု ရှိပါတယ်။ အဲ့ဒါကတော့ " သပိတ်စုံ သူပုန်ထ" တဲ့ … လူထုအုံကြွမှုနဲ့လက်နက်ကိုင်တော်လှန်ရေးကို ဟန်ချက်ညီညီ ပူးတွဲ

အကောင်အထည်ဖော်ရင်း အောင်ပွဲကို ရယူတာပါ။ ဒီမဟာဗျူဟာဟာ အင်္ဂလိပ်ကို တော်လှန်တော့လဲ မှန်ခဲ့တယ်။ ဂျပန်ကို

ဆန့်ကျင်တော့လဲ မှန်ခဲ့တယ်။ ခေတ် အဆက်ဆက် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေမှာ မှန်ခဲ့၊ မှန်ဆဲဖြစ်တဲ့ ဗျူဟာပါ။ တကယ်ကိုပဲ လူထုအုံကြွမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး ဟန်ချက်ညီညီ လှုပ်ရှားကြရင်ပေါ့။

၁၉၈၈ လူထုအရေးတော်ပုံကြီးမှာ မြန်မာတနိုင်ငံလုံး မြို့တိုင်း မြို့တိုင်းက လမ်းတွေပေါ်မှာ သန်းပေါင်းများစွာသောပြည်သူတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ စုံခဲ့ပေမဲ့ သူပုန်တွေက မထနိုင်ခဲ့ကြပါဘူး။ ဒါကြောင့်လဲ

လက်နက်ကိုင်တော်လှန်ရေးရဲ့ ခြိမ်းခြောက်မှုကို မရင်ဆိုင်ရတဲ့ စစ်အာဏာရှင်တွေက နယ်စပ်အခြေစိုက်တပ်တွေကို အချိန်မီပြန်ခေါ်ပြီး သပိတ်မှောက်ပြည်သူတွေကို ရက်ရက်စက်စက် ချေမှုန်းနိုင်ခဲ့တာပါ။

ဒီတခါတော့ သပိတ်သမားတွေနဲ့ သူပုန်တွေ တကယ့်ကိုပဲ ဟန်ချက်ညီဖို့ လိုပါပြီ။ မဟုတ်လို့ကတော့ နှစ်ဖက်စလုံး ပျက်သုံးပြီး တနိုင်ငံလုံး၊ တမျိုးသားလုံး စစ်ကျွန်တွေ ဖြစ်ကြရတော့မှာပါ။

အဖွဲ့ချုပ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်တွေကို အခြားအခြားသော ကြေညာချက်တွေနဲ့အတူ သေတ္တာထဲ

သော့ခတ်သိမ်းထားသင့်ပါပြီ။ ရိုက်ရဲတာ သတ္တိ မဟုတ်သလို ရိုက်သမျှ ခံရဲတာလဲ သတ္တိ မဟုတ်ပါဘူး။ ဗိုလ်ချုပ်တွေက ပါတီကို အပြီးတိုင် ဖြိုလှဲတော့မယ့်အချိန်မှာ မတုန်မလှုပ်ကျောက်ရုပ်လုပ်မနေဘဲ ဆရာဦးဝင်းတင်လမ်းညွန်သလို

မြေပေါ်မြေအောက်အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနဲ့လက်တွဲပြီး အောင်ပွဲဆီ ဖောက်ထွက်ဖို့ အချိန်တန်ပါပြီ။

ပြည်သူလူထုတရပ်လုံး၊ တပ်မတော်သားများအပါအဝင် အားလုံးက နအဖစစ်ဗိုလ်တွေကို အစွမ်းကုန် မုန်းတီး စက်ဆုပ်နေကြတာပါ။ မှန်ကန်တဲ့ ခိုင်မာတဲ့ ဦးဆောင်မှုရှိရင် အဲ့ဒီဦးဆောင်မှုအောက်မှာ ပြည်သူလူထုကြီးတရပ်လုံးက နအဖစစ်ဗိုလ်တွေကို ညီညာဖျဖျ တော်လှန်ကြမှာပါ။ သူတို့လိုအပ်နေတာက ခေါင်းဆောင်မှုဖြစ်ပြီး အဲ့ဒီခေါင်းဆောင်မှုကို အဖွဲ့ချုပ်ဆီက မျှော်လင့်နေကြတာပါ။

အဖွဲ့ချုပ်ကသာ ပြည်သူလူထုကြီးတရပ်လုံးကို အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ကြဖို့ ဖိတ်ခေါ်မယ်၊ ဦးဆောင်မယ်ဆိုရင် အားလုံးက အမျိုးသားလွတ်မြောက်ရေးအလံတော်ကို ညီညာဖြဖြ လွှင့်ထူကြမှာပါ။ အဖွဲ့ချုပ်ကသာ Page 18

daily news letter 4th June

ကိုယ်တိုင်ကအကြမ်းမဖက်ရေးလုပ်ငန်းစဉ်ကို ကိုင်စွဲထားပေမဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့အရေးပါမှုကိုအသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ရင် တိုင်းရင်းသားလူမျိုးစုများရဲ့ တန်းတူညီမျှရေးနဲ့ အခွင့်အရေးတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေနဲ့ တန်းတူအရေးကြီးပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကြီးကနေ သယ်ယူဆောင်ကျဉ်းပေးဖို့ ကတိပြုမယ်ဆိုရင် တိုင်းရင်းသားအပစ်ရပ်၊ အပစ်မရပ်အဖွဲ့တွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောငဆန်းစုကြည်ကို အင်နဲ့အားနဲ့ ဝိုင်းရံကြမှာပါ။

ငါး - နောက်ဆုံးမှတ်ချက်

ဒီစာစုကိုရေးသူဟာ မြန်မာနိုင်ငံနဲ့ မိုင် တသောင်းကျော် ကွာဝေးတဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေသူပါ။ ဒီတော့ "ဟိုး အဝေး လုံခြုံစိတ်ချ အန္တရာယ်ကင်း ဘေးလွတ်ရာကနေ လက်သီးလက်မောင်း တန်းပြနေတယ်" လို့ စွပ်စွဲပြစ်တင်ရင်လဲ

ခံရမှာပါ။ "သတ္တိရှိရင် မင်း မြန်မာနိုင်ငံပြန်လာပြီး လုပ်ပါလား" လို့ ခါးခါးသီးသီး ပြောရင်လဲ ကြောက်ပြီး ထွက်ပြေးလာသူမို့ ငြိမ်ခံရုံပါပဲ။ တခုတော့ ရှင်းပြချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ကျနော် ၂၀၀၁ က စတင် ရောက်ရှိပြီး ဒီကနေ့အထိ နိုင်ငံတကာကမ်ပိန်းတွေကို

အကောင်အထည်ဖော်ရင်း နိုင်ငံတကာအစိုးရတွေကို မြန်မာနိုင်ငံအရေးကို ထိထိရောက်ရောက်ကူညီဖို့ တောင်းဆိုရင်း သေသေချာချာ

သိလာရတာကတော့ တရုတ်အစိုးရရဲ့ အခိုင်အမာ အကာအကွယ်ပေးမှုအောက်မှာ ကုလသမဂ္ဂက မြန်မာစစ်အုပ်စုကို ထိထိရောက်ရောက်အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဆိုတာပါပဲ။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများအနေနဲ့လဲ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို ဘယ်လောက်ပဲ ထောက်ခံ၊ ထောက်ခံ ၊ တရုတ်ကို ကျော်လွန်ပြီး ဆောင်ရွက်ဖို့၊ တရုတ်ကို ဖိအားပေးအကြပ်ကိုင်ပြီး မြန်မာစစ်အုပ်စုကို ထိမ်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။

အထူးသဖြင့် အခု အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများ စီးပွါးပျက်ကပ်ကျရောက်နေချိန်မှာ စီးပွါးရေးတောင့်တင်း ခိုင်မာနေဆဲဖြစ်တဲ့ တရုတ်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများက အရေးတကြီး လိုအပ်နေတဲ့အချိန်၊

ချော့ပေါင်းနေရတဲ့ အချိန်ပါ။ ပြီးတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံများအတွက် မြန်မာနိုင်ငံထက်ပိုပြီး အရေးကြီးတဲ့ ကမ္ဘာအရေးအခင်းတွေကလဲ အများကြီးပါပဲ။

Page 19

daily news letter 4th June

ဒီလိုနဲ့ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံအရေးကိစ္စဟာ မြန်မာပြည်သူတွေသာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဖာသာ ဖြေရှင်းရမယ်။ နိုင်ငံတကာရဲ့ ပါဝင်ကူညီမှုတွေဟာ အကန့်အသတ်ရှိတယ် ဆိုတာကို သဘောပေါက် နားလည်ခဲ့ရသူပါ။

အဲ့ဒီနားလည်စိတ်နဲ့ ဒီစာစုကို ရေးဖြစ်ပါတယ်။ သဘောမတူရင်လဲ လွတ်လပ်စွာ ကွဲလွဲကြပါ။ လွတ်လပ်စွာ ကွဲလွဲခွင့်ပြုပါ။ (ဇွန် ၁၊ ၂၀၀၉)

Page 20

Related Documents


More Documents from ""