Burmastarnonlineewsletter No.5

  • November 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Burmastarnonlineewsletter No.5 as PDF for free.

More details

  • Words: 6,055
  • Pages: 40
အမှတ် (၅)

၂၀၀၈ နုဝိ င်ဘာ ဘာ ၁၂

ဒေါ်စုနှင့် ဒေါက်တာ စင်သီယာမောင်ကို စပိန်နိုင်ငံက ဆုချီးမြှင့် အေးလဲ့ | နိုဝင်ဘာ ၁၁၊ ၂၀၀၈ ဧရာဝတီ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းမြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်တို့အား စပိန်နိုင်ငံရှိ ကတ်တာလိုနီးယားပြည်နယ်အစိုးရက ၎င်းမြို့၏ အမြင့်ဆုံးဂုဏ်ထူးဆောင် နိုင်ငံတကာ ဆုချီးမြှင့်ပွဲကို ယနေ့ကျင်းပမည်ဖြစ်သည်။ အဆိုပါဆုချီးမြှင့်ပွဲကို

စပိန်နိုင်ငံမြို့တော်ဖြစ်သည့်

ဘာစီလိုနား

မြို့တွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိနေအိမ် အကျယ်ချူပ် ခံထားရ သည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဗြိတိန်နိုင်ငံ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ တာဝန်ခံတဦး ဖြစ်သူ ဇိုယာဖန်းက လက်ခံရယူမည်ဖြစ်ကြောင်းလည်းသိရသည်။ ဇိုယာဖန်းက “ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီဆုကိုသွားရောက် ကတ်တာလိုနီးယားဆု ကျောက်ဆစ်ရုပ်ပုံ

ယူခငွ့်ရတဲအ့  တွက် ကျမဝမ်းသာမိပါတယ်။ ကျမစိတ်မကောင်းမိ တာက သူကိုယ်တိုင်သွားရောက်ယူခငွ့် မရတာကိုတော့ စိတ်မ

ကောင်းပါဘူး။ ခုလိုဆုပေးတာဟာ ကတ်တာလိုနီးယား ပြည်သူလူထုတွေရော ကတ်တာလိုနီးယား အစိုးရကပါ မြန်မာပြည် ဒီမိုကရေစီရေးအတွက် မြန်မာပြည်သူပြည်သားတွေနဲ့ အတူရပ်တည်နေတယ် ဆိုတာကို သိရတဲ့အတွက် အားတက်မိပါတယ်” ဟုပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန် အထက်လွှတ်တော်က အရပ်သားများကို ချီးမြှင့်သည့်ဆုများထဲမှအမြင့်ဆုံး ရွှေတံဆိပ်ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ယင်းသည် ၁၉၉၀ခုနှစ်က နော်ဝေးနိုင်ငံက ချီးမြှင့်သည့် နိုဘဲလ်ငြိမ်းချမ်းရေးဆု အပါအဝင် နိုငင်ံတကာ ဆုပေါင်း များစွားကို ရရှိထား သူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပယဲ င်း အကြမ်းဖက်တိုက် ခိုက်မှု အပြီးမှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက မေလတွင် အကျယ်ချူပ် သက်တမ်းတနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အ ထိ နေအိမ်အကျယ်ချုပ် ဘဝဖြင့် နေရချိန်စုစုပေါင်းမှာ ၁၃ နှစ်ရှိပြီဖြစ်သည်။

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ယမန်နေ့တွင် ဒေါက်တာစင်သီယာမောင်နှင့် ဇိုယာဖန်းတို့သည် ကတ်တာလိုနီးယားပြည်နယ် အစိုးရ အကြီးအကဲ José Montill နှင့် တွေ့ဆုံခဲ့စဉ်တငွ် လက်ရှိမြန်ာနိုင်ငံရေးအခြေအနေများ၊ နိုင်ငံရေး အကျဉ်းသားများ အခြေအနေ၊ နယ်စပ်ဒေသ တွင်ဒုက္ခသည်များ ပိုမိုတိုးများလာသည့်အခြေအနေ စ သည့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများအပေါ် စပိန်အစိုးရအနေနှင့် မြန်မာပြည် အရေးကိုပိုမို ဖိအားပေးပြောဆိုရန် တိုက်တွန်းနိုးဆော်ခဲ့ကြောင်းလည်း ဇိုယာဖန်းက ပြောသည်။ ဒေါက်တာစင်သီယာမောင်တည်ထောင်သည့် မယ်တော်ဆေးခန်းသည် မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံ ရှိ မြန်မာပြည်သားများအား မည်သည့်ရောဂါမဆို အခမဲ့ဆေးကုသပေးနေသည့် တခုတည်းသော ဆေးခန်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာစင်သီယာမောင်သည် ယခုဆု အပါအဝင် နိုင်ငံတကာဆုပေါင်း ၁၃ခု ကိုရရှိထား သူဖြစ်သည်။ ကတ်တာလိုနီးယားပြည်နယ်သည် စပိန်နိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး ယင်းပြည်နယ်၏ ဂုဏ်ထူး ဆောင်ဆုကို ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး၊ ယဉ်ကျေးမှု ၊ သိပ္ပံပညာရပ်များဆိုင်ရာတို့တငွ် ဖွံ့ဖြိုးတိုး တက်ရန် ဆောင်ရွက်သူများအား ချီးမြှင့်ကြောင်း လည်းသိရသည်။ ယင်းဆုတငွ် ခရိုနာငွေ ၁သိန်း အပါအ၀င် အထိမ်းအမှတ် သော့ ကျောက်ဆစ်ရုပ်ကိုပါ လက်ခံရရှိမည် ဖြစ်သည်။

 အတိုက်အခံ ခေါင်းဆောင်များ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ ကိုစိုး | နိဝု င်ဘာ ၁၁၊ ၂၀၀၈ ဧရာဝတီ စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ယနေ့တငွ် တဦးလျှင်ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ် လိုက်ကြောင်း သိရသည်။ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းဇေယျ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုဇော်ဇော်မင်း၊ ကိုသန်းတင်ခေါ် ကြီးသန်း၊ ကိုဇေယျခေါ် ကုလားမ၊ ကိုအံ့ဘွယ်ကျော်၊ ကိုကျော်ကျော်ထွေးခေါ်မာကီး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုသက်ဇော်၊ မသင်းသင်းအေးခေါ် မီးမီး၊ မမာမာဦး၊ မနီလာသိန်း၊ မစန္ဒာမင်း၊ မသက်သက်အောင်တို့ကို ယနေ့နံနက်ပိုင်းက အင်းစိန်ထောင် အထူးတရားရုံးမှ ယခုက့သဲို့ ထောင် ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည် က ပြောသည်။ ယခု ထောင်ဒဏ်ချမှတ်ခံရသူများ အပါအ၀င် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေး အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသား ၃၇ ဦးအား ၂၀၀၇ ခုနှစ် သြဂုတ်လ ကတည်းက စစ်အစိုးရက ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုးတပ်၍ တရားစွဆဲိုခဲ့ခြင်း ဖြစ်သည်။ BURMA STAR GROUP

2

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ပြီးခဲ့သော အောက်တိုဘာ ၂၉ ရက်နေ့တငွ် ရန်ကုန် အင်းစိန်ထောင်တငွ်းရှိ မြောက်ပိုင်းခရိုင်တရားရုံး က တရား စီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်တို့ကို အာဏာပိုင်များက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တငွ် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ရုံးထုတ်ချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုဝင်များနှင့် အများပြည်သူကို ကြားနာခွင့်ပြု ရန်စသည့် လွတ်လပ် သော တရားစီရင်ရေးအတွက် တောင်းဆိုမှုများနှင့် ပတ်သက်ပြီးတရားစီရင်မှုကို အနှောင့်အယှက်ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများကို ထောင် ဒဏ်များ

ချမှတ်လိုက်ခြင်းဖြစ်

ကြောင်း

ထိုင်းနိုင်ငံအခြေစိုက်

နိုင်ငံရေးအကျဉ်သားများ

ကူညီ

စောင့်ရှောက်ရေးအသင်း(AAPP)တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောခဲ့ဖူးသည်။ ယနေ့တွင် မစုစုနွေးကိုလည်း စစ်အာဏာပိုင်များက ထောင်ဒဏ် ၁၂ နှစ် နှင့် ၆ လ ချမှတ်လိုက်သည်။ မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဆဲိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဆဲိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။ ယခု

ပြစ်ဒဏ်များချမှတ်ခြင်းနှင့်ပတ်သက်ပြီး

နိုငင်ံရေးလှုပ်ရှားသူ

များ၏အမှုများကို အကျိုးဆောင်ပေးနေပြီး မကြာသေးခင်က တရား ရုံးသိဝု့ င်ခွင့်ပိတ်ပင်ခြင်းခံထားရသော ရှေ့နေဦးကျော်ဟိုးကအမှုမှန် မမှန်ပေါ်တွင်မူတည်ကြောင်း၊ အမှုမှန်မပေါ်ဘဲ ပြစ်ဒဏ်ချ မှတ်ပါက တရားမျှတမှုမရှိကြောင်းပြောသည်။



BURMA STAR GROUP

3

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ဘလော့ဂါ နေဘုန်းလတ် ထောင် နှစ် ၂၀ ချမှတ်ခံရ 10 November 2008 VOA

နိုင်ငံရေး

တက်ကြွလှုပ်ရှားသူတွေကို

ဒီရက်ပိုင်းအတွင်း

ထောင်ဒဏ်ပြစ်

ဒဏ်တွေ ချမှတ်နေတဲ့အထဲမှာ ဒီကနေ့ဆိုရင်လည်းပဲ အင်တာနက်စာမျက် နှာပေါ်မှာ ဘလော့ဂ်ရေးသားတဲ့ ကိုနေဘုန်းလတ်ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သလို တခြား နိုင်ငံရေးလှုပ်ရှားသူတွေကိုလည်း ထောင်ဒဏ်ချ မှတ်တာတွေ ရှိခဲ့ပါတယ်။ နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ် စဲချွက် အပါအ၀င်ပုဒ်မတွေ အများအပြားနဲ့ အင်းစိန်ထောင်တငွ်း သီးသန့် မြန်မာဘလော့ဂါ နေဘုန်းလတ်။

အထူးတရားရုံးကနေ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေကို ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ် နေတာတွေနဲ့ပတ်သက်လို့ အကြောင်းစုံကို ကိုအောင်လငွ်ဦးက တင်ပြပေး

ထားပါတယ်။ အင်တာနက်စာမျက်နှာပေါ်မှာ စာတွေရေးသားရင်း အခုနှစ်ဆန်းပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ မြန် မာဘလော့ဂါသမား ကိုနေမျိုးကျော် ခေါ် ကိုနေဘုန်းလတ်ကို ရန်ကုန်အင်းစိန်ထောင်တငွ်း သီးသန့် တရားရုံးတခုကနေ ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆ လ ချမှတ်လိုက်တာပါ။ သူနဲ့အတူ ပတ်သက် ဆက်နွယ်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ မသင်းဂျူလိုင်ကျော်ဟာဆိုရင်လည်း တချိန်တည်းမှာပဲ ၂ နှစ်ခွဲ ထောင် ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ ဥပဒေပုဒ်မ၊ နောက် အီလက်ထရော နစ် ဆက်သွယ်ရေးဥပဒေ စတာတွေ အပါအ၀င် စွပ်စွဲချက်တွေနဲ့ အခုလို ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရ တာလို့

ဒီကနေ့ပဲ

ရန်ကုန်အင်းစိန်ထောင်ကို

သွားရောက်ခဲ့တဲ့

ကိုနေဘုန်းလတ်ရဲ့

မိခင်ဖြစ်သူ

ဒေါ်အေးသန်းက ပြောပြပါတယ်။ "နေဘုန်းလတ်က စုစုပေါင်း အနှစ် ၂၀ နဲ့ ၆ လ။ ၅၀၅(ခ) က ၂ နှစ်၊ ၃၂/၃၆ က ၃ နှစ်နဲ့ ၆ လ၊ အီလက်ထရောနစ်က ၁၅ နှစ်။ သင်းဂျူလိုင်ကတော့ ၂ နှစ်ခွေဲ ပါ့။ တနင်္ဂနွေနေ့က တွေ့ခဲ့တယ်။ ဒီနေ့ စီရင်ချက်ချတာ။ အခုကတော့ အကျဖြစ်သွားတော့ ကြာသပတေး၊ သောကြာ၊ စနေ သုံးရက်တွေ့ လို့ရတယ်။ အန်တီကတော့ ကြာသပတေးနေ့လောက် သွားတွေ့မယ်လို့ စိတ်ကူးထားတယ်။ ဘာဖြစ် လို့လဆဲိုတော့ အန်တီမှန်းထားတာ ၁၂ နှစ်လောက်ပဲ မှန်းထားတာ။ အခုလို အနှစ် ၂၀ ကျော်ချလိုက် တယ်ဆိုတော့ကလေးလည်း စိတ်ဓာတ်ကျနေမှာစိုးလို့။"

BURMA STAR GROUP

4

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

မြန်မာဘလော့ဂါသမား ကိုနေဘုန်းလတ် အဖမ်းဆီးမခံရခင် အစောပိုင်းမှာ ကတည်းက ထိန်းသိမ်းခံထားရတဲ့ကဗျာဆရာ ကိုစောဝေကိုလည်း ဒီကနေ့ပဲ အလားတူ နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်း စိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက် ပါတယ်။ ပြည်တငွ်း အပတ်စဉ်ထုတ်ဂျာနယ်တစောင်ဖြစ်တအဲ့ ချစ်ဂျာနယ်မှာ ကဗျာဆရာစောဝေ ရေးသားစပ်ဆိုခဲ့တဲ့ ကဗျာတပုဒ်က မြန်မာစစ်အစိုးရ ကဗျာဆရာ ကိုစောဝေ စာဝေ။

ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုတိုက်ခိုက်ပြောဆိုထားတဲ့ အဓိပ္ပာယ် ထွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့ကို အခုနှစ်ဆန်းပိုင်းကပဲ ဖမ်းဆီးထား

ခဲ့တာပါ။ အခုနောက်ဆုံး ကိုစောဝေ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ဇနီးသည်ဖြစ်သူ မနန်းစန်းစန်းအေး ပြောပြတာကတော့ … "၂ နှစ်ချလိုက်ပါတယ်၊ ၅၀၅(ခ) တခုတည်းနဲ့။ ကျမ အဲဒီကို ရှေ့နေနဲ့သွားပါတယ်။ အမိန့်ချပြီဆိုတာ ရှေ့နေပြောလို့ သိရပါတယ်။ ပြစ်ဒဏ်ချတဲ့အထဲမှာ သူကနည်းတယ်၊ ၅၀၅(ခ) တခုတည်းဆိုတော့ ၂ နှစ်ပေါ့။ သူနအဲ့ တူချတဲ့ ဒီ့ပြင်လူတွေအကုန်လုံး သူ့ထက်များတယ်။ အဲတော့ အဆိုးထဲကအကောင်း ပေါ့၊ ၂ နှစ်ထဲနဲ့ဆိုတော့။ ဒါပေမယ့် ကိုယ်ကသာ အပြင်က ၂ နှစ်ပြောတာလေ။ အထဲမှာနေရတဲ့လူ ၂ နှစ်က သိပ်ပြီးတော့မသက်သာလှဘူး။ ပြီးတော့ ကိုစောဝေက ကျန်းမာရေးလည်း သိပ်မကောင်းတော့ သူ့ကို အဲဒါပဲ စိုးရိမရ် တာပါ။ ကျန်တာတော့ ဒီလောက်မဟုတ်ပါဘူး။ သူ့စိတ်ကို သူ ပြင်ဆင်ထားပြီး သားပါလို့ ကျမကို ပြောပါတယ်၊ မနေ့က ကျမတွေ့တော့။" ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ပေးနေတဲ့အထဲမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကိုပါ ထောင်ချနေတာတွေ ရှိနေလို့လည်း မြန် မာနိုင်ငံက တရားစီရင်ရေးစနစ်အပေါ် ပြည်တွင်းပြည်ပက ဝေဖန်မှုတွေလည်း ရှိနေခဲ့တာပါ။ အခု နောက်ဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေထဲက နှစ်အများဆုံး ကျခံခဲ့ရတဲ့ကွန်ပျူတာကျွမ်းကျင်သူ လူ ငယ်တဦးလည်းဖြစ်၊ အင်တာနက်စာမျက်နှာတွေပေါ်မှာ ကဗျာတွေ စာတွေရေးပြီး nayphonelatt.net ဆိုတဲ့ကိုယ်ပိုင်

အင်တာနက်

ဘလော့ဂ်စာမျက်နှာ

ဖွင့်ထားတဲ့

ကိုနေဘုန်းလတ်အပေါ်

တရား

ခွင်က စီရင်ခဲ့တာနဲ့ပတ်သက်လို့ မိခင်ဖြစ်သူ ဒေါ်အေးသန်းကတော့ အခုလိုဆိုပါတယ်။ "အန်တီ့သားက အဲဒီဟာတွေ ကျူးလွန်တာမဟုတ်တဲ့အတွက် ဒါ မတရားတဲ့ တရားစီရင်ရေးလို့ပဲ အန်တီတော့ သတ်မှတ်တယ်။ သူ တကယ် လက်တွေ့ကျူးလွန်တာတော့၃၂(ခ)နဲ့ပဲ တရားစွဲလို့ရမယ် လို့ အန်တီတော့ ထင်တယ်။ ဟို ၂ မှုကတော့ တမင်သက်သက် နောက်ပိုင်းကျမှ ဇာတ်လမ်းဆင်ပြီး လုပ်တဲ့ အမှုပေါ့။ အဲဒါတွေကိုတော့အန်တီ့အနေနဲ့ သူကျူးလွန်တာမဟုတ်တဲ့အတွက် ဒီဟာတွေအ တွက်ချတဲ့ဟာက အန်တီတော့ အသိအမှတ်မပြုဘူး။ အရမ်းကို လွန်ကဲလွန်းအားကြီးတယ်လို့ပအဲ န်တီ BURMA STAR GROUP

5

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ထင်တာပေါ့။ အယူခံတင်ဖို့ဟာတောင်မှ ရှေ့နေကိုယ်တိုင် ထောင်ကျနေတော့ အန်တီတို့ အခက်အ ခဲရှိတာပေါ့။ ရှေ့နေက အန်ကယ် ဦးအောင်သိန်းလေ။ နည်းနည်းပါးပါးတိုင်ပင်ရဦးမှာပေါ့။" ဒီရက်ပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံနေရသူတွေကို အာဏာ ပိုင်တွေက ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့နေရာမှာ ပြီးခဲ့တဲ့သောကြာနေ့တုန်းကလည်း အရင် နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီး ခံခဲ့ရတဲ့ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ငွေကြာယံကျောင်းတိုက်က သံဃာတော်တပါးဖြစ်တဲ့ ဦးသတ္တမ၊ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (အဲန်အယ်လ်ဒ)ီ ပါတီ လူငယ်အဖွဲ့ ၀င်တဦးဖြစ် တဲ့ ကိုထွန်းထွန်းနိုင်တို့ကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ နိုင်ငံတော်ကို အကြည်ညို ပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက် အပါအ၀င် ပုဒ်မအများအပြားနဲ့ ထောင်ဒဏ် ၁၉ နှစ်စီ ချမှတ်ခံလိုက် ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ကိုထွန်းထွန်းနိုင်နဲ့ လုပ်ဖော်ကိုင်ဖက် အန်န်အယ်လ်ဒီလူငယ်တဦး ပြောပြတာကတော့ … "ကိုထွန်းထွန်းနိုင်နဲ့ ဦးသတ္တမခေါ် ဦးသက်ဇော်ပေါ့၊ လူနာမည်က။ ပြီးခဲ့တဲ့ ၇ ရက်နေ့က သူတို့ကို အမိန့်ချလိုက်တယ်။ ထောင်ထဲမှာ၊ အရှေ့ပိုင်းခရိုင် တရားရုံးကနေပြီးတော့။ သူတို့ကိုဖမ်းတာ ၃-၁၀၂၀၀၇ ကဖမ်းတာ။ အဲဒီမှာဖမ်းပြီး အခုမှချတာ၊ အခုချလိုက်တာ ၁၉ နှစ်။ သူတို့ကိုစွဲထားတာ ၃၃(က)/ ၃၈၊ ၂၉၅(က)၊ ၅၀၅(ခ)၊ အဲဒီပုဒ်မတွေနဲ့ချတယ်။ ၃၃(က)/၃၈ ကတော့ အီလက်ထရောနစ်ဥပဒေ၊ ၁၅ နှစ်။ ၂၉၅(က)က သာသနာညှိုးနွမ်းမှုဆိုပြီးတော့ ၂ နှစ်၊ ၅၀၅(ခ) ကလည်း နိုင်ငံတော်လက်အောက်ခံ အဖွဲ့ အစည်းကို အကြည်ညိုပျက်စေမှုဆိုပြီးတော့ ၂ နှစ်၊ အာဏာကုန်တွေပဲ ချလိုက်တာ။" အဲဒီမတိုင်ခင် ပြီးခဲ့တဲ့အပတ်ထဲမှာတုန်းကပဲ အလားတူ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ လှုပ်ရှားမှု တွေနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်ကကျောင်း ထိုင်ဆရာတော် ဦးဣိန္ဒကနဲ့ ဦးဣသရိယတို့ကိုလည်း တရားမ၀င် အသင်းအဖွဲ့ တွေနဲ့ ပတ်သက်တယ်၊ ဆက်သွယ်တယ် နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင်လုပ်တယ် စတဲ့ စွပ်စချွဲက်တွေနဲ့ အင်းစိန်ထောင် တွင်း သီးသန့်တရားရုံးတွေကနေ ထောင်ဒဏ် ၈ နှစ်ကနေ ၁၆ နှစ်ခအွဲ ထိ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

 “စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့စားလ်ုစားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။ အဲ့ဒါကြောင့်စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်ကို ပြောင်းကြရမယ်။ ငါတို့ ဟာ လက်နက် ကိုင်တွေဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ် ဆိုတာကိုသဘောပေါက်ရမယ်" BURMA STAR GROUP

ဗိုလ်ချုပ်အောင် အောင်ဆန်း 6

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် စစ်အစိုးရ ရွေးကောက်ပွဲ တရားမ၀ တရားမ၀င်-EU 11 November 2008 VOA မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘဲနဲ့တော့

ကျင်းပမယ်လို့

ကြေညာထားတဲ့

ရွေး

ကောက်ပွဲဟာ ယုံကြည်ရလောက်စရာ ရှိမှာမဟုတ်ဘူးလို့ EU ဥရောပသမဂ္ဂက ပြောလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးတွေ ဘရပ်ဆဲလ်မြို့မှာ

တနင်္လာနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် နိင်ုငံရေးပါတီတွေ၊ လူမျိုးစုအဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးပွေဲ တွစတင်ဖို့လည်း EU နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့မေလက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံ ရွေးကောက်ပွဲ တွေ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာထားပါတယ်။ ဒီရွေးကောက်ပွဲတွေဟာ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်

ရောက်စေလိမ့်မယ်လို့ အစိုးရကပြောပေမယ့် ဝေဖန်သူတွေကတော့

အခြေခံဥပဒေသစ်ဟာ စစ်ဖက်က ရေရှည် အာဏာချုပ်ကိုင်ထားနိုင်ဖို့ ရည်ရွယ်ရေးဆွဲထားတာဖြစ် တယ်လို့ ဆိုကြပါတယ်။

 နေရေးထက် သေရေးခက် အောင်သက်ဝိုင်း | နိုဝင်ဘာ ၁၀၊ ၂၀၀၈ ဧရာဝတီ နေပြည်တော် ရေဆင်းအနီး စိမ်းစားပင်ကျေးရွာက တဲအိမ်ငယ်တခုအတွင်းမှာ အသက် ၂၅ နှစ်အရွယ် မနှင်းစန္ဒာဟာ အဆုတ်တီဘီရောဂါကြောင့် အရိုးပေါ်အရေတင်ဖြစ်ပြီး ဝေဒနာအပြင်းအထန် ခံစားနေ ရတယ်။ သူ့ဘေးမှာ မေတ္တာပို့တရားတော်တွေကို နှုတ်က တတွတ်တွတ် ရွတ်ဖတ်ပေးနေတဲ့ အဒေါ်ဖြစ်သူ ဒေါ်ဝင်းမာကတော့ တူမ ဖြစ်သူ ဆုံးပါးသွားရင် ကုန်ကျရမယ့် အသုဘ နာရေးစရိတ်ကို စဉ်းစားရင်း တူမလေးအတွက် ခံစားနေရတဲ့ ပူဆွေးသောက ထက်ကြီးမားတဲ့ အပူသောကမီးကြီးကို တအုံနွေးနွေး ခံစားနေရပါတယ်။ သာမာန်အားဖြင့် နေပြည်တော်နားက ကျေးလက်တောရွာတခုမှာ ရွာသူရွာသားတဦး ကွယ်လွန်ခဲ့ BURMA STAR GROUP

7

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

တယ်ဆိုရင် ရွာပြင်က သုသာန်ကို ပို့လို့ မြေမြှုပ်သင်္ဂြိုဟ်ရုံနဲ့ ကုန်ကျစရိတ် အနည်းငယ်နဲ့ နာရေးကိစ္စ ပြီးမြောက်နိုင်ခဲ့တာပါ။ ဒါပေမယ့် နေပြည်တော်ကို စစ်အစိုးရ ပြောင်းရွှေ့အခြေစိုက်တဲ့ ၂၀၀၅ ခုနှစ်ကစလို့ ပတ်ဝန်းကျင်က ကျေးရွာတွေမှာရှိတဲ့ သုသာန်တွေမှာ မြေမြှုပ် သင်္ဂြိုဟ်တာတွေ မလုပ်ရ တော့ဘဲ ၁၂ မိုင်ကျော်ဝေးတဲ့ ပျဉ်းမနားမြို့က မြို့မသုသာန်ကို ပို့ဆောင် သင်္ဂြိုဟ် ရမယ်လို့ အမိန့်ထုတ်ခဲ့တာကြောင့် မော်တော်ကား တွေအသုံးပြု အသုဘချရတဲ့အတွက် နာရေးတခုကို ကုန်ကျစရိတ် ငွေ ကျပ် ၇၀၀၀၀ ကျော်အထိမြင့် တက်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ စစ်အစိုးရက ပျဉ်းမနားမြို့နဲ့ ၂၅ မိုင်လောက် ဝေးတဲ့ ဖိုးဆောင် တောင်ခြေမှာ နေပြည်တော်သုသာန်သစ် ဖွင့်လှစ်ပြီး အဲဒီမှာပဲ သင်္ဂြိုဟ်မှုတွေပြုရ မယ်လို့ ထပ်ပြီး အမိန့်ထုတ်ခဲ့တာကြောင့် ပျဉ်းမနားမြို့နယ် အတွင်းက ကျေးလက် တောရွာတွေမှာ နာရေးကိစ္စဖြစ်လာရင် အတော်ကို ဒုက္ခရောက်နေရတယ်လို့ ဒေသခံ ရွာသားတွေဆီက သိရပါတယ်။ ပျဉ်းမနားမြို့နယ်၊

ကျည်တောင်ကန်ကျေးရွာအုပ်စု၊

ဂုံမင်းကွင်းကျေးရွာပတ်ဝန်းကျင်၊

ဖိုးဆောင်

တောင်ခြေရင်းမှာရှိတဲ့ နေပြည်တော်သုသာန်သစ်ကို ပို့ဆောင်သင်္ဂြိုဟ်မယ်ဆိုရင် သေဆုံးသူ တဦးအ တွက် အသုဘစရိတ်ငွေ ကျပ် ၁ သိန်း ၂ သောင်း ကျော်လောက်ထိ ကုန်ကျတယ်လို့ သိရပါတယ်။ “အလောင်းသယ်ဖို့ နိဗ္ဗာန်ယာဉ်တစီးကို ၂၅၀၀၀။ ခန်းမငှားခက အနည်းဆုံး ၈၀၀၀ အသုဘပို့မယ့်သူ တွေလိုက်ဖို့ ကားတစီးကို အနည်းဆုံး ငှားခ ၂၅၀၀၀ ပေးရတယ်။ ရေခဲတိုက်မှာ အလောင်းထား မယ်ဆိုရင် တရက်ကို ၁၅၀၀ ကုန်တယ်။ တခြားကုန်ကျစရိတ်တွေပါ တွက်ရင် အလောင်းတခု မြေကျဖို့က အနည်းဆုံး ငွေတသိန်းနှစ်သောင်းလောက် ကုန်တယ်။ အသုဘ ရက်လည်ဆွမ်းသွပ် ကျွေးမွေးတာမပါသေးဘူး” ဟု နေပြည်တော်၊ ပျဉ်းမနားမြို့ခံတဦးက ပြောပါတယ်။ အသုဘရှုရက်လည် ဆွမ်းသွပ်လုပ်ရာမှာလည်း အနည်းဆုံး ငွေ ၃ သောင်း ကုန်ကျတဲ့အတွက် စုစု ပေါင်း နာရေးတခုမှာ ရက်လည်အပြီးထိ ငွေ တသိန်းခွေဲ လာက် ကုန်ကျပါမယ်။ နေပြည်တော်၊ပျဉ်းမနားမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေမှာ နေထိုင်ကြတဲ့ဒေသခံအများစုဟာ ဈေး သည်တွေ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတွေနဲ့ အခြေခံလက်လုပ်လက်စားတွေဖြစ်တာကြောင့် နာရေး ကိစ္စကြုံလာတဲ့အခါ ငွေကို အတိုးနဲ့ချေးငှား လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နာရေးဆိုတော့လည်း မရှိရင်ချေးငှားလုပ်ရတာပဲ။ တရာကို နှစ်ဆယ်တိုးနဲ့ယူရတာ။ ငွေတသိန်းယူရင် တလ အတိုး နှစ်သောင်းကျတယ်”လို့ ပျဉ်းမနား၊ အေလာကျေးရွာနေ ဒေသခံတဦးက ရှင်းပြပါတယ်။

BURMA STAR GROUP

8

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

နေပြည်တော်မှာတင် ဒီလိုအခက်အခဲတွေ ကြုံတွေ့ရတာ မဟုတ်ပါဘူး။ ရန်ကုန်မြို့ မှာလည်း နာရေး အသုဘအတွက် ကုန်ကျစရိတ်တွေ ကြီးမြင့်လာတဲ့အတွက် မြို့နေပြည်သူ လူထုတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရန်ကုန်မှာကတော့ နာရေးကူညီမှုအသင်း အပါအ၀င် အသုဘကိစ္စကို အလောင်းမြေကျတဲ့ အထိ လိုက်ပါကူညီပြီး အခမဲ့ဆောင်ရွက်ပေးနေတဲ့ လူမှုရေးအဖွဲ့ အစည်းတွေ အများကြီး ရှိနေတာ ကြောင့် နေပြည်တော် ဒေသခံတွေလောက် တော့ အခက်အခဲမရှိပါဘူး။ “ကျမတို့ နာရေးကူညီမှုအသင်းက တနေ့ကို နာရေးကိစ္စ ၄၀ နဲ့ ၅၀ ကြားမှာ အခမဲ့သင်္ဂြိုဟ်ပေး နေရပါ တယ်။ ကွယ်လွန်သူတဦးအတွက် အသုဘကိစ္စဆောင်ရွက်ပေးရာမှာ နိဗ္ဗာန်ယာဉ်၊ အလူမီနီယံအ ခေါင်း၊ ရေခဲတိုက်ထားခနဲ့မီးသင်္ဂြိုဟ်စက်ရောက်တဲ့အထိ တာဝန်ယူပေးပါတယ်”ဟု ရန်ကုန်မြို့သင်္ကန်း ကျွန်းမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်းချုပ်ကတာဝန်ရှိသူတဦးက ပြောပါတယ်။ နာရေးကူညီမှုအသင်းက အခမဲ့ကူညီတဲ့အထဲမှာ အသုဘ လိုက်ပါပို့ဆောင်မယ့်သူတွေလိုက်ပါစီးနင်းဖို့ ကားငှားရမ်းခ၊ သုသာန်မှာ ခန်းမငှားရမ်းခ၊ ရက်လည် ဆွမ်းသွပ်ဖို့ ကုန်ကျစရိတ်တွေနဲ့ တခြားစရိတ် စကတွေ မပါဝင်ဘူးလို့ နာရေးကူညီမှု အသင်းက ၀န်ထမ်းတဦးက ရှင်းပြတယ်။ “ကွယ်လွန်သူရဲ့ ရုပ်ကလာပ် မီးသင်္ဂြိုဟ်စက်ထဲ ရောက်တဲ့အထိ နာရေးကိစ္စတခုကို ယင်းအသင်းက ငွေကျပ်တသောင်းခွဲ သုံးစွဲပါတယ်။ တခြားစရိတ်တွေကတော့ အသုဘရှင်ကကုန်ကျရမှာပါ။ အသင်း ကတော့ အလောင်းမြေကျဖို့ပဲ တာဝန်ယူ တာပါ” လို့ အဲဒ၀ီ န်ထမ်းက ဆိုတယ်။ ရန်ကုန်မြို့တော်မှာ နာရေးကူညီမှုအသင်းရဲ့ အကူအညီယူရတဲ့ အသုဘဆိုရင်တောင် အပြီးအစီး အနည်းဆုံးငွေကျပ် တသိန်းကျော် ကျသင့်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ခန်းမငှားခ တနာရီကို ကျပ် ၄၅၀၀ ကနေ ၁၅၀၀၀ ခန်းမအကျယ်အ၀န်းကိုလိုက်ပြီးအမျိုးမျိုးရှိပါတယ်။ အခေါင်းကတော့ အနည်းဆုံး ကျပ် ၁၈၀၀၀ ရှိတယ်။ မီးသင်္ဂြိုဟ်ခက ကျပ် ၁၀၀၀။ ရေခဲတိုက်မှာထား ခက တရက်ကို ကျပ် ၁၅၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ “တကယ်လို့ ဂူသငွ်းမယ်ဆိုရင် မြေ၀ယ်ခ ကျပ် ၃ သိန်း ကနေ ၄ သိန်း ထိရှိတယ်” လို့ ရေဝေးသုသာန် မှာ တာဝန်ကျတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၀န်ထမ်းတဦးက ရှင်းပြတယ်။ “အဘွားတို့တောမှာဆိုရင် နာရေးဆိုတာနဲ့ အရပ်က၀ိုင်းဝန်းကူညီကြတော့ ကုန်ကျစရိတ်ရယ်လို့ မရှိ ဘူး။ အဘွားကတော့ ကိုယ့်ဘိုးဘွား အဖေအမေတွေ ခေါင်းချခဲ့တဲ့ လှိုင်းတာ ကိုပဲ ပြန်ခေါင်းချမယ်။ မြို့မှာ ခေါင်းချရင် ကိုယ့်အတွက်နဲ့ သားသမီးတွေ သူများဆီမှာ ငွေချေးငှားရ၊ ဒုက္ခရောက်ကြမှာကို BURMA STAR GROUP

9

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

မလိုချင်ဘူးကွယ်”လို့ လှိုင်သာယာမြို့နယ်မှာနေတဲ့ အသက် ၇၅ နှစ်အရွယ် အမယ်အိုတဦးက ပြောပါတယ်။ သူပြောတဲ့ လှိုင်းတာဆိုတာ ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်းက ကျေးရွာပါ။ အသုဘနာရေးအတွက် ကုန်ကျစရိတ်တွေကြီးမြင့်တာကြောင့် ရန်ကုန်မြို့တော်ဆင်ခြေဖုံး ဒေသတွေ ဖြစ်တဲ့ လှိုငသ်ာယာ၊ ရွှေပြည်သာမြို့နယ်က အခြေခံလက်လုပ်လက်စား လူတန်းစားတွေဟာ နာရေး ကိစ္စကြုံတွေ့လာတဲ့အခါ အသုဘကန်ထရိုက်တွေကိုရှာဖွေပြီး နာရေးကိစ္စ အပ်နှံ ဆောင်ရွက်ရတယ် လို့ သိရပါတယ်။ “အသုဘကန်ထရိုက်ဆိုတာက ဆင်းရဲတအဲ့ သုဘရှင်တွေကို ငွေကြေးကူညီပြီး ဖဲဝိုင်းထောင်ကြတဲ့ လောင်းကစားသမားတွေပါ။ အသုဘရှင်က နာရေး စရိတ်အတွက် တဖက်တလမ်းက ငွေရတော့ သူ တို့ကို အားကိုးကြတယ်” လို့ ရွှေပြည်သာ မြို့နယ်က ဒေသခံတဦးကပြောပြပါတယ်။ တနေ့တခြား ကြီးမြင့်လာတဲ့ အသုဘ ကုန်ကျစရိတ် တွေကြောင့် ပြည်သူလူထုအနေနဲ့ နေရေးထက် သေရေး ခက်လာ တယ်လို့ ဆိုကြရမလိုပါ။

 ငတက်ပြား သက်ကျားအိဝု န်ကြီး စက်မှု (၁) ၀န်ကြီးဌာနနှင့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် စိုင်းစံထွန်းနှင့် စက်မှု (၁) ၀န် ကြီးဌာန မြန်မာ့စားသောက်ကုန်လုပ်ငန်းတို့ မကြာခင်က စာရင်းရှင်း ကြရာ စိုင်းစံထွန်းဘက်မှ ပေးရန် ငွေကျပ်သန်းပေါင်း (၆,၀၀၀) ကျော် မပေးနိုင်ဖြစ်နေ၏။

သို့သော်

စိုင်းစံထွန်း

ပိုင်ဆိုင်သည့်

Great

Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများမှာ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း ပိုင်နေသည့်အတွက် စိုင်းစံထွန်း ကျပ်သန်း ပေါင်း (၆,၀၀၀) ကျော် ပြန်မဆပ်လျှင် စက်မှု (၁) ၀န်ကြီး ဦးအောင် သောင်း မည်သို့အရေးယူမည်ကို ရန်ကုန်စီးပွားရေးလောကမှ စိတ၀် င် တစား ဖြစ်နေကြ၏။ စင်စစ် စက်မ(ှု ၁)၀န်ကြီး ဦးအောင်သောင်းသည် အသက်(၇၂)နှစ်ရှိသည့်တိုင်လောဘရမက်အကြီးဆုံး ၀န်ကြီးအဖြစ် ထင်ရှား၏။ အဂတိလိုက်စားမှုတငွ် ၀န်ကြီးတကာဝန်ကြီး အားလုံးထက်ပင် သရဖူ ဆောင်းသည်ဟု နာမည်ကြီး၏။ အန်အယ်လ်ဒီကို လူထုဆန့်ကျင်ပွဲလုပ်အောင် BURMA STAR GROUP

10

စတင်ဖန်တီးသူမှာလည်း

ဝန်ကြီးဦးအောင်သောင်း

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ဖြစ်၏။ တချိန်က ပုဂံလူထုချီတက်ပွဲများလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူထုရှုတ်ချပွဲပုံစံ ဖန်တီး ရန်အတွက် မန္တလေး နန်းတွင်း ရတနာပုံဧည့်ဆောင်ကနေ ဦးအောင်သောင်း ကြိုးကိုင်ခဲ့၏။ ထိုအ ချိန်က မန္တလေးတိုင်းမှူး ဒု-ဗိုလ်ချုပ် ကြီးရဲမြင့်နှင့် ဦးအောင်သောင်းသည် စစ်သင်တန်း တပတ်တည်း ဆင်းဖြစ်သည့်အတွက် အလွန်ရင်းနှီး၏။ ထို့ကြောင့် လူထုဆန္ဒပြပွဲများကို စည်းရုံးရန် ဦးအောင်သောင်း မန္တလေးရောက်တိုင်း နန်းတွင်းရတနာပုံ ဧည့်ခန်းဆောင်ကို အသုံးပြုဖို့ ထိုအချိန်က မန္တလေးတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ခွင့်ပြုခဲ့၏။ သို့သော် နောက်ရောက်လာသည့် မန္တလေးတိုင်းမှူးများက ဦးအောင် သောင်းအား သဘောမကျသည့်အတွက် နန်းတွင်းရတနာပုံ ဧည့်ခန်းဆောင်ကို အသုံးပြုခွင့်မပေး သဖြင့် မန္တလေး ဘီယာစက်ရုံ၊ အရက်စက်ရုံများရှိ ရိပ်သာများ၌သာ တည်းခိုပြီးစည်းရုံးရေးလုပ်ငန်းများ လုပ်ရ၏။ အစိုးရထောက်ခံပွဲများ ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချပွဲများ ဖန်တီးသည့်နည်းဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မျက်နှာသာပေးမှုကို ဦးအောင်သောင်း ရယူနိုင်ခဲ့သည်။ ထိုသို့ လူထုထောက်ခံပွဲများ လုပ်ရာတွင် စက်မှု (၁) လက်အောက်ခံ စက်ရုံများမှ ၀န်ထမ်းများကို အဓမ္မနည်းဖြင့် ချွေးတပ်ဆွဲပြီး အသုံးချခဲ့သည်ဟု သက်သေအ ထောက်အထားများနှင့်တကွ ဦးအောင်သောင်း၏ လက်ထောက်များ က ပြော၏။ စက်မှု (၁) ၀န်ကြီးဌာနလက်အောက်တငွ် မြန်မာ့အထည်အလိပ်လုပ်ငန်း၊ မြန်မာ့စား သောက်ကုန်လုပ်ငန်း၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်း လုပ်ငန်း၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်းနှင့် မြန်မာ့အထွေထွေနှင့် ပြုပြင် ထိန်းသိမ်းရေး စက်မှုလုပ်ငန်းဆိုပြီး ဌာနကြီး (၆) ခုရှိ၏။ ထိုလုပ်ငန်းဌာနကြီး (၆) ခုလုံးပေါ်မှ လုပ်ငန်း များကို မိမိကိုယ်ကျိုးအတွက် ဦးအောင်သောင်း အသုံးချသည်ဆိုပြီး လက်အောက်အရာရှိများက ထုတ်ဖော် ပြော၏။ စက်မ(ှု ၁)၀န်ကြီးဌာနလက်အောက်ရှိ သာပေါင်းပျော့ဖတ်စက်ရုံကို တရုတ်ကုမ္ပဏီ အကူအညီနှင့်တည် ဆောက်ရာတွင် တရုတ်ကုမ္ပဏီက ဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရသည်ဟု ရန်ကုန် အနောက်တိုင်း သံတမန်များက ပြော၏။ ပုဂ္ဂလိက ဘိလပ်မြေစက်ရုံတရုံတည်လျှင် အရင်း အမေရိကန်ဒေါ်လာ(၈)သန်း ကုန်ကျ၏။ ထိုအထဲမှ ၀န်ကြီး ဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရသည်ဟု ခိုင်လုံသည့်သတင်းရပ်ကွက် များကပြော၏။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ(၈)ရုံ တည်ထားသည်အ့  တွက် ဦးအောင် သောင်းမှာ ဘိလပ်မြေ စက်ရုံတလုံးဖိုးနှင့် ညီမျှသည့် ဒေါ်လာ (၈) သန်း ကော်မရှင်ရပြီးဆိုသည့် သဘောဖြစ်၏။ လောလောဆယ် သာစည်အရှေ့ဘက် ပြင်ညောင်မှာ ရတနာသိင်္ဂီကုမ္ပဏီမှ ဆောက်လုပ်ပေးနေသည့် ဘိလပ် မြေစက်ရုံမှာ ၀န်ကြီးဦးအောင်သောင်းအတွက် ဖြစ်သည်ဟု စက်မှု (၁) ၀န်ကြီးဌာနတခုလုံး BURMA STAR GROUP

11

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

လူသိများ၏။ အ ထူးသဖြင့် စက်မှု (၁) ၀န်ကြီးဌာန လုပ်ငန်းအတော်များများကို ဦးအောင်သောင်းနှင့် ရင်းနှီးသည့် ပုဂ္ဂလိကကု မ္ပဏီ များသာ လက်ဝါးကြီးအုပ် လုပ်ခွင့်ပေးထား၏။ ဥပမာ - ရွှေသံလွင်၊ ရတနာသိင်္ဂီ၊ ကျော်သာ၊ Mother Trading စသည့် ကုမ္ပဏီများမှာ ထင်ရှား၏။ စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ စီမံကိန်းများမှ Steel Structure လုပ်ငန်းမှန်သမျှကို ဦးဝင်းလွင်ပိုင် ကျော်သာကုမ္ပဏီ တဦးတည်းကိုသာ ဦးအောင်သောင်းက ကန် ထရိုက်လုပ် ခွင့်ပေးထား၏။ ထိုငတက်ပြားဝန်ကြီး ဦးအောင်သောင်းသည် မကြာခင် မန္တလေးတိုင်း ကြံ့ဖွံ့အသွင်ပြောင်း နုငိငံရေး ပါတီကို ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး နောင်ပေါ်ပေါက်မည့် ရုပ်သေးအရပ်သားအစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီးအဆင့် ၀န်ကြီးချုပ်အဖြစ် အရွေးခံဦးမည်။ ထိုသက်ကျားအိုဝန်ကြီး ဦးအောင် သောင်းကို ခေတ်ပြိုင်က အထူးရှုတ်ချသည်။

(၂၀၀၈ ခုနှစ်၊ နိဝု င်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ် ‘အယ်ဒီတာ့အာဘော်’ မှ …)

 တရားမျှတတဲ့ ရွေးကောက်ပွဲ နှင့် တိုင်းချစ်ပြည်ချစ်စိတ် စိုးသင့်ဆွေ နုဝိ င်ဘာ ၅၊ ၂၀၀၈ မိုးမခ မဲပေးတယ်ဆိုတာ အမေရိကန်နိုင်ငံသားတယောက်အတွက်တော့ နိုင်ငံသားတာဝန်တရပ်ကို ထမ်းဆောင်တာပါတဲ့။ အရင်က အမေရိကန်နိုင်ငံသား လူငယ်လူရွယ်တွေဟာ ရွေးကောက်ပွဲတို့ မဲပေး တာတို့ကို စိတ်ဝင်စားမှု နည်းပါးကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်း တော်တော်များများဟာလည်း လူလတ်ပိုင်း နဲ့ သက်ကြီးရွယ်အို ပင်စင်စားတွေပဲ များတာပါ။ ဒီနှစ်ရွေး ကောက်ပွဲမှာတော့ လူငယ်တွေနဲ့ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက ပိုပြီး တက်တက်ကြွကြွ မဲပေးခဲ့ ထောက်ခံခဲ့ကြပါတယ်။ သူတို့တခဲနက်ထောက်ခံအားပေးခဲ့သူကတော့ လူငယ်သမ္မတလောင်း (ခုတော့ အမေရိကန်ရဲ့ ပထမဆုံးလူမည်းသမ္မတ) Barack Obama ကို ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ သားတွေဟာ စီးပွားရေးကမောက်ကမဖြစ်မှု၊ ဘဏ္ဍရေးလိုငွေပြမှု နဲ့ စစ်ပွေဲ တွ ဒါတွေအားလုံးအတွက် ပြောင်းလဲမှုအသစ်တခုကို အလွန်အမင်း လိုလားတောင့်တ နေကြတာပါ။ အခု သမတသစ်ဖြစ်တဲ့ အိုဘားမားဟာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ သမ္မတဟောင်း ဂျော့ရှ်ဘွတ်ရှ် လက်ထက်က ဖြစ်ခဲ့တဲ့ စီးပွားရေးမပြေလည်မှု၊ စစ်ပွဲနှစ်ခုနဲ့ အလုပ်လက်မဲ့ပြဿနာတွေ အားလုံးကို ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်တယ်။ ဒီနေရာမှာ အမေရိကန်ရဲ့ အတုယူဖွယ်ကောင်းတဲ့ အချက်လေးကို တွေ့ရပါတယ်။ မဲပေးပြီး ပြန်လာတဲ့ လူတွေကို နိုင်ငံတဝှမ်းမှာရှိတဲ့ အချို့စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ ရေခဲမုန့်ဆိုင် တွေက ဆုချတဲ့အနေနဲ့ အခမဲ့ကျွေးမွေးတယ် ဆိုတာပါပဲ။ မဲသွားပေးတဲ့သူတယောက်ဟာ မဲရုံမှာ BURMA STAR GROUP

12

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

မိမိဆန္ဒရှိတဲ့အတိုင်း ဒီမိုကရက်ကိုပဲဖြစ်ဖြစ်၊ ရီပါဘလစ်ကန်ကိုပဲဖြစ်ဖြစ် မဲပေးပြီးသွားရင် “I voted ” ဆိုတဲ့ အမှတ်အသားပါ တံဆိပ်ဝိုင်းလေးတခုကို မဲပေးပြီးကြောင်း သက်သေအဖြစ် ရရှိပါတယ်။ အဲဒီတံဆိပ်လေးကိုသာပြလိုက် အခမဲ့လို့ သတ်မှတ်ထားတဲ့ ကော်ဖီ၊ ဒိုးနပ်၊ အသားညှပ်ပေါင်မုံတွေနဲ့ ရေခဲမုန့်တွေကို ဆိုင်တွေက ဝမ်းပန်းတသာနဲ့ ကျွေးမွေးတာပါ။ အမေရိကန် နိုင်ငံသားတိုင်းဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ပိုင်ဆိုင်နိုင်ကြပါတယ်။ သူတို့ရဲ့ နိုင်ငံကို သူတို့ကိုယ်စား အဖက်ဖက်က ကောင်းမွန်၊ တိုးတက်အောင်လုပ်ဖို့အတွက် သမတရွေးတဲ့ပွဲမှာ သူတို့ဟာ အသည်းကြားကမဲတပြားကို အကောင်းဆုံး အတော်ဆုံးလို့ သူတို့ သတ်မှတ်ယုံကြည်ထားတဲ့ သမတလောင်းကို မဲပေးခဲ့ကြတယ်။ အဲဒီနောက် ရွေးကောက်ပွဲရလဒ်ကို ကြေညာလိုက်တဲ့ အခါမှာလည်း အိုဘားမားကို ထောက် ခံမဲ ထည့်ခဲ့သူတွေဟာ သမတအိုဘားမားရဲ့ အောင်ပွဲဟာ သူတို့ရဲ့ အောင်ပွဲ သူတို့ရဲ့ ပျော်ရွှင်မှုလိုပဲ ပျော်ရွှင်နေခဲ့ပါတယ်။ ရွေးကောက်ပွဲလုပ်တဲ့ နိုဝင်ဘာလ၄ရက်နေ့ ညကနေ နောက်နေ့ လင်းအားကြီး အချိန်အထိ ဝါရှင်တန်ဒီစီမြို့တော်ရဲ့ လမ်းမတွေမှာ ကားတွေ၊ လူတွေဟာ အို-ဘား-မား …… အု-ိ ဘား-မား လို့ လှည့်လည် ဟစ်ကျွေးရင်း သူတိုရဲ့ ထောက်ခံမှုကို ထင်ထင်ရှားရှားပြခဲ့ကြတယ်။ ဒီလိုပဲ နိုင်ငံအနှံ့မှာလည်း ဂုဏ်ပြုပွေဲ တွ လုပ်ခဲ့ကြတယ်။ လာမယ့် ၂၀၀၉၊ ဇန်နဝါရီ ၂၀ရက်နေ့မှာ သမတ သက်တမ်းကုန်ဆုံးမယ့် လက်ရှိ ရီပါဘလစ်ကန် သမတ ဂျော့ရှ်ဘွတ်ရှ်ဘက်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို လိုက်နာပြီးတော့ သမတသစ်ကို အာဏာလွေဲ ပြာင်းပေးမယ်လို့လည်း ကတိပြု ပြောကြား လိုက်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီရဲ့ လွတ်လပ်ခွင့်ကို အတူတူ တွေဲ တွ့ရတဲ့အပြင် အင်မတန် အတုယူစရာကောင်းတဲ့ တိုင်းချစ်ပြည်ချစ်စိတ် မျိုးချစ်စိတ်ဓာတ်ကိုလည်း ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ သူတို့တွေဟာ ပါတီ၊ အသင်းအဖွဲ့ ဆိုတဲ့ တဖက်စွန်းရောက် အစွေဲ တွ မရှိဘဲနဲ့ တိုင်းပြည်အတွက် အတူတူ လက်တွဲပြီး အလုပ်လုပ်ကြမှာဖြစ်တယ်။ လက်ရှိသမတက ရီပါဘလစ်ကန်ပါတီဖြစ်လို့ ဒီမိုကရက်ပါတီနိုင်တာကို ညစ်ပြီး ဖြစ်ကတတ် ဆန်း အာဏာလွေဲ ပြာင်းတာမျိုးလည်း မလုပ်သလို၊ ရွေးကောက်ပရွဲ လဒ်ကို မလိုက်နာဘဲ အာဏာကို ဆက်လက်ချုပ်ကိုင်တာမျိုးလည်း လုပ်မှာမဟုတ်ပါဘူး။ သူတို့တွေဟာ အာဏာဆိုတဲ့ အရာတခုအ တွက်၊ ငါ ဆိုတဲ့ ပုဂ္ဂိုလ်တယောက်အတွက်နဲ့ တိုင်းပြည်တခုလုံးကို နစ်မွန်းအောင် လုပ်လိုတဲ့ စိတ်မျိုး တွေလည်း မရှိပါဘူး။ အချိန်တန်လို့ ဆင်းပေးရမယ့် သူက သမတနေရာက ဆင်းပေးပြီး နောက်တက် ရမယ့် သမ္မတက အိမ်ဖြူတော်ကနေ သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ နဲအ့  တူ တိုင်းပြည်ကိုစီမံအုပ်ချုပ်သွားမှာပါ။ မြန်မာပြည်မှာတော့ တရားမျှတတဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပရွဲ လဒ်ကို ဘေးဖယ်ပြီး စစ်အာဏာရှင်အစိုးရက အာဏာကို ဆက်လက်ချုပ်ကိုင်ထားဆဲပါ။ ဘယ်သူ့ကိုမှ အာဏာလွေဲ ပးမှာ မဟုတ်သလို၊ ဘယ်သူနဲ့မှလည်း တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ လက်ခံမှာမဟုတ်ပါဘူး။ ငါ ဆိုတဲ့ အတ္တ စိတ်၊ ငါ့နေရာ၊ ငါ့အာဏာဆိုတဲ့ စိတ်ထားတွေသာ ဖုံးလွမ်းပြီး မျက်နှာပြောင်တိုက်စွာ မိုက်တွင်းနက်နေ တုန်းပါပဲ။ အခြေခံဥပဒေမူကြမ်းကိုလည်း ပြည်သူတွေက ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ် စေ သူတို့အာဏာတည်မြဲရေးအတွက် တဖက်သက် ရေးဆွဲ ထောက်ခံ အတည်ပြုထားပြီ။ နောက်ပြီး

BURMA STAR GROUP

13

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

၂၀၁၀ မှာလည်း ရွေးကောက်ပွဲ လုပ်ပေးဦးမယ်လို့ ကတိပေးထားပြန်ပါသေးတယ်။ ဒီရွေးကောက်ပွဲ ဟာ တရားမျှတမှုရှိမယ် မရှိဘူးဆိုတာကိုတော့ အထူး အငြင်းပွားနေစရာတောင် မလိုအပ်တော့ပါဘူး။ မျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ်ဆိုတာ သတင်းစာတွေ၊ တီဗီတွေမှာ ဝါဒဖြန့်ဇာတ်လမ်းတွေ ပြပြနေရုံနဲ့ မလုံလောက်တော့ပါဘူး။ တကယ်ဘတိုင်းပြည်ချစ်တယ်ဆိုရင် တိုင်းပြည်ကောင်းဖို့မိမိတို့နဲ့ ဝါဒမတူသူတွေ အတိုက်အခံတွေနဲ့ အတူတူလက်တွဲပြီး တိုင်းပြည်ကောင်းအောင် တိုးတက်အောင် အဖြေရှာဆွေးနွေးရမှာဘဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေမှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှု အဆင့်အတန်း အားလုံး အဘက်ဘက် ဆုတ်ယုတ်နေပါပြီ။ တွေ့ဆုံဆွေးနွေး တယ်ဆိုတာ လက်နက်ချ အညံ့ပေးလိုက်တာမဟုတ်ဘဲ ယိုယငွ်းနေတဲ့ တိုင်းပြည်ကို ပြန်လည်ထူ ထောင်ဖို့ စေတနာသန့်သန့် သူ့ဘက်ကိုယ့်ဘက် အတူတူ ပူးပေါင်းလုပ်ကိုင်မှုဖြစ်လို့ အင်မတန်မှ မွန်မြတ်တအဲ့ လုပ် ဖြစ်ပါတယ်။ ဒီတော့ သူများနိုင်ငံတွေရဲ့ မျိုးချစ်စိတ်ဆိုတဲ့ စကားအပေါ် အပြော တင်မဟုတ် လက်တွေ့လုပ်ဆောင်ပုံတွေကို သာဓကယူပြီး အချိန်မနှောင်းခင် သံဝေဂတရားရပြီး မာနတွေ ခဝါချနိုင်ကြပါစေ။



 သြော်…လေးစားလိုက်ပုံများ ဂျင်ဂလိ ဂျင်ဂလိတို့ ဗမာပြည်မှာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ် သူကို သနား ဆိုတဲ့မူကို တလျှောက်လုံးကျင့်သုံးလာခဲ့ကြတယ် မဟုတ်လားခင်ဗျာ။ လားရှိုးသိန်း အောင်နဲ့ နွဲ့ ယဉ်ဝင်းတို့ စုံတဆွဲိုထားတဲသ့ီချင်းတောင်ရှိသေး။ ဘာတဲ့‘ဟေ့ … ကောင်ကလေး …ကမ္ဘာ ပေါ်မှာဗမာပြည်ဟာ…အယဉ်ကျေးဆုံး တိုင်းပြည်တစ်ခုပါ… ’ဆိုလားပဲ။ ကိုယ့်ထက် အသက်တရက် တမနက်ပဲကြီးဦး၊ လူကြီးသူမတွေဆိုရင် ‘ဦး၊ ဒေါ်၊ ကို၊ မ’ ရှေ့ကတပ်ပြီး ခေါ်ကြတယ်မဟုတ်လား။ နိုင်ငံ့ခေါင်းဆောင်တွေဆိုရင်လည်း အမျိုးသားခေါင်းဆောင်ကြီးကိုဆို ဗိုလ်ချုပ်အောင်ဆန်းလို့ တလေး တစား ခေါ်ရင်ခေါ်၊ မခေါ်ရင် ‘ဗိုလ်ချုပ်’ လို့ ချစ်စနိုးခေါ်ကြတယ်။ တခြားနိုင်ငံ့ခေါင်းဆောင်တွေကို ဆိုရင်လည်း ဦးနု၊ ဦးသန့်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ စသဖြင့် တရိုတသေ တလေးတစားခေါ်ခဲ့ကြတယ်။ အဲ….နအဖအာဏာရူး တွေ လက်ထက်ကျမှ ဘယ်ကဘယ်လိုဖြစ်တယ် မသိပါဘူးဗျာ။ တတိုင်းတ ပြည်လုံး နှုတ်ကျိုးနေပုံက သန်းရွှေတဲ့၊ မောင်အေးတဲ့၊ ခင်ညွန့်တဲ့၊ စိုးဝင်းတဲ့၊ ရွှေမန်းတဲ့၊ သိန်းစိန်တဲ့။ ဂျင်ဂလိကတော့ တိုင်းသူပြည်သားတွေ ရိုင်းလာတယ်လို့ မထင်မိပါဘူး။ အာဏာကို အတင်းလုယူ ထားပြီး တိုင်းပြည်ကို ရစရာမရှိအောင် ဖျက်ဆီးနေတဲ့ နအဖသကောင့်သားတွေကို တိုင်းသူပြည်သား တွေက လေးစားသမှုမရှိလို့ ခေါ်တာလို့ပဲ ကောက်ချက်ချမိတယ်။ အဲဒါနအဖအာဏာရူးတွေရဲ့ ဒူးမနာ ဖခင်ကြီးအာဏာရှင်လုပ်စဉ်ကာလကတည်းက‘နေ၀င်း၊နေ၀င်း’ဆိုပြီးနှုတ်ကျိုးနေခဲ့ကြတာမဟုတ်လား။ ဖအေကို အဲသလို မလေးစားမှတော့ သူ့ရဲ့ ဒူးမနာသား အာဏာရူးတွေကိုလည်း လူထုက ဘယ်လေး BURMA STAR GROUP

14

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

စားတော့မလဲနော်။ လေးစားလောက်အောင်လည်း ဘာတခုမှ လုပ်မပြနိုင်ဘဲကိုး။ အဲ…တရက်မှာတော့ … (အရင်တုန်းကတော့ တပင်တိုင် တီဗွီမင်းသားကြီး ဗိုလ်ခင်ညွန့်ပေါ့၊ အခုတော့ ဆိုင်းငံ့ထောင်နန်းစံ မင်းသားလေး ဖြစ်နေရရှာတဲ)့ နေရာတကာ ကိုပါရာလုပ်ခဲ့တဲ့ မောင်ခင်ညွန့်လေး ဟာ သူရ့ဲ ၀သီအတိုင်း ဘာမှသိတာမဟုတ်ဘဲ တတိုင်းပြည်လုံးလျှောက်ပတ်ပြီး လိုအပ်တာတွေ မှာ စားဖို့အတွက် တိုင်းခန်းလှည့်လည်သတဲ့။ အဲသမှာ ကျောင်းတကျောင်းကို ရောက်သွားတော့ ကျောင်း အုပ်ဆရာမကြီးက သူ့တပည့် မူလတန်းကျောင်းသားလေးကို ‘သား ဒီဘဘကို သိသလား၊ ပြောပါဦး’ ဆိုပြီး ဗိုလ်ခင်ညွန့်ရှေ့မှာ မျက်နှာချိုသွေးပြသတဲ့။ ကျောင်းသားလေးကလည်း ချက်ချင်းပဲ ‘သိတယ်၊ တီဗွီထဲမှာ အမြဲတွေ့တယ်’လို့ပြောသတဲ့။ အဲဒီမှာ ဆရာမကအားရ၀မ်းသာနဲ့ ‘ဒါဆိုဘယ်သူလေဲ ပြာပါ ဦး…သား’လို့ဆိုတော့ ကျောင်းသားလေးက ‘ခင်ညွန့်’လို့ဖြေလိုက်လို့ ဗိုလ်ခင်ညနွ့် တော်တော်ရှက်သွား ပြီး ဆရာ၊ ဆရာမတွေလည်း ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်သတဲ့။ ဗိုလ်ခင်ညွန့်ဟာ အကြီးအ ကျယ် ဒေါသထွက် ရှက်ရမ်းရမ်းပြီး ကျောင်းသူကျောင်းသားတွေကို ယဉ်ကျေးမှုရှိအောင်သွန်သင်ဆုံးမ ဖို့ ဆရာ၊ ဆရာမတွေကို အကြီးအကျယ် ဆူပူကြိမ်း မောင်းပြီး လိုအပ်တာတွေတောင် မှာမစားတော့ဘဲ ပြန်ထွက်သွားသတဲ့ဗျာ။ ဂျင်ဂလိကတော့ ‘ခင်ညွန့်’လို့ ဖြေတဲ့ကျောင်းသားလေးကို အပြစ်မတင်ထိုက်ဘူးလို့ ထင်မိတာပဲ။ ကလေးဆိုတာ အတုမြင်အတတ်သင်ကိုး။ အိမ်မှာရှိတဲ့ လူကြီးတွေက ‘ခင်ညွန့်၊ ခင်ညွန့်’ ခေါ်ပြောနေမှ တော့ သူလည်း ‘ခင်ညွန့်’ လို့ ပြောမိတာ အပြစ်လားဗျာ။ အဲဒအီ ကြောင်းကို ဂျင်ဂလိက မိတ်ဆွေတယောက်ကို ပြောပြတော့ သူက ရယ်စရာတခုပြန်ပြောလိုက် လို့ ဂျင်ဂလိ တ၀ါးဝါး ပွဲကျရသေးတယ်။ သူက ကလေးအဲသလိုပြောတာ ဘာဆန်းသလဲတ။ဲ့ နအဖ အာဏာရူးတွေကို ခွေးဟောင်ရင်တောင် ခွေးကသာမန်လူတွေကို ဟောင်သလို ‘၀ုတ်၊ ၀ုတ်၊ ၀ုတ်’ ဆိုပြီး အသံသုံးသံနဲ့ တလေးတစားမဟောင်ဘူးတဲ့။ ‘၀ုတ်၊ ၀ုတ်’ ဆိုပြီး နှစ်သံထဲနဲ့ ဟောင်သတဲ့။ အဲဒါ ခွေးက သူတို့ကိုမလေးစားလို့ ‘ဦး’ တပ်ခေါ်ပြီး မဟောင်တာပေါ့ကွတဲ့။ ဂျင်ဂလိမှာ သူ့အပြောကို သဘောကျပြီး မျက်ရည်ထွက်အောင် ရယ်မိပါလေရော။ သြော်…တိုင်းသူပြည်သားတွေအားလုံးက လေးစားဖို့ဝေလာဝေး၊ ကလေးနဲ့ခွေးကတောင်မလေးစားတဲ့ နအဖအာဏာရူးတွေက ခေတ်မီဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်အောင် သူတို့တည်ဆောက်နေပါ သတဲ့။ ဘာတွေကို ဘယ်လိုများ ဆက်ဖျက်ကြဦးမှာပါလိမ့်နော်။ ဂျင်ဂလိ

 BURMA STAR GROUP

15

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

မြန်မာာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကြည်းတပ်များတိုးချဲ့ချထား ကိုစိုး | နိဝု င်ဘာ ၁၁၊ ၂၀၀၈ ဧရာဝတီ ရေပိုင်နက်အငြင်းပွားမှု ပြဿနာဖြစ်နေသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကုန်းတွင်းပိုင်း နယ်စပ် တလျှောက်တငွ် နှစ်နိုင်ငံ လုံခြုံရေးတပ်များကို တပ်လှန့်ချထားကြောင်း သိရသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် အမှတ(် ၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အဆိုအရ မိုင် ၁၇၀ ခန့် ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက် တွင် လုံခြုံရေး တပ်ဖွဲ့ များကို စနေနေ့က စတင်ချထားကြောင်း သိရှိရ သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အခြေစိုက် နိရဉ္စရာ သတင်းဌာနအယ်ဒီတာ ကိုခိုင်မြတ်ကျော်ကလည်း “ကုန်းပိုင်း မှာ ဟိုဘက် ဒီဘက် စစ်တပ်တွေ ၊ လုံခြုံရေးတပ်ဖွဲ့ ၀င်တွေ ရှိတယ်၊ လွန်ခ့တဲ့ စနေနေ့လောက်ကတည်းက စ ပြီးတော့ဖြစ်တာ၊ တပ်အင်အားအရေအတွက်တော့ မသိရဘူး၊ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ red alert လုပ်ထား တယ်” ဟု ပြောသည်။ ဘင်္ဂလားဒေ့ရှ်တောင်ဘက် မိုင် ၃၀ ခန့်အကွာ စိန့်မာတင်ကျွန်းအနီးတွင် ရေနံနှငသ့် ဘာဝ ဓာတ်ငွေ့ရှာဖွေနေ သော ကိုရီးယားကုမ္ပဏီ သဘောင်္လုံခြုံရေးအတွက် မြန်မာရေတပ် စစ်သင်္ဘောများ ပို့ဆောင်လိုက်ပြီးနောက်ပိုင်း ယခုကဲ့သို့ နှစ်နိုင်ငံတင်းမာမှု ဖြစ်လာရခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ်လုံခြုံရေး တပ်များကို တပ်လှန့်ချထားသည်ဟု တရားဝင်ပြောဆိုနေစဉ်အတွင်းမှာပင် အဆိုပါ အငြင်းပွားနေသော ရေပိုင်နက်ရှိ မြန်မာ ဘက်က ရေတပ်စစ်သင်္ဘောများ ပြန်လည်ဆုတ်ခွာသွားသည်ဟု ရိုက်တာသတင်းဌာနက ရေးသားထားသည်။ နိဝု င်ဘာ ၆ ရက်နေ့က မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်အား ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေး အတွင်းဝန်နှင့် အဖွဲ့ က လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ အငြင်းပွားရာရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့ တူးဖော်နေသည့်လုပ်ငန်းကို ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက်ကို နောက်တနေ့တငွ် မြန်မာအစိုးရဘက်က ပယ်ချကြောင်း အစိုးရပိုင် သတင်းစာများမှ တဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နိဝု င်ဘာ(၉)ရက်နေ့ထုတအ် စိုးရသတင်းစာတွင်မူ ကမ်းလွန်ရေနံနှငသ့် ဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ကွက် AD-7 ရှိ စမ်းသပ်တိုင်းတာရေးလုပ်ငန်းများ နိဝု င်ဘာ(၈)ရက်တင်ွပြီးစီးသောကြောင့် A-3 လုပ်ကွကသို့ စတင်ပြောင်း ရွှေ့နေကြောင်းနှင့် လုပ်ငန်းအစီအစဉ်များကိဆု က်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။ မြန်မာဘက်က အစိုးရ သတင်းစာများကသာ ယင်းကဲ့သို့ထုတ်ပြန်ကြေညာချက်ကို ထည့်သငွ်းဖော်ပြခဲ့သော် လည်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများကမူ အကျယ်တ၀င့် ဖော်ပြကြကြောင်း သိရသည်။ “ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အချာအာဏာပိုင်စိုးမှုကို မြန်မာပြည်က ကျူးကျော်တယ် ဆိုပြီး ရေးသားကြတယ်၊ ခေါင်းကြီးပိုင်းကကို ရေးကြတာများတယ်၊ ဒေးလီးစတားတို့ ဘာတို့မှာ ရေးကြတယ်” ဟု ကိုခိုင်မြတ်ကျော်က ပြောသည်။ ယခုကြုံတွေ့နေရသည့် ပြဿနာအတွက် လာမည့် နိဝု င်ဘာ ၁၆-၁၇ ရက်များတွင် နှစ်နိုင်ငံ တာဝန်ရှိသူများ အနေနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ရန် ရှိကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက စစ်အစိုးရ ဒုတိယ စစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး သည် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ အဖွဲ့ ၀င် ၅၀ ကျော်နှင့် သွားရောက်ခဲ့ပြီး ပင်လယ်ရေပိုင်နက် အငြင်းပွားမှုကိစ္စ အပါအ၀င် သဘာဝဓာတ်ငွေ့၊ လမ်းဖောက်လုပ်ရေး၊ ဆန်တင်သငွ်းရေး ၊ အခွန် ၂ ထပ် လျှော့ချရေး၊ ကုန်သွယ်မှုဆငိုရာ ကိစ္စများ စသည့် နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စရပ်များကို လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့်



ဆွေးနွေးခဲ့သည်။

BURMA STAR GROUP

16

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

လူ့ပြည်စခန်းဘွေဆီ ထူးပေဆန်းပေသည် “အာရှ ရေအိမ်သာ စားသောက်ဆိုင”် “toilet restaurant” restaurant”

ရေခဲမုန့(် အပေါ်ပုံ) BURMA STAR GROUP

ဟင်းပွဲလျာများ(အလယ်နှင့်ယာ) 17

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ဘေဂျင်းအိုလံပစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခင်ွလျှာနှင့် မြန်မာ့အရေးအနှစ်နှစ်ဆယ် (၂၀၀၈) ခုနှစ်၊ သြဂုတ်လ ရှစ်ရက်နေ့တွင် ကမ္ဘာ့အိုလံပစ်ပွေဲ တ်ာကြီးကို တရုတ်နိုင်ငံတငွ် စတင်ကျင်း ပတော့မည်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိဗက်အရေးကိစ္စများ၊ လုံခြုံရေးကောင်စီတွင် ဗွီတိုအာဏာကျင့်သုံးမှုများကြောင့် အိုလံပစ်ပွဲကျင်းပသည့် အိမ်ရှင်တရုတ်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ များအကြား၊ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့ အစည်းများ အကြားတွင် အဝေဖန်ခံရမှု ရေပန်းစားနေ သောနိုင်ငံဖြစ်သည်။ အခြားတဘက်တင်ွလည်း မယုံကြည်နိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ခုန် တက်လာသော

စီးပွားရေးတိုးတက်မှုများကြောင့်

တပင်တိုင်မင်းသားကြီးဖြစ်နေသော

စစ်အေးကာလပြီးချိန်မှစ၍

အမေရိကန်နှင့်

ကမ္ဘာ့နိုင်ငံရေးတွင်

ယှဉ်ပြိုင်ဖက်ဖြစ်လာနိုင်မည်လားဆိုသည်ကို

အကဲခတ်စောင့်ကြည့်လေ့လာခံနေရသော နိုင်ငံဖြစ်သည်။ ထိုသို့သော ကမ္ဘာ့နိုင်ငံရေးချိန်ခင်ွလျှာ အပြောင်းအလဲကာလတွင် မြန်မာ့ဒီမိုကရေစီအရေးကလည်း အနှစ်နှစ်ဆယ်ကြာကာလအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်ပွားလာသည်ကား အိုလံပစ်စတင်ကျင်းပ သည့် သြဂုတ်လ (၈)ရက်နေ့သည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က မြန်မာနိုင်ငံတငွ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး စတင်ခဲ့သည့် နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။ ယခုဆောင်းပါးတွင် အဆိုပါ ဘေဂျင်းအိုလံပစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ၊ မြန်မာ့ဒီမိုကရေစီအရေးကိစ္စများနှင့် ပတ်သက်သည်များ ကို အနည်းငယ် တင်ပြဆွေးနွေးလိုပါသည်။ ဘေဂျင်းအိုလံပစ်ကျင်းပရာတရုတ် တြ် ပည် ပြည်တွင်းတွင်လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်ပကမ္ဘာ့အရေးတွင် လူသားချင်းစာနာမှုဖြင့် ၀င် ရောက်ကျူးကျော်စွက်ဖက်ရေးများအား ဗွီတိုအာဏာကျင့်သုံး၍ တားဆီးပိတ်ဆို့မှုများ၊ အာဏာရှင် နိုင်ငံများအား အကာအကွယ်ပေးမှုများ ပြုလုပ်နေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အိုလံပစ် ပြိုင်ပွဲကျင်းပခွင့်ပေးအပ်ချိန်မအှ စပြု၍ ကမ္ဘာတလွှားတွင် ကန့်ကွက်မှုများ၊ သပိတ်မှောက်မှုများ ဖြစ် ပွားလာခဲ့သည်။ ထိုသို့ လူ့အခွင့်အရေးအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများက မည်သို့ပင် ကန့် ကွက်နေလင့်ကစား ဒီမိုကရေစီနိုင်ငံများအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ ပြစ်တင်ဝေဖန် သည်ဆိုသော စကားလုံးများ တခါတရံ ပြောဆိုသည်မှလ၍ွဲ တက်တက်ကြွကြွ ကန့်ကွက်ခြင်း မရှိလှ။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊ ချစ်ကြည်စွာလက်တွဲရေးများကို အရှိန်အဟုန်ဖြင့် ဆောင် ရွက်ခဲ့ကြသည်။ အိုလံပစ်မီးရှူးတိုင်သယ်ဆောင်ရေးတွင် အနှောင့်အယှက်ပြုနိုင်သူများကို ကြိုတင် ဖမ်းဆီးသည်အထိပင် ကာကွယ်ပေးခဲ့ကြသည်။ တိဗက်အရေးကိစ္စဖြစ်လာတော့ ကမ္ဘာ့အသံလွှင့်မီဒီယာတခုမှ ဥရောပဒီမိုကရေစီနိုင်ငံတခု၏ ၀န်ကြီး BURMA STAR GROUP

18

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ချုပ်အား လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံအား မည်သို့အရေးယူသင့် သနည်းဟု မေးမြန်းရာတွင် “ကုန်သွယ်မှုများများလုပ်တာနဲ့အမျှ စီးပွားရေးတိုးတက်လာတာနဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့နည်းသွားမှာပါ”ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။ လူ့အခွင့်အ ရေးပြဿနာရှိသော နိုင်ငံများအား စီးပွားရေးပိတ်ဆို့မှုများဖြင့် အရေးယူတတ်လေ့ရှိသော ဒီမိုကရေစီ ပရိုမိုးရှင်းလုပ်နေသည့် နိုင်ငံများအတွက် တရုတ်နိုင်ငံသည်ကား အဘယ်ကြောင့် ခြွင်းချက်ဖြစ်နေရ သနည်း။ အဖြေကားရှင်းပါသည်။ တရုတ်နိုင်ငံ၏ economic power သည် ကမ္ဘာ့ဈေးကွက်ကို ထိန်းချုပ်ထားနိုင် သည့် အခြေအနေဖြစ်နေသောကြောင့်ပင်။ ကမ္ဘာတ၀ှမ်း၌ ရောင်းချနေသည့် စားသောက်ကုန်၊ အ၀တ် အထည်၊ လူသုံးကုန်ပစ္စည်းတော်တော်များများတွင် made in China ဆိုသော စကားလုံးမပါသည့် ပစ္စည်းက ခပ်ရှားရှားဖြစ်လာနေပေပြီ။ နောက်ဆုံးစစ်လက်နက်ပစ္စည်းများတွင်ပင် တရုတ်ထုတ်ကုန် များက နေရာအနှံ့လွှမ်းမိုးလာခဲ့သည်။ သုံးဒေါ်လာခန့်သာတန်သည့် 72A အမျိုးအစား တရုတ် လုပ်မြေမြှုပ်မိုင်းများသည်ပင် ပြည်တငွ်းစစ်ဖြစ်ပွားရာ နိုင်ငံများရှိ မြေပြင်နေရာအနှံ့တွင် perfect soldier များအဖြစ် နေရာယူထားခဲ့ကြသည် မဟုတ်ပါလား။ ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာကို ကျွန်ုပ်တို့ ထည့်သငွ်းစဉ်းစားကြရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးချွိလျှာ ရးချိန်ခင စစ်အေးကာလအပြီး အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများ၏ နိုင်ငံခြားရေးရာ မူဝါဒများ၌ ဒီမိုက ရေစီနှင့် လူ့အခွင့်အရေးသည် ထိပ်ဆုံးမှ နေရာယူလာခဲ့သည်။ ဥရောပသမဂ္ဂ၏ aid policy များ တွင်လည်း

လူ့အခွင့်အရေးအားလေးစားတန်ဖိုးထားမှုနှင့်

အရေးပါဆုံးသော ကမ္ဘာ့ဘဏ်နှင့် governance

သတ်မှတ်ချက်များ

ဖြစ်လာခဲ့သည်။

အိုင်အမ်အက်ဖ်တို့ကလည်း လိုအပ်ချက်ကို

ဒီမိုကရေစီအသွင်ကူးပြောင်းမှုများသည် နိုင်ငံတကာအဖွဲ့ အစည်းများဖြစ်ကြသော

လူ့အခွင့်အရေးကဏ္ဍအရေးကြီးဆုံးဖြစ်သော

အာရုံစိုက်ဖော်ဆောင်ခဲ့ကြသည်။

နိုင်ငံရေးသိပ္ပံပညာရှင်

good Francis

Fukuyama က 'The end of history' ဟုပင် အဆိုပြုခဲ့သည်။ Liberal international order သည် တခုတည်းသာ ကျန်ရှိတော့သည့် new world order အဖြစ် ရှုမြင်သုံးသပ်ခဲ့ကြသည်။ အမေရိကန် သမ္မတအဆက်ဆက်ကလည်း ဖူကူရာမ၏ အဆိုများကို သံယောင်ပြုခဲ့ကြသည်။ Immanuel Kant ၏ ဒီမိုကရက်တစ်ငြိမ်းချမ်းရေးစာတမ်းတွင် ဖော်ပြထားသကဲ့သို့ ကမ္ဘာ့နိုင်ငံများတွင် လစ်ဘရယ် ဒီမိုက ရက်တစ် အုပ်ချုပ်ရေးတည်ဆောက်ခြင်းဖြင့် perpetual peace ကို ရရှိစေနိုင်မည် ဟူသော အချက်ကို အလေးအနက်ထားခဲ့ကြသည်။ သို့ပေမယ့် ကမ္ဘာကြီးပေါ်တွင် အမှန်တကယ်ဖြစ်ပွားခဲ့သည်များကတော့ ဤမျှလောက် မလွယ်ကူ၊ မအေးချမ်းခဲ့ပါ။ အခြားနိုင်ငံရေးသိပ္ပံပညာရှင်တဦးဖြစ်သူ Samuel Huntington ဆိုထားခဲ့သည့် clash BURMA STAR GROUP

19

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

of civilization သည် အမှန်တကယ်ပင် ဖြစ်ပွားလာခဲ့ပါသည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် nation states များသည်သာ primary အဖြစ်ရှိပြီး၊ global order မှာလည်း ယဉ်ကျေးမှုဆိုင်ရာအဆိုများ၏ လွှမ်းမိုးမှုများပေါ်တွင် ပိုမိုတည်မှီလာခဲ့ပါသည်။ Confucian, Sinic, Islamic power blocs များ ပေါ်ပေါက်လာခဲ့ပါသည်။ အာရှနိုင်ငံများတွင် စင်ကာပူ၊ မလေးရှားနိုင်ငံများမှ ဦးဆောင်၍ Asian values ကို ကြွေးကြော်ခြင်း ဖြင့်လည်းကောင်း၊ အရှေ့အလယ်ပိုင်းဒေသများတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများသည် အစ္စ လာမ်ဘာသာကို undermine လုပ်သည်ဟူသော အဆိုများဖြင့် လည်းကောင်း၊ အမေရိကန်နှင့် မဟာမိတ်များ၏ ဒီမိုကရေစပရိုမိုးရှင်းနှင့် universal human rights ကို ဆန့်ကျင်အာခံခဲ့ကြသည်။ အစွန်းရောက်စစ်သွေးကြွဝါဒီများအတွက်ကား အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ရန်သူများစာရင်း သို့ သွတ်သငွ်းခြင်းခံခဲ့ရသည်။ ကမ္ဘာတ၀ှမ်းတွင် အကြမ်းဖက်မှုများက စိုးမိုးလာခဲ့သည်။ ထိုအခါ အမေရိကန်က war on terror ကြေငြာ၍ ပြဿနာများကို ဦးဆောင်ဖြေရှင်းသည်။ ရလဒ်မှာကား အမေရိကန်၏ လုပ်ဆောင်ချက်များသည် defensive strategy ပေါ်တွင် အခြေမပြုတော့ပဲ တစတစ doctrine of pre-emption ခေါ် အမေရိကန် homeland နှင့် ပြည်ပရှိအမေရိကန် interest များအား ရန်သူကမတိုက်ခိုက်ခင် မိမိက ဦးစွာစစ်ရေးအရ တိုက်ခိုက်အနိုင်ယူခြင်း အပေါ်တွင် အခြေပြုလာ သည်။ တနည်းဆိုရလျှင် အမေရိကန်နိုင်ငံ၏ imperialist motive သည် တစတစ ကျယ်ပြန့်လာခဲ့ သည်။ အီရတ်ကို ၀င်ရောက်ကျူးကျော်ပြီး နောက်ပိုင်းတွင်ကား ကမ္ဘာတ၀ှမ်းတွင် အမေရိကန်အား ဝေဖန်တိုက်ခိုက်မှုများ ပိုမိုများပြားလာခဲ့သည်။ အခြားတဘက်တွင်လည်း တရုတ်နိုင်ငံ၏ economic power မှာ ကမ္ဘာတ၀ှမ်းကို လွှမ်းမိုးလာခဲ့သည်။ စစ်အေးတိုက်ပွဲပြီးစဉ်မှစ၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ အဓိကအချက်နှစ်ချက်ကို အခြေခံ ထားသည်။ ပထမတချက်က ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာ conditions များကို maintain လုပ်ရန်ဖြစ်ပြီး၊ ဒုတိယတချက်မှာကား နိုင်ငံတကာ ambitions များကို frustrate လုပ်လာ နိုင်မည့် အမေရိကန်နှင့် အခြားနိုင်ငံများ၏ လုပ်ကိုင်နိုင်ရည်ကို လျှော့ချရန်ဖြစ်သည်။ ယင်းအတွက် တရုတ်နိုင်ငံသည် multilateralism ကို အသုံးပြုဖော်ဆောင်ထားသည်။ အမေရိကန်၏ operative principle မှာလည်း balance of power ကို maintain ဆက်လုပ်ထားရန်ဖြစ်သည်။ အမေရိကန်နှင့် တရုတ်တို့အကြား strategic partners များအဖြစ် နေကြမည်လား၊ strategic competitors များအဖြစ် ရင်ဆိုင်လာကြမည်လား ဆိုသည်ကို မေးဖွယ်ရာ ဖြစ်လာသည်။ အမေရိကန်နိုင်ငံတခုတည်းတွင် တရုတ်နိုင်ငံ၏ industrialization ကို stall လုပ်နိုင်မည့် distributive power မရှိသကဲ့သို့ မည်သည့် အနောက်ဥရောပနိုင်ငံ၊ ဂျပန်နှင့်ရုရှားနိုင်ငံတို့မှလည်း ထိုသို့အမေ ရိကန်လုပ်မည့် လမ်းကြောင်းကို အကူအညီပေးဖွယ်ရာမရှိပေ။ သို့ဖြစ်ရာ တရုတ်နိုင်ငံကို အမေရိကန် BURMA STAR GROUP

20

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

မှ hostile လုပ်ခြင်းအားဖြင့် တရုတ်နှင့်ရုရှားပိုမိုနီးကပ်စွာ ပူးပေါင်းသွားစေခြင်းသာ အဖတ်တင် ကျန်ရစ်မည်ဖြစ်သည်။ သို့ဖြစ်၍ အမေရိကန်တငွ် တရုတ်နိုင်ငံ ပါဝါတက်လာမှုကို accommodate လုပ်ရုံမှတပါး ရွေးချယ်ရာလမ်းမရှိ။ တရုတ်နှင့် strategic partner မဖြစ်သေးစေကာမူ strategic competitor ဖြစ်လာမည်ကား မဟုတ်နိုင်ပေ။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက Geopolitics အရ အရေးကြီးဆုံးနိုင်ငံတနိုင်ငံဖြစ်နေသော မြန်မာနိုင်ငံအား အမေရိကန်မှစစ်ရေးအရ ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်းသည် ဖိုးလမင်းထံမှ ထမင်းဆီဆမ်း ရွှေလင်ဗန်းတောင်းနေသ ကဲ့သို့ပင်ဖြစ်ကာ မျှော်လင့်ချက်မှားများဖြစ်စေသည့် strategic failure တစ်ခုပင်ဖြစ်လေသည်။ အနှစ်နှစ်ဆယ်မြန်မာ့ဒီမိုကရေစီအရေး မြန်မာ့ဒီမိုကရေစီအရေး

အနှစ်နှစ်ဆယ်ကြာအောင်

ရှည်ကြာနေရသည့်

အကြောင်းရင်းများတွင်

အတိုက်အခံများ စည်းလုံးမှုအားနည်းခြင်း၊ တပ်ဦးပါတီ၏ ဦးဆောင်မှုအရည်အချင်း ယုတ်လျော့ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်နိုင်မှု နှောင့်နှေးခြင်း၊ အခွင့်အရေးသမားများ အရေခြုံဝင်ရောက်လာခြင်း၊ မဟာဗျူ ဟာ၊ နည်းဗျူဟာပိုင်းဆိုင်ရာ အတွေးအခေါ်အားနည်းခြင်း စသည်တို့သာမက ကမ္ဘာ့နိုင်ငံရေးချိန်ခွင် လျှာ အပြောင်းအလဲများကပါ အရေးပါသော အကွေ့အပြောင်းများကို ဖြစ်ပွားစေခဲ့သည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ မြန်မာစစ်အစိုးရကို နိုင်ငံတကာ စာမျက်နှာများတွင် အကာအ ကွယ်ပေးနေသယောင်ဖြစ်နေခြင်းကို စစ်ဗိုလ်ချုပ်များနှင့် ထိုအစိုးရများကြားမှ စီးပွားရေးအကျိုးအမြတ် ကြောင့်ဟု လူအများက ထင်မှတ်ကြသည်။ အတိုင်းအတာတခုအထိ ပါဝင်သည်မှန်သော်လည်း၊ လက် တွေ့တွင်ကား မြန်မာ့အရေးသည် အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ power games များ တွင် ကြားညပ်နေခြင်းသာ ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စီးပွားရေးယုတ်လျော့ကျဆင်းမှုများဖြင့် ပြည့်နှက်နေသော မြန်မာနိုင် ငံအား အာဆီယံမှ လက်ခံခဲ့သည်အ့  ချိန်သည် cultural relativism သဘောတရားကိုလက်ကိုင်ပြုကာ Asian values အဆိုများဖြင့် အာရှနိုင်ငံများမှ အနောက်အုပ်စုနိုင်ငံများ၏ ဒီမိုကရေစီပရိုမိုးရှင်းအပေါ် အားစမ်းနေသည့် ကာလတွင်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် တည်ကြက်သဖွယ် ဖြစ်ခဲ့ရသည်။ တဖန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတငွ် မြန်မာ့အရေးကိုတင်နိုင်လာချိန်တင်ွလည်း တရုတ်နိုင်ငံသည် မည်သည့်နိုင်ငံကမှ challenge မလုပ်ရဲတော့သည့် economic power ကို ပိုင်ဆိုင်ထားသည့် အချိန် အခါတွင် ဖြစ်နေခဲ့ပါသည်။ စစ်မဟာဗျူဟာ လေ့လာရေးနှင့် အပြည်ပြည်ဆိုင်ရာလုံခြုံရေး မည်သည့်ရှု ထောင့်မှပဲ

ကြည့်ကြည့်

တရုတ်နိုင်ငံသည်

မြန်မာနိင်ုငံအတွင်းသို့

အနောက်အုပ်စုတပ်များဝင်

ရောက်မှုကို မည်သည့်ရည်ရွယ်ချက်ဖြင့်ပင် ဖြစ်စေကာမူ လက်ခံမည်မဟုတ်သည်မှာ အသေအချာပင် ဖြစ်နေပေသည်။

BURMA STAR GROUP

21

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ဤသို့သော အခြေအနေတွင် အဆိုးဆုံးဖြစ်နေသည်ကား မြန်မာ့ဒီမိုကရေစီအရေးသည် တော်လှန် ရေးတခုတွင် ဖွင့်လှစ်ထားရှိရမည့် စစ်မျက်နှာ ငါးမျိုးအနက် နိုင်ငံတကာ စစ်မျက်နှာ (international battlefront) တခုတည်းကိုသာ ဦးတည်ထားသည့် အချက်ဖြစ်သည်။ (၁၉၉၆) မှ (၂၀၀၄) အထိ ကာလတလျှောက်တွင် မြန်မာ့ဒီမိုကရေစီအတိုက်အခံများသည် နိုင်ငံတကာ ကင်ပိန်းများကိုသာ အာရုံ စိုက်ပြုလုပ်ခဲ့ကြပြီး၊ အခြားစစ်မျက်နှာများဖြစ်သော စစ်ရေးစစ်မျက်နှာ (military battlefront)၊ နိုင်ငံ ရေးစစ်မျက်နှာ (political battlefront) ၊ ယဉ်ကျေးမှုနှင့်ယုံကြည်သက်ဝင်မှုစစ်မျက်နှာ (culturalspiritual battlefront) နှင့် လူမှုစီးပွားစစ်မျက်နှာ (social economic battlefront) များတွင် အာရုံ စိုက်မှုနည်းခဲ့ကြသည်။ ပြည်တငွ်းတွင်ရှိသော တိုက်ပွဲကို ပြည်ပမှ အမြောက်ပစ်၍ စစ်ကူပေးသည့် အလုပ်များကိုသာ ဦးစားပေးခဲ့ကြသည်။ ပြည်တွင်းတွင် မြေအောက်ယူဂျီကွန်ယက်များကို မြို့ပြကျေး လက်အဆင့်ဆင့် ထိုးဖောက်ချိတ်ဆက်ရမည့်အစား၊ ပြည်ပနိုင်ငံပြည်သူများ အာရုံစိုက်မှုရစေရေးတွင် အချိန်ပေးခဲ့ကြသည်။ တော်လှန်ရေး၏ အဓိကသော့ချက်ဖြစ်သော winning the hearts of people ဗျူဟာကို ပြည်တငွ်း တွင် အကောင်အထည်ဖော်ရေးထက် ပြည်ပနိုင်ငံများတွင် အကောင်အထည်ဖော်ရေးကို အားသန်ခဲ့ ကြသည်။ ပြည်ပနိုင်ငံပြည်သူများမှ သနားညှာတာစွာ ပေးအပ်သော ကရုဏာများကို သာယာခဲ့ကြ သည်။ ပြည်ပအစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှ မြန်မာ့အရေးအတွက် statement လေးတခု ထုတ်ပေးလျှင်ပင် ဟုတ်လှပြီဟေ့၊ ငါကွဟု ကြွေးကြော်ခဲ့ကြသည်။ ထိုအချိန်များတွင် ပြည် တွင်းမှ ပြည်သူလူထုနှင့် တော်လှန်ရေးတို့ တစတစဝေးကွာမှန်းမသိ ဝေးကွာလာသည်ကို သတိမပြု မိခဲ့ကြ။ စစ်အာဏာရှင်စနစ်အောက်တငွ် မွန်းကြပ်နေသော ပြည်သူလူထုအတွက် လွတ်မြောက်ရာ လမ်းကို ဦးဆောင်ညွှန်ပြခြင်း မရှိခဲ့ကြ။ မျှော်လင့်ချက်မှားများ ပေးခဲ့ကြသည်။ (၂၀၀၅) ခုနှစ်မှ အစပြုပြီး ဒီမို ၂၀၀၆ ကြွေးကြော်သံများနှင့်အတူ လူထုတိုက်ပွဲလမ်းကြောင်းပေါ် ပြန်ရောက်လာသည်အထိ၊ ထိုအယူအဆများက ပျောက်ကွယ်သွားခြင်းမရှိခဲ့။ လူထုတိုက်ပွဲတခုတွင် နယ်အနှံ့ပျံ့နှံ့သွားမှု၊ ဖော်ဆောင်သူများမှ တိုက်ပွဲအရှိန်ကို ထိန်းသိမ်းထားနိုင်မှု၊ လူအများပူးပေါင်း ပါဝင်လာမှု၊ အကျအဆုံးနည်းစွာနှင့် ထိရောက်နိုင်မှု၊ ပြောက်ကျားများကဲ့သို့ ဟိုနေရာပေါ်၊ ဒီနေရာ ပျောက်ဖြင့် အာဏာရှင်များအား လှည့်စားနိုင်မှု စသည်တို့သည် ပြည်ပနိုင်ငံပြည်သူများ သတင်းတခု ထိုင်ကြည့်ပြီး

သြော်-

သူတို့တိုင်းပြည်မှာ

ဒီလိုဖြစ်နေပါလား

မှတ်ချက်ပေးခံရရန်၊

ပြည်ပနိုင်ငံ

အစိုးရများမှ မြန်မာစစ်အစိုးရအားပြစ်တင်ရှုတ်ချလိုက်ကြောင်း စတိတ်မင့် တခုထွက်ပေါ်လာစေရန် ကြိုးပမ်းအားထုတ်မှုများထက် ပို၍ အရေးကြီးပါသည်။ ထိုသို့မဟုတ်ပဲ တော်လှန်ရေးတခုကို ဒီမိုက ရေစီနိုင်ငံများတွင် ပြုလုပ်သည့် ကင်ပိန်းတခုကဲ့သို့သော အယူအဆများဖြင့် ပြုလုပ်နေပါက အောင် မြင်မှုရာနှုန်းနည်းနိုင်ပါသည်။ စက်တင်ဘာတော်လှန်ရေးကဲ့သို့ ပြည်သူလူထုမှ အမေရိကန်တပ်များ ၀င်လာမှာကို စောင့်မျှော်ရင်း ပြီးဆုံးသွားသည့် အမှားမျိုးထပ်မံမဖြစ်ပွားစေရန် ဂရုပြုကြရပါမည်။ BURMA STAR GROUP

22

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ထို့အပြင် ပြည်ပအတိုက်အခံများတွင် standpoint နှင့် scope ကို အဖွဲ့ အစည်းများ အလိုက် သတ် မှတ်ကြရန်လည်း လိုအပ်လာပြီဟု မြင်ပါသည်။ အနှစ်နှစ်ဆယ်ကာလတွင် မိမိတို့နှင့် အနီးကပ်ဆုံး ဆက်ဆံကြရသည်က အစိုးရများထက် အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့်ဖြစ်ပါသည်။ ထိုအဖွဲ့ အစည်းများတွင် အချို့က လူ့အခွင့်အရေးအဖွဲ့ များ၊ အချို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ များ၊ အချို့က နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေး၊ အချို့က အမျိုးသမီးအခွငအ့် ရေးအဖွဲ့ များ စသည်ဖြင့် အမျိုးမျိုး ရှိပါသည်။ ထိုသို့ပူးတွဲလုပ်ဆောင်ရင်း မိမိတို့ အတိုက်အခံအင်အားစုများသည် စစ်အာဏာရှင်အားတိုက်နေသည့် တော်လှန်ရေးအဖွဲ့များ အသွင်မဆောင်တော့ပဲ အင်ဂျီအိုအဖွဲ့ များ ပုံသဏ္ဍာန်ဖြစ်လာပါသည်။ report များထုတ်လိုက်၊ ပရောဂျက်များတင်လိုက၊် ချပေးသည့် funds များဖြင့် ချပေးသည့် ပရောဂျက်များ လုပ်လိုက်၊ စတိတ်မင့်များ ထုတ်လိုက်ဖြင့် non- state actors များဖြစ်သည့် Transnational organizations အသွင်များ ပေါက်လာပါသည်။ မြန်မာနိုင်ငံမှ စစ်အစိုးရ အားတိုက်နေသည့် collective identity က တစတစ ပျောက်ကွယ်လာပါသည်။ ဥပမာဆိုရလျှင်- ဘေဂျင်းအိုလံပစ်ကိစ္စ။ အိုလံပစ်အရေးတွင် အများဆုံး ကန့်ကွက်ကြသူများမှာ state actors များမဟုတ်ပဲ အင်ဂျီအိုများနှင့် လူ့အခွင့်အရေးအဖွဲ့ များဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာ့အရေးတွင် ပိတ်ပင် တားဆီးမှုများ အများအပြား ပြုလုပ်ထားပါသည်။ သို့ဖြစ်၍ ထိုသို့ပိတ်ဆို့ မှုကို တရုတ်သံရုံးရှေ့တွင် မြန်မာများသွားရောက်၍ ဆန္ဒပြသည်ဆိုလျှင် မှန်ကန်သောနည်းလမ်း ဖြစ်သော်လည်း အိုလံပစ်ပသွဲ ပိတ်မှောက်ရန် လူ့အခွင့်အရေးအဖွဲ့ များနှင့် ပူးပေါင်းလုပ်ကိုင်သည်က တော့ strategic failure ဖြစ်နိုင်ပါသည်။ အိုလံပစ်အား သပိတ်မှောက်သင်သ့  ည်၊ မသင့်သည် ကိစ္စ များကို ကျွန်မငြင်းခုန်နေခြင်းမဟုတ်ပါ။ သို့ပေမယ့် မြန်မာအတိုက်အခံများမှ သပိတ်မှောက်လိုက်ခြင်း ဖြင့် တရုတ်နှင့် မြန်မာစစ်အစိုးရ ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲအောင် တွန်းပို့လိုက်သကဲ့သို့နှယ် ရှိနိုင် ကြောင်းကို ပြောဆိုနေခြင်းဖြစ်ပါသည်။ ဘေဂျင်းမှပေါ်လစီချမှတ်သူများသည် မြန်မာ့ဒီမိုကရေစီအရေး ကို နှောင့်နှေးအောင် လုပ်နေခြင်းဆိုသည်ထက် သူနှင့်အနီးဆုံးဒေသတွင်းသို့ အနောက်အုပ်စုတပ် များ ၀င်မလာရေးကို ပိုမို အာရုံစိုက်သည်၊ တရုတ-် မြန်မာကုန်သွယ်ရေးမှ ရရှိနိုင်မည့် အကျိုးအမြတ်ကို ပိုမိုစိတ်ဝင်စားသည်။ သို့ဖြစ်ရာ မြန်မာအတိုက်အခံများမှ အနောက်နိုင်ငံတပ်များ ခေါ်လာသည် မဟုတ်ပဲ မိမိတို့ဘာသာ လူထုတိုက်ပွဲဖြင့် စစ်အစိုးရဖြုတ်ချခြင်းကိုမူ ၀င်ရောက်စွက်ဖက်မည်မဟုတ်။ နောက်ဆုံး ဗိုလ်ချုပ်များထွက်ပြေးလျှင် ခိုလှုံခွင့် ပေးမည်မှလ၍ွဲ အသစ်တက်လာမည့် ကြားဖြတ်အစိုး ရကို ကန့်ကွက်မည်မဟုတ်။ သို့ရာတွင် တရုတ်နိုင်ငံမှ လူ့အခွင့်အရေးကိစ္စများကို မြန်မာအတိုက် အခံများက ကန့်ကွက်ခြင်း signal ကိုတော့ အရေးတယူလုပ်သွားနိုင်ဖွယ်ရှိသည်။ မြန်မာအတိုက် အခံများနှင့်ဆိုလျှင် တရုတ်-မြန်မာ ဆက်ဆံရေး အခက်အခဲများ ဖြစ်လာနိုင်မည်ဟု ဆုံးဖြတ်ချက်ချ လိုက်သည်ဆိုပါက စစ်အစိုးရနှင့်မှသာ တရုတ်-မြန်မာ ဆက်ဆံရေးကို ကောင်းမွန်စွာထိန်းထားနိုင် မည်ဟု ယူဆလိုက်ပါက အခက်ပင် မဟုတ်ပါလား။ မြန်မာနိုင်ငံ၏ ရေမြေသဘာဝအရ ဒီမိုကရေစီရပြီး လျှင်လည်း မပတ်သက်၊ မဆက်ဆံပါ၊ ကုန်မသွယ်ပါ။ အမေရိကန်နှင့်ပဲ ကုန်သယ်ွပါမည် သွားလုပ်၍ BURMA STAR GROUP

23

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

လည်း ရသည်မဟုတ်ပါ။ ရေရှည်ဆက်ဆံရေးအတွက် မလိုလားအပ်သော conflict ဖြစ်နိုင်ချေများကို ကြိုတင်လက်ရှောင်ထားသည်က အကောင်းဆုံးဖြစ်လိမ့်မည် ထင်မိပါသည်။ ကိုယ့်ဘ၀မှန်ကို ကိုယ်သိကြရန် လိုအပ်ပါသည်။ လူ့အခွင့်အရေးအဖွဲ့ အစည်းအဖြစ်သာ လုံးဝရပ် တည်တော့မည်ဆိုလျှင်တော့ တမျိုးဖြစ်သည်။ ပြောစရာမရှိပါ။ ထိုကိစ္စများကိုသာ ဇောင်းပေးလုပ်ကြ ရန်ဖြစ်သည်။ မဟုတ်ပဲ တချိန်တငွ် state actors များအဖြစ် ရပ်တည်မည်ဆိုလျှင်တော့ ခြေလှမ်းများ ကို ဂရုတစိုက်လှမ်းကြရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံတငွ် ဒီမိုကရေစီစနစ်ထွန်းကားရန် ဦးစွာ လုပ် ဆောင်ရပါဦးမည်။

ဒေသတွင်းတခုလုံး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ

ထွန်းကားရန်

လိုက်လံ

enforce လုပ်ရန် ဖွံ့ဖြိုးဆဲ နိုင်ငံတခုအနေဖြင့် economic power နှင့် military power ရှိဦးမည် မဟုတ်ပါ။

သံခင်းတမန်ခင်းအရ

အထိုက်အလျောက်

ဆက်ဆံရသည်များ

ရှိနေပါလိမ့်ဦးမည်။

ရန်သူတွေကြိုမရှာထားသင့်ပါ။ အာဆီယံနှင့် ဆက်ဆံရေးမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။ ဘန်ဒေါင်းညီလာခံတခု တည်းနှင့်ပင် အာဆီယံထဲမှ အရေးပါသော နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒကို သဘောပေါက်သင့်ကြ သည်။ Asian values ဆိုင်ရာ claims များကို နားလည်သင့်ကြသည်။ အာဆီယံသည်လည်း မြန်မာ စစ်ဗိုလ်ချုပ်များကို ကာကွယ်ပေးနေသည်ဆိုခြင်းထက် ဒေသတွင်း အနောက်အုပ်စုများ ၀င်ရောက် လွှမ်းမိုးလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ အခြေစိုက်စစ်စခန်းတခု ခိုင်ခိုင်မာမာ ပေါ်ထွက်လာ မည်ကို strategic calculation လုပ်ပြီး ဟန့်တားထားကြခြင်းဖြစ်သည်။ မြန်မာတို့မှ ကိုယ့်အားကိုယ် ကိုး၍ လူထုတိုက်ပဆွဲ င်နွှဲကာ စစ်အစိုးရအား ဖြုတ်ချခြင်းကို ၀င်ရောက် ကန့်ကွက်ကြမည်မဟုတ်။ ဖိလစ်ပိုင်နိုင်ငံကဆိုလျှင် အားပေးမှုပင် လုပ်ပေလိမ့်ဦးမည်။ တက်လာသည့်အစိုးရကို အကူအညီများ စွာ ပေးလာလိမ့်မည်။ အာဆီယံနှင့် သံတမန်ဆက်ဆံရေးပြေလည်ရန် အထူးလိုအပ်လှသည်။ အတိုက် အခံခေါင်းဆောင်များအနေဖြင့် “အာဆီယံက ပညာရှင်တွေလည်း ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံ တကာပညာရှင်တွေလောက် အဆင့်အတန်းမမှီဘူး” စကားပြောမျိုးကို ထပ်မံမပြောမိစေရန် ရှောင်ရှား ကြစေလိုသည်။ အာဆီယံတင်ွလည်း အနောက်နိုင်ငံတက္ကသိုလ်ကြီးများမှ ပါရဂူဘွဲ့ များရထားသော ပညာရှင်များစွာ

ရှိနေပါသည်။

စော်ကားသည်ဟု

ခံယူလိုက်ကြလျှင်မကောင်းပါ။

စစ်အစိုးရနှင့်

ပိုမိုနီးကပ်သွားအောင် တွန်းလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။ စစ်ရေး၊ စီးပွားရေးများတွင် ရန်သူ့လူ၊ ပြိုင်ဘက်လူများအား ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ရေးသည် အလွန်ပင်ပညာသားပါ၍ ထိရောက်လှသော ဗျူဟာတရပ်ဖြစ်ပါသည်။ လုပ်ကိုင်နေသော လုပ်ရပ်များ သည် ထိုဗျူဟာမြောက်လုပ်နေကြသည်လား၊ ရန်သူများအချင်းချင်း ပိုမိုစည်းလုံးသွားပြီး ရန်သူသစ် များပင် ပိုမိုတိုးပွားလာအောင် ဖော်ဆောင်နေကြသည်လား ဆိုသည်ကို ပြန်လည်ဆင်ခြင်ကြည့်စေလို ပါသည်။ ချစ်ကြည်ရေးမတည်ဆောက်နိုင်လျှင်တောင် ရန်သူမလုပ်သင့်ပါ။ BURMA STAR GROUP

24

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

စစ်အစိုးရအားဖိအားပေးရန် အာဆီယံကို အီးယူက ပြောပေးပါ။ အမေရိကန်က ပြောပေးပါ သွားလုပ် နေလျှင်တော့ ဒီပွဲကဘယ်တော့မှ ပြီးမည်မဟုတ်ပါ။ အာဆီယံသည် အီးယူလက်အောက်ခံမဟုတ် သလို၊ အမေရိကန်လက်အောက်ခံလည်း မဟုတ်ပါ။ ချဉ်းကပ်နည်းများ လိုအပ်လှပါသည်။ စစ်ရေးစစ်ရာများအသာထား။ အရပ်ဘက် ဥပမာလေးတခုကိုပင် တင်ပြလိုပါသည်။ လမ်းထဲတငွ် အိမ် သုံးအိမ်ရှိသည်ဆိုပါစို့။

မိမိအိမ်တငွ်

ပထွေးက

အိမ်ဦးစီးလုပ်နေပြီး တအိမ်လုံးအားနှိပ်စက်နေ၍

ရပ်ကွက်ထဲ ထွက်လာသည်။ အိမ်မှပထွေးအား အိမ်ဦးစီးအဖြစ်မှ ဖြုတ်ချလိုသည်။ အိမ်၏ညာဘက် တွင်ကား ပထွေးနှင့် မိတ်ဆွေအပေါင်းအသင်းဖြစ်နေသည့် ဦးတရုတ်ရှိသည်။ ဦးတရုတ်က ပထွေးကို သူ့၏ ဓနရှိန်ဖြင့် အကာအကွယ်ပေးထားသည်။ ဦးတရုတ်တငွ် တိတ်တိတ်ပုန်းယူထားသော အငယ် အနှောင်းရှိသည်ထားပါတော့။ တခါ အိမ်၏ ဘယ်ဘက်တင်ွကား ဦးအာဆီယံခြံဝိုင်းရှိသည်။ ဦးအာဆီ ယံနှင့် ပထွေးတို့က စီးပွားရေးကူးလူးဆက်သွယ်မှုများရှိနေသည်။ ပထွေးထံမှ ထွက်လာ၍ ရပ်ကွက် ထဲရောက်လာသူသည် မည်သည့်အလုပ်ကို ဦးစားပေးပြုလုပ်သင့်သနည်း။ ရပ်ကွက်ရုံးတိုင်တော့လဲ အိမ်တငွ်းရေးမို့ အရေးယူ၍မရကြောင်းဆိုနေပြီ။ သို့ဆိုလျှင် ထိုသူသည် ပထွေးအား အကာအကွယ် ပေးတတ်သော ဦးတရုတ်အား အမြင်ကပ်မှုဖြင့် အငယ်အနှောင်းယူသည်မှာမကောင်းကြောင်း ရပ် ကွက်ထဲတငွ် လိုက်ပြောကာ ဦးတရုတ် တလင်တမယားစနစ်ကျင့်သုံးရန် သူ့ခြံရှေ့တွင် သွားရောက် ဆန္ဒပြတောင်းဆိုမည်လော (သို့မဟုတ)် ပထွေးနှင့် စီးပွားရေးတွဲလုပ်နေသည်ကို မကျေမနပ်ဖြစ်ကာ ဦးအာဆီယံခြံဝိုင်းအား ခဲနှင့် သွားထုမည်လော (သို့မဟုတ)် ပထွေးမကောင်းကြောင်း ရပ်ကွက်ထဲ လှည့်လည်ပြောကာ ဘာမှမလုပ်ပေးနိုင်သည့် ရပ်ကွက်သားများအား မျက်ရည်ခံလိုက်ထိုးပြောပြနေ ရင်း အချိန်ကုန်မည်လော (သို့မဟုတ်) ရရာလက်နက်များစု၊ ခြံတငွ်းမှညီအစ်ကိုမောင်နှမများနှင့် ဆက်သွယ်ကာ ပထွေးအား တိုက်ခိုက်ပြီး အိမ်မှထွက်သွားအောင် လုပ်ကြမည်လော။ မည်သည့်အ လုပ်လုပ်သင့်သည်ကို မိမိတို့ဘာသာ စဉ်းစားတွေးတောကြစေလိုသည်။ နိဂုံး ချုပ်၍ဆိုရသော် ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာသည် အပြောင်းအလဲများစွာ ဖြစ်ပွားနေပါသည်။ သန်း ပေါင်းများစွာသော ပြည်သူတို့၏ အရေးကို ပြောင်းလဲတတ်သော သဘာဝရှိသည့် စစ်မျက်နှာတွင် အခြေပြုထားခြင်း မပြုလုပ်သင့်ပါ။ လုံးဝမပြောင်းလဲသော အင်အားတခုကတော့ ရှိပါသည်။ ဤသည် မှာ ဖိနှိပ်မှုများကြားတွင် မွန်းကြပ်နေသော ပြည်သူလူထု၏ ပြောင်းလဲမှုကို တောင့်တနေသော လူထု အင်အားကြီးပင် ဖြစ်ပါသည်။ ထိုအင်အားကို မှန်ကန်စွာအသုံးပြုနိုင်မှု၊ လျှို့ဝှက်နက်နဲစွာ ရန်သူ့လူ များကို စည်းရုံးနိုင်မှု၊ ပူးတွဲကြားဖြတ်အစိုးရအတွက် စနစ်တကျ nominate လုပ်နိုင်မှု၊ ယူဂျီမြေ အောက်လုပ်ငန်းများနှင့် မီဒီယာအား မရောစပ်မှု၊ ကွင်းဆက်များ ပြတ်တောက်ခြင်းမရှိပဲ အချိန်နှင့်အ ညီ ချိတ်ဆက်လှုပ်ရှားနိုင်မှု၊ အလွယ်တကူ mobilize လုပ်နိုင်မှု၊ ခေါင်းဆောင်များ ပေါ်ထင်စွာမနေပဲ မှန်ကန်သောအချိန်၊ နေရာတွင် တိုက်ပွဲများ ဖော်ဆောင်နိုင်မှုတို့ဖြင့် အနှစ်နှစ်ဆယ်ရှည်ကြာနေသော BURMA STAR GROUP

25

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို အဆုံးသတ်ကြပါစို့ ဟု ရေးသားလိုက်ရပေသည်။ တော်လှန်ရေးသစ္စာဖြင့် ခင်မမမျိုး (၅၊ ၈၊ ၂၀၀၈) ၂၀၀၈) (Khinmamamyo. Khinmamamyo.blogspot. blogspot.com မှ ကူးယူဖော်ပြပါသည်)

 ပြဿဒါး အာဏာ နေထူး ကိုဖိုးတေတယောက်တော့ ပြဿဒါးမှ ပြဿဒါး ဖြစ်သွားပါပြီ။ အစကနေ ပြောပြမှပါပဲ။ ကျုပ်တို့ရွာမှာ ကိုဖိုး တေဆိုတဲ့ လယ်ပိုင်ရှင်တယောက်ရှိတယ်။ လူ့ဂွတိုက်ကြီးပေါ့။ ရွာသားတွေအားလုံးက ရွာဦးကျောင်းက ဘုန်းတော်ကြီး ဦးအာစရကို လွှတ်ကြည်ညိုတာ။ အဲဒါကို ကိုဖိုးတေ က တဖက်သတ် မျက်မုန်းကျိုးနေတယ်လေ။ ရွာသားတွေ ဘာလေးပဲ လုပ်စရာရှိရှိ ဦးအာစရကို ပြေးတိုင်ပင်တာကိုလည်း ကိုဖိုးတေက လုံးဝ ကြည့်မရ ဖြစ်နေတယ်။ လယ်သမားတွေက

မိုးဦးကျ

ထွန်တုံးချဖို့ကအစ

ကောက်စိုက်

ပျိုးနှုတ်ဖို့အလယ်

ထွန်တုံးပိတ်၊

တလင်းသိမ်း အဆုံး ဆရာတော်ဦးအာစရနဲ့ လျှောက်ထားတိုင်ပင်ပြီးမှ နေ့ကောင်းရက်သာရွေးပြီး စတင်လုပ်ဆောင်စမြဲပ။ဲ အဲဒီတော့ ကိုဖိုးတေတယောက် ဂွတိုက်တော့တာပေါ့။ ဦးအာစရက “ဒီနေ့က နေ့ကောင်းရက်သာ ရက်ရာဇာပဲ၊ လယ် စ ထွန်ပါ”၊ “ဒီနေ့ကတော့ ပြဿဒါး၊ နောက်နေ့မှ ကောက် စ ရိတ်” စသဖြင့် မိန့်မှာရင် ရွာသားအားလုံး လိုက်နာပေမယ့် ကိုဖိုးတေကတော့ ဖီလာကန့်လန့်ချည်း လုပ်တော့တာပဲ။ ကိုဖိုးတေက

ထွန်တုံးချ-ပြဿဒါး၊

ထွန်တုံးပိတ်၊

တလင်းသိမ်း-ပြဿဒါး၊

တိုတိုပြောရရင်

ပြဿဒါးနေ့ချည်းပဲ အလုပ်စတယ်၊ အလုပ်သိမ်းတယ် ဆိုပါစို့။ ဒီနှစ်မှာမှ ကိုဖိုးတေ လယ်ကလည်း ကောင်းချက်က လွန်ပါရော။ ပျိုးတွေကလည်းသန်၊ စပါးနှံတွေ ကလည်း

အောင်

ရွှေရောင်ဝင်းမှည့်နေတာဆိုတော့

ကိုဖိုးတေတယောက်

ရွာဦးကျောင်းနားက

ဖြတ်သွားတိုင်း “စိုက်လား ဟေ့ ပြဿဒါး”၊ “ရိတ်လားဟေ့ ပြဿဒါး”၊ “အောင်လားဟေ့ ပြဿဒါး” ဆိုပြီး စပါးတိုက်၊ ကောက်ရိုးတိုက် သွားတိုင်း ဟစ်ဟစ်သွားတယ်လေ။ ဆရာတော် ဦးအာစရခမျာ မချိတရိ ကြိတ်မှိတ်နေရတော့တာပေါ့။ ကိုဖိုးတေလုပ်သမျှ အောင်မြင်နေ တာကိုး။ အတိုချုပ်ရရင် ကိုဖိုးတေ တလင်းသိမ်းတော့ အထွက်တိုးတဲ့ စပါးတွေကို ကျီအပြည့်အသိပ် သွင်းပြီးလို့ BURMA STAR GROUP

26

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ကောက်ရိုးပုံကြီး ဟီးနေအောင် သိမ်းဆည်းထားပြီးလို့ ရက်ပိုင်းအကြာမှာ ဘယ်ကဘယ်လိုလငွ့်လာတဲ့ မီးပွားရယ်မသိ၊ ကိုဖိုးတေရဲ့ ကောက်ရိုးပုံကိုစင်ပြီး လောင်လိုက်တာ ကိုဖိုးတေ အိမ၀ိုင်းတခုလုံး မီးတောက်ဝါးသွား တဲ့ အထိပ။ဲ မီးတောက်က ကြီးလွန်းတော့ မီးဝိုင်းငြှိမ်းဖို့လာတဲ့ ရွာသားတွေမှာ အနားတောင် မကပ်နိုင်ဖြစ်ပြီး တိုတို ပြောရရင် ကိုဖိုးတေပိုင်သမျှ ကောက်သစ်စပါးတွေအပါအ၀င် စည်းစိမ်အားလုံး ပြာကျသွားတော့ တာပေါ့။ ကိုဖိုးတေခမျာ တချိန်လုံး ခေါင်းမော်ခဲ့သမျှ ခုတော့ အရူးတပိုင်းကို ဖြစ်ရောပဲ။ ခေါင်းငိုက်စိုက်ကျနေတဲ့

ကိုဖိုးတေတယောက်

ရွာဦးကျောင်းဘေးက

ယောင်ပြီးဖြတ်မိတဲ့အခါ

ကျောင်းပြတင်းကနေ ထတဲ့ပြီး ဆရာတော်ဦးအာစရက“စိုက်လားဟေ့ ပြဿဒါး၊ ရိတ်လားဟေ့ ပြဿ ဒါး၊ လောင်လားဟေ့ ပြဿဒါး” ဆိုပြီး လက်ရုံးဝင့်ကာ ကြွေးကြော်လေတော့ ကိုဖိုးတေမှာ ခတ်သုတ် သုတ်လေး လစ်ရတော့တာပေါ့။ ကျုပ်တို့ရွှေပြည်တော်မလဲ “မကြိုက်ပါဘူး၊ လက်မခံပါဘူး” လို့ ဆိုနေတဲ့ကြားကနေ အာဏာကို အဓမ္မ ရယူသိမ်းပိုက်ပြီး အရသာတွေ့တော်မူလို့ ရာဇပလ္လင်ပေါ်က ဆင်းတော်မမူကြတဲ့ ခွေးထက်မိုက်တဲ့ လူ့တိရစ္ဆာန်တွေလည်း ပြဿဒါးကိုဖိုးတေကိန်း ဆိုက်နေပါပြီ။ နိုင်ငံကို နွံထဲနှစ်ရုံမက မစင်တွင်းထဲကျနေကာမှ နိုင်ငံကယ်တင်ပါတယ်ဆိုပြီး ထပ်ဆင့်ကုပ်စီး စစ်အာ ဏာသက် ဆွဆဲ န့်တော်မူကြတဲ့ လူ့ဗာလများက ဉာဏ်နဉီာဏ်နက်နဲ့ ရွေးကောက်ပွေဲ တ်ာကြီးကျင်းပ ပေးတော်မူခဲ့ပါတယ်။ သူတို့ထင်သလို မအတဲ့၊ နှလုံးသားရှိတဲ့ ပြည်သူများက အသည်းကြားက မဲတပြားစီကို သူတို့ ကြည်ဖြူ ထိပ် တင်လိုသူများကို ပေးလိုက်ကြတာ တပြည်လုံးဝက်ဝက်ကွဲ အောင်ပွဲခံပါရောလား။ အဲဒီတော့ ဉာဏ်နီဉာဏ်နက်နဲ့ မရတော့လို့ ဉာဏ်ပြာဉာဏ်ဝါတွေပါ ထပ်ဆင့်လာလိုက်တာ ကမ္ဘာ့စံ ချိန်တင် ငါ့စကားနွားရ မာရသွန်မိုးကြိုးပစ် ညောင်နှစ်ပင်ညီလာခံသာ အဆုံးသတ်သွားတယ်၊ ပြည်သူ ကြည်ဖြူသူများလည်း တိုင်းပြည်အုပ်ချုပ်စီမံခငွ့်မရ၊ တုငိးပြည်လည်း ဘာနဲ့မှနှိုင်းမရတဲ့ ဖွတ်ကျောပြာစု ဘ၀ ရောက်ရတော့ တာပဲ မဟုတ်လား။ ရာဇပလ္လင်ဖင်မြဲရေး အောက်လမ်းနည်းမျိုးစုံနဲ့ လုံးပမ်းနေတော်မူကြတဲ့ ဗိုလ်ချုပ်မင်းများဟာ ရှားမီးခဲ ပြာဖုံးနေ တာကို ဖင်ခုထိုင်မိမှန်း မသိဘဲကိုး။ ခုနောက်ဆုံး ရတနာသုံးပါးဂိုဏ်းဝင် သံဃာတော်များကို သွေးထွက်သံယို ကိုယ်ထိလက်ရောက် ကန် ကျောက် ရိုက်နှက်ရုံမက သင်္ကန်းချွတ်စော်ကားပြီး ထောင်သငွ်းအကျဉ်းချတဲ့အထိ အ၀ီစိဆုပန်တဲ့ လုပ်ရပ်တွေ ကျူးလွန်လိုက်တာကြောင့် ပြဿဒါးကိုဖိုးတေကိန်း ဆိုက်သွားပါပြီ။ သူတပါးလည်း မကြည်ဖြူ၊ ကိုယ်နဲ့လည်း မထိုက်တန်တဲ့ အုပ်ချုပ်ခငွ့်အာဏာကို ရာဇပလ္လင်ကို ခွေး၊ မျောက်နဲ့ဘီလူး သုံးမျိုးစပ်ထားတဲ့ သတ္တ၀ါများက အသေအကျေ ဆက်လက်ဆုပ်ကိုင်ထားတာဟာ ပြဿဒါးအာဏာ သာဖြစ်တာကြောင့် မကြာမီ လောင်မီးကျပြီး စုတေရမှာ အမှန်ပါ။ နေထူး

 BURMA STAR GROUP

27

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ခေါင်းဆောင် - အပိုင်း(၄) ယနေ့ သြစတြေးလျ နိုင်ငံဟာ နိုင်ငံသားတွေအတွက် ပြည့်စုံမှု၊ လုံခြုံမှု၊ တိုးတက်မှုကို ပေးနေတာ တွေ့မြင်ရပါတယ်။ တိုးတက်တဲ့ သြစတြေးလျ နိုင်ငံအနေနဲ့ ယုံကြည်မှု သိက္ခာကို တန်ဖိုးထားတဲ့ ခေါင်းဆောင်ကောင်းတွေ ရှိနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံ Challenge Bank က Brain Carroll ဟာ ယုံကြည်မှု၊ သိက္ခာဆိုတဲ့ Credibility နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း တဲ့တိုး စကားတစ်ခု ပြောသွားဖူးပါတယ်။ "Without credibility, you can't lead"ယံ lead"ုကြည်မှု၊ သိက္ခာရဲ့  အရေးပါမှုဟာ Leadership မှာ တင်မဟုတ်ပါဘူး၊ တဦးနဲ့တဦး ဆက်ဆံရာမှာလည်း အလွနအ် ရေးကြီးပါတယ်။ ယုံကြည်မှုနဲ့ အလုပ် လုပ်နေကြတာဖြစ်ပြီး အထူးသဖြင့် ဦးဆောင်သူတွေမှာ အဓိက မရှိမဖြစ် အရည်အချင်း ဖြစ်ပါတယ်။ တချို့ ကဆို "Credibility is the foundation of leadership" လို့တောင် ပြောကြပါသေးတယ်။ ဒီနေ ရာမှာ ကျွန်တော်တို့ရဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်မှုတခုအတွက် သူ့ရဲ့  အသက် ဘ၀တခုလုံးကို သိက္ခာရှိရှိ ပေးဆပ်ပြီးဖြစ်တာကြောင့် ခေါင်းဆောင် ကောင်းစစ်စစ် အမှန်ပင် ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ကို ဝေဟင်မှ တွေ့ရပုံ

Credibility ဆိုတဲ့ ယုံကြည်မှု၊ သိက္ခာကို ဘာနဲ့ တိုင်းတာမလဲ ဆိုတာ အမူအကျင့်၊ လုပ်ရပ်တွေ အပေါ် မှာ မူတည်ပါတယ်။ •

Leader practice what they preach.



They walk the talk

ခေါင်းဆောင်တွေနဲ့  ပတ်သက်ပြီးတော့ အောက်ဖေါ်ပြပါ ဇယားလေးကိုလည်း စာဖတ်သူတွေ ဗဟုသု တရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ်က ဆက်လက် တင်ပြချင်ပါသေးတယ်။ BURMA STAR GROUP

28

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

BURMA STAR GROUP

29

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

အထက်ပါ ရာခိုင်နှုန်းများဟာ တိုက်ကြီး (၆) တိုက်မှ လူများရဲ့  ရွေးချယ်မှုကို ကိုယ်စားပြုထားပါတယ်။ အဲဒီ တိုက်ကြီး (၆) တိုက်ကတော့ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက၊ အာရှ၊ ဥရောပ နဲ့ သြစတြေးလျ တို့ ဖြစ်ကြပါတယ်။ အဓိက ရွေးချယ်တဲ့ လူအများစု ကတော့ အမေရိကန်မှ ဖြစ်ပါတယ်။



Their actions are consistent with their words.



They put their money where their mouth is.



They follow through on their promises.



They do what they say they will do.

အားလုံးကို ကြည့်ရင် Leadership ဟာ တရားမျှတမှုနဲ့ အများအတွက် အခြေခံပြီး သူတို့ ပြောသလို လုပ်နိုင်မှုအပေါ် စဉ်းစားဆုံးဖြတ်သွားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် တရားမျှတမှုမရှိတဲ့ အများ အတွက် အခြေမခံဘဲ ငါ့အတွက် ငါ့အမျိုးအတွက် ငါ့မိန်းမ ငါ့သားသမီး ကောင်းစားဖို့သာ လုပ်နေကြ တဲ့ ယနေ့ စစ်ခေါင်းဆောင်တွေကို ခေါင်းဆောင်ဆိုတဲ့ နေရာက ဖယ်ရှားကြဖို့သာ မြန်မာပြည်သား တိုင်းမှာ တာဝန်ရှိနေပါတယ်။ သူတို့ပြောသလို တိုးတက်ဖွံ့ဖြိုးတဲ့ မြန်မာနိုင်ငံကြီးဖြစ်အောင် မလုပ်နိုင် သမျှတော့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ဟူသမျှ အချိန်နဲ့အမျှ စစ်အာဏာရှင်ပြုတ်ကျရေးအ တွက် ဆက်လက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။ နောက်တပတ်မှာတော့ ယှဉ်ပြိုင်မှုပြင်းထန်ပြီးပညာအခြေခံခေတ်ဖြစ်လို့ ရပ်တည်မှု၊တိုးတက်မှုတွေအ တွက်မည်ကာမတ္တမဟုတ်ဘဲ တကယ့်အဆင့်မြင့်ခေါင်းဆောင်မှုတွေလိုအပ်နေတယ်ဆိုတဲ့အကြောင်းနဲ့ ထင်ရှားတဲ့သာဓကအဖြစ် ကိုးရီးယားက Kim Jung-tae အကြောင်းကို တင်ပြသွားပါမယ်။ BURMA STAR GROUP

30

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

စွယ်စုံရအနုပညာရ ညာရှင် ဦးဝင်းဖေ (သရုပ်ဖော် - မင်းကျော်ခိုင)် ၀င်းဖေလွယ်အိတ် အမှတ် ၎

မြို့မငြိမ်းရဲ့လူသိနည်းတ့သဲီချင်းတပုဒ် ၀င်းဖေ အောက်တိုဘာ ၂၂၊ ၂၀၀၈ သောတရှင်များခင်ဗျား ကျနော်က မန္တလေးသားဆိုတော့ မန္တလေးသားမြို့မငြိမ်း၊ ဦးလေးငြိမ်းအကြောင်းကို ပြောမယ်ဆိုရင် ပြောမဆုံးပေါင် တော်သုံးတောင် ဆိုတာလို အများကြီး ပြောစရာရှိပါတယ်။ ဒါပေမယ့် သောတရှင်တွေ ငြီးငွေ့မသွားဖို့ကလည်း အရေးကြီးပါတယ်။ ဒီတပတ်ပဲ ဆက်ပြီးတော့ ပြောပါရစေ။ နောက်တပတ် တော့ တခုခု ပြောင်းပြောပါ့မယ်။ ကျနော်တို့ ဂီတလောကမှာ အချစ်သီချင်းတွေ အများကြီး ရှိပါတယ်။ အလွန်လူကြိုက်များတဲ့ အချစ်သီချင်းတွေပ။ဲ သီချင်းရေးဆရာတိုင်းလိုလို အချစ်သီချင်းတွေကို ရေးခဲ့ကြတာပါပဲ။ အချစ်သီချင်း မရေးဖူးတဲ့ သီချင်းရေးဆရာ အလွန်ရှားပါတယ်။ ဦးလေးငြိမ်းကတော့ “သက်ဝေ” တို့ “နှစ်ယောက် တည်းနေချင်တယ်” တို့၊ “ချစ်လွန်းတင်” တို့ဆိုတဲ့ အချစ်သီချင်းတွေနဲ့ တံခွန်ထူခဲ့ပါတယ်။ “ပျို့မှာ တမ်း” တို့၊ “နတ်သျှင်နောင်” တို့လောက် ကြီးကျယ်တဲ့ အချစ်သီချင်းမျိုးတွေကို ဒုတိယတန်းလောက် မှာပဲ ထားလိုက်ပါ့မယ်။ ဦးလေးငြိမ်းဟာ “သက်ဝေ”တို့၊ “ချစ်လွန်းတင်” တို့ကို ဖြတ်ကျော်ပြီး အချစ်သီချင်းတပုဒ်ကို စပ်ဆိုခဲ့ပါသေးတယ်။ ဒီလိုပါ၊ ဦးလေးငြိမ်းမှာ အလွန်ခိုင်ခန့်တဲ့ အချစ်နဲ့ အိမ်ထောင်ရေး ရှိခဲ့ပါတယ်။ ဦးလေးငြိမ်းရဲ့ ရှုမငြီးတဲ့ဇနီးက ဒေါ်ဒေါ်သန်း တ့။ဲ ဒေါ်သန်း လို့ ခေါ်ပါတယ်။ ဦးလေးငြိမ်းတို့မှာ သား BURMA STAR GROUP

31

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

သမီး တဒါဇင်နီးပါး ထွန်းကားခဲ့လောက်အောင် ချောမွေ့ပြေပြစ်တဲ့ မိသားစုဘ၀ကို ဖန်တီးနိုင်ခဲ့ကြ ပါတယ်။ ငွေကြေးအခြေခံပေါ်မှာ တိုင်းတာတာ မဟုတ်ပါဘူး။ ပကတိ မိသားစုဘ၀ စည်ပင်ချမ်းမြေ့မှု ကို ဆိုလိုတာပါ။ ဒါပေမယ့် ဒေါ်ဒေါ်သန်း အသက်ကလေး အတော်ရလာတော့ မျက်ခမ်းစပ်တဲ့ ပြဿ နာ ပေါ်လာပါတယ်။ ဦးလေးငြိမ်းက သူ့ဇနီးကို အလွန် မြတ်နိုးပါတယ်။ ဒီတော့ သီချင်းရေးဆရာ ဂီတ သမားပီပီ သူ့အချစ် သူ့သံယောဇဉ်ကို စာဖွဲ့ပါတော့တယ်။ ဒီ အချစ်သီချင်းကလေးကို လူသိနည်းပါ တယ်။ ဒါ့ကြောင့်လည်း ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အဓိပ္ပာယ်ကို ကြိုပြီးတော့ ပြောပြထား ပါ့မယ်။ လူတယောက်ဟာ တ့၊ဲ ချစ်မိပြီဆိုရင် ကိုယ့်ချစ်သူ ပိန်တာ ၀တာ ပုတာ ရှည်တာ မည်းတာ ဖြူတာ ဘာမှ မမြင်တော့ဘူး တ့။ဲ အရူးအမူး ချစ်တော့တာပဲ တ့။ဲ ဆိုကြပါစို့ ကိုယ့်ချစ်သူဟာ မျက်ခမ်း စပ် ဖြစ်နေလို့ မျက်သားတွေ နီရဲနေရင်တောင်မှ မျက်သားနီရဲနေတာကလေးတွေဟာ နှုတ်ခမ်းမှာ သန္တာသွေးလို ရဲနေတာလို သဘောထားပြီး ကြည်ဖြူမှာပါ တ့။ဲ နောက် မျက်ခမ်းစပ်နေလို့ ဖြုတ်တွေ ယင်တွေ အုံရင်တောင် ဖြုတ်မောင်း ယင်မောင်း လုပ်ပေးရင်း အချစ်တွေ ပိုကဲလာဦးမှာပါ တ့။ဲ နောက် မိမိချစ်သူက ကွမ်းဝါးတာ ကွမ်းစားတာ ကြိုက်တတ်ရင် စားသာစားပါ တ့။ဲ ကွမ်းစားလို့ သွားတွေ မည်း ကုန်ရင်တောင် ကေသာဆံပင်က ပိတုန်းရောင်လို သဘောထားပြီး ရယ်လိုက်ပြုံးလိုက်လို့ သွားမည်း မည်းကလေးတွေ ပေါ်လာရင်တောင် ဆံကေသာ ပိတုန်းရောင်ကိုချစ်သလို သွားကလေးတွေမှာ ပုလဲ မစီဘဲ ပိတုန်းစီတယ် လို့ သဘောထားပြီး ချစ်ပါ့မယ် တ့။ဲ နောက်ဆုံး ကုန်ကုန်ပြောရရင် မိုးမျှော်ငရုတ် သီးတောင့်ကလေးတွေကို ခွေထိုးပြီး ခေါင်းမှာ ပန်ဆင်ထားရင်တောင် ကိုယ့်စိတ်ထဲမှာတော့ ဇွန်ကုံး ကလေးတွေကို ပန်ထားတယ်လို့ မြင်ပြီး ချစ်နေမှာပါမေရယ် လို့ စပ်ဆိုထားပါတယ်။ ကပ်သီးကပ်သပ် အချစ်သီချင်းကလေးပါခင်ဗျာ။ အခု တေးသွားကိုပါ သီဆိုတင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဖျော်ဖြေရေးမဟုတ်ပါဘူး။ ဦးလေး ငြိမ်းရဲ့ အနုပညာကို ပေါ်လွင်အောင် ဖော်ပြဖို့ ကြိုးပမ်းတာသာ ဖြစ်ပါတယ်။ တေးသွားထက် စာသား ကို ဂရုစိုက် နားဆင်ကြပါခင်ဗျား။ “အပြစ်ခြောက်ပါး ကင်းလွတ်တယ်ထင်၊ ဘယ်သူဘာပြောပြော ချစ်သောသူ မည်းဖြူ ဆူကြုံ နိမ့်မြင့်ကိုပင် မမြင်ပါလေးကလား၊ ကျနော်တော့ အလှသားပဲထင် စွဲမိရင် ဒီလိုပဲ မြင်။ မေ့မျက်ခမ်း စပ်ပါစေ့ နီလငွ် ရီရွှင် သန္တာသွေး နှုတ်ခမ်း၏ အသွေးရောင်လိုပင် ဆွဲကာယူငင် တန်ဆာဆင်ပြန်တော့ ဖြုတ်မောင်း ယင်မောင်း ကောင်းမယ်၊ ပစ်ရက်ပေါင် အိုအောင် ပေါင်းချင်။” BURMA STAR GROUP

32

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

“ကွမ်းဝါးတာ ကြိုက်တတ်ပါရင် ကြိုက်သလိုသာပင် သုံးဆောင်စေချင်၊ ရယ်ရွှင်ပြုံးသလားဆို သွားကလေးတွေ ညိုညိုနက်ပါစေ၊ ဒန္တာဟာ ကေသီပေဲ ပါ့၊ ပုလဲမကုံးပြီ ပိတုန်းစီသလိုပင် ငရုပ်သီး မိုးမျှော်ခွေထိုးလို့ပန်ဆင် ကျနော့်အမြင်နဲ့တော့မေရယ် ဇွန်ကုံးကလေးကို ပန်တယ်လို့ပဲထင်” အဲဒါပါပဲ သောတရှင်များခင်ဗျား။ မြို့မငြိမ်း၊ ကျနော်တို့အခေါ် ဦးလေးငြိမ်းက ချစ်မိ စွဲမိပြီဆိုရင် ကိုယ်ထင် ကုတင်ရွှေနန်း ဘာကိုမှ အပြစ်မမြင်တော့ဘဲ အရာရာမှာ အချစ်တွေပဲ ၀င်နေတတ်တော့တဲ့ သဘာဝကို ကွင်းကွင်းကွက်ကွက် ဖော်ကျူးထားတဲ့အကြောင်း ကြိုးစား တင်ပြလိုက်ပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ၊ ကျနော် ၀င်းဖေပါ။

။ ( “မု “မိုးမခ” မခ” မီဒီယာမှ ကူးယူဖော်ပြပါသည်)

 မျိုးဆက်သစ်၏လှိုင်းတံပိုး..စစ် ..စစ်အာဏာတံတိုင်း ကိုချိုးမဲ့သူ

အမျိုးဂုဏ်အရောင်..ထွန်းရှိန်ပြောင်တ.ဲ့ . ဇာနည်နွယ်ဘွား..ဗမာပြည်သားဆိုတာ.. ကဗျည်းထိုးရာဇဝင်မှာ.. ရှေးအစဉ်အဆက်..ဒါးရောင်လက်လက်. သတ္တိထက်စွာ..ကာကွယ်ကြ အမိမြေရဲ့ မြေတလက်မ.. အသက်သွေးကျ..စတေးခဲ့ကြတဲ့ဗမာ.။ BURMA STAR GROUP

33

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

သူ့ ကျွန်အဖြစ် နွံ့ နစ်မခံ.. လွတ်လပ်ရေးကို ခုခံကာကွယ်ရန်. အမျိုးမြင့်မြတ်..ယုတ်လတ်မဟူ. ပါဝင်ကူ၍ ရာဇသွေး၊ သံဃာ့သွေး။ လယ်သမား၊ အသည်သား။ တိုင်းရင်းသား၊ ကျောင်းသား ပေါင်းစည်း သွေးသား.. ဒို့ ပြည်ကြီး လွတ်လပ်ရေးရခဲ့ဖူးတယ်။ လက်နက်ရှိသူ ဓါးထက်ထက်. မတရားသက်သက်.အာဏာမက် ရက်စက် ခြေမှုန်း. လောင်းရိပ်မိ အညွန့်တုံး တိုင်းပြည် မီးဟုန်းဟုန်းထ.. လွတ်လပ်ရေးဆုံးခဲ့ရ..အမှောင်ကျခဲ့သည်။ တွေးကြည့်မိရင်. နှစ် ( ၄၆) ခုထိ အာဇာနည့် သွေးတွေ မခြောက်သေးဘူး။ ခုထိ စတေးမှု တွေ မပျောက်သေးဘူး။ ဘယ်အရာမဆိ.ု .လွယ်လွယ်နဲ့မရ.. လွတ်လပ်ရေး မှန်က..သွေး အသက်ရင်းရ.။ ခုလည်း..ဆက် ရင်းကြရဦးမယ်။ ဒို့  တတွေကလည်း စိန်ခေါ်ရဲ သူတို့ ကလည်း..ဆက် ညှင်းဆဲကြဦးမယ်။.. သတ္တိရင်း..အံကြိတ်ရင်း.. ဒို့ လက်ထက်မှာ ရင်းမလား.. BURMA STAR GROUP

34

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

နောက်မျိုးဆက်သစ်ကျမှ..ထိုးကြွေးမလား။ ဒို့ တွေ တာဝန်ကျေပြီလား။ အမွေ ဆိုတာ.. ကောင်းမွေသာ ပေးကြရရိုး.. အကြီးမှန်က ဆိုးမွေက.ို .အံကြိတ်ခံရရိုး. နောင်လာမဲ့ ပန်းငုံတွေ.. အနှောင်မဲ့ ပငွ့်လန်းကြပါစေ။ လွတ်လပ်ခြင်း အမွေအနှစ် ခံစားစံစား ထိုက်ပါစေ။ ဒို့ တတွေ မှာ..ဒဏ်ရာတွေ ဗလပွ. နောက်တချက်ထပ်ရလည်း ပိုမနာတော့. ရာဇဝင်ကြွေး.ဒီမှာဘဲ ပေးခဲ့ပါမိတ်ဆွေ.. နောက်လူတွေ ကံကောင်းကြပါစေ။ နောက်လူတွေ လွတ်လပ်ကြပါစေ။ ကိုယ်စိုက်တဲ့ မျိုးစေ့၊ ကိုယ်ရိပ်သိမ်းရမှာဘဲ။ တော်လှန်ရေးကို စထားသမျှ.. ဒို့ မသေခင် အပြီးသတ်ရမှာဘဲ.. ဒေါင်းဆိုတာ..တိုက်ပွဲစ.. တွန်သံပြ..မာန်ဟုန်မချ.. မသေမချင်း ပြန်လှန်ထ ဆက်ခွပ်ကြစို့  သူငယ်ချင်း။ ပင်ပန်းနေသည်…ဒို့ သိသည်။ မလွယ်တမ်း ရင်ဆိုင်ရမည် ဒို့ သိသည်။ BURMA STAR GROUP

35

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

လက်နက်အား မပြိုင်နိုင်သည်.ဒို့ သိသည်။ သို့ ပါသော်ငြား.. သတ္တိအားစိတ်ဓါတ်..ဒို့ ကသာသည်။ အာဇာနည် ၏ သွေး.. ရာဇ၀င် အစောင်စောင်မှာရေးခဲ.့ . အမိမြေ တလက်မအပေါ်. မရေနိုင်အောင် စွန်းထင်းစေခဲ့ ဒို့ တွေသွေးစက် အပေါ်ကထပ်. လူုဖြစ်ရမြတ်တယ် သူငယ်ချင်း။ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး ဒို့ တတွေ ဆက်လက်တော်လှန်နေဆဲ. အဖြေမှားတဲ့ပုစ္ဆာ မှန်ကန်အောင်ပြင်ဆင်ဆဲ ပျက်နေတဲ့ သံစဉ်..တေးသွားအမှန်ညှိနေဆဲ လှေခွက်ကြီးကျန်..အလံမလှဲ.. အသက်သွေးစတေးရဲ..ဆက်လက်တိုက်မြဲ.. ဒို့ ခေတ်ကျမှ သွေးမကြဲ။ တယောက်ဖမ်းစေ..ဆယ်ယောက်ကြမ်းစေ.. တယောက်သေ..ဆယ်ယောက်မွေးဖွား.. အမှန်လမ်းကို သွားကြမဲ့သူ။ အမိမြေကို ချစ်မြတ်နိုးကြသောသူ.. အမိမြေလွတ်လပ်ရေး.အသက်ပေးမဲ့သ.ူ . စစ်အာဏာရှင်ကို အပြတ်သုတ်သင်ကြမဲ့သူ။ ရာဇ၀င် ကဗျည်းထူခဲ့ သမိုင်းသစ်ထိုးမဲ့ ဒို့ အာဇာနည်.. ကျနော်တို့ ဟာ BURMA STAR GROUP

36

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

Generation wave လူငယ်များ ဖြစ်ကြပါသည်။ မသဒ္ဓါ ( ၁၀။ ၁၁။ ၂၀၀၈) Generation wave တနှစ်ပြည့်အတွက.် . အမိမြေအတွက် အခွင့်အရေးမယူ။ လစာရိက္ခာမယူ။ အာဏာမယူ၊ နာမည်မယူ၊ ကျော်ကြားမှုမယူ၊ အမှန်ကို အမှန်အတိုင်း ရိုးရှင်းစွာမြင်. နိုင်ငံ၏ လွတ်လပ်ရေး အတွက် ရရာနေရာမှ.ရရာ လက်နက်ဖြင့် ရွတ်ရွတ်ချွံချွံ တော်လှန်သော သံမဏိ စိတ်ဓါတ်နှင့် မြင့်မြတ်သော ရဲဝံ့သော ကလေးများ အား လေးစားဂုဏ်ပြုပါသည်။



BURMA STAR GROUP

37

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

“ဗိုလ်ချုပ်မှူးကြီးခေတ် တရားစီရင်ပံ ပ”ုံ

ဧရာဝ ဧရာဝတီ

ဒီမိုကရေစီရေးလှုပ်ရှားသူ စစ်သည်ဟောင်း ဒေါ်နုနုအေး ကွယ်လွန် ခွန်အောင်မြတ်။ နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ်။ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှ စတင်ကာ မြန်မာပြည် ဒီမိုကရေစီရေးကြိုးပမ်းမှုတွင် အစဉ်တစိုက်ပါဝင် ခဲ့သော လေတပ်စစ်သည်ဟောင်း ဒေါ်နုနုအေး(၇၀နှစ)် သည် ယမန်နေ့ညနေ ၅ နာရီ ၅၀ မိနစ်အချိန် ထိုင်း-မြန်မာ နယ်စပ်မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်။ ဒေါ်နုနုအေးသည် တပ်မတော်(လေ)၊ (၅၀၂) လေတပ်စခန်းမှ တပ်ကြပ်ဟောင်း၊ မြန်မာနိုင်ငံကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) သံလင်ွစခန်းကော်မတီဝင်ဟောင်း၊ ဒီမိုကရက်တစ် ရဲဘော် ဟောင်းများအဖွဲ့ (နာယက)၊ လက်ရှိသားသုံးသား ပူးပေါင်းလှုပ်ရှားမှု ကော်မတီဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဒေါ်နုနုအေးသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတငွ် ပြည်သူလူထုဖက်သို့ ပထမ ဆုံး ကူးပြောင်း သွားသည့် တပ်မတော်သားများထဲတွင် တဦးအပါအ၀င်ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေါ်နုနုအေးသည် လေတပ်မှတပ်မတော်သား(၈)ဦးကို ဦး ဆောင်ပြီး ကျောင်းသားတပ်မတော်သို့လာရောက်ပူးပေါင်းခဲ့သည်ဟု သူနှင့် လုပ်ဖော်ကိုင်ဖက် ABSDF BURMA STAR GROUP

38

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ရဲဘော် တဦးက ပြောသည်။ ABSDF စတင်ဖွဲ့ စည်းချိန်တွင် ဒေါ်နုနုအေးသည် အမျိုးသမီးရဲမေများ၏ အဖွဲ့ ခေါင်းဆောင် အဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့ရသည်။ "ဆရာမကြီးက ဘာလဲဆိုလို့ရှိရင် ဒီမှာပါလာတဲ့အမျိုးသမီးတွေ အားလုံးပေါ့နော်။ တော်လှန်ရေး ရဲမေ အားလုံးကို သူ့ကိုအဖွဲ့ ခေါင်းဆောင်အနေနဲ့ သူ့ကို လေးလေးစားစားနဲ့ တင်ထားတဲ့အခါမှာ ဆရာမ ကြီးက အမျိုးသမီးနဲ့ပတ်သက်တဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ ပတ်သက်တ့ထဲမှာ သူက အမေလိုပဲ ပေါ့နော်၊ ခေါင်းဆောင် ဖြစ်သွားတယ်။ သူ့ရဲ့ပထမဦးဆုံး တော်လှန်ရေးမှာ ထိန်းသိမ်းလှုပ်ရှားတဲ့ ဟာပေါ့နော်။ သူ့ကိုလည်း ခင်ကြတယ်။ ကျနော်တို့ကတော့ သူနဲ့ အသက်အရွယ်ချင်းကလည်း ကျနော်နဲ့ ဆယ်နှစ်လောက် ကွာလို့ ကျနော်တို့ကိုတော့ ကိုတွေနဲ့ တပ်ခေါ်တာပေါ့နော်။ ကျနော်တို့ ထက်ငယ်တဲ့လူတွေကျတဲ့ အခါတော့ သားသမီးတွေလို့ပဲ သူက ခေါ်တယ်။ သူ့မှာ ဖော်ရွေမှုတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ အံ့သြစရာအကောင်းဆုံးက သူ့မှာရှိတဲ့ ပစ္စည်းတွေပေါ့ဗျာ ဘယ် သူပဲ လာတောင်းတောင်းပေါ့ ရက်ရက်ရောရော ပေးတယ်ဗျ။” ဒေါ်နုနုအေးသည် ပြည်သူဖက်မှ ရပ်တည်ပေးသည့် စစ်မှန်သည့် ပြည်သူ့တပ်မတော်တရပ်ကို တည် ထောင်လိုသည့် ရည်မှန်းချက်ရှိသည်ဟု ဒေါ်နုနုအေးနှင့် လက်တွဲခဲ့ဖူးသည့် ရဲဘော်ဟောင်းတဦးက ပြောသည်။ "နောက်ပိုင်းမှာ စက်တင်ဘာ အရေးခင်းဖြစ်တဲ့အခါကျတော့ သူ့ရဲ့ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက်ကို သားသုံးသားလှုပ်ရှားမှုကော်မတီမှာ သူက ဥက္ကဌ လုပ်လိုက်တယ်။ သားသုံး သားဆိုတာဘာလဲဆိုရင် ရဟန်း ဘုရားသား၊ နောက် ကျောင်းသား၊ တပ်မတော်သား ဆိုတဲ့ အဲဒါ ဖြစ် တယ်။ သူကျနော်နဲ့ တွေ့တဲ့အချိန်မှာ သူ ကျနော့်ကို တိုင်ပင်တယ်လေ။ တိုင်ပင်တဲ့ အခါမှာ သားတို့ ကျောင်းသားတွေလည်း တာဝန်ကျေတယ်။ ရဟန်းသံဃာတော်တွေလည်း တာဝန်ကျေတယ်။ ငါတို့ တပ်မတော်သားတွေလည်း တာဝန်ကျေဖို့လိုတယ်။ အဲဒီအတွက်ကို အမေက အဲဒါ လုပ်ချင်တယ်။ အမေက လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ မင်းတို့နဲ့ပူးပေါင်းပြီးတော့လုပ်ချင်တယ်၊အဲဒါကြောင့်မို့လို့ အမြဲတမ်း ငါဒီမှာပဲနေမယ်။ သေတာတောင်မှ ဒီမှာပဲ သေချင်တယ်။" ဒေါ်နုနုအေးသည် ၁၉၉၉ ခုနှစ်တငွ် အမေရိကန်နိုင်ငံ ဖုဝိ့န်းမြို့ သို့ပြောင်းရွှေ့အခြေစိုက် နေထိုင်ခဲ့ သော်လည်း မြန်မာ့ဒီမိုကရေစီအရေး ဆက်လက်ဆောင်ရွက်ရန် ထိုင်း-မြန်မာ နယ်စပ်သို့ ပြန်လာပြီး နောက်တွင် ယခုလို ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဒေါ်နုနုအေး၏ ဈာပနအား နိဝု င်ဘာလ ၁၁ ရက်နေ့ မဲဆောက် တောရဘုန်းတော်ကြီးကျောင်းတွင် ကျင်းပမည် ဖြစ်သည်။

 BURMA STAR GROUP

39

compiled by hsu mon u & hnin yu lwin; layout – ma hteik

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ

ဒီဇိုင်း - ကိုမျိုး ၂၀၀၈၂၀၀၈-၁၁၁၁-၁၀

BURMA STAR GROUP

40

compiled by hsu mon u & hnin yu lwin; layout – ma hteik

Related Documents

Burmastarnonlineewsletter
November 2019 6
Burmastarnonlineewsletter
October 2019 9
Sonnet No5
April 2020 8
Taller No5
November 2019 11
Messenger-no5
April 2020 9