Arms

  • Uploaded by: heinhtetsan
  • 0
  • 0
  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Arms as PDF for free.

More details

  • Words: 148
  • Pages: 4
လက်နက် နဲ့ ငြိမ်းချမ်းရေး ကျွန်တော်ကတော့ ဒေါသမောဟ တကဲကဲနဲ့ လက်နက်စွဲ လက်နက်ကိုင် သူနိုင်ငါနိုင် အပြိုင်ချ အနိုင်ရအောင် လုပ်ရတာ အဟုပ်ပဲ ဝါသနာမပါ ပါဘူး။ စိမ်းလမ်းတဲ့ အသွေးနဲ့ ငြမ်းချမ်းရေးမှ ငြမ်းချမ်းရေးပါ။ ဒါပေမဲ့ နှစ်ဖက်ယှဉ်ပြိုင်လာရင်တော့ လက်နက်ကိုင်မှ ဖြစ်မယ်လို့ အစစ်အမှန် ယုံကြည်တယ်။ သူကလက်နက်နဲ့ ကိုယ်ကလက်နက်မဲ့ တရားတဲ့ယှဉ်ပြိုင်မှု မဟုတ်ပါ။

1

လက်နက်သမားက ရက်စက်သလား မမေးနဲ့ သက်သက် အလကား အနိုင်ကျင့်လေတော့ လက်နက်ကိုင်သင့်ရင်ကိုင်ရမယ်လို့ မုချယုံကြည်ပါတယ်။ လက်နက်အားကိုးတဲ့သူက လက်နက်တန်ခိုး ကို ယုံကြည်တယ်။ လူထုအားကိုးတဲ့သူက လူထုဆန္ဒ တန်ခိုးကိုယုံ လူထုဂုဏ်ကိုအလေးထားတယ်။ ဒါပေမယ့် လက်နက်နဲ့ဖိနှိပ်လာရင် ရရာလက်နက်ကိုင်စွဲပြီး တိုက်ပွဲဝင်သင့်တယ်လို့ ယူဆပါတယ်။ ဂန္ဒီ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့လို ပါရမီရှင် သူတော်စင်တွေ ကတော့ လက်နက်မြင်ရင် ရွံရှာပြီး ကိုယ့်ကိုယ်ကို အနစ်နာခံကြမှာပဲ။ ကျွန်တော်တို့က ပုတုဇဉ် သူတို့နဲ့ ယှဉ်လို့မဖြစ်ဘူး လက်နက်ကိုမချစ်ပေမဲ့ ညစ်ပတ်တဲ့ စိတ်ထားနဲ့ တရားမဲ့ ယှဉ်ပြိုင်လာရင် လက်နက်ကိုင်သင့်ရင် ကိုင်ရမှာပဲ။

2

သူလဲ လက်နက်မဲ့ ကိုယ်လဲ လက်နက်မဲ့ တကဲ့ အရင်းခံစိတ်အတိုင်း စားပွဲဝိုင်းမှာ ညှိနှိင်းဆွေးနွေးကြမယ်။ ဒါဟာတရားတယ်။ စကားအမေးအမြူနဲ့ အပေးအယူ လုပ်ကြမယ်။ ဒါဟာတရားတယ်။ အကြိမ်တရာ အခါတထောင် ညှိနှိင်းမှူ မအောင်မခြင်း ဆောင်စရာ ရှောင်စရာ သဘောတူလာသည်အထိ စိတ်ရှည်စွာဆွေးနွေး ခေါင်းအေးအေး အဖြေရှာမယ်။ ဒါဟာတရားတယ်။ ကိုယ့် ကို တော့ ဖမ်းဆီးထောင်ချ သူကတော့ ရာဇပလ္လင်မှာထိုင်ပြီး လက်နက်ကိုင်တွေ ဝန်းရံ မမှန်မကန်တွေ လက်တွေ့လုပ် ကိုယ်ကတော့ ငုတ်တုတ် ဆိုရင် ဘာလုပ်လို့ဖြစ်တော့မလဲ။ လက်နက်နဲ့ ဓားပြတွေက ရက်စက်ပြပြီးတော့ လက်နက်ချခိုင်းရင်တော့ သင်းတို့သာအရှက်ရ သွားမယ် ဘယ်သူလက်နက်ချမလဲ။

3

မင်းတို့လဲ လက်နက်ချ ငါတို့လဲ လက်နက်ချ ဒါမှလဲ ညီမျှတဲ့ အခြေခံ လုပ်ပုံလုပ်နည်း မှန်မယ်။ စိတ်ကောင်းစေတနာထားပြီး တရားမျှတမှူ ကိုချစ်ရင်ဖြင့် အလုပ်ဖြစ်ကြမှာ အမှန် သာယာတဲ့နိုင်ငံတည်ဆောက်နိုင်မှာပေါ့။ ပြည်သူတွေသိန်းသန်း ငြိမ်းချမ်းရေး ရမှာ အမှန်ပေဲ ပါ့ ။ ။ တင်မိုး ၂၃၊ ၆၊ ၂၀၀၁

4

Related Documents

Arms
November 2019 37
Arms
December 2019 35
Arms Struggle
December 2019 34
Combined Arms
June 2020 14
Robotic Arms
May 2020 17
Arms Control
December 2019 58

More Documents from "Jacobin Parcelle"

Suggestionb
May 2020 11
Aung
December 2019 27
2009-2-8 Otsuka
December 2019 26
Vob708
April 2020 11
Statement(2)
May 2020 9