Vote No 2010 Election

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Vote No 2010 Election as PDF for free.

More details

  • Words: 80
  • Pages: 2
ခေတ်စနစ်တွေကိုပြန်ကြည့်ကြပါလို့ စကားစချင်ပါတယ်။ဘယ်တုန်းကများဒီစစ်အာဏာရူးအုပ်စု ဟာတိုင်းပြည်ကောင်းစားပြီးပြည်သူကိုစိတ်ချမ်းကိုယ်ချမ်းသာဖြစ်အောင်လုပ်ပေးခဲ့ပါသလည်း။ပထမ အနေနှင့်ရွေးကောက်ပွဲဆိုတဲ့အသံနဲ့ ဒီမိုကရေစီအင်အားစုတွေကိုသွေးခွဲနေပြီ။ဒုတိယအနေနှင့်စစ်အုပ် စုဟာပြင်ဆင်ထားပြီးသည့်အတိုင်း၎င်းတို့ ကိုယ်တိုင်ပါဝင်ပြီးညစ်တီးညစ်စုတ်နည်းလမ်းများအသုံးပြု၍ အနိုင်ရအောင်လုပ်ပါလိမ့်မယ်။ဒီ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ပြီ၊လက်ခံပြီဆိုတာနဲ့ တိုင်းပြည်ဟာစစ်အုပ် စုရဲ့ လက်အောက်ကရုန်းထွက်နိုင်မှာမဟုတ်ဘူး“ရဲဘော်တို့ ”။ ရှင်းရှင်း ပဲပြောမယ်ရှုမောင်ဆိုတဲ့အာဏာရူးလုပ်နေတာကိုဝိုင်းပြီးမြောက်ထိုးပင့်ကော်လုပ်ပြီးနေခဲ့ ကြတဲ့လူကြီးတွေ၊ဘာမှနားမလည်တဲ့ပြည်သူကိုဆိုရှယ်လစ်စနစ်ကြီးဒီလိုကောင်းပါတယ်ဆိုပြီးညာ ခဲ့ကြတဲ့လူကြီးတွေကြောင့်(၂၆)နှစ်လုံးလုံးတိုင်းပြည်အမှောင်လွှမ်းခဲ့ရတယ်။ပြည်သူရဲ့ ဟစ်တိုင်မဲ့ခဲ့ရ ပြီး၊ပြည်သူရဲ့ မီးပြတိုက်သဖွယ်ရှိတဲ့သမိုင်းဝင်ကျောင်းသားသမဂ္ဂနှင့်သမဂ္ဂအဆောက်အဦးပါကွယ်ခဲ့ရ တယ်ဆိုတာ“ရဲဘော်တို့ ”သိပြီးသားပါ။ ၁၉၈၈ မှာ ထိမ်းမနိုင်တော့ အာဏာသိမ်းခိုင်းပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲဆြို ပီးဖြစ်လာတယ်။ ရဟန်းသံဃာ၊ကျောင်းသား၊ပြည်သူတွေရဲ့ သွေးချွေးတွေ ၁၉၈၈ မှာစတေးခဲ့လို့ ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်လာတာပါ။၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူကအကောင်းဆုံးရွေးချယ်တင်မြှောက်ခဲ့ပြီးပြီ။ဒီရလဒ် ကိုတွေ့ ဆုံဆွေးနွေးပါ။ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားတွေချက်ချင်းလွှတ်ပါ။ ဒီနည်းလမ်းဟာအမှန်တရားလမ်းကြောင်းပါ “ရဲဘော်တို့ ”ဒါကိုအလေးထားကြပါ။လာမဲ့၂၀၁၀ရွေး ကောက်ပွဲကိုလက်ခံရင် NLD ကိုတင်မြှောက်ပေးခဲ့တဲ့ပြည်သူကိုဆော်ကားရာရောက်ပါမယ်။တိုင်းပြည် ကိုချောက်ထဲပိုကြစေမဲ့အဖြစ်ဆိုးကြီးကိုလုံးဝလက်မခံသင့်ပါဘူး။အခုဆိုရင်ကြည့်ပါရွေးကောက်ပွဲအသံ ကြားတာနဲ့ နိုင်ငံရေးလုပ်စားမဲ့ စားဖားကြီးတွေအလျှိုလျှိုထွက်လာပါပြီ။လုပ်စားမဲ့သူဆိုတာဘယ်တော့ မှပြည်သူအတွက်ကြည့်မှာမဟုတ်ပါဘူး“ရဲဘော်တို့ ”။

အမှန်တရားလမ်းကြောင်းအတိုင်းNLD ဟာရှေ့ ဆက်မယ်ဆိုတာကိုအဘဦးဝင်းတင်ကပြတ်ပြတ် သားသားပြောပြီးပါပြီ။NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူဦးဥာဏ်ဝင်းကလည်း၁၉၉၀ ရလဒ်ကိုအသိအမှတ်ပြု ရမယ်လို့ ပြောဆိုထားပါတယ်http://www.khitpyaingnews.org/news/February_09/5-209c.php ။ဒါတွေကိုကျနော်တို့ ပစ်ပယ်လို့ မဖြစ်ပါဘူး“ရဲဘော်တို့ ”။ဒီအချိန်မှာအငြင်းပွားပြီးသွေးကွဲမ နေကြပါနဲ့ ။အားလုံးသွေးစည်းညီညွတ်စွာအမှန်တရားကိုစွဲကိုင်ပြီး၂၀၁၀ ရွေးကောက်ပွဲကိုဆန့် ကျင်ပါ။ ၂၀၀၈ အခြေခံဥမဒေ…အလိုမရှိ။ ၂၀၁၀ ရွေးကောက်ပွဲ…အလိုမရှိ။ ၁၉၉၀ ရလဒ်အသိအမှတ်ပြု။ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားတွေချက်ချင်းလွှတ်။ တွေ့ ဆုံဆွေးနွေးရေးချက်ချင်းလုပ်။ မင်းမော်စိုး လွတ်မြောက်နယ်မြေ(ဂျပန်)

Related Documents