R M Nuclear

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View R M Nuclear as PDF for free.

More details

  • Words: 1,456
  • Pages: 9
ရုရှားက အကူအညီပေးနေတဲ့ မြန်မာ အနုမြူ စီမံကိန်း ထောက်လှမ်း တွေ့ရချှိက်များ By Roland Watson DictatorWatch.org June 26, 2008

နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)လို့ အမည်ခံထားတဲ့ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေကို အနုမြူစီမံကိန်းမှာ ရုရှားက ကူညီထောက်ပံ့နေတဲ့အကြောင်း တကမ္ဘာလုံးက သိနေကြပါတယ်။ နအဖဟာ မြန်မာစစ်တပ်ကို ခေတ်မီလာစေဖို့ ရုရှားဆီက ခေတ်မီလက်နက်တွေ ဝယ်ယူ တပ်ဆင်နေတာကိုလည်း ပိုပြီး ဆန်းဆန်းပြားပြား မဟုတ်တဲ့ လုပ်ရပ်တခုအဖြစ်နဲ့ ကမ္ဘာက ရှုမြင်သုံးသပ်ထားပြီး ဖြစ်ပါတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့က စောင့်ကြည့်ထောက်လှမ်းနေရာမှာ အထောက်အထား အသစ် တွေ တွေ့ထားပါတယ်။ အသေးစိတ် သိထားတာတွေလည်း ရှိနေပါတယ်။ (ငြိမ်းချမ်းရေးနဲ့ အနုမြူ မပြန့်ပွားရေးကို လိုလားသူတွေအတွက)် စိတ်ကသိကအောင့် ဖြစ်စေနိုင်တာတွေလည်း ရှိနေပါတယ်။ ကျနော်တို့ DictatorWatch ကနေ အရင်ထုတ်ပြန်ထားတာတွေဟာ အခုထပ်မံ တွေ့ရှိလာတာတွေအရ မှန်ကန်တယ်လို့ အတည်ပြုနိုင်နေပါပြီ။ ဒါ့အပြင် အနုမြူ စီမံကိန်းတခုလုံးကို ခြုံငုံပြီး အရင်ထက် ပိုမို သိရှိလာရပါတယ်။

အနုမြူ ဓါတ်ပေါင်းဖိုနှင့် ယူရေနီယမ် တူးဖော်ခြင်း သုတေသနလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရုရှားက မြန်မာကို အနုမြူ ဓါတ်ပေါင်းဖိုတခု ထောက်ပံ့ တော့မယ့်အကြောင်း အတော်များများက သိကြပြီး ဖြစ်ပါတယ်။ ကျနော်တို့ ရတဲ့သတင်းမှာတော့ နအဖဟာ ရုရှားဆီက (၁ဝ) မီဂါဝပ်ရှိတဲ့ အနုမြူ ဓါတ်ပေါင်းဖိုတခုကို ဝယ်ပြီးသွားပြီ ဆိုတာပါပဲ။ အဲဒီ ဓါတ်ပေါင်းဖိုဟာ အသစ်မဟုတ်ပေမယ့် အတော်လေး ကောင်းမွန်နေသေးတယ်လို့ သိရပါတယ်။ အခုဆိုရင် အဲဒီဓါတ်ပေါင်းဖိုကို တစစီဖြုတ်တဲ့အဆင့်၊ မြန်မာနိုင်ငံကို တင်ပို့တဲ့အဆင့်နဲ့ ပြန်လည် တပ်ဆင်တဲ့အဆင့်တွေကို လုပ်နေပါပြီ။ DictatorWatch အနေနဲ့ ဓါတ်ပေါင်းဖို စက်ပစ္စည်းတွေ မြန်မာနိုင်ငံကို ရောက်ပြီလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် ဒီနှစ် ဒီဇင်ဘာလောက်မှာ တပ်ဆင်တဲ့အဆင့်တွေ အားလုံး ပြီးစီးမယ်လို့ ကျနော်တို့ရဲ့ သတင်းရပ်ကွက်တွေက ပြောပါတယ်။ (ကျနော်တို့ ထုတ်ပြန်တဲ့ အရင် သတင်းမှာ မြောက်ကိုးရီးယားက ကျွမ်းကျင်သူတွေဟာ မြန်မာ အနုမြူဓါတ်ပေါင်းဖို ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ကူညီမယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။)

သပိတ်ကျင်းမြို့နယ်ထဲက ကျောက်ဖဒို အရပ်မှာ အနုမြူ ဓါတ်ပေါင်းဖိုကို တည်ဆောက်မှာ ဖြစ်ပါတယ်။ သပိတ်ကျင်းဟာ မန္တလေးကနေ မြောက်ဖက် ကီလိုမီတာ(၁ဝဝ)ခန့် ကွာဝေးပြီး ဧရာဝတီမြစ်အနားမှာ ရှိပါတယ်။ ရုရှားက အနုမြူဓါတ်ပေါင်းဖို ရောင်းတာအပြင် အခြားဝန်ဆောင်လုပ်ငန်းတွေ လုပ်ပေးရတဲ့အတွက် အပြန်အလှန်အားဖြင့် ရုရှား သတ္တုတူးဖော်ရေးကုမ္ပဏီတခုက မြန်မာနိုင်ငံထဲမှာ ရွှေ၊ တိုင်တေနီယမ်နဲ့ ယူရေနီယမ် တူးဖော်ခွင့်လိုင်စင် ရရှိပါတယ်။ ရုရှားက ရွှေတူးဖော်မယ့်နေရာ (၂)ခု ရှိပါတယ်။ ပထမနေရာက ကျောက်ဖဒို ပါပဲ။ နောက်တနေရာ ကတော့ ပြင်ညောင်အရပ်က တောင်တန်းတွေမှာဖြစ်ပြီး မန္တလေးတိုင်း ကနေ ရှမ်းပြည်နယ်ကို သွားတဲ့ သာစည်-ရွှေညောင် ရထားလမ်း ညာဘက်ခြမ်းတလျှောက်မှာ ရှိပါတယ်။ ကျောက်ဖဒို အရပ်မှာပဲ တိုင်တေနီယမ်ကို တူးဖော်နေပါပြီ။ ဒါမှမဟုတ် သတ္တုကြမ်းကို သန့်စင်နေပါပြီ။ ယူရေနီယမ်ကို တူးဖော်နေတာ (၃)နေရာ ရှိပါတယ်။ ပထမနေရာဟာ ပြည်ခရိုင် ပေါက်ခေါင်းးမြိ့နယ် ထဲက ပဲခူးရိုးမတောင်တန်းတွေမှာ ဖြစ်ပါတယ်။ ဒုတိယနေရာက ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်က ပိုင်ငေါ့ အရပ်ဖြစ်ပါတယ်။ တတိယနေရာကတော့ ကျောက်ဖဒို ဖြစ်ပါတယ်။ အနုမြူဓါတ်ပေါင်းဖိုကို

သပိတ်ကျင်းက

ကျောက်ဖဒိုအရပ်မှာ

ရွေးချယ်တည်ဆောက်တာကတော့

သပိတ်ကျင်း ယူရေနီယမ် သတ္တုတွင်းနဲ့ မိုးမိတ် ယူရေနီယမ် သတ္တုတွင်းတွေရဲ့ အနီးအနားနေရာမှာ တည်ရှိလို့ ဖြစ်ပါတယ်။ ရွှေကို ရှာဖွေတူးဖော်တယ်ဆိုတာကတော့ အနုမြူ တည်ဆောက်ရေး လုပ်ငန်း တွေကို ဖုံးဖိဖို့ ဟန်ဆောင်လုပ်ပြတာ ဖြစ်နိုင်စရာရှိပါတယ်။ နအဖဟာ သပိတ်ကျင်းဒေသ တနေရာရာမှာ yellowcake စက်ရုံတခု တည်ဆောက်ထားတယ်ဆိုတဲ့ အကြောင်း အခြားသတင်းရပ်ကွက်တခုရဲ့ကိုးကားချက်ကို ကျနော်တို့ အရင်က ဖော်ပြခဲ့ဖူးပါတယ်။ အခုဆိုရင် ပိုပြီးတိကျတဲ့နေရာကို ကျနော်တို့ သိရှိနေပါပြီ။ (အနည်းဆုံး ကောင်းကင်ဂြိုဟ်တုကနေ သတင်းအချက်အလက် အလုံအလောက် ရယူနိုင်နေပါပြီ။) (yellowcake နှင့် gas centrifuges အကြောင်း ရှင်းလင်းချက်အနည်းငယ်ကို ဆောင်းပါးအဆုံးတွင် ဖော်ပြ ထားသည်။ ဘာသာပြန်သ)ူ

အနုမြူဓါတ်ပေါင်းဖိုကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ဟာ အနုမြူစွမ်းအားသုံးပြီး လျှပ်စစ်ဓါတ် ထုတ်ဖော်ဖို့ ဖြစ်တယ်လို့ နအဖက (လူပြောများလာတဲ့အချိန်မှာ) လူသိရှင်ကြား ကြေညာခဲ့ရပါတယ်။ နအဖဟာ လျှပ်စစ်ဓါတ်ထုတ်ဖို့ အမှန်တကယ် စိတ်မဝင်စားဘူးလို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ဒီလိုမျိုးမဟုတ်ပဲ အဖြစ်နိုင်ဆုံးအကောင်းဘက်က လှည့်တွေးရင်တောင် လျှပ်စစ်ဓါတ်ထုတ်လုပ်ရေးက ဒုတိယ ရည်မှန်းချက်သာ ဖြစ်ရပါမယ်။ နအဖရဲ့ အဓိက ရည်မှန်းချက်ကြီးကတော့ အနုမြူလက်နက် တွေ တည်ဆောက်ထုတ်လုပ်ရေးပဲ ဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့ရဲ့ သတင်း ရပ်ကွက်တွေ အဆိုအရ နအဖဟာ လာမယ့် (၁ဝ)နှစ်အတွင်း အနုမြူ ထုတ်လုပ်နိုင်စွမ်း အပြည့်အဝ ရှိလာဖို့ မျှော်မှန်းထားပါတယ်။

ရုရှားဟာ နအဖကို အနုမြူဓါတ်ပေါင်းဖိုအတွက် လည်ပတ်ဖို့လောင်စာတွေလည်း ထောက်ပံ့ပေးနေ တယ်လို့ ဆိုနိုင်စရာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ယူရေနီယမ် ထွက်ပါတယ်။ အဲဒီသတ္တုကြမ်းကို yellowcake ဖြစ်အောင်လုပ်တဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။ yellowcake ကို သန့်စင်ရင် လောင်စာ ဖြစ်လာပါတယ်။ ယူရေနီယမ်-၂၃၈ ကနေ ယူရေနီယမ်-၂၃၅ ကို ခွဲထုတ်တဲ့ အဆင့် (centrifuge program)ကို နအဖ ဟာ တောင်နဝင်းဆည်မှာ စတင်နေပြီလို့ ကျနော်တို့ သတင်းရရှိထားပါတယ်။ ဒါပေမယ့် အတည်မပြု နိုင်သေးပါဘူး။ ရုရှားဆီက လောင်စာ မရသရွေ့ အဲဒီအဆင့်ကို စနိုင်ဦးမှာတော့ မဟုတ်သေးပါဘူး။ တကယ်လို့ အဲဒီအဆင့်က စတင်လည်ပတ်နေပြီဆိုရင် ရုရှားက လောင်စာ ထောက်ပံ့လို့သာ ဖြစ်ရပါ လိမ့်မယ်။ မှတ်ချက်။ ။ ကျောက်ဖဒို ဒေသကိုရွေးပြီး အနုမြူဓါတ်ပေါင်းဖို တည်တာကတော့ အဲဒီမှာ ယူရေနီယမ် သန့်စင်ရေးတွေ တည်ဆောက်ဖို့ စီစဉ်မယ်ဆိုရင် အဆင်ပြေဖို့သက်သက်ပါပဲ။ ယူရေနီယမ် သတ္တုတွင်း၊ စက်ရုံ၊ သန့်စင်တဲ့ လုပ်ငန်းနဲ့ ဓါတ်ပေါင်းဖိုတို့ဟာ အနီးအနား တဝိုက်မှာပဲ တည်ရှိနေကြတာဖြစ်လို့ ပြီးပြည့်စုံတဲ့ စက်မှုဇုံတခု ဖြစ်လာပြီး သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေး အစစအရာရာ အဆင်ပြေလို့ ဖြစ်ပါတယ်။ နအဖကို ရုရှားက ကူညီနေတာနဲ့ ပတ်သက်လို့ စိတ်ကသိကအောင့် အဖြစ်ရဆုံးလို့ ဆိုနိုင်တဲ့ အချက် တခုရှိပါတယ်။ ဆိုဗီယက်ယူနီယံ လက်ထက်မှာ မြောက်ကိုးရီးယားကို အနုမြူထုတ်လုပ်နိုင်စွမ်းရှိတဲ့ နိုင်ငံဖြစ်လာအောင် တွန်းအားပေးဖို့ ကူညီတာ ရှိခဲ့ဖူးပါတယ်။ အခုလည်း အလားတူ တပုံစံတည်း ဖြစ်နေတဲ့ကိစ္စပါ။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးလို့ စစ်အေးခေတ်မှာ ရုရှားဟာ ဘာဖြစ်လို့ မရိုးသားတဲ့ နာမည်ပျက် နိုင်ငံ တွေဆီမှာ အနုမြူပြန့်ပွားအောင် ကူညီနေရတာလဲလို့ မေးစရာ ဖြစ်နေပါပြီ။ လူတိုင်းသိနိုင်တာကတော့ ရုရှားဟာ ပိုက်ဆံ လိုချင်လို့ပါပဲ။ ဒါကတော့ သဘောဝအရင်းအမြစ်တွေ ကနေ ဝင်ငွေရအောင် ထုတ်ယူတာဖြစ်လို့ မဆန်းပါဘူး။ ဒါပေမယ့် ငွေလိုချင်တာ တခုတည်းကြောင့် ပဲလား ဆိုတာကိုတော့ အလေးအနက်ထားပြီး ထပ်မေးရပါမယ်။ ဒီထက်မက နက်နက်ရှိုင်းရှိုင်း စဉ်းစားရမှာတွေလည်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံက နအဖလို စစ်အာဏာရှင် အစိုးရမျိုး၊ ဗိုလ်ချုပ်သန်းရွှေလို ခေါင်းဆောင်မျိုးကို ရုရှား ခေါင်းဆောင်တွေက အကူအညီပေးနေတာတွေအပေါ် ရုရှားပြည်သူတွေက ဘယ်လိုများ သဘော ထားကြပါမလဲ။ ၁၉၆၅ ခုနှစ်တုန်းက ဆိုဗီယက်ယူနီယံက မြောက်ကိုးရီးယားကို (၂)မီဂါဝပ်ရှိတဲ့ အနုမြူ ဓါတ်ပေါင်းဖို တခု ပေးခဲ့ဖူးပါတယ်။ အဲဒါကိုပဲ ၁၉၇၃ ခုနှစ်မှာ (၈)မီဂါဝပ်ရှိတဲ့ အဆင့်ကို တိုး မြှင့်ပေးခဲ့ပါတယ်။ အနည်းဆုံး အဲဒီအချိန်တွေလောက်အထိ ဓါတ်ပေါင်းဖိုလည်ပတ်ဖို့ လောင်စာတွေကို ရုရှားက ထောက် ပံ့ပေးနေခဲ့ပါတယ်။ အဲဒီလို ကူညီထောက်ပံ့တာတွေရဲ့နောက်ပိုင်းမှာတော့ မြောက်ကိုးရီးယားရဲ့အနုမြူစီမံကိန်းဟာ အကြီး အကျယ်

ပြောင်းလဲ

တိုးတက်သွားပါတော့တယ်။

မြောက်ကိုးရီးယားဟာ

ပိုမိုကြီးမားတဲ့

အနုမြူ

ဓါတ်ပေါင်းဖိုတခုကို ကိုယ်တိုင် တည်ဆောက်လိုက်ပါတယ်။ ၁၉၈ဝ ခုနှစ်ရောက်တော့ လက်နက်တွေ

စတင် ထုတ်လုပ်ပါတော့တယ်။ ပလူတိုနီယမ်ကို ခွဲထုတ် ရယူနိုင်တဲ့အဆင့်ကို ရောက်ခဲ့ပါတယ်။ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတွေကို စမ်းသပ်ဖောက်ခွဲလာနိုင်ခဲ့ပါတယ်။ (နအဖကလည်း အလားတူ စမ်းသပ်ဖောက်ခွဲခဲ့တာ ရှိတယ်လို့ ကျနော်တို့ သတင်းရရှိပါတယ်။ မန္တလေး အရှေ့တောင်ဖက် စကြာတောင်တန်းတွေဘက်မှာပါ။) မြောက်ကိုးရီးယားဟာ လက်နက်အဆင့်ကို ထုတ်လုပ်နိုင်စွမ်းရှိတဲ့ ယူရေနီယမ် သန့်စင်ရေးကို တချိန်ချိန်မှာ စတင်နိုင်ခဲ့ပါတယ်။ ဒါတွေကြောင့် ၂ဝဝ၂ ခုနှစ်ရောက်တော့ အမေရိကန်နဲ့ ထိပ်တိုက်တိုးရတဲ့အထိ အရှိန်ကောင်းလာနေပါတော့တယ်။ အခုဆိုရင် မြောက်ကိုးရီးယားမှာ ပလူတိုနီယမ် ဓါတ်ပေါင်းဖိုနဲ့ သန့်စင်ပြီး ယူရေနီယမ် ရှိနေပါပြီ။ အနုမြူလက်နက်အတွက် သီးခြားအရင်းအမြစ် နှစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်ပြီလို့ အဓိပ္ပာယ်ရပါ တယ်။ ၂ဝဝ၆ ခုနှစ် အောက်တိုဘာမှာ မြောက်ကိုးရီးယားက အနုမြူဗုးံ အသေးစားတခုကို စမ်းသပ်ဖောက်ခွဲခဲ့ ပါတယ်။ သူတို့ထုတ်လုပ်ထားတဲ့ ပလူတိုနီယမ်အချို့ကိုသုံးပြီး ဖောက်ခွဲတာဖြစ်ပါတယ်။ မြောက် ကိုးရီးယားဟာ အနုမြူ ပိုင်ဆိုင်ပြီဖြစ်ကြောင်း၊ ဒါ့အပြင် ပလူတိုနီယမ် ဓါတ်ပေါင်းဖိုကို ဖျက်ဆီးမယ့် အကြောင်း၊ ဒါပေမယ့် ယူရေနီယမ် သန့်စင်ရေးဘက်မှာ ဆက်လက် လုပ်ဆောင်နေမယ့်အကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် မြောက်ကိုးရီးယားဟာ အဲဒီကိစ္စတွေကို ဆွေးနွေးလိုပုံတော့ မရပါဘူး။ သူ့မှာ ဘယ်လို လက်နက်မျိုးတွေ လျှို့ဝှက်ပိုင်ဆိုင်ထားတာကို ဖွင့်ချဖို့လည်း အာသီသရှိပုံ မရပါဘူး။ မြောက်ကိုးရီးယားဟာ သူတည်ဆောက်ထားပြီးဖြစ်တဲ့ အနုမြူဓါတ်ပေါင်းဖိုအပြင် ထုတ်လုပ်ထားတဲ့ ပလူတိုနီယမ်တွေကိုပါ ဖျက်ဆီးပစ်လိုက်မယ်ဆိုရင်တောင် ယူရေနီယမ် အနုမြူလက်နက်တွေ ထုတ် လုပ်နိုင်စွမ်းရှိတဲ့အဆင့်ကိုတော့ လောက်များများ

ဆက်လက်ထိန်းထားဦးမှာ

ထုတ်လုပ်သိုလှောင်ထားတာကိုတော့

ဖြစ်ပါတယ်။ မသိရပါဘူး။

ပလူတိုနီယမ်ကို အဲဒါကို

ဘယ်

နိုင်ငံတကာမှာ

အသဲအသန် အငြင်းပွားနေရပါတယ်။ လတ်တလောမှာတော့ မြောက်ကိုးရီးယားကို ပလူတိုနီယမ်နဲ့ ပတ်သက်တာကိုပဲ ထုတ်ဖော် ပြောဆိုစေဖို့ အမေရိကန်က ဆန္ဒရှိနေပုံရပါတယ်။ ရုရှားအပြင် မြောက်ကိုးရီးယား ကျွမ်းကျင်သူတွေကလည်း နအဖရဲ့ အနုမြူ ရည်မှန်းချက်နဲ့ အခြား လက်နက်တွေ ထုတ်လုပ်ရေးမှာ ပါဝင်ကူညီနေကြပါတယ်။ ကျနော်တို့ သိထားတာအရဆိုရင် မြောက် ကိုးရီးယားက အခုလို ကူညီပေးတဲ့အတွက် အပြန်အလှန် ပေးဆပ်တဲ့အနေနဲ့ နအဖက သူ့ကို စစ်ယူ ထားတဲ့ ယူရေနီယမ် (yellowcake အဆင့်)ကိုပေးလိုက်ပါပြီ။ နောက်အဆင့်တွေမှာတော့ မြောက် ကိုးရီးယားက ယူရေနီယမ် သန့်စင်ဖို့ပဲ လုပ်ယူမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ (ငြိမ်းချမ်းရေးနဲ့ အနုမြူ မပြန့်ပွားလိုသူတွေအတွက်) သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ အမေရိကန်သမတ ဘွတ်ရှ်ဟာ မြောက်ကိုးရီးယားကို ဖိအားပေးဖို့ စိတ်ပါပုံ မရပါဘူး။ ပြီးတော့ သူဟာ မြန်မာနိုင်ငံရဲ့ အနုမြူစီမံကိန်းအကြောင်း ထုတ်ပြောဖို့တောင် ငြင်းဆန်နေပါတယ်။ ဒါကလည်း ပိုလို့တောင် စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ မြောက်ကိုးရီးယားဟာ အနုမြူဗုံးကို စနစ်တံဖြုတ်နိုင်ဖို့ နှစ်ပေါင်း (၄ဝ) အချိန်ယူခဲ့ရပါတယ်။ (သဘာဝ ဓါတ်ငွေ့နဲ့အခြားတွင်းထွက်ပစ္စည်းတွေကနေ နိုင်ငံခြားငွေမာတွေ အမြောက်အမြား ရရှိနေတဲ့) မြန်မာ နအဖမှာတော့ အဲသလောက် မကြာနိုင်ပါဘူး။ ခဏလေးနဲ့ လုပ်နိုင်မယ့် သဘော ရှိနေပါတယ်။

တကယ်လို့များ မြန်မာစစ်အစိုးရမှာ အနုမြူလက်နက်တွေ ပိုင်ဆိုင်သွားပြီဆိုရင် အတော့်ကို ဆိုးဝါးလွန်း လှတဲ့ သူတို့ရဲ့စစ်အာဏာရှင်စနစ်က သက်ဆိုးရှည်ဦးတော့မှာ ဖြစ်ပါတယ်။ အိမ်နီး ချင်းနိုင်ငံတွေလည်း စိုးရိမ်ဖွယ်ရာ ကောင်းလောက်အောင် ခြိမ်းခြောက်ခံနေရမှာဖြစ်ပြီး အထူးသဖြင့် ခံရမှာကတော့ ထိုင်း နိုင်ငံ ဖြစ်ပါလိမ့်မယ်။

အတိအကျ ချိန်ရွယ် ပစ်ခတ်နိုင်သော ဒုံးကျည်များ (Precision-guided munitions - PGMs) မြန်မာနိုင်ငံမှာ ဒုံးကျည် အမျိုးမျိုးကို တပ်ဆင်ထားတဲ့အကြောင်း ကျနော်တို့ အရင်တုန်း က ထုတ်ဖော်ခဲ့ ဖူးပါတယ်။ အဲဒီဒုံးကျည် အမျိုးအစားတွေမှာ ဆမ်ဒုံးပျံ (SAMs - မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်)တွေ အများကြီး ပါဝင်နေပါတယ်။ စစ်သင်္ဘောကနေ ပစ်ခတ်တဲ့ မြေပြင်က ဝေဟင်ပစ်ဒုံးကျည်နဲ့ မြေပြင်က မြေပြင်ပစ် ဒုံးကျည်တွေလည်း ပါဝင်ပါတယ်။ ရုရှားလုပ် MIG 29s တိုက်လေယာဉ်တွေအတွက် ဒုံးလက်နက်တွေအပြင် ခရီးတိုပစ် ဘော်လစ်စတစ် ဒုံးကျည်တွေတောင် ပါနေတယ်လို့ ဖော်ပြခဲ့ပါ တယ်။ (PGMs, SAMs, Rocket launchers, Cruise missile နှင့် MIG 29s တို့၏ ဓါတ်ပုံအနည်းငယ်စီကို ဆောင်းပါး အဆုံး၌ ဖော်ပြထားသည်။ ဘာသာပြန်သ)ူ

အခု ထပ်သိလာတာကတော့ နအဖဟာ အရင်တုန်းက ယူကရိန်းနိုင်ငံက လေယာဉ်ပစ် အမြောက်တွေ ဝယ်နေခဲ့တုန်းမှာပဲ ၂ဝဝရ ခုနှစ်မှာ ရုရှားဆီကလည်း သင်္ဘော (၄)စီးစာ လေယာဉ်ပစ်အမြောက်တွေ ဝယ်ခဲ့သေးတယ် ဆိုတာ ဖြစ်ပါတယ်။ နောက်သိလာတာတခုက မြောက်ကိုးရီးယားဆီက ရော့ကက်လောင်ချာ (rocket launchers - ဒုံးပျံ ပစ်စင်)တွေကို နအဖက ဝယ်ထားတဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒီမှာ အရွယ်မျိုးစုံရှိတဲ့ ဒုံးပျံတွေကို ပစ်လွှတ်လို့ရတဲ့ ပစ်စင်တွေ ဖြစ်ပါတယ်။ (ဘော်လစ်စတစ် ဒုံးကျည်တွေကိုလည်း ထည့်ပစ်နိုင်စရာ ရှိပါတယ်။ တကယ်လို့ ဒီသတင်းက မှန်ခဲ့ရင် နအဖဆီမှာ ခရီးတိုပစ် ဘော်လစ်စတစ် ဒုံးကျည်တွေ တောင် ရှိနေပြီဆိုတာ အတည်ပြုလို့ ရပါမယ်။) ဒါတွေအပြင် နအဖက ပစ်မှတ်ကို အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်(PGMs)တွေ ထုတ်လုပ် ဖို့ကို သုတေသန လုပ်နေပါတယ်။ သာစည်မြို့နယ်မှာ ဒုံးကျည်စက်ရုံတခုကို ရုရှား အကူအညီနဲ့ တည် ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါဟာ အာရှ-ပစိဖိတ်ဒေသမှာ ရုရှားလုပ် PGMs တွေကို ပေါ်ပေါ် ထင်ထင် ပြန့်ပွားလာအောင် နောက်ဆုးံ လုပ်ဆောင်လာတာ ဖြစ်ပါလိမ့်မယ်။

PGMs တွေမှာ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို ပစ်ချဖို့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည် အမျိုးအစား ဆိုတာ ရှိပါတယ်။ ဒါ့အပြင် မြေပြင်ပစ်မှတ်နဲ့ သင်္ဘောတွေကို တိုက်ခိုက်ဖို့ မြေပြင်က မြေပြင်ပစ် ဒုံးကျည်အမျိုးအစားတွေ ပါဝင်ပါတယ်။ ဝေဟင်ကနေ မြေပြင်ပစ် (သိ)ု့ ကောင်းကင်တိုက်ပွဲ သုံး ခရုဇ် ဒုံးပျံအမျိုးအစားလည်း ပါဝင်နေပါတယ်။ နအဖ ရည်ရွယ်ထားတဲ့ ဒုံးကျည်စက်ရုံမှာ ဘယ်လိုမျိုး PGMs တွေ ထုတ်လုပ်မယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ တာလတ်ပစ် အမျိုးအစားတွေကို ထုတ်လုပ်မယ်ဆိုတဲ့အကြောင်းနဲ့ ငါးနှစ်အကြာမှာ စတင် ထုတ်လုပ်နိုင်မယ် ဆိုတဲ့အကြောင်းလောက်ပဲ သိရပါသေးတယ်။

နအဖဟာ နိုင်ငံတကာက ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ စစ်သင်္ဘောတွေ ဝင်ရောက် စွက်ဖက်လာရင် ပြင်းပြင်းထန်ထန် ခုခံသွားနိုင်ဖို့ ရည်ရွယ် တည်ဆောက်နေတာကတော့ ရှင်း ပါတယ်။ နာဂစ်စ် ဆိုင်ကလုန်းမုန်တိုင်းအပြီး အမေရိကန်နဲ့ ပြင်သစ်ရေတပ်တို့ဟာ ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းတွေ လုပ်ပေးဖို့ မြန်မာ့ရေပိုင်နက်အလွန်မှာ ရောက်ရှိနေပေမယ့် နအဖဆီက ခွင့်ပြုချက်မရတဲ့ အတွက် ဝင်ရောက်ကူညီ မပေးနိုင်ခဲ့ပါဘူး။ အတင်းဝင်ရောက်ခဲ့ရင် သူတို့ရဟတ်ယာဉ်တွေ၊ သင်္ဘော တွေကို နအဖက ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာမယ့်အရေးကို လက်တုန့်မပြန်ချင်လို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

စစ်တပ်ကို ခေတ်မီအောင် လုပ်ခြင်း မြန်မာစစ်တပ်ဟာ ခေတ်မမီတော့တဲ့ စစ်လက်နက်တွေ သုံးနေကြောင်း အရင်က ကျနော်တို့ ဖော်ပြခဲ့ ဖူးပါတယ်။ အဲဒါကို ပြင်ဆင်နိုင်ဖို့အတွက် ရုရှားအပြင် တရုတ်၊ မြောက်ကိုးရီးယားနဲ့ အခြားနိုင်ငံတွေ ကနေ လက်နက်တွေ အမြောက်အမြား လျှို့ဝှက် ဝယ်ယူအားဖြည့်နေတယ် ဆိုတာကတော့ ရှင်းပါ တယ်။ ဦးနေဝင်းနဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ခေတ်မှာ စစ်အစိုးရဟာ လက်နက်စက်ရုံ (၆)ခုပဲ ရှိခဲ့ပါတယ်။ လက်ရှိ စစ်အစိုးရမှာတော့ အခုအချိန်ထိ လက်နက်စက်ရုံပေါင်း (၂၂)ခု ရှိနေတဲ့ အပြင် နောက်ထပ်တိုးဖို့ အစီအစဉ်တွေ ရှိနေတာလည်း သိသိသာသာ ဖြစ်နေပါတယ်။ အရေးပါတဲ့

လက်နက်တွေကို

ပိုင်ဆိုင်လာပြီးတဲ့နောက်

အဲဒါကို

ထပ်မံပေါင်းစပ်ပေးတာကတော့

အဓိကကျတဲ့ ပညာရေး အစီအစဉ်ပဲ ဖြစ်ပါတယ်။ ရုရှားမှာ မြန်မာပညာတော်သင်ပေါင်း (၅ဝဝဝ)ကျော် ရှိနေပါတယ်။ သူတို့အားလုံးဟာ မေမြို့စစ်တက္ကသိုလ်ထွက် စစ်ဗိုလ်တွေ ဖြစ်ကြပါတယ်။ ရုရှားဘာသာ စကားကို (၉)လတိုင် သင်ယူထားပြီးသူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ အထူးပြုလေ့လာမယ့် ဘာသာရပ်ကို ဝင်ခွင့်စာမေးပွဲ အောင်ထားရပါသေးတယ်။ (ပညာတော်သင်ကျောင်းသား ၃ဝဝဝ လို့ ကျနော်တို့ အရင်က ဖော်ပြထားခဲ့တာရှိပြီး အခု အရေအတွက် ထပ်တိုးလာပါတယ်။) ရုရှားရောက် မြန်မာစစ်ဗိုလ် ပညာတော်သင်တွေဟာ မာစတာဘွဲ့အတွက် (၂)နှစ် တက်ရပြီး ဒေါက်တာ ဘွဲ့အတွက် (၄)နှစ် တက်ရပါတယ်။ (ဒေါက်တာဘွဲ့အတွက် ၃-နှစ်လို့ ကျနော်တို့ အရင်က ဖော်ပြခဲ့ပါ တယ်။) သူတို့ဟာ မော်စကို ဒါမှမဟုတ် စိန့်ပီတာစ်ဘဂ်မှာရှိတဲ့ Moscow Air Institute မှာ စာသင်ရပါ တယ်။ ရုရှားအပြင် တရုတ်၊ မြောက်ကိုးရီးယား၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံမှာလည်း နအဖက စေလွှတ်ထားတဲ့ စစ်ဗိုလ် ပညာတော်သင်တွေ ရှိပါသေးတယ်။ လက်ရှိ နောက်ဆုးံ အသုတ်ကတော့ အမှတ်စဉ် (၇) ပညာတော်သင်တွေဖြစ်ပြီး မေမြို့စစ်တက္ကသိုလ် ထွက် စစ်ဗိုလ်ဦးရေ (၁၁ဝဝ) ဖြစ်ပါတယ်။ သူတို့ အဓိက လေ့လာသင်ယူတဲ့ ဘာသာနဲ့ ကျောင်းသား အရေအတွက်ကို ဖော်ပြလိုက်ပါတယ်။

ဘာသာရပ်

ပညာတော်သင် အရေအတွက်

Nuclear science

၂၅ဝ

Tunneling science

၁ဝဝ

Rockets

၂ဝဝ

Electronics

၁ဝဝ

Computer science

၂ဝဝ

Aircraft construction

၁ဝဝ

Artillery

၁၅ဝ

ပညာတော်သင်ကျောင်းသားတွေဟာ

အထူးပြုဘာသာရပ်အပြင်

အခြားအကြောင်းအရာတွေကိုပါ

လေ့လာသင်ယူရပါတယ်။ အဲဒီအထဲမှာ တင့်ကားအကြောင်း၊ ထိန်းသိမ်း ရေးပညာ၊ လေယာဉ်ပစ် သင်တန်း၊ ကျည်ဆန်ထုတ်လုပ်ခြင်း၊ တိုက်လေယာဉ်မောင်းသင်တန်း၊ စစ်ရေယာဉ် တည်ဆောက်ပုံ၊ ရေတပ်မာလိန်မှူးသင်တန်းနဲ့ အကြမ်းဖက် တိုက်ဖျက်ရေးသင်တန်းတွေ ပါဝင်ပါတယ်။ စစ်တပ်ကို ခေတ်မီအောင် လုပ်နေတဲ့ အစီအစဉ်အားလုံးကြောင့် ရန်သူကို တိုက်ခိုက်ဖို့ နအဖက ကြိုတင်ပြင်ဆင်ရာမှာ တိုး တက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နအဖမှာ ပြဿနာ အကြီး အကျယ် တက်နေတာ ရှိပါတယ်။ အဲဒါကတော့ စစ်သားတွေ စိတ်ဓါတ်ပျက်ပြား ကျဆင်းနေတဲ့ ကိစ္စပါ။ တပ်မတော်ထဲမှာ အခွင့်ထူးခံဖြစ်နေတဲ့ နိုင်ငံခြားပညာတော်သင် အများအပြားဟာ စိတ်ဓါတ် မခိုင်မာ ကြပဲ အခွင့်အရေး ရရင်ရသလို အခြားနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတတ်ကြပါတယ်။ ပညာတော်သင် ကျောင်းသားတွေဟာ သူတို့အသုံးစရိတ် ကာမိရုံလောက်ပဲ ဝင်ငွေ ရရှိကြပါတယ်။ ဝင်ငွေအတိုးအလျော့ မရှိတဲ့ ပုံသေလစာငွေ အနည်းငယ်လောက်သာ ဖြစ်ပါတယ်။ ရုရှားဘာသာစကားက ခက်ခဲတဲ့အပြင် သင်ယူရတဲ့ သင်ခန်းစာတွေက မလွယ်ကူတာတွေချည်းပါပဲ။ သူတို့ကို အချိန်ပိုတွေ လုပ်ခိုင်းထားပါတယ်။ အရပ်ဖက်ပြည်သူတွေနဲ့ မဆက်ဆံနိုင်အောင် တားမြစ် ထားတာတွေလည်း ရှိနေပါတယ်။ ရုရှားနိုင်ငံရောက် မြန်မာပညာတော်သင်တွေမှာ နေထိုင်ခွင့် ဗီဇာ ရှိပေမယ့် အခြားတနေရာကိုသွားဖို့ လေယာဉ်လက်မှတ်၊ ရထားလက်မှတ်နဲ့ ခရီးဝေး ကားလက်မှတ် တွေကို မဝယ်နိုင်အောင် တားမြစ်ခံနေကြရပါတယ်။ ရုရှားမှာ ပညာသင်ကြားပြီးလို့ ရွှေပြည်တော် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါမှာ သူတို့ဟာ ရုရှား ဘာသာစကား သင်ပေးတဲ့ ဆရာဘဝကို ရောက်သွားပါတော့တယ်။ တချို့လည်း နအဖရဲ့ ဗဟို သုတေသနနဲ့ လေ့ကျင့်ရေးဌာနမှာ သင်တန်းဆရာတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ရုရှားပြန် စစ်ဗိုလ် အများအပြားကတော့ ရှေ့တန်းစစ်မြေပြင်ကို စေလွှတ်ခံရတတ်ပါတယ်။ နမူနာတခုကတော့ ဒီနှစ် ဇန်နဝါရီလထဲမှာ မြန်မာပညာတော်သင်တဦးဟာ ရုရှားနဲ့ နယ်စပ်ချင်း ထိစပ် နေတဲ့ ဖင်လန်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် သူက သူ့ဆဲလ်ဖုန်းကိုသုံးပြီး ဖင်လန်က အဆက်အသွယ်ဆီကို ဖုန်း ခေါ်ချိန်မှာပဲ ရုရှား ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါ တယ်။

နအဖအတွင်းမှာဆိုရင် ထိပ်ပိုင်း ခေါင်းဆောင်တစုကလွဲလို့ အဆင့်တိုင်းမှာ အတော်များများက မကျေ မနပ် ခံပြင်းနေကြပါတယ်။ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးတို့ နှစ်ဦးကြားမှာလည်း သဘော ထားကွဲတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ လက်နက်တွေ ခေတ်မီလာလို့ ပြည်ပ ဝင်ရောက် စွက်ဖက်တာတွေကို နအဖက ခုခံနိုင်စွမ်း မြင့်တက်လာပေမယ့် အဲဒီခေတ်မီကိရိယာတွေကို ကိုင်တွယ် မောင်းနှင်နိုင်သူတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။ တပ်တွင်းပုန်ကန် အာဏာသိမ်းမှုကြောင့် နအဖဟာ ပြိုကွဲဖို့ အသင့်အနေအထား ရောက်နေပါပြီ။ အခြေအနေပေါ်မူတည်ပြီး လူထုအုံကြွမှုကလည်း အသစ် တဖန် ပြန်စလာဖို့ ရှိနေပါတယ်။ နအဖခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကြောင့် ထွက်လာမယ့်အဖြေကို ပြောင်းလဲဖို့ ဖြစ်စေနိုင်တာကတော့ သူတို့လို ခေါင်းဆောင်တွေအနေနဲ့ အနုမြူလက်နက်ကို ပိုင်ဆိုင်ထားဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အနုမြူလက်နက်ဆိုတာ ပြည်ပတပ်တွေ ဝင်ရောက်စွက်ဖက်တာကို နည်းလမ်းအသစ်နဲ့ ခုခံတာပဲ ဖြစ်ပါလိမ့်မယ်။ တကယ်လို့များ မြောက်ကိုးရီးယားဆီက အနုမြူထိပ်ဖူးကို တိုက်ရိုက်မရခဲ့ဘူးဆိုရင် နအဖရဲ့အနုမြူစီမံကိန်းက နှစ်ပေါင်းများစွာ ထပ်ကြာနေဦးမှာ ဖြစ်ပါတယ်။ နအဖလို စစ်ခေါင်းဆောင်တွေရဲ့ အနုမြူစီမံကိန်းကို ဘယ်နည်းနဲ့မဆို တားဆီးကြမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးနေကျ မေးခွန်းတခုရှိပါတယ်။ အမေရိကန် ဘာလုပ်နေပါသလဲ။ နိုင်ငံအသီးသီးဟာ ဒေသန္တရ နိုင်ငံရေးရဲ့ အမှန်တကယ် ဖြစ်ရပ်တွေအပေါ်မှာ စိုးရိမ်ပူပန်နေတတ်ကြ ပါတယ်။ အဲဒီလို ဖြစ်ရတာကတော့ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ထားလိုတဲ့အတွက် ကြောင့်ပါပဲ။ အမေရိကန်နဲ့ မြန်မာတို့ ဆက်စပ်တဲ့ ကိုယ်ကျိုးစီးပွားတွေကို ကြည့်လိုက်ရင် အပေါ်ယံအမြင်မှာတော့ အမေရိကန် ရေနံကုမ္ပဏီဖြစ်တဲ့ ရှဲဗရွန် (Chevron)ကို တွေ့ရပါမယ်။ ရှဲဗရွန်ဟာ မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေမှာ ရင်းနှီး မြှုပ်ထားပါတယ်။ ဒုတိယ အကျိုးစီးပွား ကတော့ အမေရိကန်နိုင်ငံသားတွေ ဖြစ်နေကြတဲ့ မြန်မာနွယ်ဖွားတွေပါပဲ။ ဒါပေမယ့် သူတို့က လူနည်း စုလောက်ပဲ ရှိနေသေးတော့ အဲဒီအကျိုးစီးပွားကို အမှန်တကယ်ဆိုရင် လစ်လျူလို့ ရနိုင်စရာ ရှိနေပါ တယ်။ အမေရိကန် လက်ရှိအစိုးရဟာ မြန်မာနအဖနဲ့ ဆက်ဆံရာမှာ ပြောပေါင်းဆိုပေါင်း များသလောက် အကျိုးအမြတ် သိပ်မထွက်ပဲ ရှိနေပုံရပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပေါ်လစီအရ ရှဲဗရွန်ကို ကာကွယ်ပေးဖို့ ရည်ရွယ်ထားရပါတယ်။ ရှဲဗရွန်ဟာ မြန်မာစစ်အာဏာရှင်တွေနဲ့ပေါင်းပြီး စီးပွားရှာ နေတဲ့ကိစ္စကို အမေရိကန်မှာ ထောက်ခံမှု ရလာစေဖို့ အခြားတဖက်မှာ အကြီးအကျယ် လှူဒါန်းပေးနေ ရပါတယ်။ အမေရိကန်ရဲ့ တိုက်ရိုက် အမျိုးသား အကျိုးစီးပွားကတော့ အမှန်တကယ်မှာဆိုရင် မြန်မာနိုင်ငံမှာ အနုမြူ လက်နက်တွေ မရှိစေဖို့သာ ဖြစ်ပါလိမ့်မယ်။ အမေရိကန်နဲ့တကွ ကမ္ဘာ့နိုင်ငံတွေက ထိန်း ကွပ် ရမယ့် နိုင်ငံတွေမှာဆိုရင် မြောက်ကိုးရီးယား၊ အီရန်နဲ့ ဆီးရီးယားတို့သာ မကတော့ပါဘူး။ မြန်မာ နိုင်ငံကိုလည်း နောက်ထပ်ထိန်းကွပ်ရမလို ဖြစ်နေပါပြီ။ နအဖလို စစ်အစိုးရက အနုမြူလက်နက်တွေ တပ်ဆင်လာရင် လက်မခံနိုင်စရာ အန္တရာယ် တရပ်ပါ။ နောက်တချက်က ရှဲဗရွန်ဟာ နအဖအတွက် အဓိက ငွေကြေးထောက်ပံ့နေတဲ့ အရင်းအမြစ်ကြီး ဖြစ်နေ ပါတယ်။ ရလာတဲ့ နိုင်ငံခြားငွေမာတွေနဲ့

စစ်အစိုးရက လက်နက်တွေ ဝယ်ယူတပ်ဆင်နေပါတယ်။

ဒါကြောင့် နအဖကို ယိုင်းပင်းကူညီ မပေးနိုင်အောင် ရှဲဗရွန်ကို မြှုပ်နှံထားတဲ့ ငွေအရင်းအနှီးတွေ ပြန်ထုတ်ယူဖို့ အမေရိကန်က ဖိအားပေး တောင်းဆိုနေပါတယ်။

မူရင်းဆောင်းပါး : RUSSIA-BURMA NUCLEAR INTELLIGENCE REPORT ဆောင်းပါးရှင် : Roland Watson ဖြန့်ချိရာ : DictatorWatch.org, online, June 26, 2008

Link: http://www.dictatorwatch.org/articles/russianintel.html မြန်မာဘာသာပြန် - လွင်အောင်စိုး ၂၈-၆-၂ဝဝ၈

Related Documents

R M Nuclear
May 2020 4
R M B
October 2019 13
H R M
May 2020 12
G M R 2009
June 2020 5
R&m Ut2.docx
December 2019 7
M & R News
December 2019 7