အနာဂါတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း အတွက် အမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ မှ ၂၀၀၉ ဇူလိုင်လ ထိ စင်ကာပူ နိုင်ငံ Pulau Ular Island တွင် တည်ဆောက်လျှက် ရှိသော Ethylene Cracker Complex Project တွင် ကျွန်တော် လုပ်ကိုင်ခဲ့ပါသည်။ ကျွန်တော်တို့ လုပ်စက ကျွန်းသည် သဲသောင်ပြင်ကြီး တစ်ခုအနေနှင့် သာရှိသေးပြီး ယခုအခါတွင်မူ စက်ရုံကြီးတစ်ခု ဖြစ်နေပါပြီ။ ကျွန်တော် ကျွန်းသို့ ရောက်စက အလုပ်သမားများမှာ သိပ်မများသေးပါ။ ထို့အတူ မြန်မာ လုပ်သားများမှာလည်း အနည်းငယ်မျှသာ ရှိပါသေးသည်။ ထိုစဉ်က ကုမ္ပဏီ အားလုံးပေါင်းမှ မြန်မာဦးရေ ၁၀၀ ပင် မပြည့်တတ်သေးပါ။ သို့သော် ၂၀၀၈ ခုနှစ် နှောင်းပိုင်း ရောက်လာသောအခါ လက်ရှိ project တွင် အလုပ်လုပ်သူ ဦးရေမှာ တစ်သောင်း ခန့်ထိ တိုးလာခဲ့ပြီး မြန်မာ အလုပ်သမား စုစုပေါင်း မှာလည်း ၁၀၀၀ ခန့်ထိ ရှိလာခဲ့ပါသည်။ ကျွန်တော်တို့ လူကြီးပိုင်းများ ဦးဆောင်လျှက် ထို မြန်မာ ၀န်ထမ်းအားလုံး ကို စည်းရုံးကာ မိတ်ဆုံစားပွဲကလေးများ၊ သာရေးနာရေး ကိစ္စများတွင် ၀ိုင်းဝန်း ပံ့ပိုးခြင်း များ အခါအားလျော်စွာ ပြုလုပ်ပေးခဲ့ပါသည်။ သို့အတွက် ကျွန်တော့် အနေနှင့် စင်ကာပူတငွ် လာရောက် အလုပ်လုပ်နေသူ သာမန် အလုပ်သမားကလေးများ နှင့် သိကျွမ်းခွင့်၊ စကားပြောခွင့်၊ ရင်းနှီးခွင့် ရခဲ့ပါသည်။ ထိုမှ သူတို့ ဘ၀အကြောင်း တစေ့တစောင်း သိရှိခငွ့်ရခဲ့ပါသည်။ စင်ကာပူ သို့ လာရောက် အလုပ်လုပ်နေသူများ အနက် အချို့မှာ အဆင်ပြေသော်လည်း အချို့မှာ အဆင်မပြေကြပါ။ ၂၀၀၈ ခုနှစ် အောက်တိုဘာလ အတွင်းက မိတ်ဆွေများ၏ ကောင်းမှုဖြင့် ခေတ်ပြိုင်နှင့် လျှပ်တစ်ပြက် ဂျာနယ်များ တွင် ပါသော ဆရာဦးအောင်သင်း နှင့် အင်တာဗျူးကို ဖတ်ရပါသည်။ ဆရာကြီးမှ ပြန်လည် ဖြေကြားသော နိုင်ငံခြားရောက် မြန်မာများအတွက် အတွေးအမြင်များကို ဖတ်ကာ ဆရာ၏ လူငယ်များအပေါ်ထားရှိသော စေတနာကို သိမြင်နိုင်ပါသည်။ ယခင်ကလည်း ဆရာမှ မျိုးဆက်သစ် တိုးတက်ရစ်ဖို့ ကဲ့သို့သော စာအုပ်များနှင့် ဟောပြောပွဲများ ပြုလုပ်ကာ လူငယ်များ မိမိ အနာဂါတ်ကို မိမိ မည်သို့ ပုံဖော်ရမည်ကို လမ်းညွှန်ဟောပြောချက်များ ပြုလုပ်ခဲ့ပါသည်။ အလွန် အဖိုးတန်သော လမ်းညွှန် ချက်များ ဖြစ်ပါ၏။ ဆရာကြီးနှင့် အင်တာဗျူးကို ဖတ်ပြီးသည့်နောက် ကျွန်တော့်လည်း ကိုယ်သိထားသည့် ဗဟုသုတများကို အခြေခံကာ နိုင်ငံခြားရောက် အထူးသဖြင့် ကျွန်တော်ရောက်ရှိနေသော စင်ကာပူရောက် မြန်မာလူငယ်များ၏ အနာဂါတ်အတွက် လမ်းညွှန် စာတစ်ပုဒ်လောက် ရေးပြီး ဝေငှပေးရန် စိတ်ကူးရလာပါသည်။ စင်ကာပူရောက် မြန်မာများအနက် အချို့မှာ ထိုက်သင့် အားလျော်သော ပညာရေးရှိသည့်တိုင် သိသင့်သိထိုက်သည် များကို မသိသည့်အတွက် အခွင့်အလမ်းများ ပိတ်လျှက်ရှိပါသည်။ ထိုလူငယ်ကလေးများအတွက် ကျွန်တော်က ကိုယ် တတ်နိုင်သလောက် နှုတ်၏စောင်မခြင်း ပြုလိုပါသည်။ အရေးကြီးသည်မှာ သတင်း ဖြစ်ပါ၏။ သိသင့်သည်များကို သိသွားရန်၊ ထိုမှ တစ်ဆင့် သူတို့ အနာဂါတ်ကို သူတို့ ကိုယ်တိုင် ပုံဖော် တတ်စေရန် ဖြစ်ပါသည်။ စတင် ရေးစကမူ စင်ကာပူတငွ် အလုပ်လုပ် နေသူများ အနေနှင့် သိသင့် သိထိုက်သော အစိုးရ၏ ဥပဒေ၊ နည်း ဥပဒေ၊ ရပိုင်ခငွ့် များ။ ထို့နောက် မည်သည့် အလုပ်လုပ်လျှင် မည်မျှ လခ ရနိုင်သည် ဆိုသည်များ။ ထိုမှ တဆင့် ထိုကဲ့သို့ သော အလုပ်များရရန် မည်သည့် သင်တန်းများ တက်သင့်သနည်း စသည့် သတင်းမျှလောက်ကိုသာ ပေးရန် ဖြစ်ပါသည်။ သို့သော် ရေးရင်းနှင့်မှ တဆင့်တက်၍ စင်ကာပူတငွ် အလုပ်လုပ်နေသူ များသာမက မြန်မာပြည်မှ စင်ကာပူသို့ အလုပ်လာရောက် လုပ်ကိုင်လိုသူများ၊ အလည်အပတ် လာလိုသူများ၊ ဆေးကုသရန် လာလိုသူများ စသူတို့ အတွက်လည်း ပြည့်စုံ အားကိုးလောက်သည့် စာအုပ်တစ်အုပ် အဖြစ် ထုတ်ဝေလိုက်ရလျှင် မြန်မာပြည်သား လူအများတို့ အကျိုးများလိမ့်မည် ဟု တွေးမိပါသည်။ သို့အတွက် ဤစာအုပ်ကို အပိုင်းသုံးပိုင်း ခွဲပြီး ရေးသားလိုက်ပါသည်။ ပထမပိုင်းတွင် စင်ကာပူသို့ အကြောင်း အမျိုးမျိုးနှင့် လာရောက်လိုသူတို့ ကြိုတင် ပြင်ဆင်ထားရမည့် အကြောင်းအချက်များ၊ ဒုတိယပိုင်းတွင် ရည်ရွယ်ရင်း ရေးသားပြီး ဖြစ်သော စင်ကာပူတငွ် အလုပ်လုပ်ကိုင်နေသူများ အတွက် သိသင့်သော စည်းမျဉ်း ဥပဒေ အချက်အလက်များ၊ တတိယပိုင်းတွင် စင်ကာပူတငွ် နေထိုင်သူများ၊ စင်ကာပူတငွ် ပညာသင်ကြားလိုသူများ စသူတို့ သိသင့်သိထိုက်သည့် စင်ကာပူနိုင်ငံ ဆိုင်ရာ အချက်အလက်များ၊ စသည်တို့ ဖြစ်ပါသည်။ ဤစာအုပ် ရေးသားရာတွင် အကြောင်းအချက်များ ခိုင်လုံစေရန် သက်ဆိုင်ရာ ဌာနများ၏ အင်တာနက်စာမျက်နှာ များကို ကိုးကားပြီး ရေးပါသည်။ သို့သော် စင်ကာပူ နိင်ုငံသည် မိမိတို့ ချမှတ် ရေးဆွဲထားသော မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များကို အမြဲပြန်လည် သုံးသပ်ကာ အသစ်အသစ် ပြန်လည် ပြင်ဆင်၊ ဖြည့်စွက်နေသည် ဖြစ်ရာ ဤစာအုပ်ပါ အချက်အလက်များသည် စာအုပ် ရေးနေစဉ် ၂၀၀၉ ခုနှစ် ဇူလိုင်လထိသာ မှန်ကန်သည်ဟု ပြော၍ ရပါသည်။
1
နှစ်များ ပြောင်းသည်နှင့်အမျှ အချို့ အချက်အလက်များ ပြောင်းလဲ နိုင်ပါသည်။ ပြောင်းလဲနေသော အချက်အလက်များကို ရည်ညွှန်း website များတွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။ ကျွန်တော့်မှာ အလုပ်တစ်ဖက် နှင့် ရေးရသည် ဖြစ်ရာ ညပိုင်း ကိုယ်ပိုင်အချိန် အနည်းငယ် အတွင်းမှသာ ရေးနိုင် ပါသည်။ ညပိုင်း ကျွန်တော်ရသည့် ကိုယ်ပိုင် အချိန်မှာလည်း နှစ်နာရီထက် မပိုပါ။ ထို့ပြင် စာရေးရုံသီးသီး မဟုတ်မူ၍ လိုအပ် သော အချက်အလက်များရရန် အင်တာနက် စာမျက်နှာပေါင်း များစွာကို မွှေနှောက် ရှာဖွေရသေးသည် ဖြစ်သဖြင့် တစ်ခါ တစ်ရံ တစ်ညလုံးနေ၍ စာတစ်ကြောင်းမျှပင် မပြီးသည့် အခါများလည်း များစွာရှိပါသည်။ ထို့ကြောင့် ဤစာအုပ်ပြီးမြောက်ရန် လပေါင်း အတန်ကြာ (၂၀၀၈ နိဝု င်ဘာ မှ ၂၀၀၉ ဇူလိုင်လ ထိ ၉ လ မျှ) အချိန် ယူခဲ့ရပါသည်။ ကျွန်တော့် ကြိုးစားအားထုတ်မှုသည် မိမိ အနာဂါတ်ကို မိမိကိုယ်တိုင် တည်ဆောက်လိုသည့် မြန်မာပြည်သား လူငယ်၊ လူလတ်၊ လူကြီးများအတွက် အကျိုး တစုံတရာ ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။ ကျွန်တော် မျှော်လင့်သည့်အတိုင်း ဤစာအုပ်သည် ထို တက်လမ်းကို ရှာဖွေလိုသူတို့အဖို့ အကျိုးအမြတ် ရှိခ့သဲ ည်ဆိုလျှင် ကျွန်တော် အလွန် ၀မ်းမြောက် ၀မ်းသာ ဖြစ်မိမည် ဖြစ်ပါသည်။ ထပ်လောင်းပြောလိုသည်မှာ ပညာမတတ်လျှင် မန်နေဂျာတစ်ဦး၊ အရာရှိတစ်ဦး သို့မဟုတ် supervisor တစ်ဦး ဖြစ်မလာနိုင်ပါ ဆိုသည့်အကြောင်း ဖြစ်ပါ၏။ အဘယ်ကြောင့်နည်း။ သာမန် အလုပ်သမားတစ်ဦးအနေနှင့် မိမိ supervisor က ဒါလုပ်လိုက်ဆိုလျှင် ထိုဟာကို ကောက်ကက် လုပ်လိုက်ရန်သာ ဖြစ်ပြီး ဘာကြောင့်လုပ်ရသည်ကို သိရန်မလို။ သို့သော် supervisor ဖြစ်လာပြီဆိုလျှင်မူ သိစရာတွေ ပိုများလာသည်။ ထို့ထက် မန်နေဂျာတစ်ဦး ဆိုပါက သိစရာတွေ ပိုများ သေးသည်။ လုပ်ငန်းတစ်ခုကို စီမံအုပ်ချုပ်ရန် လွယ်ကူလှသည် မဟုတ်။ သို့အတွက် ထိုအရာများကို တတ်သိနားလည်ရန် ပညာတတ်ထားမှ ဖြစ်မည်။ ထို့ကြောင့် ပညာရေး အရေးကြီးကြောင်း ပြောရခြင်းဖြစ်ပါ၏။ ၀မ်းနည်းစရာကောင်းသည်မှာ ကျွန်တော်တို့ဆီမှ မြန်မာလူငယ်လေးများအတွင်း ပညာရေးကို တန်ဖိုးထားရ ကောင်းမှန်း သိသူ တစ်နေ့တခြား နည်းပါးလာခြင်း ဖြစ်ပါ၏။ ကျွန်တော်တို့ တတ်နိုင်သည့် ဘက်မှ လူငယ်များအား ပညာကို တန်ဖိုးထားတတ်လာအောင် သွန်သင်ပြသ ဆိုဆုံးမပေးဖို့ရာ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါသည်။ စင်ကာပူတငွ် အလုပ်သမားအဆင့်၌ ၀င်ရောက်လုပ်ကိုင်နေသူများ အနက် ခုနစ်တန်းရှစ်တန်း၊ ဆယ်တန်း၊ တချို့ လည်း ဘွဲ့ရ အမျိုးမျိုး ရှိပါ၏။ ထိုသူများအနက် လေ့လာမှု၊ ဉာဏ်ပြေးမှု နှင့် သွက်လက် ချက်ချာမှုတို့ပေါ် မူတည်ပြီး သိတာ တတ်တာ ကွာသွားပါသည်။ မိမိဘယ်လောက်တတ်သလဲ ဆိုသည်မှာ အတန်းဘယ်လောက် အောင်ခဲ့သလဲ ဆိုတာထက် ဘယ်လောက်ဆက်လေ့လာ နေသလဲဆိုတာပေါ် ပိုပြီး မူတည်နေပါသည်။ ပညာဆိသု ည် မှာ လေ့လာလို့ မကုန်နိုင်သည် နှင့်အမျှ မိမိနှင့် ပတ်သက်ဆက်နွယ်နေသော လုပ်ငန်းဗဟုသုတများကို တရံမလပ် လေ့လာ ဆည်းပူးနေကြရန် တိုက်တွန်း ပါသည်။ တစ်ကြောင်းမှာလည်း ယခု အင်တာနက်ခေတ်တငွ် အသိပညာ အတတ်ပညာ၊ မကုန်နိုင် မခမ်းနိုင်သော ဗဟုသုတ တို့သည် မိမိလက်တစ်ကမ်း လက်ညှိုးထိပ်တင်ွပင် ရှိနေသည်ဖြစ်ရာ အင်္ဂလိပ်စာသာ ကောင်းကောင်း တတ်ပါက အလွန် ကောင်းလှသော အခွင့်အလမ်းတို့ ပွင့်လျှက် ရှိနေပေ၏။ သို့သော် အင်္ဂလိပ်စာ တတ်ဖို့တော့ လိုပါသည်။ သို့အတွက် မိမိ၏ အနာဂါတ်ကို တည်ဆောက်ရာတွင် အင်္ဂလိပ်စာသည် အလွန်အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်နေသဖြင့် အချိန်ရတိုင်း အင်္ဂလိပ်စာကို ကြိုးစားပမ်းစား လေ့လာကြပါဟု ထပ်လောင်း တိုက်တနွ်း လိုက်ရပါသည်။ ယခု ကျွန်တော် သူတို့အတွက် လုပ်လို့ရနိုင်သည့် သာမန်အလုပ်သမားထက် သာသည့် အလုပ်များနှင့် ထိုအလုပ် များကို မည်သို့ရနိုင်သည့် အခွင့်အလမ်းများကို ဖွင့်ပြမည် ဖြစ်ပါ၏။ ထို့ပြင်တ၀ သာမန်အလုပ်သမား မဟုတ်တော့သဖြင့် အခြားသူများကို ဦးဆောင်ရမည့် Supervisor အဆင့် ရောက်လာပြီဆိုသည်နှင့် Supervisor တစ်ဦး သိသင့် သိထိုက်၊ လုပ်သင့်လုပ်ထိုက်သည့် တာဝန် ၀တ္တရားများ အကြောင်း နှင့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာအောင် မည်ကဲ့သို့ လေ့ကျင့်ပျိုးထောင် ယူရမည် ဆိုသည် ကို သိရှိနားလည်ရမည် ဖြစ်ပေရာ ခေါင်းဆောင်မှု အနုပညာ ဆိုသည့် ခေါင်းစဉ်နှင့် ကျွန်တော် ဆက်လက်ရေးသား ပါမည်။ ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်ကြပါစေသတည်း။ ဤစာအုပ်ရေးသားရာတွင် တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်၊ အကြံဉာဏ်များ ပေးခဲ့သော ကိုဌေးဝင်းနိုင်ကို အထူး ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ဤစာအုပ်ဖြင့် ကျွန်တော့်ကို သာမန် ကျေးတောသားကလေး တစ်ဦးဘ၀မှ ဤ အခြေအနေ အဆင့်အတန်းထိ ရောက်လာအောင် မြေတောင်မြှောက် လမ်းဖွင့်ပေးခဲ့သော အရီးဟံ၊ အရီးကြိုင်၊ ဦးကြီးဖိုးထောင်၊ ဦးကြီး ငချစ် နှင့် တကွ မိဘ
2
နှစ်ပါး ဖြစ်သော ဘခင်ကြီး ဦးမောင်ဆိုင်၊ မိခင်ကြီး ဒေါ်သန်း။ ကျွန်တော့် ပညာသင်ကြားရေး အတွက် အခက်အခဲ နှင့် ဒုက္ခသုက္ခ အမျိုးမျိုးတို့ကို ရင်ဆိုင်ကာ ထောက်ပံ့ပေးခဲ့သော အစ်မကြီး ဒေါ်ကျင်ကျင် တို့ကို ကန်တော့အပ်ပါသည်။
အေးငြိမ်း (လေးမျက်နှာ) ၀၅ ဇူလိုင်လ ၂၀၀၉ ခုနှစ် အမှတ် ၂၄ အေ၊ ၆ ဘီ ပြည်ရိပ်မွန် အိမ်ယာ နာနတ်တောလမ်း ကမာရွတ် ရန်ကုန် ဖုံး - ၇၀၉၅၁၀
3
မာတိကာ အခန်း
အကြောင်းအရာ
စာမျက်နှာ
ပထမပိုင်း (စင်ကာပူနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်ခြင်း) ၁
၁၊ ၁ ၁၊ ၂
ဘ၀အတွက် အရေးကြီးသော စာရွက်စာတမ်းများ စင်ကာပူနိုင်ငံသို့လာရန် လိုအပ်သော ပြင်ဆင်မှုများ ၁၊ ၂၊ ၁ အလုပ်လုပ်ရန် သွားမည့်သူများ ၁၊ ၂၊ ၂ ပညာသင်ကြားရန် သွားမည့်သူများ ၁၊ ၂၊ ၃ အလုပ်ရှာရန် သွားမည့်သူများ ၁၊ ၂၊ ၄ အလည်အပတ် သွားမည့်သူများ
၁၊ ၃
အလုပ်ရှာခြင်း
၁၊ ၎
အင်တာဗျူးဖြေခြင်း
၁၊ ၅
SOC (Safety Orientation Course) အတွက် ကြိုတင်ပြင်ဆင်ခြင်း
၂
စင်ကာပူနိုင်ငံအတွင်း ၀င်ခငွ့်ရရန် လိုအပ်ချက်များ ၂၊ ၁
နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားခြင်း
၂၊ ၂
ဗီဇာ လိုအပ်ချက်
၂၊ ၃
စင်ကာပူ ပြည်ဝင်ခငွ့် (Visa) လျှောက်ခြင်း
၂၊ ၎
စင်ကာပူတငွ် နေထိုင်သူများက မိမိ၏ဆွေမျိုးသားချင်းများ အတွက် ဗီဇာ လျှောက်ပေးခြင်း
၂၊ ၅
အလည်အပတ် သွားလိုသူများ Visit Pass လျှောက်ခြင်း
၂၊ ၆
ကျောင်းတက်မည့်သူများ Student Visa လျှောက်ခြင်း
၂၊ ၇
ပြည်ပထွက်ခွာခွင့် ပုံစံ (D Form) လုပ်ခြင်း
၃
လေယာဉ်ဖြင့် ခရီးသွားခြင်း ၃၊ ၁
လေယာဉ်လက်မှတ် ၀ယ်ယူခြင်း (MAI - မြန်မာလေကြောင်းလိုင်း)
၃၊ ၂
လေယာဉ်ပေါ်သို့ သယ်ဆောင်ခငွ့်မပြုသော ပစ္စည်းများ
၃၊ ၃
Silk Air (စင်ကာပူ လေကြောင်း)
၃၊ ၎
အထုပ်အပိုးများ ပြင်ဆင်ခြင်း
၃၊ ၅
လေယာဉ်ကငွ်း ၀င်ခြင်း နှင့် Check-in လုပ်ခြင်း
၃၊ ၆
လေယာဉ်စီးခြင်း
၃၊ ၇
White Card (Disembarkation/Embarkation Form) ဖြည့်ခြင်း
၃၊ ၈
စင်ကာပူလေယာဉ်ကငွ်းသို့ ရောက်ရှိခြင်း နှင့် လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်ကျော်ခြင်း
၃၊ ၉
စင်ကာပူနိုင်ငံအတွင်းသို့ သယ်ဆောင်လာခွင့်မရှိသော ပစ္စည်းများ
၎
စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး
၅
အထွေထွေ ၅၊ ၁
Short Term Visit Pass သက်တမ်းတိုးခြင်း
၅၊ ၂
ဆေးစစ်ရန် လာလိုသူများ
၅၊ ၃
စင်ကာပူမှ မြန်မာပြည်သို့ ပြန်ခြင်း
၅၊ ၎
မြန်မာပြည်အ၀င် White Card ဖြည့်ခြင်း နှင့် အကောက်ခွန် ဖြတ်ခြင်း
4
ဒုတိယပိုင်း (စင်ကာပူနိုင်ငံတငွ် အလုပ်လုပ်ကိုင်ခြင်း) ၁
စင်ကာပူတငွ် အလုပ်လုပ်နိုင်သည့် Work Pass အမျိုးအစားများ
၂
Work Permit အကြောင်း သိကောင်းစရာများ ၂၊ ၁
Work Permit အလုပ်သမားများ ခန့်ထားရန် ခွဲတမ်း Quota နှင့် MYE (Man Year Entitlement)
၂၊ ၂
မည်သူများ Work Permit လျှောက်ထားနိုင်သနည်း
၂၊ ၃
Work permit (WP) လျှောက်ထားခြင်း
၂၊ ၎
Work permit (WP) ကိုင်ဆောင်သူ တစ်ဦး၏ လုပ်ပိုင်ခငွ့်၊ ခံစားပိုငခ် ငွ့်များ
၂၊ ၅
Work permit (WP) ကိုင်ဆောင်သူ တစ်ဦး လုပ်ပိုင်ခငွ့်မရှိသော အချက်များ
၂၊ ၆
အလုပ်ရှင်တစ်ဦး အနေနှင့် Work Permit အလုပ်သမားများ၏ လစာငွေထဲမှ ဖြတ်ပိုင်ခငွ့်မရှိသော ငွေကြေးများ
၂၊ ၇
Work Permit ကို သက်တမ်းတိုးခြင်း နှင့် cancel လုပ်ခြင်း
၂၊ ၈
မည်သူများကို Skilled Worker (low levy) ဟု ခေါ်နိုင်သနည်း
၃
S Pass အကြောင်း သိကောင်းစရာများ ၃၊ ၁
မည်သူများ S Pass လျှောက်ထားနိုင်သနည်း
၃၊ ၂
S Pass ခန့်ထားနိုင်သည့် ခွဲတမ်းနေရာ (Quota)
၃၊ ၃
ဆေးအာမခံ
၃၊ ၎
S Pass လျှောက်ခြင်း
၃၊ ၅
S Pass သက်တမ်းတိုးခြင်း
၃၊ ၆
S Pass Holder တစ်ဦးသည် ကုမ္ပဏီတစ်ခုတငွ် အလုပ်လုပ်နေစဉ်
၃၊ ၇
S Pass ကို cancel လုပ်ခြင်း
၎
အထွေထွေ သိစရာ မှတ်စရာများ ၄၊ ၁
အလုပ်ချိန်၊ အချိန်ပို
၎၊ ၂
အများပြည်သူ ရုံးပိတ်ရက်များ (Public Holiday)
၎၊ ၃
ခွင့်၊ ဆေးခွင့်၊ ဆေးရုံတက်ခငွ့် နှင့် မီးဖွားခွင့်များ
၎၊ ၎
ပေးဆောင်ရမည့် အခွန်အခများ ၄၊ ၄၊ ၁ မည်သူသည် Income Tax ပေးဆောင်ရန် လိုသနည်း ၄၊ ၄၊ ၂ ၀င်ငွေခွန် မည်မျှ ပေးဆောင်ရမည်နည်း (၂၀၀၇ ခုနှစ် စာရင်းများအရ) ၄၊ ၄၊ ၃ အခွန်ပေးဆောင်ရန် မလိုသော (အခွန်ပေးဆောင်ရာတွင် နှုတထ်ားနိုင်သည့်) ကြေးငွေများ
၎၊ ၅
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သယ်ဆောင်မှု နှင့် ရောင်းဝယ်ဖောက်ကားမှု
၎၊ ၆
စင်ကာပူနိုင်ငံအတွင်း တရားမ၀င် နေထိုင်မှု
၎၊ ၇
စင်ကာပူနိုင်ငံတငွ်း ၀င်ခငွ့်ကန့်သတ်ချက်များ
၎၊ ၈
လုပ်ငန်းခွင်တငွ် ထိခိုက်ဒါဏ်ရာ ရခြင်းအတွက် တောင်းခံနိုင်သော လျော်ကြေးများ ၄၊ ၈၊ ၁ မည်သူသည် ထိခိုက်ဒါဏ်ရာ ရခြင်းအတွက် လျော်ကြေးတောင်းခံနိုင်သနည်း ၄၊ ၈၊ ၂ လျော်ကြေးဥပဒေတွင် မည်သူတို့ အကျုံးဝင်သနည်း ၄၊ ၈၊ ၃ လစဉ် ပျမ်းမျှဝင်ငွေ (AME – Average Monthly Earining) ဆိုသည်မှာ အဘယ်နည်း ၄၊ ၈၊ ၄ မည်သည့်အခါတွင် လျော်ကြေး တောင်းခံနိုင်ခငွ့်ရှိသနည်း ၄၊ ၈၊ ၅ မည်သည့် ခံစားခွင့်များ ရနိုင်သနည်း ၄၊ ၈၊ ၆ မည်သည့်အခါတွင် ထိခိုက်ဒါဏ်ရာရမှုကို မည်သို့ သတင်းပို့ရမည်နည်း ၄၊ ၈၊ ၇ အလုပ်ရှင်သည် မိမိအလုပ်သမားများအတွက် ထိခိုက်မှု အာမခံ ထားပေးရန် လိုပါသလား
၎၊ ၉။ အထွေထွေ
5
၅
မိမိအနာဂါတ်ကို မိမိဘာသာ ဖန်တီးတည်ဆောက်ခြင်း ၅၊ ၁
စင်ကာပူတငွ် ရရှိနိုင်သော အလုပ်အကိုင်နှင့် လခများကို လေ့လာသုံးသပ်ကြည့်ခြင်း
၅၊ ၂
တက်ရောက်နိုင်သော သင်တန်းများ ၅၊ ၂၊ ၁ BCA (Building Construction Authority) Academy မှ ပေးသော သင်တန်းများ ၅၊ ၂၊ ၂ NTUC Learning Hub မှ ပေးသော သင်တန်းများ ၅၊ ၂၊ ၃ ITE (Institute of Technical Education)
၅၊ ၃ ၆
စင်ကာပူနိုင်ငံ၏ ပညာရေးစံနစ် အလုပ်သစ်ရှာခြင်း
၆၊ ၁
Resume / Curriculum Vitae ပြင်ဆင်ခြင်း ၆၊ ၁၊ ၁ လျှောက်လွှာ ရေးရန် နမူနာ (Cover Letter Template) ၆၊ ၁၊ ၂ Curriculum Vitae Format (CV ရေးရန် ပုံစ)ံ
၆၊ ၂ ၆၊ ၃
အလုပ်သစ်ရှာရန် လမ်းစများ အင်တာဗျူး ဖြေခြင်း ၆၊ ၃၊ ၁ အင်တာဗျူးမသွားမီ ၆၊ ၃၊ ၂ အင်တာဗျူးဖြေစဉ် ၆၊ ၃၊ ၃ အင်တာဗျူးပြီးလျှင် ၆၊ ၃၊ ၄ အင်တာဗျူးတွင် မေးတတ်သော မေးခွန်းများ
၇
Safety နှင့် ပတ်သက်၍ စင်ကာပူတငွ် အလုပ်လုပ်သူများ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ ၇၊ ၁
အဘယ်ကြောင့် Safety သည် အလွန် အရေးကြီးရပါသနည်း
၇၊ ၂
အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရေးအတွက် တက်ရောက်ရမည့် သင်တန်းများ
၇၊ ၃
အလုပ်လုပ်ရာတွင် လိုက်နာရမည့် အခြေခံ စည်းမျဉ်းများ
၇၊ ၎
တစ်ကိုယ်ရေ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ (PPE – Personal Protective Equipment) ၇၊ ၄၊ ၁ အခြေခံ တစ်ကိုယ်ရေ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ ၇၊ ၄၊ ၂ အပိုဆောင်း လိုအပ်သော တစ်ကိုယ်ရေ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ
၇၊ ၅
သိရှိထားရမည့် / လိုက်နာရမည့် သင်္ကေတများ ၇၊ ၅၊ ၁ အနီရောင် သင်္ကေတများ (တားမြစ်သည့် သင်္ကေတများ) (Prohibition Sign) ၇၊ ၅၊ ၂ အ၀ါရောင် သင်္ကေတများ - သတိပေးသည့် သင်္ကေတ (Warning Sign) ၇၊ ၅၊ ၃ အစိမ်းရောင် သင်္ကေတများ - အန္တရာယ်ကင်းသည့် သင်္ကေတ (Safe Condition Signs) ၇၊ ၅၊ ၄ အပြာရောင် သင်္ကေတများ - မဖြစ်မနေ၀တ်ဆင်ရမည့် / လိုက်နာရမည့် သင်္ကေတ (Mandatory Sign)
၇၊ ၆
လုပ်ငန်းခွင်တငွ် ကြုံတွေ့နိုင်သော အန္တရာယ်များ ၇၊ ၆၊ ၁ မြင့်သော နေရာများတွင် အလုပ်လုပ်ခြင်း ၇၊ ၆၊ ၂ မီးနှင့် လုပ်ရသော အလုပ်များ (Hot Work) ၇၊ ၆၊ ၃ လျှပ်စစ် အန္တရာယ် ၇၊ ၆၊ ၄ ဓါတုဗေဒပစ္စည်း အန္တရာယ် ၇၊ ၆၊ ၅ Confined Space အန္တရာယ်
၇၊ ၇
Safety နှင့်ပတ်သက်၍ ဖတ်ရှုနိုင်သော ရည်ညွှန်းကိုးကား စာအုပ်စာတမ်းများ
6
တတိယပိုင်း (စင်ကာပူနိုင်ငံအကြောင်း သိကောင်းစရာများ) ၁
သိမှတ်စရာ စင်ကာပူနိုင်ငံ ၏ အချက်အလက်များ ၁၊ ၁
မှတ်သားစရာ အချက်အလက်အကျဉ်းချုပ်
၁၊ ၂
ပထ၀ီဝင် အနေအထား
၁၊ ၃
ရာသီဥတု
၁၊ ၎
အ၀တ်အစား
၁၊ ၅
လူမျိုးနှင့် ဘာသာစကား
၁၊ ၆
အစိုးရ စနစ်
၁၊ ၇
MOM (Ministry of Manpower)
၁၊ ၈
စင်ကာပူ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ - Immigration and Check Point Authority (ICA)
၂
ပညာရေး ၂၊ ၁
မူကြို (Pre-School) (၃ နှစ)်
၂၊ ၂
မူလတန်း (Primary) (၆ နှစ)်
၂၊ ၃
အထက်တန်း (Secondary School ) (4 – 5 Years) ၂၊ ၃၊ ၁ SPECIAL/EXPRESS COURSE CURRICULUM ၂၊ ၃၊ ၂ NORMAL (ACADEMIC) COURSE CURRICULUM ၂၊ ၃၊ ၃ NORMAL (TECHNICAL) COURSE CURRICULUM
၂၊ ၎
Post Secondary Education – JC or Polytechnic or ITE
၂၊ ၅
တက္ကသိုလ်ဝင်တန်း ပညာရေး GCE ‘A’
၂၊ ၆
အထူးပညာသင် ကျောင်းများ (Special Education in Singapore)
၂၊ ၇
ITE (Institute of Technical Education) ၂၊ ၇၊ ၁ အချိန်ပြည့် သင်တန်းများ (Full Time Education) ၂၊ ၇၊ ၂ သင်တန်းသား (Traineeship) ၂၊ ၇၊ ၃ အချိန်ပိုင်း သင်တန်းများ (Part-time Education) ၂၊ ၇၊ ၄ ရက်တိုသင်တန်းများ (Short Courses)
၂၊ ၈
Polytechnics ၂၊ ၈၊ ၁ Temasek Polytechnic ၂၊ ၈၊ ၂ Singapore Polytechnic
၂၊ ၉
တက္ကသိုလ်များ
၂၊ ၁၀
ပညာရေးဆိုင်ရာ သိမှတ်စရာ အထွေထွေ
၃
ဘာသာရေး ၃၊ ၁
စင်ကာပူ မှ ဘာသာရေး
၃၊ ၂
Sasanaramsi Burmese Buddhist Temple (သာသနာ့ရံသီ မြန်မာ ဘုန်းတော်ကြီးကျောင်း)
၃၊ ၃
Vipassana Meditation Centre (Singapore) (VMC) (စင်ကာပူ ၀ိပဿနာ ကမ္မဌာန်းကျောင်း)
၃၊ ၎
Satipatthana Meditation Centre (SMC) (သတိပဌာန် ကမ္မဌာန်းကျောင်း)
၃၊ ၅
Mahamuni Buddhist Society
၃၊ ၆
လုမ္ဗိနီ သီလရှင်ကျောင်း
၃၊ ၇
Mangala Vihara (မင်္ဂလ ၀ိဟာရ)
၃၊ ၈
Dhamma Garden Buddhist Society (Singapore)
၃၊ ၉
အခြားကျောင်းများ
7
၎
သယ်ယူပို့ဆောင်ရေး ၄၊ ၁
လမ်းများ
၎၊ ၂
ez link card အီးဇီးလင့်ခ် ကဒ် (ကားရထားများ စီးရန်သုးံ သည့် လက်မှတ်ကဒ်ပြား)
၎၊ ၃
ဘတ်စ်ကားဖြင့် ခရီးသွားခြင်း ၄၊ ၃၊ ၁ Singapore Bus Service (SBS) ၄၊ ၃၊ ၂ SMRT (ယခင် Trans Island) Bus Service
၎၊ ၎
ရထားဖြင့် ခရီးသွားခြင်း ၄၊ ၄၊ ၁ ရထားများ ၄၊ ၄၊ ၂ ရထားလမ်းများ ၄၊ ၄၊ ၃ LRT (Light Rail Transit) line များ
၎၊ ၅
တက္ကစီ ဖြင့် ခရီးသွားလာခြင်း
၎၊ ၆
ခရီးသွားများ သိသင့်သိထိုက်သည့် အချက်အလက်များ
၅
ဈေးများ ၅၊ ၁
၁၂ ပဲေ ြ စ်းမ်ား
၅၊ ၂
လမ်းဘေးဈေးများ (Street Shops)
၅၊ ၃
Wet Markets (ကုန်စိမ်းဈေးတန်း)
၅၊ ၎
ရပ်ကွက် ဈေးများ
၅၊ ၅
စူပါမားကက်ကြီးများ
၆
စားသောက်မှုပုံစံ ၆၊ ၁
Hawker Centre များ
၆၊ ၂
ကော်ဖီဆိုင်များ
၆၊ ၃
တရုပ် အစားအစာ
၆၊ ၎
မလေးရှား အစားအစာ
၆၊ ၅
အိန္ဒိယ အစားအစာ
၆၊ ၆
အနောက်တိုင်း အစားအစာ
၆၊ ၇
Mc Donald, KFC, Pizza Hut နှင့် Restaurants များ
၆၊ ၈
မြန်မာ အစားအစာများ
၇
အမြဲနေထိုင်ခငွ့်ရသူ (Permanent Resident – PR) လျှောက်ခြင်း ၇၊ ၁
PR လျှောက်ရာတွင် ထည့်သငွ်းစဉ်းစားသည့် အချက်များ
၇၊ ၂
မည်သူများ PR လျှောက် နိုင်သနည်း
၇၊ ၃
မည်သည့် စာရွက်စာတမ်းများ တင်ပြရန် လိုသနည်း ၇၊ ၃၊ ၁ P, Q သို့မဟုတ် S Pass ကိုင်ဆောင်ထားသူများ ၇၊ ၃၊ ၂ စင်ကာပူ နိုင်ငံသား သို့မဟုတ် စင်ကာပူ PR ၏ ခင်ပွန်း၊ ဇနီး၊ သားသမီးများ အတွက် PR လျှောက်ထားခြင်း
၇၊ ၎
လျှောက်ထားရမည့် အစီအစဉ်
၇၊ ၅
လျှောက်လွှာကြေး
၇၊ ၆
ကြာမြင့်ချိန်
၇၊ ၇
အခြား သိထားသင့်သည့် အချက်အလက်များ
၇၊ ၈
သားသမီးများ အတွက် SPR လျှောက်ခြင်း
8
၈
ငွေကြေးစံနစ် နှင့် ဘဏ်များ ၈၊ ၁
စင်ကာပူ နိုင်ငံ ၏ ငွေကြေးစံနစ်
၈၊ ၂
ATM (Automated Teller Machine) စက်များ
၈၊ ၃
မိမိ ဘဏ်စာရင်း သို့မဟုတ် အခြားသူ ဘဏ်စာရင်း ထဲသို့ ငွေသငွ်းသည့် စက် (Cash Deposit Machine)
၈၊ ၎
SAM (Self-service Automated Machine) စက်များ
၈၊ ၅
AXS Stations
၈၊ ၆
အင်တာနက် ဘဏ်လုပ်ငန်း (Internet Banking – iBanking) ၈၊ ၆၊ ၁ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဘဏ်လုပ်ငန်း (Personal Banking) ၈၊ ၆၊ ၁၊ ၁
ဘဏ်စာရင်း နှင့် ပတ်သက်သော သတင်းအချက်အလက်များ ရယူခြင်း (Account Information)
၈၊ ၆၊ ၁၊ ၂
မိမိ ဘဏ်စာရင်းမှ အခြားသူတစ်ဦး၏ ဘဏ်စာရင်းသို့ ငွေလွှဲခြင်း (Fund Transfer)
၈၊ ၆၊ ၁၊ ၃
ငွေပေးချေခြင်းများ (Payment Services)
၈၊ ၆၊ ၁၊ ၎
ရင်းနှီးမြှုပ်နှံမှု လုပင် န်းများ (Investment Services )
၈၊ ၆၊ ၂ Internet Banking လျှောက်ထားခြင်း ၈၊ ၆၊ ၃ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဘဏ်လုပ်ငန်း (Business Internet Banking - BIB) ၈၊ ၆၊ ၃၊ ၁
BIB လျှောက်ထားခြင်း
၈၊ ၆၊ ၃၊ ၂
Business Internet Banking တွင် လုပ်နိုင်သော ဘဏ်လုပ်ငန်းများ
၈၊ ၆၊ ၄ အင်တာနက် ဘဏ်လုပ်ငန်းမှ ပြန်ထွက်ခြင်း (Log out from Internet Banking) ၈၊ ၇
Bank GIRO (General Interbank Reccurring Order)
၈၊ ၈
စင်ကာပူ နိုင်ငံရှိ ဘဏ်များ
၈၊ ၉
POSBank
၉
ကျန်းမာရေး စောင့်ရှောက်မှု ၉၊ ၁
ကျန်းမာရေး စောင့်ရှောက်မှု
၉၊ ၂
အစိုးရ ၏ စီမံချက်များ ၉၊ ၂၊ ၁ CPF (Central Provident Fund) ၉၊ ၂၊ ၂ Medisave (ဆေးကုသစရိတ် စုငွေများ) ၉၊ ၂၊ ၃ MediShield ၉၊ ၂၊ ၄ Medifund ၉၊ ၂၊ ၅ အစိုးရ ၏ ထောက်ပံ့ကြေးများ (Government’s Subsidies)
၉၊ ၃
စင်ကာပူ ပိုလီကလစ်နစ် များ (Singapore Polyclinics)
၉၊ ၎
စင်ကာပူရှိ ဆေးရုံများ
၉။ ၅
ဆေးရုံတက်ခြင်း
၁၀
စင်ကာပူ နိုင်ငံတငွ် မော်တော်ယာဉ် မောင်းနှင်ခြင်း ၁၀၊ ၁
ယာဉ်မောင်းလိုင်စင် အမျိုးအစားများ
၁၀၊ ၂
ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း
၁၀၊ ၃
နိုငင်ံခြား ယာဉ်မောင်းလိုင်စင် မှ စင်ကာပူ ယာဉ်မောင်းလိုင်စင်သို့ ပြောင်းခြင်း
၁၀၊ ၎
နိုင်ငံခြား လိုင်စင်ကို စင်ကာပူလိုင်စင် အဖြစ် ပြောင်းခြင်း
၁၀၊ ၅
ယာဉ်မောင်းလိုင်စင် ပြန်လည်လျှောက်ထားခြင်း
၁၀၊ ၆
ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများ
၁၀၊ ၇
ဒါဏ်ကြေးများ
၁၀၊ ၈
ဒါဏ်ကြေးပေးဆောင်ခြင်း
၁၀၊ ၉
ယာဉ်မောင်း သင်တန်းကျောင်းများ
9
၁၁
အိမ်ဝယ်ခြင်း၊ ငှားခြင်း နှင့် ရေဘိုးမီးဘိုးများ ၁၁၊ ၁
စင်ကာပူတငွ် အိမ၀် ယ်ခြင်း
၁၁၊ ၂
အိမ်ဝယ်ခြင်း အတွက် ပြုလုပ်ရမည့် လုပ်ငန်း အဆင့်ဆင့်
၁၁၊ ၃
လက်ငင်းပေးချေရမည့် အခကြေးငွေများ (Upfront Costs)
၁၁၊ ၎
ဘဏ်မှ ငွေချေးခြင်း
၁၁၊ ၅
အိမ်ငှားခြင်း
၁၁၊ ၆
ရေ၊ မီး၊ ဂက်စ်
၁၂
စင်ကာပူ လူနေမှုဘ၀ပုံစံများ ၁၂၊ ၁
လူနေမှုဘ၀ပုံစံ
၁၂၊ ၂
Community Clubs / Cummunity Centre (စုဝေးရာ ဌာန)
၁၂၊ ၃
ရုပ်ရှင်ရုံများ
၁၂၊ ၎
စာကြည့်တိုက်များ
၁၂၊ ၅
စာတိုက်
၁၂၊ ၆
NTUC / Shop and Save / 7 Eleven / ABC
၁၂၊ ၇
တယ်လီဖုံး
၁၂၊ ၈
အင်တာနက်
၁၂၊ ၉
စိတ်ဝင်စားစရာ နေရာများ
၁၂၊ ၁၀
အထွေထွေ
၁၂၊ ၁၀၊ ၁
Salvation Army
၁၂၊ ၁၀၊ ၂
4D (4-Digit) (လေးလုံးတိုက် ထီ)
၁၂၊ ၁၀၊ ၃
TOTO (၆ လုံးတွဲထီ)
၁၂၊ ၁၀၊ ၎
Singapore Sweep
၁၂၊ ၁၀၊ ၅
မြင်းပြိုင်ပွဲများ
၁၂၊ ၁၀၊ ၆
သတင်းစာ၊ မဂ္ဂဇင်း နှင့် စာအုပ်ဆိုင်ကြီးများ
၁၂၊ ၁၀၊ ၇
အထွေထွေ
10
နောက်ကျောဖုံးအတွက် “အနာဂါတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” သည် စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူ၊ ပညာရှာ မည့်သူ၊ နေထိုင်မည့်သူများအတွက် လမ်းပြကောင်းတစ်ဦး ဖြစ်သည်။ နိုင်ငံခြားသို့ သွားမည့်သူများ ကြိုတင်ပြင်ဆင် ထားရန် လိုအပ်သည်များ၊ စင်ကာပူတငွ် နေထိုင်စဉ် သိရှိထားရမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ရသင့်ရထိုက်သည့် အခွင့်အရေး များ၊ ခံစားခွင့်များ၊ မိမိတို့၏ တက်လမ်းကို မိမိတို့ကိုယ်တိုင် ဖန်တီးယူနိုင်မည့် လမ်းညွှန်ချက်များ။ စင်ကာပူသို့ အလည်အပတ် သွားရောက်လိုသူတို့ ကြိုတင်လေ့လာထားစရာများ၊ စင်ကာပူတငွ် နေထိုင်သူတို့ သိသင့်သိထိုက်သည့် အချက်အလက်များ စသည်ဖြင့် ဘက်စုံ ထောင့်စုံမှ ပြည့်ပြည့်စုံစုံ တင်ပြထားသည်။ စာရေးသူ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း အမည်ရင်းမှာ ဦးအေးငြိမ်း ဖြစ်သည်။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါတောကွင်း ကျေးရွာ၌ အဘ ဦးမောင်ဆိုင်၊ အမိ ဒေါ်သန်း တို့မှ ဖွားမြင်သည်။ မွေးချင်း ၆ ယောက် ရှိသည့် အနက် ဒုတိယ ဖြစ်သည်။ ၁၉၈၆ ခုနှစ်တငွ် ရန်ကုန် စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့၊ ၁၉၉၆ ခုနှစ်တငွ် M.Phil (Mechanical) ဘွဲ့၊ ၂၀၀၈ ခုနှစ်တငွ် Singapore Polytechnic မှ Specialist Diploma in Workplace Safety and Health ရရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လမှ ၁၉၉၈ ခုနှစ် မတ်လထိ ရေဆင်း၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေး အင်ဂျင်နီယာဌာန တွင် လက်ထောက် ကထိက အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
စာရေးသူ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း အမည်
း ဦးအေးငြိမ်း
မိဘအမည်
း ဦးမောင်ဆိုင် + ဒေါ်သန်း
နိုင်ငံသား စိစစ်ရေးကဒ်ပြား အမှတ်း ၁၄/လမန(နိုင)် ၀၀၃၉၉၁ မွေးနေ့သက္ကရာဇ်
း ၈ ဧပြီ ၁၉၆၂ (တနင်္ဂနွေ)
လူမျိုး
း မြန်မာ
ကိုးကွယ်သည့် ဘာသာ
း ဗုဒ္ဓဘာသာ
နေရပ်လိပ်စာ
း အမှတ် ၂၄ အေ၊ ၆ ဘီ ပြည်ရိပ်မွန် အိမ်ယာ နာနတ်တောလမ်း ကမာရွတ် ရန်ကုန်
ဖုံးနံပါတ်
း ၇၀၉၅၁၀
ပညာအရည်အချင်း
း M.Phil (Mechanical) (1996) B.E (Mechanical) (1986) Specialist Diploma in Workplace Safety and Health (2008)
လုပ်ငန်းအတွေ့အကြုံ
း လက်ထောက်ကထိက (စိုက်ပျိုးရေးတက္ကသိုလ်) (၁၉၉၀ - ၁၉၉၈)
ကလောင်အမည်
း အေးငြိမ်း (လေးမျက်နှာ)
အောက်ပါ အချက်များကိုမူ လိုအပ်မှ သုံးပါ။ Passport No.
: 225860
11
Blue NRIC No.
: S2739592I
Current Position
: Construction Manager
Company
: Union Alloy Pte Ltd 227 Kakibukit Ave 1 Shunli Industrial Park Singapore 416048
Address
: Blk 134A, Kang Ching Road #03-91 Singapore 619062
Telephone (HP)
: (65)97303027
e-mail address
:
[email protected] :
[email protected]
12
13