Building A Future Part I Publish

  • Uploaded by: (သစ္စာအလင်း)
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Building A Future Part I Publish as PDF for free.

More details

  • Words: 7,400
  • Pages: 44
အနာဂါတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း (ပထမပိုင်း) ယခုအခါ ကမ္ဘာကြီးသည် တစ်နေ့တခြား ကျဉ်းမြောင်းလာသည်နှင့်အမျှ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးသန်းသွားလာမှု များမှာလည်း ယခင်ကထက် ပိုမိုလွယ်ကူ များပြားလာပါသည်။ အရှေ့တိုင်း မှ နိုင်ငံသားများသည် အနောက်တိုင်း နိုင်ငံများသို့ သွားရောက် အလုပ်လုပ်၊ စီးပွားရှာကြသလို အနောက်တိုင်းသား များသည်လည်း အရှေ့တိုင်း နိုင်ငံများ သို့ လာရောက်ကာ လည်ပတ်ခြင်း၊ စီးပွားရှာခြင်းများ ပြုလုပ်နေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံသားများသည်လည်း အခြား နိုင်ငံသားများနည်းတူ တပြည်ရပ်ခြားသို့ စီးပွားရှာထွက်ကြရာ မြန်မာများ အသွားအများဆုံး နိုင်ငံများထဲတငွ် စင်ကာပူ သည်လည်း တစ်နိုင်ငံ အပါ အ၀င် ဖြစ်ပါသည်။ သို့အတွက် စင်ကာပူတငွ် နေထိုင်လိုသူများ၊ စင်ကာပူသို့ အလည်အပတ် သွားလိုသူများ၊ အလုပ်ရှာရန် သွားလိုသူ များ၊ အလုပ်လုပ်ရန် သွားသူများ အနေနှင့် သိသင့်သိထိုက်သည်များကို သိနိုင်စေရန် တတ်နိုင်သမျှ စုံစုံလင်လင် ရေးသား ဖော်ပြ လိုက်ပါသည်။ ၁၊ ၁။ မိမိ ဘ၀အတွက် အရေးကြီးသော စာရွက်စာတမ်းများ လူ့ဘ၀ အသက်ရှင် ရပ်တည်နေနိုင်ရေးတွင် အခြားသော စား၊ ၀တ်၊ နေရေး ကိစ္စများကဲ့သို့ပင် အချို့သော စာရွက် စာတမ်းများမှာ မိမိ ဘ၀အတွက် အလွန်အရေးကြီး ပါသည်။ မိမိအနေနှင့် မည်သည့် စာရွက်စာတမ်းများသည် မိမိဘ၀ အတွက် အလွန်အရေးကြီးပြီး ရိုရိုသေသေ သိမ်းဆည်းထားရမည်၊ ကြိုတင် ပြင်ဆင်ထားရမည် စသည်တို့ကို သိရှိထားရန် လိုပါသည်။ သို့မှသာ အရေးကြုံလာသော အခါ အခက်အခဲမရှိ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ တစ်ခါတစ်ရံတငွ် ထို စာရွက် တစ်ရွက်ကြောင့် မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်းကို အဟန့်အတား ဖြစ်စေနိုင်ပါသည်။ သို့အတွက် အခြား အကြောင်းအရာများ မဖော်ပြမီ အရေးကြီးသော စာရွက် စာတမ်းများ အကြောင်း ပထမ ဦးဆုံး ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။ အကယ်၍ ထို စာရွက်စာတမ်းများသည် မြန်မာဘာသာဖြင့် ဖြစ်နေပါက အင်္ဂလိပ်ဘာသာ ပြန်ဆို (Notri Public) ထားရန်လည်း လိုပါသည်။ အခြားတစ်နိုင်ငံသို့ အလည်အပတ် သွားရောက်ရာတွင် သော်လည်းကောင်း၊ အလုပ်လုပ်ရန် သွားလိုလျှင် သော် လည်းကောင်း၊ ထိုနိုင်ငံတငွ် တရားဝင် နေထိုင်ခငွ့်ရရန် ကြိုးစားလျှင် သော်လည်းကောင်း ထို ဖော်ပြပါ စာရွက်စာတမ်းများမှာ အလွန်အရေးကြီးပါသည်။ စာရွက်စာတမ်း မစုံလင်ပါက ခွင့်ပြုမိန့် ချပေးမည် မဟုတ်ပါ။ (၁) မွေးစာရင်း (Birth Certificate) မိမိ အသက် အထောက်အထားကို ပြရန် အခိုင်လုံဆုံးသော စာရွက်စာတမ်းမှာ မွေးစာရင်း ဖြစ်ပါသည်။ အရေးကြီး သော ကိစ္စများ လျှောက်ထား၊ ဆောင်ရွက် ရာတွင် မွေးစာရင်းသည်လည်း တင်ပြရမည့် စာရွက်စာတမ်း တစ်ခု ဖြစ်ပါသည်။ သို့အတွက် မွေးစာရင်း မရှိသေးသူများ အနေနှင့် မိမိမွေးစာရင်းကို ကြိုကြိုတင်တင် ပြုလုပ်ထားရန် အရေးကြီးပါသည်။ မွေးစာရင်းတွင် ထိုကလေးသည် မည်သူမည်ဝါ၏ သားသမီးဖြစ်ပါသည် ဟု ဖော်ပြထားသောကြောင့် ထိုကလေး သည် မိမိ၏ သားသမီးဖြစ်ကြောင်း အထောက်အထားပြရာတွင် အရေးတကြီး လိုအပ်သော စာရွက်စာတမ်း ဖြစ်ပါသည်။ မွေးစာရင်း ဟု ဆိုရာတွင်လည်း မိမိတစ်ဦးထည်းသာမက မိမိ၏ ဇနီးမယား၊ သမီးသား၊ အဖေ၊ အမေ တို့ အတွက်ပါ ပြုလုပ်ထားရန် ဖြစ်ပါသည်။ မူရင်းကို သေချာစွာ သိမ်းဆည်းထားပြီး Certified True Copy များ လုပ်ထားရန် လိုပါသည်။ Certified True Copy ဟူသည်မှာ ဤ မိတ္တူစာရွက်သည် မူလ မူရင်းစာရွက်ကို မိတ္တူကူးထားခြင်း ဖြစ်ကြောင်း၊ မူရင်းကို တစ်စုံတရာ ပြန်လည် ပြင်ဆင်ထားခြင်း ပြုလုပ်မထားကြောင်း ရှေ့နေမှ သက်သေခံ လက်မှတ် နှင့် တံဆိပ်တုံး ထုပေးထား ခြင်းကို ဆိုလိုပါသည်။ (၂) မှတ်ပုံတင် ကဒ်ပြား (နိုင်ငံသား စိစစ်ရေးကဒ်ပြား) (NRIC – National Registration Identification Certificate) နိုင်ငံသား စိစစ်ရေးကဒ်ပြားသည် မည်သည့်နိုင်ငံသား ဖြစ်သည်ကို ဖော်ပြရန် တစ်ခုထည်းသော အထောက်အထား ဖြစ်သည့်ပြင် ထိုနိုင်ငံအတွင်း တရားဝင်နေထိုင်ခငွ့် ပြုထားသော လက်မှတ်လည်း ဖြစ်သည့်အတွက် လူတစ်ဦးတစ်ယောက် အတွက် အလွန်အရေးကြီးသော လက်မှတ် ဖြစ်ပါသည်။

1

(၃) အိမ်ထောင်စု စာရင်း (Official Household Census List) or (Family Register) နောက်တစ်ခု အရေးကြီးသော စာရွက် စာတမ်းမှာ အိမ်ထောင်စု စာရင်း ဖြစ်ပါသည်။ မိမိသည် မိမိ၊ သားမယားများ နှင့် တကွ စင်ကာပူ အမြဲနေထိုင်ခငွ့်ရသူ (SPR) လျှောက်တော့မည် ဆိုပါက အိမ်ထောင်စု စာရင်းသည် အလွန်အရေးကြီး ပါသည်။ အိမ်ထောင်စု စာရင်းထဲတငွ် မိမိ မိသားစုဝင် အားလုံးကို ပြည့်ပြည့်စုံစုံ ထည့်သငွ်းထားသင့်ပါသည်။ (၄) ကာကွယ် ဆေးထိုး လက်မှတ်များ (Vaccination Certificates) ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးလက်မှတ်များ သည်လည်း အရေးကြီးပါသည်။ ကျောင်းအပ်လျှင် ထိုလက်မှတ် ပါရပါမည်။ (၅) လက်ထပ် စာချုပ် (Official Marriage Certificate) လက်ထပ်စာချုပ်သည် တစ်ဦးနှင့် တစ်ဦး အကြင်လင်မယား ဖြစ်ကြောင်း အထောက်အထား စာရွက်စာတမ်း ဖြစ်၍ မိမိ၏ ဇနီး၊ ခင်ပွန်း ဖြစ်ကြောင်း သက်သေပြရာတွင် မရှိမဖြစ် လိုအပ်ပါသည်။ (၆) ပညာအရည်အချင်း မှတ်တမ်းများ နှင့် အမှတ်စာရင်းများ (Educational Certificate, Transcripts) ပညာအရည်အချင်းဆိုင်ရာ ဘွဲ့လက်မှတ်များ၊ အောင်လက်မှတ်များ၊ သင်တန်းဆင်း လက်မှတ်များ သည် မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်းကို အဆုံးအဖြတ်ပေးသော စာရွက်စာတမ်းများ ဖြစ်၏။ အလွန် သေချာစွာ သိမ်းဆည်းထားရန် လိုပါသည်။ (၇) မွေးစားလက်မှတ် (Certificate of Adoption) မိမိသည် ကလေးတစ်ဦးတစ်ယောက်ကို အမွေစား၊ အမွေခံအဖြစ် မွေးစားပါက မွေးစားကြောင်း အထောက်အထား စာရွက်စာတမ်း လိုပါသည်။ မိမိနှင့် ဆက်နွယ်ပြီး ထိုကလေး ရပိုင်ခငွ့် ရှိသည်များကို လျှောက်ထားသည့်အခါ ထို စာရွက် စာတမ်းသည် မရှိမဖြစ် လိုအပ်ပါသည်။ (၈) သေဆုံးကြောင်းလက်မှတ် (Death Certificate) မိမိနှင့် အရင်းဆုံး ဆွေမျိုးသားချင်း (မိဘ၊ ညီရင်းအစ်ကို၊ မောင်ရင်းနှမ၊ လင်ယောက်ျား၊ ဇနီးမယား၊ သမီးသား စသည်) များ သေဆုံးပါက သေဆုံးကြောင်း လက်မှတ်သည်လည်း အရေးကြီးပါသည်။ (၉) ကွာရှင်း ပြတ်စေဲ ကြာင်း လက်မှတ် (Divorce Certificate) လင်မယားတစ်ဦးနှင့် တစ်ဦး ကွာရှင်းပြီ ဆိုလျှင်လည်း ကွာရှင်း ပြတ်စေဲ ကြာင်း လက်မှတ်သည် အရေးကြီးပါသည်။ မိမိတို့ တစ်ဦးနှင့်တစ်ဦး မသက်ဆိုင်တော့ပါကြောင်း တရားဝင် အထောက်အထား စာရွက်စာတမ်းဖြစ်သဖြင့် လင်မယား ဆိုင်ရာ ဆောက်ရွက်စရာ ကိစ္စများ ရှိလာပါလျှင် ထိုစာရွက်သည် အလွန်အရေးကြီးပါသည်။ (၁၀) နိုင်ငံကူးလက်မှတ် (Passport) / သက်သေခံလက်မှတ် ( Certificate of Identity) တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးသန်းသွားလာရာတွင် အရေးအကြီးဆုံး စာရွက်စာတမ်းမှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပ)ို့ ဖြစ်ပါသည်။ ပတ်စ်ပို့ကို မပျောက်မပျက်ရအောင် ဂရုတစိုက် ထိန်းသိမ်းထားပါ။ ထို့ပြင်လည်း မိမိ ပတ်စ်ပို့ သက်တမ်းကို အနည်းဆုံး ၆ လခန့် ရှိနေအောင် အမြဲ ဂရုစိုက်ပါ။ (၁၁) နာမည်ပြောင်းမှတ်တမ်း အကယ်၍ မိမိသည် နာမည်ပြောင်းထားပါက နာမည်ပြောင်းမှတ်တမ်း ကိုပါ သိမ်းဆည်းထားရန် လိုပါသည်။ (၁၂) အလုပ်နှင့် ပတ်သက်သည့် ထောက်ခံစာများ မိမိလုပ်ငန်း အတွေ့အကြုံကို ဖော်ပြသည့် လုပ်ငန်းအတွေ့အကြုံ ထောက်ခံစာများသည်လည်း အလုပ်သစ်ရှာရာတွင် ကြီးစွာသော အထောက်အပံ့ကို ဖြစ်စေသည့် အတွက် ရိုရိုသေသေ သိမ်းဆည်းထားရန် လိုပါသည်။ ဖြစ်နိုင်လျှင် မိမိ လုပ်ခဲ့ဖူး သော အလုပ် နေရာတိုင်းအတွက် ရယူထားပါ။ ဤသည်မှာ မိမိ၏ လုပ်ငန်းအတွေ့အကြုံ သမိုင်းကြောင်း ဖြစ်ပါသည်။ အလုပ်ရှင်သစ်သည် မိမိ၏ လုပ်ငန်းအတွေ့အကြုံ သမိုင်းကြောင်းကို ကြည့်ပြီး ရွေးချယ်တတ်သဖြင့် ထိုစာရွက်စာတမ်းသည် လည်း အရေးကြီးသော စာရွက်စာတမ်း ဖြစ်ပါသည်။

2

စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းခြင်း အထက်ဖော်ပြပါ စာရွက်စာတမ်းများကို ဖိုင်တစ်ခုထဲတငွ် အစီအစဉ်အလိုက် သေသေချာချာ သိမ်းဆည်းထားပါ။ ဘာသာပြန်စရာလိုလျှင် အားလုံးကို ဘာသာပြန်ထားပါ။ ထို့နောက် မိတ္တူဆွဲထားပြီး မိတ္တူအားလုံးကိုလည်း ပူးတွဲ သိမ်းဆည်း ထားပါ။ အလိုရှိသောအခါ အခက်အခဲမရှိ လွယ်လင့်တကူ ရှာဖွေနိုင်ပါမည်။ ၁၊ ၂။ စင်ကာပူ နိုင်ငံသို့ လာရန် လိုအပ်သည့် ပြင်ဆင်မှုများ စင်ကာပူသို့ အလုပ်ရှာရန် လာလိုသူများ၊ သို့မဟုတ် စင်ကာပူသို့ အလုပသ်ွားလုပ်ရန် ကြိုးစားနေသူများ အများဆုံး မေးလေ့မေးထ ရှိသော မေးခွန်း တစ်ခုမှာ “ဘာတွေ ကြိုပြင်ထားရမလဲ” ဟူ၍ ဖြစ်ပါ၏။ ထိုမေးခွန်းမှာ သဘာဝလည်း ကျပါ သည်။ တပြည်ရပ်ခြား တိုင်းတစ်ပါး မိမိ မသိသော ဒေသ တွင် မိမိ တစ်ခါမှ မဆက်ဆံဖူးသေးသော လူမျိုးများနှင့် မိမိ တစ်ခါ မှ မလုပ်ဖူးသေးသော အလုပ်ကိုလုပ်ရန် သိပ်တော့ လွယ်ကူလှသည် မဟုတ်ပါ။ သို့အတွက် စင်ကာပူသို့ အကြောင်း အမျိုးမျိုးနှင့် သွားလိုသူများ ကြိုတင် ပြင်ဆင်ထားနိုင်ရန် လက်လှမ်းမီသမျှ တင်ပြ ပေးလိုက်ပါသည်။ ၁၊ ၂၊ ၁။ အလုပ်လုပ်ရန် သွားမည့်သူများ အရေးကြီးသည်မှာ တစ်ဦးနှင့် တစ်ဦး ဆက်ဆံရေး ဖြစ်ပါသည်။ ဤကဲ့သို့ တစ်ဦးနှင့် တစ်ဦးဆက်ဆံရာတွင် ပြောဆို သော ဘာသာစကားနှင့် ရေးသားသောစာ တို့သည် အဓိကကျပါသည်။ မိမိကို ဘာပြောသလဲ နားလည်ရန် လိုသကဲ့သို့ မိမိ ပြောလိုသည်ကို သူတစ်ပါးနားလည်အောင် ပြောနိုင်ရန်လည်း လိုအပ်ပါသည်။ ဘာသာစကား မကျွမ်းကျင်လျှင် အလုပ်လုပ် ရာ၌ အခက်အခဲ ရှိပါသည်။ စင်ကာပူနိုင်ငံတငွ် အရှေ့တိုင်းမှရော၊ အနောက်တိုင်းမှပါ လူမျိုးပေါင်းစုံ လာရောက် နေထိုင် အလုပ်လုပ်ကိုင် နေကြ သည် ဖြစ်ရာ ဘုံသုံးစွဲေ သာ ဘာသာစကား နှင့် စာပေမှာ အဓိကအားဖြင့် အင်္ဂလိပ်စကား နှင့် စာ ဖြစ်ပါသည်။ တရုပ်၊ မလေး၊ တမီလ် ဘာသာစကားများ သုံးသော်လည်း နည်းပါသည်။ အဓိက မကျပါ။ သို့သော် အင်္ဂလိပ်လိုရော တရုပ်လိုပါ တတ်ကျွမ်း လျှင်မူ အလုပ်ရှာရာ၌ ပိုပြီး အဆင်ပြေပါသည်။ အချို့ကုမ္ပဏီများမှာ Bilingual (နှစ်ဘာသာပြော) ဟု ကြေငြာပြီး ခေါ်လေ့ ရှိပါ သည်။ သို့ဖြစ်၍ စင်ကာပူသို့ အလုပ်သွားလုပ်တော့မည် ဟု ရည်မှန်းထားလျှင် ရာထူးကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ပထမဦးဆုံး သင်ကြား လေ့ကျင့်ရမည်မှာ အင်္ဂလိပ်စကား နှင့် စာ ဖြစ်ပါသည်။ နိုင်ငံခြားသွားမည့်သူ အများစုမှာ အင်္ဂလိပ် စကားပြော သင်တန်းများသို့ သွားရောက် သင်ယူနေကြသည်ကိုလည်း တွေ့မြင်ရပါသည်။ သို့သော် သင်တန်းဟူသည် မည်ကဲ့ သို့ ပြောရမည်ကို နည်းပေးလမ်းပြလိုက်ရုံသာ ဖြစ်ပြီး တကယ်တတ်ကျွမ်းရန်မှာမူ မိမိ၏ လေ့ကျင့်မှု၊ ကြိုးစားအားထုတ်မှု အပေါ် လုံးဝမူတည်နေပါသည်။ နာမည်ခံ သင်တန်းတက်နေရုံမျှ မဟုတ်ဘဲ တကယ်တတ်ကျွမ်းရန် အပတ်တကုတ် ကြိုးစား အားထုတ်ကြရန် လိုပါသည်။ ဤသို့ ကြိုးစားရာတွင် အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်း လေးမျိုးစလုံး ကျွမ်းကျင်လျှင်မူ ဆိုဘွယ်ရာ မရှိပါ။ သို့သော် အရေးနှင့် အဖတ်မှာ ပညာအခြေခံ ရှိမှသာ ဖြစ်နိုင်ပြီး အနည်းဆံုး အပြောနှင့် နားထောင်နိုင်မှု စွမ်းရည်ကိုတော့ မဖြစ် မနေ သင်ယူ လေ့ကျင့်ကြရမည် ဖြစ်ပါသည်။ လေ့ကျင့်သည့်နေရာတွင် လျှာအလေ့အကျင့် ရစေရန် မိမိတို့အချင်းချင်း အင်္ဂလိပ်လို လေ့ကျင့်ပြောရမည် ဖြစ်ပါသည်။ အများကဲ့ရဲ့မှာ ကြောက်သဖြင့် မပြောဘဲနေလျှင် ပြောတတ်မည် မဟုတ်ပါ။ ထို့အတူ အင်္ဂလိပ်လိုပြောသည်ကို နားလည်နိုင်ရန် ရေဒီယိုမှ လွှင့်သော အင်္ဂလိပ်ဘာသာ အသံလွှင့်ချက်များကို နားထောင် ပေးရမည် ဖြစ်ပါသည်။ သူတို့လေယူ လေသိမ်းကို နားစိမ်းမနေစေရန် ကြိုးစား နားထောင်ပေးရပါမည်။ အစပိုင်း နားလည်လိမ့်မည် မဟုတ်ပါ။ သို့သော် နေ့စဉ် ရက်ဆက် နားထောင်ဖန်များလာလျှင် နားရည်ဝလာ ပါလိမ့် မည်။ စကားပြောရာ၌လည်း အစပိုင်းတွင် ပြောကျင့်မရှိသဖြင့် လျှာရဲလိမ့်မည် မဟုတ်ပါ။ အလေ့အကျင့် ရသွားလျှင်မူ အခက် အခဲမရှိ ပြောနိုင်ပါလိမ့်မည်။ နောက်တစ်ခုမှာ ပညာအရည်အချင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု ဖြစ်ပါသည်။ ယခုခေတ် လူငယ်အများစုမှာ မိမိ ဘာစိတ်ဝင်စားသည်ကို မသိ။ မည်သည့်ဘာသာရပ်ကို စောက်ချ လေ့လာရမည် မှန်းလည်း နားမလည်။ သိရအောင်ကလည်း နည်းပေးလမ်းပြမည့် သူများ မရှိရကား ဟိုသင်တန်း ကောင်းနိုးနိုး၊ သည်

3

သင်တန်း ကောင်းနိုးနိုး နှင့် မိမိပတ်ဝန်းကျင်က ပြောလာသမျှ သင်တန်းများကို လျှောက်တက်ကာ လက်မှတ်များ တပွေ့ တပိုက်ကြီး ကိုင်ထားလျှက် ဘာလုပ်ရမှန်းမသိ ဖြစ်နေတတ်ပါသည်။ အများစု တက်သော သင်တန်းမှာ ကွန်ပြူတာ နှင့် စာရင်းကိုင် သင်တန်း ဖြစ်ပါလိမ့်မည်။ အထက်တငွ် ဖော်ပြခဲ့သလို သင်တန်းဟူသည် မည်သို့လုပ်ရကိုင်ရမည် ကို နည်းပေးလမ်းပြခြင်း မျှသာ ဖြစ်၍ မည်သည့်သင်တန်းမှ သင်တန်းလည်းဆင်း၊ တခါထည်းတတ် ဟု မသင်ပေးနိုင်ပါ။ တကယ်တတ်မှု မတတ်မှု သည် မိမိ၏ စိတ၀် င်စားမှုနှင့် လေ့ကျင့်မှုပေါ်သာ မူတည် ပါသည်။ သို့အတွက် သင်တန်း တက်မည်ဆိုလျှင် သည်သင်တန်းကို မိမိ တကယ် စိတ်ပါဝင်စားရဲ့လား ဟု မိမိဘာသာ မိမိ အလျင် မေးရန် လိုပါသည်။ တက်ပြီ ဆိုလျှင်လည်း သင်တန်းတက်ကာမတ္တ မျှသာ မဟုတ်ဘဲ ရေဆုံးရေဖျား တက်ပြီး တကယ်တတ်ကျွမ်း နားလည်စေရန် အပတ်တကုတ် ကြိုးစားအားထုတ်ရန် လိုပါသည်။ မိမိ စိတ်ဝင်စားသော ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို ရှာဖွေ ဖတ်ရှုခြင်း၊ လက်တွေ့ လေ့လာခြင်း၊ တတ်ကျွမ်း နားလည်သူများထံ ချဉ်းကပ်မေးမြန်းခြင်း စသဖြင့် အားထုတ်ပါက တကယ် ကျွမ်းကျင်သူ ဖြစ်လာပါလိမ့်မည်။ လုပ်ငန်းတကယ် ကျွမ်းကျင်ပါမှလည်း တက်လမ်း ရှိနိုင်ပါသည်။ သို့မဟုတ်ပါက ကိုယ့် ဒုက္ခ ကိုယ်ဝယ်သလိုသာ ဖြစ်ပါလိမ့်မည်။ နောက်တစ်ခုမှာ ပိုက်ဆံလိုချင် အလျင်မလိုရန် ဖြစ်ပါသည်။ ငွေရှာရာတွင် ကာယအားဖြင့် ရှာခြင်း နှင့် ဉာဏအားဖြင့် ရှာခြင်း ဟု နှစ်မျိုးရှိသည့်အနက် ဉာဏအားဖြင့် ရှာခြင်းက လူလည်းသက်သာ၍ လခလည်း ပိုကောင်းပါသည်။ မိမိဘ၀ တက်လမ်းလည်း မိမိကြိုးစားလျှင် ကြိုးစားသလို အများကြီး ရှိနိုင်ပါသည်။ သို့ဖြစ်၍ လူငယ်လူရွယ်များ အနေနှင့် ပညာကို ဆုံးခန်းတိုင်အောင် လေ့လာ သင်ယူရန် တိုက်တွန်းလိုပါသည်။ ယခု စင်ကာပူတငွ် အလုပ်လာလုပ်နေသူ မြန်မာအရေအတွက် သောင်းဂဏန်း တော်တော်များများ ရှိနေသည့် အထဲ တွင် မူလတန်းအောင်ရုံမျှနှင့်လာသူ၊ အလယ်တန်းအဆင့်မျှ ရှိသူ၊ အချို့လည်း ဆယ်တန်းနှစ်ခါကျ၊ သုံးခါကျသူများ အတော် များများ ပါဝင်ပါသည်။ စက်မှုသိပ္ပံပြီးသူ၊ စက်မှု တက္ကသိုလ်ကျောင်းဆင်း များလည်း အများအပြား ရှိပါ၏။ မိမိရရှိထားသော ပညာအရည်အချင်းအလိုက် လုပ်ရသော အလုပ်၊ ရရှိသော လခမှာ အလွန်ကွာ သွားပါသည်။ ထူးချွန် ထက်မြက်သူများမှာ လခ စင်ကာပူဒေါ်လာ ထောင်ကျော်ရရန် သိပ်မခဲယဉ်းသော်လည်း ပညာမတတ်သူများအနေနှင့် တစ်လလျှင် ငါးရာမျှ ရရန် ပင် သိပ်မသေချာလှပါ။ စင်ကာပူသည် ပညာရေးကို အထူးအလေးထားသော၊ လူအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဂရုစိုက် လုပ်ကိုင်ပေး နေသော တိုင်းပြည်ဖြစ်ရကား ပညာမတတ်သူများအတွက် အထက်တန်းရောက်ရန် မဖြစ်နိုင်ပါ။ ပညာမတတ်ဘဲ အလုပ် လာလုပ်လို့ မရဘူးလား ဆိုသော် ရပါသည်။ သို့သော် သူများ ခိုင်းတာ စေတာသာ လုပ်ရပါလိမ့်မည်။ မိမိသာ ဆက်လက် မလေ့လာပါက တစ်သက်လုံး သည်အတိုင်းသွားမည်မှာ သေချာလှပါသည်။ နောက်တစ်ခုမှာ ငွေကြေး အရင်းအနှီး ဖြစ်ပါသည်။ အများစုမှာ နိုင်ငံခြား ဆိုသည်နှင့် အထင်ကြီးပြီး ပိုက်ဆံတွေ ဘယ်လောက်ရမည်၊ မည်ကဲ့သို့သော အဆင့်မြင့်မြင့် အလုပ်ကြီး တွေ လုပ်ရမည် စသည့် ထင်လုံးကြီးတွေ တပွေ့တပိုက်ကြီးနှင့် ဖြစ်ပါသည်။ သို့အတွက် မသေချာလှသော အနာဂါတ်ကို သေသေချာချာ မလေ့လာ။ မစဉ်းစားကြ။ အလွန် ကြီးမားလှသော အရင်းအနှီးကို နှမြောတွန့်တိုခြင်း အလျဉ်းမရှိဘဲ မျှော်လင့် ချက်များ ရင်ဝယ်ပိုက်ကာ စွန့်စွန့်စားစား ထွက်လာကြသူ များပါသည်။ နိုင်ငံခြားသို့ ထွက်လာသူ အများစုမှာ ကုန်ကျမည့် ငွေကြေးကို မိဘများက ထုတ်ပေးရန် မတတ်နိုင်သဖြင့် ကြီးမားလှသော အတိုးနှင့် ချေးလာကြရသူများ ဖြစ်ပါသည်။ သို့သော် တကယ် လက်တွေ့ မျက်တွေ့ နိုင်ငံခြားသို့ရောက်လာပြီး တကယ် လုပ်ကြကိုင်ကြ၊ လခထုတ်ကြသော အခါ ကျမှ မှန်းချက်နှင့် နှမ်းထွက် မကိုက်သူများကို အများအပြား တွေ့ရပါသည်။ အချို့မှာ နှစ်စေ့၍ ပြန်သွားသည့်တိုင် အရင်းမကျေ ပါ။ အရင်းကို ပြန်ဆပ်နိုင်ရန် အသာထား၍ အတိုးကိုပင် မနည်း ဆပ်နေရသူများလည်း ဒုနှင့်ဒေး ဖြစ်ပါသည်။ ထိုသူများသည် ကား အခြားသူများကို အလုပ်အကျွေးပြုရန် တပြည်ရပ်ခြားသို့ ထွက်လာသည်နှင့် တူနေပါသည်။ သို့အတွက် နိုင်ငံခြားဆိုသည်ကို အများပြောသံကြားနှင့် အထင်ကြီးကာ ရှေ့ရေး နောက်ရေး မစဉ်းစား။ ဘာမှ ကြိုတင် ပြင်ဆင်ခြင်းမရှိဘဲ အလောတကြီးလာခြင်းသည် မိမိ မိသားစုကို လုပ်ကျွေးပြုစုရာ မရောက်။ မိမိကိုယ်တိုင်ရော၊ မိမိ မိသားစုကိုပါ ဒုက္ခပေးရာသာ ရောက်ကြောင်း သတိထားကြရန် လိုပါသည်။ မိဘများအနေနှင့် အထူးသဖြင့် တောပိုင်းမှ မိဘများမှာ နိုင်ငံခြား ဗဟုသုတ နည်းလှသည် ဖြစ်၍ မိမိ မိဘများအပေါ် သစ္စာရှိရန်လည်း လိုပါသည်။ မိမိက တောင်းဆိုလာလျှင် မိဘများမှာ တောင်းသလောက် ငွေကြေးကို တတ်နိုင်သည် ဖြစ်စေ၊ မတတ်နိုင်သည် ဖြစ်စေ၊ ဖြစ်သည့်နည်းနှင့် ထောက်ပံ့ပေးရမည်သာ ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိအနေနှင့် တကယ်ဖြစ်ချင်သော ဆန္ဒကို အခြေခံကာ တကယ်ဖြစ်အောင်လုပ်ပြီး မိဘများကို ကျေးဇူး ဆပ်ရပါမည်။

4

၁၊ ၂၊ ၂။ ပညာသင်ကြားရန် သွားမည့်သူများ ပညာသင်ကြားရန် သွားမည့်သူများမှာလည်း အလုပ်လုပ်ရန် သွားမည့်သူများနှင့် ရည်ရွယ်ချက်ခြင်း သိပ်မကွာလှပါ။ ပညာသွားသင်သည် ဆိုခြင်းမှာလည်း ထိုပညာကို အခြေခံ၍ အလုပ်လုပ်ရန်ပင် ဖြစ်ပါသည်။ သို့သော် ပညာသင်ရန် သွားမည့် သူများ နှင့် အလုပ်လုပ်ရန် သွားမည့် သူများမှာ အခြေခံခြင်း ကွာပါသည်။ ပညာသင်သွားမည် ဆိုသည့်အတွက် ထို လူငယ် တွင် နဂိုကတည်းက ပညာအခြေခံ ရှိပြီး ဖြစ်နေပါသည်။ ယခုအခါတွင် ပညာသင်သွားလိုသူများအတွက် အကျိုးဆောင်ပေးနေသော ကုမ္ပဏီများလည်း ရှိနေပြီ ဖြစ်ရာ သိပ် အထွေအထူး ဦးဏှောက်ခြောက်စရာ မလိုတော့ပါ။ အကျိုးဆောင် ကုမ္ပဏီများသည်ကား ပိုမို ကျွမ်းကျင် နားလည်မည် မုချ ဖြစ်ပါသည်။ မိမိ သိလိုသည်များကို ထိုကုမ္ပဏီများသို့ သွားရောက် မေးမြန်းနိုင်ပါသည်။ ထို့ပြင် သက်ဆိုင်ရာ ကျောင်းများ၏ အင်တာနက် website များကိုလည်း ၀င်ရောက် လေ့လာနိုင်ပါသည်။ အခြား သူများ ပြောစကားထက် ထို အင်တာနက်စာမျက်နှာများကို ကိုယ်တိုင် ၀င်ရောက်ဖတ်ရှုခြင်းက ပိုမို စိတ်ချရပါသည်။ မည်ကဲ့သို့ ကြိုတင် ပြင်ဆင်ရမည်နည်း ဆိုသည်ကို တတိယပိုင်း၊ ပညာရေး အခန်းတွင် အသေးစိတ် ရေးသား ဖော်ပြ ထားပါသည်။ ၁၊ ၂၊ ၃။ အလုပ်ရှာရန် သွားမည့် သူများ ယခုအခါ ပညာအခြေခံ ရှိပြီးသူများ စင်ကာပူသို့ အလည်အပတ် ဗီဇာ (Visit Visa) နှင့် လာပြီး အလုပ်ရှာသူဦးရေ အတော်များလာပါသည်။ အချို့မှာ စင်ကာပူရှိ အပေါင်းအသင်း မိတ်ဆွေ၊ ဆွေမျိုးများ အဆက်အသွယ်နှင့် လာပြီး အချို့မှာ လည်း မည်သည့် ဆွေမျိုးမှ မရှိဘဲ စင်ကာပူရောက်မှ မီးစင်ကြည့်ကမည် ဆိုသူများ ရှိပါသည်။ အခြေအနေ များမှာ တစ်နေ့နှင့် တစ်နေ့မတူ။ အမြဲ ပြောင်းလဲနေသည် ဖြစ်ရာ မည်သည့်အရာကိုမှ လှေနံ၊ ဓါးထစ် မှတ်ယူထား၍ မရပါ။ မိမိရှေ့မှ လူများ သွား၍ အဆင်ပြေနေကြသည်ကို ကြည့်ပြီး မိမိသည်လည်း ကျိန်းသေမုချ အဆင်ပြေ ရမည် ဟု တွက်ထားလျှင် လွဲပါလိမ့်မည်။ အတူတူ လာသည့် လူချင်းပင်လျှင် တစ်ယောက်မှာ အဆင်ပြေပြီး နောက် တစ်ယောက်မှာ အဆင်မပြေသဖြင့် ပြန်သွားရသူများကိုလည်း ရှိပါသည်။ ဘာမှ ကြိုတင်ပြင်ဆင်ခြင်း မရှိဘဲ မီးစင်ကြည့်ကမည် ဆိုသူများကား အလွန်ကံကောင်း ထောက်မပါမှ အဆင်ပြေ နိုင်ပါလိမ့်မည်။ ကောင်းသည်မှာ အရာရာကို ကြိုတင်ပြင်ဆင် ထားခြင်း ဖြစ်ပါသည်။ သို့ ကြိုတင် ပြင်ဆင်ထားလျှင်သော်မှ လွဲတတ်ပါသေးသည်။ ဤတွင် သတိထားရမည်မှာ စင်ကာပူတငွ် အလုပ်လုပ်ရခြင်းသည် တကယ် လုပ်ရခြင်းဖြစ်ပြီး အိယောင်ဝါး လုပ်၍ မရ။ ညာဝါဖြီးဖြန်း လုပ်လို့မရ ဆိုတာ ဖြစ်ပါသည်။ သို့အတွက် မိမိလုပ်မည့် လုပ်ငန်းနယ်ပယ်နှင့် ပတ်သက်ပြီး မိမိသည် တကယ် အရည်အချင်းပြည့်ဝပါပြီလား ဆိုသည်ကို မိမိကိုယ်ကို မိမိပြန်လည် ဆန်းစစ်ရန် လိုပါသည်။ ကြားဘူးနားဝ ဗဟုသု တ လောက်သာရှိပြီး လက်တွေ့မလုပ်တတ်သူများအနေနှင့် ကံကောင်း၍ လခကောင်းသည့် အလုပ်တစ်ခု ရသွားသည့်တိုင် မကြာခင် အလုပ်ပြုတ်ပြီး ပြည်တော်ပြန်ရရန် ရာခိုင်နှုံး တော်တော်များများ သေချာပါသည်။ အဓိက အရေးကြီးသည်မှာ အထက်တငွ် ဖော်ပြခဲ့သည့်အတိုင်း အင်္ဂလိပ်လို ပြောတတ်ရန်၊ နားထောင်တတ်ရန် ဖြစ် ပါသည်။ Supervisor အဆင့်တငွ် ၀င်ရောက်လုပ်သူများ အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်၍ စည်းဝေးပွဲသို့ သွား တက်ခိုင်းသောအခါ လူလည်ခေါင်တငွ် အရှက်ကရွဲ သည့် ဖြစ်ရပ်များလည်း မနည်းလှပါ။ အင်္ဂလိပ်စကားဟု ဆိရုာတွင်လည်း ဖြစ်ကတတ်ဆန်း ကပေါက်တိ ကပေါက်ချာ အင်္ဂလိပ်စကားထက် ကျကျနန ပြောတတ်ရန် လေ့ကျင့်ထားရန် လိုပါလိမ့်မည်။ သို့မဟုတ်ပါက မိမိပြောတာကြည့်ပြီး အထင်သေးခံရပါလိမ့်မည်။ အထင်မကြီးသဖြင့်လည်း တန်းတူ ဆက်ဆံခံရလိမ့်မည် မဟုတ်ပါ။ ၁၊ ၂၊ ၄။ အလည်အပတ် သွားမည့် သူများ အလည်သွားမည် ဆိုကတည်းက စင်ကာပူတငွ် မိမိ၏ အပေါင်းအသင်းမိတ်ဆွေ၊ ဆွေမျိုးသားချင်းများ ရှိနေမည်မှာ သေချာပါသည်။ သို့အတွက် အလည်သွားမည့် သူများအနေနှင့် ဘာမှ သိပ် အထွေအထူး ပြင်စရာမလိုပါ။ နိုင်ငံခြားသို့ အလည်သွားသည် ဆိုသဖြင့် ငွေကြေးအင်အား တောင့်တင်းသဖြင့်သာ သွားသည်ဟု အကြမ်းဖျဉ်း ယူဆနိုင်ပါသည်။ သည့်

5

အတွက် ငွေရေး၊ ကြေးရေး ကိစ္စလည်း ဘာမှ ပြောစရာ မလိုပါ။ သွားမည် ကြံကတည်းက ဘယ်လောက်နေလျှင် ဘယ်လောက် ကုန်မည်၊ သို့အတွက် မည်မျှ စုထားရမည် ဆိုသည်ကို လူတိုင်းတွက်ကြမည် ဖြစ်ပါသည်။ သို့သော် သူ့နိုင်ငံ သွားမည် ဖြစ်သဖြင့် သူ့နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများကိုတော့ ယေဘုယျအားဖြင့် လေ့လာထား လျှင် အကျိုးရှိပါသည်။ ဥပဒေတွင် မသိလို့ လုပ်မိခြင်းအတွက် ခွင့်လွှတ်ရိုး ထုံးစံ မရှိရကား ကိုယ်က မသိသဖြင့် အမှတ်တမဲ့ လုပ်လိုက်ရာ ဒါဏ်ငွေဆောင်လိုက်ရလျှင် အပိုပိုက်ဆံ ထွက်သွားနိုင်ပါသည်။ စင်ကာပူနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများ ကို ဒုတိယပိုင်းတွင် ဖော်ပြထားပါသည်။ ၁၊ ၃။ အလုပ်ရှာခြင်း စင်ကာပူသို့ ရည်ရွယ်ချက် အမျိုးအမျိုးဖြင့် လာရောက်ကြရာတွင် အများစုမှာ အလုပ်လုပ်ရန် လာရောက်ကြခြင်း ဖြစ် ပါသည်။ အလုပ်လုပ်ရန် လာမည်ဖြစ်ခြင်းကြောင့် အခြားမည်သည့် အရာမှ မပြင်ဆင်သေးမီ ပထမဆုံး လုပ်ရမည့် အလုပ်မှာ အလုပ်ရှာခြင်း ဖြစ်ပါသည်။ အလုပ်ရှာသည် ဆိုရာတွင် ပညာအရည်အချင်းတူ၊ လုပ်ငန်းအတွေ့အကြုံချင်းတူ၊ အသက်ချင်းတူလျှင်သော်မှ ရသော အလုပ်၊ လခ၊ ရာထူး စသည်တို့ မတူနိုင်ပါ။ ထို့ပြင် သွားရောက်သူ အများစုမှာ ပညာအခြေခံနည်းသူများ ထဲမှ ဖြစ်ရာ ပညာနည်းသည့် အလျှောက် အလုပ်ကြမ်းသာ လုပ်ရမည်ကို မျှော်မှန်းထားရပါမည်။ မိမိ တစ်ခါမှ မရောက်ဖူးသော တိုင်းပြည် သို့ သွားရောက် လုပ်ကိုင်ရမည် ဖြစ်ရာ မိမိသည် မည်သူများနှင့် ပေါင်းသင်းဆက်ဆံရမည်။ မည်သည့်အလုပ်များ လုပ်ရမည် ကို မသိနိုင်ပါ။ တခါတရံ မြန်မာပြည်တငွ် ပြောလိုက်တုံးက တစ်မျိုး၊ စင်ကာပူ ရောက်လာတော့ လုပ်ရသည်က တစ်မျိုး ဖြစ် နေတတ်ပါသည်။ အလုပ်ရှာသည့် နေရာတွင် အကြမ်းဖျဉ်းအားဖြင့် သုံးမျိုး ခွဲနိုင်ပါသည်။ ပထမ တစ်မျိုးမှာ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် ကုမ္ပဏီများ (Employment Agent) မှ တစ်ဆင့် ရှာခြင်း၊ ဒုတိယ တစ်မျိုးမှာ မိတ်ဆွေများ အဆက် အသွယ်ဖြင့် အလုပ်ရှင်နှင့် တိုက်ရိုက် အင်တာဗျူးရခြင်း၊ တတိယ တစ်မျိုးမှာ မိမိကိုယ်တိုင် စင်ကာပူသို့ သွားကာ အလုပ်ရှာ ခြင်း ဖြစ်ပါသည်။ စင်ကာပူသို့ မိမိကိုယ်တိုင် သွားပြီး အလုပ်ရှာသူများမှာ ပညာအခြေခံ ရှိပြီးသူများသာ ဖြစ်နိုင်ပါလိမ့်မည်။ ထို့ပြင် ထိုသူတို့အနေနှင့် စင်ကာပူတငွ် အပေါင်းအသင်း၊ မိတ်ဆွေများ ရှိနေနှင့်ပြီးလည်း ဖြစ်နိုင်ပါသည်။ လုပ်တတ်၊ ကိုင်တတ်၊ ပြောတတ်၊ ဆိုတတ်၊ သွားတတ်၊ လာတတ် ထဲက ဖြစ်ရပါမည်။ အလုပ်ရခြင်း မရခြင်းမှာ ပုံသေတွက်ထား၍ မရပါ။ မိမိကြိုးစားမှုနှင့် ကံတရားပေါ် မူတည်ပါသည်။ ထိုသူတို့အဖို့ တစ်ခုကောင်းသည်မှာ ကြားလူမရှိဘဲ မိမိနှင့် အလုပ်ရှင် တိုက်ရိုက် စကားပြောရသဖြင့် သူတို့လိုချင်သည်များ၊ မိမိ လုပ်တတ်သည်များ၊ လခ စသည်တို့ကို သေသေချာချာ ဆွေးနွေး နိုင်ပါသည်။ တခါတရံတငွ် စင်ကာပူရှိ မိမိအပေါင်းအသင်းများ အဆက်အသွယ်ဖြင့် အေးဂျင့်ကြားခံမထားဘဲ အလုပ်ရှင်မှ မြန်မာ ပြည်သို့ တိုက်ရိုက် အင်တာဗျူးလာခြင်းများလည်း ရှိတတ်ပါသည်။ အကယ်၍ ဤအခွင့်အရေးမျိုးနှင့် ကြုံလျှင် အလွန် ကံကောင်းသည် ဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် အလုပ်ရှင်နှင့် တိုက်ရကိုဆက်သွယ် စကားပြောနိုင်သည့်ပြင် အေးဂျင့်ကြေးလည်း များများစားစား ပေးရန် မလိုသောကြောင့် ဖြစ်ပါသည်။ သို့သော် ဤသို့ သော အခွင့်အရေးမှာ အလွန် နည်းပါသည်။ အလုပ်ရှင်နှင့် မိမိမိတ်ဆွေမှာ အသိအကျွမ်း ဖြစ်နေသောကြောင့် မိမိ အလုပ်ရဘို့လည်း ပိုမို သေချာပါသည်။ တစ်ခုရှိသည်မှာ မိမိ မိတ်ဆွေက မိမိအပေါ် သစ္စာရှိဘို့တော့ လိုပါသည်။ ရလာသော အခွင့်အရေးကို အသုံးချပြီး မိမိကို ခုတုံးလုပ်မသွားစေရန် သတိထားရပါလိမ့်မည်။ အများစု သွားနေကြသော ပုံစံမှာ အလုပ်အကိုင် ရှာဖွေရေး အေးဂျင့်များမှ တစ်ဆင့် ဖြစ်ပါသည်။ အေးဂျင့်များသည် ကား ၎င်းတို့၏ အလုပ်ဖြစ်နေသောကြောင့် ထိုသူတို့ထံတငွ် သတင်းစုံသလို၊ အလုပ်မျိုးစုံလည်း ရှိတတ်ပါသည်။ မကြာခဏ လည်း အလုပ်ခေါ်တတ်ပါသည်။ သို့သော် မိမိအလုပ်အပ်လိုက်သော အေးဂျင့်သည် မှန်မှန်ကန်ကန် ဖြစ်ဘို့တော့ လိုပါသည်။ အလုပ်မသေချာသေးဘဲ ပိုက်ဆံများများစားစား လက်လွန်မထားဘို့ ပို အရေးကြီးပါသည်။ အချို့အေးဂျင့်များမှာ အလုပ်အပ်ပြီဆိုကတည်းက သက်ဆိုင်ရာ သင်တန်းများ ပေးတတ်ကြပါသည်။ ဥပမာ - ဂဟေ သင်တန်း၊ ပိုက်ပြင် ပိုက်ဆက် သင်တန်း၊ သံချီသံကွေး သင်တန်း စသည်။ စင်ကာပူတငွ် အလုပ်လုပ်လျှင် အလုပ်သမားတိုင်း အတွက် အလုပ်ရှင်မှ အစိုးရသို့ Levy ကြေးဟု ပေးရရာ ကျွမ်းကျင်သူနှင့် မကျွမ်းကျင်သူနှစ်မျိုးအနက် ကျွမ်းကျင်သူ အတွက် ပေးရသောကြေးမှာ မကျွမ်းကျင်သူများအတွက် ပေးရသော ကြေးထက် အများကြီး သက်သာပါသည်။

6

ကျွမ်းကျင်၊ မကျွမ်းကျင်ကို စာမေးပွဲဖြင့် စစ်ဆေးသည် ဖြစ်ရာ ထို စာမေးပွဲအတွက်လည်း သင်တန်းများပေးပါ သေးသည်။ ထိုစာမေးပွဲမှာမူ အလုပ်ရှင်အတွက်ရော အလုပ်သမားအတွက်ပါ အများကြီး အကျိုးရှိသဖြင့် အောင်ထားသူသည် မအောင်သူထက် ပိုမို အခွင့်အလမ်းများပါသည်။ (Levy အကြောင်းကို ဒုတိယပိုင်း တွင် အသေးစိတ် ဖော်ပြထားပါသည်။) ၁၊ ၄။ အင်တာဗျူးဖြေခြင်း အင်တာဗျူးဖြေရာတွင် အရေးကြီးဆုံး အချက်မှာ ရိုးသားခြင်း ဖြစ်ပါသည်။ မိမိသိမှ သိသည်ဟုပြောပြီး မသိသည် ကို မသိဟု ဖြေပါ။ မသိတာကို သိဟန် မဆောင်ပါနှင့်။ ဒါ လုပ်တတ်သလား မေးလျှင်လည်း လုပ်တတ်မှ လုပ်တတ်သည် ဖြေပါ။ မလုပ်တတ်တာကို လုပ်တတ်သည်ဟု လိမ်လည် ဖြေဆိုပါက မိမိဒုက္ခကို မိမ၀ိ ယ်သလို ဖြစ်ပါလိမ့်မည်။ ဒုတိယပိုင်း တွင် အင်တာဗျူးဖြေခြင်းနှင့် ပတ်သက်၍ အသေးစိတ် ရေးသားထားပါသည်။ သို့အတွက် ဤနေရာတွင် သိသင့်သည့်အချက် အနည်းငယ်မျှကိုသာ ဖော်ပြပါမည်။ အင်တာဗျူးခေါ်ကတည်းက မိမိတတ်ကျွမ်းသည့်အလုပ်ကို ရွေးဝင်နိုင်လျှင် ပိုကောင်းပါသည်။ သို့သော် General Worker အလုပ်ဆိုလျှင်တော့ ဘာမှ ရွေးစရာမလိုတော့ပါ။ သူတို့ခိုင်းသမျှ လုပ်နိုင်ဘို့သာ လိုပါသည်။ အင်တာဗျူးဝင်လျှင် အ၀တ်အစား သပ်သပ်ယပ်ယပ် ၀တ်ဆင်ပါ။ စကားကို ဖြေးဖြေးနှင့် မတိုးလွန်း၊ မကျယ်လွန်း ပီပီသသ ပြတ်ပြတ်သားသား ပြောပါ။ အလောသုံးဆယ် မပြောပါနှင့်။ အင်တာဗျူးသူကို ကြောက်လန့်မနေပါနှင့်။ မိမိကိုယ် ကို ယုံကြည်စိတ်ချမှု ရှိပါ။ ငါလုပ်နိုင်ရမည် ဟု ယုံကြည်စိတ် အပြည့်ထားပါ။ ဘာမေးလာလျှင် ဘယ်လိုပြန်ဖြေမလဲ ဟု နဂို ကတည်းက ကြိုတင်ပြင်ဆင်ထားပါ။ ထိုင်သည့်နေရာတွင် ကိုယ်ကို ခွေခေါက်မထားပါနှင့်။ ကိုယ်ကိုဆန့်ပြီး ရွှင်လန်းတက်ကြွ နေသည့် ပုံစံမျိုးနှင့်ထိုင်ပါ။ ဒူးနှံ့ခြင်း၊ နှာခေါင်းနှိုက်ခြင်း၊ ဟိုကြည့်သည်ကြည့် ကြည့်ခြင်းများ မလုပ်ပါနှင့်။ မိမိဖြည့်ထားသော ကိုယ်ရေးမှတ်တမ်း (Curriculum Vitae) ထဲမှ လုပ်ငန်းအတွေ့အကြုံများကို ပြောတတ်ရန် လေ့ကျင့်ထားပါ။ သူမေးလာလျှင် အထစ်အငေါ့မရှိ ဖြေနိုင်ပါစေ။ --- အဲလိုတော့ ထင်ထာပဲ၊ မေ့နေတယ် စသော စကားမျိုး မပြောပါနှင့်။ သိရင် သိတယ်၊ မသိရင် မသိဘူး ပြတ်ပြတ်သားသား ဖြေပါ။ မည်သည့်အခါမှ Yes, No, Yes, No ဟု အခြား ဘာမှ မပြောတတ်တော့သည့် ပုံစံမျိုးနှင့် စကားတစ်လုံးထဲ ထပ်ကာ ထပ်ကာ မဖြေပါနှင့်။ အင်တာဗျူးပြီး၍ ပြန်ထွက်လာလျှင် ယခုလို အင်တာဗျူးခေါ်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ငါ မင်းတို့နဲ့ ပြန်လည် ဆုံတွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ် စသဖြင့် နှုတ်ဆက်ပြီးမှ ပြန်ထွက်လာပါ။ ၁၊ ၅။ SOC (Safety Orientation Course) အတွက် ကြိုတင်ပြင်ဆင်ခြင်း အသစ်ပြောင်းလဲလိုက်သော ဥပဒေအရ စင်ကာပူသို့ ရောက်ရှိလာသူ အလုပသ် မားမှန်သမျှ စင်ကာပူ MOM မှ စစ်ဆေးသော SOC ကို အောင်မြင်မWှ ork Permit ကဒ် ထုတ်ပေးပါသည်။ စာမေးပွဲကို ၃ ကြိမ်သာ ဖြေဆိုခငွ့်ရှိပြီး ၃ ကြိမ်လုံး မအောင်ပါက မိခင်တိုင်းပြည်သို့ ပြန်လွှတ်ပါသည်။ ထို့ကြောင့် ထိုစာမေးပွဲမှာလည်း အလွန် အရေးကြီးပါသည်။ သို့သော် ထိုစာမေးပွဲေ ဖြရန် မည်သူမျှ ကြိုတင် ပြင်ဆင်ထားခြင်း မရှိသေးပါ။ လေ့လာရမည့် စာအုပ်စာတမ်းလည်း မရှိပါ။ သို့အတွက် အခန်း (၂) တွင် တတ်နိုင်သလောက် ဖော်ပြထားပါသည်။ စင်ကာပူတငွ် အလုပ်လုပ်ဖူးသူများအဖို့ safety ဟူသည် ဘာကို ဆိုလိုသည်ကို သိမည် ဖြစ်သော်လည်း ယခုမှ စင်ကာပူသွားမည့် သူများအတွက် အစိမ်းသက်သက် ဖြစ်နေပါလိမ့်မည်။ ဗမာလို ရှင်းပြလျှင် နားလည်နိုင်မည် ဖြစ်သော်လည်း အင်္ဂလိပ် အခေါ်အဝေါ်များကိုမူ ဘာကို ဆိုလိုမှန်း သဘောပေါက်ချင်မှ ပေါက်ပါလိမ့်မည်။ အလုပ်ရပြီး စင်ကာပူရောက်ပြီး မှ SOC မအောင်သဖြင့် ပြန်လာရလျှင် အလွန်နစ်နာပါသည်။ သို့အတွက် ဒုတိယပိုင်း တွင် ဖော်ပြထားသော Safety နှင့် ပတ်သက်သည့် ဗဟုသုတများကို တတ်နိုင်သမျှ မှတ်မိနေအောင် လေ့လာထားရန် လိုပါ သည်။ ထို့ပြင်လည်း မိမိတစ်ခါမျှ မလုပ်ဖူးသော အလုပ်များကို လုပ်ရမည် ဖြစ်ရာ မိမိတငွ် ကျရောက်လာမည့် အန္တရာယ်များ ကို ကြိုတင်လေ့လာထားခြင်းဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်များမှ ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။ အလုပ်များမှာ ဗဟုသုတ ရှိပြီး ညွှန်ကြားထားသည့်အတိုင်း လုပ်လျှင် ဘာအန္တရာယ်မှ မရှိသော်လည်း မသိဘဲဖြစ်စေ ဂရုမစိုက်ဘဲ ဖြစ်စေ ရမ်းလုပ်ပါက အသက် အန္တရာယ် ရှိနိုင်ပါသည်။ သို့အတွက် safety ဟူသည် ဘာကို ဆိုလိုမှန်း စင်ကာပူတငွ် အလုပ်သွားလုပ်မည့် သူတိုင်း သဘောပေါက်ထားရန် လိုပါသည်။

7

သူတို့ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို မလိုက်နာပါက မိမိအတွက် အန္တရာယ်ရှိရုံတင် မဟုတ်သေး။ သူတို့လာ ဖမ်းလျှင်လည်း ဒါဏ်ရိုက်ခံရမည် ဖြစ်ပါသည်။ ဒါဏ်ရိုက်ရုံတင်ဆို မထောင်းတာပါ။ အလုပ်မှ ထုတ်ပစ်သည်ထိ အရေးယူပါက အလွန် နစ်နာလှပါသည်။ သို့အတွက် တင်ကြိုလေ့လာထားကြပါ ဟု တိုက်တွန်းလိုပါသည်။

8

အခန်း (၂) စင်ကာပူနိုင်ငံအတွင်း ၀င်ခငွ့်ရရန် လိုအပ်ချက်များ (Entry Requirements) အောက်ပါ အချက်အလက်များမှာ စင်ကာပူ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့၏ အင်တာနက် စာမျက်နှာ ဖြစ်သော http://www.ica.gov.sg မှ ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။ စင်ကာပူနိုင်ငံအတွင်း ၀င်ခငွ့်ရရှိရန် အခြေခံ လိုအပ်ချက်များမှာ ၁။ အနည်းဆုံး သက်တမ်း ၆ လရှိသော ပတ်စ်ပို့ ၂။ သက်တမ်းရှိ စင်ကာပူ ပြည်ဝင်ခငွ့် ဗီဇာ ၃။ စင်ကာပူနိုင်ငံတငွ် နေထိုင်မည့်ကာလအတွင်း သုံးစဲရွ န် လုံလောက်သော ငွေကြေး ပမာဏ ၄။ အသွားအပြန် လေယာဉ်လက်မှတ် (Booking လက်မှတ်မဟုတ်၊ အတည်ဖြစ်ပြီး) ၅။ အပြည့်အစုံ ဖြည့်စွက်ထားသော Disembarkation / Embarkation Card (White Card) ၆။ အချိန်ကာလ အလိုက် သတ်မှတ်ထားသော ကာကွယ်ဆေးထိုး မှတ်တမ်းများ သို့မဟုတ် ဆေးစစ်ချက်များ (ဥပမာ၊ SARS ဖြစ်နေသော ကာလ၊ Swine Flu ဖြစ်နေသော ကာလ) ၂၊ ၁။ နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားခြင်း နိုင်ငံခြားသို့ သွားလိုသူများ ပထမဆုံး ဆောင်ရွက်ရမည်မှာ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်း ဖြစ်ပါသည်။ နိုင်ငံကူးလက်မှတ်ကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း ရှိ ပြည်ထေဲ ရး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့တငွ် လျှောက်ထားရပါမည်။ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင်  နိုင်ငံသား စိစစ်ရေးကဒ် မူရင်း နှင့် မိတ္တူ၊  အိမ်ထောင်စု စာရင်း မူရင်း နှင့် မိတ္တူ  နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအတွက် ဘဏ် ၃၊ ဆူးလေ ဘုရားလမ်း တွင် ငွေပေးသွင်းထားသော ငွေသငွ်းချလံ စသည်တို့ ပူးတွဲ တင်ပြရပါသည်။ ပတ်စ်ပို့လျှောက်ထားရန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်ရပါမည်။ အကယ်၍ မမာမကျန်းဖြစ်နေလျှင် သော်လည်းကောင်း၊ အိုမင်းမစွမ်း သူများအနေနှင့်သော် လည်းကောင်း ကိုယ်စားလှယ် လွှဲစာဖြင့် လူစားလွှတ်၍ ရပါသည်။ ပတ်စ်ပို့လျှောက်လွှာတွင် အပြည့်အစုံဖြည့်ပြီးလျှင် လျှောက်လွှာရှင်သည် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၊ အမှတ် ၁၁၀၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်သို့ လာရောက်တင်ရမည် ဖြစ်ပါသည်။ အကယ်၍ လျှောက်လွှာတွင် အမည်၊ မွေးနေ့သက္ကရာဇ် စသည်များကို လိမ်လည်ဖြည့်စက်ွထားခြင်း တွေ့ရှိပါက ဒါဏ်ငွေ ၁၂၅၀၀ ကျပ် တပ်ရိုက်မည် ဖြစ်ပါသည်။ ပတ်စ်ပို့် လျှောက်လွှာကို လတစ်လ၏ ၁၀ ရက်နေ့မတိုင်မီ တင်ပါက အနီးဆုံးကျင်းပသော ဘုတ်အဖွဲ့သို့ တင်ပြမည် ဖြစ်ပါသည်။ ဘုတ်အဖွဲ့မှ အတည်ပြုပြီးသော အခါ လျှောက်လွှာရှင်သည် စပေါ်ငွေ ၅၀၀၀ တင်ထားသော ဘဏ်ငွေသငွ်း ဖြတ်ပိုင်း၊ ပညာရေး ကင်းလွတ်ခငွ့် စသော် အောက်ပါ စာရွက်စာတမ်းများကို တင်ပြရမည် ဖြစ်ပါသည်။ တင်လိုက်သော စာရွက် စာတမ်းများကို စစ်ဆေးပြီး လိုအပ်သော ဆောင်ရွက်ချက်များပြီးလျှင် ပတ်စ်ပို့စာအုပ် ထုတ်ယူနိုင်ပြီ ဖြစ်ပါသည်။ စုစု ပေါင်း ဆောင်ရွက်ချိန်ကာလ ၁ လခွဲ ခန့် ကြာမည် ဖြစ်ပါသည်။ တင်ပြရမည့် စာရွက်စာတမ်းများ (၁) စီးပွားရေးလုပ်ငန်း ပတ်စ်ပို့များ  စင်ကာပူမှ ကုမ္ပဏီ ၏ ဖိတ်ခေါ်စာ မူရင်း  ကုမ္ပဏီ မှတ်ပုံတင်စာရွက်စာတမ်း

9

 ကုမ္ပဏီ၏ ပုံစံ (၆)  ကုမ္ပဏီ၏ ပုံစံ (၂၆)  ထုတ်ကုန်၊ သွင်းကုန် လိုင်စင်  ထုတ်ကုန်၊ သွင်းကုန်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများ (BE - Bill of Exchange, BL – Bill of Lading)  အကယ်၍ ကုမ္ပဏီသည် ကုန်သွယ်ရေးဆိုင်ရာ ကုမ္ပဏီ တစ်ခု မဟုတ်ခဲ့ပါက စီးပွားရေးလုပ်ငန်း ပတ်စ်ပို့ထုတ်ပေးရန် ၀န်ကြီး ဌာန၏ ထောက်ခံချက် လိုပါလိမ့်မည်။  နိုင်ငံသား စိစစ်ရေးကဒ်  အိမ်ထောင်စု စာရင်း (၂) စီးပွားရေးလုပ်ငန်း (ကာလတို) ပတ်စ်ပို့များ  စင်ကာပူမှ ကုမ္ပဏီ ၏ ဖိတ်ခေါ်စာ မူရင်း  ကုမ္ပဏီ မှတ်ပုံတင်စာရွက်စာတမ်း  ကုမ္ပဏီ၏ ပုံစံ (၆)  ကုမ္ပဏီ၏ ပုံစံ (၂၆)  ထုတ်ကုန် သို့မဟုတ် သွင်းကုန် လိုင်စင်  အကယ်၍ ကုမ္ပဏီတစ်ခု၏ ၀န်ထမ်းဖြစ်နေပါက ကုမ္ပဏီ ညွှန်ကြားရေးမှူး၏ ထောက်ခံစာ  နိုင်ငံသား စိစစ်ရေးကဒ်  အိမ်ထောင်စု စာရင်း  အကယ်၍ ပတ်စ်ပို့ အသစ်လျှောက်ထားခြင်း ဖြစ်ခဲ့ပါက ဒုဝန်ကြီး ၏ ထောက်ခံချက် လိုပါသည်။ (၃) အလုပ်အကိုင် ရှာဖွေရေး ပတ်စ်ပို့များ  စင်ကာပူမှ အလုပ်ခေါ်စာ မူရင်း  နိုင်ငံသား စိစစ်ရေးကဒ်  အိမ်ထောင်စု စာရင်း  အခွန်ဆောင်ထားသော စာ (သို့) အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ (၄) အလည်အပတ်သွားခြင်းအတွက် ရက်တို ပတ်စ်ပို့များ  စင်ကာပူတငွ် အလုပ်လုပ်နေသူ မိမိဆွေမျိုးတစ်ဦးဦး ၏ ဖိတ်ခေါ်စာ မူရင်း (မှတ်ချက်။

။ ထို ဖိတ်ခေါ်သူသည် ၎င်း၏ ပြီးခဲ့သော ၆ လ အတွင်းက စင်ကာပူရှိ မြန်မာသံရုံးတွင် ဆောင်ထား

သော ၁၀ရာခိုင်နှုံး ၀င်ငွေခွန်စာရွက်ကို တင်ပြရမည်။)  ဖိတ်ခေါ်သူ၏ ပတ်စ်ပို့ မိတ္တူ  နိုင်ငံသား စိစစ်ရေးကဒ်  အိမ်ထောင်စု စာရင်း  မိမိ၏ အရင်းနှီးဆုံး ဆွေမျိုးတစ်ဦးဦး  အကယ်၍ လျှောက်ထားသူသည် အစိုးရ ၀န်ထမ်းဖြစ်ပါက ပြည်ပ ခရီးထွက်ခွာခွင့် (အကယ်၍ ဖိတ်ခေါ်သူသည် မြန်မာနိုင်ငံသား အဖြစ်မှ စွန့်လွှတ်ထားသူ တစ်ဦးဖြစ်ပါက ၎င်း၏ ဖိတ်ခေါ်စာပေါ်တွင် စင်ကာပူ မြန်မာသံရုံးမှ တံဆိပ်တုံး ထုထားရမည် ဖြစ်ပါသည်။) (၅) (မီခှ )ို မြန်မာပတ်စ်ပို့များ  စင်ကာပူတငွ် အလုပ်လုပ်နေသူ ၏ ပတ်စ်ပို့ မိတ္တူ  ထိုသူ၏ ပြီးခဲ့သော ၆ လ အတွင်းက စင်ကာပူရှိ မြန်မာသံရုံးတွင် ဆောင်ထားသော ၁၀ရာခိုင်နှုံး ၀င်ငွေခွန်စာရွက်  စင်ကာပူတငွ် အလုပ်လုပ်နေသူ မိမိဆွေမျိုးတစ်ဦးဦး ၏ ဖိတ်ခေါ်စာ မူရင်း  နိုင်ငံသား စိစစ်ရေးကဒ်  အိမ်ထောင်စု စာရင်း  မိမိ၏ အရင်းနှီးဆုံး ဆွေမျိုးတစ်ဦးဦး

10

(အကယ်၍ ထို မှီခို ပတ်စ်ပို့ ကိုင်ဆောင်ထားသူသည် မြန်မာနိုင်ငံသို့ ပြန်လာလျှင် စင်ကာပူ မြန်မာသံရုံးမှ ထုတ်ပေး ထားသော အလုပ်မလုပ်ကြောင်း ထောက်ခံစာကို ပြရမည် ဖြစ်ပါသည်။) မှတ်ချက်။

။ အထက်ပါ မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူတစ်ဦးဦး သည် ပတ်စ်ပို့ ထုတ်ပေးသည့်ရက်မှ ၆ လ

အတွင်း မြန်မာနိုင်ငံမှ ထွက်ခွာရမည် ဖြစ်ပါသည်။ အကယ်၍ အကြောင်းကြောင်းကြောင့် ထို ၆ လ အတွင်း မြန်မာနိုင်ငံမှ မထွက်ခွာ ဖြစ်ခဲ့ပါက မိမိ ပတ်စ်ပို့စာအုပ်ကို နောက်ထပ် သက်တမ်း ၆ လ ထပ်တိုးရမည် ဖြစ်ပါသည်။ အကယ်၍ နောက်ထပ် ၆ လအတွင်းမှ မထွက်ခွာဖြစ်ခဲ့သေးပါက နောက်ထပ် စာအုပ်သက်တမ်း တိုးရာတွင် အသစ်လျှောက်သည့် အစီအစဉ်အတိုင်း ထပ်မံ လျှောက်ထားရမည် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း ပတ်စ်ပို့များ၏ သက်တမ်းသည် တစ်နှစ်ခွဲ ဖြစ်သဖြင့် နောက်ထပ် ထပ်မံတိုး၍ ရသော သက်တမ်း မှာ ၆ လ နှစ်ကြိမ် ဖြစ်ပါသည်။ အကယ်၍ မိမိသည် ဘွဲ့ရတစ်ဦးဖြစ်ပါက ပြည်လမ်းရှိ အဆင့်မြင့်ပညာ ဦးစီးဌာနတွင် ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက် (Education clearance) လုပ်ရပါသည်။ သို့သော် အခြေခံပညာ အထက်တန်းအဆင့် ပညာရေးသာ ရှိသူ များအဖို့ လုပ်စရာမလိုပါ။ လက်ရှိအခြေအနေတွင် နိုင်ငံကူးလက်မှတ် တစ်ခု ပြီးစီးသည်အထိ ပျမ်းမျှခြင်း မြန်မာငွေ လေးသောင်းခန့် ကျသင့်ပါသည်။ လျှောက်လွှာတင်အပြီး တစ်လခွဲ ခန့်ရှိလျှင် ပန်းဆိုးတန်းရရုံးရှေ့မှ သင်ပုန်းတွင် သွားကြည့်ပါ။ ထိုသင်ပုန်းတွင် မည်သည့် နေ့ရက်က တင်ထားသော နိုင်ငံကူးလက်မှတ်များ ထုတ်၍ ရပြီဖြစ်ကြောင်း ကြေငြာထားပါလိမ့်မည်။ နိုင်ငံကူးလက်မှတ် ကို မိမိ ခရီးသွားမည့် ရက်မတိုင်မီ ၂ လတန်သည်၊ ၃ လတန်သည် အလိုက စတင်ပြီး လျှောက်ထား သင့်ပါသည်။ သို့မှသာ မိမိခရီးသွားမည့် အချိန်တငွ် နိုင်ငံကူးလက်မှတ် အဆင်သင့် ဖြစ်နေပါလိမ့်မည်။ ပတ်စ်ပို့ ရလျှင် မိမိနေထိုင်သည့် မြို့နယ်မှ ထုတ်ပေးသော ပုံစံ ၁၇ (အခွန်ကင်းရှင်းကြောင်း) လက်မှတ် နှင့် အိမ်ထောင်စု စာရင်း ပြပြီး အခွန်ဦးစီးရုံး (ပြည်ပ) တွင် ပုံစံ ၁၉ ထုတ်ယူရပါသည်။ မိမိကိုယ်မိမိ စိတ်ချရစေရန် ကျန်းမာရေး စစ်ဆေးကြည့်ခြင်းမှ အပ ဆေးစစ်စရာ မလိုပါ။ ၂၊ ၂။ ဗီဇာ လိုအပ်ချက် အောက်ဖော်ပြပါ နိုင်ငံများမှ လာသူများသည် စင်ကာပူနိုင်ငံအတွင်း ၀င်ခငွ့်ရရန် ဗီဇာလိုပါသည်။ အာဖဂန်နစ္စတန်၊ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်* ၊ ရုရှား အပါအ၀င် Commonwealth ၁၂ နိုင်င*ံ ၊ အီဂျစ်၊ အိန္ဒိယ* ၊ အီရန်၊ အီရတ်၊ ဂျော်ဒန်* ၊ လက်ဘနွန်၊ လစ်ဗျား၊ မော်ရိုကို၊ မြန်မာ* ၊ နိုင်ဂျီးရီးယား* ၊ တရုပ*် ၊ ပါကစ္စတန်၊ ဆော်ဒီ အာရေးဗီးယား၊ ဆိုမာလီယား၊ ဆူဒန်၊ ဆီးရီးယား၊ တူနီးရှား* ၊ ယီမင်။ * ပြထားသော နိုင်ငံများမှ သံတမန်များ၊ အစိုးရ၀န်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများမှာမူ ဗီဇာ ကင်းလွတ်ခငွ့် ရပါသည်။ သို့အတွက် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ လော၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သီဟိုလ် စသော နိုင်ငံများမှ လာသူများ သည် စင်ကာပူနိုင်ငံသို့ ဗီဇာမလိုဘဲ လာရောက်နိုင်ပါသည်။ ၂၊ ၃ ။ စင်ကာပူ ပြည်ဝင်ခငွ့် (Visa) လျှောက်ခြင်း ဗီဇာလျှောက်ရာတွင် မြန်မာနိုင်ငံတငွ် လျှောက်ခြင်း နှင့် စင်ကာပူတငွ် နေထိုင်သူများမှ လျှောက်ပေးခြင်း ဟု နှစ်မျိုး ရှိပါသည်။ ပထမ မြန်မာနိုင်ငံတွင် လျှောက်ခြင်း အကြောင်း ဖော်ပြပါမည်။ မြန်မာနိုင်ငံတငွ် စင်ကာပူ ဗီဇာ ကို စင်ကာပူသံရုံးတွင် လျှောက်ရပါသည်။ စင်ကာပူသံရုံး၏ လိပ်စာမှာ အမှတ် ၂၃၈၊ ဓမ္မစေတီလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန် ဖုံးနံပါတ် - (၉၅-၁) ၅၅၉၀၀၁ ဗီဇာဌာန ဖက်စ်နံပါတ် - (၉၅-၁) ၅၅၉၉၂၁ e-mail : [email protected] - ဖြစ်ပါသည်။ ဗဟန်းမီးပွို င့် အနီးတွင် ရှိပါသည်။ သံရုံးဖွင့်ချိန်များမှာ တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် ၈ နာရီခွဲ မှ နေ့လည် ၁ နာရီ ထိ နှင့် နေ့လည် ၂ နာရီမှ

11

ညနေ ၅ နာရီ ထိ ဖြစ်ပါသည်။ စနေ၊ တနင်္ဂနွေ နှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် သံရုံးပိတ်ပါသည်။ ဗီဇာလျှောက်ခြင်းကို တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် ၉ နာရီခမွှဲ ၁၁ နာရီခွဲ ထိ လက်ခံဆောင်ရွက်ပေးပါသည်။ ဗီဇာထုတ်ပေးခြင်းကို တနင်္လာနေ့မှ သောကြာနေ့ထိ နေ့လည် ၂ နာရီခွဲမှ ၄ နာရီ ထိ ဆောင်ရွက်ပေးပါသည်။ ဗီဇာလျှောက် သည်မှ ပြန်ချပေးသည်ထိ စုစုပေါင်း ၄ ရက်ကြာပါသည်။ သို့သော် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးဌာနမှ အတည်ပြုချက် ရယူရန် လိုသူတို့အဖို့ ၁ လမှ ၁ လခွဲ ခန့် ကြာပါမည်။ ဗီဇာလျှောက်ရာတွင် ပြည့်စုံစွာ ဖြည့်စွက်ထားသော ဗီဇာလျှောက်လွှာနှင့် အတူအနည်းဆုံး သက်တမ်း ၆ လ ရှိသော နိုင်ငံကူးလက်မှတ် မူရင်း+မိတ္တူ ပတ်စ်ပို့ အရွယ် ရောင်စုံ ဓါတ်ပုံ ၁ ပုံ (မကြာသေးမီက ရိုက်ထားသောပုံ ဖြစ်ရမည်။) အိမ်ထောင်စုစာရင်း (Notri အပါအ၀င်) မူရင်း + မိတ္တူ။ အသွားအပြန် လေယာဉ်လက်မှတ် မူရင်း + မိတ္တူ (သို့မဟုတ်) Booking လုပ်ထားသော လက်မှတ် မိတ္တူ (Flight itinerary)(ထိုလက်မှတ်တငွ် လေယာဉ်ခရီးစဉ်အမှတ်၊ သွားမည့်ရက်၊ ပြန်မည့်ရက် စသည်တို့ကို ဖော်ပြထားရမည်။) အမေရိကန်ဒေါ်လာ ၁၃.၀၀ (ကျိုးကြေနေသော၊ နွမ်းနေသော ပိုက်ဆံများ လက်မခံပါ)။ မှတ်ချက်။

။ ၆ လနှင့် အထက် ရှိသော ကိုယ်ဝန်ဆောင် အမျိုးသမီးများ စင်ကာပူသို့ သွားလိုပါက Social Visit Pass

for Expectant Mothers ကို လျှောက်ရမည် ဖြစ်ပြီး စုစုပေါင်း ၁ လမှ ၁ လခဲခွ န့် ကြာမြင့်မည် ဖြစ်ပါသည်။ အလုပ်လုပ်ရန် Work Permit နှင့် သွားမည့် သူများသည် ဗီဇာလျှောက်ရန် MOM မှ ချပေးထားသော IPA (In Principal Approval) နှင့် Banker’s Guarantee ပူးတွဲ တင်ပြရန် လိုပါသည်။ အလည်အပတ် လာရောက်လိုသူများသည် Social Visit Visa လျှောက်ရမည် ဖြစ်ပြီး အောက်ပါစာရွက် စာတမ်းများ ပူးတွဲ တင်ပြရပါမည်။ စင်ကာပူမှ မိမိမိတ်ဆွေ၊ ဆွေမျိုးတစ်ဦးဦး၏ ခေါ်စာ (Sponsor Letter) ထို ခေါ်စာပေးပို့သူ၏ Singapore Blue IC မိတ္တူ အကယ်၍ အလုပ်ကိစ္စနှင့် သွားမည့်သူ ဖြစ်ပါက စင်ကာပူမှ ဖိတ်ခေါ်သူ တစ်ဦးဦး၏ ခေါ်စာ (Sponsor Letter) ထို ခေါ်စာပေးပို့သူ၏ Singapore Blue IC မိတ္တူ အလုပ်အကိုင် အထောက်အထား (သက်တမ်းရှိ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ၊် ပုံစံ ၆၊ ပုံစံ ၂၆) စသည်တို့ ပူးတွဲ တင်ပြရပါမည်။ ၂၊ ၄။ စင်ကာပူတငွ် နေထိုင်သူများက မိမိ၏ဆွေမျိုးသားချင်းများ အတွက် ဗီဇာ လျှောက်ပေးလိုလျှင် အင်တာနက်မှ လျှောက်လိုလျှင် https://www.psi.gov.sg/ မှ နေ၍ eServices ဖြင့် လျှောက်နိုင်ပါသည်။ သို့မဟုတ် အောက်ဖော်ပြပါ ပုံစံများကို ဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။

12

13

14

15

16

၂၊ ၅။ အလည်အပတ် သွားလိုသူများ Visit Pass လျှောက်လိုလျှင် အောက်ပါ ပုံစံကို ဖြည့်စွက် လျှောက်ထားရပါမည်။

17

18

19

20

Social Visit Pass လျှောက်သူများသည် အထက်ဖော်ပြပါ ပုံစံများနှင့် အောက်ပါ စာရွက်စာတမ်းများကို ပူးတွဲ တင်ပြ ရမည် ဖြစ်ပါသည်။  သက်တမ်း ၆ လ အနည်းဆုံး ရှိသော ပတ်စ်ပို့  White Card (Disembarkation / Embarkation – D/E card)  အတည်ဖြစ်ပြီးသော အသွားအပြန် လေယာဉ်လက်မှတ်  စင်ကာပူတင်ွနေထိုင်သည့် sponsor လုပ်သူ၏ IC Card မူရင်း နှင့် မိတ္တူ စင်ကာပူတငွ် အမြဲနေထိုင်ခငွ့်ရသူ (SPR) များ၏ ဇနီးမယား၊ သမီးသား နှင့် မိဘများသည် Visit Pass (Long Term) လျှောက်နိုင်ပါသေးသည်။ ဤကဲ့သို့ လျှောက်ရာတွင် 

Local Sponsor (စင်ကာပူတငွ် နေထိုင်သူ) ၏ စာ



သက်တမ်း အနည်းဆုံး ၆ လ ရှိသော ပတ်စ်ပို့



သက်တမ်း အနည်းဆုံး ၁၀ ရက် ရှိသော Visit Pass (Short Term) - တို့ကို ပူးတွဲ တင်ပြရပါမည်။

သို့လျှောက်ရာတွင် http://www.ica.gov.sg/ သို့ မိမိ၏ SingPass ဖြင့် ၀င်ရောက် လျှောက်ထားနိုင်ပါသည်။

21

၂၊ ၆။ ကျောင်းတက်မည့်သူများ Student Visa လျှောက်မည် ဆိုလျှင် အောက်ပါ ပုံစံကို ဖြည့်စွက် လျှောက်ထားရပါမည်။

22

23

အင်တာနက်မှ ဗီဇာလျှောက်လျှင် (SAVE – Submission of Application for Visa Electronically) မိမိဗီဇာ ကျမကျ ကို နောက်တစ်နေ့တငွ် သိနိုင်ပါသည်။ ထို့ပြင် မိမိ ၏ ဆက်သွယ်ရန် e-mail address ကို ပေးထားလျှင် e-mail ဖြင့် အကြောင်းပြန်ပါလိမ့်မည်။ သို့မဟုတ်ပါကလည်း http://www.ica.gov.sg တွင် Status Enquiry ၌ စုံစမ်းနိုင်ပါသည်။ ၂၊ ၇။ ပြည်ပထွက်ခွာခွင့် ပုံစံ (D Form) လုပ်ခြင်း ယခုအခါ D Form လုပ်ရန် အလွန် လွယ်ကူသွားပါပြီ။ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ အင်တာနက် ကဖေးဆိုင် တစ်ခုခု အတွင်း ၀င်လိုက်ပြီး ကျွန်တော်၊ ကျွန်မ D Form လုပ်ချင်လို့ပါ ဟု ပြောလိုက်ပါက သူတို့ လုပ်ပေးပါလိမ့်မည်။ သို့သော် ဆူးလေ ဘုရားလမ်းရှိ ဘဏ်(၃) တွင် ငွေ သွင်းရန် လိုပါသည်။ ထို ငွေသငွ်းဖြတ်ပိုင်း ပြလိုက်ပါက ချက်ခြင်း လုပ်ပေးလိုက် ပါလိမ့်မည်။ ထို D Form သည် ပြည်ပထွက်ခွာခြင်း အတွက် အလွန်အရေးကြီး၏။ လေဆိပ်မှ လူဝင်မှု ကြီးကြပ်ရေး တွင် ပြရန် လိုပါသည်။ ထို့ပြင် D Form အတွက် ငွေသငွ်းထားသော ဖြတ်ပိုင်းသည်လည်း အရေးကြီးပါသည်။ လေဆိပ်တငွ် D Form နှင့် အတူ ထို ချလံကိုပါ ပူးတွဲ တင်ပြရန် လိုပါသည်။ မြန်မာပြည်မှ ပထမဆုံး ထွက်ခွာမည့် သူများ၊ မြန်မာပြည်သို့ ပြန်လာပြီး တစ်လကျော် နေထိုင်ကာ စင်ကာပူသို့ ပြန်လည် ထွက်ခွာမည့် သူများသာ D Form လုပ်ရန် လိုပြီး စင်ကာပူမှ မြန်မာပြည်သို့ ခေတ္တအလည်ပြန်လာပြီး တစ်လအတွင်း ပြန်လည် ထွက်ခွာသူများမှာမူ D Form လုပ်ရန် မလိုပါ။

24

အခန်း (၃) လေယာဉ်ဖြင့် ခရီးသွားခြင်း လေယာဉ်ဖြင့် ခရီးသွားခြင်းသည်လည်း အတွေ့အကြုံသစ် တစ်မျိုးဖြစ်ပါသည်။ လေယာဉ်လက်မှတ် ၀ယ်ယူခြင်း၊ ပစ္စည်းများ လေယာဉ်ကငွ်းတွင် စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေး ဂိတ်များကို ဖြတ်ခြင်း တို့သည် အရေးကြီးသဖြင့် ဤနေရာ တွင် အပြည့်အစုံ ဖော်ပြလိုက်ပါသည်။ ၃၊ ၁။ လေယာဉ်လက်မှတ် ၀ယ်ယူခြင်း (MAI - မြန်မာလေကြောင်းလိုင်း) လေယာဉ်လက်မှတ်ကို တစ်ကြောင်းသွားလက်မှတ်များ ၀ယ်ယူနိုင်သလို အသွားအပြန် နှစ်ကြောင်းသွား လက်မှတ် များလည်း ၀ယ်၍ ရပါသည်။ အလုပ်လုပ်ရန် သွားမည့်သူများ အနေနှင့် နှစ်နှင့်ချီကာ နေရမည် ဖြစ်သဖြင့် တစ်ကြောင်းသွား လက်မှတ်သာ လိုအပ်ပြီး အလည်အပတ် သွားသူတို့အဖို့မူ ဗီဇာလျှောက်ရန် အသွားအပြန် နှစ်ကြောင်းသွား လက်မှတ်ကို ၀ယ်ယူရမည် ဖြစ်ပါသည်။ နှစ်ကြောင်းသွားလက်မှတ် ကို စင်ကာပူတငွ် မိမိနေမည့် ရက်ကိုလိုက်၍ နှစ်ပတ် လက်မှတ်၊ ၁ လ လက်မှတ်၊ ၂ လ လက်မှတ်၊ တစ်နှစ် လက်မှတ် ဟု ၀ယ်နိုင်ပါသည်။ ဤတွင်လည်း အပြန်ရက်ကို ဖွင့်ထားသော လက်မှတ်နှင့် အပြန်ရက်ကို အသေသတ်မှတ်ထားသော လက်မှတ်ဟု နှစ်မျိုးရှိ ပါသည်။ မြန်မာပြည်မှ စင်ကာပူသို့ အဓိကအားဖြင့် မြန်မာလေကြောင်းလိုင်း (MAI - Myanmar Airways International) နှင့် စင်ကာပူ လေကြောင်းလိုင်း (Silk Air) ဟု နှစ်လိုင်း ရှိပါသည်။ ဈေးနှုံးအားဖြင့် MAI က ပို သက်သာပါသည်။ MAI အနေနှင့် လက်မှတ်ခ ၁၅ မှ ၂၀ ရာခိုင်နှုံးထိ ပိုမို သက်သာသည်ဟု ဆိုပါသည်။ လက်မှတခ် များမှာမူ ပုံသေမဟုတ်ဘဲ အမြဲ ပြောင်းလဲနေတတ်ပါသည်။ လက်ရှိအားဖြင့် တစ်ကြောင်းသွား ခရီးစဉ် အတွက် MAI လက်မှတ်ခမှာ (စင်ကာပူ ပေါက်ဈေး) စင်ကာပူ ဒေါ်လာ ၂၇၀ ခန့် ရှိပါသည်။ အသွားအပြန် နှစ်ပတ် လက်မှတ် မှာမူ စင်ကာပူ ဒေါ်လာ ၃၃၀ ဖြစ်ပါသည်။ တစ်နှစ်လက်မှတ် မှာ ပို ဈေးကြီးပါသည်။ ပျမ်းမျှခြင်း စင်ကာပူဒေါ်လာ ၅၅၀ ခန့် ရှိပါ သည်။ MAI လေကြောင်း အနေဖြင့် ရန်ကုန်မှ စင်ကာပူသို့ လေကြောင်းခရီးစဉ်အမှတ် 8M6232 ဖြင့်လည်းကောင်း၊ စင်ကာပူမှ ရန်ကုန်သို့ လေကြောင်းခရီးစဉ်အမှတ် 8M6231 ဖြင့်လည်းကောင်း ပြေးဆွဲေ ပးလျှက် ရှိပါသည်။ တစ်ပတ်လျှင် လေးရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ) ပြေးဆွဲေ ပးပြီး လေယာဉ် အချိန်များမှာ •

ရန်ကုန် - စင်ကာပူ ခရီးစဉ် အတွက် ရန်ကုန်မှ နေ့လည် ၂ နာရီ ၁၅ မိနစ် ထွက်ခွာပြီး စင်ကာပူသို့ ညနေ ၆ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်ပါသည်။



စင်ကာပူ - ရန်ကုန် ခရီးစဉ် အတွက် စင်ကာပူမှ နေ့လည် ၁၂ နာရီ ၁၀ မိနစ် ထွက်ခွာပြီး ရန်ကုန်သို့ နေ့လည် ၁ နာရီ ခွဲ တွင် ဆိုက်ရောက်ပါသည်။ ရန်ကုန် - စင်ကာပူ လေယာဉ်ပျံသန်းချိန်မှာ ၃ နာရီခန့် ဖြစ်ပါသည်။ သို့အတွက် ရန်ကုန်မှ ၂ နာရီ ၁၅ မိနစ်

ထွက်လျှင် စင်ကာပူသို့ ညနေ ၅ နာရီတငွ် ဆိုက်ရမည် ဖြစ်ပါသည်။ သို့သော် မြန်မာပြည်နှင့် စင်ကာပူ ဒေသစံတော်ချိန် ကွာ ခြားချက်မှာ ၁ နာရီခွဲ ဖြစ်သဖြင့် ၅ နာရီကို ၁ နာရီ ခွဲ ထည့်ပေါင်းလိုက်သဖြင့် ညနေ ၆ နာရီ ခွဲတငွ် စင်ကာပူသို့ ဆိုက်သည် ဖြစ်သွားခြင်း ဖြစ်ပါသည်။ MAI လေယာဉ်လက်မှတ်ကို on-line မှ Booking လုပ်လိုလျှင် - http://www.maiair.com/တွင် လုပ်နိုင်ပါသည်။ သို့မဟုတ်ပါကလည်း [email protected] သို့ e-mail ပို့ကာ booking လုပ်နိုင်ပါသည်။ ဖုံးနံပါတ်မှာ (၉၅-၁) ၂၅၅ ၄၄၀ ဖြစ်ပါသည်။ သို့မဟုတ် လေယာဉ်လက်မှတ် ရောင်းသော အေးဂျင့်များထံတငွ် ၀ယ်ယူနိုင်ပါသေးသည်။

25

ရန်ကုန်ရှိ MAI လေယာဉ် လက်မှတ်ရုံးမှာ အခန်း-၂၊ ၈ ထပ်၊ ဆာကူရာ တာဝါ၊ အမှတ် ၃၃၉၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း တွင် ရှိပါသည်။ လေယာဉ်လက်မှတ် ကိစ္စများနှင့် ပတ်သက်၍ ဖုံးနံပါတ် - (၉၅-၁)၂၅၅ ၂၆၀ သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။ ရိုးရိုး Economy Class မှ သွားလျှင် လက်ဆွဲ တန်ဆာမပါ ကီလို ၂၀ သယ်ခငွ့်ရှိပြီး Business Class မှ ယူသော လက်မှတ်များအတွက်မူ ကီလို ၃၀ သယ်ခငွ့် ရှိပါသည်။ လူနှင့်အတူ သယ်၍ရသော hand carry luggage မှာမူ ၇ ကီလိုထိ သယ်၍ ရပါသည်။ ၃၊ ၂။ လေယာဉ်ပေါ်သို့ သယ်ဆောင်ခငွ့်မပြုသော ပစ္စည်းများ လုံခြုံရေးအတွက် အန္တရာယ်ပြုနိုင်သည်ဟု ယူဆနိုင်သော အောက်ပါ ပစ္စည်းများကို လေယာဉ်ဖြင့် သယ်ခငွ့်မပြုပါ။ 

မီးလောင်စေတတ်သော၊ ပေါက်ကွေဲ စတတ်သော ပစ္စည်းများ



မီးလောင်လွယ်သော အရည်၊ အစိုင်အခဲများ (လောင်စာဆီ၊ သုတ်ဆေးများ၊ လျှပ်စစ်ဖြင့် မီးညှိသည့် ကိရိယာ စသည်)



အိမ်သန့်ရှင်းရေး ပစ္စည်းများဖြစ်သော ဆပ်ပြာမှုံ့၊ ရေမြောင်းဆေးရည်၊ ပိုးသတ်ဆေး စသည်



ဖိအားဖြင့်ထည့်ထားသော ဓါတ်ငွေ့၊ ဓါတ်ငွေ့ရည်များ (ဥပမာ-ဖြန်းဆေးရည်ဗူးများ၊ ကာဘွန်ဒိုင်အောက်ဆိုဒ် ဗူးများ စသည်)



လက်နက်များ (ဥပမာ - မျက်ရည်ယိုဗုံး၊ သေနတ်၊ ဗုံး၊ ယမ်းမှုံ့၊ ကျည်ဆံ စသည်)



အခြား အန္တရာယ်ရှိသော ပစ္စည်းများ (ဥပမာ - ရေခဲခြောက်၊ အဆိပ်၊ ဘက်ထရီအိုး၊ ရေဒီယို သတ္တိကြွ ပစ္စည်းများ စသည်)



မည်သည့်အရွယ်အစား၊ အရှည်မဆို ဓါးမှန်လျှင် မည်သည့်ဓါးမှ သယ်ခငွ့်မပြု၊ ကတ်ကြေး၊ သတ္တဖြင့်ပြုလုပ်ထားသော ချွန်ထက်သော ပစ္စည်းများ

၃၊ ၃။ Silk Air (စင်ကာပူ လေကြောင်း) မြန်မာပြည်နှင့် စင်ကာပူ ပြေးဆွဲပေးနေသော လေယာဉ် ခရီးစဉ် နှစ်ခုအနက် နောက်တစ်ခုမှာ စင်ကာပူ လေကြောင်း ပိုင် Silk Air ဖြစ်ပါသည်။ Silk Air မှာ MAI ထက်စာလျှင် လေယာဉ် လက်မှတ်ခ အနည်းငယ် ပိုဈေးများသော်လည်း နေ့စဉ် ခရီးစဉ် ရှိ၍ စီးရတာ ပို အဆင်ပြေပါသည်။ ထို့ပြင် တစ်နေ့လျှင် လေယာဉ် နှစ်စီး၊ အချို့ရက်များတွင် သုံးစီး ရှိသဖြင့်လည်း လေယာဉ် လက်မှတ် ၀ယ်ရတာ ပိုမိုလွယ်ကူပါသည်။ ဥပမာအားဖြင့် ဆိုရလျှင် ၂၀၀၉ ခုနှစ် ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့ နှင့် ဇူလိုင် ၃ ရက် သောကြာနေ့တငွ် လေယာဉ် သုံးစီး ရှိပါသည်။ ရန်ကုန်မှ စင်ကာပူသို့ နံနက် ၁၀ နာရီ ၁၀ မိနစ်တငွ် လေယာဉ် ခရီးစဉ်အမှတ် MI511 ၊ ညနေ ၄ နာရီ ၃၅ မိနစ်တငွ် လေယာဉ် ခရီးစဉ်အမှတ် MI517 ၊ ညနေ ၅ နာရီခွဲ တွင် လေယာဉ် ခရီးစဉ်အမှတ် MI519 တို့သည် လည်းကောင်း။ စင်ကာပူမှ ရန်ကုန်သို့ နံနက် ၇ နာရီ ၅၅ မိနစ်တငွ် လေယာဉ် ခရီးစဉ်အမှတ် MI512 ၊ နေ့လည် ၂ နာရီ ၂၀ မိနစ်တငွ် လေယာဉ် ခရီးစဉ်အမှတ် MI518 ၊ ညနေ ၃ နာရီ ၂၀ မိနစ် တွင် လေယာဉ် ခရီးစဉ်အမှတ် MI520 တို့သည် လည်းကောင်း ပြေးဆွဲေ ပးပါသည်။ Silk Air တွင်လည်း တစ်ကြောင်းလက်မှတ်၊ နှစ်ကြောင်းလက်မှတ် (နှစ်ပတ် လက်မှတ်၊ ၂ လ လက်မှတ်၊ တစ်နှစ် လက်မှတ)် စသဖြင့် ၀ယ်၍ ရပါသည်။ တစ်ကြောင်းစာ အတွက် စင်ကာပူဒေါ်လာ ၂၉၀ ခန့် ရှိပြီး နှစ်ပတ်လက်မှတ်ခမှာ

26

စင်ကာပူဒေါ်လာ ၃၆၀ ခန့်၊ နှစ်လ လက်မှတ်ခမှာ စင်ကာပူဒေါ်လာ ၄၅၀ ခန့်၊ တစ်နှစ်လက်မှတ်ခမှာ စင်ကာပူဒေါ်လာ ၅၆၀ ခန့် ရှိပါသည်။ လက်မှတ်ခများမှာ အနည်းငယ် အတက်အကျ ရှိပါသည်။ လက်မှတ်များကို online booking လုပ်နိုင်သလို agent များမှတဆင်လ့  ည်း ၀ယ်ယူနိုင်ပါသေးသည်။ Online Booking လုပ်လိုသူများ http://www.silkair.com/ တွင် လုပ်နိုင်ပါသည်။ မိမိ ထွက်ခွာမည့်နေရာ၊ မိမိ သွားလိုသော နေရာ၊ လူကြီး ဘယ်နှယောက်၊ ကလေး ဘယ်နှယောက်၊ တစ်ကြောင်း သို့မဟုတ် သွားပြန် လက်မှတ် စသည်တို့ကို ရွေးချယ်ပြီး မိမိနှစ်သက်ရာ နေ့ရက် မှ ခရီးစဉ်ကို အလွယ်တကူ Booking လုပ်နိုင်ပါသည်။ ရန်ကုန်တငွ် လေယာဉ် လက်မှတ်ရောင်းသော အေးဂျင့်များ အများအပြားရှိပါသည်။ ထို့ပြင် Silk Air ရုံးတွင် သွားရောက်၍လည်း ၀ယ်ယူနိုင်ပါသေးသည်။ ရန်ကုန်ရှိ Silk Air ရုံးလိပ်စာမှာ အမှတ် ၃၃၉၊ ဆာကူရာ တာဝါ ၀၂၀၂ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း ရန်ကုန် ဖုံး - (၉၅-၁) ၂၅၅ ၂၈၇၊ ၂၅၅ ၂၈၈၊ ၂၅၅ ၂၈၉ ဖက်စ် - (၅၉-၁) ၂၅၅ ၂၉၀ ဖြစ်ပါသည်။ ရုံးဖွင့်ချိန် - တနင်္လာမှ သောကြာ - နံနက် ၉ နာရီမှ ညနေ ၅ နာရီ ထိ စနေနေ့ - နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ ခွဲ ထိ တနင်္ဂနွေ နှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် ပိတ်ပါသည်။ စင်ကာပူရောက် မြန်မာများ မြန်မာပြည် ပြန်လိုလျှင် ပင်နင်ဆူလာရှိ ဆိုင်များတွင် လေယာဉ်လက်မှတ် ၀ယ်ယူ ရရှိ နိုင် ပါသည်။ ကိုယ်တိုင်ပင် သွားစရာမလိုပါ။ မိမိသွားလိုသော ရက်ကို လှမ်းဖုံးဆက်လိုက်လျှင် ရပါသည်။ ၃၊ ၄။ အထုပ်အပိုးများ ပြင်ဆင်ခြင်း စင်ကာပူတငွ် ခြင်မကိုက်သဖြင့် ခြင်ထောင်များ ယူလာရန် မလိုပါ။ ထုံးစံအားဖြင့် အိပ်ယာခန်းနားနှင့် ပတ်သက်၍ ဘာမှ ယူခဲ့စရာ မလိုပါ။ လိုအပ်သော အ၀တ်အစား အနည်းငယ်၊ အသုံးအဆောင် ပစ္စည်း အနည်းငယ် ဆိုလျှင် လုံလောက် ပါသည်။ တန်ဘိုးကြီးသော ပစ္စည်း၊ ပိုက်ဆံ၊ ရွှေထည်၊ ငွေထည်၊ ကျောက်သံပတ္တမြား၊ ဆေးဝါးများ၊ ပတ်စ်ပို့ နှင့် အရေးကြီး သော စာရွက်စာတမ်းများကို Luggage ထဲမထည့်ဘဲ မိမိနှင့် တပါတည်း သယ်မည့် လက်ဆွဲအိတ်အတွင်း ပစ္စည်းများမထည့်မီ ကတည်းက သပ်သပ်ခွဲထားကာ ထည့်ထားသင့်ပါသည်။ သို့မဟုတ်ပါ က လူဝင်မှုကြီးကြပ်ရေး ကို ဖြတ်သောအခါ လိုအပ် သော စာရွက်စာတမ်းများ ထုတ်ပြရာတွင် အခက်အခဲ တွေ့တတ်ပါသည်။ အားလုံး ထုပ်ပိုးပြီးသော အခါ အထုပ်ကို သော့ခတ် ရန် မမေ့ပါနှင့်။ မိမိအထုပ်အပိုးများပေါ်တွင် မိမိနာမည်၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုံးနံပါတ်တို့ ရေးထားပါ။ သို့မှသာ လေဆိပ်မှ အထွက် အထုပ်ချင်းမှားလျှင် အလွယ်တကူ ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။ ပတ်စ်ပို့စာအုပ်၊ ခေါ်စာများ၊ မှတ်ပုံတင်၊ ပြည်ပထွက်ခွါခွင့် လက်မှတ် (D Form)၊ ငွေသငွ်းချလံ၊ အလုပ်လုပ်ရန် သွားသူများ IPA letter၊ လေယာဉ်လက်မှတ် စသည်တို့ကို အလွယ်တကူ ထုတ်ယူနိုင်ရန် မိမိလက်ကိုင်အိတ်အတွင်း ထည့်ထားသင့်ပါသည်။ ထို့ပြင် မျက်မှန်၊ ဘောပင်၊ ဖောင်တိန် တို့ကိုပါ ဆောင်ထားသင့်ပါသည်။ လေယာဉ်ပေါ်တွင် White Card ဖြည့်ရန် ဖြစ်ပါသည်။ အားလုံးထုပ်ပိုးပြီးလျှင် အလေးချိန် ချိန်ကြည့်သင့်ပါသည်။ သိပ်များနေပါက ကီလိုပိုကြေး ပေးရပါလိမ့်မည်။ အိမ်ငှားခြင်း၊ ၀ယ်ခြင်း၊ လေယာဉ်လက်မှတ် ၀ယ်ခြင်း၊ ပစ္စည်းသယ်ခြင်း စသည်တို့အတွက် အောက်ပါ အကျိုးဆောင် ကုမ္ပဏီတငွ် အကြံဉာဏ် တောင်းခံနိုင်ပါသည်။ မြန်မာပြည် လိပ်စာ - သိန်းသန်း သစ္စာ အမှတ် - ၃၈၊ မြေညီထပ်၊ ၂ လမ်း လမ်းမတော်မြို့နယ် ရန်ကုန် ဖုံး - ၂၂၅၁၃၄၊ ၂၂၀၄၉၂၊ ၂၂၁၁၅၆၊ ၀၉၅၁၇၂၅၁၄

27

စင်ကာပူ လိပ်စာ - သပြေနု 111, North Bridge Road #05-20/21, Peninsula Plaza Singapore 179098 Tel: 6336 7703, 6336 7601 Fax: 6336 3117 ခရီးဆောင်အိတ် (Luggage) သယ်နိုင်သော နှုံးထားမှာ Business Class အတွက် ကီလို ၃၀ (၆၆ ပေါင်) (၁၈ ပိဿာ ၆၀ ကျပ်သား) ဖြစ်ပြီး၊ Economy Class အတွက် ကီလို ၂၀ (၄၄ ပေါင်)(၁၂ ပိဿာ ၄၀ ကျပ်သား) ဖြစ်ပါသည်။ မိမိနှင့်အတူ သယ်နိုင်သော လက်ဆွဲအိတ် (Hand Carry) အရွယ်အစားမှာ အကြီးဆုံး အရွယ် အလျား၊ အနံ၊ အမြင့် သုံးနားပေါင်း ၁၁၅ စင်တီမီတာ (၄၆ လက်မ) ဖြစ်ပါသည်။ အလေးချိန်အားဖြင့် ၇ ကီလို (၄ ပိဿာခွဲ) ဖြစ်ပါသည်။ ထို hand carry အပြင် အမျိုးသမီး လက်ကိုင်အိတ်၊ အပေါ်အင်္ကျီ၊ ခြုံစောင်၊ ဖတ်စရာ စာတစ်အုပ်နှစ်အုပ်၊ ထီး သို့မဟုတ် လမ်းလျှောက် တုတ် ကောက်၊ ကင်မရာ အသေး သို့မဟုတ် မှန်ပြောင်း စသည်တို့ပါ ယူဆောင်နိုင်ပါသေးသည်။ လေဆိပ်ထဲတငွ် ပစ္စည်းချိန်ရန် ကတ္တားများ ထားရှိပေးပါသည်။ ကောင်းသည်မှာ မိမိပစ္စည်းကို Luggage မချိန်ခင် ဦးစွာ မိမိဘာသာ ချိန်ကြည့်သင့်ပါသည်။ အလေးချိန်များ ပိုနေပါက လျှော့သင့်တာ လျှော့ခဲ့ရပါမည်။ အဘယ်ကြောင့် ဆိုသော် အပိုကြေးပေးရသည်မှာ ဈေးများပါသည်။ အပိုကြေးမှာ တစ်ကီလို (၆၂ ကျပ်သား) လျှင် စင်ကာပူဒေါ်လာ ၁၁ ဒေါ်လာ ရှိသောကြောင့်ပါတည်း။ တခါတရံ ပစ္စည်း၏ တန်ဘိုးမှာ ထို ပေးလိုက်ရသော အပိုကြေးမျှပင် မတန်ပါ။ ၃၊ ၅။ လေယာဉ်ကငွ်း ၀င်ခြင်း နှင့် Check-in လုပ်ခြင်း မိမိ၏ မောင်၊ သား၊ တူ စသည်တို့ နိုင်ငံခြားသို့ အလုပ်လုပ်ရအောင် သွားတော့မည် ဆိုတော့ မည်သူမဆို လေယာဉ် ကွင်းသို့ လိုက်ပါ ပို့ဆောင်လိုပါလိမ့်မည်။ သို့ ပို့ဆောင်လိုသူများ အနေနှင့် လေယာဉ်ကငွ်းသို့ အသွားတွင် မိမိတို့၏ နိုင်ငံသား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်

စိစစ်ရေး ကဒ်ပြားများ ယူဆောင်သွားရန် မမေ့ သင့်ပါ။ လေယာဉ်လက်မှတ် ယူပြီးကတည်းက လက်မှတ်ပေါ်တွင် Check-in အချိန်ကို တပါ တည်း ရေးလည်းရေး ပါးစပ်နှင့် လည်း ပြောလိုက် ပါလိမ့်မည်။ ထို အချိန်ကို မမေ့သင့်ပါ။ သို့မဟုတ်ပါကလည်း Check-in အချိန်သည် လေယာဉ် ထွက်မည့် အချိန်ထက် နှစ်နာရီ စောသည်ဟု အလွယ်မှတ်ထားလျှင်လည်း ရပါသည်။ သို့ဖြစ်လေရာ နံနက် ၁၀ နာရီ ထွက်ခွာမည့် လေယာဉ်အတွက် နံနက် ၈ နာရီတငွ် Check-in လုပ်မည် ဖြစ်သည့်အတွက်

အိမ်မှ အနည်းဆုံး နံနက် ၇ နာရီကျော်တငွ် ထွက်ခွာသင့်ပါသည်။ ခရီးထွက်ခွာမည့် သူသည် ပတ်စ်ပို့ နှင့် လေယာဉ်လက်မှတ်ကို အဆင်သင့် ဆောင်ထားရပါမည်။ လေယာဉ်ကငွ်း အတွင်း ၀င်လျှင် ထို ပတ်စ်ပို့နှင့် လေယာဉ်လက်မှတ်ကို ပြရန်လိုပါသည်။ အားလုံးအဆင်သင့် ဖြစ်သည်နှင့် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာနိုင်ပါပြီ။ လိုက်ပါ ပို့ဆောင်သူများအတွက် လေဆိပ်အ၀င်လက်မှတ်ကို လေဆိပ်အ၀င်ဝတွင်ပင် ပြုလုပ်ရပါသည်။ ဤတွင် လိုက်ပါ ပို့ဆောင်သူများ၏ နိုင်ငံသား စိစစ်ရေးကဒ်ပြားနှင့် လိပ်စာ၊ ဆက်သွယ်ရန် နံပါတ် စသည်တို့ လိုပါသည်။ လေဆိပ်အတွင်း ၀င်မိသည်နှင့် ပထမဆုံးလုပ်ရမည်မှာ လေဆိပ်ခွန် ဆောင်ခြင်း ဖြစ်ပါသည်။ လေယာဉ်စီးခရီးသည် တစ်ဦးလျှင် ဆောင်ရမည့် လေဆိပ်ခွန် (Airport Tax) မှာ ၅၀၀ ကျပ် ဖြစ်ပါသည်။ လေဆိပ်ခွန် ဆောင်ပြီးသည်နှင့် သိပ်ထွေလီကာလီ စဉ်းစား မနေတော့ဘဲ လိုက်ပါ ပို့ဆောင်သူများကို နှုတ်ဆက်ပြီး Check-in လုပ်ရပါသည်။

28

Check-in လုပ်သည်ဆိုခြင်းမှာ မိမိသယ်ဆောင်လာသော အထုပ်အပိုးများကို ချိန်တွယ်ပြီး အထုပ်များကို နံပါတ်ကပ် ကာ မိမိကိုလည်း လက်ခံတစ်ရွက်ပေးခြင်း၊ ပတ်စ်ပို့နှင့် လေယာဉ်လက်မှတ် ကို တိုက်ဆိုင်ကြည့်ကာ လေယာဉ်လက်မှတ်ပေါ် တွင် ထိုင်ခုံနေရာ ကပ်ပေးခြင်း စသည်တို့ကို ခေါ်ပါသည်။ Check-in လုပ်ခြင်းကို လေယာဉ် ထွက်ခွာမည့် အချိန်ထက် မိနစ် ၄၀ စော၍ ပိတ်ပါသည်။ သို့အတွက် စောစောသွား၍ Check-in လုပ်သင့်ပါသည်။ မိမိ အထုပ် အတွက် ပေးသော အထုပ်ရွေး လက်မှတ် (Baggage Claim Receipt) ကို သေသေချာချာ သိမ်းထားပါ။ မိမိ အထုပ်ရွေးရာ၌ အသုံးတည့် နိုင်ပါသည်။

Check-in လုပ်ပြီးသည်နှင့် လေဆိပ်ထဲ တန်းဝင်ရပါတော့သည်။ ဤတွင် မိမိနှင့်အတူ ပါလာသော လက်ဆွဲ အထုပ် အပိုးများကို X-Ray ဖြတ်ပြီး စစ်ဆေးပါသည်။ အထုပ်များ စစ်ပြီး သောအခါ နောက်တစ်ဆင့် အနေနှင့် မိမိ ခန္ဓာကိုယ်ကို စစ်ဆေးပါသည်။ ဤသို့ စစ်သည့်အခါ မိမိတငွ် ပါလာသော လက်ကိုင် ဖုံး၊ သော့တဲ၊ွ သတ္တုဖောင်တိန်၊ ပိုက်ဆံအိတ် စသည် တို့ကို ထုတ်ပြီး ဗန်းကလေးအတွင်း ထည့်ပေးထားရပါသည်။ ထို့နောက် လူဝင်မှု ကြီးကြပ်ရေး (Immigration) ကို ဖြတ်ရ ပါ သည်။ လူဝင်မှု ကြီးကြပ်ရေးတွင် သူတို့ပေးသော ပုံစံကို ဖြည့်ပြီး ပြည်ပ ထွက်ခွာခွင့် (D-Form) ကို ပြရပါသည်။ ထို D-Form နှင့် အတူ D-Form လုပ်စဉ်က ဘဏ် (၃) တွင် ငွေသငွ်းထားသော ငွေသငွ်းချလံ ကိုပါ ပူးတွဲ တင်ပြ ရပါသည်။ (ငွေသငွ်းချလံ ကို လေဆိပ်သို့ ယူခဲ့ရန် မမေ့ပါနှင)့် ။ အားလုံးပြီးလျှင် လေဆိပ်အတွင်း စောင့်ဆိုင်းခန်းမ၌ လေယာဉ် ပေါ်တက်ရမည့် အချိန်ကို နားနားနေနေ စောင့်ဆိုင်း နေရပါသည်။ အပေါ့ အလေး သွားလိုလျှင် သွားနိုင်ပါသည်။ လေယာဉ်ထက်ွခွာမည့် အချိန်ထက် တစ်နာရီ စော၍ လေယာဉ် ပေါ်တက် (Boarding) ရပါသည်။ ထို့နောက် လေယာဉ်ပေါ်တက်ရန် ကြေငြာသောအခါ မိမိ ပတ်စ်ပို့၊ လေယာဉ် လက်မှတ် စသည်တို့ကို အဆင်သင့် ကိုင်ဆောင်ကာ လေယာဉ်ပေါ် တက်ရပါသည်။ လေယာဉ်ထွက်ခွာမည့် အချိန်ထက် မိနစ် ၂၀ စောပြီး ၀င်ပေါက်ပိတ်ရာ လေယာဉ်ပေါ်သို့ စောစီးစွာ တက်ထားလျှင် ပိုကောင်းပါသည်။ နောက်ကျမှ တက်လျှင် လေယာဉ်ပေါ်ရှိ အထုပ်များထားရာနေရာ (overhead apartment) ၌ အခြား သူများ၏ အထုပ်အပိုးများနှင့် ပြည့်နေသောကြောင့် မိမိထိုင်ခုံနေရာတွင် မိမိအထုပ် ထားစရာ နေရာမရှိ ဖြစ်တတ်ပါသည်။ ထိုအခါ လေယာဉ်မယ်များက မိမိ အထုပ်ကို အခြားလွတ်သော နေရာတစ်နေရာသို့ သွားထားပါလိမ့်မည်။ သို့အတွက် ပြန်ဆင်းသောအခါ အထုပ်ပြန်ယူရန် အဆင်မပြေ ဖြစ်တတ်ပါသည်။ မိမိအထုပ်အပိုးများကို ခေါင်းပေါ်ရှိ အထုပ်ထားသော စဉ်အတွင်း ထည့်ထားပါ။ မိမိ လက်ကိုင်အိတ်များကိုမူ မိမိ ကိုယ်နှင့် မကွာဆောင်ထားနိုင်ပါသည်။ သို့သော် ခြေချရာနေရာတွင် မည်သည့် အထုပ်အပိုးမျှ မထားရပါ။ ထားလိုလျှင် ထိုင်ခုံ အောက်သို့ သွင်းထားရပါမည်။ လေယာဉ်ပေါ်ရောက်ပြီး သိပ်မကြာမီ လေယာဉ်ထွက်ပါသည်။

29

၃၊ ၆။ လေယာဉ်စီးခြင်း စီးနေကျ သူများအဖို့ ဘာမှ မထူးဆန်းသော်လည်း ယခုမှ လေယာဉ်စီးဖူးသူများအဖို့တော့ အတွေ့အကြုံသစ် ဖြစ်နေ ပါလိမ့်မည်။ လေယာဉ်ကြီး ပြေးလမ်းပေါ် နေရာယူပြီး ပျံတက်ရန် အားယူပြေးသွားချိန်၌ ရင်၌လှိုက်ကနဲ ဖိုကနဲ ဖြစ်သွားကာ မိသားစုများနှင့် ခဲခွာပြီး အမိမြန်မာပြည်ကြီးမှ ထွက်ခွာသွားရခြင်းအတွက် ၀မ်းပမ်းတနည်း အရသာကို ခံစားရပါလိမ့်မည်။ ထို အချိန်မှ စတင်ပြီး အိမ်ပြန်ရမည့်ရက်ကို ပြက္ခဒိန်ပေါ်တွင် အမှတ်များခြစ်ကာ စတင် မှတ်သားကြပါတော့သည်။ လေယာဉ်ပေါ်ရောက်သည်နှင့် အရေးပေါ်ထွက်ပေါက် ရှိရာများကို လေ့လာထားပါ။ လေယာဉ်တငွ် ဦးပိုင်း၌ ဘယ်၊ ညာ ထွက်ပေါက်နှစ်ခု၊ အလယ်ပိုင်း၌ ဘယ်၊ ညာ ထွက်ပေါက် နှစ်ခု၊ ပဲ့ပိုင်း၌ ဘယ်၊ ညာ ထွက်ပေါက်နှစ်ခု စုစုပေါင်း အရေးပေါ် ထွက်ပေါက် ၆ ခု ရှိပါသည်။ ထိုထွက်ပေါက်များတွင် မီးအစိမ်းနှင့် EXIT ဟု ရေးထားပါသည်။ လေယာဉ်ကြီး မြေပြင်ပေါ်မှ လေထဲသို့ ပျံတက်ချိန်ကို Take off condition ဟု ခေါ်ပါသည်။ လေယာဉ်ကြီး ဝေဟင် မှ မြေပြင်သို့ ပြန်လည် ဆင်းသက်ခြင်းကိုမူ Landing condition ဟု ခေါ်ပါသည်။ ထို Take-off နှင့် Landing အချိန်များတွင် 

ထိုင်ခုံ ခါးပတ်များ (Seat Belts) ကို ပတ်ထားပါ။



Hand Phone, Radio, Cassette, CD Player, Laptop, Video Camera စသော အီလက်ထရောနစ် ပစ္စည်းများ (electronic devices) ကို ပိတ်ထားပါ။



ဟိုဟို သည်သည် လျှောက်မသွားရ။ မိမိနေရာတွင်ပင် ထိင်ုနေရပါမည်။

လေယာဉ်အတွင်းပိုင်း မြင်ကငွ်း



ပြတင်းတံခါးများကို တင်ထားပါ။ ကလေးပါလာသူများ အတွက် ထိုင်ခုံနေရာကို

လေယာဉ်၏ ရှေ့ဆုံးတန်းခုံများကို ရွေးချယ်ပေးလေ့ ရှိပါသည်။ ထိုရှေ့ဆုံးခုံတန်းတွင် ကလေးများအိပ်ရန် အိပ်စင် ပါပါသည်။ လေယာဉ် တက်ချိန်၊ ဆင်းချိန်များ တွင် လေထု ဖိအား ပြောင်းလဲ မှုကြောင့် နားအတွင်း နားစည်များကို မထိခိုက်စေရန် ကလေးပါလာသူများ ကလေးငယ်များ၏ နားကို နားကြပ် သို့မဟုတ် ဂွမ်း ဖြင့် ဆို့ထားပေးသင့်ပါသည်။ လေယာဉ်ကြီး လေထဲသို့ လုံးဝရောက်သွား ချိန်တငွ် လေယာဉ်မယ်ကလေးများမှ နေ့စဉ်ထုတ် သတင်းစာများ စတင် ဝေငှပါသည်။ Silk Air လေယာဉ် များတွင် စင်ကာပူထုတ် Straits Times သတင်းစာနှင့် Todays သတင်းစာများ ဝေငှပါသည်။ အအေးကြောက် သူများ ခြုံစောင်များတောင်းယူ နိုင်ပါသည်။ ထို့နောက် တွင် White Card များဝေငှခြင်း၊ ရေ နှင့် လိမ္မော်ရည် စသော အအေးများ ဝေငှခြင်းများ စတင် ပြုလုပ်ပါ သည်။ ပြတင်းတံခါးများကိုလည်း မ တင်ကာ ဖွင့်လှစ် နိုင်ပြီ ဖြစ်ပါသည်။ သီချင်းနားထောင် လိုသူများ နားထောင်လို့ ရပါပြီ။ နောက်အစီအစဉ် တစ်ခုမှာ အစားအသောက် ကျွေးမွေးခြင်း ဖြစ်ပါသည်။ လိမ္မော်ရည်၊ လဖက်ရည်၊ ကော်ဖီ တို့ အပြင် ထမင်း၊ ထမင်းကြော် စသည်တို့ ကျွေးပါသည်။ ယမကာ အနေနှင့် ဘီယာကြိုက်သူများ

လေယာဉ်ပေါ်တွင် ကျွေးမွေးသော အစားအစာများ

ဘီယာသောက်နိုင်ပါသည်။ ၀ိုင်လည်း မှာ၍ ရပါသည်။ သို့သော် မြင်မကောင်းအောင် နင်းကန်မှာဘို့ တော့ မကောင်းပါ။ သိက္ခာ ကျပါသည်။

30

၃၊ ၇။ White Card (Disembarkation/Embarkation Form) ဖြည့်ခြင်း White Card သည်လည်း အရေးကြီးသော စာရွက်စာတမ်း တစ်ခုဖြစ်ပါသည်။ White Card ကို မိမိ ပတ်စ်ပို့အတွင်း ထည့်ထားပြီး မပျောက်ပျက်ရလေအောင် ဂရုတစိုက် သိမ်းဆည်းထားပါ။ Work Permit သို့မဟုတ် S Pass ထုတ်သည့် အခါတွင်သော် လည်းကောင်း၊ အလည်လာသူများ အဖို့ စင်ကာပူနိုင်ငံမှ ပြန်လည် ထွက်ခွာချိန်တင်ွလည်းကောင်း လူဝင်မှု ကြီးကြပ်ရေးသို့ ပြန်လည် အပ်နှံရန် လိုပါသည်။ အလည်လာသူများအဖို့ လူဝင်မှု ကြီးကြပ်ရေး အရာရှိများက စစ်ဆေး လာလျှင် အချိန်မရွေး ထုတ်ပြနိုင်အောင် အမြဲ ဆောင်ထားရပါမည်။ ထို့ပြင် မိမိနှင့်အတူ စင်ကာပူဒေါ်လာ သုံးသောင်းကျော် သို့မဟုတ် ထို ပမာဏနှင့် ညီမျှသော နိုင်ငံခြားငွေ ပါလာပါ က ပုံစံ NP 727/A/B/C တွင်ဖြည့်ကာ ဖော်ပြ (declare လုပ်) ရပါမည်။ စားသောက်ပြီးလျှင် White Card ဖြည်ရ့  ပါမည်။ တတ်သူအများအဖို့ မထောင်းတာသော်လည်း မဖြည့်တတ်သူများ ဘယ်က ဘယ်လို စကိုင်ရမှန်း မသိမဖြစ်ရလေအောင် ဤတွင် White Card ဖြည်ပ့ုံဖြည့်နည်း နမူနာကိုပါ ထည့်သငွ်း ဖော်ပြ လိုက်ပါသည်။ စင်ကာပူသို့ ယခုမှ ပထမဆုံး စတင်လာသူများ၊ အလည်လာသူများ အနေနှင့်သာ White Card ဖြည့်ရန် လိုပြီး Work Pass တစ်ခုခု, EP Card, SPR Card, Long Term Pass စသည် ကိုင်ဆောင်ထားသူများ အနေနှင့် ဖြည့်ရန် မလိုပါ။ ကလေးများ အတွက်ပါ ဖြည့်ရန် လိုပါသည်။ White Card ဖြည့်ရာတွင် BLOCK LETTER (အင်္ဂလိပ်စာလုံး အကြီး) နှင့်သာ ဖြည့်ရပါမည်။ မှင် အနက်ဖြစ်စေ၊ အပြာ ဖြစ်စေ သုံးပြီး ဖြည့်ပါ။ မှင်အနီ မသုံးရပါ။ ပေးထားသော အကွက်တစ်ကွက်တငွ် အက္ခရာ တစ်လုံးသာ ဖြည့်ရပါမည်။







White Card ၏ တစ်မျက်နှာထဲတင်ွပင် အပိုင်းသုံးပိုင်း ခွဲထားတာ တွေ့ရပါလိမ့်မည်။ ဤတွင် တစ်ပိုင်းချင်း ဖြည့်ပြထား ပါသည်။

31





32



၃၊ ၈။ စင်ကာပူလေယာဉ်ကငွ်းသို့ ရောက်ရှိခြင်း နှင့် လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်ကျော်ခြင်း

စင်ကာပူ ချန်ဂီ လေဆိပ်

ရန်ကုန် မှ ၃ နာရီခန့် ပျံသန်းခဲ့ပြီးနောက် စင်ကာပူ ချန်ဂီ လေဆိပ်သို့ ဆိုက်ရောက်ပါသည်။ လေယာဉ်ဆင်းချိန်တငွ် လည်း တက်ချိန်မှာကဲ့သို့ပင် လက်ကိုင်ဖုံးများ၊ ကွန်ပြူတာများ၊ စီဒီ ပလေယာ များကို ပိတ်ထားရပါမည်။ ပြတင်းတံခါးများကို တင်ထားကာ ခါးပတ်များကို ပတ်ထားလျှက် ဟိုဟို သည်သည် လျှောက်မသွားဘဲ မိမိနေရာ တွင်ပင် ထိင်ုနေရပါမည်။ လေယာဉ် လုံးဝ ရပ်သွားပြီ ဆိုမှ မိမိအထုပ်အပိုးများကို ခေါင်းပေါ် ထပ်ခိုးအခန်း ထဲမှ ထုတ်ယူရပါမည်။ ထို ထပ်ခိုးအဖုံးကို ဖွင့်သော အခါ အထဲမှ အထုပ်များ ထွက်ကျလာတတ်သဖြင့် သတိနှင့် ဖွင့်ရပါမည်။ ထို့နောက်တော့ အများနှင့်အတူ မျှော့လိုဏ်

ချယ်နယ် အတွင်းမှ ဖြတ်ကာ ချန်ဂီလေဆိပ်အတွင်း ၀င်ရပါသည်။ သိပ် မခဲယဉ်းပါ။ Exit ဟု ရေးထားသော လမ်းကြောင်း အတိုင်း လိုက်သွားလိုက်ရုံသာ ဖြစ်ပါသည်။ အထုပ်အပိုးများကို ရွေ့လျား ခါးပတ်ပေါ်တင်ကာ သက်တောင့်သက်သာ သွားနိုင် ပါသည်။ စင်ကာပူ ချန်ဂီလေဆိပ်သည်ကား အလွန်ခရီးသွားများသော လေဆိပ်ဖြစ်ပါသည်။ ကမ္ဘာ့လေဆိပ်များအနက် တတိယ လိုက်သော လေဆိပ်ဖြစ်ပါသည်။ အနီးမှ စောင့်ကြည့်နေ လျှင် နံနက်ပိုင်း၌ ထွက်ခွာရန် တန်းစီစောင့်ဆိုင်းနေသော လေယာဉ်ကြီးများကို အတန်းလိုက် မျက်စိတစ်ဆုံး တွေ့ရမည် ဖြစ်ပါသည်။ ချန်ဂီလေဆိပ်မှ ခရီးသွားသူ ဦးရေမှာ တစ်နှစ်လျှင် ၂၄ သန်းမျှပင် ရှိပါသည်။

33

ထို့ပြင် ၀န်ဆောင်မှုမှာလည်း အလွန် မြန်ပါသည်။ လေယာဉ်ပေါ်မှ ထွကလ်ာပြီး လေဆိပ်မှ ထွက်ခွာသည်ထိ လ.၀.က ဖြတ်ခြင်း၊ ပစ္စည်း ရွေးခြင်း၊ အကောက်ခွန် ဖြတ်ခြင်း စုစုပေါင်း နာရီဝက်ထက် ပိုမကြာပါ။ လေဆိပ်အတွင်းရောက်သည်နှင့် ပထမဆုံး ဖြတ်ရသည်မှာ လ.၀.က (Immigration) ဖြစ်ပါသည်။ General Passport ဟု ရေးထားသော ကောင်တာတွင် တန်းစီပါ။ ပတ်စ်ပို့ နှင့် White Card, IPA Letter, Work Permit, S Pass, PR Card စသည်တို့ကို အဆင်သင့် ထုတ်ထားပါ။ မိမိအလှည့်ရောက်လျှင် ထိုစာရွက်စာတမ်းများကို ထုတ်ပြီး လ.၀.က အရာရှိသို့ ပြပါ။ မိမိစာအုပ်အတွင်း အ၀င် တံဆိပ်တုံး ထုပေးလိုက်ပါလိမ့်မည်။ ယခုမှ အသစ်ရောက်လာသော Work Permit, S Pass စသည့်သူများမှာ မိမိဘာသာ ၀င်လို့မရ။ အလုပ်ရှင်ဘက်မှ တစ်ဦးဦးသည် IPA Letter မူရင်း၊ Security Deposit (Banker’s Guarantee) မူရင်း စသည်များကို ကိုင်ကာ မိမိအလုပ်သမားများကို လေယာဉ် ကွင်းတွင် လာကြိုရပါသည်။ Visit Pass နှင့်လာသူများသည် မိမိကို ဖိတ်ခေါ်ထားသော Sponsor Letter ကိုပါ ပြရန် လိုပါသည်။ ထို့ပြင် စင်ကာပူ နိုင်ငံအတွင်း ဆက်သွယ်နိုင်မည့် မိတ်ဆွေတစ်ဦးဦး၏ တယ်လီဖုံးနံပါတ်ကိုလည်း တောင်းတတ်ပါသည်။ (အပြင်မထွက်မီ) လေယာဉ်ကငွ်းအတွင်းတွင် အခမဲ့ဆက်၍ရသော ဖုံးများရှိပါသည်။ လေယာဉ်ကငွ်းရောက်ပြီ ဖြစ်ကြောင်းမိမိ မိတ်ဆွေ၊ သူငယ်ချင်းများသို့ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။ လေဆိပ်အတွင်းတွင် အခွန်လွတ် (Duty Free) ဆိုင်များ ရှိပါသည်။ အပြင်ဆိုင်များထက် ဈေးသက်သာသည် ဟု ဆိုပါသည်။ အရက်မျိုးစုံ၊ ဆေးလိပ် နှင့် အမွှေးနံ့သာမျိုးစုံ၊ လက်ဆောင်ပစ္စည်း၊ စာအုပ်၊ အ၀တ်အစားများ၊ အီလက်ထရောနစ် ပစ္စည်းများ ရောင်းချပေးပါသည်။ သို့သော်လည်း အကန့်အသတ်တော့ ရှိပါသည်။ အခွန်လွတ် ၀ယ်လို့ရသော အရေအတွက် မှာ အရက်ဆိုလျှင် တစ်လီတာ၊ စီးကရက်ဆိုလျှင် အလိပ် ၂၀၀၊ ဘီယာ သုံးဗူး စသဖြင့် ဖြစ်ပါသည်။ ထိုအရေအတွက်ထက် ပိုလျှင်မူ အခွန်ပေးရပါလိမ့်မည်။ အခမဲ့သုံး၍ရသော အင်တာနက် ကဖေးများလည်း ရှိပါသည်။ မိမိသိလိုသည့် အချက်အလက်များကို ချက်ခြင်း ရှာနိုင် ပါသည်။ လမ်းတစ်လျှောက် လေယာဉ် ၀င်ချိန်ထွက်ချိန်၊ သွားရမည့်နေရာ၊ ခရီးဆောင်အိတ်များ ရွေးရမည့် ခါးပတ်ပြား နံပါတ် စသည်တို့ကို ဖော်ပြပေးနေသည့် ကွန်ပြူတာ ဖန်သားပြင်များ ကို တွေ့ရပါလိမ့်မည်။ ထို ဖန်သားပြင်များကို ကြည့်ပြီး မိမိ လာသော (Yangon) မှ လေယာဉ်စီး ခရီးသည်များသည် မည်သည့် ခါးပတ်နံပါတ်တငွ် ပစ္စည်းရွေးရမည်ကို သိနိုင်ပါသည်။ ထိုခါးပတ်နားတွင် သွားပြီး မိမိအထုပ် ပေါ်လာသည် ထိ စောင့်ပါ။ အထုပ်အားလုံးမှာ ခပ်ဆင်ဆင် ဖြစ်သဖြင့် သူများ ပစ္စည်းနှင့် ကိုယ့်ပစ္စည်း မှားတတ်သည်။ သတိပြုပါ။ အားလုံး ပစ္စည်းများ ရွေးယူပြီး သွားသည့်တိုင် မိမိ အထုပ်ကို မတွေ့ရပါက အခြားသူတစ်ဦးဦး မိမိ၏ အထုပ်ကို မှားယူသွားပြီ ဖြစ်ကြောင်း သိနိုင်ပါသည်။ ထိအု ခါတွင် လေဆိပ်အတွင်းရှိ Lost and Found ဌာနသို့ သွားရောက် ကာ ချက်ခြင်း အကြောင်းကြားပါ။ မိမိ၏ ဆက်သွယ်ရမည့် နံပါတ်ကိုလည်း သေသေချာချာ ပေးလိုက်ပါ။ ပစ္စည်းများရွေးပြီးလျှင် လေဆိပ်အပြင်သို့ ထွက်လို့ ရပါပြီ။ ဤသို့ထွက်ရာတွင် ဂိတ်ပေါက် နှစ်ခု ရှိပါသည်။ တစ်ခုမှာ အစိမ်းရောင် Green Channel ဖြစ်ပြီး နောက်တစ်ခုမှာ အနီရောင် Red Channel ဖြစ်ပါသည်။ အကောက်ခွန်သို့ ကြေငြာစရာ (Declare) ဘာပစ္စည်းမှ မပါသူများအဖို့ အစိမ်းရောင် အပေါက်မှ ထွက်ခဲ့လို့ ရပါ သည်။ သို့သော် အကောက်ခွန်ကြေငြာစရာ ကျောက်သံပတ္တမြား၊ စင်ကာပူဒေါ်လာ ၃သောင်းကျော်ပါလာသူများ အဖို့ အနီရောင်လိုင်းကိုသွားကာ အကောက်ဆိုင်ရာ ကိစ္စများဆောင်ရွက်ရပါမည်။ ထို့နောက်တင်ွမတော့ စင်ကာပူနိုင်ငံအတွင်းသို့ ချောမောစွာ ၀င်ရောက်လာနိုင်ပါပြီ။ လာကြိုသူမိတ်ဆွေများနှင့် အတူ တက္ကစီဖြင့်ဖြစ်စေ၊ ဘတ်စ်ကားဖြင့်ဖြစ်စေ၊ ရထား (MRT) နှင့်ဖြစ်စေ မိမိလိုရာသို့ ခရီးဆက်နိုင်ပြီ ဖြစ်ပါသည်။

34

၃၊ ၉။ စင်ကာပူနိုင်ငံအတွင်းသို့ သယ်ဆောင်လာခွင့်မရှိသော ပစ္စည်းများ  အခွန်မဆောင်ထားသော စီးကရက် နှင့် အရက်များ (SDNP – Singapore Duty Not Paid)  ငုံဆေး၊ ဗမာဆေး  ပီကေ  သေနတ်ပုံစံ ရှိသော ဆေးလိပ်မီးညှိသည့် မီးခြစ်များ  ကန့်သတ်ထားသော ဆေးဝါးများ*  ရှားပါးတိရိစ္ဆာန်များ နှင့် ၎င်းတို့၏ ဘေးထွက်ပစ္စည်းများ (ဥပမာ - ဆတ်ချို၊ ကျားသားရေ၊ ဆင်စွယ် စသည်)  မီးရှုး၊ မီးပန်းများ၊ ဗျောက်အိုးများ  ညစ်ညမ်း စာအုပ်၊ ဗီဒီယို တိပ်ခွေ၊ စီဒီ၊ ဒီဗီဒီ နှင့် software များ  မူပိုင်ခငွ့်မှတ်ပုံတင်ထားသော စာအုပ်စာတမ်း၊ စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီ မိတ္တူများ  အစိုးရတစ်ရပ်ကို ပုန်စားပုန်ကန်ပြုရေး အားပေးအားမြှောက်ပြုထားသော စာအုပ်စာတမ်း၊ ဟောပြောချက် စသည့် ပစ္စည်းများ  ကစားစရာ အဖြစ်ပြုလုပ်ထားသော ကစားစရာ ပိုက်ဆံ နှင့် ငွေအကြွေများ * ဗဟုသုတ အဖြစ်ပြောရလျှင် စင်ကာပူနိုင်ငံ အတွင်းသို့ တင်သငွ်းရန်၊ စင်ကာပူနိုင်ငံအတွင်း ရောင်းဝယ် ဖောက်ကားရန်၊ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရန်၊ သုံးစဲရွ န်၊ သိုလှောင်ရန် စင်ကာပူ မူးယစ်ဆေးဝါးအဖွဲ့မှ ကန့်သတ် ထားသော (အက်ဆီတုန်း၊ ဆာလဖျူရစ် အက်ဆစ်၊ ဟိုက်ဒြိုကလိုရစ် အက်ဆစ် ကဲ့သို့သော) ပစ္စည်း ၂၃ မျိုးရှိပါသည်။ ထိုပစ္စည်းများကို သယ်ဆောင်၊ တင်သငွ်း၊ တင်ပို့၊ သုံးစဲ၊ွ ရောင်းဝယ်၊ သိုလှောင်ရန် အတွက် စင်ကာပူ မူးယစ်ဆေးဝါးအဖွဲ့မှ လိုင်စင် ယူရပါသည်။ ထိုပစ္စည်းများကို လိုင်စင်မရှိဘဲ တင်သငွ်းရောင်းဝယ်ခြင်း ပြုပါက အလွန် ကြီးလေးသော ဒါဏ်ငွေနှင့် ထောင်ဒါဏ်များ ချမှတ်နိုင်ပါသည်။ ထိုပစ္စည်းများအကြောင်းနှင့် လိုင်စင်များ၊ ဒါဏ်ကြေးများအကြောင်း သိလိုပါက http://www.cnb.gov.sg/ တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။ အထက်ပါ ပစ္စည်းများ သယ်လာရန် အကြောင်းပေါ်ပေါက်လာပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၏ ကင်းလွတ်ခငွ့်၊ ခွင့်ပြုမိန့် စာရွက်စာတမ်းများ ယူဆောင်လာရပါမည်။ ဥပမာ - ကြိုတင်အသံသငွ်းထားသော တိပ်ခွေ၊ စီဒီ၊ ဗီစီဒီ များအတွက် သတင်းနှင့် ပြန်ကြားရေးဌာနမှ ဆင်ဆာစစ်ဆေးပြီးကြောင်းလက်မှတ်။

35

အခန်း (၄) စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး အခြားတစ်နိုင်ငံ ရောက်နေသူများသည် မိမိလက်ရှိရောက်ရှိနေရာ နိုင်ငံမှ မိမိတို့နိုင်ငံ သံရုံးနှင့် အဆက်အသွယ် ရှိနေ ရမည် ဖြစ်ပါသည်။ သံရုံးဟူသည် မိမိတို့နိုင်ငံ အစိုးရကို ကိုယ်စားပြုနေသည် ဖြစ်ရာ အကြောင်းကိစ္စတစ်ခုခု ရှိလျှင် သံးရုံးနှင့် ဆက်သွယ် ဆောင်ရွက် နိုင်ပါသည်။ စင်ကာပူနိုင်ငရှိံ မြန်မာသံရုံး လိပ်စာမှာ Embassy of the Union of Myanmar 15 St Martin's Drive Tel: 6735-1672 Fax: 6735-6236 - ဖြစ်ပါသည်။ သံရုံးဖွင့်ချိန်မှာ နံနက် ၉ နာရီဖြစ်ပါသည်။ သံရုံးသို့ Orchard MRT မှ သွားလျှင် အနီးဆုံး ဖြစ်ပါသည်။ Orchard MRT မှ Orchard လမ်းမကြီးဘက်သို့ ထွက်လိုက်ပါ။ ထို့နောက် လက်ဝဲဘက်သို့ Orchard လမ်းမကြီး အတိုင်း တည့်တည့် လျှောက်သွားလျှင် St Martin’s Drive ကို တွေ့ရပါလိမ့်မည်။ ထိုလမ်းကလေးအတိုင်း အထက်သို့ တက်လိုက်သွားလျှင် မြန်မာ သံရုံးသို့ ရောက်ပါသည်။ မြန်မာနိုင်ငံသားများအတွက် သံရုံးမှ အောက်ပါ ၀န်ဆောင်မှုလုပ်ငန်းများကို ပေးပါသည်။ ပတ်စ်ပို့ သက်တမ်းတိုးခြင်း ကျောင်းသားပတ်စ်ပို့ သက်တမ်းတိုးခြင်း ပတ်စ်ပို့ အသစ်လုပ်ခြင်း နိုင်ငံတိုးခြင်း သက်သေခံလက်မှတ် (Certificate of Identity - C of I ) သက်တမ်းတိုးခြင်း သက်သေခံလက်မှတ် (Certificate of Identity - C of I ) အသစ်လုပ်ခြင်း အခွန်ဆောင်ခြင်း မှီခိုလျှောက်ခြင်း အလုပ်မလုပ်ကြောင်း ထောက်ခံစာ ကျောင်းသားထောက်ခံစာ နာမည်ပြောင်းခြင်း ၁။ ပတ်စ်ပို့ သက်တမ်းတိုးခြင်း ပတ်စ်ပို့ သက်တမ်းတိုးခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။ ၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ သက်တမ်းတိုးလိုကြောင်း လျှောက်လွှာ* ၂။ ပတ်စ်ပို့ မူရင်းနှင့် မိတ္တူ ၃။ သက်တမ်းတိုးမည့် လအထိ အခွန်ဆောင်ထားသော ပြေစာ ၄။ သက်တမ်းတိုးခ စင်ကာပူ ဒေါ်လာ ၃၀၀ (ငွေသားဖြင့်သာ) * လျှောက်လွှာအားလုံးကို သံရုံးတွင် အခမဲ့ ရယူနိုင်ပါသည်။ မှတ်ချက်။

။ သက်တမ်းတိုးခြင်းကို သက်တမ်းမကုန်မီ ပြုလုပ်ရပါမည်။ သက်တမ်းကုန်ပြီးမှ သက်တမ်းတိုးသော

ပတ်စ်ပို့များအတွက် ဒါဏ်ကြေး ပေးဆောင်ရပါမည်။ ၂။ ကျောင်းသားပတ်စ်ပို့ သက်တမ်းတိုးခြင်း ကျောင်းသားပတ်စ်ပို့ သက်တမ်းတိုးခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။ ၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ သက်တမ်းတိုးလိုကြောင်း လျှောက်လွှာ

36

၂။ ကျောင်းတက်နေကြောင်း အထောက်အထား ကျောင်းမှ စာရွက်စာတမ်း ၃။ ကျောင်းသားကဒ် သို့မဟုတ် Student Pass မိတ္တူ ၄။ ကျောင်းသားပတ်စ်ပို့ မူရင်းနှင့် မိတ္တူ (မိတ္တူတွင် တံဆိပ်တုံးထုထားသော စာမျက်နှာ အားလုံးပါဝင်ရမည်။) ၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံတစ်ပုံ ၆။ ကိုယ်ရေးမှတ်တမ်း (C.V Form) မှတ်ချက်။

။ ဆောင်ရွက်ချိန် ၂ ရက်မှ ၃ ရက်ထိ ကြာပါမည်။

၃။ ပတ်စ်ပို့ အသစ်လုပ်ခြင်း ပတ်စ်ပို့ အသစ်လုပ်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။ ၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ အသစ်လုပ်လိုကြောင်း လျှောက်လွှာ ၂။ ပတ်စ်ပို့အဟောင်း မိတ္တူ (စာမျက်နှာအားလုံးကို မိတ္တူဆဲရွ မည်) ၃။ ပတ်စ်ပို့ အသစ်လုပ်မည့်လအထိ အခွန်ဆောင်ထားသော ပြေစာ ၄။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံနှစ်ပုံ ၅။ ကိုယ်ရေးမှတ်တမ်း (C.V Form) ၆။ ပတ်စ်ပို့အသစ်ထုတ်ပေးခ - စင်ကာပူ ဒေါ်လာ ၆၀၀ (ငွေသားဖြင့်သာ) မှတ်ချက်။

။ (၁) ပတ်စ်ပို့တငွ် စာမျက်နှာ အနည်းငယ်သာ ကျန်တော့သောအခါ အသစ်ထပ်လုပ်ရန် လိုပါသည်။ (၂) လျှောက်လွှာတင်ပြီးသည်မှ ၁၀ ရက်အတွင်း စာအုပ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။

၎။ နိုင်ငံတိုးခြင်း နိုင်ငံတိုးခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။ ၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် နိုင်ငံတိုးလိုကြောင်း လျှောက်လွှာ ၂။ ပတ်စ်ပို့ မူရင်း ၃။ နိုင်ငံတိုးလိုသည့်လအထိ အခွန်ဆောင်ထားသော ပြေစာ ၄။ နိုငင်ံတိုးခ - စင်ကာပူ ဒေါ်လာ ၂၇၀ (ငွေသားဖြင့်သာ) မှတ်ချက်။

။ တစ်ခါတိုးလျှင် ၅ နိုင်ငံထိ တိုးနိုင်ပါသည်။ နိုင်ငံအားလုံး (ထိုင်ဝမ်နှင့် မြောက်ကိုးရီးယား မပါ) တိုးလိုလျှင်

သီးသန့် လျှောက်ထားရပါမည်။ အဘယ်ကြောင့် ထိုနိုင်ငံများသို့ သွားလိုသည်ကို ထည့်သငွ်းဖော်ပြရပါမည်။ ၅။ သက်သေခံလက်မှတ် (Certificate of Identity - C of I) သက်တမ်းတိုးခြင်း သက်သေခံလက်မှတ် သက်တမ်းတိုးခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။ ၁။ မြန်မာသံအမတ်ကြီးထံ လိပ်မူထားသည့် သက်တမ်းတိုးလိုကြောင်း လျှောက်လွှာ (မိဘများက လျှောက်ရပါမည်) ၂။ သက်သေခံလက်မှတ် မူရင်း နှင့် မိတ္တူ ၃။ သက်တမ်းတိုးလိုသည့်လအထိ မိဘ၊ အုပ်ထိန်းသူများ၏ အခွန်ဆောင်ထားသော ပြေစာ ၄။ သက်တမ်းတိုးခ - စင်ကာပူ ဒေါ်လာ ၁၅၀ (ငွေသားဖြင့်သာ) ၆။ သက်သေခံလက်မှတ် (Certificate of Identity - C of I) အသစ်လုပ်ခြင်း သက်သေခံလက်မှတ် အသစ်လုပ်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။ ၁။ မြန်မာသံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာ (မိဘများက လျှောက်ရပါမည်) ၂။ လျှောက်ထားသည့်လအထိ မိဘ၊ အုပ်ထိန်းသူများ၏ အခွန်ဆောင်ထားသော ပြေစာ ၃။ လက်ရှိသက်သေခံလက်မှတ် မူရင်း နှင့် မိတ္တူ (ရနိုင်လျှင်) ၄။ ကိုယ်ရေးမှတ်တမ်း (C.V Form)

37

၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံနှစ်ပုံ ၆။ စာအုပ် အသစ်လုပ်ခ - စင်ကာပူ ဒေါ်လာ ၃၀၀ (ငွေသားဖြင့်သာ) ၇။ အခွန်ဆောင်ခြင်း ၀င်ငွေခွန် ထမ်းဆောင်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။ ၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် အခွန်ဆောင်လိုကြောင်း လျှောက်လွှာ ၂။ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ ၃။ နောက်ဆုံးဆောင်ထားသည့် အခွန်ပြေစာ မူရင်း နှင့် မိတ္တူ ၄။ အခွန်ထမ်းဆောင်ရန် လိုအပ်သော ငွေကြေး (ငွေသားဖြင့်သာ) အခွန်ဆောင်ရန် နှုံးထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။  ကျောင်းသား (ကျောင်းသားကဒ် နှင့် ကျောင်းထောက်ခံစာ လိုပါသည်) – S$ 20.00  Maid (အိမ်ဖော်)

– S$ 30.00

 Work Permit

– S$ 40.00

 S Pass

– S$ 80.00

 Permanent Resident (PR)

– S$ 120.00

 EP

- S$ 150.00

၈။ ပထမဆုံးအကြိမ် အခွန်ဆောင်ခြင်း ၀င်ငွေခွန် ထမ်းဆောင်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။ ၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် အခွန်ဆောင်လိုကြောင်း လျှောက်လွှာ ၂။ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ ၃။ မူရင်းလစာ ဖော်ပြထားသည့် ကုမ္ပဏီမှ စာ ၄။ EP/ S Pass / Work Permit ကဒ်များ၏ မူရင်း နှင့် မိတ္တူ ၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံတစ်ပုံ ၆။ ကိုယ်ရေးမှတ်တမ်း (C.V Form) ၇။ အခွန်ထမ်းဆောင်ရန် လိုအပ်သော ငွေကြေး (ငွေသားဖြင့်သာ) ၉။ Social Visit Pass အတွက် တစ်နှစ်သက်တမ်း ရှိသော ပတ်စ်ပို့ကို သက်တမ်းတိုးခြင်း မြန်မာသံရုံးအနေနှင့် ထို ပတ်စ်ပို့စာအုပ်များကို သက်တမ်းတိုးရန် အခွင့်မရှိပါ။ သို့သော် လိုအပ်ချက်များအရ လျှောက်ထားလာသည့်အပေါ်တွင် လျှောက်လွှာတစ်စောင်ချင်းစီကို စိစစ် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ၁၀။ အိမ်ဖော်၊ Maid၊ Foreign Domestic Workers မြန်မာမိသားစုတငွ် ခန့်ထားခြင်းမှ လွဲ၍ မြန်မာနိုင်ငံသား အမျိုးသမီးများကို နိုင်ငံခြားသားများထံတငွ် အိမ်ဖော်အဖြစ် ခန့်ထားခြင်းကို မြန်မာသံရုံးအနေနှင့် အားလည်းမပေး၊ အသိအမှတ်လည်း မပြုပါ။ လူမှုရေးလိုအပ်ချက်များနှင့် အခြေအနေ တစ်ရပ်ရပ် အပေါ်တွင်သာ စဉ်းစားပေးမည် ဖြစ်ပါသည်။ ၁၁။ ပတ်စ်ပို့ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း ပတ်စ်ပို့ ပျောက်ဆုံး၊ ပျက်စီးလျှင် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။ ၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ ပျက်စီးကြောင်း၊ ပျောက်ဆုံးကြောင်း အသေးစိတ် ဖော်ပြထားသော လျှောက်လွှာ

38

၂။ ရဲသို့ သတင်းပို့ထားသော စာ (ပျောက်ဆုံးခြင်း အတွက်သာ) ၃။ ပတ်စ်ပို့ မိတ္တူ ၄။ ကိုယ်ရေးမှတ်တမ်း (C.V Form) ၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံနှစ်ပုံ ၆။ ပတ်စ်ပို့ ပျောက်ဆုံး၊ ပျက်စီးခြင်းအတွက် ဒါဏ်ငွေ (ငွေသားဖြင့်သာ) ၁၂။ သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ရည်ညွှန်းရန် လိုအပ်သော ဆောင်ရွက်ချက်များ ၁။ ယခုမှ မွေးဖွားလာသော ကလေးများအတွက် မိခင်၏ ပတ်စ်ပို့အတွင်း ကလေးနာမည် ထည့်သငွ်းခြင်း ၂။ အခြေအနေ ပြောင်းလဲခြင်း (အလုပ်လုပ်သူမှ မှီခိုအဖြစ်ပြောင်းခြင်း၊ မှီခိုမှ အလုပ်လုပ်သူ အဖြစ်ပြောင်းခြင်း၊ ရာထူးပြောင်း ခြင်း၊ ၀င်ငွေပြောင်းခြင်း စသည်) ၃။ ကလေးကို မိခင်၏ ပတ်စ်ပို့စာအုပ်မှ ခွဲထုတ်ကာ သီးသန့် သက်သေခံလက်မှတ် ပြုလုပ်ခြင်း ၄။ သီးသန့် သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ကလေး၏ နာမည်ကို မိခင်၏ ပတ်စ်ပို့အတွင်း ထည့်သငွ်းခြင်း ၅။ သင်္ဘောသားအဖြစ်မှ ကုန်းပေါ်အလုပ် သို့မဟုတ် ကုန်းပေါ်အလုပ်မှ သင်္ဘောသား အဖြစ် ပြောင်းလဲခြင်း အထက်ပါ ဆောင်ရွက်ချက်များအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ ရည်ညွှန်းရမည် ဖြစ်ပါသဖြင့် ကြိုတင် ဆောင်ရွက်ထားရန် လိုအပ်ပါသည်။ ၁၃။ ကိုယ်စားလှယ် လွှဲစာကို ထပ်ဆင့်ထောက်ခံခြင်း ကိုယ်စားလှယ် လွှဲစာကို ထပ်ဆင့်ထောက်ခံခြင်း အတွက် ၁။ ကိုယ်စားလှယ် လွှဲစာတွင် အခွန်တော်တံဆိပ်ခေါင်း ပါရမည်။ ၂။ သက်သေ နှစ်ဦး၏ လက်မှတ် ပါရှိရမည်။ ၃။ သက်သေများ၏ ပတ်စ်ပို့နံပါတ်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ စသည်တို့ ပါရှိရမည်။ ၄။ ကိုယ်စားလှယ်လွှဲမည့်သူသည် မြန်မာသံရုံးသို့ လူကိုယ်တိုင်လာ၍ ကောင်စစ်အရာရှိရှေ့မှောက်တငွ် လက်မှတ်ရေးထိုးရ ပါမည်။ (ဤသို့လာရာတွင် ပတ်စ်ပို့ မူရင်းပါ ယူဆောင်လာရပါမည်။) ၅။ ကိုယ်စားလှယ်လွှဲစာ မိတ္တူ ပါရမည်။ ၁၄။ လက်မှတ်များကို ထပ်ဆင့်ထောက်ခံခြင်း မွေးစာရင်း၊ လက်ထပ်စာချုပ်၊ ဘွဲ့လက်မှတ်၊ ဒီပလိုမာ အောင်လက်မှတ်၊ ယာဉ်မောင်းလိုင်စင် စသည်တို့ကို ထပ်ဆင့် ထောက်ခံပေးရန် လိုအပ်ပါက ထိုလက်မှတ်ကို မြန်မာသံရုံးသို့ မတင်ပြမီ မြန်မာပြည်ရှိ လိုင်စင်ရ နိုတြီပတ်ဗလစ် ထံတငွ် နိုတြီလုပ်ပြီး ဖြစ်ရမည့် အပြင် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အသိအမှတ်ပြု ထောက်ခံချက်ပါ ရယူပြီး ဖြစ်ရန် လိုပါသည်။ ၁၅။ မှီခိုလျှောက်ခြင်း မှီခိုလျှောက်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။ ၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာ ၂။ မှီခိုလျှောက်မည့်သူ၏ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ ၃။ အမှီခိုခံမည့်သူ၏ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ ၃။ အမှီခိုခံမည့်သူ၏ ယခုလထိဆောင်ထားသည့် အခွန်ပြေစာ မူရင်း နှင့် မိတ္တူ ၄။ မှီခိုလျှောက်ထားခ (ငွေသားဖြင့်သာ)

39

၁၆။ အလုပ်မလုပ်ကြောင်း ထောက်ခံစာ စင်ကာပူတငွ် နေထိုင်ပြီး အလုပ်မလုပ်သူများအတွက် အခွန်ဆောင်ခြင်းမှ ကင်းလွတ်ခငွ့်ရရန် အလုပ်မလုပ်ကြောင်း ထောက်ခံစာ လိုပါမည်။ ထိုထောက်ခံစာကို မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာ ဖြင့် လျှောက်ထား ရယူ နိုင်ပါသည်။ လျှောက်လွှာကြေး S$ 8.00 ဖြစ်ပါသည်။ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာလည်း အလားတူပင် ဖြစ်ပါသည်။ ၁၇။ နာမည်ပြောင်းခြင်း နာမည်မှားယွင်းနေသဖြင့် ပြင်ဆင်လိုလျှင် မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာဖြင့် လျှောက်ထား နိုင်ပါသည်။ ပတ်စ်ပို့စာအုပ် မူရင်းယူသွားရပါမည်။ ပတ်စ်ပို့စာအုပ်ထဲ တွင် နာမည်မှန်ကို ရေးထည့်ပြီး တံဆိပ်တုံး ထုပေးပါ လိမ့်မည်။ နာမည်မှန်ပြောင်းခ S$ 150 ဖြစ်ပါသည်။ မြန်မာပြည်မှ ထုတ်ပေးထားသော ပတ်စ်ပို့များအတွက် မြန်မာပြည် ပြည်ထေဲ ရး ၀န်ကြီးဌာနသို့ ပြန်ပြီး ရည်ညွှန်းရမည် ဖြစ်သဖြင့် ဆောင်ရွက်ချိန် အနည်းဆုံး တစ်လခဲခွ န့် ကြာမည် ဖြစ်ပါသည်။ အခြားမည်သည့် အကြောင်းကြောင့်ဖြစ်စေ ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေနှင့် အကြောင်းတစုံတရာ ပေါ်ပေါက်လာပါက မြန်မာသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်သင့် ပါသည်။

40

အခန်း (၅) အထွေထွေ ၅၊ ၁။ Short Term Visit Pass သက်တမ်းတိုးခြင်း သင်သည် စင်ကာပူတငွ် နှစ်လတန်သည်၊ သုံးလတန်သည် နေမည်ဆိုပါက လက်ရှိကိုင်ဆောင်ထားသော Short Term Visit Pass ကို သက်တမ်းတိုးရန် လိုပါလိမ့်မည်။ သို့သော် ထိုသို့ သက်တမ်းတိုးခြင်းအတွက် တစုံတရာ စိုးရိမ်စရာ မရှိပါ။ အင်တာနက်မှ တိုး၍ ရပါသည်။ ထိုကဲ့သို့ တိုးခြင်းကို e-XTEND Online ဟု ခေါ်ပါသည်။ အင်တာနက်ကို ၀င်ပြီး လိုအပ်သည်များကို ဖြည့်ကာ submit လုပ်လိုက်လျှင် ပြီးပါသည်။ ဤကဲ့သို့ ပြုလုပ်ရန် ICA Website https://www.psi.gov.sg/ သို့ ၀င်ပါ။ e-XTEND လုပ်သူများအနေနှင့် စာအုပ်ပေါ်တွင် တံဆိပ်တုံးထုရန် မလိုပါ။ Visit Pass သက်တမ်း မကုန်မီ အနည်းဆုံး ၂ ရက် ကြိုတင်၍ သက်တမ်းတိုးရ ပါမည်။ ထို့ပြင် နီးရာစာတိုက် တစ်ခုခုတငွ် သွားရောက် extend လုပ်နိုင်ပါ သေးသည်။ သက်တမ်းတိုးခ မှာ S$40.00 ဖြစ်ပြီး အများဆုံး ရက် ၉၀ (စင်ကာပူသို့ စတင်ဝင်ရောက်သည့်နေ့မှ စ၍) ထိ တိုးနိုင် ပါသည်။ ၅၊ ၂။ ဆေးစစ်ရန် လာလိုသူများ စင်ကာပူသို့ ဆေးကုသခံယူရန် လာလိုသူများအတွက် ဤစာအုပ် တတိယပိုင်း၊ အခန်း (၉) တွင် အပြည့်အစုံ ဖော်ပြ ထားပါသည်။ ၅၊ ၃။ စင်ကာပူမှ မြန်မာပြည်သို့ ပြန်ခြင်း စင်ကာပူသို့ ခေတ္တ အလည်အပတ် လာသူများဖြစ်စေ၊ အလုပ်လာလုပ်သူများ ဖြစ်စေ၊ စင်ကာပူ နိုင်ငံသား ခံယူပြီး စင်ကာပူတငွ် အပြီးအပိုင် နေထိုင်သူများပင် ဖြစ်စေ အကြောင်းအမျိုးမျိုးဖြင့် မြန်မာပြည်သို့ ပြန်ကြရဦးမည် ဖြစ်ပါသည်။ သို့အတွက် မြန်မာပြည်သို့ ပြန်ရန် ပြင်ဆင်ခြင်းသည်လည်း အရေးကြီးသော အချက်တစ်ခု ဖြစ်ပေရာ ဤနေရာတွင် တတ်နိုင် သမျှ ပြည့်စုံအောင် ဖော်ပြလိုက်ပါသည်။ ခေတ္တ အလည်လာသူများ ပြန်ခြင်း စင်ကာပူသို့ အလည်လာပြီး မြန်မာပြည်သို့ ပြန်မည့်သူများသည် မည်သူမဆို မိမိတို့၏ အိမ်သူအိမ်သားများ၊ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေ အပေါင်းအသင်းများအတွက် လက်ဆောင်ပစ္စည်းများ၊ စားစရာသောက်စရာများ ၀ယ်ယူသွား လိုပေလိမ့်မည်။ သို့ဝယ်ရာတွင် ပစ္စည်းစုံပြီး၊ ဈေးလည်း သက်သာသော နေရာဖြစ်သည့် မူစတာဖာစင်တာ တွင် သွားရောက် ၀ယ်ယူနိုင်ပါကြောင်း ညွှန်းလိုက်ပါသည်။ Work Permit Holder များ မြန်မာပြည် ပြန်ခြင်း ထိုသူများအဖို့ အရေးကြီးသည်မှာ အပြီးပြန်သည်ဖြစ်လျှင် မိမိတို့ကိုင်ဆောင်ထားသော Work Permit ကို ကုမ္ပဏီမှ cancel လုပ်ပြီး မိမိ လက်ထဲတွင် Special Pass ရရှိထားရန် ဖြစ်ပါသည်။ Work Permit ကို cancel လုပအ် ပြီး ၇ ရက်အတွင်း စင်ကာပူနိုင်ငံမှ ထွက်ခွာပေးရပါမည်။ လေဆိပ်မှ ထွက်ခွာသောအခါ ထို special pass ကို လေဆိပ်ရှိ immigration တွင် အပ်နှံခဲ့ရမည် ဖြစ်ပါသည်။ အကယ်၍ ခွင့်ပြန်သည် ဖြစ်ပါမူ ကုမ္ပဏီမှ ခွင့်စာ ရယူရန် လိုပါသည်။ ထိုခငွ့်စာကို လေဆိပ်တွင် ပြရပါမည်။ သို့မှသာ လေဆိပ်က မိမိပတ်စ်ပို့စာအုပ်ပေါ်တွင် ခွင့်နှင့်ပြန်လာသူဖြစ်ကြောင်း မှတ်ချက် ပေးလိုက်မည် ဖြစ်ပါသည်။ ခွင့်ပြန်သူများ

41

အနေနှင့် မြန်မာပြည်တငွ် တစ်လထက်ပိုမနေဘဲ စင်ကာပူ ပြန်လာပါက ဘာမှ လုပ်စရာ မလိုဘဲ သည်အတိုင်းပြန်ထွက် လာ၍ ရသော်လည်း တစ်လထက်ပိုနေသူများအဖို့ ပြည်ပထွကခ်ွာခွင့် (D Form) ထပ်လုပ်ရပါမည်။ မည်သည့်အကြောင်းကြောင့် ပြန်သည်ဖြစ်စေ မိမိပြန်လိုသည့်ရက်တငွ် ပြန်နိုင်ရန် လေယာဉ်လက်မှတ်ကို ခပ်စောစော ကတည်းက တင်ကြို booking လုပ်ထားရန် လိုပါသည်။ အထူးသဖြင့် စင်ကာပူ၏ ရုံးပိတ်ရက်ရှည်ဖြစ်သော တရုပ် နှစ်ကူးပိတ်ရက်များတွင် ခရီးအသွားအလာ များတတ်ရာ ထို ပိတ်ရက်များတွင် ပြန်လိုသူတို့အဖို့ နှစ်လ၊ သုံးလ အကြို ကတည်းက booking လုပ်ထားသင့်ပါသည်။

လေယာဉ်လက်မှတ်

လေယာဉ်လက်မှတ်များကို ပင်နင်စူလာ ပလာဇာရှိ မြန်မာဆိုင်များ၌ လွယ်ကူစွာပင် မှာယူရရှိနိုင်ပါသည်။ ပစ္စည်းများထုပ်ပိုးသော အခါတွင် မြန်မာပြည်မှ လာစဉ်ကကဲ့သို့ပင် အလေးချိန်ကို ခန့်မှန်း ထည့်သိုရန် လိုပါသည်။ သို့မဟုတ်ပါက ကီလိုပို အများကြီး ပေးဆောင်ရ ပါလိမ့်မည်။ Check-in ကိုလည်း လေယာဉ်ထွက် မည့်အချိန်ထက် နှစ်နာရီစော၍ လုပ်ပါသည်။ လေဆိပ်သို့ ရထားဖြင့်သွားလျှင် အစိမ်းရောင်လိုင်းဖြင့်သွားပြီး Tanah Merah interchange တွင် လေယာဉ်ကငွ်းသို့ သွားမည့် ရထားကို ပြောင်းစီး ပါ။ ချန်ဂီလေဆိပ် အတွင်းပိုင်းကို တွေ့ရစဉ် လေဆိပ်ထဲတငွ် မိမိစီးရမည့် လေယာဉ် ခရီးစဉ်အမှတ်၊ Check-in လုပ်ရမည့် Row နံပါတ်၊ လေယာဉ်ထွက်မည့် အချိန် စသည်တို့ကို ဖော်ပြထားသော ကွန်ပြူတာ ဖန်သားပြင်များကို တွေ့နိုင်ပါသည်။ ချန်ဂီလေဆိပ်တငွ် Terminal 1, 2, 3 ဟု ရှိရာ မိမိ မည်သည့် Terminal မှ စီး ရမည် ကိုလည်း သိထားရန် လိုပါသည်။ ဤတွင် Terminal 2 သည် ဘူတာနှင့် အနီးဆုံးဖြစ်ပါသည်။ ဘူတာမှ ထွက်ပြီး ရှည်လျှား၊ မြင့်မားလှသော စက်လှေခါးကြီးကို စီးတက်သွားလျှင် Terminal 2 သို့ရောက်ပါသည်။

42

အထက်ဖော်ပြပါ ကွန်ပြူတာ ဖန်သားပြင် ကြီးတွင် မိမိစီးမည့် ခရီးစဉ်အတွက် ညွှန်ပြထားသော Row နံပါတ်တငွ် Check-in လုပ်ပါ။ ကီလိုပိုနေလျှင် ထို Row များ အဆုံးတွင် ကီလိုပို ပေးဆောင်ရာ ကောင်တာ ရှိပါသည်။ ထိုနေရာသို့ သွားပြီး ကျသင့်ငွေကို ပေးပါ။ Check-in လုပ်ပြီး လေဆိပ်ထဲဝင်လိုဝင်၊ စောနေသေးသဖြင့် မ၀င်လိုသေးသော် မိတ်ဆွေများနှင့် လေဆိပ်ထရှဲိ စားသောက်ဆိုင်များတွင် အဆာပြေ စားသောက်လို့ ရပါသည်။ ထို့နောက် လေဆိပ်အတွင်း ပိုင်းသို့ ၀င်သွားလျှင် ပထမဆုံးဖြတ်ရမည်မှာ လ.၀.က ဖြစ်ပါသည်။ လ.၀.က တွင် လိုအပ်သော စာရွက်စာတမ်း ကိစ္စများကို ရှင်းလင်းပြီး လက်မှတ်ပေါ်တွင် ရေးထား သည့် Channel သို့ သွားရပါမည်။ ထို Channel ကို မည်သို့သွားရမည်ကိုလည်း လမ်းညွှန်များ ထားပေးထား ပါသည်။ လမ်းညွှနအ် တိုင်းလိုက်သွားလျှင် မှားစရာ မရှိပါ။ မိမိလေယာဉ်စောင့်ဆိုင်းရမည့် အခန်းငယ်သို့ အ၀င်တငွ် မိမိတွင် ပါလာသော လက်ဆွဲ အထုပ်အပိုးများကို စစ်ပါသည်။ သတိပြုရမည်မှာ ထို လက်ဆွဲအထုပ်အပိုးများအတွင်းသို့ ခေါင်းလျှော်ရည်၊ ဆပ်ပြာရည် စသော အရည်များကို ထည့်သငွ်း သယ်ယူခငွ့်မပြုပါ။ ထိုအရည်များ သယ်လိုပါက Luggage အထုပ်များထဲ ထည့်သွင်းသယ်ဆောင်ရပါမည်။ ၅၊ ၄။ မြန်မာပြည်အ၀င် White Card ဖြည့်ခြင်း နှင့် အကောက်ခွန် ဖြတ်ခြင်း လေယာဉ်စီးခြင်းမှာ အထက်တွင် ဖော်ပြ ခဲ့ပြီးဖြစ်၍ ထပ်မံ မဖော်ပြတော့ပါ။ သို့ရာတွင် မြန်မာပြည်တငွ်းဝင်ရန် White Card နှင့် အကောက်ခွန်ကြေငြာချက်ပုံစံ ဖြည့်ရန်တော့ လိုပါလိမ့်မည်။ White Card နှင့် Custom Declare ပုံစံ များကို လေယာဉ်ပေါ်မှာ ကတည်းက ဝေပေးပါ လိမ့်မည်။ မိမိ အိမ်သာသွားနေခိုက် သို့မဟုတ် အိပ်ငိုက်နေခိုက် လာဝေသွား၍ မရလိုက်သော် လေယာဉ်မယ် ကလေးများထံ တောင်းယူပါ။ ထို့နောက် တစ်ဖက်ပါ ပုံစံတငွ် ဖော်ပြ ထားသည့် အတိုင်း White Card နှင့် Custom Declare ပုံစံ တို့ကို အဆင်သင့် ဖြည့်ထားပါ။ သို့မဟုတ်ပါက လေယာဉ်ကငွ်းရောက်မှ ဖြည့်ရ လျှင် အချိန်ကုန်ပါသည်။ မိမိကို လာကြိုနေသူ များအား မြင်နေရပါလျှက် လေယာဉ်ကငွ်းအတွင်း မည်သူမျှ အချိန်ကုန် ခံလိုမည် မဟုတ်ပါ။

“လူကြီးမင်းတို့ စီးနင်းလာသော လေယာဉ်ကြီးသည် မကြာမီအချိန်အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ဆင်းသက်တော့မည် ဖြစ်ပါသည်” ဟု ကြေငြာသံကို ကြားလိုက်ရသည့်ခဏ လပေါင်း များစွာ ခဲခွာနေခဲ့ရသော မိဘ၊ ညီအစ်ကို မောင် နှမ၊ ဇနီးမယား၊ သမီးသား၊ ဆွေမျိုးသားချင်းများ

43

နှင့် မကြာမီ အချိန်အတွင်း ပြန်လည်ဆုံတွေ့ရတော့ မည် ဟူသော အသိဖြင့် အားလုံး၏ ရင်တငွ်းတွင် ရင်ခုံ ကြည်နူးမှုကို နွေးထွေးစွာ ခံစားလိုက်ရ ပါလိမ့် မည်။ ပတ်စ်ပို့၊ ခွင့်စာ၊ အခွန်ဆောင်ထားသော ပြေစာ မိတ္တူ၊ White Card စသည်တို့ကို အဆင်သင့် ပြင်ဆင်ထားပါ။ ရန်ကုန် လေဆိပ် အတွင်း ၀င်ရောက်လာ ပြီးနောက် ပထမဦးဆုံး လုပ်ရမည့် အလုပ်မှာ မြန်မာ ပြည် ၀င်ခငွ့် ပုံစံကို ဖြည့်ခြင်း ဖြစ်ပါသည်။ ထိုပုံစံကို စောစီးစွာ ယူပြီး အဆင်သင့် ဖြည့်ထားပါ။ တန်းစီ ရင်း ဖြည့်နိုင်ပါသည်။ ထို့နောက် မိမိအလှည့်ရောက် သော် အဆင်သင့်ထုတ်ထားသော ပတ်စ်ပို့၊ ခွင့်စာ၊ အခွန်ပြေစာ မိတ္တူ၊ White Card၊ မြန်မာပြည် ၀င်ခငွ့် ပုံစံ စသည် တို့ကို ထုတ်ပေးလိုက်ပါ။ ထို့နောက် မိမိအထုပ်များကို Luggage ခါးပတ်ပေါ်တွင် သွားရွေးပါ။ အထုပ်များရွေးပြီးသော် လေယာဉ်ပေါ်တွင် ဖြည့်လာသည့် တစ်ဖက်တငွ် ပြထားသည့် အခွန်ကြေငြာချက် ပုံစံကို အဆင်သင့် ကိုင်ထားပြီး အကောက်ခွန် ကောင်တာတွင် ပါလာသော အထုပ်များကို အစစ်ဆေး ခံပါ။ ထို့နောက်တင်ွမတော့ လေဆိပ်မှ ထွက်ပြီး မိမိအား လာရောက် ကြိုဆိုနေသော မိသားစုများ နှင့် ၀မ်းသာအားရ ပြန်လည် ဆုံတွေ့နိုင်ပြီ ဖြစ်ပါသတည်း။

အကောက်ခွန် ကြေငြာချက် ပုံစံ

လေယာဉ်ပေါ်မှ တွေ့ရသည့် မြန်မာပြည် ၏ အလှ

44

Related Documents