Political Prisoner News 11-11-08

  • November 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Political Prisoner News 11-11-08 as PDF for free.

More details

  • Words: 156
  • Pages: 1
၁၁ ရက် နိုဝင်ဘာ၊၂၀၀၈။ ( phoenix ) ၁၃း၀၀ နာရီ ရန်ကုန်

(၁)ကိုမင်းဇေယျ (၂)ကိုဂျင်မီ

(၃)ကိုဇော်ဇော်မင်း (၄)ကိုသန်းတင် ( ခ ) ကြီးသန်း (၅)ကိုဇေယျာ ( ခ )ကုလားမ (၆)ကိုအံဖွယ်ကျော်

(၇)ကိုကျော်ကျော်ထွေး ( ခ )မာကီး (၈)ကိုပန်းဏ္ဍိတ်ထွန်း

(၉)ကိုသက်ဇော်(ခ) ဇောက်ထိုး (၁၀)မသင်းသင်းအေး( ခ )မီးမီး (၁၁)မမာမာဦး

(၁၂)မနီလာသိန်း

(၁၃)မစန္ဒာမင်း (ခ ) ရွှီး (၁၄)မသက်သက်အောင်

တို့ကို အင်းစိန်အထူးတရားရုံးမှ (တောင်ပိုင်းခရိုင် တရားရုံး) တရားသူကြီး ၀င်းမြင့် နှင့် ဌေးဝင်း တိုမှ အမှုအသီးသီးအတွက် ယနေ့ (၆၅) နှစ်ထောင်ချလိုက်သည်ဟုသိရှိရ။

တရားရုံးတွင်အမိန်ချမှတ်ပြီးနောက်- ကိုမင်းဇေယျ မှ “ တိုင်းပြည်အတွက် (၆၅ )နှစ်ဘဲလားကွ” ဟု ကြွေးကြော်ပြီး၊ မမီးမီး “အမှန်တရားအတွက် ဘယ်တော့ မှ မကြောက် ဘူး” ဟု တိုင်တည်ကြွေးကြော်ခဲ့ကြသည်။

အခြားသူများမှလည်း မြန်မာ ပြည် လွတ်မြောက်ရမည်၊အာဏာရှင် စနစ်ပြုတ်ကျရမည်။မတရားစီရင် ရေးအလိုမရှိ ဟု ကြွေးကြော်ခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ စုစုနွေး နှင့် အမှုတွဲများ အားရုံးထုတ်လျှက်ရှိပြီး ယနေ့ အမိန်ချမည်ဟု ယူဆကြောင်းသိရှိရသည်။ နောက်ဆက်တွဲသတင်း

စုစုနွေးအား ၁၂ နှစ် ၆ လ အမိန့်ချကြောင်းသိရသည်။ တရားရုံးများမှ အမိန့်ချပြီးသူများအား နယ်ထောင်များသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရန် အကျဉ်းဦးစီးမှ စီစဉ်ထားကြောင်း သိရသည်။

တရားရေးစစ်ဆေးမှုကို နေ့စဉ် ရက်ဆက် အပေါ့အပါးသွားရန် ပင် ခွင့်မပြုခဲ့ဘဲ ရက်သတ္တပါတ်လုံးမတရားချုပ်ချယ် စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်း နှင့် စနေနေကိုပါ ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသဖြင့်

ကိုကိုကြီး (စမ်းချောင်း-မြမန္တလာ ) မှ တရားရုံးသို့ ကန့်ကွက် ပြောဆိုခဲ့သည်၊ ထိုသို့ နေ့စဉ်ရက်ဆက်

ရက်စက်စွာချုပ်နှောင် တရားစီရင်မှုကြောင့် ဒေါ်စမ်းစမ်းတင်၊ ကိုသော်ဇင်ထွန်းနှင့် အေးသီတာ တို့ သုံးဦး မှာ ထောင်တွင်းဆေးရုံတင်ရသည်အထိ ကျန်းမာရေးထိခိုက်ခဲ့ရကြောင်းသိရှိရသည်။

ဒေါ်စမ်းစမ်းတင်မှာ( အသက်ကိုထိခိုက်နိုင်သည့်) ကျောက်ကပ်ရောဂါဖြင့် ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သော်လည်း။ ဆေးစစ်မှု ပြုလုပ်ပေးသည်မှလွဲ၍ ခွဲစိတ်ကုသပေးနိုင်ရန် အာဏာပိုင်ဘက်မှ အရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်းသိရှိရသည်/ ကိုမင်းကိုနိုင်၊ကိုဌေးကြွယ်တို့အပါအ၀င် ၃၁-အောက်တိုဘာ၊၂၀၀၈ နေ့က မအူပင်ထောင်သို့ပြောင်းရွှေ့ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ(၉)ဦးကို မအူပင် ထောင်ဧည့်ရိပ်သာတွင် ၃-နိုဝင်ဘာ၊၂၀၀၈ မှ ယနေ့အထိ အထူးတရာရုံးပြုလုပ်စစ်ဆေးလျှက်ရှိကြောင်း သိရှိရပြီး၊ အမြန်ဆုံးစီရင်ချက်ချမှတ်မည်ဖြစ်ကြောင်းသိရှိရသည်။

Related Documents