'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707
စစ်အစိုးရရဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ်ပြစ်ဒဏ်ချလိုက်တ့လဲုပ်ရပ်ဟာ ဂျာကာတာဆွေးနွေးပွဲ ကို တက်ရောက်နေတဲ့ အုပ်စုတချို့အတွက် ကို့ရိုးကားရားဖြစ်သွားစေတယ်။ အမျိုးသားညွှန့်ပေါင်းအစိုးရ လို့ခေါ်တဲ့ အူနန မဆလလက်သစ်တွေခင်ဗျာမှာတော့ “စစ်အစိုးရနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး” ခေါင်းစဉ်အောက်မှာ ဗိုလ်ချုပ်သန်းရွေကဘယ်အချိန်ခေါ်မလဲဆိုတ့ေဲ မျှာ်လင့်ချက်န့ေဲ မျှာ်တော်ယောင်လုပ်နေခဲ့တယ်။ တကယ်ဆို- ဒီမိုကရေစီအင်အားစုတွေအပေါ် လေးစားရကောင်းမှန်းမသိ၊ တန်ဘိုးထားရကောင်းမှန်းမသိ တဲ့ အမျိုးသားညွှန့်ပေါင်းအစိုးရဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စရိုက် နဲ့ ဘာမှမထူးပါဘူး။ အရည်အခြင်းမရှိရှာ၊ ရိုးသားမှုမရှိရှာတော့ ကိုယ်ရတဲ့နေရာလေးကို ကျန်တ့သဲူတကွ လာနှောက်ရှက်မလားစိုးရိမ်စိတ်နဲ့ခြံခပ်ထားတယ်။ ဒိုနာနဲ့အဆင်ပြေရင်ပြီးရော၊ ကျန်တဲ့လူကိုဂရုစိုက်စရာမလိုဘူးဆိုတဲ့ အပြုအမူတွေနဲ့ရပ်တည်လာလိုက်တာစုတ်ပြတ်ပေရံနေတဲ့ အမိုက်ပုံးထဲကရုပ်သေးရုပ်လေးလိုဖြစ်နေခဲ့တယ်။ တကယ်ဆို အမျိုးသားညွှန့်ပေါင်းအစိုးရအနေနဲ့ကိုယ့်ဘာသာမှန်ရှေ့မှာရပ်ပြီးသုံးသပ်သင့်ပါတယ်။ ပျော့ပြောင်းတဲ့သံတမန်နည်းနဲ့ချည်းကပ်ရအောင်ကိုယ့်မှာ ရန်သူကလေးစားလောက်တဲ့အင်အားရှိပါရဲ့လား။ အတိုက်အခံခေါင်းဆောင်လို့သတ်မှတ်နိုင်လောက်အောင် ခိုင်ခိုင်မာမာရှိပါရဲ့လား။ ပြည်ပမှာရောက်နေတဲ့ပြည်သူတွေကရောဘယ်နှစ်ရာခိုင်နှုန်းထောက်ခံခဲ့ပါသလဲ။ ကျနော်တို့ရဲ့သဘောထားကဒီလိုပါ။ NCGUB ကို ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့အဖွ့တဲ ဖွ့ေဲ လာက်သာသဘောထားပါတယ်။ ကျနော်တို့ရဲ့ခေါင်းဆောင်၊ စင်ပြိုင်အစိုးရအဖြစ်ဘယ်တုံးကမှသဘောမထားခဲ့ပါ။ ဖြစ်နိုင်ရင်လူပါးဝနေတဲ့အဆီပျံမျက်နှာတွေကိုသာဖောက်ထုတ်ပစ်လိုက်ချင်ပါတယ်။ ကိုယ့်ရဲ့စားဝတ်နေရေးအဆင်ပြေဖို့အတွက် ဒိုနာ နဲ့အဆင်ပြေရင်ပြီးရော၊ ကျန်တဲ့သူတွေကိုဂရုစိုက်စရာမလိုဆိုတဲ့သဘောထားကိုစွဲစွဲမြဲမြဲကိုင်စွဲထားမယ်ဆိုရင်တော့ အီရတ်မှာ အတိုက်အခံတွေဘာတွေဖြစ်ခ့သဲ လဲ၊ အာဖကန်နစ္စတန်မှာဘာတွေဖြစ်နေခဲ့သလဲ၊လေ့လာလိုက်ပါအုံးလို့အကြံပေးပါရစေ။ (၂) လွန်ခဲ့တဲ့ (၆) လလောက်က ကုလသမဂ္ဂ ကို ခုံကနေဆွဖဲ ယ်မယ်ဆိုပြီး တရုတ်သိုင်းကားလိုဟန်ရေးပြခဲ့တဲ့ အမျိုးသားကောင်စီကအတွင်းရေးမှူးဦးမောင်မောင်က အခုတော့ ဘုန်းကြီးပျံအေးရင်ကြူးစင်မြင့်မှာ ဖုံသုတ်ဖို့ကြံနေပြီဆိုတာကိုလူတိုင်းတွေ့လိုက်ရပါတယ်။ အမှန်က ဦးမောင်မောင်က ဗမာတွေကြားမှာသရုပ်ဆောင်ကောင်းဖို့ ကြိုးစားယူရအုံးမယ်။ ဦးမောင်မောင် ဘယ်လိုအကကမယ်ဆိုတာသိပြီးသားမို့ တရုတ်သိုင်းကားထက် ပွဲစားတန်းမှာဘယ်ပစ္စည်း၊ ဘယ်သူအလစ်သုတ်မလဲဆိုတဲ့ သတင်းသာမျှော်လင့်ခဲ့မိပါတယ်။ သတင်းစာရှင်းလင်းပွမှဲာ သူ့ရဲ့ကုလသမဂ္ဂကိုထိုင်ခုံကဖယ်ရှားရေးအောင်မြင်အောင်လုပ်မယ်ဆိုရင်၊ အနှစ် (၂၀) ကြာမယ်ဆိုပြီး မေးမြန်းသူတွေကိုခပ်ရင့်ရင့်ဖြေသွားခဲ့တယ်လို့ဆိုတယ်။ အော်-- အမျိုးသားကောင်စီရဲ့အတွင်းရေးမှူးဦးမောင်မောင် က အဲ့သလို လူမိုက်သွေးမျိုးတကယ်ရှိပါရဲ့လား။ ရှေ့လျှောက်-ကြည့်ကြမယ်။ (၃) နိုင်ငံတကာမှာဗမာပြည်ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့မိတ်ဆွေတို့၊ လူတန်းစားအချစ်ဆိုတာကိုအခုတော့ရှင်းရှင်းလင်းလင်းသိသင့်ပြီလို့ထင်ပါတယ်။ စစ်အစိုးရ လိုပဲခြစားနေတဲ့ကိုယ်ကျင့်သိက္ခာတွေအောက်ဆုံးထိပြုတ်ကျနေတဲ့အတိုက်အခံတချို့ဟာ လှုပ်ရှားမှုတခုလုံးကိုပြန်ပေးဆွဲဖို့ကြိုးစားနေဆဲဖြစ်တယ်။ ပြည်သူတွေရဲ့ဒုက္ခခံစားမှုကိုလေးလေးနက်နက်စဉ်းစားမှာမဟုတ်ပါ။ အခွင့်အရေးရသူတွေ၊ စားဖားတွေညီညတ်ွတ့ကဲ စားဝိုင်းထဲကိုဝင်ပြိုင်ဖို့ဆိုတာ-ကျနော်တို့စံနစ်ကျဖို့လိုပါလိမ့်မယ်။ ဝုန်းတိုင်းဝုန်းတိုင်းစိတ်ခံစားမှုတွေကိုပြန်လည်တုံ့ပြန်နေတာထက်၊ မိမိကိုယ်ရည်ကိုယ်သွေးကိုပြင်ဆင်ရင်းအင်အားစုတွေကိုအားကောင်းအောင်လုပ်ရပါလိမ့်မယ်။ အမြီးထွက်အမြီးစား၊ ဂေါင်းထွက်ဂေါင်းစားအကျင့်စရိုက်တွေကိုရပ်စေချင်တယ်။ ငါခေါင်းဆောင်ပဲဆိုတဲ့ အတ္တတွေကိုဖယ်ပြီး ခိုင်မာတဲ့ညီညတ်ွမှုကိုဖ့မွဲ့ အဲ င်အားစုတွေဆီမာန်ကိုချိုးပြီးလာစေချင်တယ်။ ကျနော်တို့တွေ့ကြမယ်။
(၄) ပြည်တွင်းက ရဲဘော်တို့ ဗမာပြည်ရဲ့အနာဂတ်၊ကံကြမ္မာကို ဗမာပြည်သူတွေသာဆုံးဖြတ်တယ်။ ပြည်ပက ခြစားနေတဲ့အဖွဲ့အစည်းတချို့ဆီက အကူအညီတွေကို သတိထားပြီးယူစေချင်တယ်။တချိန်မှာ ရှင်းကြရမှာမို့လို့ပါ။ ငွေအင်အားနဲ့ ပြည်တွင်းမူဝါဒတွေကိုကြိုးကိုင်ဦးဆောင်ဖို့လုပ်နေတဲ့သူတချို့ကိုပြန်လည်ငြင်းဆန်လိုက်တဲ့ရဲဘော်တို့ရဲ့ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲထားစေချင်တယ်။ အားနာပြီးဘာမှပြန်မပြောချင်တ့သဲူတွေရှိနေခဲ့ရင်၊ ဦးဆောင်တာဝန်ခံတွေအဖြစ်မှ ခဏဖယ်ပေးစေချင်တယ်။ အားနာနေရင်ရဲဘော်တို့ရင်းနှီးခဲ့တဲ့သမိုင်း၊ တဘဝစာညစ်ထေးသွားလေရော့မယ်။ အသေးစိတ်သတင်းတွေကိုကျနော်တို့ဆက်လက်ပေးပို့သွားပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကိုရက်ချိန်းထပ်ရွေ့ရင်၊ စစ်အစိုးရကိုပျော့ပြောင်းငြင်သာတဲ့နည်းနဲ့ချည်းကပ်မယ်ဆိုတဲ့ အူလည်လည်အတိုက်အခံအုပ်စုတွေအတွက်တော့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကိုပြစ်ဒဏ်ပေးလိုက်တ့အဲ ခါ ဂျာကာတာညီလာခံမှာ အကြံအိုက်နေရှာရော့မယ်။ ( အမှန်ကငွေဝိုင်းနှိုက်တဲ့ပွဲဆိုတာလူတိုင်းနားလည်ပြီးသား) စစ်အစိုးရရဲ့ခေါင်းမာမှု၊ ပြည်သူအပေါ်အဃာတထားမှုဟာအရင်အတိုင်းပါပဲမပြောင်းလဲပါဘူး။ လွတ်မြောက်တဲ့နေ့မှာပြန်တွေ့ကြမယ်။ သန်းဝင်း
( အထွေထွေအတွင်းရေးမှူးဟောင်း၊ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) ( ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ)
အောင်မိုးဝင်း
( ဗကသများအဖွဲ့ချုပ်၊ အထက်ဗမာပြည်- ၁၉၈၈-၁၉၉၆)
ဖုန်း---(၇၂၇) ၆၅၆-၈၉၂၂ ဖုန်း---၅၈၅-၉၅၇-၆၄၅၂
မျိုးမျိုးအေး ( ရိုချက်စတာတက္ကသိုလ်၊ နယူးယောက်အထက်ပိုင်းဒေသကျောင်းသားများအဖွဲ့) ဖုန်း--(၅၈၅) ၉၅၇-၀၂၈၁