Ncgub Ilo

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Ncgub Ilo as PDF for free.

More details

  • Words: 237
  • Pages: 1
jynfaxmifpkjrefrmEdkifiHtrsdK;om;nGef haygif;tpdk;&

NATIONAL COALITION GOVERNMENT OF THE UNION OF BURMA

jynaf xmipf jk rerf mEikd if t H rsK;d om;!eG ‹f aygi;f tp;kd & ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်များအပေါ် ထောက်ခံကြောင်းကြေညာချက် ကမ္ဘာတဝှမ်းလုံးမှ အလုပ်သမားထုတရပ်လုံး၏ အခွင့်အရေးများကို ကာကွယ်ရပ်ခံပေးနေသော ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ၏ ဇွန်လအတွင်းကျင်းပခဲ့သည့် ၉၈ ကြိမ်မြောက်ညီလာခံမှ မြန်မာ နအဖစစ်အစိုးရ ကျူးလွန်နေသည့် အလုပ်သမားအခွင့် အရေးဖောက်ဖျက်မှုများကို ပြစ်တင်အရေးယူသည့် ဆုံးဖြတ်ချက်များချမှတ်ခြင်းကို အမျိုးသားညွန့်ပေါင်းအစိုးရက ကြိုဆိုထောက်ခံ အပ်ပါသည်။ ILO သည် ၂၀၀၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံမှ အဓမ္မလုပ်အားပေးပြဿနာ၊ ကလေးစစ်သားပြဿနာ၊ အဓမ္မ လယ်ယာမြေ သိမ်းဆည်းမှုပြဿနာ၊ အလုပ်သမားများ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ပြဿနာ စသည့် အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုများ ကို ဝေဖန်ထောက်ပြပြီး ကာကွယ်စောင့်ရှောက်ရန် အားထုတ်ခဲ့သည်။ ရန်ကုန်မြို့တွင် ILO ဆက်သွယ်ရေးရုံးဖွင့်ခြင်း၊ ILO ညီလာခံများ အစည်းအဝေးများတွင် အရေးယူကိုင်တွယ်သည့်ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ မြန်မာနိုင်ငံတွင်းအခြေအနေများအား မျက်ခြေမပြတ်စောင့်ကြည့်ခြင်း၊ နစ်နာသူများအတွက် အကျိုးဆောင်ပေးခြင်းများဆောင်ရွက်ခ့မှဲုတို့ကို မြန်မာပြည်သူများကိုယ်စား အမျိုးသားညွန့်ပေါင်းအစိုးရက ဝမ်းမြောက်စွာ ကျေးဇူးတင် အသိအမှတ်ပြုအပ်ပါသည်။ ယခုညီလာခံတွင်လည်း အဓမ္မလုပ်အားပေးနှင့် ကလေးစစ်သားကောက်မှုတို့နှင့် ပတ်သက်၍ မြန်မာပြည်သူတို့မှ ILO ဆက်သွယ်ရေးရုံးသို့တိုင်တန်းချက်များ၊ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများကို မတရားအကျဉ်းချထားခြင်းများတို့ကို ထောက် ပြကိုင်တွယ်ထားပြီး၊ လက်ရှိကာလတွင် ၂/၈၈၊ ၆/၈၈ နှင့် မတရားသင်းအက်ဥပဒေတို့ဖြင့် အလုပ်သမားတို့၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ချုပ်ချယ်ကန့်သတ်ချက်များအား ရုပ်သိမ်းပေးရန် နအဖသို့တောင်းဆိုခ့သဲ ည်ကို မိမိတို့မှ ထောက်ခံအပ်ပါ သည်။ ထိုမျှမက နအဖ၏ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၃၅၉)ပါ အဓမ္မလုပ်အားပေးစနစ်နှင့် ကလေးစစ်သားကောက်ခံမှုတို့ကို ခွင့်ပြု ထားချက်များကို ပယ်ဖျက်ပြင်ဆင်ပေးရန် တောင်းဆိုခ့သဲ ည်ကိုလည်း ထောက်ခံကြိုဆိုအပ်ပါသည်။ အလားတူသဘောသက်ဲ ည်းခွင့်ကိုကန့်သတ်ချုပ်ချယ်သည့် ပုဒ်မ ရောက်သည့် ပုဒ်မ (၂၀-ဃ နှင့် ၃၄၀) တို့ကို ပယ်ဖျက်ပေးရေးနှင့် လွတ်လပ်စွာသင်းပင်းဖွ့စ (၃၅၄)ကိုပြင်ဆင်ရေးတို့ကိုလည်း ILO အနေဖြင့် ထပ်မံတောင်းဆိုရန် အကြံပြုတိုက်တွန်းအပ်ပါသည်။ ထိရောက်သည့်အရေးယူ တားဆီးမှုများ ဖြစ်မြောက်စေရန်အတွက် စည်းနှောင်မှုရှိသည့်ဆုံးဖြတ်ချက်များ binding resolutions ချမှတ်ပေးပါရန်လည်း တိုက်တွန်းအပ်ပါသည်။ ယခုက့သဲို့ နိုင်ငံတကာအစိုးရအများစုနှင့် နိုင်ငံတကာအလုပ်သမားထုကြီး၏ ထောက်ခံမှုအပြည့်အဝရရှိသော ILO က နအဖ စစ်အုပ်စု၏ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအား အရေးယူတားဆီးခြင်းများတွင် မိမိတို့ အမျိုးသားညွန့်ပေါင်းအစိုးရက အစွမ်းကုန်ပူးပေါင်းကူညီသွားမည်ဟု ကတိပြုကြေညာအပ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ဇူလိုင် ၁ ရက် ၂၀၀၉ ခုနှစ်။

7 7 S o u t h W a s h i n g t o n S t r e e t , S u i t e 3 0 8 , R o c k v i l l e , M D 2 0 8 5 0 T e l : 301 424 4810 F a x : 301 424 4812

Related Documents

Ncgub Ilo
May 2020 24
Ncgub
December 2019 6
Ncgub
November 2019 9
Ncgub
November 2019 8
Ilo
October 2019 36
Ilo
April 2020 17