Mpc Tw23 11-06-2009

  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Mpc Tw23 11-06-2009 as PDF for free.

More details

  • Words: 882
  • Pages: 12
မြန်မာ့ရေးရာမူဝါဒအပြောင်းအလဲကိုအမေရိကန်ကရှင်းလင်းပြောပြ လာရီဂျေဂင် သောကြာနေ့၊ နိုဝင်ဘာလ 06 ရက် 2009 ခုနှစ် 16 နာရီ 04 မိနစ်

မဇ္ဈိမသတင်းဌာန။

။ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် စစ်ခေါင်းဆောင်များက

အခိုင်အမာ ခြေလှမ်းများ လှမ်းလျှင် ဝါရှင်တန်ကလည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေးများ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆာင်ရန် အဆင်သင့်ရှိသည်ဟု ဘန်ကောက်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် အကြီးတန်း သံတမန်တဦးက ယနေ့ ပြောဆိုလိုက်သည်။ ''စစ်အစိုးရက ငြိမ်းချမ်းသာယာဝပြော၍ တည်ငြိမ်စွာ တစည်းတလုံးတည်းရှိသော နိုင်ငံကို တည်ဆောက်လိုလျှင် စစ်အစိုးရနှင့် နိုင်ငံရေးပါတီများ၊ လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးသည်သာ တခုတည်းသော လမ်းဖြစ်သည်'' ဟု မြန်မာနိုင်ငံသို့ ၀ ရက်ကြာ သွားရောက်ခဲ့ပြီး အစိုးရနှင့်ရော၊ အတိုက်အခံနှင့်ပါ တွေ့ဆုံစကားပြောခဲ့သည့် အမေရိကန် အာရှနှင့် ပဖိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး၊ အာဆီယံရေးရာ သံတမန်လည်းဖြစ်သူ စကော့ မာစီယယ် (Scot Marciel) က သတင်းထောက်များကို ပြောကြားလိုက်သည်။

''နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြင်ပရောက်ကာ အထီးကျန်နေခြင်းကို အဆုံးသတ်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် အခွင့်အလမ်းတရပ် ဖြစ်လာနိုင်သည်။ သို့သော် အဆိုပါ ရွေးကောက်ပွဲများသည် အားလုံး ပါဝင်နိုင်ရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအားလုံး ပါဝင်ဆင်နွှဲနိုင်ရမည်။ ထို့ပြင် ဤရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးကို အများလက်ခံ ယုံကြည်နိုင်စေရေးအတွက်လည်း ရွေးကောက်ပွဲမတိုင်မီ အခြေအနေကောင်းများ ဖန်တီးပေးရမည်'' ဟု သူက ပြောသည်။ ''လုံးဝ အပြည့်အစုံ ပါဝင်ခွင့်ရှိသည့် နိုင်ငံရေးလုပ်ငန်းစဉ်တရပ် မဟုတ်ပါက အများယုံကြည်လက်ခံနိုင်ပြီး တရားဝင်မှုရှိသည့် ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ပါ။ ဤသို့ ဖြစ်စေရန်လည်း တွေ့ဆုံဆွေးနွေးခြင်းနည်းဖြင့်သာ ရရှိနိုင်သည်'' ဟု မာဆီယယ်က အလေးပေးပြောကြားခဲ့သည်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ပေါ်ပေါက်ရေးအတွက် သူတို့တွင် တကယ်ရိုးသားမှု ရှိသည်ဆိုပါက ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အခြားခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ပေးခြင်း၊ နိုင်ငံတွင်းတွင် တွေ့ဆုံဆွေးနွေးမှုတရပ် ပြုလုပ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ နောက်ထပ် လွှတ်ခြင်း စသည့် အခိုင်အမာခြေလှမ်းများဖြင့် ပြသရန်လိုသည်ဟုလည်း သူက ဆက်လက်ပြောကြားသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် လိုကြောင်းလည်း အမေရိကန်က သူတို့၏ ရပ်တည်ချက်ကို

ထပ်လောင်းပြောကြားလိုက်သည်။ သို့သော် ဤအချက်သည် ဝါရှင်တန်က စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်ပြုလုပ်ရာတွင် ရှေးဦးလိုအပ်သည့် ကြိုတင်သတ်မှတ်ချက်တရပ် မဟုတ်တော့ကြောင်းနှင့် သို့သော် ဤအချက်မရှိဘဲနှင့်တော့ ပိတ်ဆို့ဒဏ်ခတ်မှုများ လျော့ပါးသက်သာအောင် စဉ်းစားရန် မဖြစ်နိုင်ကြောင်း သူက ပြောသည်။ သိုသိပ်စွာ ပြောဆိုနေသော်လည်း အမေရိကန်မူဝါဒမှာ သိသာစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ပြောဆိုနေရာမှ စစ်အစိုးရ၊ သူမနှင့် သူမပါတီတို့အကြား စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ စတင်ရန်သာ ပြောဆိုနေသည်။ ဒီမိုကရေစီခေါင်းဆောင်ကလည်း ဤအချက်ကို လတ်တလော ကာလအတွက် ဦးစားပေးလုပ်ငန်းစဉ် တရပ်အဖြစ် မရမက တောင်းဆိုပြောကြားနေသည်။ ၀ဝဝ၁ ခုနှစ် မတ်လတွင် သူမသည် မြန်မာပြည်မြောက်ပိုင်းတွင် စစ်အစိုးရလိုလားသော လူမိုက်များ၏ တိုက်ခိုက်ခြင်း ခံရပြီး နောက်တကြိမ် နေအိမ်အကျယ်ချုပ် ချမှတ်မခံရမီလေးတွင် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတခု၌ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် စစ်အစိုးရသည် စိတ်ဝင်စားပုံ မရသော်လည်း အလွန်အရေးပါကြောင်း ပြောကြားခဲ့သည်။ ''ကျမကို ပြန်လွှတ်ပေးဖို့က အရေးမကြီးပါဘူး။ တကယ်တော့ ကျမဟာ နောက်ဆုံးမှ ပြန်လွှတ်ရမယ့် နိုင်ငံရေးအကျဉ်းသားပဲ ဖြစ်သင့်ပါတယ်။ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုများကသာ မြန်မာပြည်ရဲ့ ပြဿနာများကို

ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်'' ဟု သူမက ပြောကြားခဲ့သည်။ သူမသည် အခွင့်အရေးရတိုင်း ဤသို့သော တောင်းဆိုမှုများကို အစဉ်တစိုက် ပြုလုပ်ခဲ့သည်။ ဤအချက်များ ပါဝင်သည့် စာအများအပြားကို ဦးသန်းရွှေထံသို့လည်းကောင်း၊ ကြားခံပုဂ္ဂိုလ်များမှတဆင့် ကုလ အထူးကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီထံသို့လည်းကောင်း၊ မကြာသေးခင်လများက ရံဖန်ရံခါ လာရောက်ခဲ့သော သံတမန်များထံသို့လည်းကောင်း ပေးအပ်ခဲ့သည်။ ယခုတော့ ဝါရှင်တန်ကလည်း ဤတောင်းဆိုချက်ကို လက်ခံလိုက်ပြီဖြစ်သည်။ ''တွေ့ဆုံဆွေးနွေးမှု မလုပ်ဘဲ ရှေ့ဆက်သွားလို့ မရဘူး'' ဟု စကော့မာဆီယယ်က သတင်းစာရှင်းလင်းပွဲ တလျှောက်လုံးတွင် ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ စကော့မာဆီယယ်နှင့် သူ့အထက်အရာရှိ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ်ကင်းဘဲလ် (Kurt Campbell) တို့၏ မြန်မာနိုင်ငံသို့ ၀ ရက်ကြာ ခရီးစဉ်မှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ပြီးဆုံးခဲ့သည်။ ယင်းသည် ဿ၉၉၃ ခုနှစ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်း အောဘရိုက် (Madeleine Albright) မြန်မာနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီးကတည်းက အမေရိကန်မှ အဆင့်အမြင့်ဆုံး အရာရှိ၏ ခရီးစဉ် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်အပြီး လအနည်းငယ်အတွင်း ထိုသို့တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယခု အမေရိကန် သံတမန်များ၏ ခရီးစဉ်မှာ အမေရိကန်က စစ်အစိုးရအပေါ် ထားရှိသည့် သူတို့၏ မူဝါဒပြောင်းလဲရေး လုပ်နေသည်ဟု မကြာသေးခင်က ကြေညာခဲ့အပြီး ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ မူဝါဒသစ်အရ အမေရိကန်သည် စစ်အစိုးရအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်လက်ထားရှိနေသည့် တချိန်တည်းမှာပင် လက်တွေ့ကျသည့် ထိတွေ့ဆက်ဆံမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

ဤခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဦးသိန်းစိန၊် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ စွမ်းအင်ဝန်ကြီး ဦးသောင်းတို့ အပါအဝင် စစ်အစိုးရအရာရှိ အများအပြားနှင့် တွေ့ဆုံခဲ့သည်။ အလားတူပင် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင်နှင့်လည်း တွေ့ဆုံခဲ့သည်။ တွေ့ဆုံခဲ့သူတိုင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ၊ နောက်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့သည်။

''ဒီခရီးစဉ်ဟာ စူးစမ်းလေ့လာရေး ခရီးစဉ်တရပ်ဖြစ်ပြီးတော့ ကျနော်တို့နဲ့ တွေ့ဆုံခဲ့သူတွေကို အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်သဘောထား၊ ကျနော်တို့ရဲ့ မူဝါဒပြန်လည်သုံးသပ်နေမှု အကြောင်းတွေကို ရှင်းလင်းပြောပြနိုင်ခဲ့ပါတယ်။ သူတို့ဆီက အမြင်တွေနဲ့ အယူအဆတွေကိုလည်း နားထောင်ခဲ့ပါတယ်။ ကျနော်တို့ အဓိကလိုချင်တဲ့ အချက်က

မြန်မာနိုင်ငံတွင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ဖော်ဆောင်နိုင်မယ့် ထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်'' ဟု မာဆီယယ်က ပြောသည်။ အဆိုပါ သံတမန်များက မြန်မာ့အရေးတွင် ဘာလုပ်ဘာကိုင်ရမည်ဟု ညွှန်ကြားပြောဆိုသည့် ချဉ်းကပ်မှုမျိုးကို အသုံးပြုမည် မဟုတ်ဘဲ မြန်မာနိုင်ငံတွင်း အပြောင်းအလဲသည် ပြင်ပမှ အင်အားသုံး ပြုလုပ်၍ ရမည်မဟုတ်ဘဲ ပြည်တွင်းမှသာ ပြုလုပ်နိုင်မည်ဟု သူတို့က ရှင်းလင်းပြောဆိုသည်။ ''တစည်းတလုံးထဲရှိတဲ့ မြန်မာနိုင်ငံဖြစ်ရေးကို ကျနော်တို့ ထောက်ခံပါတယ်။ ဒါပေမဲ့ ဝင်ရောက်စွက်ဖက်ဖို့တော့ ရည်ရွယ်ချက် မရှိပါဘူး'' ဟု မာဆီယယ်က ရှင်းလင်းပြောဆိုသည်။ ''ရွေးကောက်ပွဲနဲ့ ပတ်သက်လို့၊ ဖွဲ့စည်းပုံဥပဒေမှာ အပြောင်းအလဲတွေလုပ်ဖို့ စတာတွေအပေါ်မှာ ကျနော်တို့ ရပ်တည်ပြီး ပြောနေတာ မဟုတ်ပါဘူး။ ဒီကိစ္စတွေအပေါ် ဆွေးနွေးငြင်းခုံမှုတွေ အများအပြား ရှိတယ်ဆိုတာကိုတော့ မှတ်သားထားပါတယ်။ ဒါပေမဲ့ အစိုးရကိုတော့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အတိုက်အခံနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အတူထိုင်ပြီး ဖြေရှင်းဖို့ကိုတော့ အတင်းအကျပ် တိုက်တွန်းပြောဆိုခဲ့ပါတယ်'' ဟု သူက ပြောသည်။ ''ဒီလိုမျိုး တွေ့ဆုံဆွေးနွေးမှု မရှိဘဲနဲ့ ရှေ့ဆက်သွားလို့ မရပါဘူး'' ဟု သူက အလေးအနက် ပြောဆိုသည်။

အမေရိကန်၏ ဤဆောင်ရွက်ချက်ကို အားလုံးက လက်ခံကြိုဆိုကြသည်။ စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်စေရန်အတွက် စစ်အစိုးရကို ချော့ပြောနိုင်မည့် နည်းလမ်းရှာရေးတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်လည်း အသက်ရှူချောင်စရာ ဖြစ်သည်။ သို့သော် သူတို့၏ လတ်တလော ကြိုးပမ်းမှုများအပေါ် မျှော်လင့်ချက်ထားနေကြခြင်းကိုလည်း သူတို့က သတိကြီးစွာ တုံ့ပြန်ပြောဆိုသည်။ ''မျက်စိကို ကျယ်ကျယ်ဖွင့်ပြီး ကျနော်တို့ သွားခဲ့တာပါ။ အခိုင်အမာ ရလဒ်တခုခု မရမချင်း ကျနော်တို့မှာ အဖြေတရပ် တွေ့ထားပြီလို့ မထင်ကြဖို့သာ နှိမ့်နှိမ့်ချချ ပြောလိုပါတယ်'' ဟု သူက မဇ္ဈိမကို ပြောသည်။ ဤလုပ်ငန်းစဉ်အတွင်း နောက်တဆင့်၌ ဘာလုပ်မည်ဆိုသည်ကို နှစ်ဦးလုံးက ဖြေကြားရန် ငြင်းဆိုသော်လည်း အဆိုပါ သံတမန်နှစ်ဦးသည် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း မြန်မာနိုင်ငံသို့ နောက်တကြိမ် သွားရောက်ဦးမည်။ နယူးယောက်မြို့ ကုလသမဂ္ဂ၌ နှစ်နိုင်ငံအကြား ယခင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့စဉ်ကလည်း ဤလုပ်ငန်းစဉ် ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးပြောဆိုမည့်သူတဦး သတ်မှတ်ထားရှိရန် နှစ်ဘက်လုံးက သဘောတူညီခဲ့ကြသည်။ ဝါရှင်တန်၏ ဤချဉ်းကပ်မှုပုံစံသစ်ကို ခေါင်းဆောင်ရန် အထူးသံတမန်တဦးကို အမေရိကန်က လောလောဆယ် ရွေးချယ်နေဆဲဖြစ်သည်။ ထိုအထူးသံတမန်သည် (လက်ရှိ ယာယီကြားဖြတ်သံတမန်ဖြစ်သော) ကင်းဘဲလ်နှင့် စကော့မာဆီယယ်တို့ နှစ်ဦးလုံးနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဌာန အရာရှိများ၏ အပြောအရ သိရသည်။

မြန်မာနိုင်ငံအတွက် အထူးသံတမန်အဖြစ်မူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်နီးစပ်သူဟု ကျော်ကြားသည့် အမာလိုင်းသမားဖြစ်သူ ဦးသောင်းကို ရွေးချယ်ထားသည်။ ''နိုင်ငံစုံ အကျိုးတူ ထိပ်သီးဆွေးနွေးပွဲတွေဖြစ်တဲ့ အေပက် (APEC) နဲ့ အမေရိကန် အာဆီယံ ထိပ်သီးစည်းဝေးပွဲ (US-ASEAN) တွေ အပါအဝင် မြန်မာနိုင်ငံ၊ အမေရိကန်နဲ့ ကမ္ဘာအနှံ့မှာ အစည်းအဝေးတွေနဲ့ တွေ့ဆုံစကားပြောဆိုမှုတွေ မကြာမတင် ကာလအတွင်း ဆက်တိုက် ပေါ်ထွက်လာမှာဖြစ်ပါတယ်'' ဟု မာဆီယယ်က မဇ္ဈိမကို ပြောသည်။ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တပတ်အတွင်း စင်္ကာပူနိုင်ငံတွင် ပြုလုပ်မည်။ သို့သော် အဆိုပါ အစည်းအဝေးပွဲများ ကာလအတွင်း အစည်းအဝေးပြင်ပ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် မြန်မာဝန်ကြီးချုပ် သိန်းစိန်တို့ တွေ့ဆုံနိုင်သည်ဟူသော သတင်းကိုမူ သူက ငြင်းဆိုသွားသည်။ သေချာသည်မှာမူ သံတမန်နှစ်ဦးစလုံး မြန်မာနိုင်ငံသို့ မကြာခင် ထပ်မံသွားရောက်ဦးမည်ဆိုသည့် သတင်းသာ ဖြစ်သည်ဟု ပြောသည်။ ''ကျနော်တို့ မကြာခင် ပြန်လာခဲ့ဦးမှာပါ'' ဟု သူတို့က သူတို့နှင့် ရန်ကုန်တွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သော အန်အယ်ဒီ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များကို ပြောဆိုခဲ့သည်ဟု ထိုအစည်းအဝေးများကို တက်ရောက်ခဲ့သူများ၏ အပြောအရ သိရသည်။ သူတို့၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် အမေရိကန်ဘက်မှ လိုလိုလားလား မပြောလိုဘဲ သူတို့အပေါ် မျှော်လင့်ချက်များ သိပ်မထားရန် ပြောဆိုနေချိန်မှာပင် ကုလသမဂ္ဂနှင့် အာဆီယံကဲ့သို့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း

သူတို့၏ ကြိုးပမ်းဆောင်ရွက်ချက်များကို လောလောဆယ် ရပ်ဆိုင်းထားကြပြီး ဝါရှင်တန်၏ ချဉ်းကပ်မှုသစ်မှ တစုံတရာ အဖြေထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းနေကြသည်။ http://www.mizzimaburmese.com/news/regional/4163-2009-11-06-09-49-15.html

အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မယ့် ခရီးစဉ်အဖြစ် ရှုမြင်

05 November 2009

အမေရိကန် အဆင့်မြင့် သံတမန်တွေရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ စစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးတွေ တိုးတက်ဖို့ လမ်းစတစ ဖြစ်နိုင်တယ်လို့ ခရီးစဉ်ကို ဦးဆောင်ခဲ့သူ လက်ထောက် နိုင်ငံခြားရေှးန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရအနေနဲ့ ဒီ့ထက်ပိုတဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုတဲ့ အကြောင်းလည်း အမေရိကန် အစိုးရ တှာန်ရှိသူက သတိပေးနေကြဆဲလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်စိုှးင်းက တင်ပြပေးထားပါတယ်။

တိုကျိုတွင်

မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေကို စနည်းနာဖို့ ဝ

သတင်းထောက်များနှင့်

ရက်ကြာခရီး သွားရောက်ခဲ့တဲ့ အမေရိကန်

တွေ့ဆုံနေသော မစ္စတာ

နိုင်ငံခြားရေှးန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ

ကာ့တ် ကမ်းဘဲလ်။ နှို င်ဘာ

လက်ထောက် နိုင်ငံခြားရေှးန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt

၃၊ ၀ှှ၉။

Campbell) က အစိုးရနဲ့ရော အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခွင့်

ရလိုက်တာမို့ ဒါဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်ဖို့ ပထမ ခြေလှမ်းတရပ်အဖြစ် ရည်ညွှန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တုန်းက အဆုံးသတ်ခဲ့ပြီးနောက် ဂျပန် နိုင်ငံခြားရေှးန်ကြီး ကတ်ဆူယာ အိုကာဒါ (Katsuya Okada) နဲ့ မနေ့တုန်းက တိုကျိုမြို့မှာ တွေ့ဆုံစဉ် အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

“အစိုးရအတွင်းက အဆင့်မြင့် ပုဂ္ဂိုလ်တွေနဲ့သာမက တိုင်းရင်းသားအုပ်စုတွေ၊ အတိုက်အခံ ပါတီတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ၀ နာရီကြာ တွေ့ဆုံဖြစ်တဲ့ အခွင့်အရေး ကျနော်တို့ ရခဲ့ပါတယ်။ ဒါကြောင့် ဒါဟာ စူးစမ်း အကဲခတ်တဲ့ ခရီးစဉ်အဖြစ် ပထမ ခြေလှမ်းတလှမ်းလည်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ချဉ်းကပ်မှုနဲ့ ပတ်သက်လို့ တိုင်းပြည်အတွင်းက သက်ဆိုင်သူ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီးတော့လည်း ချပြနိုင်ခဲ့ပါတယ်။”

အမေရိကန် လက်ထောက် နိုင်ငံခြားရေှးန်ကြီး ကာ့တ် ကမ်းဘဲလ်ရဲ့ ခရီးစဉ်ဟာ လွန်ခဲ့တဲ့ ဿ၂ နှစ်တာ ကာလအတွင်း အမေရိကန်နဲ့ မြန်မာစစ်အစိုးရအကြား ပထမဆုံးအကြိမ် တိုက်ရိုက်ဆက်ဆံမှု တခုလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်မတိုင်ခင် မြန်မာနိုင်ငံကို သြဂုတ်လတုန်းက သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မှ် က်ဘ် (Jim Webb) ကတော့ လက်ထောက် နိုင်ငံခြားရေှးန်ကြီး ကမ်းဘဲလ်နဲ့ သူ့ရဲ့လက်ထောက် ဒုတိယ လက်ထောက် နိုင်ငံခြားရေှးန်ကြီး စကော့ မာဆီယယ် (Scot Marciel) တို့ရဲ့ ဒီခရီးစဉ်ဟာ သမ္မတ အိုဘားမား အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မှူါဒတွေကို တက်တက်ကြွကြွ ဆောင်ရွက်လာတဲ့ သင်္ကေတအဖြစ်နဲ့ ရည်ညွှန်းပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ှန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နဲ့ တွေ့ဆုံ စကားပြောခဲ့တာတွေရဲ့ နောက်ဆက်တွဲ အခုလို ထပ်ပြီး တွေ့ဆုံတာတွေ ပေါ်ပေါက်လာတဲ့အတွက် အားရစရာ ဖြစ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရက ရှေ့နှစ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပှါင်နိုင်ရင် ဒါဟာ အများက ယုံကြည် လက်ခံနိုင်တဲ့ အခြေအနေအဖြစ် နိုင်ငံတကာ အသိုင်းအှိုင်းက ရှုမြင်ကြမှာ မဟုတ်ဘူးလု့လိ ည်း အထက်လွှတ်တော်အမတ် ဂျင်မှ် က်ဘ်က ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေှးန်ကြီးဌာနကလည်း မြန်မာစစ်အစိုးရဘက်က သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မတွေ့ရမခြင်း အရေးယူ ဒဏ်ခတ်တာတွေကို ဆက်လက် ထားရှိသွားမှာ ဖြစ်တယ်လို့ ဒီတပတ်အတွင်းမှာပဲ ပြောဆိုသွားခဲ့ပါသေးတယ်။

Related Documents

Mpc Tw23 11-06-2009
June 2020 4
Etc 11062009
May 2020 5
Mpc-ebooklet.pdf
December 2019 16
Mpc Concepts1
May 2020 5
Tw23 Ind
May 2020 7
Swine Tw23
April 2020 4