ကွက်လပ်များကို ဖြည့်ဆည်းပေးလို ပါသော်လည်း တစ်ခေတ်တစ်ခါ တစ်ဘ၀က ကျွန်တော်တို့ ၏ မြန်မာစာအား သင်ကြားပေးသူမှာ ဆရာဦးအောင်သင်း ဖြစ်ပါသည်။ ဆရာအသင်အပြ ကောင်းသဖြင့် ဆရာ့အချိန်၌ ကျွန်တော်တို့  အတန်းသား အတန်းသူ များပါမက ကျန်အတန်းမှ ကျောင်းသားကျောင်းသူ များလည်း လာရောက်နားထောင် လေ့ရှိပါသည်။ ဆရာသည် ခေတ်ပြိုင်စာရေးဆရာကြီး (၂)ဦး၏ စာများကို ထုတ်နှုတ်နှိုင်းယှဉ် သုံးသပ် ဝေဖန်ပြီး ပို ခ့ျခဲ့သည်ကို အမှတ်ရနေဆဲ ဖြစ်ပါသည်။ ဆရာကြီး ဦးသိန်းဖေမြင့် နှင့် ဆရာကြီး ဦးသော်တာဆွေ တို့ ဖြစ်ပါသည်။ ထိုစဉ်က အနုပညာသည် ပြည်သူ အ့  တွက်၊ ပြည်သူ့  အတွက် အနုပညာဟု ငြင်းခုန်ဆဲ ကာလဟု ထင်ပါသည်။ မည်သို ဆ့ိုစေ ကျွန်တော်တို့ ဆရာ ဦးအောင်သင်းကမူ ဆရာကြီးနှစ်ဦး၏ စာများသည် ပြည်သူ ဘ့  ၀ သရုပ်ဖေါ် စာပေများဟု သတ်မှတ်သည်။ သိုေ့  သ်ာအဆင့်အတန်း မူ ၂ ခုအဖြစ်ခ၍ွဲ သတ်မှတ်ပါသည်။ ဆရာကြီး ဦးသိန်းဖေမြင့် စာများက ပြည်သူများဖက်မှ ရှေ့နေလိုက်ပြီး ရေးသဖြင့် ရှေ့နေကောင်း နှင့် ဆရာကြီး ဦးသော်တာဆွေ ကမူ ပြည်သူများ ဘ၀အား ရိုးရိုးစင်းစင်း ထဲထဲဝင်ဝင် ရေးသားဖေါ်ပြလေ့ ရှိသဖြင့် ပြည်သူများအတွက် သက်သေခံသဖွယ် ဖြစ်သဖြင့် သက်သေကောင်းဟု သတ်မှတ်ခြဲ့ ခင်း ဖြစ်ပါသည်။ ကျွန်တော်တို့  မြန်မာနိုငင်ံသည် လူဦးရေ (၅၈)သန်းခန့်  ရှိပါသည်။ ၂၀၀၅ ခုနှစ် စာရင်းများအရ၊ ကျွန်တော်တို့  မြန်မာနိုင်ငံရှိ လူတစ်ဦး တစ်နှစ် ဆန်စားသုံးနှုံးမှာ ၂၀၆ ကီလိုဂရမ် ရှိပါသည်။ ထိုနှုန်းနှင့်ပင် ကျွန်တော်တို့  နိုင်ငံသည် လူဦးရေ သန်း (၁၀၀)အား ကျွေးမွေးနိုင်ပါသည်။ ထိုေ့  ကြာင့် ထိုစားသုံးနှုံးဖြင့် လူဦးရေ သန်း (၄၂)သန်းစာ ပိုလျှံ နေပါသည်။ ကျွန်တော်တို့ ဆန်သည် အိမ်နီးနားချင်း နိုင်ငံများ၏ စားသုံးသူ ဈေးကွက်ထဲသို့ ရောက်ရှိနေသည်မှာ မဆန်းလှတော့ပါ။ ယနေ့  ကျွန်တော်တို့  ကမ္ဘာကြီး၌ ကမ္ဘာရာသီဥတု ပူနွေးလာမှု၊ ဖောက်ပြန် လာမှု၊ ယိုယငွ်း ပျက်စီးလာမှု နှင့်အတူ အစားအသောက် လုံခြုံရေးကိစ္စ သည်လည်း ရှေ့တန်းသို့  ရောက်ရှိလာပါသည်။ ၂၀၁၅ ၌ ကမ္ဘာကြီး၏ ငတ်မွတ်နေသော သန်း (၈၀၀)အား ထက်ဝက်ချရန် ကြိုးစားရင်း နှင့်ပင် လက်တွေ့ ၌ သန်း (၁၀၀၀) ဖြစ်လာသည်။ ၄င်းအနက် သန်း (၆၀၀)မှာ အာရှပစိဖိတ် ဒေသမှ ဖြစ်ပါသည်။
ကျွန်တော်တို့  နိုင်ငံသည် လွန်ခ့သဲ ည့် နှစ် ၂၀ ခန့် ကပင် ဆည်မြောင်းများ တည်ဆောက် လာခဲ့သည်မှာ ယခု ၂၂၄ ခုရှိခြဲ့ ပီ ဖြစ်ပါသည်။ တစ်လတစ်ဆည်နှုံး ဆိုရမည် ထင်ပါသည်။ ရေရှိသလို မြေလည်းရှိပါ၏။ ရာသီဥတုလည်း အဆင်ပြေသလို လုပ်သား အင်အားထုလည်း ရှိပါ၏။ သိုေ့  သာ် ကျွန်တော်တို့  အရင်းအနှီး အထောက်အပံ့ နှင့် အတတ်ပညာများအား နိုင်ငံတကာ အဖွဲ အ့  စည်းကြီးများမှ ပံ့ပိုးမည် ဆိုပါကလည်း ယခုပိုလျှံသည်ထက် အဆများစွာ ပိုလျှံပြီး ငတ်မတ်ွခေါင်းပါးနေသော သန်း (၆၀၀) အတွက် အထောက်အကူ ပေးမည့် နိုင်ငံ ဖြစ်လာမည်မှာ မလဲပွါ။ အခြားအရင်းအနှီး နှင့် အတတ်ပညာ လိုနေသော နိုင်ငံများအားလည်း ကူညီရမည်မှာ မလွဲပါ။ သိုေ့  သာ် သူတို့ ထုတ်လုပ်ပေးနိုင်သည့် အရေအတွက် သည် သူတို့ စမွ်းဆောင်နိုင်မူ ထက်တော့မပိုနိုင်ပါ။ ကန် သ့  တ်ချက်များ အထိုက်အလျောက် ရှိနေ၍ ဖြစ်ပါသည်။ သိုေ့  သာ် ကျွန်တော်တို့  နိုင်ငံကမူ စိတ်ကြိုက် ထုတ်လုပ် ပေးနိုင်စမွ်း ရှိသည့် နိုင်ငံတစ်နိုင်ငံပါဟု ကျွန်တော် ဆိုခဲ့ပြီး ဖြစ်ပါသည်။ ဘာကြောင့်များ အရင်းအနှီး အထောက်အပံ့ နှင့် အတတ်ပညာများပေးရန် နှောင့်နှေး ရပါသလဲ။ ကန် သ့  တ်ထားနေရပါသလဲ၊ ပိတ်ဆို့ ထားနေရပါသလဲ။ မကြာခင်က ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသ ဆိုင်ရာ စီးပွားရေးနှင့် လူမှု ရေးကော်မရှင် မှ ထိပ်တန်းပုဂ္ဂိုလ် အမျိုးသမီးကြီးတစ်ဦး မြန်မာပြည်ကို ရောက်လာသည်။ သူမအား သက်ဆိုင်ရာမှ မိုင်ပေါင်း (၈၀၀) နီးပါးအား စိတ်ကြိုက်လွတ်လပ်စွာ ကျွန်တော်တို့  နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်ရာ နယ်မြေတစ်လျှောက် လေ့လာခွင့်ပြု လိုက်ပါသည်။ (၅) ရက်တာ ကာလအတွင်း သူမသွားလိုရာသွား၊ ရပ်လိုရာရပ်၊ တွေ့ လိုသူနှင့်တွေ့ ၊ မေးလိုသူနှင့်မေး၊ အတားအဆီး မရှိပါ။ ပွင့်လင်းမူ အပြည့်အ၀ သူမရရှိသွားပါသည်။ ထိုအမျိုးသမီးကြီးသည် အိမ်နီးနားချင်း နိုင်ငံမြိုေ့  တ်ာသို့  ရောက်သော် ဥေ၇ာပနိုင်ငံများမှ သံအမတ်များနှင့် တွေ ဆ့ုံကြသည်။ ရှင်တို့က မြန်မာနိုင်ငံဆိုရင် ပြဿနာ ကိုပဲ ပြောနေ ကြတယ်။ ဒါပေမဲ့  မြန်မာနိုင်ငံမှာ ဖြေရှင်းဖြည့်ဆည်းပေး နိုင်တာကိုတော့ မပြောကြဖူး။ ဟုတ်ပါသည်။ ထိုအမျိုးသမီးကြီးသည် ၄င်း၏ စိုက်ပျိုးရေး လေ့လာရေး ခရီးစဉ်အတွင်း ကျွန်တော်တို့  နိုင်ငံ၏ လက်တွေ့ နယ်ပယ်ထဲမှ မျက်ဝါးထင်ထင် သက်သေကောင်းများ ရှာဖွေတွေ ရ့ှိ ဖော်ထုတ် နိုင်ခ့ေဲ သာကြောင့် ဖြစ်ပါလိမ့်မည်ဟု ကျွန်တော် သုံးသပ်မိပါ၏။ တိုးတက်ဝေ